es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

သိင်္ခ

သိင်္ခ

Ir al canal en Telegram

အသိတိုး

Mostrar más
El país no está especificadoLa categoría no está especificada
1 058
Suscriptores
Sin datos24 horas
-67 días
-5330 días
Archivo de publicaciones
မြန်မာ့လူငယ်ဘောလုံးဖွံဖြိုးရေးအတွက် ဘာစီလိုနာအကယ်ဒမီ နည်းပြငှါးရမ်းမည် မြန်မာ့လူငယ်ဘောလုံးကဏ္ဍ (Youth Development) ဖွံဖြိုးတိ
မြန်မာ့လူငယ်ဘောလုံးဖွံဖြိုးရေးအတွက် ဘာစီလိုနာအကယ်ဒမီ နည်းပြငှါးရမ်းမည် မြန်မာ့လူငယ်ဘောလုံးကဏ္ဍ (Youth Development) ဖွံဖြိုးတိုးတက်ရေးအတွက် စပိန်ကလပ် ဘာစီလိုနာအကယ်ဒမီမှ နည်းပြတစ်ဦးကို ငှားရမ်းရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲချုပ် (MFF) ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောကြားလိုက်သည်။ နိုဗိုတယ်ရန်ကုန်မက်စ်ဟိုတယ်၌ (ဩဂုတ်လ ၂၄ ရက်) ကကျင်းပသည့် MYANMAR League (M League) ပြိုင်ပွဲအတွက် Logo Launching၊ Official Partnership Signing Ceremony & Press Conference အခမ်းအနားတွင် MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က အဖွင့်အမှာစကားနှင့် စပွန်ဆာကုမ္ပဏီများကို ကျေးဇူးတင်စကား ပြောကြားစဉ် ထိုသို ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

မိုးသည်းထန်စွာရွာပြီး ထောက်ကြန့်တွင် သစ်ပင်ပြိုလဲမှုကြောင့် ဂျိုးဖြူရေပိုက်လိုင်း ပျက်စီး ထောက်ကြန့်၊ ဩဂုတ်-၂၅ မင်္ဂလာဒုံမြို
မိုးသည်းထန်စွာရွာပြီး ထောက်ကြန့်တွင် သစ်ပင်ပြိုလဲမှုကြောင့် ဂျိုးဖြူရေပိုက်လိုင်း ပျက်စီး ထောက်ကြန့်၊ ဩဂုတ်-၂၅ မင်္ဂလာဒုံမြိုနယ်၊ ထောက်ကြန့်မြို၊ ဒုစံပြရပ်ကွက်ရှိ ပြည်/မှော်ဘီ ဘတ်စ်ကားမှတ်တိုင်အနီး၌ ဩဂုတ် ၂၄ ရက် ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်ကြီးများ ပြိုလဲကျကာ ဂျိုးဖြူရေပိုက်လိုင်းနှင့် ခြံစည်းရိုးတစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယင်းည ၉ နာရီ ၃၈ မိနစ်ခန့်တွင် လုံးပတ် ၂၀ ပေ၊ အမြင့် ၁၀၀ ပေခန့်ရှိ ညောင်ပင်နှင့် လုံးပတ် ၂ ပေ၊ အမြင့် ၂၀ ပေခန့်ရှိ ကျွန်းပင်တိုသည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြိုလဲပြီး ဂျိုးဖြူရေပိုက်လိုင်းပေါ်သို ပိမိကျရောက်ခဲ့ခြင်းဖြစ်သည်။ သစ်ပင်များပြိုလဲမှုကြောင့် ဂျိုးဖြူရေပိုက်လိုင်း ပေါက်ပြဲခဲ့သည့်အပြင် ခြံစည်းရိုး ၁၅ ပေခန့်လည်း ထိခိုက်ပျက်စီးခဲ့သည်။ ယနေ့ (ဩဂုတ် ၂၅ ရက်) နံနက်ပိုင်းမှစ၍ သက်ဆိုင်ရာ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲက ပျက်စီးသွားသည့် ရေပိုက်လိုင်းကို အမြန်ဆုံးပြန်လည်ပြုပြင်ခြင်းနှင့် လဲကျနေသည့် သစ်ပင်များကို ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လမ်းဘေးရေကန်တွင် ရေဆင်းကူးစဉ် ကျောင်းသားတစ်ဦး ရေနစ်သေဆုံး ရန်ကုန်၊ သြဂုတ် ၂၅ ထန်းတပင်မြိုနယ်၊ ရခိုင်ရိုးကြီးကျေးရွာ၊ ဗိုလ်အော
လမ်းဘေးရေကန်တွင် ရေဆင်းကူးစဉ် ကျောင်းသားတစ်ဦး ရေနစ်သေဆုံး ရန်ကုန်၊ သြဂုတ် ၂၅ ထန်းတပင်မြိုနယ်၊ ရခိုင်ရိုးကြီးကျေးရွာ၊ ဗိုလ်အောင်ကျော်လမ်းသွယ်ကံဘောင်ရှိ ရေကံတွင် ယနေ့ နေ့လယ်ပိုင်းက ရေဆင်းကူးစဉ် (G-5)ကျောင်းသားတစ်ဦး ရေနစ်သေဆုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ၂၅.၈.၂၀၂၆ရက်နေ့ ၁၁:၃၀အချိန်တွင် ထန်းတပင်မြိုနယ်၊ ရခိုင်ရိုးကြီးကျေးရွာ၊ ဗိုလ်အောင်ကျော်လမ်းသွယ်ကံဘောင်ရှိ ရေကံတွင် မောင်ဉာဏ်မျိုးကို(ဘ)ဦးအောင်မျိုးလွင်၊ အသက်(၁၁)နှစ်၊ အထက(ခွဲ)ရခိုင်ရိုးကြီးကျောင်း (G-5)တွင် စာသင်ကြားနေသူသည် သူငယ်ချင်းဖြစ်သူ မောင်ဝေယံစိုး အသက်(၁၄)နှစ်(G-3)၊ မောင်ကောင်းဆက်ဟိန်း အသက်(၁၁)နှစ်(G-5)၊ မောင်တင်ကိုကို အသက်(၁၁)နှစ်(G-4)၊ မောင်မိုးယံခ အသက်(၁၁)နှစ်(G-4)၊ မောင်အောင်ဆန်းဝင်း အသက်(၁၁)နှစ်(G-5)၊ မောင်အောင်ဖြိုးထိုက် အသက်(၁၂)နှစ်(G-5)တိုနှင့် ကျောင်းသို ကျောင်းတက်ရန်လာစဉ် လမ်းဘေးရေကံတွင် ရေအတူဆင်းကူးစဉ် ရေနစ်နေသည် သိရှိ၍ သူငယ်ချင်းများမှဘေးပက်ဝန်းကျင်ရှိ လူများအားအကူအညီတောင်းသော်လည်း နောက်ကျ၍ သေဆုံးသွားကြောင်း သိရသည်။

ဗင်နီဇွဲလားတွင် ဇွန်လက လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် သေဆုံးသူ ၆၅၀၀ ကျော်ရှိလာ ဇွန်လအတွင်းက ဗင်နီဇွဲလားနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်နှစ်ခုကြောင့် သေဆုံးသူ ၆၅၀၉ ဦး ရှိလာခဲ့ကြောင်း ဗင်နီဇွဲလား ယာယီအစိုးရက ဩဂုတ် ၂၄ ရက်က ထုတ်ပြန်ခဲ့သည်။ ဇွန်လ ၂၄ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ရစ်ချ်တာစကေး ၇ ဒသမ ၂ နှင့် ၇ ဒသမ ၅ ရှိသော ငလျင်များကြောင့် ကမ်းရိုးတန်းပြည်နယ်တစ်ခုဖြစ်သည့် လာဂူအိုင်ရာပြည်နယ်တွင် အနည်းဆုံး အဆောက်အအုံ ၁၉၀ ပြိုကျ ပျက်စီးခဲ့ရသည်။ ယခုထုတ်ပြန်ချက်မတိုင်မီ ယခင် ထုတ်ပြန်ထားသည့် သေဆုံးသူစာရင်းမှာ ၆၄၃၈ ဦး ရှိခဲ့သည်။ ငလျင်ကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသူ ထောင်ပေါင်းများစွာသည် ယာယီစခန်းများတွင် နေထိုင်လျက်ရှိပြီး လာဂူအိုင်ရာ ပြည်နယ်၌ အပျက်အစီးများအောက်မှ သေဆုံးသူများကို ရှာဖွေဖော်ထုတ်သည့် လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် ပျောက်ဆုံးသူအရေအတွက်ကို အစိုးရက ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

အပူပိုင်းမုန်တိုင်း နာရာနှင့် လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် နေရာကွက်၍ မိုးကြီးနိုင်   နေပြည်တော် ဩဂုတ် ၂၄   ယနေ့ နံနက် ၆ နာရီခွဲ တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းနိုင်ခြင်းကြောင့်လည်းကောင်း၊ တုံကင်ပင်လယ်ကွေ့တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း “နာရာ” မှ ပြတ်ထွက်လာ သော တိမ်တိုက်များကြောင့်လည်းကောင်း၊ အိန္ဒိယနိုင်ငံ ဩရိဿပြည်နယ် မြောက်ပိုင်းကမ်းရိုးတန်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အနောက်ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့်လည်းကောင်း၊ ယနေ့နံနက်မှ ဩဂုတ် ၂၈ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်။   မိုး/ဇလ

အပူပိုင်းမုန်တိုင်း နာရာနှင့် လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် နေရာကွက်၍ မိုးကြီးနိုင်
အပူပိုင်းမုန်တိုင်း နာရာနှင့် လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် နေရာကွက်၍ မိုးကြီးနိုင်

ခိုလှုံခွင့်တောင်းထားသူ နိုင်ငံခြားသား ၂ သိန်းအထိ၏ ဗီဇာများ ရုပ်သိမ်းရန် ထရမ့်အစိုးရ ပြင်ဆင် ဩဂုတ် ၂၅၊ ၂၀၂၆-ဝါရှင်တန်၊ အမေရိက
ခိုလှုံခွင့်တောင်းထားသူ နိုင်ငံခြားသား ၂ သိန်းအထိ၏ ဗီဇာများ ရုပ်သိမ်းရန် ထရမ့်အစိုးရ ပြင်ဆင် ဩဂုတ် ၂၅၊ ၂၀၂၆-ဝါရှင်တန်၊ အမေရိကန် — အမေရိကန်တွင် ခိုလှုံခွင့် လျှောက်ထားထားသူ သို့မဟုတ် လျှောက်ထားနေသူ နိုင်ငံခြားသား ၂ သိန်းအထိ၏ စီးပွားရေးနှင့် ခရီးသွားဗီဇာများကို ရုပ်သိမ်းရန် ထရမ့်အစိုးရက ပြင်ဆင်နေသည်။ 🇺🇸 ၂၀၁၆ မှ ၂၀၂၆ အတွင်း ထုတ်ပေးထားသည့် ဗီဇာများကို အဓိက စိစစ်မည်ဖြစ်ပြီး အကောင်အထည်ဖော်ပါက အမေရိကန်သမိုင်းတွင် တစ်ကြိမ်တည်း ဗီဇာအများဆုံး ရုပ်သိမ်းမှု ဖြစ်လာနိုင်သည်။ သို့သော် ဗီဇာရုပ်သိမ်းခံရခြင်းသည် ချက်ချင်း ပြည်နှင်ဒဏ်ပေးမည်ဟု မဆိုလိုဘဲ ယင်းအစီအစဉ်မှာ တရားရေးစိန်ခေါ်မှုများနှင့်လည်း ရင်ဆိုင်ရနိုင်သည်။ ရင်းမြစ်: အေပီ

ရောဂါဒဏ်ခံ ပဲမျိုးသစ်များ ထုတ်လုပ်ရေးနှင့် ရိတ်သိမ်းချိန်လွန် စီမံခန့်ခွဲရေး ICRISAT နှင့် ပူးပေါင်း ဆောင်ရွက်မည် နေပြည်တော်၊
ရောဂါဒဏ်ခံ ပဲမျိုးသစ်များ ထုတ်လုပ်ရေးနှင့် ရိတ်သိမ်းချိန်လွန် စီမံခန့်ခွဲရေး ICRISAT နှင့် ပူးပေါင်း ဆောင်ရွက်မည် နေပြည်တော်၊ ဩဂုတ် ၂၅ ဈေးကွက်အရ အရေးပါသည့် ကုလားပဲ၊ ပဲစင်းငုံ၊ မြေပဲနှင့် လူး၊ ဆပ် သီးနှံများတွင် ရောဂါဒဏ်၊ ရေငတ်ဒဏ် ခံနိုင်စေရန် အပြည်ပြည်ဆိုင်ရာ အပူပိုင်းဒေသ သီးနှံများ သုတေသနဌာန (ICRISAT) နှင့် ပူးပေါင်း၍ မျိုးသစ်ထုတ်လုပ်ရေး၊ စက်ကိရိယာသုံး စိုက်ပျိုးရေးနှင့် ရိတ်သိမ်းချိန်လွန် စီမံခန့်ခွဲရေးတို၊ ဈေးကွက်ဖွံဖြိုးရေးတိုကို အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းက ပြောကြားခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲတွင် ICRISAT မှ ပညာရှင်များက Asia Breeding Network (ASIABENET) ၏ ဆောင်ရွက်ချက်များနှင့် ဈေးကွက်အလားအလာများကို ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

တရုတ်က Chang’e-7 လစူးစမ်းယာဉ် လွှတ်တင်မှုကို တစ်လခန့် ရွှေ့ဆိုင်း တရုတ်နိုင်ငံသည် Chang’e-7 လ စူးစမ်းရေး အာကာသယာဉ်ကို သယ်ဆောင
တရုတ်က Chang’e-7 လစူးစမ်းယာဉ် လွှတ်တင်မှုကို တစ်လခန့် ရွှေ့ဆိုင်း တရုတ်နိုင်ငံသည် Chang’e-7 လ စူးစမ်းရေး အာကာသယာဉ်ကို သယ်ဆောင်သွားမည့် Long March 5 Y14 ဒုံးပျံပစ်လွှတ်မှုကို တစ်လခန့် ရွှေ့ဆိုင်းလိုက်ကြောင်း ထိုင်းနိုင်ငံ နိုင်ငံတော် နက္ခတ္တ ပညာသုတေသနဌာန(NARIT) က ယနေ့ ကြေညာခဲ့သည်။ မူလက သြဂုတ်လ ၂၅ ရက်နေ့တွင် လွှတ်တင်ရန် စီစဉ်ထားခြင်းဖြစ်သည်။ ထိုရွှေ့ဆိုင်းမှုသည် တရုတ်အာကာသယာဉ်တွင် သယ်ဆောင်မည့် ထိုင်းနိုင်ငံ၏ CE-7 MATCH သိပ္ပံကိရိယာနှင့် မသက်ဆိုင်ကြောင်းနှင့် ကိရိယာသည် မစ်ရှင်အတွက် အပြည့်အဝပြင်ဆင်ထားပြီးဖြစ်ကြောင်း NARIT က ပြောကြားခဲ့သည်။ တရားဝင်အတည်ပြုချက်ရရှိသည်နှင့် လွှတ်တင်မည့်ရက်စွဲနှင့် အချိန်အသစ်ကို ကြေညာပေးမည်ဟု NARIT က ဆက်လက်ပြောကြားခဲ့သည်။

MOFA ဒုတိယဝန်ကြီး ဦးကိုကိုကျော် ရုရှားသံရုံးယာယီတာဝန်ခံနှင့် UNOPS မြန်မာနိုင်ငံဆိုင်ရာ ယာယီညွှန်ကြားရေးမှူးတိုကို သီးခြားစီတွေ့ဆုံ နေပြည်တော်၊ ဩဂုတ် ၂၅ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် ဩဂုတ် ၂၄ ရက်တွင် ရန်ကုန်မြိုရှိ ရုရှားသံရုံး၏ သံရုံးယာယီတာဝန်ခံ မစ္စ နာတာလီရာ နယ်ဖယ်ဒေါ်ဗာနှင့် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (UNOPS) ၏ မြန်မာနိုင်ငံဆိုင်ရာ ယာယီညွှန်ကြားရေးမှူးနှင့် ယာယီဌာနေကိုယ်စားလှယ် Mr. Peter John Cross တိုအား သီးခြားစီ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။ ရုရှားသံရုံး၏ သံရုံးယာယီတာဝန်ခံနှင့် တွေ့ဆုံရာတွင် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ဆက်လက်တိုးတက်ခိုင်မာစေရေး၊ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ရေးနှင့် ဒေသတွင်း၊ နိုင်ငံတကာမျက်နှာစာတိုတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ ထိုနောက် ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် UNOPS ၏ မြန်မာနိုင်ငံဆိုင်ရာ ယာယီညွှန်ကြားရေးမှူးနှင့် ယာယီဌာနေကိုယ်စားလှယ် Mr. Peter John Cross အား သီးခြားလက်ခံတွေ့ဆုံခဲ့ပြီး မြန်မာအစိုးရနှင့် UNOPS တိုအကြား လက်ရှိပူးပေါင်းဆောင်ရွက်နေသည့် လုပ်ငန်းများအပြင် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်နိုင်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

photo content

သူရဲဈေး-တောင်ပြုံး၊ တောင်ပြုံး-သူရဲဈေး ရထားခရီးစဉ် ခရီးသည်စီးနင်းမှုများပြားသဖြင့် ထပ်မံတိုးချဲ့ပြေးဆွဲ သူရဲဈေး-တောင်ပြုံး၊ တောင်ပြုံး-သူရဲဈေး ရထားခရီးစဉ် ခရီးသည်စီးနင်းမှုများပြားသဖြင့် ထပ်မံတိုးချဲ့ပြေးဆွဲကြောင်း သိရသည်။ ပိုဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် ရထားစီးခရီးသွားပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရန် မ-၄၁၊ မ-၄၃ သူရဲဈေး-တောင်ပြုံးနှင့် မ-၄၂၊ မ-၄၄ တောင်ပြုံး-သူရဲဈေး ရထားခရီးစဉ်အား ရိုးရိုးတန်းခြောက်တွဲ၊ ဘရိတ်တွဲနှစ်တွဲ စုစုပေါင်းရှစ်တွဲဖြင့် တွဲဆိုင်းဖွဲဆင်ပြီး ဩဂုတ် ၁၉ ရက်မှစတင်၍ ပြေးဆွဲပေးလျက်ရှိရာ တောင်ပြုံးပွဲတော်ကာလအတွင်း ရထားစီးခရီးသည် စီးနင်းမှုများပြားသဖြင့် ဩဂုတ် ၂၂ ရက်မှစတင်၍ မ-၄၅ နှင့် မ-၄၆ ရထား နှစ်စင်းထပ်မံတိုးချဲ့ပြီး တစ်နေ့လျှင် အစုန်/အဆန် ရထားခရီးစဉ် ခြောက်ခေါက်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။ နေ့အလိုက် ရထားစီးခရီးသည် စီးနင်းမှုအနေဖြင့် စတင်ပြေးဆွဲသည့် ဩဂုတ် ၁၉ ရက်က ခရီးသည် ၄၇၇ ဦး၊ ဩဂုတ် ၂၀ ရက်တွင် ခရီးသည် ၆၄၅ ဦး၊ ဩဂုတ် ၂၁ ရက်တွင် ခရီးသည် ၂၉၂၅ ဦး၊ ဩဂုတ် ၂၂ ရက်တွင် ခရီးသည် ၂၄၁၂ ဦး နှင့် ဩဂုတ် ၂၃ ရက်တွင် ခရီးသည် ၆၉၃၅ ဦးအထိ လိုက်ပါစီးနင်းခဲ့သဖြင့် စတင်ပြေးဆွဲခဲ့သည့်အချိန်မှ သြဂုတ် ၂၄ ရက်အထိ ခရီးသည် စုစုပေါင်း ၁၃၃၉၄ ဦး လိုက်ပါစီးနင်းခဲ့ကြောင်း သိရသည်။

photo content

နိုင်ငံခြားရေးဝန်ကြီးဌာနတွင် အသစ်ခန့်အပ်လိုက်သည့် အရာထမ်းငယ်များအတွက် သံတမန်ရေးရာသင်တန်း အမှတ်စဉ်(၉) သင်တန်းဖွင့်   နေပြည်တော် ဩဂုတ် ၂၄   နိုင်ငံခြားရေးဝန်ကြီးဌာနတွင် အသစ်ခန့်အပ်လိုက်သည့် အရာထမ်းငယ်များအတွက် သံတမန်ရေးရာသင်တန်း အမှတ်စဉ်(၉)၏ သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန (နေပြည်တော်)ရှိ လောကနတ်ခန်းမ၌ ကျင်းပသည်။   အဆိုပါသင်တန်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ၂၀၂၆ ခုနှစ်တွင် အသစ်ခန့်အပ်လိုက်သည့် ဌာနစုမှူး-၂/အရာထမ်းငယ် ၂၉ ဦးတိုကို ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနအသီးသီး၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ သံတမန်ရေးရာဘာသာရပ်များ၊ နိုင်ငံတကာဆက်ဆံရေးဘာသာရပ်များ၊ ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲအစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများ၊ အာဆီယံရေးရာများ၊ ကောင်စစ်ရေးရာများ၊ နိုင်ငံတကာဥပဒေများနှင့် လုပ်ငန်းခွင်ကျွမ်းကျင်မှု အရည်အသွေးမြှင့်တင်ခြင်း အစရှိသည့်ဘာသာရပ်များကို သင်တန်းကာလ ရက်သတ္တ ၁၁ ပတ်ကြာ စာတွေ့/လက်တွေ့ သင်ကြား ပိုချသွားမည်ဖြစ်သည်။   သင်တန်းဖွင့်ပွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေက အမှာစကားပြောကြားခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနတွင် အသစ်ခန့်အပ်လိုက်သည့် အရာထမ်းငယ်များအတွက် သံတမန်ရေးရာသင်တန်း အမှတ်စဉ်(၉) သင်တန်းဖွင့်
နိုင်ငံခြားရေးဝန်ကြီးဌာနတွင် အသစ်ခန့်အပ်လိုက်သည့် အရာထမ်းငယ်များအတွက် သံတမန်ရေးရာသင်တန်း အမှတ်စဉ်(၉) သင်တန်းဖွင့်

သူရဲဈေး-တောင်ပြုံး၊ တောင်ပြုံး-သူရဲဈေး ရထားခရီးစဉ် ခရီးသည်စီးနင်းမှုများပြားသဖြင့် တိုးချဲ့ပြေးဆွဲ   နေပြည်တော် ဩဂုတ် ၂၄   ပိုဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် ရထားစီးခရီးသွားပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရန် မ-၄၁၊ မ-၄၃ သူရဲဈေး-တောင်ပြုံးနှင့် မ-၄၂၊ မ-၄၄ တောင်ပြုံး-သူရဲဈေး ရထားခရီးစဉ်အား ရိုးရိုးတန်းခြောက်တွဲ၊ ဘရိတ်တွဲနှစ်တွဲ စုစုပေါင်းရှစ်တွဲဖြင့် တွဲဆိုင်းဖွဲဆင်ပြီး ဩဂုတ် ၁၉ ရက်မှစတင်၍ ပြေးဆွဲပေးလျက်ရှိရာ တောင်ပြုံးပွဲတော်ကာလအတွင်း ရထားစီးခရီးသည် စီးနင်းမှုများပြားသဖြင့် ဩဂုတ် ၂၂ ရက်မှစတင်၍ မ-၄၅ နှင့် မ-၄၆ ရထား နှစ်စင်းထပ်မံတိုးချဲ့ပြီး တစ်နေ့လျှင် အစုန်/အဆန် ရထားခရီးစဉ် ခြောက်ခေါက်ပြေးဆွဲပေးလျက်ရှိကြောင်းသိရသည်။   နေ့အလိုက်ရထားစီးခရီးသည် စီးနင်းမှုအနေဖြင့် စတင်ပြေးဆွဲသည့် ဩဂုတ် ၁၉ ရက်က ခရီးသည် ၄၇၇ ဦး၊ ဩဂုတ် ၂၀ ရက်တွင် ခရီးသည် ၆၄၅ ဦး၊ ဩဂုတ် ၂၁ ရက်တွင် ခရီးသည် ၂၉၂၅ ဦး၊ ဩဂုတ် ၂၂ ရက်တွင် ခရီးသည် ၂၄၁၂ ဦး နှင့် ဩဂုတ် ၂၃ ရက်တွင် ခရီးသည် ၆၉၃၅ ဦးအထိ လိုက်ပါစီးနင်းခဲ့သဖြင့် စတင်ပြေးဆွဲခဲ့သည့်အချိန်မှ ယနေ့ထိ ခရီးသည် စုစုပေါင်း ၁၃၃၉၄ ဦး လိုက်ပါစီးနင်းခဲ့သည်။   သူရဲဈေး-တောင်ပြုံး ရထားခရီးစဉ်တွင် သူရဲဈေးဘူတာမှစတင်၍ မ-၄၁ ရထားသည် နံနက် ၇ နာရီ တွင်လည်းကောင်း၊ မ-၄၃ ရထားသည် နံနက် ၁၀ နာရီခွဲတွင်လည်းကောင်း၊ မ-၄၅ ရထားသည် မွန်းလွဲ ၁ နာရီခွဲတွင်လည်းကောင်းထွက်ခွာ၍ တောင်ပြုံး-သူရဲဈေးရထားခရီးစဉ်တွင် တောင်ပြုံးဘူတာမှစတင် ၍ မ-၄၂ ရထားသည် နံနက် ၉ နာရီ ၄၅ မိနစ်တွင် လည်းကောင်း၊ မ-၄၄ ရထားသည် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင်လည်းကောင်း၊ မ-၄၆ ရထားသည် ညနေ ၅ နာရီတွင်လည်းကောင်းထွက်ခွာပြီး လမ်းခရီးတွင် အိုးဘို၊ မြနန္ဒာ၊ ကပိုင်ဘူတာတိုတွင် ရပ်တန့်ပေးမည်ဖြစ်သည်။ ရထားလက်မှတ်ခအနေဖြင့် မည်သည့်ဘူတာအတွက်မဆို တစ်ဦးလျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြစ်ကြောင်း သိရသည်။   ထိုပြင် ပိုဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် အများပြည်သူလူထု ရထားဖြင့် ခရီးသွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် အဓိကရထားလမ်းပိုင်းများဖြစ်သည့် ရန်ကုန်-မန္တလေး လမ်းပိုင်း၊ ရန်ကုန်-ပြည်လမ်းပိုင်း၊ ရန်ကုန်-မော်လမြိုင် လမ်းပိုင်းများနှင့် ရန်ကုန်မြိုပတ်နှင့် ဆင်ခြေဖုန်းလမ်းပိုင်းများတွင်သာမက အခြားလမ်းပိုင်းများ ဖြစ်သော ပုသိမ်-ဟင်္သာတ-ကြံခင်း လမ်းပိုင်း၊ ပျဉ်းမနား-တောင်တွင်းကြီးလမ်းပိုင်း၊ ရန်ကုန်-ပြည်-ပုဂံလမ်းပိုင်း၊ မြစ်ကြီးနား-မိုးညှင်း လမ်းပိုင်း၊ သာစည်-ရွှေညောင်လမ်းပိုင်းနှင့် လက်ပံတန်း-သာရဝေါ လမ်းပိုင်း စသည့်လမ်းပိုင်းများတွင် လူစီးရထား ခရီးစဉ်များကို စီစဉ်ပြေးဆွဲပေးလျက်ရှိကြောင်းနှင့် သူရဲဈေး-တောင်ပြုံး ရထားခရီးစဉ်တွင် ခရီးသည်စီးနင်းမှု ထပ်မံများပြားလာပါက ရထားထပ်တိုး ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သတင်းရရှိသည်။

သူရဲဈေး-တောင်ပြုံး၊ တောင်ပြုံး-သူရဲဈေး ရထားခရီးစဉ် ခရီးသည်စီးနင်းမှုများပြားသဖြင့် တိုးချဲ့ပြေးဆွဲ
သူရဲဈေး-တောင်ပြုံး၊ တောင်ပြုံး-သူရဲဈေး ရထားခရီးစဉ် ခရီးသည်စီးနင်းမှုများပြားသဖြင့် တိုးချဲ့ပြေးဆွဲ

ထိုင်းစစ်တပ်က သံချပ်ကာယာဉ်များ၊ M777 နှင့် HIMARS ဒုံးကျည်စနစ်များ ဝယ်ယူပေးရန်အပြင် ဒရုန်းစစ်ဆင်ရေးဗဟိုဌာနထူထောင်ရေးပါ တောင်း
ထိုင်းစစ်တပ်က သံချပ်ကာယာဉ်များ၊ M777 နှင့် HIMARS ဒုံးကျည်စနစ်များ ဝယ်ယူပေးရန်အပြင် ဒရုန်းစစ်ဆင်ရေးဗဟိုဌာနထူထောင်ရေးပါ တောင်းဆို ၂၄. ၈. ၂၀၂၆   ထိုင်းတော်ဝင်စစ်တပ်သည် ပြောင်းလဲလာသော လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများအကြား စစ်ဆင်ရေး အသင့်ပြင်ဆင်ထားရှိမှုကို မြှင့်တင်ရန်အတွက် ဘီးတပ်သံချပ်ကာယာဉ်များ၊ M777 ဟောင်ဝစ်ဇာ အမြောက်များနှင့် HIMARS ဒုံးကျည်စနစ်များ အပါအဝင် စစ်ဘက်ဆိုင်ရာ ကိရိယာသစ်များ ဝယ်ယူရန် အဆိုပြုခဲ့သည်။   ကာကွယ်ရေးဝန်ကြီး အဒူးလ် ဘွန်သမ်ချာရိုအန်က စစ်တပ်ဌာနချုပ်သို လာရောက်ကြည့်ရှုပြီးနောက် တနင်္လာနေ့ (ဩဂုတ် ၂၄) တွင် အဆိုပါ အဆိုပြုချက်များ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး ထိုခရီးစဉ်အတွင်း ဝန်ကြီးသည် စစ်တပ်၏ တာဝန်များ၊ စစ်ဆင်ရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် စွမ်းဆောင်ရည် မြှင့်တင်ရေး အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များကို လက်ခံရရှိခဲ့သည်။

သမ္မတကြီးအနေနဲ့ Tuva ကို ဝင်တာက Soft power သပ်သပ်ပါ။ ဆိုလိုတာက မြန်မာနိုင်ငံရဲ့ ထေရဝါဒဗုဒ္ဓဘာသာနဲ့ ရုရှားရဲ့ ဗုဒ္ဓဘာသာဒေသတွေက
သမ္မတကြီးအနေနဲ့ Tuva ကို ဝင်တာက Soft power သပ်သပ်ပါ။ ဆိုလိုတာက မြန်မာနိုင်ငံရဲ့ ထေရဝါဒဗုဒ္ဓဘာသာနဲ့ ရုရှားရဲ့ ဗုဒ္ဓဘာသာဒေသတွေကို ယဉ်ကျေးမှု၊ ဘာသာရေး ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ Russia–Myanmar soft-power diplomacy ကို မြှင့်တင်တဲ့သဘောလို မြင်လိုရတယ်။ အထူးသဖြင့် သီတဂူ ဆရာတော် ဘုရားကြီး တက်ရောက်နေကြဖြစ်တဲ့ Buryatia ‌ဆိုတာကလည်း ရုရှားနိုင်ငံရဲ့ အဓိက ဗုဒ္ဓဘာသာ ဗဟိုချက် ဖြစ်နေတယ်။ ၂၀၂၆ ဗုဒ္ဓဘာသာဖိုရမ်မှာ မြန်မာအပါအဝင် နိုင်ငံပေါင်း ၃၀ နီးပါးက အစိုးရ၊ ဘာသာရေးနဲ့ ပညာရေးဆိုင်ရာ ကိုယ်စားလှယ်တွေ ပါဝင်ခဲ့ဖူးတယ်။ မြင်ရသလောက်တော့....စီးပွားရေး ဖိုရမ်ကနေ ဝင်တာက လမ်းကြောင်းသပ်သပ်၊ ဘာသာရေးဘက်ကနေ Soft Power နဲ့ပါ ချည်နှောင်နိုင်အောင် ကြိုးပမ်းမှု တစ်ခုလိုပဲ သုံးသပ်မိတယ်။ (နရီမိုး)

ရေကြီးနစ်မြုပ်မှုဘေးဒဏ်ခံခဲ့ရသည့် ငါးမွေးကန်များ ပြန်လည်မွေးမြူနိုင်ရန် လိုက်နာရမည့် အချက်များ
ရေကြီးနစ်မြုပ်မှုဘေးဒဏ်ခံခဲ့ရသည့် ငါးမွေးကန်များ ပြန်လည်မွေးမြူနိုင်ရန် လိုက်နာရမည့် အချက်များ