👩🏻🦰✍🏻သက်ထား
Відкрити в Telegram
284
Підписники
Немає даних24 години
+27 днів
-630 днів
Архів дописів
281
ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်သူအများစုမှာ မူလတန်းနှင့် အလယ်တန်းအဆင့် ပညာအရည်အချင်းသာရှိကြောင်း သန်းခေါင်စာရင်းအစီရင်ခံစာ ဖော်ပြ
မြန်မာနိုင်ငံမှ ပြည်ပသို့ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်သူများအနက် အများစုမှာ မူလတန်းနှင့် အလယ်တန်းအဆင့် ပညာအရည်အချင်းသာ ရှိကြပြီး အသက်မွေးဝမ်းကျောင်းပညာ (TVET) သင်ယူထားသူ အလွန်နည်းပါးကြောင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာအရ သိရသည်။
အစီရင်ခံစာအရ ပြည်ပရွှေ့ပြောင်းလုပ်ကိုင်သူများ၏ ပညာရေးအဆင့်တွင် မူလတန်းအဆင့် ၃၂.၂ ရာခိုင်နှုန်း၊ အလယ်တန်းအဆင့် ၃၀.၁ ရာခိုင်နှုန်း ရှိသဖြင့် စုစုပေါင်း ၆၂.၃ ရာခိုင်နှုန်း သည် အခြေခံပညာအဆင့်သာ ရရှိထားသူများ ဖြစ်ကြသည်။
ထို့အပြင် အထက်တန်းအဆင့် ၂၁.၇ ရာခိုင်နှုန်း၊ ဘွဲ့ရရှိပြီးသူ ၆.၅ ရာခိုင်နှုန်း၊ တက္ကသိုလ်/ကောလိပ်ပညာ ရရှိထားသူ ၄.၃ ရာခိုင်နှုန်း နှင့် အသက်မွေးဝမ်းကျောင်းပညာ (TVET) ရရှိထားသူ ၀.၁ ရာခိုင်နှုန်း သာ ရှိကြောင်း ဖော်ပြထားသည်။
သတင်းအပြည့်အစုံဖတ်ရန်>>
https://www.popularmyanmar.com/ပြည်ပထွက်ခွာ-အလုပ်လုပ်က/
281
ပြောတော့ဖြင့် အလင်းဝင်တဲ့သူတွေက ဂျင်းတွေဆို
ခုတော့ တစ်ယောက်ပြီး တစ်ယောက်ကို အပုတ်ချနေကြပါလား..
တော်လှန်ရေးကြီးက လုပ်စားတတ်သူတွေအတွက် ငွေတွင်းကြီးပဲ
မှိုင်းဝေ
281
ရေစကြို ကွန်မြူနစ်အကြမ်းဖက် PDF တွေ မိုင်းခွဲဖျက်ဆီးလိုက်တဲ့ ပခုက္ကူမြို့နယ်ရှိ ညောင်ပင်ကြီး- ဗုဒ္ဓကုန်း မဟာဓာတ်အားလိုင်း တာဝါတိုင်ကို လျှပ်စစ်ဝန်ထမ်းများက အမြန်ဆုံးပြုပြင်နေ...
အကြမ်းဖက်သမားတွေက ဖျက်လိုက်၊ အစိုးရပြင်လိုက်နဲ့ နိုင်ငံတော်ကြီးက ရှေ့ကို မရောက်နိုင်ဘူးဖြစ်နေတယ်..
ဒီအကြမ်းဖက် အဖျက်ကောင်တွေရှိနေသမျှဖျက်ဆီးနေဦးမှာပဲ.. ဒီကောင်တွေကို အပြတ်သာရှင်းပစ်လိုက်မှ နားအေးမယ်.. မဟုတ်ရင် ပြည်သူတွေပဲ ဒုက္ခရောက်နေကြတာ...
မှိုင်းဝေ
281
ဖျက်ဆီးခံလိုက်ရသည့် ညောင်ပင်ကြီး- ဗုဒ္ဓကုန်း မဟာဓာတ်အားလိုင်း တာဝါတိုင်ကို အမြန်ဆုံးပြုပြင်နေ
ပခုက္ကူ၊ဇူလိုင်-၂၁
ဇူလိုင်(၁၉)ရက်နေ့က ဖောက်ခွဲဖျက်ဆီးခြင်းခံလိုက်ရသည့် ညောင်ပင်ကြီး- ဗုဒ္ဓကုန်း မဟာဓာတ်အားလိုင်း တာဝါတိုင်ကို လျှပ်စစ်ဓာတ်အား အမြန်ဆုံး ပြန်လည် ရောက်ရှိစေရေးအတွက် လျှပ်စစ်ဝန်ထမ်းများမှ အမြန်ဆုံးပြုပြင်နေကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း(ပခုက္ကူ)မှ သိရသည်။
ယင်းတာဝါတိုင်ချိုးဖျက်ခံရမှုကြောင့် ပခုက္ကူတမြို့လုံး လျှပ်စစ်မီး ပြတ်တောက်ခဲ့ရသည်။
လက်ရှိ၌ ဝန်ကြီးဌာန၏ ညွှန်ကြားချက် သက်ဆိုင်ရာ ဒေသအာဏာပိုင်များ၏ လုံခြုံရေးအကူညီ နှင့် အတူ အုန်းတောမဟာ ဓာတ်အားလိုင်းရုံးအဖွဲ့ နှင့် လျှပ်စစ်ဝန်ထမ်းများမှ ကြိုးစား ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
ဓာတ်ပုံ- pku ese
281
မူးယစ်ဆေးသုံးဖို့ငွေလိုနေသည့် ယင်းမာပင် PDF အဖွဲ့က ပြည်သူပိုင် ဆိုင်ကယ် ၆ စီးကို ဓားပြတိုက်ယူဆောင်သွား
၂၀-၇-၂၀၂၆ ရက်နေ့ မနေ့က ဆားလင်းကြီးဒေသဘက်မှာ ဆိုင်ကယ်လာရောင်းတဲ့ ပြည်သူတစ်ဦးကို အကြမ်းဖက် PDF တွေက ဓားပြတိုက်ဖမ်းဆီးပြီး ပါလာတဲ့ ဆိုင်ကယ် ၆ စီးကိုယူသွားတယ်.. အဖမ်းခံလိုက်ရတဲ့ ပြည်သူကတော့ ခုချိန်ထိ သေလား/ရှင်လား မသိသေးဘူး.. ထုံးစံအတိုင်း အကြမ်းဖက် PDF တွေက သူတို့ဖမ်းထားတဲ့ ပြည်သူကို ဒလန်ပါဆိုပြီး သတင်းအမှားတွေလွှင့်နေတယ်..
စားစရာမရှိ ၊သောက်စရာမရှိ ၊ NUG ကကောင်တွေကလည်း ဘာမှ မပေးတော့ ပြည်သူတွေဝယ်ပေးတဲ့ သေနတ်နဲ့ ပြည်သူကို ပြန်ပြီး ဓားပြတိုက်နေတာ… ပြည်သူတွေဘဝကတော့ ဖွတ်ထွက်မှ တောင်ပို့မှန်းသိ ဆိုသလိုပဲ ကြိတ်မှိတ်ခံနေကြရပြီ…
ဒေသခံတွေအနေနဲ့ အကြမ်းဖက်သမားတွေ အနိုင်ကျင့်တာခံရတဲ့အခါကြမှ ဒီလိုတွေသတင်းပေးမယ့်အစား ဒီကောင်တွေ အနိုင်မကျင့်ခင်ကတည်း သူတို့နေတဲ့နေရာတွေကို ပို့ပေးပါ။
မှိုင်းဝေ
281
အရှေ့အလယ်ပိုင်း တင်းမာမှုမြင့်တက်လာ၍ ကမ္ဘာတစ်ဝန်းရှိ အမေရိကန်နိုင်ငံသားများကို အရေးပေါ်သတိပေး
အရှေ့အလယ်ပိုင်းဒေသအတွင်း ပဋိပက္ခတွေနဲ့ စစ်ရေးတင်းမာမှုတွေ ပိုမိုမြင့်တက်လာနိုင်တဲ့အခြေအနေကြောင့် နိုင်ငံရပ်ခြားမှာ နေထိုင်နေသူနဲ့ ခရီးသွားရောက်နေတဲ့ အမေရိကန်နိုင်ငံသားအားလုံးအတွက်
ကမ္ဘာတစ်ဝန်း သတိပေးချက် (Worldwide Caution)
ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
-
အဆိုပါ သတိပေးချက်ဟာ လုံခြုံရေးခြိမ်းခြောက်မှုတွေ၊ အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေနဲ့ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ် မြင့်တက်လာတာကြောင့် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
-
အမေရိကန်နိုင်ငံသားတွေကို သွားလာလှုပ်ရှားရာမှာ အထူးသတိထားဖို့၊ ဒေသတွင်း လုံခြုံရေးသတင်းတွေကို အမြဲစောင့်ကြည့်ဖို့နဲ့ သက်ဆိုင်ရာ သံရုံး၊ ကောင်စစ်ဝန်ရုံးတွေနဲ့ အဆက်အသွယ်မပြတ်ထားဖို့ အမေရိကန်အစိုးရက တိုက်တွန်းထားပါတယ်။
KT July 21
281
တောင်တရုတ်ပင်လယ် အငြင်းပွားမှု အရှိန်မြင့်၊ ဖိလစ်ပိုင်သံအမတ်ကို တရုတ်က ခေါ်ယူကန့်ကွက်
တောင်တရုတ်ပင်လယ်ရှိ
Second Thomas Shoal
ဒေသမှာ တရုတ်နဲ့ ဖိလစ်ပိုင် ရေကြောင်းတပ်ဖွဲ့တွေ ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွားခဲ့ပြီးနောက် တရုတ်အစိုးရက ဖိလစ်ပိုင်သံအမတ်ကို ဘေဂျင်းမြို့သို့ ခေါ်ယူကာ ပြင်းထန်စွာ ကန့်ကွက်ခဲ့ပါတယ်။
-
အဆိုပါ ဖြစ်စဉ်အတွင်း ဖိလစ်ပိုင်ရေတပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နှစ်ဖက်စလုံးက အပြန်အလှန် အပြစ်တင်ပြောဆိုမှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။
-
ဒီသံတမန်ရေးတင်းမာမှုဟာ မနီလာမှာ ကျင်းပနေတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနဲ့ တိုက်ဆိုင်နေပြီး တောင်တရုတ်ပင်လယ်အရေးဟာ ဒေသတွင်း ဆွေးနွေးပွဲတွေရဲ့ အဓိကအာရုံစိုက်စရာ ကိစ္စတစ်ခုအဖြစ် ထပ်မံပေါ်လွင်လာခဲ့ပါတယ်။
KT July 21
281
မန္တလေး မိုးကောင်းတိုက် ဇယဝတီကျောင်းဆရာတော်ကြီး သက်တော် (၉၀) နှစ်တွင် ပျံလွန်တော်မူ
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ မိုးကောင်းတိုက်၊ ဇယဝတီကျောင်း ဆရာတော်ကြီး ဘဒ္ဒန္တသုဇနာဘိဝံသ မဟာထေရ်မြတ်ကြီးသည် ယနေ့ (ဇူလိုင် ၂၁ ရက်) နံနက် ၉ နာရီခွဲတွင် ပျံလွန်တော်မူသွားကြောင်း မန္တလေး သတင်းကွန်ရက်၏ ဖော်ပြချက်အရ သိရသည်။
သက်တော် (၉၀) နှစ်၊ သိက္ခာတော် (၇၀) ဝါရှိပြီဖြစ်သည့် ဆရာတော်ကြီးသည် အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်များအပြင် သ.အ.စ ဓမ္မာစရိယ၊ ဝဋံသကာ နှင့် ပါဠိပါရဂူ ဘွဲ့တံဆိပ်တော်များကို ရရှိတော်မူထားသော သာသနာ့အာဇာနည် မဟာထေရ်တစ်ပါး ဖြစ်သည်။
ဆရာတော်ကြီး ဘဝနတ်ထံ ပျံလွန်တော်မူခြင်းနှင့် ပတ်သက်၍ ရပ်ဝေးရပ်နီးမှ တပည့်ဒါယကာ၊ ဒါယိကာမများ သိရှိနိုင်ရန် မန္တလေး သတင်းကွန်ရက်က သတင်းထုတ်ပြန်ထားပြီး စရဏပူဇာ အခမ်းအနား ကျင်းပမည့် အစီအစဉ်များကိုမူ ဆက်လက်ထုတ်ပြန်သွားမည် ဖြစ်သည်။
ဓာတ်ပုံ- မန္တလေးသတင်းကွန်ရက်
281
UN အဖွဲ့တွေက ဘဘကြီးတို့ကိုလာတွေ့ပေမယ့် NUG အဖွဲ့တွေကို လာမတွေ့လို့ NUG အဖွဲ့ စိတ်ကောက်နေ…
ခ်ခ်
မှိုင်းဝေ
281
Repost from ဖိုးမောင်
ယင်းမာပင် PDF အဖွဲ့မှ ဆိုင်ကယ် ၆ စီး လုယက်မှုနှင့် ဒေသခံ ဖမ်းဆီးခံရမှု
မနေ့က ဆားလင်းကြီးဒေသဘက်တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်တစ်ခု၌ ယင်းမာပင် PDF အဖွဲ့သည် မုံရွာမှ ဆားလင်းကြီးသို့ ဆိုင်ကယ်လာရောင်းသည့် ဒေသခံအမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ပြီး ၎င်းနှင့်အတူ ပါလာသော ဆိုင်ကယ် ၆ စီးကို အတင်းအဓမ္မ လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။ဖမ်းဆီးခံရသူ၏ အခြေအနေနှင့်ပတ်သက်၍ သေသလား ရှင်သလားကို ယခုအချိန်အထိ အတိအကျ မသိရှိရသေးဟု ဒေသခံများက ဆိုသည်။ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ယင်းမာပင် PDF အဖွဲ့က ဖမ်းဆီးခံရသူသည် တပ် နှင့် ပတ်သက်ဆက်နွယ်မှုရှိသည်ဟု စွပ်စွဲကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သတင်းလွှင့်ထားသည်။ ဖိုးမောင်
281
ငြိမ်းချမ်းရေး လက်မှတ်ထိုးဖို့ လုပ်နေတောင် အလောတကြီး မထိုးကြပါနဲ့ဆိုပြီး ကန့်လန့်တိုက် တားခဲ့တာ ဘယ်သူလဲ....
သမိုင်းတွေ ပြန်မလှန် ချင်ဘူးနော်...
သူလုပ်ခဲ့လို့ ငြိမ်းချမ်းသွားတာလေးများရှိရင် တစ်ခုလောက်ပဲထုတ်ပြ...
တစ်ခုလောက်ပါပဲ...
281
ဂျပန်သမိုင်း၌ကာဂါဝါသည်ပထမဆုံးမီးဖွားခွင့်ယူသောမြို့တော်ဝန်ဖြစ်
ဂျပန်နိုင်ငံရှိ မြို့ငယ်လေးတစ်မြို့၏ မြို့တော်ဝန်သည် ဇူလိုင်လ ၂၀ ရက်နေ့တွင် မီးဖွားခွင့်ယူလိုက်ရာ နိုင်ငံတွင် ပထမဆုံး မီးဖွားခွင့်ယူသော တာဝန်ထမ်းဆောင်ဆဲ မြို့တော်ဝင်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ယင်းဆုံးဖြတ်ချက်သည် ပြည်တွင်း၌ ဝေဖန်မှု အချို့ကြုံခဲ့ရကာ နိုင်ငံတကာ မီဒီယာများ၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။
ဂျပန်အနောက်ပိုင်းရှိ လူဦးရေ ၆၉,၀၀၀ ခန့်နေထိုင်သော ယာဝါတာမြို့၏ မြို့တော်ဝန် ကာဝါတာသည် ၂၀၂၃ ခုနှစ် အသက် ၃၃ နှစ်အရွယ်တွင် ဂျပန်နိုင်ငံ၏ အသက်အငယ်ဆုံး မြို့တော်ဝန်ဖြစ်လာချိန်က သူ့အနေဖြင့် ကလေးယူရန် အစီအစဉ်ရှိကြောင်း ပြောကြားခဲ့သည်။
သို့ရာတွင် ယာဝါတာမြို့တော်ဝန်ထမ်းများအတွက် ရက်သတ္တ ၁၆ ပတ် မီးဖွားခွင့်ယူနိုင်သည့် အာမခံချက်ရှိသော်လည်း မြို့တော်ဝန်ကဲ့သို့သော ရာထူးအတွက် လက်ရှိတွင် ထိုကဲ့သို့လုပ်ထုံးလုပ်နည်းမရှိသောကြောင့် သူ့အနေဖြင့် ထိုခွင့်ကို တီထွင်ခဲ့ရကြောင်း ပြောကြားခဲ့သည်။
သတင်းအပြည့်အစုံဖတ်ရန်>>
https://www.popularmyanmar.com/ဂျပန်သမိုင်း၌ကာဂါဝါသည်/
281
မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးနှင့် ပူတင် တွေ့ဆုံ
ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် တနင်္ဂနွေနေ့က ခရမ္မလင်တွင် မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချိုဆွန်ဟွေကို လက်ခံတွေ့ဆုံခဲ့ပြီး မော်စကို၏ အထူးစစ်ဆင်ရေးတွင် မြောက်ကိုရီးယားက အကူအညီပေးခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ်တွင် အနောက်ပိုင်းကာ့စ်ဒေသသို့ ယူကရိန်း၏ ကျူးကျော်ဝင်ရောက်မှုကို တွန်းလှန်ရာတွင် မြောက်ကိုရီးယားတပ်များက ရုရှားဘက်မှ ကူညီပေးခဲ့သည်။
နှစ်နိုင်ငံအကြား အပြန်အလှန်ကာကွယ်ရေး သဘောတူညီချက်အရ မြောက်ကိုရီးယားသည် ရုရှားနှင့်အတူ တိုက်ခိုက်ရန်အတွက် ကာ့စ်ဒေသသို့ စစ်သည် ၁၄,၀၀၀ ခန့် စေလွှတ်ပေးခဲ့သည်။
သတင်းအပြည့်အစုံဖတ်ရန်>>
https://www.popularmyanmar.com/မြောက်ကိုရီးယားနိုင်ငံ-7/
281
ရန်ကုန်ကထွက်တဲ့ DEMU ရထား ပထမတန်းတွဲထဲမှာ ခရီးသည်တစ်ဦးက လက်ဆေးဇလုံထဲ ကွမ်းတံတွေးထွေးလို့ ရေပေါက်ပိတ်သွားခဲ့ပြီး ဝန်ထမ်းတွေက ချက်ချင်း ရှင်းပေးခဲ့ရ။
အဲကွန်းပါတဲ့ ခေတ်မီရထားဖြစ်လို့ ကွမ်း မစားဖို့ စည်းကမ်းထုတ်ထားပေမဲ့ ဒီရက်ပိုင်း ကွမ်းတံတွေးထွေးတဲ့ ပြဿနာတွေ ခပ်စိပ်စိပ် ဖြစ်နေတယ်။
ဒါတွေကို ထိထိရောက်ရောက်အရေးယူပြီး လိုအပ်ရင် ကြိမ်ဒဏ်ပါ ပေးသင့်တယ်..
မှိုင်းဝေ
281
"
နယူးဒေလီ ဆန္ဒပြပွဲတွင် လူ ၁၈၀ ခန့် ဒဏ်ရာရ
"
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ပညာရေးစနစ်နဲ့ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရေး တောင်းဆိုဆန္ဒပြခဲ့တဲ့
Cockroach Janta Party (CJP)
လူငယ်အဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ကြား ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွားခဲ့ပြီး လူ
၁၈၀ ခန့် ဒဏ်ရာရရှိခဲ့တယ်
လို့ သိရပါတယ်။
-
ရဲတပ်ဖွဲ့က တုတ်နဲ့ မျက်ရည်ယိုဗုံးများ အသုံးပြုကာ လူစုခွဲခဲ့ပေမယ့် CJP လူငယ်အဖွဲ့ကတော့ အစိုးရဘက်မှ တောင်းဆိုချက်တွေကို တရားဝင် ဖြေရှင်းပေးခြင်းမရှိသေးသရွေ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ကြေညာထားပါတယ်။
-
ဒီဖြစ်ရပ်ဟာ ဝန်ကြီးချုပ် မိုဒီ အစိုးရလက်ထက် လူငယ်ထုရဲ့ အကြီးမားဆုံး နိုင်ငံရေးဆန္ဒပြလှုပ်ရှားမှုတွေထဲက တစ်ခုအဖြစ် ဆက်လက်အာရုံစိုက်ခံနေရပါတယ်။
KT July 21
281
ငမိုးရိပ်ချောင်းဘေးက မိကျောင်းမျိုးဆက်ထိန်းသိမ်းရာ သာကေတ မိကျောင်းမွေးမြူရေးစခန်းနှင့် ဥ ဥရာသီ၏ လုပ်ငန်းစဉ်များ
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်အတွင်း ငမိုးရိပ်ချောင်းဘေးတွင် တည်ရှိသည့် သာကေတ မိကျောင်းမွေးမြူရေးစခန်းသည် ရန်ကုန်မြို့သူ မြို့သားများနှင့် ကလေးသူငယ်များအတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဗဟုသုတ ရှာမှီးရာ အရေးပါသော နေရာတစ်ခုဖြစ်ပြီး လက်ရှိတွင် မိကျောင်းများ ဥ ဥသည့် ရာသီသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဥဥရာသီ လုပ်ငန်းစဉ်နှင့် သဘာဝဖောက်ယူမှု
မွေးမြူရေးစခန်းအတွင်းရှိ ငမိုးရိပ်ချောင်းဘေး သဘာဝအတိုင်း ပေါက်ရောက်နေသော ခြုံနွယ်များအကြားတွင် မိကျောင်းမကြီးများမှ ဥဥလေ့ရှိကြသည်။ထိုဥများသည် ဖိမိခြင်းအပါဝင် အကြောင်းကြောင်းများကြောင့် သားပေါက်ခဲလှသည်။
သတင်းအပြည့်အစုံဖတ်ရန်>>
https://www.popularmyanmar.com/ငမိုးရိပ်ချောင်းဘေးက-မိ/
281
ပူတာအို ပြည်သူ့ဆေးရုံအား ခုတင် (၃၀၀) ဆံ့ ဆေးရုံအဖြစ် မြှင့်တင်ပေးရန် လွှတ်တော်၌ မေးမြန်းမှုအပေါ် လတ်တလော အစီအစဉ်မရှိသေးသည့်အကြောင်းပြချက်များ ကျန်းမာရေးဝန်ကြီး ပြန်လည်ဖြေကြား
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ရှိ ခုတင် (၁၀၀) ဆံ့ ပူတာအို ပြည်သူ့ဆေးရုံကြီးအား ခုတင် (၃၀၀) ဆံ့ ဆေးရုံအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် ပတ်သက်၍ တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်နေ့တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးရခွီဖုန်က မေးမြန်းခဲ့ကြောင်း သိရသည်။
သတင်းအပြည့်အစုံဖတ်ရန်>>
https://www.popularmyanmar.com/ပူတာအို-ပြည်သူ့ဆေးရုံအာ/
281
ဂျော်ဒန်နိုင်ငံ၊ Muwaffaq Salti လေတပ်စခန်းမှာ အီရန်ရဲ့ ဒုံးကျည်နဲ့ ဒရုန်း တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ရတဲ့ အမေရိကန် စစ်သည်နှစ်ဦးဖြစ်တဲ့ ဒုတိယဗိုလ် Tyler James Feehan နဲ့ တပ်ကြပ် Isabella Gonzales တို့ရဲ့ အမည်စာရင်းကို ပင်တာဂွန် စစ်ဌာနချုပ်က ထုတ်ပြန်လိုက်ပါတယ်။
ဒါ့အပြင် ပျောက်ဆုံးနေသူ စစ်သည်တစ်ဦးရဲ့ ရုပ်အလောင်းကိုပါ ထပ်မံတွေ့ရှိခဲ့တာကြောင့် ဒီတိုက်ခိုက်မှုအတွင်း ကျဆုံးသူ စုစုပေါင်း ၃ ဦးအထိ ရှိလာခဲ့ပြီး ဒဏ်ရာရခဲ့တဲ့ အခြားစစ်သည်တွေကတော့ ဆေးရုံက ဆင်းခွင့်ရရှိသွားကြပြီ ဖြစ်ပါတယ်။
မှိုင်းဝေ
