ru
Feedback
EHS Myanmar

EHS Myanmar

Открыть в Telegram

This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.

Больше
934
Подписчики
Нет данных24 часа
+47 дней
+730 день
Архив постов
The Environment, Health, and Safety Myanmar (EHS Myanmar) is seeking an intern for the Operations Department among university students. Application Deadline: August 30, 2022 (5 pm) Submit to: hr.ehsmyanmar@gmail.com Reference number: IP-2022-01 Download the announcement in pdf here - http://themimu.info/sites/themimu.info/files/jobs/IP-2022-01_Announcement_EHSMyanmar.pdf ----------------------------------------------------------------------------------------------------------------------------- "Gaining knowledge is the first step to wisdom. Sharing it is the first step to humanity. " #EHSMyanmar #Internship #Program #Opportunity #intern #hr

photo content

ကမ္ဘာ့လေထုညစ်ညမ်းမှု အနည်းဆုံး နှင့် အများဆုံးနိုင်ငံများ ----------------------------------------------------------------- EHS Myanmar | 26.8.22 လေထုညစ်ညမ်းမှု ညွှန်းကိန်းများကိုတိုင်းတာသည့်အခါ µg/m³ သို့မဟုတ် ppm သို့မဟုတ် AQI စသည်တို့နှင့်တိုင်းတာလေ့ရှိပါ တယ်။ လေထုအရည်အသွေး 10 µg/m³ အောက်ဆိုလျှင် လေထုအရည်အသွေးကောင်းမွန်တဲ့ အနေအထားမှာရှိတယ်လို့ပြောလို့ရပါတယ်။ U-Earth မှ ထုတ်ပြန်ထားသည့် လေထုညစ်ညမ်းမှု အနည်းဆုံး နှင့် အများဆုံးနိုင်ငံများစာရင်းကို ဖော်ပြပေးလိုက်ရပါတယ်။ လေထုညစ်ညမ်းမှု အနည်းဆုံးနိုင်ငံများစာရင်း - ၁။ New Caledonia (ပြင်သစ်) - 3.8 µg/m³ ၂။ US Virgin Islands – 4.5 µg/m³ ၃။ Puerto Rico – 4.8 µg/m³ ၄။ Cape Verde – 5.1 µg/m³ ၅။ Bonaire, Sint Eustatius and Saba – 5.1 µg/m³ ၆။ Finland – 5.5 µg/m³ ၇။ Grenada – 5.5 µg/m³ ၈။ Bahamas – 5.5 µg/m³ ၉။ Australia – 5.7 µg/m³ ၁၀။ Estonia – 5.9 µg/m³ လေထုညစ်ညမ်းမှု အများဆုံးနိုင်ငံများစာရင်း - ၁။ Bangladesh – 76.9 µg/m³ ၂။ Chad – 75.9 µg/m³ ၃။ Pakistan – 66.8 µg/m³ ၄။ Tajikistan – 59.4 µg/m³ ၅။ India – 58.1 µg/m³ ၆။ Oman – 53.9 µg/m³ ၇။ Kyrgyzstan – 50.8 µg/m³ ၈။ Bahrain – 49.8 µg/m³ ၉။ Iraq – 49.7 µg/m³ ၁၀။ Nepal – 46 µg/m³ ပြုစုသူ - နိုင်ကျော်လူ ကိုးကားကျမ်း - The World’s Most and Least Polluted Countries, U-Earth Team, 2022 --------------------------------------------------------------------------- Don't forget to follow us on LinkedIn - https://www.linkedin.com/company/ehsmyanmar #EHSMyanmar #airpollution #airquality #countries #world

photo content

ဘေးအန္တရာယ်ရှိစွန့်ပစ်ပစ္စည်းများကိုမည်ကဲ့သို့စွန့်ပစ်ရမည်နည်း။ 🌡 ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများဆိုင်ရာလုပ်ငန်းများမှထွက်ရှိသည့်စွန့်ပစ်ပစ္စည်းများ စွန့်ပစ်ပစ္စည်းဆိုင်ရာအမိန့် (၂၀၂၁) မှ ထုတ်နှုတ်ဖော်ပြအပ်ပါသည်။ #EHSMyanmar #hazardouswaste #landfil #incineration #segregation

photo content

ဥရောပတခွင် မိုးခေါင်ရေရှားပါးမှုနှင့်ကြုံတွေ့နေရ ------------------------------------------------------------------------------------ EHS Myanmar | 23.8.22 မိုးခေါင်ပြီး ရေခန်းခြောက်မှုတို့ကြောင့် ရေလမ်းပို့ဆောင်ရေး နှင့် ကုန်သွယ်ရေးမှာများစွာထိခိုက်နေပါတယ်။ ဒါ့အပြင် မြစ်ရေများ ကျဆင်း မှုကြောင့် ဟိုနှစ်ပေါင်းများစွာ က ရှေးဟောင်းပစ္စည်းတွေတောင်ပြန်လည် ပေါ်လာနေပါတယ်။ အထူးသဖြင့် ချက်နိုင်ငံ နှင့် ဂျာမဏီ နိုင်ငံကိုဖြတ် သန်းစီးဆင်းနေတဲ့ Elbe မြစ်မှာဆို မြစ်ရေချိန်တော်တော်လေး ကျဆင်းလျက်ပါတယ်။ ဆာဘီးယားနိုင်ငံရဲ့ Danube မြစ်ရေကျဆင်းမှုကြောင့် ဒုတိယကမ္ဘာစစ်က နစ်မြုပ်သွားတဲ့ စစ်သင်္ဘောပျက် (၂) စင်းကို တွေ့နေရပြီဖြစ်ပါတယ်။ ထို့အပြင် အီတလီနိုင်ငံက Po မြစ်ဝှမ်းမှာလဲ စစ်လက် ကျန်မပေါက်ကွဲသေးတဲ့ ဗုံးတစ်လုံးကို တွေ့ရှိခဲ့လို့ ဆယ်ယူဖို့အတွက် အနီးအနားဝန်းကျင်ရှိ ရွာမှ လူပေါင်း (၃၀၀၀) ကိုဘေးဘင်းရာ ရွှေ့ပြောင်းခဲ့ ရပါတယ်။ . အီတလီနိုင်ငံမှာလဲ Tiber မြစ်အတွင်း နစ်မြုပ်နေခဲ့တဲ့ ရောမခေတ် အေဒီ ၅၀ လောက်က ရှေးဟောင်း တံတားစင်းကိုလဲ မြင်တွေ့နေရပြီဖြစ်ပါတယ်။ တဖန် စပိန်နိုင်ငံမှာလဲ Valdecanas ဆည်အတွင်းကနေ ဘီစီ ၅၀၀၀ လောက်ကရှိခဲ့သော "Spanish Stonehenge" များအထိပါ ရေတွေခမ်းသွားခဲ့ရပါတယ်။ (၁၉၄၀) ခုနှစ် ခုနှစ်က ယူကေနိုင်ငံ Ladybower ဆည်အောက်ရောက်ခဲ့သော Derwent Church ဆိုလဲပေါ်နေပြီဖြစ်ပါတယ်။ ထို့အပြင် တရုတ်နိုင်ငံရဲ့ နာမည်ကြီး ယန်စီမြစ်ရေ ဟာဆိုလျှင်လဲ ယခုဆို ခမ်းခြောက်လှနီးပါးဖြစ်နေပါပြီ။ သောက်ရေသုံးရေ အတွက် လူအများစုကမှီခိုနေပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံအစိုးက "Cloud Seeding" နည်းပညာကိုအသုံးပြုမည်ဖြစ်ပြီး နှင်းကျအောင်လုပ်နိုင်မည် ဟု သတင်းတွေမှာဖော်ပြထားပါတယ်။ Source - CNN, BBC ဘာသာပြန်သူ - နိုင်ကျော်လူ ----------------------------------------------------------------------- EHS Myanmar ၏ ဆောင်းပါးများကို အမြဲမပြတ်ဖတ်နိုင်ဖို့ telegram channel ကိုအခုပဲ join လိုက်ပါ။ https://t.me/ehsmyanmar #EHSMyanmar #drought #europe #asia #climatechange

photo content

၃။ လူတွေရဲ့ အကျင့်စရိုက် နဲ့ ကောင်းမွန်မှုမရှိတဲ့ Waste Management ကြောင့်လဲဖြစ်ပါတယ်။ ဒီအကြောင်းအရာ ၂ခုကိုပေါင်းစပ်ပြီးပြောရပါလိမ့်မယ်။ စာရေးသူတို့ မြန်မာမှာ အခြေခံအကျဆုံးဖြစ်တဲ့ စည်းကမ်းမဲ့အမှိုက်ပစ်တဲ့အကျင့်ကို ပြင်လို့မရနိုင်သေးပါ။ လမ်းထိပ်တွေမှာ အမှိုက်ပုံမယ်၊ နီးစပ်ရာ မြောင်းတွေထဲ ပစ်ထည့်မယ်၊ ချောင်းတွေထဲ ပစ်မယ်၊ ကိုယ့်မျက်စိရှေ့ကနေ ဒီအမှိုက်တွေပျောက်သွားဖို့လိုတာက ပထမဦးစားပေးဖြစ်လို့နေပါတယ်။ မြို့ပြတွေမှာ ရေကြီးရေလျှံဖြစ်ရတဲ့ အဓိကအကြောင်းအရင်းကိုပြောပါဆို လျှင် လူတွေရဲ့ စည်းကမ်းလိုက်နာမှု အားနာတဲ့အချက် (attitude) ကလဲ တစ်ခုအပါအဝင် ဖြစ်လို့နေပါတယ်။ အဲဒီတော့ နေထိုင်ရာပြည်သူတွေမှာပဲ အပြစ်ရှိတာလားဆိုတော့ မဟုတ်ပါဘူး။ ဒီလို လူတွေ စည်းကမ်းမဲ့စွန့်ပစ်နေရခြင်းကလဲ မြူနီစပယ်တို့ရဲ့ လိုအပ်ချက်တွေ လဲပါတယ်ဆိုတာကိုမေ့လို့မရပါဘူး။ အထူးသဖြင့် ရန်ကုန် လိုနေရာများမှာ Waste Coverage နဲ့ပတ်သတ်ပြီး ပြသနာတစ်ခုဖြစ်နေရဆဲဖြစ်ပါတယ်။ လူတစ်ယောက် က စည်း ကမ်းရှိစွာနဲ့ အမှိုက်ပုံးထဲသို့ စနစ်တကျပစ်ချင်ပေမယ့်လဲ သူ့အိမ်နဲ့နီးတဲ့ သတ်မှတ် အမှိုက်ပုံး မရှိတာ၊ ဝေးလွန်းနေတာ၊ အမှိုက်ကောက်ချိန် နည်းတာ စတဲ့ အချက်တွေကြောင့်လဲ ဖြစ်ပါတယ်။ Sub-urban area တွေမှာဆို ဒီပြသနာက ယနေ့အထိကြုံတွေ့နေရဆဲပါ။ 🌧 မြို့ပြတွေမှာ ရေကြီးရေလျှံမှုမဖြစ်အောင် ဘယ်လိုလျှော့ချကြမလဲ။ ၁။ Rainwater Harvesting ကို နိုင်အောင်လုပ်ဖို့လိုပါတယ်။ လမ်းတွေတည်ဆောက်တဲ့ အခါ အဆောက်အအုံတွေတည်ဆောက်တဲ့အခါ တွေမှာ ရေစီးရေလာ ကောင်းမွန် ဖို့ စနစ်တကျ လုပ်ဆောင်ထာဖို့လိုပါတယ်။ မြောင်းစနစ်တွေကောင်းအောင်လုပ်မယ်၊ မြောင်းထဲ အမှိုက်မဝင်အောက် collecting နဲ့ storing process တွေကို စီမံထားဖို့လိုပါတယ်။ ၂။ လူသွားစင်္ကြတွေကို စနစ်တကျလုပ်ဖို့လိုပါတယ်။ ရန်ကုန်မှာရှိတဲ့ လူသွားစင်္ကြအများစုအောက်က မြောင်းတွေပါ။ သို့သော် အလုပ်မလုပ်တော့တဲ့ မြောင်းတွေရှိနေပါသေးတယ်။ ဒါတွေကို ပိတ်ဆို့မှုမရှိအောင် ကောင်းမွန်အောင် လုပ်ဖို့လိုပါတယ်။ ၃။ Green Building တွေကို ပိုမိုအားပေးဖို့လိုပါမယ်။ ဒီအချက်ကတော့ မြန်မာနိုင်ငံအတွက် လက်လှမ်းမမှီနိုင်သေးပေမယ့် မဖြစ်နိုင်တာမရှိပါဘူး။ ဒီလို Green Building များလာသည့် နှင့်အမျှ Sustainable City ဖြစ်လာမယ်၊ Urban Flooding ကိုလဲတားဆီးနိုင်မယ်၊ မြို့ပြရဲ့ အပူချိန်ကိုလဲ ထိန်းညှိပြီးသားရောက်ပါမယ်။ နိဂုံးချုပ်ရမယ်ဆိုလျှင် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်ဆီးမှု နဲ့ ရာသီဥတုပြောင်းလဲမှုကြောင့် မြို့ပြမှာရေကြီးတာတွေဖြစ်လာရခြင်းဖြစ်ပါတယ်။ ဒီလိုဘာကြောင့်ဖြစ်တာလဲ လူသားတွေကြောင့် (Man-made impacts) အများဆုံးဖြစ်ရခြင်းဖြစ်ပါတယ်။ ဒီလိုမဖြစ်အောင် တမ္ဘာလုံးအတိုင်းအတာနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ဖို့လိုပါမယ်။ မြန်မာမှာ ဆိုလျှင်တော့ မြို့ပြတွေမှာရေကြီးတာက လူတွေရဲ့ စည်းကမ်းလိုက်နာမှုအားနည်းခြင်း၊ မြို့ပြ စီမံခန့်ခွဲမှုအားနည်းခြင်း နဲ့ မြောင်းစနစ်များ စနစ်တကျ ထိန်းသိမ်းပြုပြင်မှုမရှိခြင်းတို့က အခရာ ကျပါလိမ့်မယ်။ ဒီ့အတွက် မြူနီစပယ်မှာပဲ တာဝန်ရှိတာမဟုတ်သလို မြို့ပြနေပြည်သူလူထုရဲ့ အပြစ်ချည်းပဲလဲမဟုတ်ပါ။ မြူနယ်စပယ် နဲ့ မြို့နေလူထု နှစ်စဉ်ပူးပေါင်းလုပ်ဆောင်မှ သာ ဒီဒုက္ခတွေနဲ့ဝေးကွာမှာဖြစ်ပါတယ်။ အခုကတော့ မြို့ပြကြီးတွေမှာ ရေကြီးရေလျှံကို နှစ်စဉ်နှစ်တိုင်း ကြုံတွေနေရဆဲဖြစ်ပါတယ်...။ ရေးသားသူ - နိုင်ကျော်လူ ပုံ - မူရင်းတင်သူ ----------------------------------------------------------------------- EHS Myanmar ၏ ဆောင်းပါးများကို အမြဲမပြတ်ဖတ်နိုင်ဖို့ telegram channel ကိုအခုပဲ join လိုက်ပါ။ https://t.me/ehsmyanmar #EHSMyanmar #urbanFlood #yangon #myanmar

ဘာကြောင့် မြို့ကြီးတွေမှာ ရေကြီးရေလျှံရတာလဲ?! ---------------------------------------------------------------------------------------------------------- EHS Myanmar | 18.8.22 ၂၀၂၂ ခုနှစ် နှစ်ဝက်ရောက်သည့်အချိန်တွင် တမ္ဘာလုံးတွင် မြို့ပြရေကြီးမှုပေါင်း (၇၀) ကျော်ကြုံတွေ့ခဲ့ရပြီးဖြစ်ပါတယ်။ ဒီထဲမှာ စာရေးသူတို့ မြန်မာလဲအပါအဝင်ပါပဲ။ တလောကဆိုလျှင် မကြုံစဖူး ပြင်ဦးလွင် နဲ့ တောင်ကြီးတို့ မှာရေကြီးတာတွေကို မြင်လိုက်ရမှာပါ။ နောက် တာချီလိတ်၊ မော်လမြိုင် နဲ့ မိုင်းတုံ စတဲ့ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ စတဲ့ ပြည်နယ်ဒေသတွေမှာ ရေကြီးတာတွေပါကြုံနေရပါပြီ။ ၂ဝဝဝ ပြည့်နှစ်မှာ သစ်တောဧက ၅၇ ရာခိုင်နှုန်း၊ ၂၀၁၅ ခုနှစ်မှာ သစ်တောဧက ၄၃ ရာခိုင်နှုန်းအထိ သဘာဝသစ်တော ပြုန်းတီးမှုတွေများလာကြာ သဘာဝဘေးဆိုး ရေကြီးရေလျှံ၊ ကမ်းပြို၊ မြေပြိုမှုတွေ အခြားသစ်တောပြုန်းတီးနိုင်ငံ တွေလို ခပ်စိပ်စိပ်ကြုံလာရကြောင်းကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်ကိန်းဂဏန်းများအရ တွေ့ရပါတယ်။ 🌧 ရေကြီးရေလျှံမှုအမျိုးအစားများ။ ရေကြီးရေလျှံမှုကို အဓိကအားဖြင့် (၄) မျိုးခွဲခြားလို့ရပါတယ်။ မိုးသည်းထန်စွာရွာသွန်ခြင်းကြောင့် ဖြစ်ရတဲ့ Flash Floods၊ ပင်လယ်ရေမြင့်တက်ခြင်းကြောင့်ဖြစ်ရတဲ့ Coastal Floods နဲ့ မြစ်ရေကျော်ခြင်း၊ လျှံခြင်း တို့ဖြစ်ရတဲ့ river floods ဆိုပြီး ရှိသည့်အပြင် မြို့ကြီးပြကြီးတွေမှာ ရေကြီးရေလျှံမှု Urban Flooding ကလဲ တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ 🌧 ဘာကြောင့် မြို့ပြတွေမှာ ရေကြီးရတာလဲ။ တိုတိုနဲ့လိုရင်းပြောရမယ်ဆိုလျှင်တော့ လူသားတွေကြောင့်ဖြစ်ရတဲ့ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်ဆီးလာခြင်း နဲ့ မြို့ပြ စီမံခန့်ခွဲမှုအားနည်းခြင်း လို့ပဲပြောရပါလိမ့်မယ်။ မိုးရာသီမှာ မိုးများတဲ့အတွက် ရေကြီးတာ မထူးဆန်းသော်လည်းသာမာန်မိုးရေချိန်ထက်များပြီး ရွားသွန်းခြင်း (သို့မဟုတ်) မိုးမများသော်လည်း ရေကြီးနေရခြင်း စတဲ့အကြောင်းအချင်းအရာတွေရှိနေပါသေးတယ်။ အသေးစိတ်ကိုလေ့လာကြည့်ရအောင်။ Urban Flood ဖြစ်ရတဲ့အကြောင်းအရင်းကို Direct Factor နဲ့ Indirect Factor ဆိုပြီး (၂) မျိုးထပ်ခွဲရပါမယ်။ Direct Factor ဆိုတာကတော့ ရေကြီးမှုဖြစ်ပေါ်ရတဲ့အကျိုးဆက်ရဲ့ တိုက်ရိုက်အကြောင်းပါပဲ။ ပထမအကြောင်းအရာကတော့ သဘာဝပတ်ဝန်းကျင်ယိုယွင်းပျက်ဆီးလာခြင်း ဖြစ်ပါတယ်။ ဒီထဲမှာ Climate Change လို့ခေါ်တဲ့ ရာသီဥတုပြောင်းလဲမှုကအဓိကကျပါတယ်။ Climate Change ကြောင့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတွေဖြစ်မယ်၊ မိုးမရွာသင့်တဲ့ ဥတုမှာရွာမယ်၊ ရွာသင့်တဲ့ ရာသီမှာမရွာဘူး၊ မိုးခေါင်မယ် ရေရှားမယ်၊ ရွာရင်လဲအလွန်အကျွံရွာမယ် စသဖြင့် ဒီအကြောင်းအရာတွေပါဝင်ပါတယ်။ ဒုတိယအကြောင်းအရာမှာကတော့ Manmade ကြောင့်ဖြစ်ရတဲ့ အကြောင်းအရင်း တနည်းအားဖြင့် မြို့ပြဖွံ့ဖြိုးတိုးတက်မှု နဲ့အတူ နောက်ဆက်တွဲကိစ္စရပ်တွေပါဝင်ပါတယ်။ ဥပမာအားဖြင့် သဘာဝ ချောင်းတွေမြောင်းတွေ မြစ်တွေ ပိတ်ဆိုလာခြင်း၊ ကောလားခြင်း၊ ထို့အပြင် မြို့ပြအင်္ဂါရပ်များ နှင့်အညီ Infarstructure များ တိုးတက်များပြားလာခြင်းတို့ပဲဖြစ်ပါတယ်။ 🌧 နောက်တခု Indirect Factor မှာဆိုတာကတော့ တိုက်ရိုက်မဟုတ်ပဲ သွယ်ဝိုက်၍ ဖြစ်ပေါ်လာရသည့် အကြောင်းအချင်းအရာမျိုးကိုဆိုလိုပါတယ်။ ဒီလိုဖြစ်ပေါ်ရတဲ့အကြောင်း အရင်း (၄) ချက်ရှိပါတယ်။ ၁။ မြောင်းစနစ်ကောင်းမွန်မှုမရှိခြင်း ဖြစ်ပါတယ်။ Urban Planning မှာ အားနည်းချက် တွေရှိတဲ့အခါ သို့မဟုတ် တိုးတက်လာတဲ့ လူဦးရေနှင့်လိုက်ပြီး ရေဆိုးမြောင်းစနစ်များကို အဆင့်မြင့်တင်နိုင်မှုအားနည်းတဲ့ခါ မျိုးမှာ ရေကြီးရေလျှံတာတွေဖြစ်စေပါတယ်။ နောက် O & M လို့ခေါ်တဲ့ ပြုပြင်ထိန်းသိမ်းမှု အားနည်းတဲ့အခါမှာလဲ ဖြစ်ပါတယ်။ ၂။ လမ်းမများပေါ်တွင်ကားရပ်ရသည့် On-Road Vehicle Parking များကြောင့်လဲ ရေကြီးရေလျှံမှုကို ပိုမိုဆိုးရွားစေပါတယ်။ လမ်းပေါ်မှာကားတွေရပ်ထားခြင်းကြောင့် storm water management လုပ်တဲ့အခါအခက်အခဲဖြစေပြီး ရေစီးရေလာကောင်းမွန်စေဖို့ အခက်အခဲဖြစ်စေပါတယ်။

photo content

ကမ္ဘာကြီးပိုမိုလျင်မြန်စွာလည်ပတ်နေမှုကြောင့် လူသားတွေအပေါ်ဘယ်လိုသက်ရောက်မှုတွေရှိမလဲ။ ----------------------------------------------------------------------------------- EHS Myanmar | 16.8.2022 သြဂုတ်လ ၂၀၂၂ တွင်ထွက်ပေါ်လာသောသတင်းများအရ ကမ္ဘာသည် ၂၄ နာရီပြည့်အောင်မလည်ပတ်သည့် ရက်တာအတိုဆုံးနေ့ရှိခဲ့သည်ကို သိပ္ပံပညာရှင်များမှ အက်တမ်နာရီများစတင်အသုံးပြုတိုင်းတာ၍ မှတ်တမ်းတင်ခဲ့ပါသည်။ ကျွန်ပ်တို့၏ ကမ္ဘာဂြိုဟ်သည် ၎င်း၏ဝင်ရိုးပေါ်တွင် လှည့်ပတ်ရန် ၂၄ နာရီကြာလေ့ရှိသော်လည်း ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင်မူ ကမ္ဘာ၏လှည့်ပတ်မှု အပြည့်အဝသည် ၂၄ နာရီထက် ၁.၅၀ မီလီစက္ကန့်ပိုလျော့နည်းသွားသောကြောင့် ရက်တာအတိုဆုံးနေ့ဟူ၍မှတ်တမ်းဝင်ခဲ့ပါသည်။ ဤကဲ့သို့ဖြစ်စဉ်သည် ယခင်က မကြာသေးမီနှစ်များတွင်လည်း ဖြစ်ပေါ်ခဲ့ပါသေးသည်။ International Earth Rotation and Reference Systems (IERS) အရ ၂၀၂၀ ခုနှစ်တွင်လဲ ကမ္ဘာ့ရက်တာအတိုဆုံး ၂၈ ရက်ရှိခဲ့သည်ဟု မှတ်တမ်းတင်ခဲ့ပါသေးသည်။ အကယ်၍ ကမ္ဘာသည် ၎င်း၏အမြန်နှုန်းဖြင့် ဆက်လက်စံချိန်ချိုးနေမည်ဆိုပါက သိပ္ပံပညာရှင်များအနေနှင့်လည်း စကြဝဠာအချိန်အတွင်း မြင့်မားခုန်တက်လာသည့် စက္ကန့်စံချိန်များကို ပိုမိုအာရုံစိုက်ရတော့မည်ဖြစ်သည်။ 🌍ကမ္ဘာ၏ပိုမိုလျင်မြန်စွာလည်ပတ်မှုကြောင့် ကျွန်ုပ်တို့၏အချိန်နာရီပေါ်သက်ရောက်မှုများ ကမ္ဘာ၏လျင်မြန်စွာလည်ပတ်မှုသည် ကျွန်ုပ်တို့၏အချိန်နာရီများ ပေါ်သို့လည်း အကျိုးသက်ရောက်နိုင်သည်။ ကမ္ဘာလည်ပတ်မှု အရှိန်တက်လာသည်နှင့်အမျှ ကမ္ဘာ့အချိန်နာရီ အပြောင်းအလဲများလည်းရှိနေသောကြောင့် ပညာရှင်များအနေဖြင့်လည်း ကမ္ဘာ့အရှိန်အဟုန်ကိုလိုက်မီနိုင်သော အချိန်နာရီကို တစ်ပြိုင်တည်းလုပ်ဆောင်ရမည်ဖြစ်သည်။ အင်ဂျင်နီယာများနှင့် သိပ္ပံပညာရှင်များသည်လည်း ထိုကဲ့သို့အချိန်စက္ကန့်များခုန်နှုန်းမြန်ခြင်းကြောင့် အချိန်နာရီအပြောင်းအလဲကို ထိခိုက်စေရုံသာမက အင်တာနက်ဆာဗာထိခိုက်မှုက်ုပါ ဖြစ်ပေါ်စေနိုင်သောကြောင့် အဆိုပါကိစ္စကိုအလေးပေးဖြေရှင်းရန် ဆောင်ရွက်နေကြသည်။ ဥပမာအားဖြင့်ဆိုရသော် ၂၀၁၂ ခုနှစ်တွင်လည်း Reddit Website သည်ထိုကာလကစက္ကန့်ခုန်နှုန်းမြန်၍ အချိန်ပုံစံအပြောင်းအလဲဖြစ်ခဲ့သောကြောင့် ကြီးမားသောပြတ်တောက်မှုကြီးကြုံတွေ့ခဲ့သည်။ ၎င်းဆိုက်များသည် မိနစ် ၃၀ မှ ၄၀ ထိပြတ်တောက်မှုများဖြစ်ကာ ဆာဗာချို့ယွင်းမှုများစွာဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ Mozilla နှင့် Gawker တို့သည်လည်း အလားတူဖြစ်ရပ်များကြုံတွေ့ခဲ့ရပြီး ယင်းအင်တာနက်ကုမ္ပဏီများသည် Linux libraries နှင့် Kernels များမှတစ်ဆင့် Network Time Protocol (NTP) ဆာဗာများကိုအသုံးပြု၍ ၎င်းတို့၏အချိန်ကို ထပ်တူပြုထားကြပါသည်။ Meta အင်ဂျင်နီယာများကလည်း ယခုကဲ့သို့ စက္ကန့်ခုန်နှုန်းမြန်မှုများသည် အချို့သော software များပေါ်တွင် ဆိုးရွားစွာသပ်ရောက်မှုရှိနိုင်သည်ဟု ဆိုပေသည်။ 🌍 ကမ္ဘာကြီးလည်ပတ်နှုန်းပိုမြန်လာခြင်း အကြောင်းရင်း ကမ္ဘာ၏အရှိန်အဟုန်ကိုပိုမိုမြန်ဆန်စေသည့် အကြောင်းရင်းများစွာရှိသော်လည်း ဖြစ်နိုင်ချေအရှိဆုံး အကြောင်းရင်းတစ်ခုမှာ ကမ္ဘာ့အမြင့်ဆုံးတောင်များတွင် အရည်ပျော်ပြီးအေးခဲနေသည့် ဖြစ်စဥ်များကြောင့် ဝင်ရိုးစွန်းများတွင်အလေးချိန်နည်းပါးလာခြင်းဖြစ်သည်။ ရာသီဥတုပြောင်းလဲခြင်း၊ ကမ္ဘာ၏အတွင်းအပြင်အလွှာများ၊ သမုဒ္ဒရာ၊ ဒီရေကဲ့သို့သော ဖြစ်စဉ်များနှင့်လည်း ဆက်စပ်နေနိုင်ပါသည်။ သိပ္ပံပညာရှင်များသည် “Chandler Wobble”ဟူသောကမ္ဘာ၏ဝင်ရိုးလည်ပတ်မှုတွင်အနည်းငယ်သွေဖယ်မှုဖြစ်စဉ်ကြောင့်ဟုလည်းသုံးသပ်နေကြပါသည်။ Business Insider Website မှဘာသာပြန်ရေးသားဖော်ပြအပ်ပါသည်။ ဘာသာပြန်ရေးသားသူ - ခေတ် ----------------------------------------------------------------------- EHS Myanmar ၏ ဆောင်းပါးများကို အမြဲမပြတ်ဖတ်နိုင်ဖို့ telegram channel ကိုအခုပဲ join လိုက်ပါ။ https://t.me/ehsmyanmar #EHSMyanmar #earthspinning #environmentalhealth #humanimpact

photo content

ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများကြောင့် (climate change) ကမ္ဘာလည်ပတ်မှု ပိုမိုမြန်ဆန်နေရသည် ကိုသင်သိပါသလား။ ------------------------------------------------------------------------------------- EHS Myanmar | 13.8.2022 နေ့တစ်နေ့တာ ကုန်ဆုံးမှုသည် အလွန်လျှင်မြန်နေသည်ဟု ခံစားနေရပါသလား။ Journal of Geophysical Earth ရဲ့ လေ့လာတွေ့ရှိချက်တစ်ခု အရ ကျွန်တော်တို့ ကမ္ဘာကြီးသည် ယခင်ကထက်ပို၍မြန်မြန်လည်ပတ်နေပါသည်။ ထိုအတွက်ကြောင့် ကျွန်တော်တို့ နေ့ရက်တွေသည်လည်း တိုသွားခြင်းကိုဖြစ်ပေါ်စေပါလိမ့်မည်။ ပုံမှန်အားဖြင့်ဆိုလျှင် ကျွန်တော်တို့သည် ကမ္ဘာကြီး ပိုမြန်မြန်လည်နေခြင်းနှင့် နေ့တစ်နေ့တာာတိုခြင်းသည် မပြောပနိုင်လောက်သော ကွာခြားမှုဖြစ်သောကြောင့် သတိထားမိရန်မှာ ခက်ခဲပါသည်။ ကမ္ဘာကြီးသည် ပုံမှန်အားဖြင့် တစ်ရက်တွင် 24 နာရီ ရှိပြီး စက္ကန့်အားဖြင့် 86400 စက္ကန့်ရှိပါသည်။ သို့သော် June 29 တွင် ကျွန်တော်တို့၏ နေ့တစ်နေ့တာသည် 1.59 milliseconds မျှ တိုခဲ့သည့်အတွက် အတိုဆုံးနေ့အဖြစ်မှတ်တမ်းတင်ခဲ့ရပါသည်။ 1 millisecond သည် တစ်စက္ကန့်၏ တစ်ထောင်ပုံလျှင် တစ်ပုံဖြစ်သည်။ ဥပမာအားဖြင့် သင်မျက်တောင်ခတ်လိုက်သည့်အချိန် သည် 100 milliseconds ရှိပါသည်။ ထို့ကြောင့် ယခုလိုမျိုး အခြေအနေကို သင်မျက်တောင်ခတ်လိုက်သည်ဆိုသည်နှင့် သင်သတိထားမိတော့မည် မဟုတ်ပါ။ သို့သော် ယခုကဲ့သို့ တိုတောင်းလှသည့် အချိန် အား သင်သတိထားမိသည်ဖြစ်စေ သတိမထားမထားမိသည် ဖြစ်စေ နေ့တစ်နေ့အတွင်းမသိမသာတိုတောင်းသွားသည့်အချိန်ပမာဏလေးသည်လည်း မှတ်သားဖွယ်ရာ သတိထားဖွယ်ရာ ကိစ္စဖြစ်ပါသည်။ လွန်ခဲ့သော 2016 ခုနှစ်မှစ၍ သုတေသန ပညာရှင်များသည် ယခုကဲ့သို့ ကမ္ဘာကြီး လည်ပတ်မှုနှုန်းမြန်ဆန်နေရခြင်းကို စတင်သတိထားမိခဲ့ကြသည်။ ထိုအချိန်မှစ၍ ကမ္ဘာကြီးလည်ပတ်မှုသည် တစ်နှစ်ထက်တစ်နှစ် ပို၍မြန်မြန်လာသည်။ 2021 ခုနှစ်တွင် ပို၍ မြန်ဆန်လာပြီး ယခု 2022 ခုနှစ်တွင်လည်း ပို၍ မြန်နေဦးမည်ဖြစ်သည်။ ထိုပြောင်းလဲခြင်းသည် ကျွန်တော်တို့ နေ့စဉ်ဘဝ အပေါ်တွင် များစွာ အကျိုးမသက်ရောက်နိုင်ပေ။ ယခုလက်ရှိ ကျွန်တော်တို့သည် ကမ္ဘာကြီး၏အချိန်ကို တိုင်းတာရန်အတွက် atomic time ကို အသုံးပြုနေပါသည်။ စက္ကန့်တိုင်းကို တိုင်းတာဖို့ရန်အတွက်လည်း atoms radiation တွေ၏ ကြိမ်နှုန်းများကို စောင့်ကြည့်နေပါသည်။ သို့သော်လည်း ထိုကဲ့သို့သော တိုင်းတာမှုများသည် ကမ္ဘာ၏လည်ပတ်မှုနှုန်း မြန်လာသည်နှင့် မတိမကျ ဖြစ်နိုင်သော အခြေအနေများလည်းရှိသည်။ တစ်ချို့သော သိပ္ပံပညာရှင်များသည် atomic time system အားဖြင့် ကျွန်တော်တို့၏ နေ့တစ်နေ့မှ တစ်စက္ကန့်နှုတ်ယူလိုက်ခြင်းကို leap second ဟု စတင်ခေါ်ဆိုနေကြပြီဖြစ်သည်။ ထိုကဲ့သို့ ကမ္ဘာကြီး ပို၍ မြန်မြန်လည်ရခြင်းမှာ လူသားတို့ကြောင့်ဖြစ်ရသော ရာသီဥတု ဖောက်ပြန်ပြောင်းလဲခြင်းများနှင့် ရေခဲတောင်ကြီးများ အရည်ပျော်လာရခြင်းသည် ကမ္ဘာကြီးပို၍မြန်မြန်လည်နေရခြင်း၏ အကြောင်းအရင်းတစ်ခုဖြစ်နေသည်။ အကယ်၍ ကမ္ဘာကြီးသည် ယခုထက်ပို၍ ပို၍ မြန်မြန်လည်ပတ်နေလျှင် ယခင်ပုံမှန်အခြေအနေသို့ ရောက်ရှိရန် ခက်ခဲသွားပေလိမ့်မည် ဖြစ်ပါသည်။ ဘာသာပြန်ရေးသားသူ - ကောင်းပြည့် ကိုးကား - CLIMATE CHANGE IS LITERALLY MAKING THE EARTH SPIN FASTER by MIC.com ----------------------------------------------------------------------- EHS Myanmar ၏ ဆောင်းပါးများကို အမြဲမပြတ်ဖတ်နိုင်ဖို့ telegram channel ကိုအခုပဲ join လိုက်ပါ။ https://t.me/ehsmyanmar #EHSMyanmar #earthspinning #climatechange

photo content

Environmental Studies online Course --------------------------------------------------------- မင်္ဂလာပါ သားသားမီးမီးတို့ရေ ကျွန်မတို့ Environment, Health and Safety Myanmar - EHS Myanmar နဲ့ Zee Kwat Academy တို့ပူးပေါင်းပြီးတော့ သားသားမီးမီးတို့အတွက် ဗဟုသုတလည်းရမယ်၊ ပေါ့ပေါ့ပါးပါးနဲ့ ပျော်စရာလည်းကောင်းမယ့် သင်တန်းလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်ရှင့်။ ဒီသင်တန်းလေးကတော့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအရာတွေကို လေ့လာနိုင်မယ့် Climate Change and Environment သင်တန်းလေးပဲ ဖြစ်ပါတယ်ရှင့်။🌱 သင်တန်းလေးကိုတော့ အသက် ၁၃ နှစ်ကနေ ၁၆ နှစ် အရွယ်ရှိတဲ့ကလေးတိုင်း တက်ရောက်လေ့လာလို့ရနိုင်ပြီး ပညာဒါနဖြင့် အခမဲ့ ဝေမျှသင်ကြားပေးသွားမှာဖြစ်ပါတယ်။ ဒီတော့ အတန်းနဲ့ ပတ်သက်ပြီး အသေးစိတ်ကို အောက်မှာ ဖော်ပြပေးမယ်နော်✌️ 🗓 သင်ကြားပေးမည့်ရက် 🗓 အပတ်စဉ် အင်္ဂါ ၊ သောကြာနေ့ ⏰ သင်ကြားပေးမည့် အချိန် ⏰ ညနေ ၆ နာရီ မှ ည ၈ နာရီအထိ ❇️ သင်တန်းကြာချိန် ❇️ ရက်သတ္တပတ် ၃ ပတ် ❕ သင်တန်း စတင်ဖွင့်လှစ်မည့်ရက် ❕ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့ သင်တန်းတက်ရောက်ချင်တဲ့သားသားမီးမီးတို့အတွက် အောက်က Form Link လေးကတစ်ဆင့် စာရင်းပေးသွင်းလို့ရပါပြီနော်✍️ 👇 စာရင်းပေးသွင်းရန် လင့်ခ် 👇 https://bit.ly/ZKAxEHS ဒါကြောင့် ပတ်ဝန်းကျင်အကြောင်းကို လေ့လာသင်ယူချင်တဲ့သားသားမီးမီးတို့အားလုံး အခုပဲ Register ထားလိုက်တော့နော်။👨‍🏫 #EHSMyanmar #ZeeKwatAcademy #EnvironmentalStudies #Environment

ယခုလသည် Water Quality Month ဖြစ်သည်ကိုသင်သိပါသလား? ============================================= EHS Myanmar | 4.8.2022 💧 ကမ္ဘာ့ကုလသမဂ္ဂ က ၂၀၀၅-၂၀၁၅ ခုနှစ်တွင် ရေကောင်းရေသန့်ရရှိရေး ဆယ်စုနှစ်အဖြစ်သတ်မှတ်ပြီး ရေ၏အရေးပါပုံ၊ လူသားတိုင်း ရေသန့်ရရှိစေရေး၊ ရေဆိုးသန့်စင်စနစ်များရရှိရေး စသည်တို့ကို လူ့အခွင့်အရေး အဖြစ် သတ်မှတ်ပြီး စွမ်းဆောင်လာခဲ့ကြရာ ဩဂုတ်လသည် "ရေအရည်အသွေးဆိုင်ရာလ (သို့မဟုတ်) Water Quality Month" ဟု ခေါ်ဆိုကာ ကမ္ဘာ့နိုင်ငံအနှံ့ပညာပေးလုပ်ငန်းများလုပ်ကိုင်ခဲ့ကြသည်။ Water Quality Month သည် အဓိကကအားဖြင့် အမေရိကန်နိုင်ငံတွင် သတ်မှတ်ထားခြင်းဖြစ်ပြီး (၂၀၀၅) ခုနှစ်တွင် USEPA မှစတင်သတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။ 💧 ရေအရည်အသွေးက ဘာကြောင့်အရေးကြီးတာလဲ။ ရေသည် ကမ္ဘာမြေကြီးကို အလွန်ထူးခြားစေသော Unique ဖြစ်စေသောအရာဖြစ်ပြီး ကျွန်ုပ်တို့ကမ္ဘာပေါ်ရှိ အရာအားလုံးနီးပါး (သက်ရှိ သက်မဲ့) တို့သည် ၎င်းအပေါ်တွင် မှီခိုနေပါသည်။ သို့သော်လည်း ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံများတွင် သန့်ရှင်းသောရေရရှိရေးကို ရုန်းကန်နေရဆဲဖြစ်ပါသည်။ ထို့အပြင် သမုဒ္ဒရာများသည် လူသားများကြောင့် ညစ်ညမ်းမှုများဖြစ်ပေါ်လာခြင်း နှင့် အက်စစ်ဓာတ်များခြင်းတို့ကြောင့် သေဆုံးဇုန်များ (Dead Zone) ဖြစ်လာကာ သန့်ရှင်းသောရေချိုသန့် ရရှိမှုသည် ကမ္ဘာနှင့်အဝှမ်း ပိုမိုခက်ခဲလာပါသည်။ လူဦးရေတိုးတက်များပြားလာခြင်းကလဲ ကမ္ဘာ့ရေကောင်းရေသန့်ရှားပါးမှုရရှိဖို့ခက်ခဲ့သည့် အဖြေတစ်ခုလဲဖြစ်ပါသည်။ လူဦးရေတိုးတက်များပြားလာသည်နှင့်အမျှစားသောက်ဖို့အတွက် စိုက်ပျိုးမွေးမြူရေးများပိုမိုလုပ်ဆောင်ရခြင်းတို့ကြောင့် ရေလိုအပ်ချက်ကလဲမြင့်မားလျက်ရှိပါသည်။ ကျွန်ုပ်တို့ကမ္ဘာ၏ (၇၀) ရာခိုင်နှုန်းသည် ရေများနှင့်ဖုံးလွှမ်းထားသော်လည်း ၎င်းထဲမှ (၃) ရာခိုင်နှုန်းသည် ရေချိုဖြစ်သော်လည်း အမှန်တကယ်အသုံးပြုလို့ရသော ရေပမာဏသည် (၁) ရာခိုင်နှုန်းလောက်သာရှိပါသည်။ ဖော်ပြပါ အချက်တွေကို သိထားမည်ဆိုလျှင် လူပေါင်း (၇) သန်းအတွက် ရေကောင်းရေသန့်ရရှိရန် မလွယ်ကူနိုင်ကြောင်း သဘောပေါက်နိုင်ပါသည်။ 💧 Water Quality Month မှာ ရေကောင်းရေသန့်ကို ဘယ်လိုနည်းလမ်းတွေနဲ့ထိန်းသိမ်းသင့်ပါသလဲ။ ၁။ သွားတိုက်လျှင်ဖြစ်စေ၊ ပန်းကန်ဆေးလျှင်ဖြစ်စေ ရေဘုံပိုင်ကို လိုအပ်သလောက်သာဖွင့်ထားပြီး၊ မလ်ိုလျှင်ပိတ်ထားပါ။ ၂။ ရေကိုချွေတာပေးနိုင်သည့် ရေဘုံပိုင်ခေါင်းများ (Faucet Aerators) နှင့် ရေပန်းခေါင်းများ (Shower Head) များကိုအသုံးပြုပါ။ ၃။ Dual Flush နှင့် Low Flow ရေဆွဲ (၂) မျိုးပါဝင်သည့် ရေဆွဲအိမ်သာအမျိုးအစားများကိုသာသုံးသင့်သည်။ ၄။ မိုးရွာတုန်းရေခံ ဆိုသည့်စကားအတိုင်း ယခုလိုမိုးရာသီတွင် မိုးရေခံထားပြီး အသုံးတည့်သည့်နေရာများတွင် ပြန်လည်အသုံးပြုသင့်သည်။ ၅။ မိမိအိမ်ရှိ ရေပိုက်များပေါက်မပေါက်ကို အမြဲတမ်းစစ်ဆေးပြီး ပြုပြင်ထိန်းသိမ်းပါ။ ၆။ အိမ်မှထွက်ရှိသော ရေဆိုးများ (Wastewater) ကို surface ပေါ်သို့ တိုက်ရိုက်စွန့်မပစ်ရ။ National Building Code တွင်ပြဌာန်းထားသည့်အတိုင်း သင့်တော်သောရေဆိုးစနစ်သင့်စင်စနစ်ကိုတပ်ဆင်ထားသင့်သည်။ ၇။ အသုံးပြုပြီးရေဆိုး (Grey Water) များကို Treated System ဖြင့် တက်နိုင်သလောက် ပြန်အသုံးပြုပါ။ ၈။ မိမိအိမ် ရေမီတာများကို အမြဲတမ်း စစ်ဆေး (monitor) ပါ။ ၉။ မိမိသိထားသော Water Conservation ဗဟုသုတများကို ပတ်ဝန်းကျင် Community သို့ တက်စွမ်းသလောက် မျှဝေပါ။ ဖော်ပြပါ နည်းလမ်းများကို လိုက်နာကျင့်သုံးခြင်းဖြင့် Water Quality Month ကိုဆင်နွှဲကြပါစို့။ ရေးသားသူ - နိုင်ကျော်လူ ကိုးကားကျမ်း - https://nationalwaterqualitymonth.org/ လာမည့် ဩဂုတ်လ (၁၃) ရက်နေ့တွင် EHS Myanmar မှ Environmental Sustainability Batch 4 ကိုဖွင့်လှစ်ဖို့ သင်တန်းသားများလက်ခံနေပါသည်။ ထို ES04 တွင် Water Treatment System၊ Water Treatment Management တို့နှင့်ပတ်သတ်၍ သင်ကြားသွားမည်ဖြစ်သည့် အတွက် တက်ရောက်ဖို့ဖိတ်ခေါ်ပါရစေ။ Environmental Sustainability Online Course Batch 4 အသေးစိတ်လေ့လာရန် - https://www.facebook.com/ehsmyanmar/posts/pfbid0358GCfzxEmxZeAuyzrPhqtHCruFCK5AoMCe7EADJU37ewfw4bugxv9wqeyFvhodVkl ☎️ အသေးစိတ်သိချင်တာတွေရှိလျှင် EHS Myanmar Facebook Page သို့အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပါတယ်။ ဖုန်းဆက်ချင်တယ်ဆိုလျှင်တော့ ရုံးချိန်အတွင်း (+95) 09755282383 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။ Learn more at www.ehsmyanmar.org --------------------------------------------------------------------------- Don't forget to follow us on LinkedIn - https://www.linkedin.com/company/ehsmyanmar #EHSMyanmar #environmental #waterqualitymonth #August #onlinecourse

photo content

🎓EHS Myanmar ၏ Capacity Building Program တစ်ခုအနေဖြင့် Team Member များအတွက် Scholarship ပေးကာ ISO 14001 Environmental Management System Certificate Course (ပတ်ဝန်းကျင်စီမံခန့်ခွဲမှုစနစ်သင်တန်း) ကို Myanmar Institute of Governance and Management Professional Training Institute တွင်တက်ရောက်စေခဲ့ပြီး ပြီးမြောက်အောင်မြင်ခဲ့ကြပါသည်။ . Environmental Sustainability Online Course Batch 4 အသေးစိတ်လေ့လာရန် - https://www.facebook.com/ehsmyanmar/posts/pfbid0358GCfzxEmxZeAuyzrPhqtHCruFCK5AoMCe7EADJU37ewfw4bugxv9wqeyFvhodVkl ☎️ အသေးစိတ်သိချင်တာတွေရှိလျှင် EHS Myanmar Facebook Page သို့အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပါတယ်။ ဖုန်းဆက်ချင်တယ်ဆိုလျှင်တော့ ရုံးချိန်အတွင်း (+95) 09755282383 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။ Learn more at www.ehsmyanmar.org --------------------------------------------------------------------------- Don't forget to follow us on LinkedIn - https://www.linkedin.com/company/ehsmyanmar #EHSMyanmar #onlinecourse #environmental #Sustainabilityအ

photo content