BAM Channel
Відкрити в Telegram
4 705
Підписники
-824 години
-567 днів
-26730 днів
Архів дописів
4 704
Ramadan Ondash vs. Suriyanlek Face Off (Ondash က Suriyanlek ကို လက်ချောင်းနဲ့ အမူအရာပြပြီး မျက်နှာချင်းဆိုင်ဖို့ စိန်ခေါ်ခဲ့ပါတယ်)😂😂
ဒီနှစ်ယောက်ကတကယ့် အကြမ်းစားတွေပါ။ Ondash ကလည်း အလဲထိုးဆရာပဲ၊ ဆူရီယမ်လက်ကတော့ အားလုံးသိတဲ့အတိုင်း မာဂုဏ်ဆရာကြီးဖြစ်ပါတယ်။ အခုပဲ ကျတော့မလိုလိုနဲ့ ပြိုင်ဘက်တွေကို အနိုင်ယူလေ့ရှိတဲ့သူပါ။
အမှတ်အဆုံးအဖြတ်ရောက်နိုင်ချေရှိပါတယ်။ ပထမ ၂ ချီမှာ Suriyanlek တော်တော်ခံရလိမ့်မယ်၊ ကျရင်လည်းကျနိုင်ပါတယ်။ ဒါပေမယ့် ပြန်ထပြီး အမှတ်အဆုံးအဖြတ်ထိ ခေါ်သွားမယ်ထင်ပါတယ်။
Ondash ကလည်း အလဲထိုးဖို့အလဲထိုးဖို့ ဆန္ဒစောလွန်းလေ့ရှိပြီး ရူးရူးမိုက်မိုက်ကစားတတ်သူမို့ ခံရနိုင်ပါတယ်။
နှစ်ယောက်လုံး Knockdown ကျနိုင်ပါတယ်။ အမှတ်အဆုံးအဖြတ်ရောက်ရင်တော့ အားလုံးသိတဲ့အတိုင်း Suriyanlek နိုင်ဖို့များပါတယ်။ ဒါပေမယ့် Suriyanlek က Ondash ကို Knockdown ကျအောင် မထိုးနိုင်ရင်တော့ Ondash ပဲ အမှတ်နဲ့နိုင်သွားဖို့များပါတယ်။
Ondash ကတော့ Suriyanlek ကို Knockdown ကျအောင် ထိုးနိုင်ဖို့များပါတယ်၊ အဲဒါနဲ့ပဲ အမှတ်မှာ အသာရသွားမယ်ထင်ပါတယ်။
4 704
+1
နက်ဖြန်ည ONE inner circle နှင့် Friday Fights ပွဲစဉ်များ၊
Inner circle ရဲ့ ခေါင်ပွဲ Ramadan Ondash vs. Suriyanlek ပွဲတော့ အကြမ်းဆုံးဖြစ်မှာ သေချာပါတယ်။
4 704
9 နှစ်အတွင်း နိုင်ပွဲတစ်ပွဲတည်းပဲ ရခဲ့တဲ့ Conor ကြီးရဲ့ တစ်ကျော့ပြန် UFC ခရီး အဆင်ပြေပါ့မလား?🤔🤔🤔
၂၀၁၇ ကတည်းက နိုင်ပွဲပျောက်နေခဲ့တာ၊ ၂၀၁၈ မှာ Khabib ကို ရှုံးတယ်။ ၂၀၂၀ နှစ်ဆန်းပိုင်းမှာ Donald Cerrone နဲ့ 170 မှာထိုးပြီး၊ စက္ကန့် ၄၀ အတွင်းသူ့ကိုအလဲထိုးနိုင်ခဲ့ပါတယ်။ အဲဒီနောက် ၂၀၂၁ မှာ Dustin Poirier နဲ့ ၂ ပွဲလုံးအလဲထိုးတွေနဲ့ရှုံးပြီး အခုထိ ပြန်မထိုးသေးတာပါ။
သူပွဲထိုးမယ့် ဇူလိုင် ၁၂ ရက်နေ့ဆိုရင် သူအားယူသွားတာ ၅ နှစ်တိတိပြည့်မှာပါ။ ဒီလောက်ပွဲဝေးထားတဲ့ အသက် ၃၈ နှစ်အရွယ်ကြီး တစ်ကျော့ပြန်ခရီး အဆင်ပြေပါ့မလား???
Conor ရဲ့အနားယူစဉ်အတွင်း Max Holloway ကတော့ ၈ ပွဲထိုးပြီး ၅ ပွဲနိုင်ထားပါတယ်။ Charles Oliveira, Ilia Topuria, Alex Volkanovski တို့ ကိုပဲ ရှုံးတာပါ။
Max အတွက် စိုးရိမ်စရာတစ်ခုကတော့ ဝိတ်ပါပဲ၊ သူက ၁၅၅ ကစားသမား၊ Conor နဲ့ ၁၇၀ မှာ ထိုးရတော့မှာပါ။
4 704
Saw Min Min ကတော့ မာဂုဏ်ဆရာကြီး Yodletkpet နဲ့နောက်လ ၅ ရက်မှာ ပွဲရှိပါတယ်။
ကိုယ့်လူက ဒီပွဲမှာ မာဂုဏ်နဲ့ဆော့လို့တော့မရဘူး။ စောမင်းမင်းအတွက် တော်တော်ခက်ခဲတဲ့ပြိုင်ဘက်ပါပဲ။
4 704
Conor: "ငါးနှစ်အနားယူခဲ့တယ်၊ အခုတော့ ပြန်လမ်းဆန်းပြီ၊ အဆင်သင့်ပဲ၊ ပြိုင်ဘက်ကတော့ ငါအရင်ကနိုင်ဖူးတဲ့သူပါ။ သူကလည်း UFC ချန်ပီယံဟောင်း၊ တကယ်နာမည်တစ်လုံးတည်ဆောက်ပြီးသားသူပါ။"
"July 11 ရက်မှာ ကျုပ်ပြန်လာပါပြီ"💪💪💪
4 704
Pantoja: "Van ရေ ငါနဲ့ပြန်ထိုးဖို့ ငါ့ကို အိုတဲ့ထိမစောင့်ခိုင်းပါနဲ့ကွာ" တဲ့။ 😅
"Dana White ကလည်း ဒီပွဲကို တည်ချင်တယ်လို့ပြောတယ်၊ ကျတော်ကိုယ်တိုင်ကလည်း လိုချင်တယ်။ ကိုယ့်ခါးပါတ်ကို အဲလိုကြီးရှုံးပြီး ပြန်ထိုးဖို့...ထိုးချင်တာပေါ့။" ဆိုပြီး Full Send MMA နဲ့ Podcast အစီအစဉ်မှာ ပြောခဲ့တာဖြစ်ပါတယ်။
ဆိုတော့ Pantoja က သူ့အသက်အကြောင်းကို စဉ်းစားနေပြီလားလို့ တွေးမိပါတယ်။ 😅
4 704
+3
Joshua Van, Malaysia ကိုရောက်ပြီး ပရိတ်သတ်တွေနဲ့ Meet & Greet လည်းလုပ်ခဲ့ပြီးပါပြီ။ လာမယ့် ၂၇ ရက်မှာတော့ Chin Refugee Committee ရဲ့ နှစ်ပတ်လည်ပွဲကို တက်ရောက်မယ်လို့ သိရပါတယ်။
ပရိတ်သတ်တွေနဲ့တွေ့ဆုံမှုကိုတော့ ဖြူဖြူကျော်သိန်းနဲ့အတူလုပ်ခဲ့တာပါ။
ထိုင်းဘက်တော့ ဘယ်တော့ ဘယ်လိုလာမလဲ၊ မသိရသေးပါ
4 704
💪💪June 26 မှာ Imangazaliev vs. Ortikov တို့ 135 Muay Thai ခါးပါတ် လုကြမှာပါ။
အားလုံးသိတဲ့အတိုင်း Imangazaliev က Nong-O နဲ့ လုခဲ့ရပေမယ့် ရေဓာတ်မအောင်ခဲ့တာကြောင့် ခါးပါတ်နဲ့လွဲချော်ခဲ့တာပါ။
Ortikov အတွက်တော့ ပထမဆုံး ခါးပါတ်စိတ်ခေါ်ခွင့်ရခြင်းဖြစ်ပါတယ်။
ဒီပွဲကတော့ လောလောဆယ် ONE ရဲ့ အကောင်းဆုံးပွဲလို့ပြောရမယ်ထင်တယ်။
4 704
Van ကတော့ UFC Flyweight သမိုင်းမှာ Significant Strikes landed အရေအတွက် အများဆုံးဖြစ်လာမှာ သေချာသလောက်ကို ဖြစ်နေပါတယ်။
လက်ရှိအများဆုံးက 1308 နဲ့ Brandon Moreno ဖြစ်ပါတယ်။ Moreno က ပွဲပေါင်း 20 မှာ အဲလောက် ရခဲ့တာပါ။ အခု Van က 11 ပွဲနဲ့ 1230 ရပြီဖြစ်ပြီး Pantoja, Demetrious Johnson တို့ကို ကျော်ခဲ့ပြီဖြစ်ပါတယ်။
Moreno ရဲ့ စံချိန်ကိုချိုးဖို့ 79 ချက်သာလိုပါတော့တယ်။ သူ့ရဲ့နောက်ပွဲသာ ၂ ချီလောက်ကြာရင် ဒီစံချိန်ကို ချိုးဖျက်နိုင်မှာ သေချာပါတယ်။
4 704
ဒီတစ်ပတ် Inner Circle ပွဲတွေပါ။ မြန်မာတော့ မပါဘူး၊ ရိုးရိုးပွဲစဉ်မှာ ပါလားမလား စောင့်ကြည့်ရမယ်။
4 704
Van က နောက်ပွဲသာနိုင်ရင် UFC Flyweight သမိုင်းမှာ (Pantoja နဲ့အတူ) ဒုတိယ နိုင်ပွဲဆက်အများဆုံးဖြစ်လာမှာပါ။
DJ ရဲ့ 13 ပွဲဆက်နိုင် မှတ်တမ်းကို ကျော်နိုင်မလား...
4 704
+1
Oleksandr Usyk က Rico Verhoven ကို 11 ချီမှာပဲ ဒိုင်ပွဲရပ်နဲ့ အနိုင်ယူလိုက်ပါတယ်။
တယ်တော့ Usyk က အမှတ်နဲ့ရှုံးနေခဲ့တာပါ။ 10 ချီမှာ 3 ချီလောက်ပဲ နိုင်ခဲ့တာပါ။ အဲဒါကြောင့် အလဲထိုးမှ ရမယ်ဆိုတဲ့စိတ်နဲ့ လာတယ်ထင်တယ်...
ဒိုင်ပွဲရပ်တာလည်း နည်းနည်းစောတယ် ပြောရမာ်၊ TKO ကတော့ ဖြစ်ဖို့များပါတယ်၊ ဒါပေမယ့် သေချာအောင် ပေါ့။ ဘယ်လိုပဲ ပြောပြော Usyk 11 ချီမှာ TKO နဲ့နိုင်ပါတယ်။
Kickboxing champion ကြီး Rico က မထင်ထားတာတွေ လုပ်ပြသွားနိုင်ခဲ့ပါတယ်။
4 704
UFC Abu Dhabi, July 29 မှာ Ankalaev vs. Khalil Rountree တို့ ခေါင်ပွဲထိုးကြမယ်လို့ သိရပါတယ် ။ Kickboxing သမား နှင့် Muay Thai သမား ပွဲ။
4 704
Nabati ကြီး အမှတ်ကပ်သီနဲ့ Yod-IQ ကို ရှုံးပါတယ်။ ကျတော်ကတော့ Nabati နိုင်တယ်ထင်တာ။ တော်တော်လေး လက်ရည်ညီတာပါ။ ဒါပေမယ့် Damage ကြောင့်ပဲ Yod-IQ ကို အနိုင်ပေးတယ်ထင်ပါတယ်၊ Nabati ကြီးညာဘက်မျက်ခုံးနားထိလို့ သွေးတရဲရဲဖြစ်သွားတာ။ တကယ်တော့ Nabati က ပိုလွှမ်းမိုးတာပါ။
4 704
Freddie Haggerty က Yonis Anane ကို အမှတ်နဲ့နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ Yonis သာတယ်ထင်တာပဲ၊ ဒါပေမယ့် England သားပဲ အနိုင်ရသွားပါတယ်။
အရှုံးလို့တောင် မှတ်ယူလို့မရတဲ့ ရလဒ်မျိုးပါ။ တော်တော်လေး မတိမ်းမယိမ်းပါပဲ။
4 704
+1
Liu Mengyang က Pereira ကို အမှတ်ပြတ်ဖြင့် နိုင်လိုက်ပါတယ်။ ပွဲပြီး အင်တာဗျူးပေးမယ်ထင်တာ မပေးဘူးဗျာ်။
တော်တော်လေး လက်ရည်ညီခဲ့ပါတယ်။
4 704
Vero Nika က Kana ကို အမှတ်နဲ့နိုင်ပါတယ်။ တကယ်ကိုကောင်းတဲ့ တိုးတက်မှုတွေ့ရပါတယ်။ သူရဲ့ ပထမဆုံး Kickboxing ပွဲဖြစ်ပေမယ့် အတော်လေးကိုကောင်းကောင်းပြင်ဆင်ပြီး ထိုးသွားတာတွေ့ရတယ်။
