The Guy with the Name of "ဂန္ဓမာ"
الذهاب إلى القناة على Telegram
ကျွန်တော်က မကြာခင် မျိုးသုန်းပျောက်ကွယ်တော့မယ့် ကဗျာဆရာပဲ ။ (၂၀၂၃)
إظهار المزيدلم يتم تحديد البلدالفئة غير محددة
2 722
المشتركون
+1724 ساعات
+797 أيام
+38530 أيام
جاري تحميل البيانات...
القنوات المماثلة
لا توجد بيانات
هل تواجه مشاكل؟ يرجى تحديث الصفحة أو الاتصال بمدير الدعم الخاص بنا.
سحابة العلامات
لا توجد بيانات
هل تواجه مشاكل؟ يرجى تحديث الصفحة أو الاتصال بمدير الدعم الخاص بنا.
الإشارات الواردة والصادرة
---
---
---
---
---
---
جذب المشتركين
سبتمبر '26
سبتمبر '26
+142
في 2 قنوات
أغسطس '26
+559
في 3 قنوات
Get PRO
يوليو '26
+698
في 3 قنوات
Get PRO
يونيو '26
+1 385
في 4 قنوات
Get PRO
مايو '26
+12
في 3 قنوات
| التاريخ | نمو المشتركين | الإشارات | القنوات | |
| 15 سبتمبر | +2 | |||
| 14 سبتمبر | +17 | |||
| 13 سبتمبر | +5 | |||
| 12 سبتمبر | +7 | |||
| 11 سبتمبر | +8 | |||
| 10 سبتمبر | +20 | |||
| 09 سبتمبر | +24 | |||
| 08 سبتمبر | +9 | |||
| 07 سبتمبر | +4 | |||
| 06 سبتمبر | +8 | |||
| 05 سبتمبر | +12 | |||
| 04 سبتمبر | +10 | |||
| 03 سبتمبر | +5 | |||
| 02 سبتمبر | +6 | |||
| 01 سبتمبر | +5 |
منشورات القناة
ကမ္ဘာကြီးအကြောင်းစဉ်းစားခဲ့တယ်
မိုဟာမက်အကြောင်း စဉ်းစားခဲ့တယ်
တိမ်တွေအကြောင်း စဉ်းစားခဲ့တယ်
ရှိမနေတဲ့အရာတစ်ခုအကြောင်း
စဉ်းစားခဲ့တယ်
စောနကမြင်မိတဲ့တိမ်တွေ
အခုမရှိတော့တာဟာလည်း
သဘာဝတရားပါပဲ
စောနက ဖြစ်ခဲ့တဲ့ ခံစားချက်တွေ
အခုမရှိတော့တာဟာလည်း
အကြောင်းတရားတစ်ခုပါပဲ
ဗုဒ္ဓကို ပြန်ရှာတွေ့ခဲ့တယ်
ယေရှုကို ပြန်ရှာတွေ့ခဲ့တယ်
ငါ့ကိုယ်ငါ ပြန်ရှာတွေ့ခဲ့တယ် ။
▪️ဂန္ဓမာ
▪️တဘဝစာဒသန
| 2 | ပုန်းကွယ်နေတဲ့ ချစ်ခြင်းမေတ္တာဟာ
ထင်ရှားပြနေတဲ့ ဟန်ဆောင်မှုတွေထက်
ပိုနွေးထွေးပါတယ် ။
▪️ဂန္ဓမာ | 5 932 |
| 3 | လွတ်လပ်ခြင်း နုပျိုခြင်းတွေ
တဖြည်းဖြည်း ကုန်ဆုံးလို့
၂၀၂၇ရောက်ဖို့ သုံးလသာ လိုပါတော့တယ် ။
▪️ဂန္ဓမာ | 1 069 |
| 4 | နောက်ကိုလှည့်ကြည့်မိမှ
ကိုယ်တို့ဘယ်လောက်ဝေးသွားမှန်း
သိရတယ် ၊
သတိရခြင်းစက်တင်ဘာဟာ
သီချင်းတစ်ပုဒ်နဲ့အတူ ပြန်လည်ရောက်ရှိလို့၊
အဝေးက မာကျူရီမီးရောင်ဟာ
လွမ်းနေသူကိုပိုသတိရစေတယ်
ခေါ်ဆိုသူမရှိတဲ့ ဖုန်းတစ်လုံးနဲ့အတူ
တစ်နေရာရာကို ပြန်သွားနေမိခဲ့
ဒီနှစ်လည်း သတိရမှုဟာ
ဒီလူဆီမှာပဲ မပြောင်းမလဲ ကျန်ရှိနေခဲ့တယ် ။
▪️ဂန္ဓမာ
▪️သတိရခြင်းစက်တင်ဘာ | 2 091 |
| 5 | ရင်ခုန်စွာနိုးထခဲ့ရသော
နှစ်ကာလများဆီ
ငါ့ကိုပြန်ခေါ်သွားပေးပါ ။
•ဂန္ဓမာ | 9 828 |
| 6 | ဒီအချိန်ဆို မင်းလေးလည်းနှစ်ခြိုက်စွာအိပ်မောကျနေရောပေါ့ သတိရခြင်းရဲ့တိတ်ဆိတ်မှုဟာ မင်းအနားမှာ လေပြေလိုအေးပါစေကွယ် ။
▪️ဂန္ဓမာ | 12 580 |
| 7 | အခုနှစ်ကာလတွေမှာ ကျနော်တို့ဝမ်းနည်းစရာတွေချည်းကြုံနေခဲ့ရတယ် ပြီးတော့ ဘဝဟာဆုံးရှုံးခြင်း ဝမ်းနည်းခြင်း ငိုကြွေးရခြင်းတွေနဲ့အဆုံးသတ်ရခြင်းပဲဆိုတာ ကျနော်တဖြည်းဖြည်းနားလည်လာတယ်
ကျနော်တို့ ဘယ်လောက်ပဲရယ်မောခြင်းတွေနဲ့အစပြုခဲ့တစ်နေ့ပျက်စီးယိုယွင်းမှုတွေဟာ မလွဲမသွေရောက်လာလိမ့်မယ်ဆိုတာကို ကျနော်နားလည်လာတယ်
ပြီးတော့ဘဝဖြစ်နေရခြင်းဟာ ဆင်းရဲဒုက္ခအတိဖြစ်ကြောင်းကိုကျနော်နားလည်လာတယ် ဒါတွေကလေ ကျနော်ဘာတစ်ခုကိုမှအဆိုးမြင်ပြီးရေးသားနေခဲ့တာမျိုးမဟုတ်တဲ့အကြောင်းပြောပြချင်တယ် အရှိတရားတစ်ခုကိုပဲ ကျနော်ရေးသားနေခဲ့တာ
ဒီအချိန်မှာကျနော်ပြန်သတိရမိတဲ့စကားတစ်ခွန်းက ဘဝဟာ ဆင်းရဲဒုက္ခတစ်မျိုးပဲဆိုတဲ့မြတ်ဗုဒ္ဓရဲ့စကားတစ်ခွန်းပါပဲ
ခွဲခွာခြင်းတွေကို မကြုံချင်တဲ့အခါစုံစည်းခြင်းတွေကိုကျနော်မျက်နှာလွှဲတက်လာတယ် ပျော်ရွှင်ခြင်းတွေအပေါ် တွယ်ငြိမိတိုင်း အဲ့အရာပျက်စီးသွားတဲ့အခါ ဖြစ်လာမယ့်ဆင်းရဲဒုက္ခပူလောင်ရခြင်းကို ကြိုမြင်တတ်လာတယ်
ဘဝဟာ မမြဲခြင်းတရား ၊မမြဲခြင်းအပေါ်တွယ်ငြိမိတဲ့အခါ ဆင်းရဲခြင်းတရား ပြီးတော့ ကိုယ်...ဘာကိုမှထိန်းချုပ်လို့မရတဲ့တရားပါပဲ
ကျနော်တို့တစ်ဘဝလုံးမှားယွင်းစွာမျှော်လင့်မိခဲ့တဲ့ အမြင်အမှားတွေအပေါ် တွယ်ငြိမှုကင်းသင့်ပြီ ၊
ကျနော်တို့အမှန်ကိုမြင်သင့်ပြီ
ဒုက္ခဆိုတဲ့ဘဝချုပ်ငြိမ်းခြင်းရဲ့မဂ်ကို ဆိုက်ရောက်သင့်ပြီ ။
▪️ဂန္ဓမာ
▪️၂၀၂၆ဘုရားမပွင့်သောနှစ်ကာလများ | 3 592 |
| 8 | အရာအားလုံးကို ဆုံးရှုံးလိုက်ရဖို့သက်သက်
ငါတို့ ပိုင်ဆိုင်ခဲ့ရတယ် ။
▪️ဂန္ဓမာ
▪️ဒုက္ခသစ္စာ | 12 491 |
| 9 | ကမ္ဘာကြီးပေါ်က
လူတွေထွက်သွားကြတာ
ပုံမှန်လိုပါပဲ။
တိမ်လို လေလို
ကုက္ကိုရွက်တွေလို
ပုံမှန်လိုပါပဲ။
လူတစ်ယောက် ဘဝထဲက
လူတစ်ယောက် ထွက်သွားတာ
ပုံမှန်လိုပါပဲ။
နာဖျားပြီး ကျန်ခဲ့သူတွေဟာလည်း
ပုံမှန်လိုပါပဲ။
အချစ်ရေ ...
ပုံမှန်လိုပါပဲ ။
▪️ဂန္ဓမာ | 2 985 |
| 10 | ဘုရားမပွင့်တဲ့နှစ်ကာလတွေမှာ
ကိုယ့်ဉာဏ်လေးနဲ့ကိုယ် တတ်နိုင်သလောက်
မထိခိုက်မပွန်းပဲ့အောင်နေထိုင်နေရတယ် ။
▪️ဂန္ဓမာ
▪️ဘုရားမပွင့်သောနှစ်ကာလများ | 14 433 |
| 11 | သပ်သပ်ရပ်ရပ်
ရှပ်အင်္ကျီတစ်ထည် ဝတ်ခဲ့ပါတယ်
အချစ်ရေးမှာတော့ ငါတို့ဟာ
ပုံပျက်ပန်းပျက်ပါပဲ ။
▪️ဂန္ဓမာ | 12 110 |
| 12 | ကိုယ်လွတ်ကျခဲ့တဲ့နေရာမှာ
ရှိကောင်းရှိနေနိုင်သေးတယ်ဆိုတဲ့အတွေးနဲ့
ခဏခဏ ပြန်လာရှာမိနေတာမျိုး
ဖြစ်ဖူးလား
စိတ်မကောင်းစရာက
အဲ့နေရာမှာ မရှိနိုင်တော့မှန်း
သိသိရက်တောင်
ကျနော်တို့ မျှော်လင့်ချက်တွေကို
အခုချိန်ထိ ပြန်မရုတ်သိမ်းနိုင်ခဲ့တာပါပဲ ။
▪️ဂန္ဓမာ | 11 241 |
| 13 | အခုတ်ခံရတဲ့ အကိုင်းအခက်တွေအတွက်
မနှမြောပါဘူး
ထွက်ပြေးသွားတဲ့ သစ်ရွက်လေးကိုလည်း
စိတ်မနာရက်ခဲ့ပါဘူး
ကျနော်ဆက်လက်ရှင်သန်လျက်သာ ။
▪️ဂန္ဓမာ | 12 756 |
| 14 | ကမ္ဘာကြီးကို ကယ်တင်ဖို့ထက်
ကိုယ့်ကိုယ်ကိုယ်
ကယ်တင်ဖို့ဟာ ပိုခက်ခဲတယ်။
▪️ဂန္ဓမာ | 13 938 |
| 15 | တစ်စုံတစ်ယောက်ကို ဆင်းရဲဒုက္ခကနေ
လွတ်မြောက်စေလိုတဲ့စိတ်ဟာ
ချစ်ခြင်းမေတ္တာဖြစ်ကြောင်း
ကိုယ်နားလည်လက်ခံခဲ့တယ် ။
▪️ဂန္ဓမာ | 13 314 |
| 16 | မင်းကတော့ အတိတ်တွေထဲက
လွတ်မြောက်သွားခဲ့ပြီ ထင်ပါရဲ့ ။
▪️ဂန္ဓမာ | 3 322 |
| 17 | အဆင်ပြေခြင်းမပြေခြင်းဟာ
ပြုံးခြင်းရယ်ခြင်းနဲ့ မသက်ဆိုင်ကြောင်း
သင်ယူခဲ့ရပါတယ် ။
▪️ဂန္ဓမာ | 13 344 |
| 18 | ဘုရားသခင်ဟာ
ဒီထက်ပိုကောင်းတာတွေ ရမယ်လို့
ဘယ်လောက်ပြောပြော
ကိုယ်လွတ်ကျသွားတဲ့
အရုပ်ကလေးကိုပဲ
ကိုယ်ပြန်လိုချင်ခဲ့ပါတယ် ။
▪️ဂန္ဓမာ | 13 254 |
| 19 | ငါ့ကိုငါပြန်ရခဲ့ပါပြီ
မင်းကိုတော့ဘယ်တော့မှ ပြန်မရတော့ဘူး ထင်ပါရဲ့ ။
▪️ဂန္ဓမာ | 13 932 |
| 20 | တခြားသူလက်ထဲ
ရောက်မယ့် ပန်းတွေကို
ငါစိုက်ပျိုးခဲ့ပါတယ် ။
▪️ဂန္ဓမာ
"I grew the flowers
That were meant
For someone else's hands." | 14 619 |
