ch
Feedback
EHS Myanmar

EHS Myanmar

前往频道在 Telegram

This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.

显示更多
934
订阅者
无数据24 小时
+47
+730
帖子存档
photo content

EHS Myanmar's Monthly Theme: What is it for April? -------------------------------------------------- 🇲🇲 EHS Myanmar မှ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် (Sustainable Development Goals) များကို အထောက်အကူပြုစေရန် ရည်ရွယ်၍ တစ်လနှင့်တစ်လ မတူညီသော ခေါင်းစဥ် (Theme) များကို အလှည့်ကျဖြင့် Knowledge Sharing များ ပြုလုပ်ပေးနေပါသည်။ 🌼 မြန်မာ့နှစ်သစ်ကူးတန်ခူးလဖြစ်တဲ့ ဧပြီလမှာ Food Waste များကိုလျှော့ချနိုင်ဖို့အတွက် "Stop Food Waste April" Theme ကိုရွေးချယ်ထားပါသည်။ 🪣 မဟာသင်္ကြန်ကာလ ပိတ်ရက်ရှည်ဖြစ်သည့်ကာလမှာ ခရီးထွက်ခြင်း၊ ပျော်ပွဲစားထွက်ခြင်း နှင့် ရေကစားခြင်းတို့ပြုလုပ်ရ မှာ အစားအသောက်အကြွင်းအကျန်များလျော့နည်းစေရန်နှင့်ထိုသို့ပြုလုပ်ခြင်းသည် သဘာဝပတ်ဝန်းကျင်အပေါ်မည်ကဲ့ သို့အထောက်အကူပြုသလဲစတဲ့အကြောင်းအရာတွေကို ယခု Theme ဖြင့် ဆောင်းပါးများရေးသားခြင်း၊ Content များဖန်တီးခြင်း၊ အွန်လိုင်းဟောပြောပွဲများလုပ်ဆောင်ခြင်း၊ အွန်လိုင်းကမ်းပိန်းများစီစဉ်ခြင်း၊ Instagram တွင် Post အသစ်များရေးသားခြင်း စသည့် နည်းလမ်းများဖြင့် အသိပညာများရရှိအောင်ကြိုးစားပေးသွားမှာ ဖြစ်ပါသည်။ 😍 Stop Food Waste - April နှင့်ပတ်သတ်ပြီး စိတ်ဝင်စားလို့ လေ့လာသင်ယူချင်တယ်ဆိုရင်တော့ EHS Myanmar page ကို see first လုပ်ထားဖို့မမေ့ပါနဲ့ဦး။ ----------------------------------------------------------------------- "𝙂𝙖𝙞𝙣𝙞𝙣𝙜 𝙠𝙣𝙤𝙬𝙡𝙚𝙙𝙜𝙚 𝙞𝙨 𝙩𝙝𝙚 𝙛𝙞𝙧𝙨𝙩 𝙨𝙩𝙚𝙥 𝙩𝙤 𝙬𝙞𝙨𝙙𝙤𝙢. 𝙎𝙝𝙖𝙧𝙞𝙣𝙜 𝙞𝙩 𝙞𝙨 𝙩𝙝𝙚 𝙛𝙞𝙧𝙨𝙩 𝙨𝙩𝙚𝙥 𝙩𝙤 𝙝𝙪𝙢𝙖𝙣𝙞𝙩𝙮." Don't forget us to follow us on instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #environmental #sustainability #ecosystem #foodwaste #SDG

United Nations Human Settlement Programme (UN-Habitat) နှင့် Myanmar Climate Change Alliance (MCCA) တို့မှ March 29 ရက်‌နေ့ W
+2
United Nations Human Settlement Programme (UN-Habitat) နှင့် Myanmar Climate Change Alliance (MCCA) တို့မှ March 29 ရက်‌နေ့ Wyndham Grand Hotel Yangon တွင် ကြီးမှူးကျင်းပခဲ့သည့် "COP28 Debriefing and What does it mean to Myanmar" ပွဲအား EHS Myanmar မှ Research & Project Associate ကိုတိုးလွင်ရှိန်နဲ့ Research Intern မအယ်စီစီတို့မှတက်ရောက်ခဲ့ပါသည်။ ပွဲတွင် COP28 နှင့်ပတ်သက်၍ အကြောင်းအရာများကိုလည်း လေ့လာခဲ့ရသလို၊ UN-Habitat နှင့် MCCA တို့၏ မြန်မာနိုင်ငံအတွင်း လုပ်ခဲ့သည့်၊ လုပ်မည့် Programme များကိုလည်းလေ့လာခဲ့ရပါသည်။ #EHSMyanmar #COP28 #UNHabitat #MCCA

EHS Myanmar မှ World Wildlife Day 2024 ကို ပါဝင်ဆင်နွှဲသော အနေဖြင့် “Preserving the Paradise” ခေါင်းစဉ်ဖြင့် Panel Discussion
EHS Myanmar မှ World Wildlife Day 2024 ကို ပါဝင်ဆင်နွှဲသော အနေဖြင့် “Preserving the Paradise” ခေါင်းစဉ်ဖြင့် Panel Discussion တစ်ခုကို မတ်လ ၂၄ရက်နေ့တွင် စီစဉ်ပြုလုပ်ခဲ့ပါတယ်။ Panel event တွင် ဝင်ရောက်ပါဝင်အားဖြည့်ပေးခဲ့သော Native Species Conservation and Identification မှ ကိုဝင်ဇော်ပိုင်ဦးကိုလည်း EHS Myanmar မှ အထူးပင်ကျေးဇူးတင်ပါတယ်ရှင့်။ ဒါ့အပြင် တက်ရောက်လာကြသော participants တစ်ဦးချင်းစီကိုလည်း ကျေးဇူးတင် ဂုဏ်ပြုသော အနေဖြင့် Certificate of Attendance ကို ပေးပို့ခဲ့ပါတယ်ရှင့်🎀 EHS Myanmar မှ လစဉ် သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သတ်သော အသိပညာပေး webinar တွေ ဆွေးနွေးပွဲတွေကို ပြုလုပ်ပေးလျက်ရှိတာကြောင့် EHS Myanmar Facebook Page ကို အစဉ်အမြဲ စောင့်ကြည့်ထားပေးပါနော်။🤗 #EHSMyanmar #WWD2024 #NSCI

photo content

Let's do plastic diet with My Little Plastic Footprint ဒီအပတ် EHS Myanmar ကနေ Sharing is Caring campaign အနေနဲ့ My Little Plastic Footprint ဆိုတဲ့ application လေးနဲ့မိတ်ဆတ်ပေးချင်ပါတယ်။ ဒီ app လေးကိုသုံးမယ်ဆိုရင်အရင်ဆုံးကိုယ့်ရဲ့ profileကိုတည်ဆောက်ရပါတယ်။ သူမေးတဲ့အချက်အလက်လေးတွေဖြည့်ပြီးသွားရင်တော့ Plastic Mass Index တွက်ပြီးကိုယ့်ရဲ့နေ့စဉ်သုံးတဲ့ Plastic Footprint ‌ ကို သိရမှာဖြစ်ပါတယ်။ဒါပြီးရင်တော့ကိုယ့် Plastic diet လေးစတင်ပါပြီ။ ကိုယ့်‌နေ့စဉ်ဘ၀မှာ ဆက်လက်ပြီး plasticလျှော့ချဖို့လိုနေတဲ့ alternative way လေးတွေကို ရှင်းရှင်းလင်းလင်းဖော်ပြထားပြီး Plastic footprintကိုလျှော့ချဖို့ အတွက်ရည်ရွယ်ထားပါတယ်။ ဒါ့ပြင် plastic ဘယ်လိုလျှော့ချနိုင်လဲနဲ့ပတ်သက်ပြီးquizzလေးတွေကိုလည်း fun ဖြစ်ဖြစ်နဲ့ထည့်သွင်းထားတာဖြစ်လို့ သဘာ၀ပတ်၀န်းကျင်ချစ်မြတ်နိုး‌သူတွေအနေနဲ့ ဗဟုသုတလည်းတိုးပြီး ကိုယ့်ကိုကိုယ်ပြန်လည်သုံးသပ်နိုင်တဲ့ application လေးဆိုလည်းမမှားပါဘူး။ ဒါ့ကြောင့်အခုပဲ application လေးကို download လုပ်ပြီး ကိုယ့်ရဲ့ plastic footprint ကိုလျှော့ချလိုက်ကြပါစို့။ Both iOS and Android versions are available for this application. The links are below. iOS Version >> https://apps.apple.com/us/app/my-little-plastic-footprint/id1268714494 Android Version >> https://play.google.com/store/apps/details?id=com.plasticsoupfoundation.MyLittlePlasticFootprint&hl #EHSMM #plasticdiet #Campaign #mylittleplasticfootprint

🌱🌍 Today marks the International Day of Zero Waste, and EHS Myanmar is proud to join the global movement towards waste redu
🌱🌍 Today marks the International Day of Zero Waste, and EHS Myanmar is proud to join the global movement towards waste reduction and sustainability! 🎉 Let's embrace the principles of reduce, reuse, and recycle to minimize our environmental footprint. Together, let's pave the way for a world where waste is minimized, resources are conserved, and our planet thrives. #ZeroWasteDay #EHSMyanmar ♻️🌏

photo content
+3

နေ့စဉ်ဓူဝ လုပ်ငန်းဆောင်တာတွေကြား အမြဲတစေ ရုန်းကန်လှုပ်ရှားနေကြရတဲ့ ကျွန်တော်တို့လူသားတွေဟာ မိမိကိုယ်ကိုယ် အနားပေးဖို့ တစ်ခါတစ်ရံ မေ့လျော့နေတတ်ကြပါတယ်။ မနားမနေကြိုးစားရှင်သန်လာရင်း အချိန်ကြာလာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ စိတ်နဲ့ ခန္ဓာမှာ ပင်ပန်းမှု၊ မွန်းကြပ်မှုတို့ ကြုံတွေ့ခံစားလာရပါတယ်။ စိတ်ဖိစီးမှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ နေ့စဉ်ဘဝ တာဝန်တွေနဲ့ဝေးရာ မြို့ပြရဲ့ အဝေးကို ထွက်ပြေးချင်စိတ် ဖြစ်မိကြမယ် ထင်ပါတယ်။ သဘာဝတရားက ကျွန်တော်တို့ရဲ့ စိတ်ကို လန်းဆန်းအောင်၊ စိတ်ပူပန်သောကတွေ ကျေပျောက်သွားအောင် လုပ်ဆောင်နိုင်စွမ်းရှိကြောင်း သုတေသနလေ့လာချက်တွေမှာ ဖော်ပြထားပြီးဖြစ်ပါတယ်။ ဒါကြောင့် ... နေ့စဉ်ဘဝမှာ စိတ်တွေ မောပန်း နွမ်းနယ်လာရင် ခဏလောက် အနားယူပြီး သဘာဝတရားနဲ့ ထိတွေ့ခြင်းဖြင့် စိတ်ကို ကုစားကြရအောင်လား။ Content - Yoon Nandar (EHS Myanmar) --------------------------------------------------------------------------- Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #naturetherapy #mentalhealth #benefitsofnature #forestbathing #forestbathingtherapy

LAUNCHING SOON!!! STAY TUNED! #EHSMyanmar #environmental #sustainability #education
LAUNCHING SOON!!! STAY TUNED! #EHSMyanmar #environmental #sustainability #education

photo content

ချင်းမိုင်နှင့်အတူ ဆိုးရွားနေတဲ့ရန်ကုန်လေထုအရည်အသွေး 🥵 --------------------------------------------------------- EHS Myanmar | 26.3.2024 💥ဖော်ပြပါ AQI Index ကတော့ မတ်လ ၂၆ ရက်နေ့ မနက် (၁၁း၃၀) နာရီမှာတိုင်းတာရမိတဲ့ ညွှန်းကိန်းဖြစ်ပါတယ်။ ဒီညွှန်းကိန်းမှာဆိုလျှင် ကမ္ဘာ့လေထုအညစ်ညမ်းဆုံး Top 10 စာရင်းမှာ ရန်ကုန်မြို့က အဆင့် ၆ နေရာနှင့် ချင်းမိုင်မြို့ က အဆင့် ၁ နေရာမှာရှိနေတာကိုတွေ့နိုင်ပါတယ်။ 🌤အခုလိုပွင့်လင်းရာသီအစမှာ AQI level မြင့်နေရခြင်းက စိုးရိမ်စရာအခြေအနေဖြစ်ပါတယ်။ ဘာကြောင့် ရန်ကုန်မြို့ရဲ့ AQI ညွှန်ကိန်းမြင့်မားနေရခြင်းအကြောင်းကိုလေ့လာကြည့်တဲ့ အခါ အောက်ပါအတိုင်းတွေ့နိုင်ပါတယ်။ 👇 ၁။ နွေဦးရာသီရောက်တဲ့အခါ နေရောင်ခြည်ပိုမိုရလာခြင်းကြောင့် Ground-level Ozone မြင့်မားလာခြင်း၊ မီးခိုမြူများအဖြစ်များလာခြင်း နှင့် Nitrogen Dioxide မြင့်မားလာခြင်းများကြောင့်လည်းကောင်း၊ ၂။ ရာသီဥတုအပူချိန်မြင့်လာခြင်းကြောင့် Chemical Reactions များအဖြစ်များပြီး လေထုအမှုန်အမွှား (Pollutants) များကိုပိုမိုထွက်စေခြင်းကြောင့်လည်းကောင်း၊ ၃။ လေထုထဲတွင် လေမရှိခြင်း (သို့မဟုတ်) လေမတိုက်ခြင်းများသည် Air Stagnation ကြောင့်ဖြစ်ပြီး လေထုညစ်ညမ်းမှုကိုပိုမိုဆိုးရွားစေခြင်းကြောင့်လည်းကောင်း၊ ၄။ ခုလိုပူပြင်းခြောက်သွေ့တဲ့နွေဦးရာသီမှာ သစ်တောမီးလောင်ခြင်းက ကာဗွန်မိုနောက်ဆိုဒ် နဲ့ PM အမှုန်အမွှားများကိုထွက်ရှိစေပြီး လေထုညစ်ညမ်းမှုကိုဖြစ်ပေါ်စေခြင်းကြောင့်လည်းကောင်း၊ ၅။ လူတွေရဲ့လုပ်ရပ်တွေကြောင့်လည်း လေထုအရည်အသွေးကျစေပါတယ် ဥပမာအားဖြင့် မော်တော်ယာဉ်များအသုံးပြုမှုများကြောင့်၊ Air-con အသုံးများခြင်း၊ Generator များအသုံးများခြင်း နှင့် မဆင်မခြင်အမှိုက်မီးရှို့ခြင်းများကြောင့်လည်းကောင်း။ အထက်ပါအကြောင်းအရာတွေကြောင့် ရန်ကုန်လေထုအရည်အသွေးများကျဆင်းနေရခြင်းဖြစ်ပါတယ်။ မကြာခင် သင်္ကြန်မိုးရွာခြင်းနဲ့အတူ လေထုအရည်အသွေးပြန်လည်သန့်စင်လာဖို့မျှော်လင့်ရင်း...။ ရေးသားသူ - နိုင်ကျော်လူ ------------------------------------------------------------------------------------------------------------------- EHS Myanmar ၏ ဆောင်းပါးများကို အမြဲမပြတ်ဖတ်နိုင်ဖို့ telegram channel ကိုအခုပဲ join လိုက်ပါ။ https://t.me/ehsmyanmar #EHSMyanmar #yangon #chiangmai #airquality #AQI #pollution

photo content

ပညာရေးပြိုင်ဆိုင်မှု၊ စီပွားရေးပြိုင်ဆိုင်မှုနဲ့အတူ နည်းပညာအသစ်တွေ၊ ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ပဲ နေ့စဥ်အချိန်ကုန်ဆုံးလာကြပြီး လှုပ်ရှားမှု နည်းပါးလာတာကြောင့် စိတ်နဲ့ခန္ဓာ အားနည်းခြင်းတွေ ဖြစ်ပေါ်လာပါတယ်။ ဒါတွေကို လျှော့ချဟန့်တားနိုင်ဖို့ အစိမ်းရောင်သဘာဝနယ်မြေတွေကို မပျောက်ပျက်အောင် ထိန်းသိမ်းသင့်သလို လူသားတွေနဲ့ သဘာဝတရားကို ပြန်လည်နီးစပ်အောင် ဖန်းတီးရင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အလေ့အကျင့်ကောင်းတွေ လုပ်ဆောင်ခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာ ပျော်ရွှင်နိုင်မှာ မုချပင် ဖြစ်ပါတယ်။ ရေးသားသူ - ဖိုးကျား (EHS Myanmar) ကိုးကား - adaa.org, thrive.org.uk, mental.org.uk, news-medical.net --------------------------------------------------------------------------- Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #naturetherapy #mentalhealth #benefitsofnature

အစိမ်းရောင် သဘာဝတရားမှ ပေးစွမ်းသော စိတ်ပိုင်းဆိုင်ရာ ကောင်းကျိုးများ ----------------------------------------------- EHS Myanmar | 25.3.2024 လူသားတွေဟာ ခေတ်နဲ့အညီ ပေါ်ထွန်းလာတဲ့ အလုပ်ကိုင်အခွင့်အလမ်းတွေ၊ ပညာရေးအခွင့်အလမ်းတွေအပေါ် နေ့စဉ်နဲ့အမျှ ကြိုးစား ရှာဖွေ ရုန်းကန်လာရင်း မိမိတို့ရဲ့ စိတ်နဲ့ခန္ဓာကျန်းမာရေးအပေါ် အာရုံစိုက်မှု နည်းပါးလာကြပါတယ်။ ဒါ့အပြင် ထူထပ်လာတဲ့လူဦးရေကြောင့် ဖွံ့ဖြိုးတိုးတက်တဲ့မြို့ပြတွေမှာ ကူးပြောင်းနေထိုင်နှုန်း များပြားလာပါတယ်။ တစ်ဖက်မှာလည်း တိုးချဲ့လာတဲ့မြို့ပြလူနေမှုစနစ်နဲ့အတူ သဘာဝ ရေမြေ တောတောင်ဒေသတွေဟာလည်း တဖြည်းဖြည်း လျော့နည်းလာပြီဖြစ်ပါတယ်။ ဥပမာ - ပန်းပင် စိုက်ခင်းတွေ၊ ရေကန်တွေ၊ ပန်းခြံတွေကို ဖျက်သိမ်းမြေဖို့ပြီး နေအိမ်၊ တိုက်ခန်းတွေ၊ တံတားတွေ၊ လမ်းတွေတိုးချဲ့ တည်ဆောက်လာပါတယ်။ ဒါဟာ လူသားတွေကို သဘာဝနဲ့ တဖြည်းဖြည်း ဝေးကွာလာစေသလို လူတွေရဲ့ ကျန်းမားရေးလိုက်စားမှုအပေါ် အထောက်အကူပြုတဲ့ နေရာတွေကို ဖျက်စီး လျှော့ချလိုက်သလိုပါပဲ။ နောက်တစ်ချက်အနေနဲ့ဆိုရင် တိုးတက်ကျယ်ပြန့်လာတဲ့ နည်းပညာအသုံးပြုမှုတွေဟာ လူတွေရဲ့ကျန်းမာရေးကို အနည်းနဲ့အများ ထိခိုက်စေတာကိုလည်း ပညာရှင်တွေက ထောက်ပြထားပြီးဖြစ်ပါတယ်။ ဒီလိုအရာတွေကြောင့် လူ့ခန္ဓာကျန်းမာရေးအပြင် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအပေါ် များစွာထိခိုက်မှုတွေ ဖြစ်လာပါတယ်။ ကမ္ဘာ့စစ်တမ်းကောက်ချက်တွေအရ မြို့ပြကြီးတွေမှာ နေထိုင်တဲ့ လူဦးရေ ၂၁% ဟာ စိတ်ပူပင်သောက ခံစားနေရပြီး ၃၉% သော လူသားတွေဟာ စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုအခြေအနေကို ခံစားနေရပါတယ်။ လူတွေရဲ့စိတ်မှာဖြစ်ပေါ်စေတဲ့ စိတ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်းတွေကို သိပ္ပံနည်းအရ လေ့လာကြည့်မယ်ဆိုရင် ကော်ဒီဇုန်းလို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာဟော်မုန်းဟာ အခြေခံကျတဲ့ နေရာက ပါဝင်နေပါတယ်။ ကော်ဒီဇုန်းဟော်မုန်းဟာ ခန္ဓာကိုယ်တွင်းက စိတ်ဖိစီးမှုကို အဓိကလှုံ့ဆော်ပေးပါတယ်။ ဒါကြောင့် လူတစ်ယောက်ဟာ လက်တွေ့ဘဝမှာ အခက်အခဲ၊ ပြဿနာကြုံတွေ့ရပြီဆိုရင် ခန္ဓာကိုယ်သွေးကြောထဲကို‌ ကော်ဒီဇုန်းဟော်မုန်း ပြန့်နှံ့သွားပြီး ဦးနှောက်အာရုံကြောဆီ ရောက်သွားကာ စိတ်ပူပန်ခြင်းတွေ၊ စိတ်ဓာတ်ကျခြင်းတွေ စတင်ဖြစ်ပေါ်လာပါတယ်။ ဒီလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်လာပြီဆိုရင် မိမိရဲ့ စိတ်အခြေအနေကို ပြန်လည်သတိထားပြီးတော့ အားကစားလှုပ်းရှားမှုတွေ၊ စိတ်ကျန်းမာရေးဆိုင်ရာအလေ့အကျင့်ကောင်းတွေကို ဂရုတစိုက် မွေးမြူ လုပ်ဆောင်သင့်ပါတယ်။ ဒါ့အပြင် အထိရောက်ဆုံးသောနည်းလမ်းတွေထဲက တစ်ခုကတော့ အစိမ်းရောင် သဘာဝပတ်ဝန်းကျင်နဲ့ ထိတွေ့ခြင်း အလေ့အကျင့်ပင်ဖြစ်ပါတယ်။ 🍀 သစ်တောရိပ်ခိုခြင်း သို့မဟုတ် သစ်တောများနဲ့ထိတွေ့ခြင်း သစ်တောတွေကြား တောရိုင်းအပင်လေးတွေ၊ သစ်ပင်တွေရဲ့ သဘာဝအလှတရားမှာ စိတ်ကို ငြိမ်သက်စွာ စီးမျောပျော်ဝင်ခြင်းဖြင့် လူတွေရဲ့ စိတ်ကို ကုစားပေးတဲ့ သဘောတရားဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ စတင်ခဲ့တဲ့ ဒီဓလေ့ကို ပြုကျင့်ခြင်းအားဖြင့် လူ့စိတ်မှာ ဖြစ်ပေါ်တတ်တဲ့ ပူပင်သောကနဲ့ စိတ်ကျခြင်းဝေဒနာကို လျော့ကျသက်သာစေနိုင်ပါတယ်။ 🍀 သစ်ပင်ပန်းမန်များစိုက်ပျိုးခြင်း မိမိရဲ့အိမ်၊ ခြံဝင်း အတွင်းမှာ အပင်တွေစိုက်ပျိုးခြင်းကလည်း စိတ်ကို ပျော်ရွှင်အေးချမ်းစေပါတယ်။ ဒီလိုအလေ့ကျင့် ပြုကျင့်ခြင်းနဲ့ လူနေရပ်ကွက်တွေမှာ ပန်းခြံထားရှိခြင်းက လူတွေရဲ့ကျန်းမာရေးတွက် နည်းအမျိုးမျိုးနဲ့ ကူညီပေးနိုင်တယ်လို့ သုတေသန လေ့လာချက်တွေမှာ ဖော်ပြထားပါတယ်။ ဆွိဒင်နိုင်ငံရဲ့လေ့လာချက်အရ စိတ်ပိုင်းဆိုင်ရာအားနည်းနေတဲ့ လူတစ်ယောက်ဟာ ပန်းခြံနဲ့အစိမ်းရောင်ပတ်ဝန်းကျင်မှာ အချိန်ကုန်ဆုံးခြင်းအားဖြင့် စိတ်ငြိမ်သက်လာပြီး စိတ်ဖိစီးမှုလည်း လျော့ကျသွားကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် အခြားသော လေ့လာတွေ့ရှိမှုတွေမှာလည်း သစ်ပင်ပန်းမာန်တွေနဲ့ ထိတွေ့၊ နေ့ထိုင်တဲ့ ၈၀% သော လူတွေဟာ စိတ်ခွန်အားတိုးလာပြီး ၉၀% ဟာ ကိုယ့်ကိုကိုယ်ယုံကြည်မှုနဲ့ စိတ်အားထက်သန်မှုတွေ မြင့်တက်လာကြောင်း ဖော်ပြထားပါတယ်။ 🍀 သဘာဝပတ်ဝန်းကျင်မှာ ကိုယ်လက်လှုပ်ရှားပြုမူခြင်း ကိုယ်လက်လှုပ်ရှားခြင်း၊ အားကစားလိုက်စားခြင်းဟာ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်စေသလို သဘာဝတရားနဲ့ထိတွေ့လှုပ်ရှားခြင်းဟာလည်း ခန္ဓာပိုင်းသာမက စိတ်ပိုင်းဆိုင်ရာကိုလည်း ကျန်းမာသန်စွမ်းစေပါတယ်။ အပြင်မှာ လမ်းလျှောက်ထွက်ခြင်း၊ ပြေးခြင်း စတာတွေက လူရဲ့ ဒေါသစိတ်နဲ့ စိတ်ပင်ပန်းမှုကို လျှော့ချပေးပြီး ဝမ်းနည်းစိတ်ကိုလည်း သက်သာစေပါတယ်။ အထူးသဖြင့် တောတောင်၊ ပန်းခြံမှာ နားကျပ်မတပ်ဘဲ လမ်းလျှောက်ထွက်ခြင်းဟာ သဘာဝရဲ့ အသံများနဲ့ ပိုမိုရင်းနှီးလာစေပြီး စိတ်ကို ပေါ့ပါးလန်းဆန်းစေပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ထိတွေ့ခြင်းဟာ လူတွေရဲ့ ကျန်းမာရေးကို များစွာထောက်အကူပေးနိုင်ပါတယ်။ ဒါကြောင့် သဘာဝနဲ့ လူသားတွေကို ပိုမိုနီးစပ်အောင် ပန်းခြံတွေ၊ သစ်ပင်ပန်းမန်တွေ ထားရှိ စိုက်ပျိုးဖို့ လိုအပ်ပေမယ့်လည်း တကယ့်လက်တွေ့မှာတော့ တိုက်တာ အဆောက်အဦးတွေသာ ပိုမိုထူထပ်များပြားလာပြီး အစိမ်းရောင် သဘာဝနယ်မြေတွေ တစ်ဖြည်းဖြည်း‌ ပျောက်ကွယ်လာပါတယ်။ ဒီလိုနဲ့ လူနေထူထပ်တဲ့ မြို့ပြတွေမှာ

photo content

Sharing is Caring Campaign Week 3 —————————————————————— 🙋🏻Hello!EHS Myanmar ရဲ့ campaign week 3 ကို ရောက်ရှိလာပြန်ပါပြီ။ Sharing is Caring Campaign လေးကို ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ မတ်လ ၂၁ ရက်နေ့မှာ ကျရောက်မယ့် “International Day of Forests” ကို ပါဝင်ဆင်နွှဲသော အနေဖြင့် ကမ္ဘာအဝှမ်း ပျက်စီးသွားတဲ့ သစ်တောနေရာတွေမှာ အစားထိုး စိုက်ပျိုးနေကြတဲ့ အဖွဲ့အစည်းတွေ၊ သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေ၊ အောင်မြင်မှုတွေကို မျှဝေပေးလိုသောကြောင့် ဖြစ်ပါတယ်ရှင့်။ 🙋🏻ဒီအပတ်မှာ မျှဝေပေးသွားမယ့် အကြောင်းအရာလေးကတော့ သင်ပစ္စည်းတစ်ခုဝယ်ယူတိုင်း သင့်အစားသစ်ပင်စိုက်ပေးမယ့် TREECLICKs ဆိုတဲ့ shopping website ပဲဖြစ်ပါတယ်။ Online shopping ခေတ်စားလာတာနဲ့အမျှ shopping websites များလည်း မရေမတွက်နိုင်အောင် များပြားလို့လာပါတယ်။ ထို့အတွက် ဘယ်websiteမှတဆင့် ရွေးချယ်ဝယ်ယူမလဲ ဆိုတာကတော့ သုံးစွဲသူမိမိကိုယ်တိုင်ရဲ့ ရွေးချယ်မှုအပေါ်မှာသာ မူတည်ပါတယ်။ ပစ္စည်းဝယ်ယူလိုက်ရုံသာမကပဲ မိမိဘေးပတ်ဝန်းကျင်အပေါ်မှာရော အကျိုးဖြစ်စေခြင်တယ်ဆိုလျှင်တော့ ယခု မျှဝေပေးတဲ့ THREECLICKs ဆိုတဲ့ website လေးကို ရွေးချယ်သင့်ပါတယ်။ ထို website မှ တဆင့် ပစ္စည်းတစ်ခုဝယ်ယူတိုင်း သင့်အစားသစ်ပင်တစ်ပင် စိုက်ပျိုးပေးမှာဖြစ်ပါတယ်။ ကုသိုလ်လည်းရ ဝမ်းလည်းဝဆိုသလိုပါပဲ ပစ္စည်းတစ်ခုဝယ်ယူတိုင်း အမိကမ္ဘာမြေကြီးစိမ်းလန်းစေမှာဖြစ်ပါတယ်။ စျေးနှုန်းအနေနှင့်ကြည့်လျှင်လည်း အခြားwebsitesများနှင့်အတူတူပင်ဖြစ်သော်လည်း မိမိအတွက်သစ်ပင်တစ်ပင်စိုက်ပေးမှာဖြစ်လို့ ပို၍ရွေးချယ်သင့်ပါတယ်။ 🙋🏻ထိုသို့ဆိုလျှင်TREECLICKs ပေါ်ပေါက်လာပုံလေးကို လည်းဝေမျှပေးခြင်ပါတယ်။ TREECLICKs websiteကို ၂၀၁၉ခုနှစ်မှာ Energy and Sustainability masterဘွဲ့ရ ကျောင်းသား Jelle Bekirovicမှ အလွန်အကျွံဝယ်ယူသုံးစွဲမှုရဲ့ ပတ်ဝန်းကျင်အပေါ်ထိခိုက်ပျက်စီးမှုများကို သိရှိလာပြီး ထိုwebsite ကို စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ထို့ကြောင့် သုံးစွဲသူများအားလုံးသာ ထိုwebsite မှတဆင့် ဝယ်ယူမည်ဆိုလျှင်တော့ အိုင်ယာလန်ကျွန်းလောက်ရှိတဲ့ အပင်များကို စိုက်ပျိုးနိုင် မှာဖြစ်ပါတယ်။ စာဖတ်သူတို့လည်း စဉ်းစားသုံးသပ်ရန် အချက်တစ်ချက်တိုးသွားလောက်မည်ဟု ယုံကြည်ပါသည်။ အနှစ်ချုပ်ပြောရလျှင် Sharing is caring ဆိုသကဲ့သို့ အထက်ပါအတိုင်း ပစ္စည်းဝယ်ယူလို့မဟုတ်ပဲ မိမိသဘောထားအတိုင်း စိုက်ပျိုးထားသည့် အပင်များရှိလျှင် comment မှာ မျှဝေပေးဖို့တောင်းဆိုခြင်ပါတယ်။ တစ်ဦးတစ်ယောက်မှသည် အသိုင်းအဝန်းတစ်ခုလုံးအထိ အတုယူ လိုက်ပါလုပ်ဆောင်ပါက စိမ်းလန်းသောကမ္ဘာမြေကြီး ရေရှည်တည်တံ့နေမည်မှာ မလွဲနိုင်သော အမှန်တရားပင် ဖြစ်ပါတော့သည်။ #EHSMM #ForestDay #IntlForestDay #GenerationRestoration #Campaign #TREECLICKs #ShoppingWebsite

🌦️🌍 Happy World Meteorological Day from EHS Myanmar! 🎉 Today, we honor the invaluable contributions of meteorology in unde
🌦️🌍 Happy World Meteorological Day from EHS Myanmar! 🎉 Today, we honor the invaluable contributions of meteorology in understanding our planet's weather and climate. Join us in promoting awareness about weather-related hazards, climate change mitigation, and sustainable practices. Together, let's forecast a brighter future for our planet! #WorldMeteorologicalDay #EHSMyanmar 🌈🌍

photo content

သဘာဝတရားနှင့် အစိမ်းရောင်ပတ်ဝန်းကျင်မှ ပေးစွမ်းသော ကောင်းကျိုးများ ----------------------------------------------- EHS Myanmar | 22.3.2024 သဘာဝပတ်ဝန်းကျင်က လူသားတွေရဲ့ ကျန်းမာရေးအပေါ် ထိရောက်စွာ ကောင်းကျိုးပြုနိုင်ကြောင်း သုတေသနလေ့လာချက်တွေမှာ ထင်ရှားစွာ ထောက်ပြခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယိ့လည်း ခေတ်ရဲ့ ဖွံ့ဖြိုးလာမှုတွေနဲ့အတူ တိုးချဲ့ကျယ်ပြန့်လာတဲ့ မြို့ပြတွေမှာ သဘာဝပတ်ဝန်းကျင်နဲ့ အစိမ်းရောင်မြေပြင်‌တွေ တဖြည်းဖြည်း လျော့နည်းလာပြီဖြစ်ပါတယ်။ ဒါကြောင့် လူသားတွေရဲ့ တစ်နေ့တာမှာလည်း သဘာဝတရားနဲ့ ထိတွေမှုတွေ နည်းပါးလာပြီး ကျန်းမာရေးဆိုင်ရာ အားနည်းချက်တွေ ရှိလာတယ်ဆိုတဲ့အချက်ကိုပါ သုတေသီတွေရဲ့ ဖော်ထုတ်ချက်တွေအရ သိရှိရပါတယ်။ ဒီလို အကြောင်းအရာတွေကို လူ့ပတ်ဝန်းကျင်မှာ ပိုမိုသတိထားမိလာအောင်၊ ပိုမိုသိရှိနားလည်လာအောင်နဲ့ စိမ်းလန်းတဲ့ ပတ်ဝန်းကျင်ကို မြို့ပြတွေမှာ ပိုမိုဖန်တီးလာအောင် အသိပညာပေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ အလွန်အရေးကြီးပါတယ်။ ဒါကြောင့် အစိမ်းရောင်သဘာဝတရားရဲ့ လူသားတွေအပေါ် အကျိုးပြုချက်အချို့ကို မျှဝေလိုက်ပါတယ်။ 🍃 စိတ်ပိုင်းဆိုင်ရာဖိစီးမှုများ လျော့ကျစေခြင်း အစိမ်းရောင်သဘာဝပတ်ဝန်းကျင်ရဲ့ တိတ်ဆိတ် ငြိမ်သက်ခြင်းနဲ့အတူ လန်းဆန်းတဲ့ လေ၊ ရေ၊ မြေ အနေအထားတွေဟာ လူတွေရဲ့ စိတ်အခြေနေကို ပိုမို တည်ငြိမ်လာစေပြီး စိတ်ဖိစီးမှုကိုပါ လျှော့ချပေးပါတယ်။ ဥပမာ - စိမ်းလန်းစိုပြေတဲ့ ပတ်ဝန်းကျင်မှာ တရားထိုင်ခြင်းအားဖြင့် ဦးနှောက်အတွင်းထဲမှာရှိတဲ့ ကော်တီဇုန်းဆဲလ်နဲ့ စိတ်ဖိစီးမှုဖြစ်စေတဲ့ဟော်မုန်းတွေကို လျှော့ချပြီး စိတ်ငြိမ်သက်အောင် ကူညီပေးပါတယ်။ 🍃 စိတ်ပိုင်းဆိုင်ရာအခြေအနေကို တိုးတက် ပျော်ရွှင်စေခြင်း အစိမ်းရောင် သဘာဝတရားနဲ့ ထိတွေ့ခြင်းဖြင့် ဦးနှောက်ဆဲလ်အမျိုးအစားတွေဖြစ်တဲ့ စီရိုတိုမင်နဲ့ ဒိုဖာမင်ဆဲလ် ဆိုတဲ့ဟော်မုန်းတွေ တိုးမြင့်လာနိုင်ပြီး သူတို့တွေဟာ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုနဲ့ စိတ်အခြေအနေကောင်းမွန်းခြင်းကို တိုးမြင့်စေပါတယ်။ 🍃 ခန္ဓာပိုင်းဆိုင်ရာ လှုပ်ရှားမှု လူ့အဖွဲ့အစည်းနဲ့ အစိမ်းရောင်ပတ်ဝန်းကျင်တို့ရဲ့ အဓိကချိတ်ဆက်မှုဖြစ်တဲ့ စိတ်နဲ့ခန္ဓာ ကျန်းမားရေဆိုင်ရာလေ့ကျင့်ခန်းတွေကလည်း လူမှုပတ်ဝန်းကျင်ကို အကောင်းဆုံးကူညီပံ့ပိုးပေးနိုင်ပါတယ်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သုတေသီအဖွဲ့တွေရဲ့ ဖော်ပြချက်အရ ဘယ်ကျန်းမာရေးလေ့ကျင့်ခန်းတွေကိုမဆို အစိမ်းရောင်ရေမြေမှာ ပုံမှန်ပြုလုပ်ခြင်းအားဖြင့် အကောင်းဆုံးသော စိတ်နဲ့ခန္ဓာ ကျန်းမာခြင်း ဆုလာဘ်ကို ရရှိပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ရော စိတ်ပါ ကျန်းမာ၊ ပျော်ရွှင်ဖို့ဆိုတာ အစိမ်းရောင်သဘာဝတရားနဲ့ ပုံမှန်ထိတွေ့ခြင်းအားဖြင့် အကျိုးရလဒ်ကောင်းတွေ ရရှိနိုင်ကြောင်း ဖော်ပြလိုက်ပါတယ်။ ကိုးကား - khironclinics.com ရေးသားသူ - ဖိုးကျား (EHS Myanmar) --------------------------------------------------------------------------- Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #naturetherapy #mentalhealth #benefitsofnature