es
Feedback
BAM Channel

BAM Channel

Ir al canal en Telegram

တိုက်ခိုက်ရေးအားကစားများသတင်းများ တင်ဆက်ပါသည်။

Mostrar más
4 696
Suscriptores
-824 horas
-567 días
-26730 días
Archivo de publicaciones
Ramadan Ondash vs. Suriyanlek Face Off (Ondash က Suriyanlek ကို လက်ချောင်းနဲ့ အမူအရာပြပြီး မျက်နှာချင်းဆိုင်ဖို့ စိန်ခေါ်ခဲ့ပ
Ramadan Ondash vs. Suriyanlek Face Off (Ondash က Suriyanlek ကို လက်ချောင်းနဲ့ အမူအရာပြပြီး မျက်နှာချင်းဆိုင်ဖို့ စိန်ခေါ်ခဲ့ပါတယ်)😂😂 ဒီနှစ်ယောက်ကတကယ့် အကြမ်းစားတွေပါ။ Ondash ကလည်း အလဲထိုးဆရာပဲ၊ ဆူရီယမ်လက်ကတော့ အားလုံးသိတဲ့အတိုင်း မာဂုဏ်ဆရာကြီးဖြစ်ပါတယ်။ အခုပဲ ကျတော့မလိုလိုနဲ့ ပြိုင်ဘက်တွေကို အနိုင်ယူလေ့ရှိတဲ့သူပါ။ အမှတ်အဆုံးအဖြတ်ရောက်နိုင်ချေရှိပါတယ်။ ပထမ ၂ ချီမှာ Suriyanlek တော်တော်ခံရလိမ့်မယ်၊ ကျရင်လည်းကျနိုင်ပါတယ်။ ဒါပေမယ့် ပြန်ထပြီး အမှတ်အဆုံးအဖြတ်ထိ ခေါ်သွားမယ်ထင်ပါတယ်။ Ondash ကလည်း အလဲထိုးဖို့အလဲထိုးဖို့ ဆန္ဒစောလွန်းလေ့ရှိပြီး ရူးရူးမိုက်မိုက်ကစားတတ်သူမို့ ခံရနိုင်ပါတယ်။ နှစ်ယောက်လုံး Knockdown ကျနိုင်ပါတယ်။ အမှတ်အဆုံးအဖြတ်ရောက်ရင်တော့ အားလုံးသိတဲ့အတိုင်း Suriyanlek နိုင်ဖို့များပါတယ်။ ဒါပေမယ့် Suriyanlek က Ondash ကို Knockdown ကျအောင် မထိုးနိုင်ရင်တော့ Ondash ပဲ အမှတ်နဲ့နိုင်သွားဖို့များပါတယ်။ Ondash ကတော့ Suriyanlek ကို Knockdown ကျအောင် ထိုးနိုင်ဖို့များပါတယ်၊ အဲဒါနဲ့ပဲ အမှတ်မှာ အသာရသွားမယ်ထင်ပါတယ်။

နက်ဖြန်ည ONE inner circle နှင့် Friday Fights ပွဲစဉ်များ၊ Inner circle ရဲ့ ခေါင်ပွဲ Ramadan Ondash vs. Suriyanlek ပွဲတော့ အကြ
+1
နက်ဖြန်ည ONE inner circle နှင့် Friday Fights ပွဲစဉ်များ၊ Inner circle ရဲ့ ခေါင်ပွဲ Ramadan Ondash vs. Suriyanlek ပွဲတော့ အကြမ်းဆုံးဖြစ်မှာ သေချာပါတယ်။

9 နှစ်အတွင်း နိုင်ပွဲတစ်ပွဲတည်းပဲ ရခဲ့တဲ့ Conor ကြီးရဲ့ တစ်ကျော့ပြန် UFC ခရီး အဆင်ပြေပါ့မလား?🤔🤔🤔 ၂၀၁၇ ကတည်းက နိုင်ပွဲပျောက
9 နှစ်အတွင်း နိုင်ပွဲတစ်ပွဲတည်းပဲ ရခဲ့တဲ့ Conor ကြီးရဲ့ တစ်ကျော့ပြန် UFC ခရီး အဆင်ပြေပါ့မလား?🤔🤔🤔 ၂၀၁၇ ကတည်းက နိုင်ပွဲပျောက်နေခဲ့တာ၊ ၂၀၁၈ မှာ Khabib ကို ရှုံးတယ်။ ၂၀၂၀ နှစ်ဆန်းပိုင်းမှာ Donald Cerrone နဲ့ 170 မှာထိုးပြီး၊ စက္ကန့် ၄၀ အတွင်းသူ့ကိုအလဲထိုးနိုင်ခဲ့ပါတယ်။ အဲဒီနောက် ၂၀၂၁ မှာ Dustin Poirier နဲ့ ၂ ပွဲလုံးအလဲထိုးတွေနဲ့ရှုံးပြီး အခုထိ ပြန်မထိုးသေးတာပါ။ သူပွဲထိုးမယ့် ဇူလိုင် ၁၂ ရက်နေ့ဆိုရင် သူအားယူသွားတာ ၅ နှစ်တိတိပြည့်မှာပါ။ ဒီလောက်ပွဲဝေးထားတဲ့ အသက် ၃၈ နှစ်အရွယ်ကြီး တစ်ကျော့ပြန်ခရီး အဆင်ပြေပါ့မလား??? Conor ရဲ့အနားယူစဉ်အတွင်း Max Holloway ကတော့ ၈ ပွဲထိုးပြီး ၅ ပွဲနိုင်ထားပါတယ်။ Charles Oliveira, Ilia Topuria, Alex Volkanovski တို့ ကိုပဲ ရှုံးတာပါ။ Max အတွက် စိုးရိမ်စရာတစ်ခုကတော့ ဝိတ်ပါပဲ၊ သူက ၁၅၅ ကစားသမား၊ Conor နဲ့ ၁၇၀ မှာ ထိုးရတော့မှာပါ။

Saw Min Min ကတော့ မာဂုဏ်ဆရာကြီး Yodletkpet နဲ့နောက်လ ၅ ရက်မှာ ပွဲရှိပါတယ်။ ကိုယ့်လူက ဒီပွဲမှာ မာဂုဏ်နဲ့ဆော့လို့တော့မရဘူး။ စော
Saw Min Min ကတော့ မာဂုဏ်ဆရာကြီး Yodletkpet နဲ့နောက်လ ၅ ရက်မှာ ပွဲရှိပါတယ်။ ကိုယ့်လူက ဒီပွဲမှာ မာဂုဏ်နဲ့ဆော့လို့တော့မရဘူး။ စောမင်းမင်းအတွက် တော်တော်ခက်ခဲတဲ့ပြိုင်ဘက်ပါပဲ။

မာဂုဏ်လည်း လိုတယ်နော် သားကြီးတို့ 😅😂😅 Khabib ရဲ့ မာချက်ကို တစ်ချက်ရှိုးကြည့် ☠️☠️

June 26 Inner Circle ပွဲကြီးများ... 💪💪💪
+3
June 26 Inner Circle ပွဲကြီးများ... 💪💪💪

Conor: "ငါးနှစ်အနားယူခဲ့တယ်၊ အခုတော့ ပြန်လမ်းဆန်းပြီ၊ အဆင်သင့်ပဲ၊ ပြိုင်ဘက်ကတော့ ငါအရင်ကနိုင်ဖူးတဲ့သူပါ။ သူကလည်း UFC ချန်ပီယံ
Conor: "ငါးနှစ်အနားယူခဲ့တယ်၊ အခုတော့ ပြန်လမ်းဆန်းပြီ၊ အဆင်သင့်ပဲ၊ ပြိုင်ဘက်ကတော့ ငါအရင်ကနိုင်ဖူးတဲ့သူပါ။ သူကလည်း UFC ချန်ပီယံဟောင်း၊ တကယ်နာမည်တစ်လုံးတည်ဆောက်ပြီးသားသူပါ။" "July 11 ရက်မှာ ကျုပ်ပြန်လာပါပြီ"💪💪💪

Pantoja: "Van ရေ ငါနဲ့ပြန်ထိုးဖို့ ငါ့ကို အိုတဲ့ထိမစောင့်ခိုင်းပါနဲ့ကွာ" တဲ့။ 😅 "Dana White ကလည်း ဒီပွဲကို တည်ချင်တယ်လို့ပြေ
Pantoja: "Van ရေ ငါနဲ့ပြန်ထိုးဖို့ ငါ့ကို အိုတဲ့ထိမစောင့်ခိုင်းပါနဲ့ကွာ" တဲ့။ 😅 "Dana White ကလည်း ဒီပွဲကို တည်ချင်တယ်လို့ပြောတယ်၊ ကျတော်ကိုယ်တိုင်ကလည်း လိုချင်တယ်။ ကိုယ့်ခါးပါတ်ကို အဲလိုကြီးရှုံးပြီး ပြန်ထိုးဖို့...ထိုးချင်တာပေါ့။" ဆိုပြီး Full Send MMA နဲ့ Podcast အစီအစဉ်မှာ ပြောခဲ့တာဖြစ်ပါတယ်။ ဆိုတော့ Pantoja က သူ့အသက်အကြောင်းကို စဉ်းစားနေပြီလားလို့ တွေးမိပါတယ်။ 😅

Joshua Van, Malaysia ကိုရောက်ပြီး ပရိတ်သတ်တွေနဲ့ Meet & Greet လည်းလုပ်ခဲ့ပြီးပါပြီ။ လာမယ့် ၂၇ ရက်မှာတော့ Chin Refugee Committ
+3
Joshua Van, Malaysia ကိုရောက်ပြီး ပရိတ်သတ်တွေနဲ့ Meet & Greet လည်းလုပ်ခဲ့ပြီးပါပြီ။ လာမယ့် ၂၇ ရက်မှာတော့ Chin Refugee Committee ရဲ့ နှစ်ပတ်လည်ပွဲကို တက်ရောက်မယ်လို့ သိရပါတယ်။ ပရိတ်သတ်တွေနဲ့တွေ့ဆုံမှုကိုတော့ ဖြူဖြူကျော်သိန်းနဲ့အတူလုပ်ခဲ့တာပါ။ ထိုင်းဘက်တော့ ဘယ်တော့ ဘယ်လိုလာမလဲ၊ မသိရသေးပါ

💪💪June 26 မှာ Imangazaliev vs. Ortikov တို့ 135 Muay Thai ခါးပါတ် လုကြမှာပါ။ အားလုံးသိတဲ့အတိုင်း Imangazaliev က Nong-O နဲ့
💪💪June 26 မှာ Imangazaliev vs. Ortikov တို့ 135 Muay Thai ခါးပါတ် လုကြမှာပါ။ အားလုံးသိတဲ့အတိုင်း Imangazaliev က Nong-O နဲ့ လုခဲ့ရပေမယ့် ရေဓာတ်မအောင်ခဲ့တာကြောင့် ခါးပါတ်နဲ့လွဲချော်ခဲ့တာပါ။ Ortikov အတွက်တော့ ပထမဆုံး ခါးပါတ်စိတ်ခေါ်ခွင့်ရခြင်းဖြစ်ပါတယ်။ ဒီပွဲကတော့ လောလောဆယ် ONE ရဲ့ အကောင်းဆုံးပွဲလို့ပြောရမယ်ထင်တယ်။

Van ကတော့ UFC Flyweight သမိုင်းမှာ Significant Strikes landed အရေအတွက် အများဆုံးဖြစ်လာမှာ သေချာသလောက်ကို ဖြစ်နေပါတယ်။ လက်ရှိအ
Van ကတော့ UFC Flyweight သမိုင်းမှာ Significant Strikes landed အရေအတွက် အများဆုံးဖြစ်လာမှာ သေချာသလောက်ကို ဖြစ်နေပါတယ်။ လက်ရှိအများဆုံးက 1308 နဲ့ Brandon Moreno ဖြစ်ပါတယ်။ Moreno က ပွဲပေါင်း 20 မှာ အဲလောက် ရခဲ့တာပါ။ အခု Van က 11 ပွဲနဲ့ 1230 ရပြီဖြစ်ပြီး Pantoja, Demetrious Johnson တို့ကို ကျော်ခဲ့ပြီဖြစ်ပါတယ်။ Moreno ရဲ့ စံချိန်ကိုချိုးဖို့ 79 ချက်သာလိုပါတော့တယ်။ သူ့ရဲ့နောက်ပွဲသာ ၂ ချီလောက်ကြာရင် ဒီစံချိန်ကို ချိုးဖျက်နိုင်မှာ သေချာပါတယ်။

ဒီတစ်ပတ် Inner Circle ပွဲတွေပါ။ မြန်မာတော့ မပါဘူး၊ ရိုးရိုးပွဲစဉ်မှာ ပါလားမလား စောင့်ကြည့်ရမယ်။
ဒီတစ်ပတ် Inner Circle ပွဲတွေပါ။ မြန်မာတော့ မပါဘူး၊ ရိုးရိုးပွဲစဉ်မှာ ပါလားမလား စောင့်ကြည့်ရမယ်။

Van က နောက်ပွဲသာနိုင်ရင် UFC Flyweight သမိုင်းမှာ (Pantoja နဲ့အတူ) ဒုတိယ နိုင်ပွဲဆက်အများဆုံးဖြစ်လာမှာပါ။ DJ ရဲ့ 13 ပွဲဆက်နို
Van က နောက်ပွဲသာနိုင်ရင် UFC Flyweight သမိုင်းမှာ (Pantoja နဲ့အတူ) ဒုတိယ နိုင်ပွဲဆက်အများဆုံးဖြစ်လာမှာပါ။ DJ ရဲ့ 13 ပွဲဆက်နိုင် မှတ်တမ်းကို ကျော်နိုင်မလား...

Oleksandr Usyk က Rico Verhoven ကို 11 ချီမှာပဲ ဒိုင်ပွဲရပ်နဲ့ အနိုင်ယူလိုက်ပါတယ်။ တယ်တော့ Usyk က အမှတ်နဲ့ရှုံးနေခဲ့တာပါ။ 10 ခ
+1
Oleksandr Usyk က Rico Verhoven ကို 11 ချီမှာပဲ ဒိုင်ပွဲရပ်နဲ့ အနိုင်ယူလိုက်ပါတယ်။ တယ်တော့ Usyk က အမှတ်နဲ့ရှုံးနေခဲ့တာပါ။ 10 ချီမှာ 3 ချီလောက်ပဲ နိုင်ခဲ့တာပါ။ အဲဒါကြောင့် အလဲထိုးမှ ရမယ်ဆိုတဲ့စိတ်နဲ့ လာတယ်ထင်တယ်... ဒိုင်ပွဲရပ်တာလည်း နည်းနည်းစောတယ် ပြောရမာ်၊ TKO ကတော့ ဖြစ်ဖို့များပါတယ်၊ ဒါပေမယ့် သေချာအောင် ပေါ့။ ဘယ်လိုပဲ ပြောပြော Usyk 11 ချီမှာ TKO နဲ့နိုင်ပါတယ်။ Kickboxing champion ကြီး Rico က မထင်ထားတာတွေ လုပ်ပြသွားနိုင်ခဲ့ပါတယ်။

Joshua Van က Vero Nika ကို ဂုဏ်ပြုခဲ့ပါတယ်။
Joshua Van က Vero Nika ကို ဂုဏ်ပြုခဲ့ပါတယ်။

UFC Abu Dhabi, July 29 မှာ Ankalaev vs. Khalil Rountree တို့ ခေါင်ပွဲထိုးကြမယ်လို့ သိရပါတယ် ။ Kickboxing သမား နှင့် Muay Thai
UFC Abu Dhabi, July 29 မှာ Ankalaev vs. Khalil Rountree တို့ ခေါင်ပွဲထိုးကြမယ်လို့ သိရပါတယ် ။ Kickboxing သမား နှင့် Muay Thai သမား ပွဲ။

Nabati ကြီး အမှတ်ကပ်သီနဲ့ Yod-IQ ကို ရှုံးပါတယ်။ ကျတော်ကတော့ Nabati နိုင်တယ်ထင်တာ။ တော်တော်လေး လက်ရည်ညီတာပါ။ ဒါပေမယ့် Damage
Nabati ကြီး အမှတ်ကပ်သီနဲ့ Yod-IQ ကို ရှုံးပါတယ်။ ကျတော်ကတော့ Nabati နိုင်တယ်ထင်တာ။ တော်တော်လေး လက်ရည်ညီတာပါ။ ဒါပေမယ့် Damage ကြောင့်ပဲ Yod-IQ ကို အနိုင်ပေးတယ်ထင်ပါတယ်၊ Nabati ကြီးညာဘက်မျက်ခုံးနားထိလို့ သွေးတရဲရဲဖြစ်သွားတာ။ တကယ်တော့ Nabati က ပိုလွှမ်းမိုးတာပါ။

Freddie Haggerty က Yonis Anane ကို အမှတ်နဲ့နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ Yonis သာတယ်ထင်တာပဲ၊ ဒါပေမယ့် England သားပဲ အနိုင်ရသွားပ
Freddie Haggerty က Yonis Anane ကို အမှတ်နဲ့နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ Yonis သာတယ်ထင်တာပဲ၊ ဒါပေမယ့် England သားပဲ အနိုင်ရသွားပါတယ်။ အရှုံးလို့တောင် မှတ်ယူလို့မရတဲ့ ရလဒ်မျိုးပါ။ တော်တော်လေး မတိမ်းမယိမ်းပါပဲ။

Liu Mengyang က Pereira ကို အမှတ်ပြတ်ဖြင့် နိုင်လိုက်ပါတယ်။ ပွဲပြီး အင်တာဗျူးပေးမယ်ထင်တာ မပေးဘူးဗျာ်။ တော်တော်လေး လက်ရည်ညီခဲ့ပ
+1
Liu Mengyang က Pereira ကို အမှတ်ပြတ်ဖြင့် နိုင်လိုက်ပါတယ်။ ပွဲပြီး အင်တာဗျူးပေးမယ်ထင်တာ မပေးဘူးဗျာ်။ တော်တော်လေး လက်ရည်ညီခဲ့ပါတယ်။

Vero Nika က Kana ကို အမှတ်နဲ့နိုင်ပါတယ်။ တကယ်ကိုကောင်းတဲ့ တိုးတက်မှုတွေ့ရပါတယ်။ သူရဲ့ ပထမဆုံး Kickboxing ပွဲဖြစ်ပေမယ့် အတော်လ
Vero Nika က Kana ကို အမှတ်နဲ့နိုင်ပါတယ်။ တကယ်ကိုကောင်းတဲ့ တိုးတက်မှုတွေ့ရပါတယ်။ သူရဲ့ ပထမဆုံး Kickboxing ပွဲဖြစ်ပေမယ့် အတော်လေးကိုကောင်းကောင်းပြင်ဆင်ပြီး ထိုးသွားတာတွေ့ရတယ်။