EHS Myanmar
رفتن به کانال در Telegram
This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.
نمایش بیشتر934
مشترکین
اطلاعاتی وجود ندارد24 ساعت
+47 روز
+730 روز
آرشیو پست ها
934
ကျောရိုးမဲ့သတ္တဝါများကို အဓိက စားသုံးလေ့ရှိပါသည်။ လိပ်ကြက်တူရွေးကို အပူပိုင်းဒေသတွင် အများဆုံးတွေ့ရပြီး ၎င်းတို့သည် ပုံသဏ္ဌာန်အားဖြင့် ကျောခွံတွင် အလွန်လှပသော အကြေးကွက်များပါရှိသည့်အပြင် ၎င်းတို့၏ နှုတ်သီးမှာ ကြက်တူရွေး (သို့မဟုတ်) စွန်နှုတ်သီး ပုံသဏ္ဌာန်ရှိသောကြောင့် လိပ်ကြက်တူရွေး (သို့မဟုတ်) လိပ်စွန်ဟု ခေါ်ဆိုခြင်းဖြစ်ပါသည်။
အထက်ပါ ရေနေသတ္တဝါများ မျိုးသုဉ်းပျောက်ကွယ်သွားနိုင်သည့် အဓိကအကြောင်းအရင်းများမှာ
(၁) အလွန်အကျွံ ဖမ်းစီးခြင်း၊ တရားမဝင် ရောင်းဝယ်ဖောက်ကားခြင်း
(၂) ၎င်းတို့ နေထိုင်ကျက်စားရာနေရာများ ပျက်စီး ဆုတ်ယုတ်လာခြင်း
(၃) ဒေသမျိုးရင်း ဋ္ဌာနေ မျိုးစိတ်များ မဟုတ်ဘဲ ပြင်ပမျိုးစိတ်များ ကျူးကျော် ဝင်ရောက်လာခြင်း
(၄) ပင်လယ်ကမ်းခြေဒေသများတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းနှင့် စွန့်ပစ်အမှိုက်များ များပြားလာခြင်း စသည့် အကြောင်းအရာများကြောင့် ရေနေသတ္တဝါများသည် မျိုးသုဉ်းပျောက်ကွယ်သွားနိုင်သည့် အခြေအနေနှင့် ရင်ဆိုင်နေရပါသည်။
ရေးသားသူ - Kyaw Naing (EHS Myanmar)
ကိုးကား - Environmental Studies Courses in Myanmar
---------------------------------------------------------------------------
Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/
#EHSMyanmar #SaveMarineLife #MarineConservation #Protectourocean #EndangeredSpecies
934
မြန်မာနိုင်ငံတွင် မျိုးသုဉ်းပျောက်ကွယ်နိုင်သည့် အန္တရာယ်ကျရောက်နေသော ရေအောက်သတ္တဝါများ
-----------------------------------------------
EHS Myanmar | 30.7.2024
ကမ္ဘာကြီး၏ သုံးပုံ နှစ်ပုံခန့်သည် ပင်လယ်၊ သမုဒ္ဒရာများဖြစ်ပြီး ကမ္ဘာမြေမျက်နှာပြင်၏ ၇၀% ကျော်ကို ရေများဖြင့် လွှမ်းခြုံထားပါသည်။ ပင်လယ်၊ သမုဒ္ဒရာ ရေပြင်များသည် ကျွန်တော်တို့ လူသားများအတွက် အရေးပါရုံသာမက ပင်လယ်နေ ရေနေသတ္တဝါများအတွက်လည်း များစွာအရေးကြီးပါသည်။ ပင်လယ်၊ သမုဒ္ဒရာများသည် မတူကွဲပြားသော ရေအောက် ဇီဝမျိုးစုံမျိုးကွဲသတ္တဝါများအတွက် တစ်ခုနှင့်တစ်ခု အပြန်အလှန်မှီခို အကျိုးပြုနေကြသည့်နေရာများ ဖြစ်သည့်အပြင် ၎င်းတို့ နေထိုင်ကျက်စားရာ နေအိမ်များလည်း ဖြစ်ပါသည်။
ကျွန်တော်တို့ မြန်မာနိုင်ငံတွင် မျိုးတုံးမည့် ဘေးအန္တရာယ် ကျရောက်နေသော သတ္တဝါ မျိုးစိတ်ပေါင်း ၃၃၁ မျိုးရှိကြောင်း သဘာဝထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ ဆွစ်ဇာလန် အခြေစိုက် အပြည်ပြည်ဆိုင်ရာသမဂ္ဂ (IUCN) ၏ အစီရင်ခံစာမှာ ဖော်ပြထားတာကို တွေ့ရပါသည်။ အဆိုပါ ၃၃၁ မျိုးတွင် ငှက်မျိုးစိတ်များ၊ မျောက်ဝံများ၊ အာရှဆင်၊ ကျား၊ သင်းခွေချပ်များနှင့် ရေနေသတ္တဝါမျိုးစိတ်များလည်း ပါဝင်ပါသည်။ ၎င်းမျိုးစိတ်များအနက် မြန်မာနိုင်ငံတွင် မျိုးသုဉ်း ပျောက်ကွယ်သွားနိုင်ခြေရှိသည့် အန္တရာယ်ကျရောက်နေသော ရေနေသတ္တဝါ (၄) မျိုးအကြောင်းကို ဖော်ပြပေးသွားမှာ ဖြစ်ပါသည်။
၎င်းတို့မှာ-
(၁) ဧရာဝတီလင်းပိုင် (Irrawaddy dolphins)
(၂) ဖျံ (Otter)
(၃) ရေဝက် (Sea cow)
(4) လိပ်ကြက်တူရွေး (Hawksbill turtles) တို့ဖြစ်ကြပါသည်။
📌 ဧရာဝတီလင်းပိုင် - ဧရာဝတီလင်းပိုင်များသည် လူများနဲ့အတူတကွ ပူးပေါင်းကာ ငါးဖမ်းသည့် အလေ့အထရှိသောကြောင့် Ecotourism တွင် ကျော်ကြားသည့် မျိုးစိတ်တစ်မျိုးလည်းဖြစ်ပါသည်။ ခရီးသွားများ အဝေးကနေ လာရောက်ပြီး တယုတယ ကြည့်ရှုလေ့လာကြသည့်အတွက် ဒေသခံများသည်လည်း ဝင်ငွေများစွာရရှိနေကြပါသည်။ သို့သော် ယခုအခါ ဧရာဝတီလင်းပိုင်များသည် မျိုးသုဉ်းပျောက်ကွယ်သွားနိုင်သည့် အန္တရာယ်ကျရောက်နေသော မျိုးစိတ်တစ်ခုဖြစ်ပါသည်။ ၂၀၂၀ ခုနစ် WCS ၏ ခန့်မှန်းချက်အရ ဧရာဝတီလင်းပိုင်အရေအတွက်မှာ ၇၉ ကောင်မျှသာ ရှိတော့ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရသည်။ ဧရာဝတီလင်းပိုင်များကို ရေချိုရေငန်စပ် မြစ်၊ ချောင်း၊ အင်းအိုင် နှင့်ကမ်းခြေတစ်လျှောက်တွင် အများအားဖြင့် တွေ့မြင်ရသည်။
📌 ဖျံ - နောက်မျိုးစိတ်တစ်ခုမှာ Eurasian Otter ဖြစ်ပါသည်။ ဖျံသည် မြန်မာနိုင်ငံတွင် မျိုးသုဉ်းအန္တရာယ် ကျရောက်လုနီးပါး (near threatened) မျိုးစိတ်တစ်ခုဟု သတ်မှတ်ခံထားရသည်။ ၎င်းတို့ကို ကုန်းပေါ်တွင် တွေ့ရှိရသည့်အပြင် ရေချို၊ ရေငန် နှစ်မျိုးလုံးတွင် တွေ့ရှိနိုင်ပါသည်။ ဖျံထီးများသည် ၁၈ လ ခန့်တွင် အရွယ်ရောက်ကြပြီး ဖျံအမများမှာ ၂၄ လ ကြာမှ အရွယ်ရောက်ကြသည်။ ဖျံများ၏ ဘဝသက်တမ်းမှာ ၁၇ နှစ်ကြာအထိ အသက်ရှင်နေထိုင်နိုင်ကြသည်။ ၎င်းတို့သည် ရေကူးသည့်အခါ တစ်နာရီလျှင် ၁၂ ကီလိုမီတာအထိ လျင်မြန်စွာ ကူးခပ်နိုင်ပြီး ရေချိုတွင် ၈ မိနစ်ကြာအောင် ရေငုပ်နိုင်ကာ ရေငန်တွင် ၄ မိနစ်အထိ ရေငုပ်နိုင်သော မျိုးစိတ်များဖြစ်ကြပါသည်။ ၎င်းတို့သည် ပုစွန်၊ ကဏန်း ၊ဖား ၊ကြွက် နှင့် တွားသွားသတ္တဝါများကို အဓိက စားသုံးကြပါသည်။
📌 ရေဝက် - ပင်လယ်နို့တိုက်သတ္တဝါ (Marien Mammals) များသည့် ရေဝက်များကို ဒေသအခေါ်အဝေါ်အရ ရေသူမ၊ လင်းရှူး၊ ရေနွား၊ ရေကုလားအုတ် ဟူ၍ အမျိုးမျိုးခေါ်ဝေါ်ကြသည်။ ရေဝက်များကို မြန်မာနိုင်ငံတွင် ရခိုင် နှင့် တနင်္သာရီတိုင်းဒေသများတွင် အများဆုံးတွေ့မြင်နိုင်ပါသည်။ ရေဝက်များသည် ပင်လယ်မြက်၊ ရေညှိ၊ ငါး၊ ခရု၊ ရေခူ နှင့် ရေဆလပ်များကို အစာအဖြစ် စားသုံးကြပါသည်။ အခြားသော ပင်လယ်နို့တိုက်သတ္တဝါများနှင့် မတူညီသည့်အချက်မှာ ရေဝက်များသည် ဆင်များနှင့်နီးစပ်သော မျိုးရိုးဆက်နွယ်မှုရှိခြင်းနှင့် ၎င်းတို့သည် အသားစားသတ္တဝါမဟုတ်ဘဲ အပင်နှင့်အရွက်များကိုသာ စားသုံးသော အချက်ဖြစ်ပါသည်။ ရေဝက်များ၏ ပုံသဏ္ဌာန်မှာ သေးငယ်သော မျက်ဝန်း၊ တိုသော ရေယက်၊ ပြန့်ကားသောနှုတ်သီး၊ အထက်အောက် ရွေ့လျားနိုင်သော အမြီးများ ပါရှိပြီး ချစ်စရာကောင်းသော ပင်လယ်ရေဝက်များ ဖြစ်ကြပါသည်။ ရေဝက်များသည် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကို လျော့ကျစေနိုင်သော ကာဗွန်သိုလှောင်သည့် လုပ်ငန်းစဉ်များကိုလည်း ပံ့ပိုးပေးသည့်အပြင် ရေဝက်များရှိသည့် မြက်ခင်းပြင်ကို ကြည့်ခြင်းအားဖြင့် ကောင်းမွန်သော ဂေဟစနစ်တစ်ခုဖြစ်ကြောင်းကိုလည်း သိရှိနိုင်ပါသည်။
📌 လိပ်ကြက်တူရွေး- လိပ်ကြက်တူရွေးသည် တစ်ကောင်တည်း သီးသန့်နေထိုင်သည့် အလေ့အကျင့်ရှိပြီး ၎င်းတို့သည် ၃ နှစ်မှ ၄ နှစ်ခွဲအကြာတွင် အရွယ်ရောက်လေ့ရှိကြပြီး ပုံမှန်အားဖြင့် နှစ်တစ်ရာကျော် အသက်ရှင်နေထိုင်နိုင်သည်ဟု လူသိများကြသည်။ သို့သော် ယခုအခါ လိပ်ကြက်တူရွေးမျိုးစိတ်သည် ၃၂ နှစ်မျှသာ အသက်ရှင်နေနိုင်သည်ဟု သိရှိရပါသည်။ ၎င်းတို့သည် သန္တာကျောက်တန်း၊ ကျောက်ခဲများ အနီးအနားတွင် နေထိုင်ကျက်စားလေ့ရှိပြီး ရေညှိ၊ ရေမော်၊ ပင်လယ်မြက်များကို စားသုံးသည့်အပြင် ပင်လယ်အောက်ခြေကြမ်းပြင်တွင်ရှိသော
934
ရာသီဥတုဖောက်ပြန်မှုက သမုဒ္ဒရာကို ဘယ်လိုသက်ရောက်မှုရှိနေလဲ?
-----------------------------------------------
EHS Myanmar | 29.7.2024
ကမ္ဘာ့မျက်နှာပြင်ရဲ့ 70% ခန့်ကို လွှမ်းခြုံထားတဲ့ သမုဒ္ဒရာများဟာ ကမ္ဘာကြီးရဲ့ ရာသီဥတုနဲ့ အပြန်အလှန်ဆက်နွယ်မှုရှိပါတယ်။ သမုဒ္ဒရာများက ကမ္ဘာတစ်ဝှမ်း ဒေသအလိုက် ရာသီဥတုအခြေအနေများကို လွှမ်းမိုးနိုင်သလို ရာသီဥတုပြောင်းလဲမှုများသည်လည်း သမုဒ္ဒရာများအပေါ် များစွာသက်ရောက်မှုရှိနိုင်ပါတယ်။ ဒီလိုအပြန်အလှန်သက်ရောက်မှုရှိနေတဲ့ စက်ဝန်းဟာ ရိုးရှင်းတယ်ထင်ရပေမယ့် အမှန်တကယ်မှာတော့ ထင်ထားတာထက် များစွာပိုရှုပ်ထွေးပါတယ်။
ဒါဆို ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုက သမုဒ္ဒရာတွေအပေါ် ဘယ်လိုသက်ရောက်မှုရှိနေတာလဲ?
သမုဒ္ဒရာတွေဟာ ကမ္ဘာ့ ရာသီဥတုအတွက် အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်သလို ကမ္ဘာ့ ကာဗွန် စုပ်ယူမှုအများဆုံးကိုလည်း သမုဒ္ဒရာတွေကပဲ လုပ်ဆောင်ပါတယ်။ ကမ္ဘာမြေကို ရောက်ရှိလာတဲ့ နေရောင်ခြည်စွမ်းအင်အများစုကို စုပ်ယူနိုင်ပြီး ပုံမှန်အားဖြင့် လေထုပူနွေးမှုလောက် သမုဒ္ဒရာပူနွေးမှုက မမြန်ပါ။ သို့သော်လည်း မကြာသေးမှီ နှစ်များအတွင်း အပြောင်းအလဲများစတင်လာပါတယ်။ သမုဒ္ဒရာများဟာ ဖန်လုံအိမ်ဓာတ်ငွေ့သက်ရောက်မှုကြောင့် အပိုစွမ်းအင် ၉၀ ရာခိုင်နှုန်းနီးပါးကို စုပ်ယူလာကြပြီး ရေအနက် မီတာ ၁၀၀၀ အထိ ပူနွေးလာနေပါတယ်။ ဒါကြောင့် ပင်လယ်ရေဟာ အပေါ်မျက်နှာပြင်မှာ အေးပြီး ပေါ့ပါးတဲ့ရေ၊ ပိုနက်ရှိုင်းတဲ့ အလွှာမှာဆိုရင် ပူနွေးတဲ့ ရေများဖြင့် သဘာဝအတိုင်း အလွှာလိုက် ဖွဲ့စည်းသွားပြီး သမုဒ္ဒရာအတွင်းမှာရှိတဲ့ ရေသတ္တဝါများရဲ့ နေထိုင်ရာနေရာများ နဲ့ ဂေဟစနစ်များမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်လာစေပါတယ်။ ဒီလို ရာသီဥတုပြောင်းလဲမှုနှင့် ဖန်လုံအိမ်သက်ရောက်မှုကြောင့် သန္တာကျောက်တန်းများ အရောင်ဖျော့လာခြင်း၊ ပင်လယ်ရေမျက်နှာပြင် ပူနွေးလာခြင်း၊ သမုဒ္ဒရာ လည်ပတ်မှု ပုံစံများ ပြောင်းလဲခြင်းနဲ့ မိုးရွာသွန်းမှု အကြိမ်ရေများလာခြင်းကဲ့သို့ ပြင်းထန်တဲ့ အယ်လ်နီညို ဖြစ်ရပ်တွေကိုလည်း ဖြစ်ပေါ်စေပါတယ်။
ဒါ့အပြင် လေထုပူနွေးလာမှုကြောင့် ရေခဲမြစ်များနဲ့ ရေခဲဒေသများမှ ရေခဲတွေ အရည်ပျော်ကာ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှု ၊ တိုက်စားမှု၊ ရေငန်ဝင်ရောက်မှုများ ဖြစ်ပေါ်ပြီးကမ်းရိုးတန်းဒေသများမှာ ပျက်စီးမှုများဖြစ်ပေါ်လျက်ရှိပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ကာဗွန်ထုတ်လွှတ်မှုမြင့်တက်လာခြင်းကြောင့် သမုဒ္ဒရာများအတွင် အက်စစ်ဓာတ်ဖြစ်စေပြီး ရေနေမျိုးစိတ်များ နေထိုင်ရာနေရာတွေကို ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်စေပါတယ်။ အဏ္ဏဝါမျိုးစိတ်ပေါင်းများစွာရဲ့ ကြီးထွားမှုနဲ့ ရှင်သန်မှုနှုန်းကို လျော့နည်းလာစေပါတယ်။
ကာဗွန်ကြောင့် သမုဒ္ဒရာ အက်စစ်ဓာတ်မြင့်တက်လာမှုရဲ့ အခြေခံအကြောင်းအရင်းမှာ ကမ္ဘာ့နေရာအများအပြားတွင် သစ်တောပြုန်းတီးမှု ဆက်တိုက်ဖြစ်ပွါးနေခြင်းကြောင့် ဖြစ်ပါတယ်။ သမုဒ္ဒရာ ကမ်းရိုးတန်းဂေဟစနစ်များမှာ ပါ၀င်တဲ့ ဆားငံစိမ့်မြေများနဲ့ ဒီရေတောများဟာ ကာဗွန်စုပ်ယူမှုလုပ်ငန်းစဉ်များမှာ အဓိကကျပါတယ်။ ယင်းဂေဟစနစ်များ ပျက်စီးယိုယွင်းလာမှုကြောင့် နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ာနှစ်စဉ် ကာဗွန်ဒိုင်အောက်ဆိုဒ် တန်ချိန် ၁ ဘီလီယံခန့် ထွက်ရှိပြီး ကမ္ဘာလုံးဆိုင်ရာ ကာဗွန်ထုတ်လွှတ်မှုရဲ့ ၂၀ ရာခိုင်နှုန်းလောက်အထိ မြင့်တက်လာနေပါတယ်။
ကမ္ဘာ့သမုဒ္ဒရာများ၊ ကမ်းရိုးတန်းများ နဲ့ သန္တာကျောက်တန်းများက အဏ္ဏဝါသတ္တဝါများအတွက် နေအိမ်အဖြစ်လည်းကောင်း၊ ကာဗွန်စုဆောင်းမှု၊ အောက်ဆီဂျင်ထုတ်လုပ်မှုအပြင် ရေနေကုန်းနေသတ္တဝါများအတွက် အစားအစာနဲ့ လူတို့အတွက် ဝင်ငွေရစေခြင်း စတဲ့ အရေးပါတဲ့ ဂေဟစနစ်ဝန်ဆောင်မှုများကိုလည်းကောင်း လုပ်ဆောင်ပေးပါတယ်။ ဖန်လုံအိမ်ဓာတ်ငွေ့များ အလွန်အကျွံများပြားလာခြင်းနဲ့အတူ သမုဒ္ဒရာ အပူချိန် မြင့်တက်လာခြင်းနဲ့ သမုဒ္ဒရာအက်ဆစ်ဓာတ်ပြုခြင်းရဲ့ အကျိုးသက်ရောက်မှုက သမုဒ္ဒရာကြီးကိုသာမက ကမ္ဘာပေါ်မှာရှိတဲ့ သက်ရှိအားလုံးအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်လို့နေပါတယ်။
ဒါကြောင့် ကမ္ဘာကြီးပူနွေးလာမှု၏အကျိုးဆက်များကို သတိပြုရန်အရေးကြီးလှပါတယ်။
ရေးသားသူ - သင်းသင်းထက်အောင် (EHS Myanmar)
ကိုးကား - earth.org
---------------------------------------------------------------------------
Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/
#EHSMyanmar #globalwarming #climatechange #savetheocean
934
Media Partnership Announcement 📢
စိမ်းရိပ် - Green Society မှ စီစဉ်ကျင်းပမယ့် “ဇီဝဇီးကွက် - EcoOwl” လို့ ခေါ်တဲ့ သုံးရက်တာ webinar series program လေးမှာ EHS Myanmar မှ Media Partnership အနေနဲ့ ပါဝင်အားဖြည့်ပေးထားပါတယ်။
“ဇီဝဇီးကွက် - EcoOwl” program ရဲ့ ရည်ရွယ်ချက်ကတော့ လူငယ်များအနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ဇီဝမျိုးစုံမျိုးကွဲများနဲ့ ဂေဟစနစ်များအကြောင်းကို သင်ယူနိုင်ပြီး ၄င်းတို့ကို လက်ရှိထိန်းသိမ်းကာကွယ်နေတဲ့ လုပ်ငန်းများရဲ့ အကြောင်းအရာတွေ၊ လူငယ်တွေ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်လုပ်ဆောင်နိုင်မလဲဆိုတာတွေကိုပါ တစ်နေရာတည်းမှာ ပြည့်ပြည့်စုံစုံ ဆွေးနွေးလေ့လာနိုင်စေဖို့အတွက် စီစဉ်ထားတာပဲဖြစ်ပါတယ်။
“ဇီဝဇီးကွက် - EcoOwl” webinar series program ကို August လ 3, 4 နဲ့ 5 ရက်များမှာ သုံးရက်ဆက်တိုက် ည 7:00 မှ 9:00 PM အတွင်း ZOOM မှတစ်ဆင့် စီစဉ်ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ Program ရဲ့ တစ်ရက်ချင်းစီအတွက် ဖိတ်ကြားထားတဲ့ guest speaker တွေနဲ့ ဆွေးနွေးသွားမယ့် ခေါင်းစဉ်များကို အသေးစိတ်သိရှိလိုတယ်ဆိုရင် အောက်က link ကနေ တဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
🌱 - https://www.facebook.com/61561939874226/posts/122110086608397995/?
တက်ရောက်လေ့လာဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ အခုဖော်ပြပေးထားတဲ့ Google Form က တဆင့် စာရင်းပေးသွင်းလျှောက်ထားနိုင်ပါတယ်။
🌱 - https://forms.gle/jyNnRaBGA55fawbp9
-----------------------------------------------------------------------
"𝙂𝙖𝙞𝙣𝙞𝙣𝙜 𝙠𝙣𝙤𝙬𝙡𝙚𝙙𝙜𝙚 𝙞𝙨 𝙩𝙝𝙚 𝙛𝙞𝙧𝙨𝙩 𝙨𝙩𝙚𝙥 𝙩𝙤 𝙬𝙞𝙨𝙙𝙤𝙢. 𝙎𝙝𝙖𝙧𝙞𝙣𝙜 𝙞𝙩 𝙞𝙨 𝙩𝙝𝙚 𝙛𝙞𝙧𝙨𝙩 𝙨𝙩𝙚𝙥 𝙩𝙤 𝙝𝙪𝙢𝙖𝙣𝙞𝙩𝙮."
Don't forget us to follow us on instagram - https://www.instagram.com/ehsmyanmar/
#EHSMyanmar #EcoOwl #Biodiversity #Ecosystem #SeinYate #Youth #Conservation
934
Celebrating International Tiger Day 2024 🐅
This annual celebration, held on July 29th, is not only a tribute to these magnificent creatures but also a call to action for their conservation. On this International Tiger Day, let's unite to preserve the legacy of tigers and the natural world they inhabit. Together, we can make a difference. Happy International Tiger Day 2024!
#EHSMyanmar #internationaltigerday #savetigers #tigerconservation
934
တစ်ခါသုံးပလတ်စတစ်ရေဘူးများကို အသုံးမပြုပဲ ရှောင်ကြဉ်ပါ။
—————————————————————
Hello!!! Plastic free July ရဲ့ နောက်ဆုံးအပတ်ကို ရောက်ရှိလာပါပြီ။ ဒီအပတ်အတွက် challenge လေး ကတော့ တစ်ခါသုံးပလတ်စတစ်ရေသန့်ဘူးကို အသုံးမပြုပဲ ပြန်လည်အသုံးပြုလို့ရတဲ့ ရေပုလင်းများ ကိုသာ အသုံးပြုဖို့ဖြစ်ပါတယ်။ ဒီchallenge မှာဘယ်လို ပါဝင်နိုင်မလဲ။
၁။ အပြင်သွားသည့်အခါတိုင်း မိမိကိုယ်ပိုင် ပြန်လည်အသုံးပြုလို့ရသည့် ရေပုလင်းကို ဆောင်သွားပါ။ ထိုသို့မိမိသွားလေရာ ယူဆောင်သွား ခြင်းအားဖြင့် တစ်ခါသုံးပလတ်စတစ်ရေသန့်ဘူး ဝယ်ယူစရာမလိုတော့တဲ့အတွက် ငွေကုန်ကြေးကျလည်း သက်သာစေပါတယ်။
၂။ အကယ်၍ ပြန်လည်အသုံးပြုလို့ရတဲ့ ရေပုလင်း ယူသွားဖို့ မေ့ခဲ့မယ်ဆိုလျှင်လည်း ရေစင်မှ ရေကိုသာ သောက်ပါ။ စားသောက်ဆိုင် သို့မဟုတ် ကော်ဖီဆိုင်မှာဆိုလျှင်လည်း ရေကို ဖန်ခွက်ဖြင့်သာ မှာယူသောက်သုံးပါ။
၃။ အခြားသူများကိုလည်း ပြန်လည်အသုံးပြုလို့ရတဲ့ ရေပုလင်းများကိုသာ အသုံးပြုဖို့ တိုက်တွန်းပါ။ နေ့စဉ် လုပ်ဖော်ကိုင်ဖက် အပေါင်းအသင်းများနှင့် စကားဝိုင်း တွင်ထည့်သွင်းပြောဆိုပေးခြင်းကလည်း အလွယ်တကူဖြင့် ထိရောက်မှုရှိစေနိုင်မှာဖြစ်ပါတယ်။
ဘာကြောင့်ပြန်လည်အသုံးပြုလို့ရတဲ့ ရေပုလင်းများ ကိုအသုံးပြုသင့်တာလဲ?????
!!!တစ်ခါသုံးပလတ်စတစ်ရေဘူးများသည် အမှိုက်ပုံများ နှင့် ပင်လယ်သမုဒ္ဓရာအောက်တွင် တွေ့ရအများဆုံးအမှိုက်ဖြစ်ပါတယ်။ အကြောင်းအရင်း ကတော့ တစ်ခါသုံးပလတ်စတစ်ရေဘူးများသည် အလွယ်တကူ decompose မဖြစ်နိုင်တဲ့အပြင် Bisphenol A ဟုခေါ်သည့် BPA ဆိုသော အဆိပ်ပြင်းပြီးအန္တရာယ်ရှိသည့် ဓာတုဓာတ်ပစ္စည်းတစ်မျိုးကို ရေနေသတ္တဝါများ ၏ ကိုယ်အတွင်း၌ ပျော်ဝင်မှုဖြစ်စေနိုင်ပါသည်။ ထိုအခါ ထိုရေနေသတ္တဝါတို့ကို သေစေနိုင်သည့်အပြင် ထိုအကောင်များကို စားမည့် လူများကိုလည်း ကျန်းမာရေးဘေးဥပါဒ် ဖြစ်စေနိုင်တဲ့ အတွက် တစ်ခါသုံးပလတ်စတစ်ရေသန့်ဘူး ကို မဝယ်ယူသင့်ပါ။
ဒါကြောင့် ပြန်လည်အသုံးပြုလို့ရတဲ့ ရေပုလင်းများ ကိုသာ အသုံးပြုပြီး မိမိတို့ရဲ့ ကိုယ်ပိုငိ ပြန်လည်အသုံးပြုလို့ရတဲ့ ရေပုလင်းလေးကို ဓာတ်ပုံ ရိုက်ပြီး comment မှာ share ပေးခြင်းဖြင့် အခြားသူများကိုလည်း တိုက်တွန်းလိုက်ပါ။
#plasticfreejuly #EHSMyanmar #Refuseplasticbottles
934
Celebrating World Nature Conservation Day 🌏🌱
Let's unite in our commitment to protect and preserve our planet for future generations. Every action counts towards a sustainable and greener world!
#EHSMyanmar #WorldNatureConservationDay #environmentalconservation #natureconservationday
934
EHS Myanmar မှ "International Day for the Conservation of the Mangrove Ecosystem 2024" အတွက် Webinar လေးတစ်ခုပြုလုပ်ခဲ့ပါတယ်ရှင့်🥳
Webinar လေးမှာ knowledge sharing လုပ်ပေးခဲ့ပါသော ဆရာစောမျိုးဝင်းဆန်းနှင့် တက်ရောက်ဆွေးနွေးပေးခဲ့ပါသော participants များအားလုံးကိုလည်း EHS Myanmar မှ ကျေးဇူးအထူးတင်ရှိကြောင်း ဖော်ပြလိုပါတယ်ရှင့်🥰
Webinar မတက်ရောက်လိုက်ရသူများအနေနှင့်လည်း Podcast အဖြစ် EHS Myanmar's channel တွေမှာ ပြန်တင်ပေးမှာဖြစ်လို့ စောင့်မျှော်နားထောင်နိုင်ပါတယ်နော်💚
#EHSMyanmar #Webinar #successful
934
လုပ်ဆောင်နိုင်ဖို့က အရမ်းအရေးကြီးပါတယ်။
သတင်းကောင်းအနေနဲ့ကတော့ မှတ်တမ်းတွေအရ တစ်နှစ်ပြီး တစ်နှစ်ကြာလာချိန်တိုင်းမှာ နည်းပညာမြင့်မားလာမှုတွေနဲ့ အတိတ်ကအမှားတွေကနေ သင်ခန်းစာယူခဲ့ကြတာတွေကြောင့် ရေနံစိမ်းယိုဖိတ်မှုနှုန်းက လွန်ခဲ့တဲ့ ဆယ်စုနှစ်တုန်းကထက် နည်းနည်းသွားတာပါပဲ။ ဒါကြောင့် နည်းပညာမြင့်မားတာ၊ ရေနံစိမ်းတင်သွင်းပို့ဆောင်မှုနဲ့ပတ်သက်ပြီး အန္တာရာယ်ကင်းနိုင်သမျှကင်းအောင် စည်းကမ်းတွေ သေချာ ကြပ်မတ်တာနဲ့ နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်ခြင်းက အနာဂတ်မှာ ရေနံစိမ်းယိုဖိတ်မှုတွေနဲ့ပတ်သက်ပြီး နည်းသထက်နည်းလာအောင် ထိန်းချုပ်နိုင်ပါတယ်။ ရေနံစိမ်းယိုဖိတ်မှုတွေနဲ့ပတ်သက်ပြီး အကျိုးသက်ရောက်မှုတွေကို ထုတ်လုပ်တဲ့ ကုမ္မဏီတွေတင်သာမကပဲ လူထုကိုပါ သေချာသိလာအောင် ဆက်စပ်တဲ့ အသိပညာတွေမျှဝေပေးတာကလဲ ပင်လယ်သမုဒ္ဓရာကြီးနဲ့ ဆက်စပ်တဲ့ သဘာ၀တရားကြီးကို ကာကွယ်ပေးရာကျတာမို့ ရေနံစိမ်းပင်လယ်၊ သမုဒ္ဓရာထဲ ယိုဖိတ်မှုနဲ့ပတ်သက်ပြီး ကိုယ်သိတဲ့အကြောင်းအရာလေးတွေကို မျှဝေ ပေးဖို့မမေ့နဲ့နော်။
ရေးသားသူ - Asta (EHS Myanmar)
ကိုးကား - noaa.gov, britannica.com, Life Noggin, safety4sea.com
---------------------------------------------------------------------------
Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/
#EHSMyanmar #oilspill #oilspills #oilspillprevention #saveocean
934
အကောင်အရည်အတွက်ကျဆင်းတာတွေပါဖြစ်စေပါတယ်။
- ရေနေသတ္တဝါတွေရဲ့ မျိုးပွားမှုနှုန်းနဲ့ ကြီးထွားမှုနှုန်းအပေါ်ထိခိုက်စေခြင်း
အဆိပ်ဖြစ်စေတဲ့ ဓာတုဓာတ်တွေပျော်ဝင်နေတဲ့ ရေထုထဲမှာ နေထိုင်လို့ပဲ ဖြစ်ဖြစ်၊ ရေနံစိမ်း နဲ့ထိတွေ့မိထားတဲ့ သားကောင်ကိုစားမိလို့ဖြစ်ဖြစ် ဒီအဆိပ်ရဲ့ သက်ရောက်မှုက အသက်အန္တရာယ်မဖြစ်စေနိုင်ဘူးဆိုရင်တောင် ခန္ဓာကိုယ် ကျန်းမာရေးကိုတော့ အနည်းနဲ့အများ ထိခိုက်စေပါတယ်။ ဒီလိုထိခိုက်မှုတွေထဲမှာ ကိုယ်တွင်းအင်္ဂါတွေဖြည်းဖြည်းချင်းပျက်ဆီးတာ၊ မျိုးမပွားနိုင်တာ၊ သားပေါက်ခဲ့ရင် (သို့) သားဥ ဥခဲ့ရင် ကိုယ်ခန္ဓာချို့တဲ့တာတွေအပြင်ကို ကြီးထွားမှုနှုန်းမှာ အတားအဆီးဖြစ်တာမျိုးတွေအထိကို ပါ၀င်ပါတယ်။ ဒီလိုဖြစ်တဲ့အခြေအနေနဲ့ မျိုးဆက်အလိုက်ထိတောင် လက်ဆင့်ကမ်းဖြစ်ပွားစေနိုင်တဲ့အတွက် သက်ရောက်မှုက ရေရှည်ထိကို ဖြစ်စေနိုင်တာပါ။
- ဂေဟစနစ် မမျှတခြင်း
အစာကွင်းဆက်ကြီး ထိခိုက်တဲ့အကျိုးဆက်အနေနဲ့ သားရဲတွေက သူတို့အသက်ရှင်ဖို့အတွက် နယ်မြေကျော်ပြီး သားကောင်တွေရှာလာတဲ့အခါမှာ ကျူးကျော်မျိုးစိတ်အနေနဲ့ဖြစ်သွားပြီး နေရာဒေသမတူညီတဲ့ တခြားဂေဟစနစ်ကိုပါ ထိခိုက်စေပြီး ဂေဟစနစ်မမျှတတော့တာမျိုးကို ဖြစ်စေပါတယ်။ ရေနံဆီယိုဖိတ်တဲ့အကျိုးဆက်အနေနဲ့ဖြစ်တဲ့ ပင်လယ်ရေအဆိပ်သင့်တာ၊ ကျက်စားရာနေရာ ပျက်ဆီးတာ၊ အစာကွင်းဆက် ထိခိုက်တာ၊ ကျူးကျော်မျိုးစိတ်တွေများလာစေတာက ပင်လယ်ရေအောက်က ဇီ၀မျိုးကွဲတွေကို အရည်အတွက်နည်းပါးသွားစေပြီး၊ ဂေဟတနစ်ကြီးကို အများကြီးအားနည်းသွားစေပါတယ်။
ဒီလို သဘာ၀တရားကြီးနဲ့ ပင်လယ်နေသတ္တဝါတွေအပေါ် ဖြစ်တည်လာတဲ့ မကောင်းတဲ့သက်ရောက်မှုတွေက အဲ့ဒီမှာတင်ရပ်မသွားပဲ လူသားတွေရဲ့ စီးပွားရေးနဲ့ ကျန်းမာရေးကိုပါ ဆက်ပြီး ထိခိုက်စေလာပါတယ်။
စီးပွားရေးအရဆိုရင်
ရေနံစိမ်းယိုဖိတ်မှုကြောင့် ငါးတွေဆုံးရှုံးကြရတဲ့အခါမှာ ငါးဖမ်းသမားတွေနဲ့ ငါးဖမ်းလုပ်ငန်းတွေအတွက် ကြီးမားတဲ့ စီးပွားရေးဆိုင်ရာ ဆုံးရှုံးမှုကြီးကို ဖြစ်စေပါတယ်။ ငါးအရေအတွက် ကျဆင်းတာကြောင့် စျေးကွက်ထဲမှာလည်း စျေးနှုန်း မြင့်တက်တာတွေကို အကျိုးဆက်အနေနဲ့ ဖြစ်စေပါတယ်။ အကယ်၍ ရေနံစိမ်းတွေက ပင်လယ်ကမ်းခြေနားကိုရောက်လာခဲ့တယ်ဆိုရင် ကမ်းခြေကိုညစ်ညမ်းသွားစေမှာဖြစ်တဲ့အတွက် အဲ့ဒီကမ်းခြေမှာ နိုင်ငံခြားခရီးသွားဧည့်သည်တွေ အလာနည်းသွားမှာဖြစ်ပြီး ဒေသတွင်း စီးပွားရေးလုပ်ငန်းတွေကိုအများကြီးထိခိုက်စေနိုင်ပါတယ်။
လူတွေရဲ့ ကျန်းမာရေးပိုင်းမှာဆိုရင်လဲ အဆိပ်သင့်ထားတဲ့ ငါးတွေကို စားသောက်မိတယ်ဆိုရင် ကျန်းမာရေးထိခိုက်တာတွေကြုံလာစေပါတယ်။
ရေနံစိမ်း ယိုဖိတ်မှုကြီးတစ်ခုက ဒီလို မကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ အတွဲလိုက်ကြီးကို ဖြစ်စေနိုင်တာဖြစ်တဲ့အတွက် ဒါကိုအတတ်နိုင်ဆုံးကာကွယ်နိုင်ဖို့အတွက် အစိုးရတွေ၊ အာဏာပိုင်တွေ၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ ရေနံစိမ်းယိုဖိတ်မှုဖြစ်ပြီဆိုရင် သိသိခြင်း အလျင်အမြန် ရှင်းလင်းမှုတွေကို လုပ်ဆောင်ဖို့ ပြင်ဆင်ကြရပါတယ်။ ရေနံစိမ်းတွေကိုဖယ်ရှားတဲ့အခါနဲ့ မပြန့်သွားအောင် ထိန်းတဲ့အခါတွေမှာ အသုံးပြုတဲ့ နည်းလမ်းတွေက ယိုဖိတ်မှုပမာဏ၊ ဆီအမျိုးအစား၊ နေရာဒေသနဲ့ ရာသီဥတုပေါ်မူတည်ပြီး အမျိုးမျိုးကွဲပြားသလို နည်းလမ်းတစ်ခုစီတိုင်းကလဲ သူ့ရဲ့ အားသာချက်နဲ့ အားနည်းချက်ကိုယ်စီရှိကြပါတယ်။ အဲ့ဒီနည်းလမ်းတွေထဲက တချို့ကိုဖော်ပြရမယ်ဆိုရင်
- Containment Booms (ရေနံစိမ်းယိုဖိတ်တဲ့ နေရာ၀န်းကျင်ကို တခြားနေရာတွေပြန့်မသွားအောင် အတားအဆီးပုံစံမျိုး ဘောင်ခတ်လိုက်တာပါ)
- Skimmers (ရေမျက်နှာပြင်အပေါ်ခြမ်းကို စက်သုံးပြီး ဖယ်ရှားလိုက်တာပါ)
- Sorbents (ရေမျက်နှာပြင်ပေါ်က ဆီတွေကို စက်နဲ့ စုပ်ယူလိုက်ခြင်းပါ)
- Dispersant (Dispersant ဆိုတဲ့ ဓာတုဒြပ်စင်တစ်မျိုးကို လေယာဥ်ကနေသော်လည်းကောင်း၊ လှေကနေသော်လည်းကောင်း ယိုဖိတ်ထားတဲ့ ဆီတွေပေါ်ကို ပတ်ဖျန်းလိုက်ပြီး ဆီကို အရည်စက်အသေးလေးတွေအဖြစ်ပြိုကွဲသွားအောင်လုပ်လိုက်ခြင်းပါ)
- In-situ Burning (ယိုဖိတ်ထားတဲ့ ဆီရဲ့ ထုထည်က ကြီးနေတယ်ဆိုရင် ပါးသွားအောင် ထိန်းတဲ့သဘောနဲ့ မျက်နှာပြင်အပေါ်ကို လောင်ကျွမ်းစေတဲ့နည်းလမ်းပါ။ ဒါပေမယ့် ဒီနည်းက air pollution ကိုဖြစ်စေပါတယ်)
ရေပြင်အထက်ကယိုဖိတ်ထားတဲ့ ကျယ်ပြန့်လှတဲ့ ရေနံစိမ်းတွေကို ဖယ်ရှားတာက လုပ်ငန်းစဥ်အခြေနေပေါ်မူတည်ပြီး ဒေါ်လာ ထောင်ဂဏန်းကနေ ဒေါ်လာ ဘီလျံနဲ့ချီ အကုန်အကျများတဲ့ လုပ်ငန်းစဥ်တွေဖြစ်တာမို့ ငွေကြေးအကုန်အကျကလဲ အရမ်းများလွန်းပါတယ်။ ရေနံစိမ်းယိုဖိတ်မှုတွေဖြစ်ရင် သက်ဆိုင်ရာလုပ်ငန်းကို ပြစ်ဒဏ်အနေနဲ့ ငွေဒဏ်နဲ့ ထောင်ဒဏ်ဆိုပြီး ဥပဒေ၊ ဖြစ်စဥ်နဲ့ နေရာအလိုက် အမျိုးမျိုးရှိကြပါတယ်။
ဒီလောက်ထိဖတ်ပြီးသွားပြီဆိုရင်တော့ ရေနံစိမ်းယိုဖိတ်မှုတွေက တစ်ခါဖြစ်ပြီဆိုတာနဲ့ သက်ရောက်မှုကြီးမားတဲ့ အကျိုးဆက်တွေကို အဆက်လိုက် ဖြစ်ပေါ်စေနိုင်တယ်ဆိုတာ မြင်သာမှာပါ။ ရေနေသတ္တဝါတွေ၊ ပင်လယ်ရေအောက် ဂေဟနစ်တွေ၊ အပြင်လူတွေကိုပါ ထိခိုက်စေနိုင်ပြီး ပင်လယ်ရေညစ်ညမ်းတာ၊ စီးပွားရေးထိခိုက်တာနဲ့ ကျန်းမာရေးထိခိုက်တာမျိုးတွေပါ ဖြစ်စေနိုင်တာကြောင့် မဖြစ်ခင်သေချာ ကြိုတင်ကာကွယ်တာနဲ့ ဖြစ်ပြီဆိုလဲ လျင်မြန်ထိရောက်နဲ့ တုံ့ပြန်မှုတွေကို
934
ပင်လယ်၊ သမုဒ္ဒရာထဲ ရေနံစိမ်းယိုဖိတ်မှု၏ အကျိုးဆက်များ
-----------------------------------------------
EHS Myanmar | 26.7.2024
သဘာ၀တွင်းထွက် ရေနံစိမ်းတွေကို လူသားတွေ ရှေ့နှစ်ပေါင်းများစွာကစလို့ ရေနံဆီမီးအိမ်လေးတွေကနေ စသုံးလာခဲ့တာ ယနေ့ခေတ်အထိပါပဲ။ နည်းပညာတွေ တိုးတက်မြင့်မားလာတာနဲ့အမျှ တစ်နှစ်ထက်တစ်နှစ် ရေနံစိမ်းထုတ်လုပ်မှုတွေက များပြားလာသလို၊ ရေနံစိမ်းလိုအပ်လာမှုနှုန်းကလည်း ကမ္ဘာ့နေရာအနှံ့အပြားမှာ ကျသွားတာမျိုးမရှိဘဲ တိုးလာနေဆဲပါ။
ဒီလို ၀ယ်လိုအားများနေတဲ့ ရေနံစိမ်းတွေကို ရေနံစိမ်း ကုမ္ပဏီတွေကနေ သယ်ယူပို့ဆောင်မှုတွေ လုပ်ကြတဲ့အခါ အဓိက နည်းလမ်းကြီး လေးခုဖြစ်တဲ့
၁) ပိုက်လိုင်း
၂) သင်္ဘော
၃) ရထား နဲ့
၄) ဆီတင်ကားတို့ကို အကွာအဝေး၊ နေရာဒေသနဲ့ ပမာဏအပေါ်မူတည်ပြီး အသုံးပြုကြပါတယ်။
ရေနံစိမ်း ယိုဖိတ်မှုဆိုတာကတော့ လူသားတွေရဲ့ လုပ်ဆောင်ချက်တွေကြောင့် ပင်လယ်၊ သမုဒ္ဒရာထဲကို ရေနံစိမ်းတွေ မတော်တဆ ယိုဖိတ်သွားခြင်းကို ဆိုလိုပါတယ်။ ဒီမတော်တဆတွေထဲမှာ ရေနံစိမ်းပိုက်လိုင်း ပေါက်သွားတာ၊ ရေနံစိမ်းတင်သင်္ဘောတွေ မှောက်တာ၊ ပင်လယ်ပြင်ထဲက ရေနံစိမ်းတူးဖော်တဲ့စင်တွေမှာ အမှားအယွင်းတွေဖြစ်သွားတာတို့ ပါဝင်ပါတယ်။
သမိုင်းကိုပြန်ကြည့်မယ်ဆိုရင်လည်း ရေနံစိမ်း တစ်နှစ်၊တစ်နှစ် ယိုဖိတ်မှုကြိမ်နှုန်းနဲ့ ပမာဏတွေက အလွန်များပြားလွန်းပြီး တစ်ကြိမ်ယိုဖိတ်မှုဖြစ်ရင် ရေနံစိမ်း ဂါလန်ပေါင်းထောင်ချီကနေ သန်းချီထိကို ပင်လယ်ပြင်ထဲယိုဖိတ်ကြပါတယ်။ ဒီလိုယိုဖိတ်မှုတွေဖြစ်တဲ့အခါ သဘာ၀ပတ်၀န်းကျင်၊ ရေနေသတ္တဝါတွေနဲ့ လူသားတွေအပေါ် မကောင်းတဲ့ အကျိုးသက်ရောက်မှုမျိုးစုံကို ဖြစ်ပေါ်စေပါတယ်။
အကျိုးသက်ရောက်မှုတွေက ရေနံစိမ်းယိုဖိတ်တဲ့ ပမာဏနဲ့ နေရာဒေသပေါ်မူတည်ပြီးတော့ ကွဲပြားနိုင်ပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက်ကို ရေနံစိမ်းတွေယိုဖိတ်တာနဲ့ ဒီဆီတွေက ယိုဖိတ်သွားတဲ့နေရာတင်သာမက ပမာဏပေါ်မူတည်ပြီး အကျယ်က တဖြည်းဖြည်းပြန့်သွားမှာပါ။ ရေထက် သိပ်သည်းဆနည်းတဲ့ အတွက်ကြောင့်လဲ ရေထဲမပျော်၀င်သွားဘဲ ရေမျက်နှာပြင်အထက်မှာပဲ နေရာကျယ်လာရင်း ပါးလွှာတဲ့ အလွှာအနေနဲ့ ရေမျက်နှာပြင်ကို ဖုံးလွှမ်းသွားမှာပါ။
ဒီလိုရေနံစိမ်းတွေယိုဖိတ်မှုဖြစ်ပြီဆိုရင် ပင်လယ်၊ သမုဒ္ဒရာ ဂေဟစနစ်၊ ရေနေသတ္တဝါ နဲ့ ပင်လယ်ငှက်တွေအပြင် လူသားတွေဆီကိုပါ တိုက်ရိုက်အားဖြင့်သော်လည်းကောင်း၊ သွယ်ဝိုက်၍ အားဖြင့်သော်လည်းကောင်း မကောင်းတဲ့သက်ရောက်မှုတွေအများကြီးဖြစ်လာစေပါတယ်။
တိုက်ရိုက်သက်ရောက်မှုများ
- အဆိပ်အတောက်ဖြစ်စေခြင်း
ရေနေသတ္တဝါတွေက ယိုဖိတ်ထားတဲ့ ရေနံဆီနဲ့ တိုက်ရိုက်ထိတွေ့မိတဲ့အခါမှာ ကိုယ်ခန္ဓာအကြေးခွံတွေ၊ ပါးဟပ်တွေမှာ ရေနံစိမ်းတွေ ပေသွားတဲ့အတွက် အဆိပ်အတောက်ဖြစ်တာ၊ အသက်ရှူရအခက်အခဲဖြစ်တာ အစရှိတဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကနေတဆင့် အသက်ပါဆုံးရှုံးစေနိုင်တဲ့အထိကို ဖြစ်စေပါတယ်။ ပင်လယ်ငှက်တွေအတွက်လည်း ငါးဖမ်းဖို့အတွက် ပင်လယ်ထဲဆင်းဖို့ကြိုးစားကြတဲ့အခါမှာ (သို့) ရေအောက်ထဲငါးဖမ်းပြီး ပင်လယ်ပြင်မျက်နှာပြင် အထက်ကို ပျံတက်ဖို့ကြိုးစားကြတဲ့အခါမှာ အတောင်ပံတွေ မှာ ရေနံဆီတွေပေကျံပြီး ကပ်စေးသွားစေတဲ့အတွက် လေပေါ်ကိုပျံမတက်နိုင်တော့ဘဲ ရေနစ်အသက်ဆုံးတာမျိုးတွေ၊ နှုတ်သီးကနေတဆင့် ပါးစပ်ထဲကို ရေနံစိမ်းတွေ၀င်သွားတဲ့အခါမှာ ကိုယ်တွင်းအင်္ဂါရပ်တွေ ထိခိုက်တာမျိုးတွေဖြစ်စေနိုင်ပါတယ်။
- ကျက်စားရာနေရာများကို ထိခိုက်စေခြင်း
ရေနေသတ္တဝါတွေအသက်ရှင်နေထိုင်ဖို့အတွက် အရေးပါတဲ့ သန္တာကျောက်တန်းတွေနားမှာ ရေနံစိမ်းယိုဖိတ်မှုတွေဖြစ်ပွားခဲ့တယ်ဆိုရင် သန္တာကျောက်တန်းတွေရဲ့ နေရောင်ခြည်နဲ့ အောက်ဆီဂျင်ရရှိမှုအပေါ်မှာ အတားအဆီးဖြစ်စေပြီး သန္တာကျောက်တန်းတွေကို ဖန်တီးပေးတဲ့ သန္တာကောင်လေးတွေရဲ့ မျိုးပွားမှုနှုန်းကိုပါထိခိုက်စေပါတယ်။ အကျိုးဆက်အနေနဲ့ ကျန်းမာမှုမရှိတဲ့ သန္တာကျောက်တန်းတွေက ရေနေသတ္တဝါတွေကို ကောင်းကောင်းမကာကွယ်ပေးနိုင်တော့ဘဲ အပင်တွေမရှင်သန်စေနိုင်တော့တဲ့အတွက် အစာပြတ်လပ်မှုတွေကိုပါ ဖြစ်စေပါတယ်။
- ပင်လယ်ရေကို ညစ်ညမ်းစေခြင်း
ရေနံစိမ်းမှာပါ၀င်တဲ့ အဆိပ်သင့်စေတဲ့ hydrocarbon လို ဓာတုဓာတ်တွေက ပင်လယ်ရေထဲကို ပျော်၀င်သွားတဲ့အခါမှာ အချိန်အတော်ကြာ ညစ်ညမ်းစေတဲ့အတွက် အနီးနားတဝိုက်မှာရှိတဲ့ ပင်လယ်နေသတ္တဝါမျိုးစုံရဲ့ အသက်ဆက်ရှင်သန်မှုအပေါ်မှာ မကောင်းတဲ့သက်ရောက်မှုတွေ များစွာဖြစ်သွားစေပါတယ်။
တိုက်ရိုက်မဟုတ်သော အကျိုးသက်ရောက်မှုများ
- ပင်လယ်နေသတ္တဝါ အစာကွင်းဆက်ကို ထိခိုက်ခြင်း
ပင်လယ်နေသတ္တဝါ အစာကွင်းဆက်ရဲ့ အောက်ဆုံးမှာရှိနေတဲ့ အခြေခံအကျဆုံးအကောင်လေးတွေက “Phytoplankton” နဲ့ “Zooplankton” လို့ခေါ်တဲ့ အလွန်သေးငယ်တဲ့ သက်ရှိလေးတွေပါ။ ဒီသက်ရှိလေးတွေက ရေနံစိမ်းကထွက်တဲ့ အဆိပ်ဓာတုဓာတ်တွေနဲ့ ထိတွေ့မိတဲ့အခါမှာ အလွယ်တကူသေစေနိုင်ပါတယ်။ အစာကွင်းဆက်ရဲ့ အခြေခံအကျဆုံးဖြစ်တဲ့ သက်ရှိလေးတွေ နည်းပါးသွားတဲ့အခါမှာ တခြားသော အစာကွင်းဆက်ထဲက သက်ရှိတွေအတွက် တဖြည်းဖြည်းချင်း အစာရှားပါးမှုဒဏ်ကိုခံလာကြရပါတယ်။ သားကောင်ရှားပါးလာတဲ့အခါမှာ သားရဲတွေလည်း စားစရာနည်းပါးလာပြီး အစာရှားပါးမှုကနေတစ်ဆင့်
934
Celebrate the "International Day for the Conservation of the Mangrove Ecosystem" with us! 🌴
By working together to protect and restore mangrove ecosystems, we can ensure a healthier and more sustainable future for all. This July 26th, let’s commit to taking action and spreading awareness to conserve these invaluable natural treasures.
#EHSMyanmar #SaveMangroves #MangroveConservation #mangroveecosystem
934
သုတေသနများစွာပြုလုပ်ခြင်း၊ ခိုင်မာသောဥပဒေများချမှတ်ခြင်း၊ အသံဆူညံမှုအန္တရာယ် ကာကွယ်ရေးလုပ်ငန်းစဥ်များချမှတ်ခြင်းများ လုပ်ဆောင်သင့်ပေသည်။
လူသားတို့ဖန်တီးလိုက်သည့် ကျယ်လောင်လှသောအသံများကြောင့် ဖြစ်ပေါ်လာသည့် ပင်လယ်ပြင်အသံညစ်ညမ်းမှု၏ အကျိုးဆက်များကို ထိန်းချုပ်ရန် တစ်ဦးချင်း၊တစ်ဦးချင်းစီမှ အသံကျယ်လောင်စွာဖြင့် တိုက်တွန်းလုပ်ဆောင်ရန်လည်း လွန်စွာအရေးကြီးလှပေသည်။
ရေးသားသူ - ပိုးစုန်းကြူး (EHS Myanmar)
ကိုးကား - earth.org, Humane Society International, Marine Insight
---------------------------------------------------------------------------
Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/
#EHSMyanmar #Ocean #OceanNoise #marineecosystem #Noisepollution
