uk
Feedback
The Guy with the Name of "ဂန္ဓမာ"

The Guy with the Name of "ဂန္ဓမာ"

Відкрити в Telegram

ကျွန်တော်က မကြာခင် မျိုးသုန်းပျောက်ကွယ်တော့မယ့် ကဗျာဆရာပဲ ။ (၂၀၂၃)

Показати більше
Країна не вказанаКатегорія не вказана
2 726
Підписники
+1724 години
+797 днів
+38530 днів

Триває завантаження даних...

Схожі канали
Немає даних
Виникли проблеми? Будь ласка, оновіть сторінку або зверніться до нашого support-менеджера.
Хмара тегів
Немає даних
Виникли проблеми? Будь ласка, оновіть сторінку або зверніться до нашого support-менеджера.
Вхідні та вихідні згадування
---
---
---
---
---
---
Залучення підписників
вересень '26
вересень '26
+149
в 2 каналах
серпень '26
+559
в 3 каналах
Get PRO
липень '26
+698
в 3 каналах
Get PRO
червень '26
+1 385
в 4 каналах
Get PRO
травень '26
+12
в 3 каналах
Дата
Залучення підписників
Згадування
Канали
15 вересня+9
14 вересня+17
13 вересня+5
12 вересня+7
11 вересня+8
10 вересня+20
09 вересня+24
08 вересня+9
07 вересня+4
06 вересня+8
05 вересня+12
04 вересня+10
03 вересня+5
02 вересня+6
01 вересня+5
Дописи каналу
ကမ္ဘာကြီးအကြောင်းစဉ်းစားခဲ့တယ် မိုဟာမက်အကြောင်း စဉ်းစားခဲ့တယ် တိမ်တွေအကြောင်း စဉ်းစားခဲ့တယ် ရှိမနေတဲ့အရာတစ်ခုအကြောင်း စဉ်းစားခဲ့တယ် စောနကမြင်မိတဲ့တိမ်တွေ အခုမရှိတော့တာဟာလည်း သဘာဝတရားပါပဲ စောနက ဖြစ်ခဲ့တဲ့ ခံစားချက်တွေ အခုမရှိတော့တာဟာလည်း အကြောင်းတရားတစ်ခုပါပဲ ဗုဒ္ဓကို ပြန်ရှာတွေ့ခဲ့တယ် ယေရှုကို ပြန်ရှာတွေ့ခဲ့တယ် ငါ့ကိုယ်ငါ ပြန်ရှာတွေ့ခဲ့တယ် ။ ▪️ဂန္ဓမာ ▪️တဘဝစာဒသန

2
ပုန်းကွယ်နေတဲ့ ချစ်ခြင်းမေတ္တာဟာ ထင်ရှားပြနေတဲ့ ဟန်ဆောင်မှုတွေထက် ပိုနွေးထွေးပါတယ် ။ ▪️ဂန္ဓမာ
6 184
3
လွတ်လပ်ခြင်း နုပျိုခြင်းတွေ တဖြည်းဖြည်း ကုန်ဆုံးလို့ ၂၀၂၇ရောက်ဖို့ သုံးလသာ လိုပါတော့တယ် ။ ▪️ဂန္ဓမာ
1 205
4
နောက်ကိုလှည့်ကြည့်မိမှ  ကိုယ်တို့ဘယ်လောက်ဝေးသွားမှန်း  သိရတယ် ၊ သတိရခြင်းစက်တင်ဘာဟာ  သီချင်းတစ်ပုဒ်နဲ့အတူ ပြန်လည်ရောက်ရှိလို့၊ အဝေးက မာကျူရီမီးရောင်ဟာ  လွမ်းနေသူကိုပိုသတိရစေတယ်  ခေါ်ဆိုသူမရှိတဲ့ ဖုန်းတစ်လုံးနဲ့အတူ  တစ်နေရာရာကို ပြန်သွားနေမိခဲ့  ဒီနှစ်လည်း သတိရမှုဟာ  ဒီလူဆီမှာပဲ မပြောင်းမလဲ ကျန်ရှိနေခဲ့တယ် ။ ▪️ဂန္ဓမာ  ▪️သတိရခြင်းစက်တင်ဘာ
2 148
5
ရင်ခုန်စွာနိုးထခဲ့ရသော နှစ်ကာလများဆီ ငါ့ကိုပြန်ခေါ်သွားပေးပါ ။ •ဂန္ဓမာ
9 913
6
ဒီအချိန်ဆို မင်းလေးလည်းနှစ်ခြိုက်စွာအိပ်မောကျနေရောပေါ့ သတိရခြင်းရဲ့တိတ်ဆိတ်မှုဟာ မင်းအနားမှာ လေပြေလိုအေးပါစေကွယ် ။ ▪️ဂန္ဓမာ
12 654
7
အခုနှစ်ကာလတွေမှာ ကျနော်တို့ဝမ်းနည်းစရာတွေချည်းကြုံနေခဲ့ရတယ် ပြီးတော့ ဘဝဟာဆုံးရှုံးခြင်း ဝမ်းနည်းခြင်း ငိုကြွေးရခြင်းတွေနဲ့အဆုံးသတ်ရခြင်းပဲဆိုတာ ကျနော်တဖြည်းဖြည်းနားလည်လာတယ် ကျနော်တို့ ဘယ်လောက်ပဲရယ်မောခြင်းတွေနဲ့အစပြုခဲ့တစ်နေ့ပျက်စီးယိုယွင်းမှုတွေဟာ မလွဲမသွေရောက်လာလိမ့်မယ်ဆိုတာကို ကျနော်နားလည်လာတယ် ပြီးတော့ဘဝဖြစ်နေရခြင်းဟာ ဆင်းရဲဒုက္ခအတိဖြစ်ကြောင်းကိုကျနော်နားလည်လာတယ် ဒါတွေကလေ ကျနော်ဘာတစ်ခုကိုမှအဆိုးမြင်ပြီးရေးသားနေခဲ့တာမျိုးမဟုတ်တဲ့အကြောင်းပြောပြချင်တယ် အရှိတရားတစ်ခုကိုပဲ ကျနော်ရေးသားနေခဲ့တာ ဒီအချိန်မှာကျနော်ပြန်သတိရမိတဲ့စကားတစ်ခွန်းက ဘဝဟာ ဆင်းရဲဒုက္ခတစ်မျိုးပဲဆိုတဲ့မြတ်ဗုဒ္ဓရဲ့စကားတစ်ခွန်းပါပဲ ခွဲခွာခြင်းတွေကို မကြုံချင်တဲ့အခါစုံစည်းခြင်းတွေကိုကျနော်မျက်နှာလွှဲတက်လာတယ် ပျော်ရွှင်ခြင်းတွေအပေါ် တွယ်ငြိမိတိုင်း အဲ့အရာပျက်စီးသွားတဲ့အခါ ဖြစ်လာမယ့်ဆင်းရဲဒုက္ခပူလောင်ရခြင်းကို ကြိုမြင်တတ်လာတယ် ဘဝဟာ မမြဲခြင်းတရား ၊မမြဲခြင်းအပေါ်တွယ်ငြိမိတဲ့အခါ ဆင်းရဲခြင်းတရား ပြီးတော့ ကိုယ်...ဘာကိုမှထိန်းချုပ်လို့မရတဲ့တရားပါပဲ ကျနော်တို့တစ်ဘဝလုံးမှားယွင်းစွာမျှော်လင့်မိခဲ့တဲ့ အမြင်အမှားတွေအပေါ် တွယ်ငြိမှုကင်းသင့်ပြီ ၊ ကျနော်တို့အမှန်ကိုမြင်သင့်ပြီ ဒုက္ခဆိုတဲ့ဘဝချုပ်ငြိမ်းခြင်းရဲ့မဂ်ကို ဆိုက်ရောက်သင့်ပြီ ။ ▪️ဂန္ဓမာ ▪️၂၀၂၆ဘုရားမပွင့်သောနှစ်ကာလများ
3 626
8
အရာအားလုံးကို ဆုံးရှုံးလိုက်ရဖို့သက်သက် ငါတို့ ပိုင်ဆိုင်ခဲ့ရတယ် ။ ▪️ဂန္ဓမာ ▪️ဒုက္ခသစ္စာ
12 549
9
ကမ္ဘာကြီးပေါ်က လူတွေထွက်သွားကြတာ ပုံမှန်လိုပါပဲ။ တိမ်လို လေလို ကုက္ကိုရွက်တွေလို ပုံမှန်လိုပါပဲ။ လူတစ်ယောက် ဘဝထဲက လူတစ်ယောက် ထွက်သွားတာ ပုံမှန်လိုပါပဲ။ နာဖျားပြီး ကျန်ခဲ့သူတွေဟာလည်း ပုံမှန်လိုပါပဲ။ အချစ်ရေ ... ပုံမှန်လိုပါပဲ ။ ▪️ဂန္ဓမာ
3 011
10
ဘုရားမပွင့်တဲ့နှစ်ကာလတွေမှာ ကိုယ့်ဉာဏ်လေးနဲ့ကိုယ် တတ်နိုင်သလောက် မထိခိုက်မပွန်းပဲ့အောင်နေထိုင်နေရတယ် ။ ▪️ဂန္ဓမာ ▪️ဘုရားမပွင့်
ဘုရားမပွင့်တဲ့နှစ်ကာလတွေမှာ ကိုယ့်ဉာဏ်လေးနဲ့ကိုယ် တတ်နိုင်သလောက် မထိခိုက်မပွန်းပဲ့အောင်နေထိုင်နေရတယ် ။ ▪️ဂန္ဓမာ ▪️ဘုရားမပွင့်သောနှစ်ကာလများ
14 433
11
သပ်သပ်ရပ်ရပ် ရှပ်အင်္ကျီတစ်ထည် ဝတ်ခဲ့ပါတယ် အချစ်ရေးမှာတော့ ငါတို့ဟာ ပုံပျက်ပန်းပျက်ပါပဲ ။ ▪️ဂန္ဓမာ
သပ်သပ်ရပ်ရပ် ရှပ်အင်္ကျီတစ်ထည် ဝတ်ခဲ့ပါတယ် အချစ်ရေးမှာတော့ ငါတို့ဟာ ပုံပျက်ပန်းပျက်ပါပဲ ။ ▪️ဂန္ဓမာ
12 110
12
ကိုယ်လွတ်ကျခဲ့တဲ့နေရာမှာ ရှိကောင်းရှိနေနိုင်သေးတယ်ဆိုတဲ့အတွေးနဲ့ ခဏခဏ ပြန်လာရှာမိနေတာမျိုး ဖြစ်ဖူးလား စိတ်မကောင်းစရာက အဲ့နေရာမှာ မရှိနိုင်တော့မှန်း သိသိရက်တောင် ကျနော်တို့ မျှော်လင့်ချက်တွေကို အခုချိန်ထိ ပြန်မရုတ်သိမ်းနိုင်ခဲ့တာပါပဲ ။ ▪️ဂန္ဓမာ
11 241
13
အခုတ်ခံရတဲ့ အကိုင်းအခက်တွေအတွက် မနှမြောပါဘူး ထွက်ပြေးသွားတဲ့ သစ်ရွက်လေးကိုလည်း စိတ်မနာရက်ခဲ့ပါဘူး ကျနော်ဆက်လက်ရှင်သန်လျက်သာ ။ ▪️ဂန္ဓမာ
12 756
14
ကမ္ဘာကြီးကို ကယ်တင်ဖို့ထက် ကိုယ့်ကိုယ်ကိုယ် ကယ်တင်ဖို့ဟာ ပိုခက်ခဲတယ်။ ▪️ဂန္ဓမာ
ကမ္ဘာကြီးကို ကယ်တင်ဖို့ထက် ကိုယ့်ကိုယ်ကိုယ် ကယ်တင်ဖို့ဟာ ပိုခက်ခဲတယ်။ ▪️ဂန္ဓမာ
13 938
15
တစ်စုံတစ်ယောက်ကို ဆင်းရဲဒုက္ခကနေ လွတ်မြောက်စေလိုတဲ့စိတ်ဟာ ချစ်ခြင်းမေတ္တာဖြစ်ကြောင်း ကိုယ်နားလည်လက်ခံခဲ့တယ် ။ ▪️ဂန္ဓမာ
တစ်စုံတစ်ယောက်ကို ဆင်းရဲဒုက္ခကနေ လွတ်မြောက်စေလိုတဲ့စိတ်ဟာ ချစ်ခြင်းမေတ္တာဖြစ်ကြောင်း ကိုယ်နားလည်လက်ခံခဲ့တယ် ။ ▪️ဂန္ဓမာ
13 314
16
မင်းကတော့ အတိတ်တွေထဲက လွတ်မြောက်သွားခဲ့ပြီ ထင်ပါရဲ့ ။ ▪️ဂန္ဓမာ
3 322
17
အဆင်ပြေခြင်းမပြေခြင်းဟာ ပြုံးခြင်းရယ်ခြင်းနဲ့ မသက်ဆိုင်ကြောင်း သင်ယူခဲ့ရပါတယ် ။ ▪️ဂန္ဓမာ
13 344
18
ဘုရားသခင်ဟာ ဒီထက်ပိုကောင်းတာတွေ ရမယ်လို့ ဘယ်လောက်ပြောပြော ကိုယ်လွတ်ကျသွားတဲ့ အရုပ်ကလေးကိုပဲ ကိုယ်ပြန်လိုချင်ခဲ့ပါတယ် ။ ▪️ဂန္ဓ
ဘုရားသခင်ဟာ ဒီထက်ပိုကောင်းတာတွေ ရမယ်လို့ ဘယ်လောက်ပြောပြော ကိုယ်လွတ်ကျသွားတဲ့ အရုပ်ကလေးကိုပဲ ကိုယ်ပြန်လိုချင်ခဲ့ပါတယ် ။ ▪️ဂန္ဓမာ
13 254
19
ငါ့ကိုငါပြန်ရခဲ့ပါပြီ မင်းကိုတော့ဘယ်တော့မှ ပြန်မရတော့ဘူး ထင်ပါရဲ့ ။ ▪️ဂန္ဓမာ
ငါ့ကိုငါပြန်ရခဲ့ပါပြီ မင်းကိုတော့ဘယ်တော့မှ ပြန်မရတော့ဘူး ထင်ပါရဲ့ ။ ▪️ဂန္ဓမာ
13 932
20
တခြားသူလက်ထဲ ရောက်မယ့် ပန်းတွေကို ငါစိုက်ပျိုးခဲ့ပါတယ် ။ ▪️ဂန္ဓမာ ​"I grew the flowers That were meant For someone else's hands."
14 619