သိင်္ခ
Відкрити в Telegram
အသိတိုး
Показати більшеКраїна не вказанаКатегорія не вказана
1 063
Підписники
Немає даних24 години
-207 днів
-7530 днів
Архів дописів
1 063
+6
ဗန်းမော်ရှေ့တန်းရောက်တပ်မတော်သားများအတွက်
တပ်မတော်ချစ်မြတ်နိုးသူများက
ကြက်သားဒံပေါက်ဂုဏ်ပြုပါသည်
#Bn
1 063
Repost from Gyar Nuu (ဂျာနူး)✍️
KNU မှ အမျိုးသမီးငယ်များကို အတင်းအဓမ္မ လူသစ်စုဆောင်း
စစ်ရေးတင်းမာမှု မြင့်တက်နေသည့် ကရင်ပြည်နယ်၊ လေးကေကော်ဒေသတွင် KNU ဘက်မှ စစ်အင်အား ဖြည့်တင်းရန် လိုအပ်ချက်များရှိနေပြီး စောဘောကျော်ဟဲ၏ ဦးဆောင်မှုအောက်တွင် အမျိုးသမီးများကို အတင်းအဓမ္မ စစ်သင်တန်းပေးကာ လူသစ်စုဆောင်းမှုများ ပြုလုပ်နေကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။ ဤလုပ်ရပ်ကြောင့် - ဘေးအန္တရာယ်နှင့် စိုးရိမ်မှုများ: သေနတ်ကိုပင် စနစ်တကျ မကိုင်တွယ်တတ်သေးသည့် အမျိုးသမီးများ ရှေ့တန်းတိုက်ပွဲများသို့ ရောက်ရှိနေသဖြင့် ကျဆုံးမှုနှုန်း ပိုမိုမြင့်တက်လာမည်ကို ဒေသခံများက ဝေဖန်ထောက်ပြနေကြသည်။ ဒေသခံများ၏ အခြေအနေ: ရုတ်တရက် တပ်သားသစ် စုဆောင်းခံရမည့် အန္တရာယ်ကြောင့် ဒေသခံ မိန်းကလေးများမှာ ကြောက်လန့်ကာ အနီးအနား ဘေးလွတ်ရာဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
သိင်္ခ
1 063
QR Code ဖြင့် ဆီရောင်းချရာတွင် ညွှန်ကြားချက် မလိုက်နာသည့် စက်သုံးဆီဆိုင် ၂၀ အား အရေးယူ
စက်သုံးဆီအရောင်းဆိုင်များတွင် QR Code/ Barcode စနစ်အသုံးပြု၍ ရောင်းချရာ၌ သတ်မှတ်ထားသည့် ညွှန်ကြားချက်များအတိုင်း လိုက်နာမှုမရှိသည့် ဆိုင် ၂၀ အား စိစစ်ဖော်ထုတ်၍ ထိရောက်စွာ အရေးယူဆောင်ရွက်ခဲ့ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် အရောင်းဆိုင်များမှ ယာဉ်များ၏ QR/Barcode ကို Scan ဖတ်၍ ရောင်းချသည့် ပမာဏပေါ် မူတည်ပြီး စက်သုံးဆီဝယ်ယူခွင့် (PO) များကို ခွဲဝေပေးလျက်ရှိသည်။
ယင်းရောင်းချမှု အခြေအနေများကိုလည်း Online Monitoring Center မှတစ်ဆင့် စဉ်ဆက်မပြတ် စောင့်ကြည့်စစ်ဆေးလျက်ရှိသည်။
စနစ်မှန်ကန်ရေးအတွက် ဆိုင်သို့ အမှန်တကယ် လာရောက်ဝယ်ယူသည့် ယာဉ်များကိုသာ Scan ဖတ်ရောင်းချရန်နှင့် မသမာသော နည်းလမ်းဖြင့် ရောင်းအားမြင့်တက်အောင် ဆောင်ရွက်ပါက ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များအား ကြိုတင်အသိပေးထားပြီးဖြစ်သည်။
1 063
+2
Online အသုံးပြု၍ ကျောက်မျက်ရတနာများ လိမ်လည်ရောင်းချသည့် တရုတ်နိုင်ငံသားများအပါအဝင် (၂၈)ဦးကို မဟာအောင်မြေမြို့နယ်၌ဖမ်းမိ
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် Online အသုံးပြု၍ ကျောက်မျက်ရတနာများ လိမ်လည်ရောင်းချသည့် တရုတ်နိုင်ငံသားများအပါအဝင်(၂၈)ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လုံခြုံရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ဝင်များက စက်တင်ဘာ ၂ ရက်တွင် မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေအရှေ့ရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှ Online အသုံးပြု၍ ကျောက်မျက်ရတနာများအားလိမ်လည်ရောင်းချလျက်ရှိသော တရုတ်နိုင်ငံသား Mr.Chen Xiao Dai(ချိန်ရှောင်းတိုက်)ဦးဆောင်သည့် တရုတ်နိုင်ငံသား(၂)ဦး၊ အင်ဒိုနီးရှားနိုင်ငံသား(၄)ဦး၊ မလေးရှားနိုင်ငံသား(၁)ဦး၊ မြန်မာနိုင်ငံသား(၁၃)ဦးတို့အား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
1 063
+1
ဒုတိယသမ္မတ ဦးညိုစော ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ (၂၃) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် (၂၃) ကြိမ်မြောက် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရောက်ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေး
1 063
+2
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားစာရင်း ကောက်ခံရေး ဆက်လက်ဆောင်ရွက်
ဗန်ကောက်၊ စက်တင်ဘာ ၁၇
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးသည် ထိုင်းအလုပ်သမားဝန်ကြီး H.E. Mr. Julapun Amornvivat နှင့် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်တွင် ထိုင်းအလုပ်သမားဝန်ကြီးဌာန၌ တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ၏ ထိုင်းနိုင်ငံခရီးစဉ်အပြီး နှစ်ဖက်အလုပ်သမားဝန်ကြီးဌာနများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများအကြား ဆက်လက်တွန်းအားပေးဆောင်ရွက်ရမည့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားစာရင်း ကောက်ခံရေးနှင့် ပြည်ပလုပ်သား တရားဝင်လွှဲပြောင်းငွေဆိုင်ရာ ကိစ္စရပ်များ၊ တရားဝင်အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု မြှင့်တင်ရေး၊ အလုပ်သမားစီမံခန့်ခွဲမှု ပိုမိုထိရောက်မှုရှိစေရေးနှင့် မြန်မာရွှေ့ပြောင်းလုပ်သားများ၏ အခွင့်အရေးတို့အတွက် ခင်မင်ရင်းနှီးစွာဖြင့် နှစ်ဖက်အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
1 063
ICC က အင်အားကြီးနိုင်ငံတွေရဲ့ ကြိုးဆွဲရုပ် မဖြစ်သင့်ဘူးလို ပြောပြီ
စက်တင်ဘာ - ၁၆ ( ဗုဒ္ဓဟူးနေ့ )
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) အနေနဲ့ အင်အားကြီးနိုင်ငံတွေကိုလည်း ကျန်တဲ့နိုင်ငံတွေနည်းတူ စံနှုန်းတစ်ခုတည်းနဲ့ အရေးယူနိုင်ဖို ဘက်ပေါင်းစုံကနေ အကြီးအကျယ် ပြုပြင်ပြောင်းလဲဖို လိုအပ်နေပြီလို လူ့အခွင့်အရေး လှုပ်ရှားသူ ဒေဗစ်လိုပက်ဇ် က ပြောကြားလိုက်ပါတယ်။
ဟိဂ်မြိုမှာအခြေစိုက်တဲ့ ICC တရားရုံးကို ဂျီနိုဆိုက် (လူမျိုးတုံးသတ်ဖြတ်မှု)၊ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ ကျူးကျော်စစ်ပွဲ ရာဇဝတ်မှုတွေကို အရေးယူဖိုအတွက် "ရုမ်း စတက်ကျု" သဘောတူညီချက် အရ ၂၀၀၂ ခုနှစ်မှာ စတင်ဖွဲစည်းခဲ့တာပါ။ ဒါပေမဲ့ ဒီတရားရုံးဟာ နိုင်ငံရေးအရ ဘက်လိုက်မှုတွေရှိပြီး အနိုင်ကျင့် ရွေးချယ်အရေးယူနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ကာလရှည်ကြာ ရင်ဆိုင်နေရတာဖြစ်ပါတယ်။
1 063
ကမ္ဘောဇဘဏ်က ဧရာဝတီရေဘေးသင့် အိမ်ထောင်စု ၂,၀၀၀ အတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အခြေခံလိုအပ်သည့်ပစ္စည်းများ ဖြန့်ဝေ
ရန်ကုန်၊ စက်တင်ဘာ ၁၆
ကမ္ဘောဇဘဏ်က ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုကြောင့် ထိခိုက်ခံစားနေရသည့် အိမ်ထောင်စု ၂,၀၀၀ အတွက် စားနပ်ရိက္ခာ၊ အရေးပေါ်ဆေးဝါးနှင့် အခြေခံလိုအပ်သည့်ပစ္စည်းများ ဖြန့်ဝေပေးခဲ့ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။
ငသိုင်းချောင်းမြိုနယ်ရှိ ကျေးရွာအုပ်စု ၂၃ ခုမှ အိမ်ထောင်စု ၂,၀၀၀၊ လူဦးရေ ၆,၅၉၃ ဦးအတွက် တစ်ပတ်စာစားနပ်ရိက္ခာ၊ တာပေါ်လင်မိုးကာရွက်ဖျင်၊ ရေသန့်စင်ဆေးပြားနှင့် အရေးပေါ်ဆေးဝါးများအပါအဝင် အခြေခံလိုအပ်သည့်ပစ္စည်းများကို ဖြန့်ဝေပေးခဲ့ခြင်းဖြစ်သည်။
1 063
အမေရိကန်နှင့် အခွန်နှုန်းထားဆိုင်ရာ သဘောတူညီချက်ရပြီးနောက် ဘင်္ဂလားဒေ့ရှ်၏ အထည်ချုပ်တင်ပိုမှု ၂၅ ရာခိုင်နှုန်းကျော် မြင့်တက်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အမေရိကန်ဈေးကွက်သို အထည်ချုပ်ပစ္စည်းတင်ပိုမှုသည် ဩဂုတ်လအတွင်း အမေရိကန်ဒေါ်လာ ၈၀၆.၄၆ သန်းအထိ ရောက်ရှိခဲ့ပြီး ဇူလိုင်လနှင့် နှိင်းယှဉ်ပါက ၂၅.၆၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် ပိုကုန်မြှင့်တင်ရေးဗျူရို (EPB) ၏ အချက်အလက်များအရ သိရသည်။
အမေရိကန်ဈေးကွက်သို တင်ပိုရာတွင် အခွန်နှုန်းထားဆိုင်ရာ သဘောတူညီချက်ရရှိပြီးနောက် အထည်ချုပ်တင်ပိုမှုများ ပြန်လည်အားကောင်းလာခြင်းဖြစ်ကြောင်း သိရသည်။
1 063
+9
ကမ္ဘောဇဘဏ်က ဧရာဝတီရေဘေးသင့် အိမ်ထောင်စု ၂,၀၀၀ အတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အခြေခံလိုအပ်သည့်ပစ္စည်းများ ဖြန့်ဝေ
ရန်ကုန်၊ စက်တင်ဘာ ၁၆
ကမ္ဘောဇဘဏ်က ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုကြောင့် ထိခိုက်ခံစားနေရသည့် အိမ်ထောင်စု ၂,၀၀၀ အတွက် စားနပ်ရိက္ခာ၊ အရေးပေါ်ဆေးဝါးနှင့် အခြေခံလိုအပ်သည့်ပစ္စည်းများ ဖြန့်ဝေပေးခဲ့ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။
ငသိုင်းချောင်းမြို့နယ်ရှိ ကျေးရွာအုပ်စု ၂၃ ခုမှ အိမ်ထောင်စု ၂,၀၀၀၊ လူဦးရေ ၆,၅၉၃ ဦးအတွက် တစ်ပတ်စာစားနပ်ရိက္ခာ၊ တာပေါ်လင်မိုးကာရွက်ဖျင်၊ ရေသန့်စင်ဆေးပြားနှင့် အရေးပေါ်ဆေးဝါးများအပါအဝင် အခြေခံလိုအပ်သည့်ပစ္စည်းများကို ဖြန့်ဝေပေးခဲ့ခြင်းဖြစ်သည်။
အကူအညီရရှိသူများတွင် မသန်စွမ်းသူ ၁၃၂ ဦး ပါဝင်ပြီး အထောက်အပံ့ပစ္စည်းများ ဖြန့်ဝေရာတွင် ဟင်္သာတနှင့် ကျုံပျော်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲများမှ ဝန်ထမ်းများလည်း ပါဝင်ကူညီခဲ့ကြောင်း သိရသည်။
1 063
မွန်ပြည်နယ်တွင် မြန်မာ့စတုတ္ထမြောက်အကြီးဆုံး ဖြစ်လာမည့် “ရာမည အတုလ ဓမ္မရာဇိက” ကြေးခေါင်းလောင်းကြီး သွန်းလုပ်မည်
ရေး၊ စက်တင်ဘာ ၁၆
မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ကျိုက်ဒေ့တမောဗရတ် ကိုရင်လေးဆရာတော် သာသနာပြုနယ်မြေ၊ ပုပ္ဖရမ္မဓမ္မရာဇိကစေတီ ရင်ပြင်တော်တွင် ပြာသာဒ်ဆောင်ဖြင့် ချိတ်ဆွဲပူဇော်ရန် အလေးချိန် ၂၅ တန်ရှိ “ရာမည အတုလ ဓမ္မရာဇိက” ကြေးခေါင်းလောင်းကြီးကို သွန်းလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကြေးခေါင်းလောင်းကြီးသည် ပိဿာချိန် ၁၅,၃၀၀ ခန့်ရှိမည်ဖြစ်ပြီး သွန်းလုပ်ပြီးစီးပါက မြန်မာနိုင်ငံ၏ စတုတ္ထမြောက်အကြီးဆုံး ကြေးခေါင်းလောင်းကြီး ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မင်းကွန်းခေါင်းလောင်းကြီး၊ သာယာဝတီမင်းခေါင်းလောင်းတော်နှင့် သီရိသုမနခေါင်းလောင်းတော်တို့ကို မြန်မာနိုင်ငံရှိ အကြီးဆုံးကြေးခေါင်းလောင်းကြီးများအဖြစ် အစဉ်လိုက် သတ်မှတ်ထားကြောင်း သိရသည်။
1 063
တောင်ကြီးတန်ဆောင်တိုင်ပွဲတော် နိုင်ဝင်ဘာ ၁၈ ရက် စတင်ကျင်းပမည်
၂၀၂၆ ခုနှစ်၊ တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော် မီးပုံပျံပြိုင်ပွဲကို လာမည့် နိုဝင်ဘာလ ၁၈ ရက်တွင် စတင်ကျင်းပပြုလုပ်သွားမည်ဖြစ်တယ်လို့ သိရပါတယ်...
“အကြမ်းအားဖြင့် နိုဝင်ဘာလ ၁၈ ရက် ပွဲစမှာပါ။ ပြိုင်ပွဲတွေက ၂၄ ရက်အထိပါ။ ၂၅ ရက် ဆုပေးပွဲပေါ့။ မီးပုံးပျံ အရေအတွက်ပေါ် မူတည်ပြီးတော့ ပွဲရက်ကတော့ တိုးရင် တိုးနိုင်ပါသေးတယ်။ ခါတိုင်းနှစ်တွေလိုပဲ ပြိုင်ပွဲတွေ ရှိမယ်။ မီးပုံးပျံပြိုင်ပွဲ၊ ကထိန်လှည့်လည်ပွဲ၊ မသိုးသင်္ကန်း ရက်လှူပူဇော် ပြိုင်ပွဲ၊ သီချင်းပြိုင်ပွဲတွေ ရှိပါမယ်” လို့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်...
တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲတေးသီချင်း ပြိုင်ပွဲကို အောက်တိုဘာလလယ်ခန့်တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ဓါတ်ပုံပြိုင်ပွဲမှာမူ ယခုနှစ်တွင် ပါဝင်ခြင်း မရှိသေးကြောင်း သိရပါတယ်...
1 063
+3
နယ်စပ်လမ်းကြောင်း မတည်ငြိမ်မှုနဲ့ ကုန်သွယ်ရေးမူဝါဒ အပြောင်းအလဲတွေကြား ကျားကန်နေရတဲ့ ကုန်သွယ်မှုလုပ်ငန်းများ
၁၆.၉.၂၀၂၆
နယ်စပ်လမ်းကြောင်းတွေ မတည်ငြိမ်မှုနဲ့ ကုန်သွယ်ရေးမူဝါဒ အပြောင်းအလဲတွေကြောင့် လက်ရှိ မြန်မာ့စီးပွားရေးလောကမှာ စိန်ခေါ်မှုများစွာ ကြုံတွေ့နေရပေမယ့် ပြည်တွင်း ဝယ်လိုအားရှိနေသရွေ့ သွင်းကုန် ကုန်သွယ်မှုဟာ လုံးဝရပ်တန့်သွားဖို့တော့ ရှိလာမှာ မဟုတ်ပါဘူး။
လမ်းကြောင်းတစ်ခု ပိတ်သွားပါက နောက်ထပ် လမ်းကြောင်းသစ်တစ်ခုကို ရှာဖွေစမြဲဖြစ်တဲ့ ကုန်သည်တို့ရဲ့ သဘောသဘာဝအတိုင်း နည်းလမ်းမျိုးစုံနဲ့ ကုန်စည်တွေဟာ ပြည်တွင်းကို စီးဝင်နေဆဲ ဖြစ်ပါတယ်။
1 063
+2
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း ဦးဆောင်အဖွဲ့ ရုရှားဒူးမားလွှတ်တော်ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရန်ထွက်ခွာ
စက်တင်ဘာ ၁၆
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်၏ (၉) ကြိမ်မြောက် လွှတ်တော်ကိုယ်စားလှယ် ရွေးကောက်ပွဲတွင် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူအဖြစ် ပါဝင်တက်ရောက်ရန် ယနေ့ စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် ရုရှားနိုင်ငံ၊ မော်စကိုမြို့သို့ ထွက်ခွာသွားကြောင်း သိရသည်။
အဆိုပါခရီးစဉ်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Vyacheslav Volodin ၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်းဖြစ်ကြောင်း သိရသည်။
1 063
ထိုင်းရောက် မြန်မာလုပ်သား များ၏ အချက်အလက် စုဆောင်းပြီး တရားဝင်ငွေလွှဲလမ်းကြောင်း ဖော်ဆောင်မည် 《𝙎𝙀𝙋~𝟏𝟔》 ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အချက်အလက်များ စနစ်တကျစုဆောင်းနိုင်ရေးနှင့် မြန်မာနိုင်ငံသို့ တရားဝင်ငွေလွှဲပေးပို့နိုင်မည့် လမ်းကြောင်းများ ဖော်ဆောင်ရေးအတွက် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက စက်တင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ထိုင်းအလုပ်သမားဝန်ကြီးဌာန ဝန်ကြီး မစ္စတာ Julapun Amornvivat နှင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးတို့ စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် ဘန်ကောက်ရှိ ထိုင်းအလုပ်သမားဝန်ကြီးဌာန၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးရာတွင် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သားများ၏ အချက်အလက်များကို စုဆောင်းရာ၌ လိုက်နာရမည့် လုပ်ထုံးလုပ်နည်းများနှင့် နှစ်နိုင်ငံအကြား အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှုများကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။
1 063
စီးပွားရေးတိုးတက်ရန် လွှတ်တော်နှင့် ဌာနပေါင်းစုံ၏ ဆောင်ရွက်မှု အရေးကြီး
၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၁၆
မြန်မာနိုင်ငံသည် စီးပွားရေး၊ နိုင်ငံရေးနှင့် လူမှုရေး စိန်ခေါ်မှုများစွာကို ရင်ဆိုင် ဖြေရှင်းနေရခြင်းဖြစ်၍ လွှတ်တော် နှင့် ဝန်ကြီးဌာန ပေါင်းစုံများအကြား ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုမှာ အရေးကြီးကြောင်း နိုင်ငံရေးနှင့် စီးပွားရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
တိုင်းပြည်ကြီး ဘက်ပေါင်းစုံ၌ တိုးတက်ရေးအတွက် လွှတ်တော်၏ ထိန်းကျောင်းစောင့်ကြည့်မှုနှင့် ဝန်ကြီးဌာန များ၏ မူဝါဒ အကောင်အထည်ဖော်မှု ပိုမို အားကောင်းလာရန် လိုအပ်ကာ နှစ်ဖက်အင်အားစုပေါင်း၍ ဟန်ချက် ညီညီ လုပ်ဆောင်သင့်ကြောင်း ၎င်းတို့က သုံးသပ်ကြသည်။
1 063
RCSS နှင့် NSPNC ဘာတွေ ဆွေးနွေးလဲ
၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၁၆
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)နှင့် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)တို့ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်က နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးကြသည်။
အဆိုပါ တွေ့ဆုံမှုတွင် RCSS ၏ အဖွဲ့အစည်းဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်း လမ်းဖြင့် ဖြေရှင်းရေး၊ ပဋိပက္ခကြောင့် ရွှေ့ပြောင်း နေထိုင်ခဲ့ရသည့် ပြည်သူများ နေရပ်ပြန်နိုင်ရေးနှင့် ပြန်လည် ထူ ထောင်ရေး၊ ဒေသခံ ပြည်သူလူထုအတွက် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားနှင့် ဒေသ ဖွံ့ဖြိုးရေး၊ ဒေသတည်ငြိမ်အေးချမ်းရေး၊ နှစ်ဖက် အပြန်အလှန် ဆက်သွယ် ဆောင်ရွက်နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ ယုံကြည်မှု ပြန်လည်တည်ဆောက်ရေး ဆိုင်ရာကိစ္စရပ်များနှင့် အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များ၊ မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးတို့အတွက် အစိုးရနှင့်ပူးပေါင်း ဆောင်ရွက်ရေး စသည့်ကိစ္စများကို ဆွေးနွေးခဲ့ ကြသည်။
1 063
+2
အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျယ်လ်မြို့တွင် ရဟတ်ယာဉ်တစ်စီးပျက်ကျရာ အနည်းဆုံး လူ သုံးဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
၁၆.၉.၂၀၂၆
အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျယ်လ်မြို့၊ ချတ်စ်ဝေါ့ရပ်ကွက်တွင် စက်တင်ဘာလ ၁၅ ရက်က ရဟတ်ယာဉ်တစ်စင်း ပျက်ကျပြီး မီးလောင်ကျွမ်းခဲ့ရာ လူ သုံးဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ယင်းဖြစ်ရပ်ကြောင့် မီးငြှိမ်းသတ်ရေး ကြီးမားသောဆောင်ရွက်မှုများနှင့် ပြည်ထောင်စုလေကြောင်းဆိုင်ရာ အာဏာပိုင်များ၏ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရကြောင်း သိရသည်။
မီးသတ်ဌာန တာဝန်ရှိသူများကလည်း လော့စ်အိန်ဂျယ်လ်မြို့ ရဟတ်ယာဉ် ပျက်ကျ မီးလောင်ကျွမ်းမှု၌ အနည်းဆုံး လူသုံးဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း စက်တင်ဘာလ ၁၅ ရက်က ပြောကြားခဲ့သည်။
