ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅 👈

👩🏻‍🦰✍🏻သက်ထား

👩🏻‍🦰✍🏻သက်ထား

前往频道在 Telegram

မြန်မာ့နိုင်ငံရေး + နိုင်ငံတကာသတင်းလေးတွေ တင်ပါမယ်ရှင်

显示更多
284
订阅者
+124 小时
+17 夊
-730 夊
帖子存档
UN အဖွဲ့တွေက ဘဘကြီးတို့ကိုလာတွေ့ပေမယ့် NUG အဖွဲ့တွေကို လာမတွေ့လို့ NUG အဖွဲ့ စိတ်ကောက်နေ… ခ်ခ် မှိုင်းဝေ
UN အဖွဲ့တွေက ဘဘကြီးတို့ကိုလာတွေ့ပေမယ့် NUG အဖွဲ့တွေကို လာမတွေ့လို့ NUG အဖွဲ့ စိတ်ကောက်နေ… ခ်ခ် မှိုင်းဝေ

ယင်းမာပင် PDF အဖွဲ့မှ ဆိုင်ကယ် ၆ စီး လုယက်မှုနှင့် ဒေသခံ ဖမ်းဆီးခံရမှု မနေ့က ဆားလင်းကြီးဒေသဘက်တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်တစ်ခ
ယင်းမာပင် PDF အဖွဲ့မှ ဆိုင်ကယ် ၆ စီး လုယက်မှုနှင့် ဒေသခံ ဖမ်းဆီးခံရမှု
မနေ့က ဆားလင်းကြီးဒေသဘက်တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်တစ်ခု၌ ယင်းမာပင် PDF အဖွဲ့သည် မုံရွာမှ ဆားလင်းကြီးသို့ ဆိုင်ကယ်လာရောင်းသည့် ဒေသခံအမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ပြီး ၎င်းနှင့်အတူ ပါလာသော ဆိုင်ကယ် ၆ စီးကို အတင်းအဓမ္မ လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။
ဖမ်းဆီးခံရသူ၏ အခြေအနေနှင့်ပတ်သက်၍ သေသလား ရှင်သလားကို ယခုအချိန်အထိ အတိအကျ မသိရှိရသေးဟု ဒေသခံများက ဆိုသည်။ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ယင်းမာပင် PDF အဖွဲ့က ဖမ်းဆီးခံရသူသည် တပ် နှင့် ပတ်သက်ဆက်နွယ်မှုရှိသည်ဟု စွပ်စွဲကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သတင်းလွှင့်ထားသည်။ ဖိုးမောင်

တိုင်းပြည်အတွက် အလုပ်လုပ်ကြဖို့ လို
တိုင်းပြည်အတွက် အလုပ်လုပ်ကြဖို့ လို

ညီညွတ်ရေးက အရေးကြီး
ညီညွတ်ရေးက အရေးကြီး

ငြိမ်းချမ်းရေး လက်မှတ်ထိုးဖို့ လုပ်နေတောင် အလောတကြီး မထိုးကြပါနဲ့ဆိုပြီး ကန့်လန့်တိုက် တားခဲ့တာ ဘယ်သူလဲ.... သမိုင်းတွေ ပြန်မလ
ငြိမ်းချမ်းရေး လက်မှတ်ထိုးဖို့ လုပ်နေတောင် အလောတကြီး မထိုးကြပါနဲ့ဆိုပြီး ကန့်လန့်တိုက် တားခဲ့တာ ဘယ်သူလဲ.... သမိုင်းတွေ ပြန်မလှန် ချင်ဘူးနော်... သူလုပ်ခဲ့လို့ ငြိမ်းချမ်းသွားတာလေးများရှိရင် တစ်ခုလောက်ပဲထုတ်ပြ... တစ်ခုလောက်ပါပဲ...

ဂျပန်သမိုင်း၌ကာဂါဝါသည်ပထမဆုံးမီးဖွားခွင့်ယူသောမြို့တော်ဝန်ဖြစ် ဂျပန်နိုင်ငံရှိ မြို့ငယ်လေးတစ်မြို့၏ မြို့တော်ဝန်သည် ဇူလိုင်လ
ဂျပန်သမိုင်း၌ကာဂါဝါသည်ပထမဆုံးမီးဖွားခွင့်ယူသောမြို့တော်ဝန်ဖြစ် ဂျပန်နိုင်ငံရှိ မြို့ငယ်လေးတစ်မြို့၏ မြို့တော်ဝန်သည် ဇူလိုင်လ ၂၀ ရက်နေ့တွင် မီးဖွားခွင့်ယူလိုက်ရာ နိုင်ငံတွင် ပထမဆုံး မီးဖွားခွင့်ယူသော တာဝန်ထမ်းဆောင်ဆဲ မြို့တော်ဝင်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ယင်းဆုံးဖြတ်ချက်သည် ပြည်တွင်း၌ ဝေဖန်မှု အချို့ကြုံခဲ့ရကာ နိုင်ငံတကာ မီဒီယာများ၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။ ဂျပန်အနောက်ပိုင်းရှိ လူဦးရေ ၆၉,၀၀၀ ခန့်နေထိုင်သော ယာဝါတာမြို့၏ မြို့တော်ဝန် ကာဝါတာသည် ၂၀၂၃ ခုနှစ် အသက် ၃၃ နှစ်အရွယ်တွင် ဂျပန်နိုင်ငံ၏ အသက်အငယ်ဆုံး မြို့တော်ဝန်ဖြစ်လာချိန်က သူ့အနေဖြင့် ကလေးယူရန် အစီအစဉ်ရှိကြောင်း ပြောကြားခဲ့သည်။ သို့ရာတွင် ယာဝါတာမြို့တော်ဝန်ထမ်းများအတွက် ရက်သတ္တ ၁၆ ပတ် မီးဖွားခွင့်ယူနိုင်သည့် အာမခံချက်ရှိသော်လည်း မြို့တော်ဝန်ကဲ့သို့သော ရာထူးအတွက် လက်ရှိတွင် ထိုကဲ့သို့လုပ်ထုံးလုပ်နည်းမရှိသောကြောင့် သူ့အနေဖြင့် ထိုခွင့်ကို တီထွင်ခဲ့ရကြောင်း ပြောကြားခဲ့သည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/ဂျပန်သမိုင်း၌ကာဂါဝါသည်/

မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးနှင့် ပူတင် တွေ့ဆုံ ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် တနင်္ဂနွေနေ့က ခရမ္မလင်တွင် မြောက်ကိုရီးယ
မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးနှင့် ပူတင် တွေ့ဆုံ ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် တနင်္ဂနွေနေ့က ခရမ္မလင်တွင် မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချိုဆွန်ဟွေကို လက်ခံတွေ့ဆုံခဲ့ပြီး မော်စကို၏ အထူးစစ်ဆင်ရေးတွင် မြောက်ကိုရီးယားက အကူအညီပေးခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် အနောက်ပိုင်းကာ့စ်ဒေသသို့ ယူကရိန်း၏ ကျူးကျော်ဝင်ရောက်မှုကို တွန်းလှန်ရာတွင် မြောက်ကိုရီးယားတပ်များက ရုရှားဘက်မှ ကူညီပေးခဲ့သည်။ နှစ်နိုင်ငံအကြား အပြန်အလှန်ကာကွယ်ရေး သဘောတူညီချက်အရ မြောက်ကိုရီးယားသည် ရုရှားနှင့်အတူ တိုက်ခိုက်ရန်အတွက် ကာ့စ်ဒေသသို့ စစ်သည် ၁၄,၀၀၀ ခန့် စေလွှတ်ပေးခဲ့သည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/မြောက်ကိုရီးယားနိုင်ငံ-7/

ရန်ကုန်ကထွက်တဲ့ DEMU ရထား ပထမတန်းတွဲထဲမှာ ခရီးသည်တစ်ဦးက လက်ဆေးဇလုံထဲ ကွမ်းတံတွေးထွေးလို့ ရေပေါက်ပိတ်သွားခဲ့ပြီး ဝန်ထမ်းတွေက ခ
ရန်ကုန်ကထွက်တဲ့ DEMU ရထား ပထမတန်းတွဲထဲမှာ ခရီးသည်တစ်ဦးက လက်ဆေးဇလုံထဲ ကွမ်းတံတွေးထွေးလို့ ရေပေါက်ပိတ်သွားခဲ့ပြီး ဝန်ထမ်းတွေက ချက်ချင်း ရှင်းပေးခဲ့ရ။ အဲကွန်းပါတဲ့ ခေတ်မီရထားဖြစ်လို့ ကွမ်း မစားဖို့ စည်းကမ်းထုတ်ထားပေမဲ့ ဒီရက်ပိုင်း ကွမ်းတံတွေးထွေးတဲ့ ပြဿနာတွေ ခပ်စိပ်စိပ် ဖြစ်နေတယ်။ ဒါတွေကို ထိထိရောက်ရောက်အရေးယူပြီး လိုအပ်ရင် ကြိမ်ဒဏ်ပါ ပေးသင့်တယ်.. မှိုင်းဝေ

" နယူးဒေလီ ဆန္ဒပြပွဲတွင် လူ ၁၈၀ ခန့် ဒဏ်ရာရ " အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ပညာရေးစနစ်နဲ့ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက
" နယူးဒေလီ ဆန္ဒပြပွဲတွင် လူ ၁၈၀ ခန့် ဒဏ်ရာရ " အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ပညာရေးစနစ်နဲ့ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရေး တောင်းဆိုဆန္ဒပြခဲ့တဲ့ Cockroach Janta Party (CJP) လူငယ်အဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ကြား ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွားခဲ့ပြီး လူ ၁၈၀ ခန့် ဒဏ်ရာရရှိခဲ့တယ် လို့ သိရပါတယ်။ - ရဲတပ်ဖွဲ့က တုတ်နဲ့ မျက်ရည်ယိုဗုံးများ အသုံးပြုကာ လူစုခွဲခဲ့ပေမယ့် CJP လူငယ်အဖွဲ့ကတော့ အစိုးရဘက်မှ တောင်းဆိုချက်တွေကို တရားဝင် ဖြေရှင်းပေးခြင်းမရှိသေးသရွေ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ကြေညာထားပါတယ်။ - ဒီဖြစ်ရပ်ဟာ ဝန်ကြီးချုပ် မိုဒီ အစိုးရလက်ထက် လူငယ်ထုရဲ့ အကြီးမားဆုံး နိုင်ငံရေးဆန္ဒပြလှုပ်ရှားမှုတွေထဲက တစ်ခုအဖြစ် ဆက်လက်အာရုံစိုက်ခံနေရပါတယ်။ KT July 21

ငမိုးရိပ်ချောင်းဘေးက မိကျောင်းမျိုးဆက်ထိန်းသိမ်းရာ သာကေတ မိကျောင်းမွေးမြူရေးစခန်းနှင့် ဥ ဥရာသီ၏ လုပ်ငန်းစဉ်များ ရန်ကုန်တိုင်း
ငမိုးရိပ်ချောင်းဘေးက မိကျောင်းမျိုးဆက်ထိန်းသိမ်းရာ သာကေတ မိကျောင်းမွေးမြူရေးစခန်းနှင့် ဥ ဥရာသီ၏ လုပ်ငန်းစဉ်များ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်အတွင်း ငမိုးရိပ်ချောင်းဘေးတွင် တည်ရှိသည့် သာကေတ မိကျောင်းမွေးမြူရေးစခန်းသည် ရန်ကုန်မြို့သူ မြို့သားများနှင့် ကလေးသူငယ်များအတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဗဟုသုတ ရှာမှီးရာ အရေးပါသော နေရာတစ်ခုဖြစ်ပြီး လက်ရှိတွင် မိကျောင်းများ ဥ ဥသည့် ရာသီသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဥဥရာသီ လုပ်ငန်းစဉ်နှင့် သဘာဝဖောက်ယူမှု မွေးမြူရေးစခန်းအတွင်းရှိ ငမိုးရိပ်ချောင်းဘေး သဘာဝအတိုင်း ပေါက်ရောက်နေသော ခြုံနွယ်များအကြားတွင် မိကျောင်းမကြီးများမှ ဥဥလေ့ရှိကြသည်။ထိုဥများသည် ဖိမိခြင်းအပါဝင် အကြောင်းကြောင်းများကြောင့် သားပေါက်ခဲလှသည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/ငမိုးရိပ်ချောင်းဘေးက-မိ/

ပူတာအို ပြည်သူ့ဆေးရုံအား ခုတင် (၃၀၀) ဆံ့ ဆေးရုံအဖြစ် မြှင့်တင်ပေးရန် လွှတ်တော်၌ မေးမြန်းမှုအပေါ် လတ်တလော အစီအစဉ်မရှိသေးသည့်အက
ပူတာအို ပြည်သူ့ဆေးရုံအား ခုတင် (၃၀၀) ဆံ့ ဆေးရုံအဖြစ် မြှင့်တင်ပေးရန် လွှတ်တော်၌ မေးမြန်းမှုအပေါ် လတ်တလော အစီအစဉ်မရှိသေးသည့်အကြောင်းပြချက်များ ကျန်းမာရေးဝန်ကြီး ပြန်လည်ဖြေကြား ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ရှိ ခုတင် (၁၀၀) ဆံ့ ပူတာအို ပြည်သူ့ဆေးရုံကြီးအား ခုတင် (၃၀၀) ဆံ့ ဆေးရုံအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် ပတ်သက်၍ တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်နေ့တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးရခွီဖုန်က မေးမြန်းခဲ့ကြောင်း သိရသည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/ပူတာအို-ပြည်သူ့ဆေးရုံအာ/

ဂျော်ဒန်နိုင်ငံ၊ Muwaffaq Salti လေတပ်စခန်းမှာ အီရန်ရဲ့ ဒုံးကျည်နဲ့ ဒရုန်း တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ရတဲ့ အမေရိကန် စစ်
ဂျော်ဒန်နိုင်ငံ၊ Muwaffaq Salti လေတပ်စခန်းမှာ အီရန်ရဲ့ ဒုံးကျည်နဲ့ ဒရုန်း တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ရတဲ့ အမေရိကန် စစ်သည်နှစ်ဦးဖြစ်တဲ့ ဒုတိယဗိုလ် Tyler James Feehan နဲ့ တပ်ကြပ် Isabella Gonzales တို့ရဲ့ အမည်စာရင်းကို ပင်တာဂွန် စစ်ဌာနချုပ်က ထုတ်ပြန်လိုက်ပါတယ်။ ဒါ့အပြင် ပျောက်ဆုံးနေသူ စစ်သည်တစ်ဦးရဲ့ ရုပ်အလောင်းကိုပါ ထပ်မံတွေ့ရှိခဲ့တာကြောင့် ဒီတိုက်ခိုက်မှုအတွင်း ကျဆုံးသူ စုစုပေါင်း ၃ ဦးအထိ ရှိလာခဲ့ပြီး ဒဏ်ရာရခဲ့တဲ့ အခြားစစ်သည်တွေကတော့ ဆေးရုံက ဆင်းခွင့်ရရှိသွားကြပြီ ဖြစ်ပါတယ်။ မှိုင်းဝေ

Forwarded From Snow Queen🇲🇲 SQ(2)🇲🇲 July-21 ▪️ ရန်ဖြစ်စကားများ ဓားထိုးမှုဖြစ်ပြီး ၁ဦး သေဆုံး ထန်းတပင် (ရန်ကုန်)၊ ဇူလိုင်
Forwarded From Snow Queen🇲🇲 SQ(2)🇲🇲 July-21 ▪️ ရန်ဖြစ်စကားများ ဓားထိုးမှုဖြစ်ပြီး ၁ဦး သေဆုံး ထန်းတပင် (ရန်ကုန်)၊ ဇူလိုင် ၂၁ ၂၀.၇.၂၀၂၆ ရက်နေ့ ၂၂ ၃၀ချိန်ခန့်တွင် ရခိုင်ရိုးကြီးကျေးရွာ၊ ဦးထွန်းမောင် ၁ လမ်းရှိ စိုးမင်းသူ ခ မင်းသူ၏နေအိမ်၌ စိုးမင်းသူ (ခ)မင်းသူ မှ ရိုးကြီးကျေးရွာ၊ ရုံးရှေ့လမ်းနေထိုင်သူ ဝေယံဖြိုး(ခ)ဝေကြီး အားရန်ဖြစ်စကားများပြီး ဓားဖြင့်ထိုးလိုက်ရာ ဝဲဘက်နံစောင်းနေရာ၌ ထိုးသွင်းဒဏ်ရာရရှိပြီး သေဆုံးကြောင်းသတင်းရရှိသည်။ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ တက်သစ်နယ်မြေရဲစခန်းမှ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။ #News #MNP

တရုတ်နှင့် ဆက်နွှယ်နေသော စစ်ဘက်သုံး သတ္တုဓာတ် ထောက်ပံ့ရေးကွင်းဆက်များကို ပစ်မှတ်ထားသည့် အမိန့်ကို ထရမ့် လက်မှတ်ရေးထိုး - (သတိ
တရုတ်နှင့် ဆက်နွှယ်နေသော စစ်ဘက်သုံး သတ္တုဓာတ် ထောက်ပံ့ရေးကွင်းဆက်များကို ပစ်မှတ်ထားသည့် အမိန့်ကို ထရမ့် လက်မှတ်ရေးထိုး - (သတိထားရမှာတော့ အမှန်ပါပဲ) KT July 21

" လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေးတပ် ဆက်လက်တပ်စွဲထား" လက်ဘနွန်တောင်ပိုင်းရှိ နယ်မြေအချို့ကို အစ္စရေးစစ်တပ်က ဆက်လက်ထိန်းချုပ်ထ
" လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေးတပ် ဆက်လက်တပ်စွဲထား" လက်ဘနွန်တောင်ပိုင်းရှိ နယ်မြေအချို့ကို အစ္စရေးစစ်တပ်က ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်တာကြောင့် ဒေသတွင်းပဋိပက္ခ ပိုမိုကျယ်ပြန့်လာနိုင်ပြီး အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှုတွေကို ထိခိုက်စေနိုင်တယ်လို့ နိုင်ငံတကာက စိုးရိမ်နေပါတယ်။ - အစ္စရေးတပ်ဖွဲ့တွေ ဆက်လက်တပ်စွဲပြီး စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နေတာဟာ နယ်စပ်တင်းမာမှုတွေကို ပိုမိုမြင့်တက်စေသလို ဒေသခံပြည်သူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ လူသားချင်းစာနာမှု အကျပ်အတည်းကိုလည်း ပိုမိုဆိုးရွားစေတယ်လို့ သိရပါတယ်။ - ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကတော့ အခြေအနေတွေ ပိုမိုဆိုးရွားမလာစေရန် နှစ်ဖက်စလုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ပြီး သံတမန်ရေးနည်းလမ်းနဲ့ အဖြေရှာကြဖို့ တိုက်တွန်းထားပါတယ်။ KT July 21

" စပိန်အသင်းကို 'ကမ္ဘာ့ဘုရင်များ' အဖြစ် တင်စားပြီး မက်ဒရစ်မြို လူထုထောင်ပေါင်းများစွာ ကြိုဆို " ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ဗိုလ်လုပွ
" စပိန်အသင်းကို 'ကမ္ဘာ့ဘုရင်များ' အဖြစ် တင်စားပြီး မက်ဒရစ်မြို လူထုထောင်ပေါင်းများစွာ ကြိုဆို " ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ အာဂျင်တီးနားအသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ယူပြီး ချန်ပီယံဖြစ်လာခဲ့တဲ့ စပိန်လက်ရွေးစင်ဘောလုံးအသင်းကစားသမားတွေဟာ မြိုတော်မက်ဒရစ်ကို ဇူလိုင် ၂၀ ရက်က ပြန်လည်ရောက်ရှိခဲ့ပါတယ်။ - မြိုခံလူထုတွေက "Reyes del Mundo" (ကမ္ဘာ့ဘုရင်များ) လို ရေးသားထားတဲ့ စာတန်းတွေ၊ စပိန်အလံတွေနဲ့ အသင်းအင်္ကျီတွေ ကိုင်ဆောင်ပြီး ကစားသမားတွေကို မြိုလယ်ရှိ လမ်းမများတစ်လျှောက် ကြိုဆိုအားပေးခဲ့ကြတာတွေ့ရပါတယ်။ - ကစားသမားတွေကလည်း အမိုးဖွင့်ဘတ်စ်ကားနဲ့ မက်ဒရစ်မြိုအတွင်း လှည့်လည်ပြီး အောင်ပွဲခံခဲ့ကြပြီးနောက် မက်ဒရစ်ရှိ သမိုင်းဝင် Plaza de Cibeles ရင်ပြင်ကို ရောက်ရှိကာ အောင်ပွဲခံအခမ်းအနား ဆက်လက်ကျင်းပခဲ့ကြပါတယ်။ KT July 21

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပုသိမ်-ရန်ကုန်လမ်းပိုင်း ပျ-က်စီးမှုများဖြစ်ပေါ်၊ အချိန်နှင့်တပြေးညီ ပြုပြင်နေ၍ ယာဉ်မောင်းမျ
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပုသိမ်-ရန်ကုန်လမ်းပိုင်း ပျ-က်စီးမှုများဖြစ်ပေါ်၊ အချိန်နှင့်တပြေးညီ ပြုပြင်နေ၍ ယာဉ်မောင်းများ သတိပြုမောင်းနှင်ရန် နှိုးဆော် ပုသိမ်၊ဇူလိုင်-၂၁ လတ်တလော မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ပုသိမ်-ရန်ကုန် လမ်းမကြီးပေါ်ရှိ အချို့နေရာများတွင် လမ်းပိုင်းပျ-က်စီးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ အဆိုပါ လမ်းပိုင်း ပျ-က်စီးမှုများကြောင့် လမ်းအသုံးပြုသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှု မရှိစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရ၏ သက်ဆိုင်ရာ တာဝန်ရှိသူများက "ချက်ချင်းပျက်၊ ချက်ချင်းပြင်" စနစ်ဖြင့် လမ်းပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို အချိန်နှင့်တပြေးညီ အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိသည်။ သို့ဖြစ်ပါ၍ လမ်းပြုပြင်ရေး လုပ်ငန်းခွင်များ ဆောင်ရွက်နေသည့် နေရာများတွင် ယာဉ်အန္တရာယ်နှင့် လမ်းအန္တရာယ် ကင်းရှင်းစေရန်အတွက် မော်တော်ယာဉ်မောင်းနှင်သူများအနေဖြင့် ယာဉ်အရှိန်လျှော့၍ ဂရုတစိုက် မောင်းနှင်ပေးကြပါရန်လည်း ဧရာဝတီတိုင်းဒေသကြီးအစိုးရမှ အသိပေး နှိုးဆော်ထားသည်။ ဓာတ်ပုံ-ဧရာဝတီတိုင်းအစိုးရအဖွဲ့

" မော်စကို ဒရုန်းတိုက်ခိုက်ခံရမှုတွင် တရုတ်နိုင်ငံသား ၃ ဦး ဒဏ်ရာရ " ရုရှားနိုင်ငံ မော်စကိုမြို့အနီးကို ယူကရိန်းဘက်မှ ဒရုန်းတိ
" မော်စကို ဒရုန်းတိုက်ခိုက်ခံရမှုတွင် တရုတ်နိုင်ငံသား ၃ ဦး ဒဏ်ရာရ " ရုရှားနိုင်ငံ မော်စကိုမြို့အနီးကို ယူကရိန်းဘက်မှ ဒရုန်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ လူ ၁၀ ဦး ဒဏ်ရာရရှိခဲ့ပြီး ယင်းထဲတွင် တရုတ်နိုင်ငံသား ၃ ဦးလည်း ပါဝင်ခဲ့တယ်လို့ တရုတ်နိုင်ငံပိုင်မီဒီယာနဲ့ ဒေသဆိုင်ရာအာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ - ဒဏ်ရာရရှိသူ ၃ ဦးဟာ မော်စကိုအနီးရှိ တရုတ်လိုဂျစ္စတစ်ကုမ္ပဏီတစ်ခုရဲ့ ဂိုဒေါင်မှာ အလုပ်လုပ်နေသူတွေဖြစ်ပြီး၊ ဒရုန်းပေါက်ကွဲမှုကြောင့် လွင့်စင်လာတဲ့ အစအနတွေ ထိမှန်ခဲ့တာလို့ သိရပါတယ်။ - ဖြစ်စဉ်အပြီး တရုတ်သံရုံးက အရေးပေါ်ကူညီရေးအစီအစဉ်တွေ ချက်ချင်းစတင်ခဲ့ပြီး ဒဏ်ရာရသူတွေအတွက် ဆေးကုသမှုနဲ့ လုံခြုံရေးအစီအမံတွေကို အပြည့်အဝ ဆောင်ရွက်ပေးဖို့ ရုရှားဘက်ကို တောင်းဆိုထားပါတယ်။ KT July 21

" ကနေဒါကုန်စည်များအပေါ် ၅၀% အကောက်ခွန်တိုးကောက်ရန် ထရမ့် အမိန့်ထုတ် " အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကနေဒါမှ တင်သွင်းလာတဲ့ ကုန်စ
" ကနေဒါကုန်စည်များအပေါ် ၅၀% အကောက်ခွန်တိုးကောက်ရန် ထရမ့် အမိန့်ထုတ် " အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကနေဒါမှ တင်သွင်းလာတဲ့ ကုန်စည်အများအပြားအပေါ် ၅၀ ရာခိုင်နှုန်းအထိ အကောက်ခွန်အသစ် တိုးမြှင့်ကောက်ခံဖို့ တရားဝင် အမိန့်ထုတ်ပြန်လိုက်ပါတယ်။ - ဒီဆုံးဖြတ်ချက်ဟာ နှစ်နိုင်ငံကြား ကုန်သွယ်ရေးမညီမျှမှုနဲ့ မူဝါဒအငြင်းပွားမှုတွေကို တုံ့ပြန်တဲ့ အစီအစဉ်ဖြစ်ပြီး၊ မြောက်အမေရိကဒေသရဲ့ ကုန်သွယ်ရေးနဲ့ စီးပွားရေးဆက်ဆံရေးအပေါ် သိသာတဲ့ သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ - ကနေဒါအစိုးရဘက်ကလည်း အဆိုပါ အကောက်ခွန်တိုးမြှင့်မှုအပေါ် ပြင်းထန်တဲ့ စိုးရိမ်မှုကို ထုတ်ဖော်ပြောကြားထားပြီး၊ ပြန်လည်တုံ့ပြန်မယ့် အစီအမံတွေကို ဆွေးနွေးနေတယ်လို့ သိရပါတယ်။ KT July 21

" ဟူသီတို့၏ ရေကြောင်းပိတ်ဆို့မည့် ခြိမ်းခြောက်မှုကို ဆော်ဒီရှုတ်ချ" ဆော်ဒီအာရေဗျက ယီမင် ဟူသီအဖွဲ့၏ အဓိက ပင်လယ်ရေကြောင်းလမ်းမျ
" ဟူသီတို့၏ ရေကြောင်းပိတ်ဆို့မည့် ခြိမ်းခြောက်မှုကို ဆော်ဒီရှုတ်ချ" ဆော်ဒီအာရေဗျက ယီမင် ဟူသီအဖွဲ့၏ အဓိက ပင်လယ်ရေကြောင်းလမ်းများကို ပိတ်ဆို့မည်ဆိုသည့် ခြိမ်းခြောက်မှုကို ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး၊ ယင်းလုပ်ရပ်သည် ဒေသတွင်း ရေကြောင်းကုန်သွယ်ရေးနှင့် ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်ကို ထိခိုက်စေနိုင်ကြောင်း သတိပေးခဲ့ပါတယ်။ - ဟူသီအဖွဲ့ဘက်ကလည်း ၎င်းတို့၏ တောင်းဆိုချက်များကို လိုက်လျောခြင်းမရှိပါက ရေကြောင်းပိတ်ဆို့မှုများကို ဆက်လက်လုပ်ဆောင်သွားမည့်အပြင် စစ်ရေးတိုက်ခိုက်မှုများကိုလည်း ပိုမိုအရှိန်မြှင့်သွားမယ်လို့ သတိပေးထားပါတယ်။ - ဒီအခြေအနေကြောင့် အရှေ့အလယ်ပိုင်းဒေသတွင်း တင်းမာမှုတွေ ပိုမိုမြင့်တက်လာနိုင်ပြီး ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းများအပေါ် သက်ရောက်မှုရှိလာမယ့်အရေးကို နိုင်ငံတကာက စိုးရိမ်နေကြပါတယ်။ KT July 21