သိင်္ခ
Відкрити в Telegram
အသိတိုး
Показати більшеКраїна не вказанаКатегорія не вказана
1 057
Підписники
-224 години
-77 днів
-5530 днів
Архів дописів
1 057
ဖလမ်း၊ ဩဂုတ်(၂၆)
နယ်စပ်ရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီးဗိုလ်ချုပ်ကျော်စွာဦးသည် ချင်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးခင်မောင်ထွေး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များ၊ ဖလမ်းမြို့ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီဝင်များနှင့်အတူ ဖလမ်းမြို့နယ်အတွင်း ပြန်လည်တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးသည် သြဂုတ်လ (၂၅) ရက်နေ့က မြို့နယ်သာသနာရေးရုံး အဆောက်အအုံပြုပြင်နေမှုအားလည်းကောင်း၊ ကျန်းမာရေးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန အဆောက်အအုံပြုပြင်နေမှုအားလည်းကောင်း၊ အိုးအိမ်ဝန်ထမ်းအိမ်ရာ (၂) ခန်းတွဲပြုပြင်နေမှုအား လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနရုံးအဆောက်အအုံပြင်ဆင်နေမှုများနှင့် မိုးလေဝသဆိုင်ရာတိုင်းတာသည့် ကိရိယာများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများနှင့် စက်ကိရိယာအခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်ချက်များပေါင်းစပ်ညှိနှိုင်းပေးသည်။
ဆက်လက်ပြီး ဩဂုတ်လ (၂၆) ရက်နေ့တွင် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးရုံဝင်းအတွင်းရှိ သူနာပြုအိမ်ရာများ ပြန်လည်ပြုပြင်နေမှုအား လည်းကောင်း၊ အမှတ်(၁) မူလတန်းလွန်ကျောင်း ကျောင်းဆောင်ပြုပြင်နေမှုနှင့် အိုးအိမ်ဝန်ထမ်းအိမ်ရာ (၄) ခန်းတွဲ (၂) ထပ် ပြုပြင်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့်အညီ အမြန်ပြီးစီးနိုင်ရေး တိုက်တွန်းသည်။
ထို့အတူ တီးတိန်မြို့ ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် မြို့နယ်သမဝါယမဦးစီးဌာန (၂)ခန်းတွဲ ဝန်ထမ်းအိမ်ယာအဆောက်အအုံ အလုံးစုံပြုပြင်ပြီးစီးမှုများကိုလည်းကောင်း၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း စတိုဆောင်ပြုပြင်နေမှုနှင့် ကျောင်းသားအိပ်ဆောင် အဆောက်အအုံ အလုံးစုံ ပြုပြင်ပြီးစီးမှုများကိုလည်းကောင်း၊ မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (၂) ခန်းတွဲ ဝန်ထမ်းအိမ်ယာနှင့် (၄) ခန်းတွဲ အဆောက်အအုံ ပြုပြင်နေမှုများကိုလည်းကောင်း သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
အလားတူ တွန်းဇံမြို့ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူးသည် တာဝန်ရှိသူများနှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအသစ် ပြုပြင်ခြင်း၊ နံကပ်(၂)ခန်းတွဲဝန်ထမ်းအိမ်ရာ ပြုပြင်ခြင်းနှင့် လျှပ်စစ်(၄)ခန်းတွဲဝန်ထမ်းအိမ်ရာ ပြုပြင်ခြင်း၊ မြို့နယ်လျှပ်စစ်၊မီးစက်အဆောင်အမှတ် (၁) ပြုပြင်ခြင်း၊ လမ်းဦးစီးဧည့်ရိပ်သာပြုပြင်ခြင်း လုပ်ငန်းများအား သွားရောက်ကြည့်ရှုစစ်ဆေးကြောင်း သတင်းရရှိသည်။
#ဖလမ်းသတင်းဌာနခွဲ
1 057
+5
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦး ဖလမ်းခရိုင်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများ ကြည့်ရှုစစ်ဆေး
1 057
Repost from U Kan Myint Than
နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆)ကို ၂၅-၈-၂၀၂၅ ရက်နေ့၊ နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ အခမ်းအနားသို့ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း နေပြည်တော်ကောင်စီဝင်များ၊ ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် တက္ကသိုလ် အသီးသီးမှ ပါမောက္ခချုပ်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးကံမြင့်သန်းက အမှာစကားပြောကြားရာတွင် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ကျောင်းသား/ ကျောင်းသူ လူငယ်များနှင့် ကျောင်းပြင်ပရှိ လူငယ်၊ လူရွယ်အားလုံး အတတ်ပညာ၊ အသိပညာ၊ ဗလ ငါးတန်နှင့်ပြည့်စုံပြီး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်၊ အမျိုးဘာသာသာသနာကို ကာကွယ်စောင့်ရှောက်လိုစိတ်ရှိသည့် ပညာပြည့်ဝ နှလုံးလှသော လူငယ်များဖြစ်လာစေရန်အတွက် အခမ်းအနားကို တက်ရောက်လာကြသည့် ကော်မတီဝင် အားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နိုင်ရေး ယခုအစည်းအဝေးကို ပြုလုပ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းတွင်ရှိသည့် လူငယ်များ အသိပညာ ၊ အတတ်ပညာဖွံ့ဖြိုး တိုးတက်လာစေရေး၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်ပေါ်လာရန်၊ အလုပ်အကိုင် အခွင့်အလမ်း ရရှိလာရန်၊ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းစာသင်ခန်းကို ဝင်ရောက်ပညာသင်ကြားနိုင်ရန်၊ နိုင်ငံအကျိုးပြုလုပ်ငန်းများတွင် လူငယ်များ တက်တက်ကြွကြွ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်တို့နှင့် နိုင်ငံ့ရဲ့အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်လိုသည့် လူငယ်များ ဖြစ်ပေါ်လာရန်အတွက် အစည်းအဝေးတက်ရောက်လာကြသည့် ကော်မတီဝင်အားလုံးက လူငယ်များ၏ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်လိုကြောင်းနှင့် လူငယ်များ ဖွံ့ဖြိုးတိုးတက်လာရန်အတွက် လူငယ်အများစုရှိသည့် အခြေခံပညာကျောင်း၊ တက္ကသိုလ်များတွင် အသိပညာပေး ဟောပြောပွဲ၊ လူငယ်စကားဝိုင်း၊ လူငယ်များနှင့် ပတ်သက်သည့် အသိပညာနှီးနှောဖလှယ်ပွဲ၊ လူငယ်ဖိုရမ်များပြုလုပ်၍ ဒီဂျစ်တယ်နည်းပညာနှင့် ပတ်သက်သည့် နှီးနှောဖလှယ်ပွဲများ ၊ AI နှင့်ပတ်သက်သည့် အသိပညာပြန့်ပွားနိုင်ရေး၊ AI ကိုအခြေခံပြီး လူငယ်များ စွန့်ဦးတီထွင်ကြံဆမှုတို့ကို မျက်ခြေမပျက် လေ့လာစောင့်ကြည့်အားပေး ကူညီဆောင်ရွက်ပေးစေလိုကြောင်း၊ ကျောင်းပြင်ပလူငယ်များ အလုပ်အကိုင် အခွင့်အလမ်းရရှိရေး၊ အသက်မွေးဝမ်းကျောင်း သင်တန်းများကို သက်ဆိုင်ရာ ဌာနဆိုင်ရာအချင်းချင်း ပူးပေါင်းပြီး၊ မြို့ပြအပြင် ကျေးရွာပါမကျန် ကျယ်ကျယ်ပြန့်ပြန့်ဖွင့်လှစ် ဆောင်ရွက်နိုင်ရေး၊ အခြေခံပညာ ကျောင်းနှင့် တက္ကသိုလ်များတွင် သာမက ကျေးရွာများ၌ပင် စာကြည့်တိုက်များ ဖွင့်လှစ်ထားရှိနိုင်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ လူငယ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ဘက်ပေါင်းစုံမှ နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးစားဆောင်ရွက်နေရမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီအတွင်းရေးမှူး၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကြည်စိုးလင်း က ၂၀၂၆ ခုနှစ်အတွင်း နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်အား ရှင်းလင်းတင်ပြပြီး နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးထွန်းထွန်းက နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီနှင့် ပတ်သက်၍ ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
ယင်းနောက် တက်ရောက်လာသည့် တာဝန်ရှိသူများက လူငယ်ရေးရာကိစ္စရပ်များနှင့် ပတ်သက်၍ လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြားကာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
1 057
လူ့သမိုင်းမှာ ပထမဆုံး အကြိမ်အဖြစ် မွေးနှုန်းကျဆင်းမှု ဖြစ်ပေါ်
ဩဂုတ် - ၂၆ ( ဗုဒ္ဓဟူးနေ့ )
ကမ္ဘာ့ကလေးမွေးဖွားနှုန်းဟာ လူသားသမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် မျိုးဆက်သစ်ပြန်လည်အစားထိုးနိုင်တဲ့ နှုန်းထား အောက်ကို လျှော့နည်းကျဆင်းသွားခဲ့ပြီ ဖြစ်တာကြောင့် နောက်ထပ် မျိုးဆက်တစ်ခုလောက် အတွင်းမှာပဲ ကမ္ဘာ့လူဦးရေ စတင်လျော့နည်းလာတော့မယ်လို လေ့လာမှုအသစ်တစ်ခုက သတိပေးလိုက်ပါတယ်။
ပန်ဆယ်ဗေးနီးယား တက္ကသိုလ်က စီးပွားရေးဗေဒပါမောက္ခ ဖာနန်ဒက်စ် နဲ့ အနောက်မြောက် တက္ကသိုလ်က သုတေသီ ပက်ထရစ် နော်ရစ်တို ယခုလအစောပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ သုတေသနစာတမ်းမှာ မွေးဖွားနှုန်း အချိန်အကြာကြီး ဆက်တိုက်ကျဆင်းနေတာဟာ လုပ်သားအင်အားကို လျှော့နည်းစေတာ၊ လူ့အဖွဲအစည်းကို လျှင်မြန်စွာ အိုမင်းခြင်းဖြစ်စေတာအပြင် စီးပွားရေးနဲ့ လူမှုဖူလုံရေးစနစ်တွေကိုပါ ဝန်ပိသွားစေနိုင်တယ်လို သတိပေးထားတာပါ။
1 057
မြိုသစ်မြိုနယ်ရှိ စွန်ဆည်နှင့်ဆဒ္ဒန်ဆည်ရေလှောင်တမံ ရေပိုလွှတိုမှ ဆက်လက်ရေကျော်ကျ
မြိုသစ်၊ ဩဂုတ် ၂၆
မကွေးတိုင်းဒေသကြီး၊ မြိုသစ်မြိုနယ်တွင် ဩဂုတ်လလဆန်းပိုင်းကစတင်၍ မိုးများအဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် ယနေ့ဩဂုတ်လ ၂၆ ရက်နေ့နံနက် ၆ နာရီ ဆည်ရေတိုင်းထွာချက်အရ စွန်ဆည်နှင့်ဆဒ္ဒန်ဆည်ရေလှောင်တမံရေပိုလွှတိုမှ ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း မြိုနယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှသိရသည်။
စွန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၆၂၅)ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ (၆၂၅ ဒသမ ၅၀)ပေရှိသည့်အတွက်ရေပိုလွှမှ (သုည ဒသမ ငါးပေခန့်)၊ ဆဒ္ဒန်ဆည်ရေလှောင်တမံ၏ ရေပြည့် အမှတ်သည် (၅၆၀ ဒသမ ၅၀)ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ (၅၆၀ ဒသမ ၇၀ ပေ) ရှိသည့်အတွက် ရေပိုလွှမှ (သုည ဒသမ နှစ်ပေခန့်)ဆက်လက်ရေကျော်ကျလျက်ရှိကြောင်းသိရသည်။
1 057
ဟော်မုဇ်ရေလက်ကြားအတွက် အီရန်နှင့် အိုမန်တို့၏ ယာယီရေကြောင်းစင်္ကြံ အစီအစဉ်
🌲🌲ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကုန်သွယ်ရေးအတွက် အရေးပါဆုံး ရေကြောင်းလမ်းကြောင်းတွေထဲက တစ်ခုဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားမှာ သင်္ဘောတွေ လုံခြုံစွာ ဖြတ်သန်းနိုင်ရေးအတွက် အီရန်နဲ့ အိုမန်တို့ ဆွေးနွေးမှုတွေ ပြုလုပ်လာပါတယ်။
🌲🌲ဩဂုတ် ၂၅ ရက်က အီရန်နိုင်ငံ တီဟီရန်မြို့မှာ အိုမန်နိုင်ငံခြားရေးဝန်ကြီး ဘဒရ် ဘင် ဟာမက် အယ်လ်ဘူဆိုင်းဒီနဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရာဂ်ချီတို့ တွေ့ဆုံခဲ့ပြီး ဟော်မုဇ်ရေလက်ကြားအတွင်း သင်္ဘောသွားလာမှု လုံခြုံချောမွေ့စေရေးကို အဓိက ဆွေးနွေးခဲ့ကြပါတယ်။
🌲🌲အထူးစိတ်ဝင်စားစရာကတော့ ယာယီပူးတွဲရေကြောင်းစင်္ကြံတစ်ခု ဖန်တီးပြီး ကုန်တင်သင်္ဘောနဲ့ ရေနံတင်သင်္ဘောတွေကို သတ်မှတ်ထားတဲ့ လမ်းကြောင်းကနေ ဖြတ်သန်းခွင့်ပြုရေး အစီအစဉ် ဖြစ်ပါတယ်။
🌲🌲ဟော်မုဇ်ရေလက်ကြားဟာ အကျယ်အဝန်းအရ ကျဉ်းမြောင်းပေမယ့် ကမ္ဘာ့စွမ်းအင်ဈေးကွက်အတွက်တော့ အလွန်အရေးကြီးတဲ့ “လည်ချောင်းပေါက်” တစ်ခုလို ဖြစ်နေပါတယ်။ ဒီရေလမ်းကြောင်းမှာ သင်္ဘောသွားလာမှု အနှောင့်အယှက်ဖြစ်လာရင် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထောက်ပံ့မှုအပေါ် သက်ရောက်နိုင်သလို ကမ္ဘာ့စွမ်းအင်ဈေးနှုန်းတွေကိုပါ လှုပ်ခတ်စေနိုင်ပါတယ်။
🌲🌲ဒါကြောင့် အီရန်နဲ့ အိုမန်တို့ရဲ့ ယာယီရေကြောင်းစင်္ကြံ အစီအစဉ်ဟာ သင်္ဘောတွေ လုံခြုံစွာ ဖြတ်သန်းနိုင်ရေးအတွက်သာမက ကမ္ဘာ့ရေနံဈေးကွက်နဲ့ နိုင်ငံတကာကုန်သွယ်ရေး တည်ငြိမ်ရေးအတွက်ပါ အရေးပါတဲ့ ခြေလှမ်းတစ်ခု ဖြစ်လာနိုင်ပါတယ်။ အခုအချိန်မှာတော့ ဒီအစီအစဉ်ဟာ လက်တွေ့အကောင်အထည်ဖော်မှုအဆင့် ဘယ်လောက်အထိ ရောက်ရှိလာမလဲဆိုတာက အဓိက စောင့်ကြည့်ရမယ့်အချက် ဖြစ်ပါတယ်။
သိင်္ခhttps://t.me/theinkha007/2576
1 057
+2
မန္တလေးပြည်သူ့ဆေးရုံကြီးသိုအစာအဆိပ်သင့် သံဃာအပါး (၃၀) လာရောက်ဆေးဝါးကုသမှုခံယူရ
၂၀၂၆ ခုနစ် သြဂုတ်လ ၂၆ ရက် ၀၉၀၀ အချိန် ပုသိမ်ကြီးမြိုနယ်၊ အုန်းချောကျေးရွာ၊ အမှတ်(၃)ရပ်ကွက်ရှိ ပေါက်စိမ်းသာမဏေစာသင်ကျောင်းတိုက်တွင် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တကေသရ ဦးစီးပြီး စာသင်ဆရာတော် ရဟန်း ၇ ပါး၊ ကိုရင် ၁၅၈ ပါး၊ ပေါင်း( ၁၆၅) ပါးရှိရာ ၀၇၀၀ အချိန်တွင် အာရုံဆွမ်း ဘုန်းပေးသည့် လ္ဘတ်ထမင်း၊ ငါးဖယ်သုတ်၊ ငရုတ်သီးကြော်၊ ရိုးရိုးဟင်းရည်တို ဘုဉ်းပေးစားသောက်ရာတွင် သံဃာ အပါး (၇၀) ခန့် အစာအဆိပ်သင့် ဖြစ်ပွားသဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ရှင်သိက္ခနန္ဒ ပါ သံဃာ အပါး (၃၀) ခန့် လာရောက်ဆေးဝါးကုသမှု ခံယူလျက်ရှိကြောင်း သိရှိရပါသည်။
1 057
စင်ကာပူနိုင်ငံသား ကလေးငယ်တိုင်း စင်ကာပူဒေါ်လာ ၇၀,၀၀၀ ထောက်ပံ့ကြေး ရမည်
စင်ကာပူနိုင်ငံသား ကလေးငယ်တိုင်း အသက် ၁၇ နှစ် မပြည့်မီအထိ စင်ကာပူဒေါ်လာ ၇၀,၀၀၀ နီးပါး ကို ဘဏ္ဍာရေးထောက်ပံ့မှု ရရှိမှာ ဖြစ်တယ်လို CNA သတင်းမှာ ဖော်ပြထားပါတယ်။ စင်ကာပူဝန်ကြီးချုပ် လောရန့်ဝမ် က ဩဂုတ်လ ၂၃ ရက်က ကျင်းပခဲ့တဲ့ အမျိုးသားနေ့ မိန့်ခွန်းမှာ “SG Child Support Package” လို ခေါ်ဆိုတဲ့ ကလေးသူငယ်တွေ ထောက်ပံ့ရေး အစီအစဉ်သစ်ကို ကြေညာ ခဲ့တာ ဖြစ်ပါတယ်။ အခုထောက်ပံ့ရေးအစီအစဉ်ဟာ မွေးဖွားမှု အစီအစဉ်အပေါ် မူတည်တာ မရှိဘဲ ကလေးတိုင်း တန်းတူ ထောက်ပံ့ကြေး ရရှိသွားမှာ ဖြစ်ပါတယ်။
မိဘတွေ တရားဝင် အိမ်ထောင်ပြုထားတာ ရှိ၊ မရှိ ဒါမှမဟုတ် မိဘတစ်ယောက်တည်း ရှိတဲ့ မိသားစုတွေ (Single parents) ကလေးတွေပါ မကျန် ကလေးတိုင်း ကြီးပြင်း ဖွံဖြိုးမှုအတွက် ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ အရင်က အသက် ၁၂ နှစ် အထိသာ ထောက်ပံ့ရာကနေ အခု အသက် ၁၇ နှစ်အထိ တိုးမြှင့် ထောက်ပံ့ ပေးသွားမှာ ဖြစ်တယ်လို သိရပါတယ်။
1 057
+3
ပါကစ္စတန်နိုင်ငံ၏ မြိုတော်အစ္စလမ္မာဘတ်မြိုရှိ ဆေးရုံမီးလောင်မှုကြောင့် မွေးကင်းစ ကလေးငယ် ၁၅ ဦး သေဆုံး
၂၆.၈.၂၀၂၆
ပါကစ္စတန်နိုင်ငံ၊ အစ္စလမ္မာဘတ်မြိုမှ ဆေးရုံတစ်ခု၏ တတိယထပ်ရှိ မီးဖွားဆောင်တွင် မီးလောင်ကျွမ်းမှုတစ်ခု ယနေ့ သြဂုတ်လ ၂၆ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ရာ အနည်းဆုံး ကလေးငယ် ၁၅ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။
အစ္စလမ္မာဘတ်မြိုရှိ PIMS ဆေးရုံ၏ တတိယထပ်ရှိ သာဖွားမီးယပ်ဆောင်တွင် ဒေသစံတော်ချိန် နံနက် ၆ နာရီ ၄၅ မိနစ်တွင် လေအေးပေးစက်တစ်လုံး ပေါက်ကွဲသွားချိန် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးသမားများက ပြောကြားခဲ့သည်။
ထိုအချိန်တွင် မွေးကင်းစကလေးငယ် ၁၆ ဦး ဆေးရုံတွင် ရှိနေခဲ့ပြီး ကလေးငယ်တစ်ဦးကိုသာ ကယ်တင်နိုင်ခဲ့ကြောင်း အရာရှိများက ပြောကြားခဲ့သည်။
1 057
+4
မိုးသည်းထန်စွာရွာသွန်းမှုများနှင့် တောင်ကျရေများကြောင့် အတ္ထရံမြစ်ရေလျှံမှုဖြစ်ပွားနေပြီး ကျိုက်မရောမြိုအပါအဝင် မြစ်ကမ်းဘေးကျေးရွာတချိုရေဝင်ရောက်မှုများရှိနေ
1 057
ယာခင်းတွေအပြည့်ဖြန့်လှမ်းထားတဲ့ခရမ်းချဥ်သီးတွေ
တူရကီတောင်ပိုင်းမှာ နိုင်ငံခြားပိုဖို ခရမ်းချဥ်သီးတွေကို အခြောက်ခံဖို ကွင်းအပြည့် ဖြန့်လှမ်းထားတာကို ဒရုန်းကနေ တမျှော်တခေါ်ကြီးမြင်ရတာပါ။ ဒီယာဘာကီယာပြည်နယ်က ယာသမားတွေက ဒီခရမ်းချဥ်သီးတွေကို အခြောက်လှမ်းပြီး ဥရောပကိုပိုကြပါတယ်။
ဥရောပမှာတော့ ပီဇာနဲ့တခြားဟင်းလျာတွေမှာသုံးတဲ့ ခရမ်းချဥ်သီးဆော့စ်လုပ်ကြပါတယ်။ ဒီအချိန်ဆိုရင် ယာလုပ်သားတွေဟာ ဒီဂရီ ၄၀ ကျော်တဲ့အပူချိန်အောက်မှာ ခရမ်းချဥ်သီးတွေ ဖြန့်ခင်းတဲ့အလုပ်ကို တစ်နေကုန်အောင် လုပ်ကြရပါတယ်။
အပြည့်အစုံကို ရုပ်သံမှာ ကြည့်နိုင်ပါပြီ။
1 057
Repost from Gyar Nuu (ဂျာနူး)✍️
ငဝန်တာ၏နိမ့်ကျမှုဖြစ်ပွားခဲ့သည့် တာတမံအား ကာရံပိတ်ဆိုနိုင်ရန် Steel Sheet Pile နှင့် Stand Pipe များ ရိုက်သွင်းခြင်းလုပ်ငန်းများအား အချိန်တိုအတွင်းပြီးစီးစေရေး ဆောင်ရွက်လျက်ရှိ
1 057
အောင်မြေသာစံမြိုနယ်ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အရိပ်မထွက်ဘုရားနှင့် ဘုရားနိဘုရားတိုအား ရှေးမူမပျက်ပြုပြင်ထိန်းသိမ်းလျက်ရှိ
1 057
YMBA ဗဟိုအတွင်းရေးမှူးအား ဝိုင်းဝန်းရိုက်နှက်ခဲ့သည့် တရားခံ ၄ ဦးစလုံးကို ဖမ်းဆီးရမိ
(မှုခင်း) ဩဂုတ် ၂၆
ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA) ဗဟိုအတွင်းရေးမှူးအား ဝိုင်းဝန်းရိုက်နှက် ရမ်းကားခဲ့သည့် တရားခံ ၄ ဦးစလုံးကို သက်ဆိုင်ရာ လုံခြုံရေးရဲတပ်ဖွဲက အချိန်တိုအတွင်း စုံစမ်းဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ YMBA ဗဟိုအတွင်းရေးမှူးဖြစ်သူအား ကြိုးသုတ် ဝိုင်းဝန်းရိုက်နှက် ရမ်းကားမှု ပြုလုပ်ခဲ့သူများကို အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် သက်ဆိုင်ရာ ရဲတပ်ဖွဲဝင်များက တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် သဲလွန်စများ ရှာဖွေစုံစမ်းခြင်းနှင့် နယ်မြေရှင်းလင်း စုံစမ်းမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ထိုသို အနီးကပ် စုံစမ်းဖော်ထုတ်မှုများကြောင့် ဖြစ်စဉ်တွင် တိုက်ရိုက်ပါဝင် ကျူးလွန်ခဲ့သည့် တရားခံ ၄ ဦးစလုံးကို သက်ဆိုင်ရာ နယ်မြေအတွင်း အချိန်တိုအတွင်း ရှာဖွေဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့သည်။
လက်ရှိတွင် ဖမ်းဆီးရမိထားသည့် တရားခံ ၄ ဦးအား သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်လှစ်ထားရှိပြီး ဥပဒေနှင့်အညီ ထိရောက်စွာ ပြစ်ဒဏ်ချမှတ်နိုင်ရေးအတွက် တရားစွဲဆို တင်ပိုနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း....
1 057
+6
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲအစည်းအဝေးတွင် အမှာစကားပြောကြားချက်မှ ကောက်နုတ်ချက်။
1 057
+2
ညစစ်ဆင်ရေးဖြင့်
တိုက်ခိုက်ချေမှုန်း ခံရသော အကြမ်းဖက် AAရဲ့ ရှင်းလက်ဝဌာနခ မှာ AA နဲ့ ခိုင်းဖက် မာရာငပိန်းတို့ (၂၀၀)ကျော်
တပျော်တပါးဂိန်ခဲ့ကြခြင်း👍👍👍
1 057
ဧရာဝတီ ပါဝင်မည့် အာရှအမျိုးသမီး ချန်ပီယံလိဂ် အုပ်စုမဲခွဲပွဲ စက်တင်ဘာ ၃ ရက် ကျင်းပမည်
ရန်ကုန်၊ ဩဂုတ် ၂၆
မြန်မာကလပ် ဧရာဝတီအမျိုးသမီးအသင်း ပါဝင်ယှဉ်ပြိုင်မည့် ၂၀၂၆-၂၀၂၇ ရာသီ AFC အမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဆင့် မဲခွဲပွဲကို လာမည့် စက်တင်ဘာ ၃ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း အာရှဘောလုံးအဖွဲချုပ် (AFC) က ထုတ်ပြန်ထားသည်။
အဆိုပါပြိုင်ပွဲ၏ ခြေစစ်ပွဲများကို ဩဂုတ် ၁၇ ရက်မှ ၂၃ ရက်အထိ ကျင်းပခဲ့ပြီး အုပ်စု (A) မှ East Bengal FC (အိန္ဒိယ)၊ အုပ်စု (B) မှ Kaya FC-Iloilo (ဖိလစ်ပိုင်)၊ အုပ်စု (C) မှ PFC Nasaf (ဥဇဘက်ကစ္စတန်)၊ အုပ်စု (D) မှ 4.25 SC (မြောက်ကိုရီးယား)၊ အုပ်စု (E) မှ Bam Khatoon FC (အီရန်) နှင့် အုပ်စု (F) မှ Ayeyawady FC (မြန်မာ) တို အုပ်စုဗိုလ်များအဖြစ် အုပ်စုအဆင့်သို တက်ရောက်ခွင့်ရရှိခဲ့ကြသည်။
ယင်းခြောက်သင်းသည် လက်ရှိချန်ပီယံ Naegohyang Women’s FC (မြောက်ကိုရီးယား)၊ Melbourne City FC (ဩစတြေးလျ)၊ Hwacheon KSPO WFC (တောင်ကိုရီးယား)၊ INAC Kobe Leonessa (ဂျပန်)၊ Beijing Jingtan Football Club (တရုတ်) နှင့် Ho Chi Minh City Women’s FC (ဗီယက်နမ်) တိုနှင့်အတူ အုပ်စုအဆင့်တွင် စုစုပေါင်း ၁၂ သင်း ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
1 057
ပါလက်စတိုင်းတွေရဲ့ အထိမ်းအမှတ် ကျောက်တိုင်ကို အစ္စရေး အမတ်တစ်ယောက်က သွားရောက် ရိုက်ခွဲ
ဩဂုတ် - ၂၆ ( ဗုဒ္ဓဟူးနေ့ )
အစ္စရေးရဲ့ လက်ယာစွန်း လွှတ်တော်အမတ်တစ်ဦးဟာ အင်္ဂါနေ့တုန်းက သိမ်းပိုက်ခံ အနောက်ဘက်ကမ်းခြေမှာ ရှိတဲ့ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအတွင်း သေဆုံးသွားခဲ့တဲ့ ပါလက်စတိုင်းလူမျိုးတွေအတွက် စိုက်ထူထားတဲ့ အထိမ်းအမှတ်ကျောက်တိုင်ကို သွားရောက်ရိုက်ခွဲခဲ့ပါတယ်။ ဒီလိုပြုလုပ်ရာမှာ အစ္စရေးစစ်တပ် (IDF) ရဲ့ စောင့်ရှောက်မှုနဲ့အတူ သွားရောက်ခဲ့တာဖြစ်ပြီး၊ ဒီလုပ်ရပ်အပေါ် အစ္စရေးစစ်တပ်ကိုယ်တိုင်နဲ့ နိုင်ငံရေးသမားတွေက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။
