uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку

EHS Myanmar

EHS Myanmar

Відкрити в Telegram

This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.

Показати більше
868
Підписники
-124 години
+27 днів
+230 днів
Архів дописів
photo content

ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်နေသော မြန်မာ့ဆင်များ ----------------------------------------------- EHS Myanmar | 28.10.2024 ဆင်သည် အကြီးဆုံးသော ကုန်းနေနို့တိုက်သတ္တဝါဖြစ်သည့်အပြင် ကိုယ်ထည်အကြီးဆုံးနှင့် ခွန်အားအကြီးဆုံး ကုန်းနေသတ္တဝါလည်းဖြစ်သည်။ ဆင်များကို ယေဘုယျအားဖြင့် အာရှဆင်နှင့် အာဖရိကဆင်ဟူ၍ (၂) မျိုး ခွဲခြားနိုင်သည်။ မြန်မာ့ဆင်သည် အာရှဆင်မျိုးစိတ်တစ်ခု ဖြစ်သည်။ အာရှဆင်များသည် အာဖရိကဆင်များနှင့် ပုံစံအမျိုးမျိုး ကွဲပြားသည်။ အာဖရိကဆင်များသည် ဦးထိပ်လုံး၍ နားရွက်ကြီးသည်။ မြန်မာ့ဆင်များသည် ဦးထိပ်ခွက်၍ နားရွက်သေးသည်။ မြန်မာ့ဆင်မျိုး၏ နှာမောင်းသည် ပြောင်ချော၍ အဖျားသို့ တဖြည်းဖြည်းသွယ်သွားသည်။ အဖျား၌ နှုတ်ခမ်းတစ်ခုတည်းသာရှိသည်။ အာဖရိကဆင်များသည် မြန်မာ့ဆင်များထက် ပို၍ကြီးမားသည်။ များသောအားဖြင့် အရပ် (၁၁) ပေအထိရှိပြီး မြန်မာ့ဆင်များသည် အရပ် (၁၀) ပေအောက်ရှိသည်။ မြန်မာ့ဆင်များသည် ယေဘုယျအားဖြင့် မီးခိုးရောင်မှ အညိုရင့်ရောင်အထိရှိပြီး မျက်နှာ၊ နားနှင့် နှာမောင်းတို့တွင် ပန်းရောင် သို့မဟုတ် အဝါရောင် အမှတ်အသားများ ပါလေ့ရှိသည်။ မြန်မာ့ဆင်များသည် ပဲခူးရိုးမ၊ ရခိုင်ရိုးမ၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ် နေရာအနှံ့အပြားတွင် နေထိုင်ကျက်စားကြသည်။ 🐘ဘာကြောင့် မြန်မာ့ဆင်တွေက အရေးကြီးတာလဲ? မြန်မာ့ဆင်များသည် နိုင်ငံ၏ သမိုင်း၊ ယဉ်ကျေးမှုနှင့် စီးပွားရေးတွင်လည်း အရေးကြီးသော ကဏ္ဍအဖြစ် ပါဝင်နေသည်။ ရှေးခေတ်က မြန်မာဘုရင်များသည် စစ်မက်ပြိုင်ရာတွင် ဆင်ကို စစ်အင်အားတစ်ခုအနေဖြင့် အသုံးပြုခဲ့ကြသည်။ ထိုမျှသာမက မြန်မာဘုရင်များသည် မိမိတို့ ပိုင်ဆိုင်သော ဆင်ဖြူအရေအတွက်ကို ဂုဏ်ယူဖွယ်တစ်ရပ်အနေဖြင့် ဘွဲ့အမည်တွင် ထည့်သွင်းမှည့်ခေါ်လေ့ရှိကြသည်။ ရှေးယခင်ကတည်းက ဆင်များကို စစ်ပွဲများအတွက်သာမက သစ်ထုတ်လုပ်ရေးလုပ်ငန်းများတွင်လည်း အသုံးပြုခဲ့ကြသည်။ မြန်မာ့ဆင်သည် မြန်မာ့သစ်ထုတ်လုပ်ရေးတွင် အရေးပါသော သတ္တဝါဖြစ်သည်။ စက်ယန္တရားများ မဝင်ရောက်နိုင်သောနေရာများတွင် ဆင်ကို အသုံးပြု၍ သယ်ယူပို့ဆောင်မှု ပြုကြသည်။ ယနေ့ခေတ်တိုင်အောင်လည်း သစ်ထုတ်လုပ်ငန်းများတွင် ဆင်များကို အသုံးပြုနေဆဲဖြစ်သည်။ မြန်မာ့ဆင်များသည် ခန္ဓာကိုယ်အရွယ်အစားကြီးမားသော်လည်း တစ်နေ့တာကို မိုင်ပေါင်းများစွာ လမ်းလျှောက်၍ မြက်များ၊ မျှစ်များ၊ အသီး အရွက်များနှင့် အမြစ်များကို ရှာဖွေစားသောက်ကြရသည်။ ဤသို့ဖြင့် ၎င်းတို့စားသုံးလိုက်သော အသီးအနှံများ၏ အစေ့များက အူလမ်းကြောင်းအတွင်းမှတစ်ဆင့် နောက်ဆုံးတွင် မြေကြီးပေါ်သို့ မျိုးစေ့အနေဖြင့် ပြန်ကျရောက်လာပြီးနောက် အပင်များပေါက်ရောက်စေသည်။ ဆင်များမှ စွန့်ထုတ်လိုက်သော အညစ်အကြေးများသည်လည်း အပင်များ ရှင်သန်ကြီးထွားရန်အတွက် မြေဆီလွှာကို သဘာဝဓာတ်မြေဩဇာ ရရှိစေသည်။ 🐘 မြန်မာ့ဆင်များကို ဘယ်အရာများက ခြိမ်းခြောက်မှု ဖြစ်နေသလဲ? ယခုအခါ လူဦးရေတိုးပွားလာသည်နှင့်အမျှ ဆင်များနေထိုင်ကျက်စားရာနေရာများထိပါ လူတို့ ချဲ့ထွင်နေထိုင်လာသောကြောင့် ဆင်များ ကျက်စားရာနယ်မြေများ နည်းပါးလာခြင်း၊ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ဆင်များ နေထိုင်ရာနေရာကို ပျက်စီးစေသော လမ်းများ၊ တံတားများ၊ တူးမြောင်းများနှင့် ခြံစည်းရိုးများကဲ့သို့သော အခြေခံအဆောက်အဦးများ တည်ဆောက်ခြင်းတို့ကြောင့် ဆင်များ နေထိုင်ကျက်စားရာ နေရာများ ဆုံးရှုံးလာသည့်အပြင် တရားမဝင် အမဲလိုက်သတ်ဖြတ်မှုများကြောင့်လည်း သဘာဝတောဆင်များ တဖြည်းဖြည်း လျော့နည်းကျဆင်းလာသည်။ ယနေ့တွင် မြန်မာ့ဆင်များသည် ခန့်မှန်းခြေအားဖြင့် အကောင်ရေ (၇၀,၀၀) အောက်သာ ကျန်ရှိတော့သည်။ ထို့ကြောင့် မြန်မာ့ဆင်များကို IUCN Red List တွင် မျိုးသုဉ်းလုနီးပါးမျိုးစိတ်အဖြစ် စာရင်းသွင်းထားသည်။ ထို့ကြောင့် မြန်မာတို့၏ရတနာဟု တင်စားခေါ်ဝေါ်သော မြန်မာ့မြေပေါ်မှ အဖိုးတန်မြန်မာ့ဆင်များ မျိုးတုန်းပျောက်ကွယ်မသွားရန် ထိရောက်သော မူဝါဒများ ချမှတ်ခြင်း၊ လူထုအားအသိပညာပေးခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် မြန်မာ့မြေပေါ်မှ ရတနာမြန်မာ့ဆင်များ မျိုးတုန်းပျောက်ကွယ်မသွားရန် ထိန်းသိမ်းကာကွယ်စောင့်ရှောက်သင့်ကြောင်း အကြံပြုရေးသားလိုက်ရပါသည်။ ရေးသားသူ - Kyaw Naing (EHS Myanmar) ကိုးကား - www.fauna-flora.org, www.gvi.co.uk, Burmese Orchid --------------------------------------------------------------------------- Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #elephant #elephantconservation #asiaelephant #africaelephant #myanmarelephant #endangeredspecies

photo content

Quiz Campaign for World Cities Day by EHS Myanmar —------------------------------------------------------------------------------------------- EHS Myanmar : 26-10-2024 ဒီနေ့မှာတော့ EHS Myanmar အနေနဲ့ UN- Habitat မှာ စာရင်းပေးသွင်းထားတဲ့ Quiz Campaign လေးကို ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။💁‍♂️💁‍♂️ Campaign မှာ ဘယ်လိုပါဝင်ရမှာလဲဆိုတော့…. 👉အောက်မှာဖော်ပြထားတဲ့ Google form မှာ မေးခွန်းလေးတွေဖြေရမှာဖြစ်ပါတယ် 👉အခု post လေးကိုလဲ အများသိအောင် #Worldcitiesday ဆိုတဲ့ hashtag လေးနဲ့ share ပေးသွားရမှာဖြစ်ပါတယ်။ 👉Share ထားတဲ့ screenshot လေးကို အခု post အောက်မှာ comment ပြပေးရမှာဖြစ်ပါတယ်။ ဒီအချက် ၃ ချက်လုံးနဲ့ ပြည့်စုံတယ်ဆိုရင်တော့ EHS Myanmar မှ Certificate လေးကို ၇ရက်အတွင်း email မှတဆင့် ပေးပို့သွားမှာ ဖြစ်ပါတယ်ဗျ။🙆‍♂️ Google Form Link>>>> https://forms.gle/FQ8BDW9syugVhyBQ9 မေးခွန်းလေးတွေက World Cities Day နဲ့ပတ်သတ်ပြီးမေးထားတဲ့ မေးခွန်းလေးတွေဖြစ်လို့ ကိုယ့်ရဲ့ knowledge ဘယ်လောက်ရှိလဲ သိနိုင်တဲ့အပြင် အောက်တိုဘာ (၃၁)ရက်နေ့မှာ ကျရောက်တဲ့ World Cities Day အတွက်လဲ တစိတ်တစ်ဒေသ ပါဝင်ပြီးသားဖြစ်လို့ Campaign လေးမှာ ပါဝင်ပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်ဗျ…🥰 #Worldcitiesday #EHSMyanmar #Campaign

photo content

🌟 Call for a Trainer: ISO 14001 Awareness Training 🌟 EHS Myanmar is on the lookout for a trainer to conduct an ISO 14001 Environmental Management System Awareness Short-Training for our team! 🌍 If you have a strong background in environmental management systems and a passion for sustainability, we want to hear from you! Details: Training Type: Online ISO 14001 Awareness Basics Training Duration: ∼ 4 Hours Total Number of Participants: 2-3 Objectives: To equip team members with a basic understanding of ISO 14001 standards and principles to improve environmental management practices for the community. Requirements: Proven experience in delivering ISO 14001 training and/or a deep understanding of environmental management principles. If you or someone you know is interested in this opportunity, please reach out to us via email at hr.ehsmyanmar@gmail.com along with your CV, training outlines, duration, and fees. The application deadline is October 30, 2024. (Please note that only the shortlisted candidates will be contacted.) Read More Details Here: https://themimu.info/sites/themimu.info/files/jobs/Calling_for_ISO_Trainer_EHSMyanmar.pdf #EHSMyanmar #ISO14001 #callfortrainer

photo content

မျိုးသုဥ်းပျောက်ကွယ်ရန် အန္တရာယ်ရှိနေသော မြန်မာ့မြေမှ တိကလေးများ ----------------------------------------------- EHS Myanmar | 25.10.2024 ရာသီဥတုပြောင်းလဲမှု၊ သစ်တောပြုန်းတီးမှု၊ စိုက်ပျိုးမြေနေရာများချဲ့ထွင်မှု၊ အလွန်အကျွံဖမ်းယူမှု၊ တရားမဝင်ရောင်းဝယ်‌ဖောက်ကားမှုတို့ကြောင့် မြန်မာအပါအဝင် ကမ္ဘာ့နေရာအနှံ့အပြားတွင် ဇီဝမျိုးစုံမျိုးကွဲ လျော့ပါးမှုအန္တရာယ်များ တွေ့ကြုံနေရသည်။ မြန်မာ့မြေမှ မျိုးသုဥ်းပျောက်ကွယ်ရန် အန္တရာယ်တွေ့ကြုံနေရသော တိရစ္ဆာန်ဟု ဆိုလိုက်လျှင် ဧရာဝတီလင်းပိုင်လေးများ၊ ပုပ္ပါးလန်ဂါနှင့် ပန်ဒါနီတို့မှာ လူသိများလှသည်။ သို့သော် မျိုးသုဥ်းမှုအန္တရာယ်တွေ့ကြုံနေရသော တိကလေးများမှာ များစွာကျန်နေပေသေးသည်။ ယခုဆောင်းပါးတွင် သာမန်လူသိပ်မသိသေးလောက်မည့် မျိုးသုဥ်းမှုအန္တရာယ်နှင့် တွေ့ကြုံနေရသော တိရစ္ဆာန် (၃)မျိုးအကြောင်းကို ဖော်ပြလိုက်ပါသည်။ ၁။ မြန်မာ့ကြယ်လိပ် (Burmese Star Tortoise) မြန်မာ့ဌာနေရင်းမျိုးစိတ်ဖြစ်သည့် မြန်မာ့ကြယ်လိပ်သည် လိပ်ခွံပေါ်တွင် ကြယ်ပုံသဏ္ဌာန်အကွက်ပါသည့် လိပ်မျိုးစိတ်ဖြစ်ပါသည်။ ၎င်းတို့ဟာ အပူပိုင်းခြောက်သွေ့တောတွင် ရှင်သန်ကြသည့် ကုန်းနေလိပ်တွေဖြစ်ကြပြီး များသောအားဖြင့် နေ့ခင်းဘက်တွင် လှုပ်ရှားသက်ဝင်ကြသည်။ အသီးအရွက်စားတိရစ္ဆာန်လေးများဖြစ်ကြပြီး ရံဖန်ရံခါ ပတ်ကျိ၊ အင်းဆက်နှင့် တီကောင်တို့ကိုလည်း စားတတ်ကြသည်။ သန္ဓေလွယ်ရသည့် ကာလမှာ ရက် ၂၀၀ ဝန်းကျင်ခန့်ဖြစ်ပြီး တစ်ခါဥ ဥလျှင် ၄ကောင်မှ ၇ကောင်အထိဥလေ့ရှိ၏။ အရွယ်ရောက်ရန်မှာ ၆ နှစ်မှ ၈နှစ်အထိကြာလေ့ရှိသည်။ သက်တမ်းမှာ နှစ် ၅၀ ဝန်းကျင်ဖြစ်သည်။ မြန်မာ့ကြယ်လိပ်တို့သည် အသားရရန်နှင့် တိုင်းရင်းဆေးဝါးတွင် ထည့်သွင်းအသုံးပြုရန်အစရှိသည့် ရည်ရွယ်ချက်များဖြင့် ရောင်းဝယ်ဖောက်ကားမှုများကြောင့် မျိုးသုဥ်းမှု အန္တရာယ်နှင့် ကြုံနေရပေသည်။ ၂။ မြန်မာနှာလန်မျောက် (Myanmar Snub-nose Monkey) မြန်မာနှာလန်မျောက်သည် မြန်မာနိုင်ငံ ကချင်ပြည်နယ်နှင့် တရုတ်နိုင်ငံ ယူနယ်ပြည်နယ်တို့တွင် နေထိုင်ကျက်စားကြသည့် မျောက်မျိုးစိတ်ဖြစ်ပါသည်။ ၂၀၁၀ ခုနှစ်တွင် ပရိုင်းမိတ်မျိုးစိတ်ကို အထူးပြုလေ့လာသည့်အဖွဲ့တစ်ခုက ပထမဦးဆုံး တရားဝင်မှတ်တမ်းစတင်ခဲ့သည်ဟု ဖော်ပြကြပါသည်။ မြန်မာနှာလန်မျောက်သည် အသက်ရှုကြပ်နေသည့်ပုံစံ သို့မဟုတ် နှာစေးနေသည့်ပုံစံဖြစ်နေသည့် အပေါ်လန်နေသော နှာခေါင်းပေါက်များပိုင်ဆိုင်ကြသည်။ ‌ပေ ၈၅၀၀ မှ ၁၀၀၀၀ ကြားရှိသော အနည်းငယ်စိုထိုင်းသည့် အမြဲစိမ်းသစ်တောနှင့် ခြောက်သွေ့အေးမြသည့် ထင်းရှုးတောတို့ကို ပိုမိုနှစ်ခြိုက်ကြ၏။ ဆောင်းရာသီတွင် နှင်းကျသည့် တောင်ထိပ်ဆီမှ အနိမ့်ပိုင်းသို့ ဆင်းလာလေ့ရှိသည်။ အသီးအရွက်စား မျောက်မျိုးစိတ်များဖြစ်ပြီး ဆောင်းရာသီတွင်မူ ဆာလောင်သည့်ဒဏ်ကို ကာကွယ်ရန် သစ်ခေါက်များတွင် ‌ပေါက်လေ့ရှိသည်ံ့ လိုင်ခံ (lichen) ကိုစားကြသည်။ မြန်မာနှာလန်မျောက်သည် ဖေဖော်ဝါရီဝန်းကျင်တွင် သားပေါက်လေ့ရှိပြီး အပြာနုရောင်မျက်နှာနှင့် တစ်ကိုယ်လုံးဖြူဖွေးနေသည့် အမွှေးများရှိသည့် နှာလန်မျောက်လေးများကို သားဖွားသည်။ တောရိုင်းဇီဝဗေဒပညာရှင်များသည် တောထဲတွင် မြန်မာနှာလန်မျောက်အကောင်ရေ ၄၉၀ မှ ၆၂၀ ခန့်သာ ကျန်ရှိတော့သည်ဟု ခန့်မှန်းထားကြသည်။ ၃။ ဧရာဝတီငါးမန်း (Irrawady River Shark) ဧရာဝတီငါးမန်းသည် ဌာနေရင်းအရှေ့အိန္ဒိယသမုဒ္ဒရာမှ အပူပိုင်း‌ရေချိုတွင် ကျက်စားလေ့ရှိသည်။ ဒီရေတော၏ ကြမ်းခမ်းပြင်နားတွင်လည်း နေထိုင်ကြသည်။ မြန်မာနိုင်ငံတွင် ဧရာဝတီမြစ်ထဲတွင် တွေ့ရလေ့ရှိသည်။ မီးခိုးရောင်ရှိပြီး အသားထူသည့် ခန္ဓာကိုယ်၊ ခုံးနေသည့် နှာခေါင်းနှင့် ပါးစပ်စပ်ကြားနေရာ၊ မျက်စံသေးသေးနှင့် ကျယ်ပြန့်သည့် ပထမကျောဘက်ရေယပ်ကို ပိုင်ဆိုင်ထားကြသည်။ ပါးစပ်မှာ ကျယ်ပြီး အပေါ်မေးရိုးနှင့် ‌အောက်မေးရိုးတွင် သွား ၂၉ ချောင်းရှိသည်။ သေးငယ်သည့် သွားရှိသည့် ဧရာဝတီငါးမန်းဆိုလျှင် ၎င်းအမဲလိုက်သည့် ငါးမှာ ငါးအသေးလေးများသာဖြစ်မည်ဟု ကောက်ချက်ချနိုင်ပေသည်။ ဤမျိုးစိတ်ငါးမန်းတွေသည် ရှားပါးပြီး ဖမ်းယူရရှိမှုသည်လည်း မှတ်တမ်းမရှိပေ။ သန္ဓေလွယ်သည့်ကာလနှင့် အရွယ်ရောက်သည့် ကာလမှာ ကြာရှည်လှပေသည်။ အကောင်အရေအတွက် နည်းပါးသည့်အပြင် ကျင်လည်ကျက်စားသည့်နေရာ ဖျက်ဆီးခံရခြင်းများကြောင့် မျိုးသုဥ်းလုနီးပါးအန္တရာယ်ကျရောက်နိုင်သော မျိုးစိတ်အဖြစ် သတ်မှတ်ထားသည်။ ပိုးစုန်းကြူး (EHS Myanmar) မှ ကောက်နှုတ်ရေးသားသည်။ ကိုးကား - IUCN, WWF, Wikipedia, Turtle Survival Alliance, New England Primate Conservancy, Sharkwater --------------------------------------------------------------------------- Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #endangeredspecies #burmesestartortoise #myanmarsnubnosedmonkey #IrrawadyRiverShark #myanmarwildlife

အာဆီယံဒေသရှိ မျိုးသုဉ်းပျောက်ကွယ်လုနီးပါး မျိုးစိတ် (၅) မျိုး 🦛🐠‼️ ပြုစုသူ - နိုင်ကျော်လူ ကိုးကားကြမ်း - Britannica.com, ww
+5
အာဆီယံဒေသရှိ မျိုးသုဉ်းပျောက်ကွယ်လုနီးပါး မျိုးစိတ် (၅) မျိုး 🦛🐠‼️ ပြုစုသူ - နိုင်ကျော်လူ ကိုးကားကြမ်း - Britannica.com, wwf.org.uk, asesg.org, dw.com, animalia.bio, animalinfo.org, myanmarbiodiversity.org, worldatlas.com. #EHSMyanmar #endangeredspecies #ASEAN

အာဆီယံဒေသရှိ မျိုးသုဉ်းပျောက်ကွယ်လုနီးပါး မျိုးစိတ် (၅) မျိုး 🦛🐠‼️ ပြုစုသူ - နိုင်ကျော်လူ ကိုးကားကြမ်း - Britannica.com, wwf.org.uk, asesg.org, dw.com, animalia.bio, animalinfo.org, myanmarbiodiversity.org, worldatlas.com. #EHSMyanmar #endangeredspecies #ASEAN

Stay Tuned ❕❕ EHS Myanmar အနေနဲ့ အောက်တိုဘာလ (၃၁) ရက်နေ့မှာ ကျရောက်တဲ့ "World Cities Day"ကို ဂုဏ်ပြုသောအားဖြင့် အွန်လိုင်း ကမ
Stay Tuned ❕❕ EHS Myanmar အနေနဲ့ အောက်တိုဘာလ (၃၁) ရက်နေ့မှာ ကျရောက်တဲ့ "World Cities Day"ကို ဂုဏ်ပြုသောအားဖြင့် အွန်လိုင်း ကမ်ပိန်းလေးစီစဉ်ထားပါတယ်။ မကြာခင် တင်သွားပေးမှာမို့ ဆက်လက်စောင့်မျှော်ကြည့်ရှုပေးကြပါ။ World Cities Day, 2024ရဲ့ Themeကို သိရင် commentမှာ ပြောသွားပေးနော်။ #EHSMyanmar #WorldCitiesDay

သီတင်းကျွတ်အခါသမယမှာ ကျန်းမာရွှင်လန်းကြပါစေကြောင်း EHS Myanmar အဖွဲ့ဝင်များမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ #EHSMyanmar #Thadi
သီတင်းကျွတ်အခါသမယမှာ ကျန်းမာရွှင်လန်းကြပါစေကြောင်း EHS Myanmar အဖွဲ့ဝင်များမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ #EHSMyanmar #ThadingyutFestival

photo content

ဘာကြောင့် ဇီ၀မျိုးစိတ်တွေ မျိုးတုန်းမသွားအောင် ထိန်းသိမ်းကာကွယ်သင့်တာလဲ? ----------------------------------------------- EHS Myanmar | 15.10.2024 ဇီ၀မျိုးကွဲတွေ စုံလင်လှတဲ့ ကမ္ဘာမြေကြီးဟာ အခုဆိုရင် မျိုးတုန်းတော့မယ့် အန္တရာယ်နဲ့ရင်ဆိုင်နေရတဲ့ တိရစ္ဆာန်တွေပိုမိုများပြားလာတဲ့ အခြေအနေကို ကြုံနေရပါပြီ။ တောရိုင်းတိရစ္ဆာန်တွေမျိုးတုန်းလာမှုဟာ အခု ၂၁ ရာစုမှာ အများကြီး မြင့်တက်နေပြီး၊ ဒါဟာ ကမ္ဘာစဖြစ်တည်လာချိန်ကစလို့ သမိုင်းတစ်လျှောက် လူသားတွေကြောင့် ဖြစ်လာမယ့် အကြီးမားဆုံးနဲ့ အမြန်ဆုံးသော မျိုးတုန်းပျောက်ကွယ်မှုကြီး ဖြစ်လာလိမ့်မယ်လို့လည်း သိပ္ပံပညာရှင်တွေက မှတ်ချက်ပေးနေကြပါတယ်။ IUCN ရဲ့ မှတ်တမ်းတွေအရ မျိုးတုန်းပျောက်ကွယ်ဖို့ အနီရောင်အဆင့်ထိရှိနေပြီဖြစ်တဲ့ ဇီ၀မျိုးစိတ်ပေါင်းက ၁၆၃,၀၀၀ ကျော်ထိရှိနေပြီး၊ အဲ့ဒီထဲက ဇီ၀မျိုးစိတ် ၄၅,၃၀၀ ကျော်ဟာ မျိုးတုန်းဖို့ အရမ်းနီးကပ်နေတဲ့ အဆင့်မှာရှိနေပါတယ်။ ဒါဟာ ကမ္ဘာပေါ်မှာရှိနေတဲ့ ဇီ၀မျိုးစိတ်ပေါင်းရဲ့ ၂၈ % ဟာ မျိုးတုန်းပျောက်ကွယ်ဖို့ အန္တရာယ်ရှိနေပြီဆိုတဲ့ အခြေအနေပါ။ ဒီလို ဇီ၀မျိုးစိတ်အရေအတွက်တွေ လျော့နည်းလာတာက ဂေဟစနစ်ကြီးအပေါ်မှာ အများကြီး ထိခိုက်မှုရှိပါတယ်။ လူသားအပါအ၀င် ကမ္ဘာပေါ်က သက်ရှိအားလုံးဟာ ရှင်သန်၊ နေထိုင်ဖို့အတွက် အချင်းချင်း “ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ” မှီခိုထားကြရတာပါ။ ဒီလို သက်ရှိအားလုံး အချင်းချင်းချိတ်ဆက်ပြီး၊ မှီခိုထားရတာဖြစ်တဲ့အတွက်ကြောင့် တစ်ခုက လဲပြီဆိုရင်၊ ကျန်တဲ့ အရာတွေမှာလည်း ဆက်ပြီး ထိခိုက်မှုတွေရှိပါတယ်။ ဇီ၀မျိုးစိတ်တိုင်းက များနေတာ၊ နည်းနေတာမျိုးတွေမရှိဘဲ မျှခြေအနေအထားမှာရှိနေမှသာ ဂေဟစနစ်ကြီးက ကျန်းမာပြီး၊ ဒီဂေဟစနစ်ကြီးထဲမှာ ရှင်သန်နေတဲ့ ဇီ၀မျိုးစိတ်တိုင်းအတွက် အဆင်ပြေစေမှာဖြစ်ပါတယ်။ ဥပမာ - ဆင်တွေဆိုတာ အစာကွင်းဆက်ရဲ့ အပေါ်ဆုံးမှာရှိနေတဲ့ တိရစ္ဆာန်တွေပါ။ သူတို့ စားသုံးလိုက်တဲ့ အသီးအနှံတွေရဲ့ အစေ့တွေက မြေကြီးပေါ်ကိုကျတဲ့အခါမှာ၊ အချိန်တစ်ခုရောက်လာရင် အပင်တွေပြန်ပေါက်လာပါတယ်။ ဒါက အပင်တွေ ပိုမိုပေါက်ရောက်စေဖို့ အကူအညီဖြစ်စေပြီး၊ ဒီအပင်တွေက အချိန်တစ်ခုရောက်လာရင် တခြားသော တိရစ္ဆာန်တွေအတွက် နေထိုင်စရာအိမ်နဲ့ စားစရာအစားအစာတွေကို ဖြည့်ဆည်းပေးပါတယ်။ ဆင်တွေဆီကနေ စွန့်ထုတ်လိုက်တဲ့ အညစ်အကြေးတွေဟာလည်း မြေဆီလွှာအတွက် မြေဩဇာကောင်းစေပါတယ်။ ဆင်တွေဟာ သောက်ရေရဖို့ မြေကြီးကို တူးတဲ့အခါမှာလည်း တခြား တိရစ္ဆာန်တွေအတွက်ပါ သောက်သုံးစရာရေ ဖြည့်ဆည်းပေးပြီးသားဖြစ်သွားပါတယ်။ ဒီလို ဇီ၀မျိုးစိတ်မျိုးစုံနဲ့ သဘာ၀တရားကြီးကို အထောက်အကူဖြစ်စေတဲ့ ဆင်မျိုးစိတ်တွေက လူတွေရဲ့ လုပ်ရပ်တွေကြောင့် အရေအတွက်အများကြီး လျော့နည်းလာတဲ့အခါမှာ စောစောကပြောခဲ့တဲ့ ဆင်တွေရဲ့ သဘာ၀တရားအပေါ် အကျိုးပြုနိုင်မှုတွေကလည်း လျော့နည်းလာပြီး၊ သူ့ကို မှီခိုထားတဲ့ တခြားသော ဇီ၀မျိုးစိတ်တွေအတွက်ကိုပါ အထိနာလာပါတယ်။ သဘာ၀တရားထဲက ဇီ၀မျိုးကွဲတိုင်းဟာ လူသားတွေနဲ့ တစ်နည်းမဟုတ် တစ်နည်း ပတ်သက်ဆက်နွယ်နေပြီး၊ အဖိုးတန်တဲ့အရင်းအမြစ်တွေဖြစ်တာကြောင့် ဒီဇီ၀မျိုးစိတ်တွေ မျိုးတုန်းမှုမဖြစ်အောင် ကာကွယ်ပေးဖို့က အလွန်အရေးကြီးပါတယ်။ လူသားတွေရဲ့ လုပ်ရပ်တွေကြောင့် မျိုးတုန်းလုနီးပါးဖြစ်တဲ့ ဇီ၀မျိုးစိတ်အရေအတွက်ဟာ တနေ့ထက်တနေ့ ပိုပိုများလာတာကြောင့် ဇီဝမျိုးစိတ်တွေကို ထိန်းသိမ်းကာကွယ်ဖို့ လူသားတွေမှာ တာ၀န်အပြည့်အ၀ရှိပါတယ်။ ရေးသားသူ - Asta (EHS Myanmar) ကိုးကား - bornfree.org.uk , news.climate.columbia.edu --------------------------------------------------------------------------- Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #endangeredspecies #endangeredanimals #EndangeredSpeciesDay #biodiversityconservation #biodiversityloss

photo content

ဒီနေ့က "အပြည်ပြည်ဆိုင်ရာ အီလက်ထရောနစ်စွန့်ပစ်ပစ္စည်း အသိပညာပေးရေးနေ့ (International E-Waste Day)" ဖြစ်ပါတယ် 💡 ကမ္ဘာလုံးဆိုင်ရာ အီလက်ထရောနစ် စွန့်ပစ်ပစ္စည်း စောင့်ကြည့်ရေးအဖွဲ့ (Global E-waste Monitor) ရဲ့ အစီရင်ခံစာအရ ကမ္ဘာတစ်ဝန်းလုံးမှာ ၂၀၂၂ ခုနှစ်အတွင်း အီလက်ထရောနစ် စွန့်ပစ်ပစ္စည်း (E-waste) ကီလိုပေါင်း ၆၂ ဘီလီယံအထိ စွန့်ပစ်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီပမာဏက e-waste တင်ထားတဲ့ ထရပ်ကားပေါင်း ၁.၅၅ သန်းကို ကမ္ဘာ့အီကွေတာတစ်လျှောက် စီတန်းထားတာနဲ့ ညီမျှပါတယ်။ ၂၀၃၀ ပြည့်နှစ်ရောက်တဲ့အခါ E-waste ပမာဏက ကီလိုပေါင်း ၈၂ ဘီလီယံအထိ ရောက်ရှိလိမ့်မယ်လို့လည်း ခန့်မှန်းထားကြပါတယ်။ ယခုလက်ရှိမှာဆိုရင် E-waste ထွက်ရှိတဲ့ ပမာဏက ၂၀၁၀ ခုနှစ်တည်းက ပုံမှန် Recycling အတွက် ပြန်လည်စုဆောင်းနေတဲ့ နှုန်းထားနဲ့ ယှဥ်ကြည့်ရင် ၅ ဆ ပိုမြန်နေပါတယ်။ ဒီလို ကမ္ဘာလုံးဆိုင်ရာပြဿနာကို ကူညီဖြေရှင်းဖို့ရန်အတွက် နှစ်စဥ် အောက်တိုဘာလ ၁၄ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အီလက်ထရောနစ် စွန့်ပစ်ပစ္စည်း အသိပညာပေးရေးနေ့ (International E-Waste Day) ဆိုပြီး သတ်မှတ်ကျင်းပလေ့ရှိပါတယ်။ WEEE Forum ကနေစတင်ခဲ့တဲ့ ဒီအသိပညာမြှင့်တင်ရေးပွဲဟာ e-waste ကို စည်းကမ်းနဲ့အညီ စီမံခန့်ခွဲ့မှုရဲ့ အရေးပါပုံနဲ့ ဖြေရှင်းနည်းတွေကို တစ်ဦးတစ်ယောက်ချင်းစီက အသိပညာရရှိနိုင်တဲ့အထိ ရည်မှန်းထားပါတယ်။ ယခင်နှစ်ကဆိုရင် နိုင်ငံပေါင်း ၅၅ နိုင်ငံမှ ကုမ္ပဏီအဖွဲ့အစည်းပေါင်း ၁၉၅ ခုက အသိပညာပေးပွဲများ ကျင်းပခြင်း၊ အီလက်ထရောနစ်စွန့်ပစ်ပစ္စည်းများ ကောက်ယူခြင်း၊ လူမှုကွန်ယက် ကမ်ပိန်းများစီစဥ်ခြင်းတို့ကို ပြုလုပ်ကာ ပါဝင်ခဲ့ကြပါတယ်။ ယခုနှစ်ကတော့ “Join the e-waste hunt - retrieve, recycle, and revive” ဆိုတဲ့ ခေါင်းစဥ်‌အောက်ကနေ ကျင်းပကြမှာဖြစ်ပြီး အိမ်မှာ အသုံးမပြုဘဲ သိမ်းထားတဲ့ လျှပ်စစ်ပစ္စည်းလေးတွေမှာ အသစ်တဖန် အသက်သွင်းလို့ရတဲ့ တန်ဖိုးရှိပစ္စည်းအပိုင်းအစလေးတွေ ပါဝင်တယ်ဆိုတဲ့အကြောင်းကို ဦးတည်ပါတယ်။ အဲ့ဒီ့စွန့်ပစ်လျှပ်စစ်ပစ္စည်းတွေထဲမှာ ပလပ်ပေါက်များ၊ ကေဘယ်ကြိုး၊ ဘက်ထရီအပြင် များသောအားဖြင့် လူတွေ သတိမမူမိတတ်ကြတဲ့ ဖုန်းအဟောင်းတွေ၊ USB drive တွေ၊ Card reader တွေ၊ ဂိမ်းစက်တွေနဲ့ တခြားပစ္စည်းတွေလည်း ပါဝင်ပါတယ်။ ဒီနှစ်အသိပညာပေးရေးနေ့မှာတော့ အိမ်မှာရှိတဲ့ မသုံးဖြစ်တော့တဲ့ လျှပ်စစ်ပစ္စည်းတွေနဲ့ ကျိုးပဲ့နေတဲ့ လျှပ်စစ်ပစ္စည်းတွေကို ရှင်းလင်းဖယ်ရှားဖို့နဲ့ အသုံးဝင်တဲ့နေရာတွေဆီပို့ဖို့ ရည်မှန်းထားပါတယ်။ ယခုလိုလုပ်ခြင်းအားဖြင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျှော့ချခြင်း၊ စွမ်းအင်ရင်းမြစ်ထိန်းသိမ်းခြင်း၊ စွမ်းအင်နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ချွေတာခြင်းတို့ကို အကျိုးသက်ရောက်စေမှာ ဖြစ်ပါတယ်။ Content - ပိုးစုန်းကြူး (EHS Myanmar) --------------------------------------------------------------------------- Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #InternationalEWasteDay #EWaste #WEEEForum #electronicwaste

photo content

ဒီနေ့ အောက်တိုဘာလ (၁၃) ရက်နေ့က "အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်လျှော့ချရေးနေ့ (International Day for Disaster Risk Reduction)" ဖြစ်ပါတယ်။ ဒီနေ့မှာ YSSW (Yangon School of Social Work) နဲ့ Shwe Minn Tha Foundation (Myanmar) တို့ရဲ့ ပံ့ပိုးကူညီပေးမှုနဲ့အတူ “ထိခိုက်လွယ်သောလူမှုအသိုင်းအဝိုင်းအတွက် သဘာဝဘေးဒဏ်ခံနိုင်ရည်ရှိမှု" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောပွဲလေးတစ်ခုကိုလည်း ကျွန်တော်တို့ EHS Myanmar မှ စီစဉ်ကျင်းပခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ဟောပြောပွဲလေးမှာစေတနာအပြည့်နဲ့ ပါဝင်ဆွေးနွေးပေးခဲ့ကြတဲ့ ကျွမ်းကျင်ပညာရှင်များနဲ့ စိတ်ပါဝင်စားစွာ အချိန်ပေး တက်ရောက်ခဲ့ကြသူများကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။ နောင်အခါများမှာလည်း EHS Myanmar မှ သဘာဝဘေးအန္တရာယ်လျှော့ချရေး အစီအစဉ်များနဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပညာပေး အစီအစဉ်များကိုလည်း တတ်အားသရွေ့ လုပ်ဆောင်သွားပါမယ်။ ဒီနေ့ ဟောပြောပွဲလေးကို မတက်ရောက်နိုင်ခဲ့တဲ့သူများအတွက်လည်း မကြာခင်မှာ EHS Myanmar ရဲ့ Podcast Channel များနဲ့ YouTube Channel မှာ တင်ဆက်ပေးသွားဖြစ်လို့ စောင့်မျှော်ပေးကြပါဦးနော်။ --------------------------------------------------------------------------- Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #disasterriskreduction #disasterpreparedness #naturaldisaster #internationaldayfordisasterriskreduction

photo content

“ထိခိုက်လွယ်သောလူမှုအသိုင်းအဝိုင်းအတွက် သဘာဝဘေးဒဏ်ခံနိုင်ရည်ရှိမှု" ဆွေးနွေးဟောပြောပွဲ —-------------------------------------------------------------------- EHS Myanmar x YSSW x SMTF | 4.10.2024 ⛈️ အောက်တိုဘာလ (၁၃) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာဘေးအန္တရာယ်လျှော့ချရေး နေ့ (၂၀၂၄) ခုနှစ် ကိုဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံအတွင်းရှိ ထိခိုက်လွယ်သော လူမှုအသိုင်းအဝိုင်း များအတွက် အထူးသဖြင့် မသန်စွမ်းသူများ၊ LGBTQ+ များ၊ အမျိုးသမီးများ နှင့် ကလေးသူငယ်များ အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာခံနိုင်ရှည်ရှိမှုကို ဆွေးနွေးနိုင်ရန်ဟောပြောပွဲစီစဉ်ထားပါတယ်။ 🤝 ယခု ဟောပြောပွဲကို EHS Myanmar မှ ဦးစီးကျင်းပပြီး YSSW (Yangon School of Social Work) နှင့် Shwe Minn Tha Foundation (Myanmar) တို့မှ ပံ့ပိုးကူညီပေးထားပါတယ်။ 🚨 မြန်မာနိုင်ငံအတွင်းကြုံတွေ့နေရသော သဘာဝဘေးအန္တရာယ်များ အကြောင်းနှင့် ကြုံတွေ့လာပါက ထိခိုက်ခံစားရဆုံးသူများအကြောင်းကို ဆွေးနွေးသွားမည့်အပြင် ဘေးအန္တရာယ်လျော့ချရေး၊ ရာသီဥတု နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာကိစ္စများကို ကျွမ်းကျင်ပညာရှင်များမှ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ 📣 အထူးအစီအစဉ်တရပ်အနေနဲ့ အကြားအာရုံမသန်စွမ်းသူများအတွက် လက်သင်္ကေတပြဘာသာ စကားကိုလဲ EHS Myanmar နှင့် YSSW တို့မှ ပူးပေါင်းစီစဉ်ထားရှိပေးထားပါတယ်။ 🇲🇲 ယခုဆွေးနွေးပွဲကို United Nations Office for Disaster Risk Reduction (UNDRR) တွင် မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် တရားဝင်စာရင်းပေးသွင်းထားပြီးဖြစ်လို့ တက်ရောက်သူများကို လည်း Certificate of Attendance (COA) ပေးအပ်သွားမှာဖြစ်ပါတယ်။ 📌 ဒါကြောင့်စိတ်ဝင်စားလို့ ဝင်ရောက်နားထောင်လေ့လာချင်တယ်ဆိုင်လျှင်တော့ အောက်တိုဘာလ (၁၁) ရက်နေ့ မတိုင်မီ စာရင်းပေးထားဖို့တော့လိုပါမယ်နော်။ စာရင်းသွင်းရန် - https://docs.google.com/forms/d/e/1FAIpQLSeo_vvxjh7TE52X-FJmumYdJUwHCPCXXyhLBVJWt2BF23F8eQ/viewform?usp=sf_link ကျင်းပမည့်နေရက်။ ။ အောက်တိုဘာလ (၁၃) ရက်နေ့ (တနင်္ဂနွေနေ့) ကျင်းပမည့်အချိန်။ ။ မနက် (၁၀) နာရီ မှ နေ့လည် (၁၂) နာရီထိ။ ကျင်းပမည့်နေရာ။ ။ ZOOM Conference Meeting #EHSMyanmar #YSSW #SMTF #IDRR #2024 #disasterrisk #Myanmar #paneldiscussion