uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку

EHS Myanmar

EHS Myanmar

Відкрити в Telegram

This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.

Показати більше
868
Підписники
-124 години
+27 днів
+230 днів
Архів дописів
Collaboration with YSSW for International Day of Disaster Risk Reduction —------------------------------------- EHS Myanmar -
Collaboration with YSSW for International Day of Disaster Risk Reduction —------------------------------------- EHS Myanmar - 30/09/2024 ကျွန်တော်တို့ EHS Myanmar နှင့် YSSW (Yangon School of Social Work) တို့သည် အောက်တိုဘာလ ၁၃ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာဘေးအန္တရာယ်လျော့ချရေးနေ့အတွက် ပူးပေါင်းမှုတစ်ခု လက်တွဲထားပါသည်။ ယခုလက်ရှိမြန်မာနိုင်ငံတွင် ကြုံတွေ့နေရသော ဘေးအန္တရာယ်များနှင့် ပတ်သတ်၍လည်းကောင်း ထိခိုက်ခံစားရသူများကို အသိပညာ၊ စိတ်ခွန်အားပေးလို၍လည်းကောင်း ရည်ရွယ်၍ EHS Myanmar နှင့် YSSW တို့ ပူးပေါင်း၍ အစီအစဉ်တစ်ခု ကျင်းပပြုလုပ်သွားဖို့ရှိရာ မကြာမီအတွင်း ထပ်မံကြေညာပေးသွားမည် ဖြစ်ပါသည်။ ယခုပူးပေါင်းမှုတဆင့် မြန်မာနိုင်ငံ၏ ဘေးအန္တရာယ်လျော့ချရေးကဏ္ဍတွင် တစ်ထောင့်တစ်နေရာမှ အထောက်အကူပြုလိမ့်မည်ဟုလည်း ကျွန်တော်တို့ EHS Myanmar မှ မျှော်မှန်းထားပါသည်။ #Collaboration #EHSMM #YSSW #IDDRR

photo content

အိမ်တွင်းလေထုညစ်ညမ်းမှုအကြောင်း သိကောင်းစရာ ----------------------------------------------- EHS Myanmar | 29.9.2024 လေထုညစ်ညမ်းမှုလို့ပြောလိုက်ရင် တော်တော်များများက ကားတွေ၊ စက်ရုံတွေကထွက်တဲ့ မီးခိုးတွေနဲ့ ထူပိတ်နေတဲ့ ကောင်းကင်ကြီး တစ်ခုလို့ ပုံဖော်မိကြမှာပါ။ တကယ်တမ်းမှာတော့ လေထုညစ်ညမ်းမှုဆိုတာ အဆောက်အဦးတွေရဲ့ ပြင်ပ လေထုထဲမှာပဲ ဖြစ်တာမဟုတ်ပါဘူး။ အိမ်တွင်း၊ အဆောက်အဦးအတွင်းတွေထဲမှာလဲ ဖြစ်ကြပါတယ်။ တော်တော်များများ သတိမမူမိကြတဲ့ ကိစ္စ ဖြစ်တယ်ဆိုပေမယ့် အိမ်တွင်း လေထုညစ်ညမ်းမှုက ပေါ့သေးသေးအရာတော့ မဟုတ်ပါဘူး။ ဒါဆို အိမ်တွင်းလေထုညစ်ညမ်းမှုက - ဘယ်လိုကြောင့်ဖြစ်ရတာလဲ? - အကျိုးဆက် သက်ရောက်မှုတွေ ဘယ်လိုရှိနိုင်လဲ? - ဘယ်လိုကာကွယ်ရမလဲ? ဆိုတဲ့အကြောင်းအရာတွေကို ဒီနေ့မှာ မျှဝေပြောပြပေးသွားပါမယ်။ အိမ်တွင်းလေထုညစ်ညမ်းမှုကို ဖြစ်စေတဲ့ အဓိကအကြောင်းအရာတွေကတော့ - အိမ်တွင်း ထမင်း၊ ဟင်းချက်တဲ့အခါ ထင်းနဲ့ မီးသွေးတွေကို အသုံးပြုရာကနေ လောင်ကျွမ်းခြင်းကြောင့် ထွက်လာတဲ့ မီးခိုးငွေ့၊ ဆေးလိပ်သောက်ခြင်းကြောင့် ထွက်လာတဲ့ အငွေ့နဲ့ ခြင်ဆေးခွေထွန်းရာက ထွက်လာတဲ့ ငွေ့တွေ၊ - အဆောက်အဦးဆောက်လုပ်တဲ့အခါမှာ အသုံးပြုတဲ့ ပစ္စည်းတွေကနေ ထွက်တဲ့ လေထုညစ်ညမ်းစေတဲ့ အရာတွေ၊ - ပြင်ပက ညစ်ညမ်းတဲ့ လေထုက ပြတင်းပေါက်တွေ၊ တံခါးတွေကနေတဆင့် အိမ်အတွင်းထဲကို ၀င်ရောက်လာတာတွေ - စိုစွတ်တဲ့နေရာတွေမှာ ဖြစ်တဲ့ မှိုစွဲတာ နဲ့ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ ဖုန်မှုန့်တွေ အစရှိတဲ့ အရာတွေက အိမ်တွင်းလေထုညစ်ညမ်းမှုကိုဖြစ်စေပါတယ်။ အိမ်တွင်းလေထုညစ်ညမ်းခြင်းရဲ့ အကျိုးဆက်တွေအနေနဲ့ကတော့ ရည်ရှည်သက်ရောက်မှုနဲ့ ရည်တိုသက်ရောက်မှုဆိုပြီး နှစ်မျိုးခွဲလို့ရပါတယ်။ ရည်တိုအနေနဲ့ကတော့ မျက်လုံး၊ နှာခေါင်း၊ လည်ချောင်း ယားယံ၊ ကျိန်းဆက်တာတွေ၊ ခေါင်းကိုက်၊ ခေါင်းမူး အစရှိတဲ့ မပြင်းထန်တဲ့ လက္ခဏာတွေကြုံရတတ်ပါတယ်။ ‌ရည်ရှည်အနေနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ၊ နှလုံးနဲ့ဆိုင်တဲ့ ရောဂါ၊ ပန်းနာရင်ကျပ် အပြင်ကိုမှ အပြင်းထန်ဆုံးဖြစ်တဲ့ အဆုတ်ကင်ဆာရောဂါ အဆင့်ထိကိုတောင် ဖြစ်စေနိုင်ပါတယ်။ ဒီလို ဆိုးကျိုးတွေကို အဓိကခံစားရတဲ့ လူတွေကတော့ အိမ်မှာ အနေများကြတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်လေးတွေပဲ ဖြစ်တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။ ဒါဆို အိမ်တွင်းလေထုညစ်ညမ်းမှုကို တစ်ပိုင်တစ်နိုင် ဘယ်လို နည်းလမ်းတွေနဲ့ ကာကွယ်နိုင်မလဲ? အရင်ဆုံး အိမ်ကို လေ၀င်လေထွက်ကောင်းအောင်ထားဖို့ လိုအပ်ပါတယ်။ အခန်းကို အလုံပိတ်အမြဲမထားဘဲ ပြတင်းပေါက်ဖွင့်ထားပေးတာ၊ မီးဖိုချောင်တွေထဲမှာ မီးခိုးငွေ့တွေပိတ်မနေစေဘဲ ပန်ကာသုံးပြီး လေ၀င်လေထွက်ကောင်းအောင် လုပ်ပေးတာက ထိရောက်လွယ်ကူတဲ့ နည်းလမ်းပါ။ နောက်ထပ်အနေနဲ့ အိမ်ကို အမြဲ သန့်ရှင်းရေးလုပ်ပေးဖို့လည်း လိုအပ်ပါတယ်။ အိမ်ထဲမှာ ဆေးလိပ်သောက်တာနဲ့ ခြင်ဆေးခွေထွန်းတာတွေကို အတတ်နိုင်ဆုံး ရှောင်ကျဥ်ပေးသင့်ပါတယ်။ နောက်ဆုံးအနေနဲ့ အိမ်တွင်းစိုက်ပျိုးလို့ရတဲ့ အပင်လေးတွေကို စိုက်ပျိုးပေးတာကလည်း အိမ်တွင်းအောင်ဆီဂျင်ရရှိမှုနဲ့ ကာဗွန်ဒိုင်အောက်ဆိုက်လျှော့ချမှုမှာ အထိုက်အလျောက်ထိ အကူအညီပေးနိုင်ပါသေးတယ်။ နိဂုန်းချုပ်အနေနဲ့ပြောရမယ်ဆိုရင် အိမ်တွင်းလေထုညစ်ညမ်းမှုဆိုတာ “လယ်ကွင်းထဲ ဆင်ပြေးနေသလို” မသိသာပေမယ့် သူ့ရဲ့ နောက်ဆက်တွဲ ရည်ရှည်ဆိုးကျိုးတွေက တော်တော်လေးကိုမှ အန္တရာယ်များတဲ့အရာပါ။ အခုပြောပြပေးလိုက်တဲ့ ဘာကြောင့်ဖြစ်တယ်၊ ဘယ်လိုဆိုးကျိုးရှိတယ် ဆိုတာကို သိခြင်းအားဖြင့် ဘာကြောင့်ကာကွယ်သင့်သလဲ၊ ဘာကြောင့် ဂရုစိုက်သင့်သလဲဆိုတာတွေကိုပါ တဆက်ထဲ နားလည်၊ သဘောပေါက်သွားလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကိုယ်နဲ့ ကိုယ်ချစ်ရတဲ့ မိသားစုအတွက် အိမ်တွင်းလေထုညစ်ညမ်းမှုကို အတတ်နိုင်ဆုံး ကာကွယ်လိုက်ပါ။ ရေးသားသူ - Asta (EHS Myanmar) ကိုးကား - niehs.nih.gov , epa.gov --------------------------------------------------------------------------- Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #AirPollution #CleanAirNow #CleanAirforBlueSkies #IndoorAirPollution

photo content

အခုလာမယ့် စက်တင်ဘာ၂၉ရက်နေ့မှာ ပြုလုပ်မည့် Gender Equality and Social Inclusion Webinar မှာ ဖိတ်ကြားထားတဲ့ Speaker က ဘယ်သူဖြစ်မလဲ??🤔 ——————————————————————- Guest Speaker အဖြစ် ဖိတ်ကြားထားတဲ့ ဆရာကတော့ ကျား၊မရေးရာနှင့် လူမှုပါဝင်ခြင်း Advisor အနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုတွင် လက်ရှိလုပ်ကိုင်နေသော ဆရာ စိုးစိုးလင်း ဖြစ်ပါတယ်။ Transgender တစ်ယောက်ဖြစ်သည့် ဆရာစိုးစိုးလင်းသည် အရည်အသွေးပြ သုတေသန လုပ်ငန်းစဉ်များကို ၇နှစ်ကျော်လုပ်ကိုင်ခဲ့ပြီး ကျား၊မရေးရာ ဘာသာရပ်ကို ၁၀နှစ်ကျော် သင်ကြားပေးခဲ့သည့် အတွေ့အကြုံရှိ ဝါရင့်ဆရာတစ်ယောက်လည်းဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတော်အဆင့် ကျား၊မရေးရာဆိုင်ရာ အကြံပေးအဖြစ် သင်ရိုးညွှန်းတမ်းရေးဆွဲခြင်း ဆိုင်ရာများတွင်လုပ်ကိုင်ခဲ့ရုံသာမကပဲ အမျိုးသမီးအခွင့်အရေး နှင့် ပက်သက်သော campaign များကိုလည်း ကိုယ်တိုင်ဦးဆောင်လုပ်ခဲ့ပါသည်။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု လျော့ချရေး အသိပညာပေးပြဇာတ်များတွင် နိုင်ငံတကာ အကြံပေးများနှင့်အတူ အတူတကွစီစဉ်ကာ ပါဝင်သရုပ်မှုများလည်းလုပ်ခဲ့ပါသည်။ အသက်မွေးမှု ဆိုင်ရာလုပ်ငန်းများတွင် ကျား၊မ ခွဲခြားမှုဆိုင်ရာများ နည်းပါးအောင်၊ လျော့ကျအောင် အသိပညာပေးများလည်း လုပ်ကိုင်ခဲ့ပါသည်။ ကျား၊မ ရေးရာဆိုင်ရာ အသိပညာပေးဟောပြောပွဲများ၊ ပို့ချခြင်းများလည်းဆောင်ရွက်ခဲ့ပါသည်။ ဆရာ့ရဲ့ ပညာရေးနောက်ခံကတော့ - Bachelor of Degree of Accounting ( B-Act), Yangon Institute of Economics Master of Human Rights and Democratization ( Mahidol University, Thailand) Certificate of Federalism Trainer ( Forum of Federalism) Certificate of Non-violence communication ( NVC) Certificate of Conflict transformation and Peace Building (Thailand) Certificate of Transparency ( American Center) Certificate of Effective communication ( Thailand) Women’s rights and journalism ethics course (Denmark) ဒါကြောင့် Gender Equality and Social Inclusion Webinar ကို အတွေ့အကြုံရှိဆရာမှ ပြောပြပေးသွား မှာဖြစ်လို့ အောက်ပါlink မှတဆင့် စာရင်းပေးလို့ရပါတယ်။ https://docs.google.com/forms/d/e/1FAIpQLScx2xDyfB09t_eJqDlxAf0yU3bwhh293HypBN6b_K4d1te-fA/viewform?usp=sf_link Date- 29th September, 2024 Time- 10:00 AM to 12:00 PM (Yangon) Day- Sunday Via Zoom #EHSMyanmar #GenderEquality #MonthlyWebinar

photo content

𝗠𝗲𝗱𝗶𝗮 𝗣𝗮𝗿𝘁𝗻𝗲𝗿𝘀𝗵𝗶𝗽 𝗔𝗻𝗻𝗼𝘂𝗻𝗰𝗲𝗺𝗲𝗻𝘁 🤝🏠 𝐄𝐇𝐒 𝐌𝐲𝐚𝐧𝐦𝐚𝐫 X 𝐍𝐨 𝐇𝐮𝐧𝐠𝐞𝐫 𝐙𝐨𝐧𝐞 မြန်မာနိုင်ငံတစ်ဝှမ်း ရေကြီးလွှမ်းမိုးမှုကို ခံစားကျော်ဖြတ်နေရတဲ့ မိဘပြည်သူတွေအတွက် ရည်ရွယ်ပြီး 𝐍𝐨 𝐇𝐮𝐧𝐠𝐞𝐫 𝐙𝐨𝐧𝐞 ကနေ စီစဉ်ထားတဲ့ “𝐒𝐤𝐢𝐩 𝐀 𝐒𝐧𝐚𝐜𝐤” ဆိုတဲ့ Campaign လေးမှာ EHS Myanmar ကလည်း media partnership အနေနဲ့တစ်စိတ်တစ်ပိုင်း ပါဝင်အားစိုက်ကူညီပေးထားပါတယ်‌။ ✨💛 “𝐒𝐤𝐢𝐩 𝐀 𝐒𝐧𝐚𝐜𝐤” Main Post ကို ဒီမှာဖတ်ရှုလေ့လာနိုင်ပါတယ်။ https://www.facebook.com/share/p/4mNAsXv9UepryJKt/?mibextid=qi2Omg ♥️ No Hunger Zone ဟာဆိုရင် SGD goals No.2 ကိုအဓိကထားကာ နေရာ‌ဒေသအသီးသီးမှာဆာလောင်ငတ်မွတ်မှုတွေမရှိအောင်ရည်ရွယ်ပြီးကြိုးစားစွမ်းဆောင်နေတဲ့ non-profit organization တစ်ခုဖြစ်ပါတယ်။ စတင်တည်ထောင်ခဲ့စဉ်ကစလို့ ယခုအချိန်ထိမြေပြင် donation program တွေ၊ fundraising project တွေ၊ event တွေ၊ personal development နဲ့သက်ဆိုင်တဲ့ webinar တွေ စသဖြင့်လူထုအပေါ်အကျိုးရှိစေမဲ့အရာမှန်သမျှကိုတက်တက်ကြွကြွ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါတယ်။ ♥️ အခုလက်ရှိမှာလည်း ရေဘေးသင့် မြန်မာပြည်သားတွေအတွက် လိုအပ်တဲ့နေရာမှာ ထိထိရောက်ရောက်လှူဒါန်းနိုင်ဖို့အတွက် “𝐒𝐤𝐢𝐩 𝐀 𝐒𝐧𝐚𝐜𝐤” Campaign ကို No Hunger Zone ကနေ စတင်နေပါပြီ။ “𝐒𝐤𝐢𝐩 𝐀 𝐒𝐧𝐚𝐜𝐤” ဆိုတာက ရေဘေးသင့်မိဘပြည်သူတွေ ဗိုက်ဝစေဖို့၊ နွေးထွေးစေဖို့၊ လုံခြုံစေဖို့ ရည်ရွယ်ပြီး စာဖတ်သူတို့ ပုံမှန် စားနေကြ မုန့်ပဲသရေစာတွေဝယ်ရာမှာ သုံးတဲ့ ငွေပမာဏအချို့ကို လှူဒါန်းကူညီပေးဖို့ နှိုးဆော်တိုက်တွန်းပေးနေတဲ့ ကုသိုလ်ရစေမယ့် Campaign ကြီးတစ်ခုဖြစ်ပါတယ်။ ♥️ဒီ Campaign လေးကတော့ စက်တင်ဘာ (၁၉) က‌တည်းက စတင်နေတာဖြစ်ပြီး စက်တင်ဘာ (၂၅) ရက်‌နေ့မှာ လှူဒါန်းရရှိထားတဲ့ ငွေတွေကို Donation Report လေးလုပ်သွားမှာဖြစ်ပါတယ်။ ဒီ Campaign မှာပါဝင်ဆိုရင် မြန်မာငွေကျပ် “၁၅၀၀” ကနေ စတင်လှူဒါန်းပါဝင်လို့ရပြီး စာဖတ်သူ‌တို့ စေတနာ၊ သဒ္ဓါရှိသလောက် ထည့်သွင်းပါဝင်လို့ရမှာ ဖြစ်ပါတယ်။ ♥️ဒီ 𝐒𝐤𝐢𝐩 𝐀 𝐒𝐧𝐚𝐜𝐤 မှာ ပါဝင်ရင်း ရေဘေးသင့်ပြည်သူတွေကို လက်ကမ်းကူညီနိုင်မှာဖြစ်လို့ အခုပဲ ပါဝင်လိုက်ကြစို့လား။ ✌️✊ #MediaPartnarship #SkipASnack #NoHungerZone #EHSMyanmar

photo content

Gender Equality and Social Inclusion Webinar အား ၂၉ ရက်နေ့သို့ ပြောင်းရွှေ့ကြောင်းအသိပေးခြင်း ————————————————————— EHS Myanmar မှ ကျင်းပရန်စီစဉ်ထားသော Gender Equality and Social Inclusion Webinar ကို အကြောင်းအမျိုးမျိုးကြောင့် ယခင်သတ်မှတ်ထားသော စက်တင်ဘာလ၂၂ရက်နေ့တွင်မပြုလုပ်ဖြစ်တော့ ကြောင်း ညှိုးငယ်စွာဖြင့်အသိပေးအပ်ပါသည်။ ထို့ကြောင့် ယခင်သတ်မှတ်ထားသောနေ့အစား စက်တင်ဘာလ ၂၉ ရက်နေ့တွင် ပြောင်းရွှေ့ကျင်းပ ပြုလုပ်သွားပါမည်။ 🙇‍♀️🙇‍♀️ စာရင်းမပေးသွင်းရသူများ အနေဖြင့်လည်း အောက်ပါလင့်မှတစ်ဆင့် ဝင်ရောက်စာရင်းပေးသွင်းနိုင်ပါတယ်>>>> https://docs.google.com/forms/d/e/1FAIpQLScx2xDyfB09t_eJqDlxAf0yU3bwhh293HypBN6b_K4d1te-fA/viewform?usp=sf_link အကြောင်းအမျိုးမျိုးကြောင့် webinar ကျင်းပပြုလုပ်မည့်ရက် ပြောင်းရွှေ့ လိုက်ရသည့် အဆင်မပြေမှုများအတွက် တောင်းပန်အပ်ပါသည်။ EHS Myanmar မှလစဉ်ကျင်းပပြုလုပ်ပေးနေသည့် webinar များတွင် စိတ်ပါဝင်စားသဖြင့် registerပြုလုပ်ပြီးတက်ရောက်ပေး သူများအားလုံးကိုလည်း ကျေးဇူးတင်ရှိပါသည်။ ယခုကဲ့သို့ ရက်ပြောင်းရွှေ့မှုကို နားလည်ပေးကြမည်ဟု လည်းမျှော်လင့်ရင်း စက်တင်ဘာလ ၂၉ရက်နေ့တွင် ပြန်လည်ဆုံတွေ့ကြပါမည်။ See you soon all!!!!! #EHSMyanmar #WebinarCancellation

photo content

#EHSMyanmar #AirPollution #CleanAirNow #CleanAirforBlueSkies #breathebetter

နေ့စဥ်ဘဝမှာ ဂရုစိုက်ပါ ... To Breathe Better, Live Better ----------------------------------------------- EHS Myanmar | 18.9.2024 လေထုညစ်ညမ်းမှုဟာ ပတ်ဝန်းကျင်ကိုသာမက လူ့ကျန်းမာရေးကိုပါ လွန်စွာဆိုးရွားစေတဲ့ ပြဿနာတစ်ရပ်ဖြစ်ပါတယ်။ ကမ္ဘ့ာကျန်းမာရေးအဖွဲ့အစည်း (WHO) ရဲ့ ခန်းမှန်းချက်အရ လေထုညစ်ညမ်းမှုကြောင့် နှစ်စဥ် လူ (၇)သန်းခန့် သေဆုံးနေကြရပါတယ်။ ဒါ့အပြင် WHO ရဲ့ ၂၀၁၉ ခုနှစ် အစီရင်ခံစာအရဆိုရင် ၉၉ ရာခိုင်နှုန်းသောလူတွေက လေထုအရည်အသွေးစံနှုန်းမမှီတဲ့နေရာမှာ နေထိုင်နေကြပါတယ်။ ဒါဆိုရင် လေထုညစ်ညမ်းမှု လျော့ကျအောင်၊ ရှူရှိက်နေရတဲ့ လေထုအရည်အသွေး ကောင်းမွန်အောင် တစ်ဦးတစ်ယောက်ချင်းစီအနေနဲ့ ဘာတွေဆောင်ရွက်လို့ရမလဲ။ နံပါတ် (၁) မီးခိုးမထွက်တဲ့နည်းလမ်းတွေနဲ့ သွားရေးလာရေးဆောင်ရွက်ကြမယ်။ နီးနီးနားနားလေးပဲ သွားရုံလောက်ဆိုရင် ဆိုင်ကယ်တွေ ကားတွေနဲ့သွားမယ့်အစား လမ်းလျှောက်သွားဖို့ကို အကြံပေးပါရစေ။ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေသလို ကျန်းမာရေးအတွက်လည်း ကောင်းတာ‌ပေါ့။ လမ်းလျှောက်သွားဖို့ နည်းနည်းလှမ်းတဲ့ နေရာလောက်ဆိုရင်တော့ စက်ဘီးစီးကြရအောင်။ ဒီလိုမှမဟုတ် မိမိက အချိန်နဲ့ ငွေကြေးကိုလည်းချွေတာချင်တယ်၊ ပတ်ဝန်းကျင်ကိုလည်း အကျိုးသက်ရောက်မှုနည်းစေချင်တယ်ဆိုရင်တော့ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးကို အသုံးပြုပါနော်။ နောက်ဆုံး ကိုယ်ပိုင်ကားနဲ့မှ သွားချင်တယ်ဆိုရင်တော့ ဓာတ်ဆီ၊ ဒီဇယ်သုံး မော်တော်ယာဥ်တွေအစား လျှပ်စစ်ကားတွေကိုပဲ ရွေးချယ်ဝယ်ယူဖို့ အကြံပြုပါတယ်။ နံပါတ် (၂) မြေဆွေးပြုလုပ်ကြမယ်။ သစ်ရွက်‌တွေကြွေတဲ့ ရာသီမှာ သစ်ရွက်တွေကို မီးရှို့ ပြီး လေထုကို ညစ်ညမ်းအောင် မလုပ်ပါနဲ့နော်။ အဲ့ဒီအစား ကြွေကျလာတဲ့ ရွက်ကြွေတွေကို သေချာစုပြီး မြေဆွေးပြုလုပ်လိုက်ပါ။ ဒါ့အပြင် စားကြွင်းစားကျန်တွေလို အော်ဂဲနစ်အမှိုက်တွေကထွက်တဲ့ မီသိန်းဓာတ်ငွေ့ဟာလည်း လေထုအရည်အသွေးကို အကျိုးသက်ရောက်နိုင်ပါတယ်။ ဒါကြောင့် ဆွေးမြေ့လွယ်တဲ့ အော်ဂဲနစ်အမှိုက်တွေကို မဆွေးမြေ့နိုင်တဲ့ အမှိုက်တွေနဲ့ ရောပစ်မယ့်အစား သပ်သပ်ခွဲပြီး မြေဆွေးပြုလုပ်ရင်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကြရအောင်နော်။ နံပါတ် (၃) စွမ်းအင်ချွေတာမယ်။ သင်အသုံးပြုလိုက်တဲ့ လျှပ်စစ်မီးပမာဏနဲ့ လေထုညစ်ညမ်းမှုဟာ ဆက်စပ်မှုရှိနေတယ်ဆိုတာ သိပါသလား။ အပေါ်ယံလေးကြည့်မယ်ဆိုရင် မသက်ဆိုင်တဲ့အကြောင်းအရာ ၂ ခုလို့ ထင်ရပေမယ့် သေချာစဥ်းစားကြည့်ရအောင်။ ရုပ်ကြွင်းလောင်စာတွေကို လောင်ကျွမ်းစေပြီးမှ ဖြန့်ဝေရရှိတဲ့ လျှပ်စစ်စွမ်းအင်တွေကို သုံးစွဲမှုပမာဏများလာတာနဲ့အမျှ လောင်စာလောင်ကျွမ်းမှု ပမာဏလည်းတိုးလာရင်း လေထုညစ်ညမ်းမှုကို ပိုမိုဆိုးရွားလာစေမှာပါ။ ဒါကြောင့် လျှပ်စစ်စွမ်းအင်တွေကို ချွေတာသုံးစွဲရင်း လေထုညစ်ညမ်းမှုကို လျှော့ချလိုက်ပါနော်။ နံပါတ် (၄) သစ်ပင်များများစိုက်မယ်။ သစ်ပင်တွေဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပြီး အောက်ဆီဂျင်ကို ထုတ်လွှတ်ပေးတယ်ဆိုတာ သိပြီးကြမှာပါ။ ဒါ့အပြင် သစ်ပင်လေးတွေက လေထုထဲက အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတ်ငွေ့တွေကို ဖယ်ရှားပေးပြီး လေထုအရည်အသွေးကို မြှင့်တင်ပေးပါတယ်။ အပူချိန်ကိုပါ လျှော့ချပေးတဲ့ သစ်ပင်တွေက လူကို အေးမြပြီး စိတ်ကိုပါ လန်းဆန်းစေမှာပါ။ ဒါကြောင့် သစ်ပင်လေးတွေကို သေချာပြုစုပျိုးထောင်ပြီး စိုက်ပျိုးတာက ရှူရှိုက်နေတဲ့ လေထုအရည်အသွေးကို မြှင့်တင်လိုက်တာနဲ့ အတူတူပါပဲ။ နံပါတ် (၅) ဒေသထွက်ပစ္စည်းတွေကို ပိုမိုဝယ်ယူအားပေးမယ်။ မိမိဒေသကထွက်တဲ့ ပစ္စည်းတွေကို ရွေးချယ်ဝယ်ယူခြင်းကလည်း လေထုညစ်ညမ်းမှုကို လျှော့ချပေးတာနဲ့ ချိတ်ဆက်မှုရှိတယ်ဆိုတာ သတိထားမိပါသလား။ မြင်သာအောင် ပြရမယ်ဆိုရင် မိမိဒေသမှာထွက်တဲ့ ကုန်ပစ္စည်းကို သယ်ယူပို့ဆောင်တဲ့အခါမှာ အချိန်အားဖြင့်လည်း တိုသလို သယ်ယူပို့ဆောင်တဲ့ ယာဥ်မှထွက်ရှိတဲ့ ဓာတ်ငွေ့တွေကလည်း အကွာအဝေးတိုတာကြောင့် ပမာဏအနည်းငယ်သာ ထွက်ရှိမှာဖြစ်ပါတယ်။ ဒီလိုမှမဟုတ် ပြည်ပနိုင်ငံတွေက ကုန်ပစ္စည်းတစ်ခုဆိုရင်တော့ လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေတဲ့ ဓာတ်ငွေ့ထုတ်လွှတ်မှုများတဲ့ လေယာဥ် သို့မဟုတ် သင်္ဘောတွေကို အသုံးပြုကြရမှာပါ။ ဒါ့အပြင် ခရီးအကွာအဝေးကလည်း ရှည်လျားတာကြောင့် သယ်ယူပို့ဆောင်ရေး လမ်းတစ်လျှောက် ထွက်ရှိတဲ့ ဓာတ်ငွေ့ပမာဏက များပြားနေမှာ အသေအချာပါပဲ။ ဒါ့‌ကြောင့် ကုန်ပစ္စည်းတွေကို ရွေးချယ်ဝယ်ယူတဲ့အခါမှာ ဒေသထွက် ပစ္စည်းတွေကိုသာ ဦးစားပေးဝယ်ယူပါ။ Butterfly effect လို့ခေါ်ကြတဲ့ သေးငယ်တဲ့နေစဥ်လုပ်ဆောင်ချက်လေးတွေကနေ ကြီးမားတဲ့ လေထုညစ်ညမ်းမှုကို လျှော့ချပေးနိုင်တဲ့ သက်ရောက်မှုကိုရရှိအောင် ကျွန်တော်တို့ တစ်ဦးချင်းစီကနေ အပေါ် က အချက်လေးတွေကို နေ့စဥ်ဘဝမှာ ဂရုစိုက်သွားကြရအောင်နော်။ ရေးသားသူ - ပိုးစုန်းကြူး (EHS Myanmar) ကိုးကား - WHO, World Bank, Airly Organisation, Missouri Department of Natural Resources, Minnesota Pollution Control Agency --------------------------------------------------------------------------- Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/

photo content

EHS Myanmar မှ စီစဉ်ကျင်းပခဲ့တဲ့ "Sustainability 101" Virtual Bootcamp ကို အကြောင်းအမျိုးမျိုးကြောင့် မတက်ရောက်နိုင်ခဲ့တဲ့သူတွေအတွက် သင်ခန်းစာများကို EHS Myanmar ရဲ့ YouTube Channel မှာ တင်ဆက်ပေးထားပြီးဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။ 📎 - https://youtube.com/playlist?list=PLtArA7prJFlmXkTmR_hnn9l7pHQ6nl9gV&si=NJj5tq_jYqFNHLyU "Sustainability 101" Virtual Bootcamp ကို ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day 2024) ကိုဂုဏ်ပြုသောအားဖြင့် EHS Myanmar မှစီစဉ်ကျင်းပခဲ့တာဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူပေါင်း (၂၂) ယောက်ကို သင်တန်းဆင်းလက်မှတ်များထုတ်ပေးနိုင်ခဲ့ပါတယ်။ သင်တန်းဆရာများအဖြစ် ဆရာစည်သူလွင်၊ ဆရာမဒေါက်တာလွင်လွင်ဝေ၊ ဆရာဒေါက်တာကောင်းထက်စွမ်း နှင့် ဆရာမ ဆုလှိုင်တင့် တို့မှ သင်ကြားပေးခဲ့တာ ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဆိုင်ရာ အကြောင်းအရာတွေကို စိတ်ဝင်စားတယ်ဆိုရင်အလွယ်တကူနားဆင်လေ့လာနိုင်ဖို့ EHS Myanmar ရဲ့ YouTube Channel ကို Subscribe လုပ်ထားဖို့ ဖိတ်ခေါ်အပ်ပါတယ်။ --------------------------------------------------------------------------- Don't forget to subscribe our YouTube Channel - https://youtube.com/@ehsmyanmar #EHSMyanmar #worldenvironmentday #sustainability101 #bootcamp #myanmar #landrestoration #desertification #droughtresilience

photo content

"Gender Equality and Social Inclusion" Webinar —------------------------------------------------------------------------ EHS Myanmar - 14/09/2024 Hello....Hello....EHS Myanmar မှ လစဉ်ကျင်းပပြုလုပ်ပေးနေတဲ့ knowledge sharing အစီအစဉ်လေး ပြန်လာပါပြီ။ ဒီလမှာတော့ ပုံမှန်ပြုလုပ်နေကျ webinar များနဲ့ မတူ Sustainable Development Goals တွေထဲက တစ်ခုဖြစ်တဲ့ SDG 5: Gender Equality နဲ့ပတ်သတ်တဲ့ webinar လေးတစ်ခုကို စီစဉ်ထားပါတယ်။ ဒီ webinar မှာတော့ Gender Equality က Sustainable Development အတွက် ဘယ်လိုမျိုးအရေးပါသလဲ။ တန်းတူညီမျှမှုရှိတဲ့ လူမှုပတ်ဝန်းကျင်၊ လုပ်ငန်းခွင်များနှင့် ကျားမ တန်းတူညီမျှမှု ရှိတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲအစည်းများကို ဘယ်လိုတည်ဆောက်မလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးသွားမှာပဲ ဖြစ်ပါတယ်။ အခု Webinar ကို စိတ်ဝင်စားလို စာရင်းပေးချင်တယ်ဆိုရင်တော့ အောက်ကလင့်လေးမှာ မြန်မြန်ပဲ စာရင်းပေးလိုက်တော့နော်။ Registration Link>>>>>>>>>>>> https://docs.google.com/forms/d/e/1FAIpQLScx2xDyfB09t_eJqDlxAf0yU3bwhh293HypBN6b_K4d1te-fA/viewform?usp=sf_link Date - September 22, Sunday Time - 10 AM to 12 PM Platform - Zoom Deadline လေးကတော့ September 19 ရက်နေ့ထိ ဖွင့်ပေးထားမှာဖြစ်လို တခြားသူငယ်ချင်းတွေလဲ သိအောင် post ကို share ပေးသွားပါအုံးနော်။ #Webinar #EHSMyanmar #SDGgoals #GESI #GenderEquality #SocialInclusion #SDG5

On World Dolphin Day, let's celebrate their grace, intelligence, and the role they play in our ecosystems. Let's keep our oce
On World Dolphin Day, let's celebrate their grace, intelligence, and the role they play in our ecosystems. Let's keep our oceans clean and safe for them. 🌊🐬 #EHSMyanmar #WorldDolphinDay #protectdolphins #savedolphins #protectouroceans

သြဂုတ်လ ၂၅ ရက်နေ့တွင် 3 Zero House Myanmar ၌ကျင်းပခဲ့သော Climate Action Lab Myanmar (CALM) နှင့် Bokashi Myanmar တို့မှ ဦးစီ
သြဂုတ်လ ၂၅ ရက်နေ့တွင် 3 Zero House Myanmar ၌ကျင်းပခဲ့သော Climate Action Lab Myanmar (CALM) နှင့် Bokashi Myanmar တို့မှ ဦးစီးကျင်းပသည့် Climate Cafe Session 3 သို့ ကျွန်တော်တို့ EHS အဖွဲ့သားများလည်း တက်ရောက်ခဲ့ပါသည်။ ၎င်း Climate Cafe တွင် Food Waste and Climate Change အကြောင်းကို အဓိကဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများနှင့်လည်း အတွေးအမြင်များစွာကို ဆွေးနွေးနားထောင်ခွင့်ရရှိခဲ့ပါသည်။ ထို့အပြင် Food Waste နှင့်ပတ်သက်သည့် ဉာဏ်စမ်းပ‌ဟေဠိများဖြေဆိုခြင်း၊ ဖြေဆိုသူများမှ အမှတ်အများဆုံး ၁၀ ယောက်အား ASEAN Youth Organisation နှင့် Phyay Shin Youth Led Organisation တို့မှ Tote Bag လက်ဆောင်ပေးခြင်း၊ နယ်ပယ်အသီးသီးမှ တက်ရောက်လာသူများနှင့် Networking ပြုလုပ်နိုင်ခြင်းများကြောင့် ပျော်ရွှင်ဖွယ် တနင်္ဂနွေနေ့လေးဖြစ်ခဲ့ပါသည်။ ယခုကဲ့သို့ မတူညီသောနယ်ပယ်မှသူများနှင့် အတွေးအခေါ်များကို ဖလှယ်နိုင်သည့် Climate Cafe ရပ်ဝန်းကို ဖန်တီးပေးပါသော Climate Action Lab Myanmar (CALM) ကိုလည်း ကျေးဇူးအထူးတင်ရှိပါသည်။ #EHSMyanmar #CALM #ClimateAction #MyanmarClimateCafé #CALM4Climate #3ZeroHouseMyanmar

photo content

Quiz Campaign for International Clean Air for Blue Skies by EHS Myanmar —------------------------------------------------------------------------------------------- EHS Myanmar : 9-09-2024 ဒီနေ့မှာတော့ EHS Myanmar အနေနဲ့ UNEP မှာ စာရင်းပေးသွင်းထားတဲ့ Quiz Campaign လေးကို ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။💁‍♂️💁‍♂️ Campaign မှာ ဘယ်လိုပါဝင်ရမှာလဲဆိုတော့…. 👉အောက်မှာဖော်ပြထားတဲ့ Google form မှာ မေးခွန်းလေးတွေဖြေရမှာဖြစ်ပါတယ် 👉အခု post လေးကိုလဲ အများသိအောင် #CleanAirNow ဆိုတဲ့ hashtag လေးနဲ့ share ပေးသွားရမှာဖြစ်ပါတယ်။ 👉Share ထားတဲ့ screenshot လေးကို အခု post အောက်မှာ comment ပြပေးရမှာဖြစ်ပါတယ်။ ဒီအချက် ၃ ချက်လုံးနဲ့ ပြည့်စုံတယ်ဆိုရင်တော့ UNEP မှာ Official registered လုပ်ထားတဲ့ Certificate လေးကို ၇ရက်အတွင်း email မှတဆင့် ပေးပို့သွားမှာ ဖြစ်ပါတယ်ဗျ။🙆‍♂️ Google Form Link>>>> https://docs.google.com/forms/d/e/1FAIpQLScoENONrOGfHDHTB35wsC96BxGL3Q3bbxueYdPy8E3waVM5tA/viewform?usp=sf_link မေးခွန်းလေးတွေက လေထုညစ်ညမ်းမှုနဲ့ ပတ်သတ်ပြီးမေးထားတဲ့ မေးခွန်းလေးတွေဖြစ်လို့ ကိုယ့်ရဲ့ knowledge ဘယ်လောက်ရှိလဲ သိနိုင်တဲ့အပြင် International Day of Clean Air for Blue Skies အတွက်လဲ တစိတ်တစ်ဒေသ ပါဝင်ပြီးသားဖြစ်လို့ Campaign လေးမှာ ပါဝင်ပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်ဗျ…🥰 #CleanAirNow #EHSMyanmar #Campaign