uk
Feedback
ဖိုးမှန်

ဖိုးမှန်

Відкрити в Telegram

ဘက်စုံ ကဏ္ဍစုံ သတင်းချန်နယ်

Показати більше
Країна не вказанаКатегорія не вказана
1 371
Підписники
+124 години
+17 днів
+130 день
Архів дописів
မိုးလေဝသ သတင်းအကျဉ်းချုပ် (ဇူလိုင် ၁၇ ရက်၊ မွန်းလွဲ ၂ နာရီ) ⛈မိုးကြီးနိုင်သော ဒေသများ: မနက်ဖြန်နံနက်အထိ နေပြည်တော်၊ စစ်ကိုင်း
+4
မိုးလေဝသ သတင်းအကျဉ်းချုပ် (ဇူလိုင် ၁၇ ရက်၊ မွန်းလွဲ ၂ နာရီ) ⛈မိုးကြီးနိုင်သော ဒေသများ: မနက်ဖြန်နံနက်အထိ နေပြည်တော်၊ စစ်ကိုင်း(အထက်ပိုင်း)၊ တနင်္သာရီ၊ ကချင်၊ ကရင်၊ ချင်း၊ မွန်နှင့် ရခိုင်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ (နောက် ၂ ရက်အထိ စစ်ကိုင်းအထက်ပိုင်း၊ ကချင်၊ ချင်း၊ ရခိုင်နှင့် ရှမ်းမြောက်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်) 🌧သတိပြုရန် (မိုးတိမ်တောင်): စစ်ကိုင်း(အထက်ပိုင်း)၊ တနင်္သာရီ၊ ကချင်၊ ချင်းနှင့် မွန်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းနေပြီး ၎င်းတို့ရွေ့လျားရာ လမ်းကြောင်းတစ်လျှောက် လေပြင်းတိုက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ 🌊မြန်မာ့ပင်လယ်ပြင်အခြေအနေ: မုတ်သုံလေ အားကောင်းနေသဖြင့် တစ်ခါတစ်ရံ မိုးသက်လေပြင်းကျပြီး လှိုင်းကြီးမည်။ (လေတိုက်နှုန်း တစ်နာရီ မိုင် ၃၀ အထိ၊ လှိုင်းအမြင့် ၉ ပေ မှ ၁၁ ပေခန့် ရှိနိုင်ပါသည်) မြို့ကြီးများ: နေပြည်တော်တွင် မိုးအသင့်အတင့် ထစ်ချုန်းရွာမည်၊ ရန်ကုန်တွင် မိုး (၁) ကြိမ် သို့မဟုတ် (၂) ကြိမ် ရွာမည်ဖြစ်ပြီး၊ မန္တလေးတွင် နေရာကွက်ကျား မိုးရွာပါမည်။ (ရွာရန် ရာနှုန်းပြည့် ဖြစ်ပါသည်) #ဖိုးမှန်

ကောက်နုတ်ချက် https://t.me/phoehmann007 #ဖိုးမှန်
+2
ကောက်နုတ်ချက် https://t.me/phoehmann007 #ဖိုးမှန်

ကရုဏာရှေ့ထား နှလုံးလှသူများ https://t.me/phoehmann007 #ဖိုးမှန်

📢 ထန်တလန်မြို့ကို အလုံးစုံပြန်လည်ထိန်းချုပ်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စတင်🕊 ချင်းပြည်နယ်၊ ထန်တလန်မြို့ကို တပ်မတော်စ
+9
📢 ထန်တလန်မြို့ကို အလုံးစုံပြန်လည်ထိန်းချုပ်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စတင်🕊 ချင်းပြည်နယ်၊ ထန်တလန်မြို့ကို တပ်မတော်စစ်ကြောင်းများက ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့တွင် အလုံးစုံ ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်။ 📌 ထူးခြားဖြစ်စဉ်များ အဆင့်ဆင့်ပြန်လည်သိမ်းပိုက်မှု: ဇွန်လ ၁၂ ရက်မှစတင်ကာ ရဲစခန်း၊ စာသင်ကျောင်းများ၊ ပြည်သူ့ဆေးရုံ၊ မီးသတ်ရုံးနှင့် ဟိုတယ်ဇုန်တို့ကို တစ်ဆင့်ချင်း ပြန်လည်ထိန်းချုပ်ခဲ့ခြင်းဖြစ်။ မြို့တွင်းပျက်စီးမှု: အကြမ်းဖက် လက်နက်ကိုင်အဖွဲ့များက ဌာနဆိုင်ရာနှင့် လူနေအဆောက်အအုံများကို ခံစစ်အဖြစ် အသုံးပြုခဲ့သဖြင့် ပျက်စီးမှုများရှိခဲ့။ 🛠 ပြန်လည်ထူထောင်ရေးလုပ်ငန်းများ 🔸 လုံခြုံရေးအတွက် မြို့တွင်း မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း။ 🔸 ပျက်စီးသွားသော အခြေခံအဆောက်အအုံများကို ပြန်လည်ပြုပြင်ပေးခြင်း။ 🔸 နေရပ်စွန့်ခွာသူများ ပြန်လည်အခြေချနိုင်ရေး ကူညီပေးခြင်းနှင့် ထောက်ပံ့ရေးပစ္စည်းများ အချိန်နှင့်တစ်ပြေးညီ ပို့ဆောင်ပေးခြင်းတို့ ဆောင်ရွက်ပေးလျက်ရှိ။ https://t.me/phoehmann007 #ဖိုးမှန်

ဆီစက်လုပ်ငန်းရှင်များ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များအတွက် သတင်းကောင်း https://t.me/phoehmann007 #ဖိုးမှန်
+1
ဆီစက်လုပ်ငန်းရှင်များ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များအတွက် သတင်းကောင်း https://t.me/phoehmann007 #ဖိုးမှန်

ဝါလုပ်ငန်းရှင်များနှင့် တောင်သူဦးကြီးများအတွက် သတင်းကောင်း https://t.me/phoehmann007 #ဖိုးမှန်
+1
ဝါလုပ်ငန်းရှင်များနှင့် တောင်သူဦးကြီးများအတွက် သတင်းကောင်း https://t.me/phoehmann007 #ဖိုးမှန်

အလုပ်အကိုင် အခွင့်အလမ်းများအတွက် https://t.me/phoehmann007 #ဖိုးမှန်
အလုပ်အကိုင် အခွင့်အလမ်းများအတွက် https://t.me/phoehmann007 #ဖိုးမှန်

ယနေ့ မိုးလေဝသ အခြေအနေ ☁️⛅️🌧☔️⛈🌦 🚨 ချင်းတွင်းမြစ်နှင့် စစ်တောင်းမြစ် မြစ်ရေကြီးမှု အခြေအနေ။ ☔️ မိုးတိမ်တောင် ဖြစ်ပေါ်မှုအခြ
+5
ယနေ့ မိုးလေဝသ အခြေအနေ ☁️⛅️🌧☔️⛈🌦 🚨 ချင်းတွင်းမြစ်နှင့် စစ်တောင်းမြစ် မြစ်ရေကြီးမှု အခြေအနေ။ ☔️ မိုးတိမ်တောင် ဖြစ်ပေါ်မှုအခြေအနေ #ဖိုးမှန်

ကံထူးရှင်များ ဖြစ်ကြပါစေ... https://t.me/phoehmann007 #ဖိုးမှန်
ကံထူးရှင်များ ဖြစ်ကြပါစေ... https://t.me/phoehmann007 #ဖိုးမှန်

+5
17.7.2026 ရက်နေ့ သတင်းစာများ https://t.me/phoehmann007 #ဖိုးမှန်

Argentina 🇦🇷 Vs Spain 🇪🇸 အာဂျင်တီးနားနဲ့ စပိန် ကန်မယ့် ဗိုလ်လုပွဲကြီးမှာ ဘော်ဒါတို့ ဘယ်အသင်းကို အားပေးကြမှာလဲ? ⚽️ ဇူလိုင်
Argentina 🇦🇷 Vs Spain 🇪🇸 အာဂျင်တီးနားနဲ့ စပိန် ကန်မယ့် ဗိုလ်လုပွဲကြီးမှာ ဘော်ဒါတို့ ဘယ်အသင်းကို အားပေးကြမှာလဲ? ⚽️ ဇူလိုင် (၁၉) ရက်နေ့ည ပွဲမစခင်... 🚨"ဘယ်အသင်းနိုင်မလဲနဲ့ ဂိုးရလဒ်" 🔎 ကို အမှန်ကန်ဆုံး ခန့်မှန်းပြီး ဖုန်းဘေ (၅,၀၀၀) ကျပ် ယူလိုက်ကြပါဦးနော်။ 😉 အဖြေမှန်သူတွေထဲက (၂) ဦးကို မဲနှိုက်ရွေးချယ်ပြီး ဖုန်းဘေ (၅,၀၀၀) ကျပ်စီ လက်ဆောင်ပေးသွားမှာပါ။ 🎁 📌 စည်းကမ်းချက်များ 📌 🔹 ဖိုးမှန် Telegram Channel ကို Join ထားရပါမယ်။ 🔹အဖြေများကို Deadline မတိုင်ခင် Comment မှာ ခန့်မှန်းပေးရပါမယ်။ ⏰ ခန့်မှန်းနိုင်မည့် နောက်ဆုံးအချိန် 🔹သက်ဆိုင်ရာပွဲ မစတင်မီအထိသာ ခန့်မှန်းမှုများကို လက်ခံသွားမှာဖြစ်ပြီး ပွဲစတင်ပြီးနောက် ဝင်ရောက်ဖြေဆိုထားတဲ့ အဖြေတွေ၊ Edit လုပ်ထားတဲ့အဖြေတွေကိုတော့ ထည့်သွင်းစဉ်းစားပေးမှာ မဟုတ်ပါဘူးခင်ဗျာ။ ⚠️ အငြင်းပွားမှု တစုံတရာရှိပါက ဖိုးမှန် ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်သည်။ 🔹 မိတ်ဆွေ သူငယ်ချင်းများကိုလည်း အသိပေးလိုက်ပါဦးနော်.. #ဖိုးမှန်

သူနာပြုသိပ္ပံ(နေပြည်တော်) နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၄ ခုရှိ သူနာပြုသိပ္ပံများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်
+9
သူနာပြုသိပ္ပံ(နေပြည်တော်) နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၄ ခုရှိ သူနာပြုသိပ္ပံများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သူနာပြုသိပ္ပံ(နေပြည်တော်)၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးပြီး အမှာစကားပြောကြား https://t.me/phoehmann007 #ဖိုးမှန်

📢 ပြည်သူ့လုံခြုံရေးအတွက် သတင်းပေးတိုင်ကြားကြပါ📢 ▪️"သူခိုးကြီးတော့ ဓားပြဖြစ်" ဆိုသလို အကြမ်းဖက်သမားတွေ ပိုပြီး ရမ်းကားမလာခင်
📢 ပြည်သူ့လုံခြုံရေးအတွက် သတင်းပေးတိုင်ကြားကြပါ📢 ▪️"သူခိုးကြီးတော့ ဓားပြဖြစ်" ဆိုသလို အကြမ်းဖက်သမားတွေ ပိုပြီး ရမ်းကားမလာခင် ဒေသခံတွေဘက်က တစ်ခုခု လုပ်ဖို့ လိုအပ်နေပါပြီ။ ▪️ကိုယ်တိုင်မရှင်းလင်းနိုင်ရင်တောင် အကြမ်းဖက်သမားတွေရဲ့ ခိုအောင်းရာနေရာ၊ လူအင်အားနဲ့ သတင်းအချက်အလက်တွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေထံ တိတိကျကျ ပေးပို့လိုက်ပါ။ 🛬 ကျန်တာကို တာဝန်ရှိသူတွေက အမြန်ဆုံး တာဝန်ယူ ရှင်းလင်းပေးသွားပါလိမ့်မယ်။ 💪 ကိုယ့်ရပ်ရွာအေးချမ်းဖို့ ပြည်သူ့လုံခြုံရေးစနစ်မှာ အတူတူ ပူးပေါင်းပါဝင်ပေးကြပါစို့။💪 https://t.me/phoehmann007 #ဖိုးမှန်

လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေး အရည်အသွေးပြည့်ဝသော သူနာပြုနှင့် သားဖွားပညာရှင်များ တိုးမြှင့်မွေးထုတ်ရန် နိုင်ငံတော်သမ္မတ မှာကြား နိုင်ငံတော်သမ္မတသည် ယနေ့ ဇူလိုင် ၁၆ ရက် နံနက်ပိုင်းက သူနာပြုသိပ္ပံ (နေပြည်တော်)၌ ကျင်းပသည့် သူနာပြုသိပ္ပံ (နေပြည်တော်)နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ သူနာပြုသိပ္ပံများ ဖွင့်ပွဲအခမ်းအနားသို တက်ရောက်၍ သူနာပြုသိပ္ပံ ဆိုင်းဘုတ်များကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး ဂုဏ်ပြုမိန့်ခွန်း ပြောကြားခဲ့ပါသည်။ နိုင်ငံ‌တော်သမ္မတမှ ဂုဏ်ပြုမိန့်ခွန်း၌ "နိုင်ငံတော်၏ ကျန်းမာရေးစနစ် ပိုမိုတောင့်တင်းခိုင်မာလာစေရေးနှင့် မြိုပြ၊ ကျေးလက်မကျန် ပြည်သူတိုင်း လက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေးအတွက် အရည်အသွေးပြည့်ဝပြီး လူသားချင်းစာနာစိတ်ရှိသည့် သူနာပြုနှင့် သားဖွားပညာရှင်များကို တိုးမြှင့်လေ့ကျင့်မွေးထုတ်ပေးကြရန်" အလေးထားမှာကြားခဲ့ပါသည်။ နိုင်ငံတော်သမ္မတကြီး၏ စေတနာ ၁။ မြို့ပြနှင့် ကျေးလက်ပါမကျန်၊ ဆင်းရဲချမ်းသာမရွေး လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှု (Universal Health Coverage) ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။ ၂။ “လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ” ဟူသော ခံယူချက်ဖြင့် ကျန်းမာရေးကဏ္ဍကို ဘက်ပေါင်းစုံမှ ဖြည့်ဆည်းမြှင့်တင် ဆောင်ရွက်ပေးလျက်ရှိပါသည်။ ၃။ နိုင်ငံတစ်ဝန်းရှိ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း (၁၅) ကျောင်းကို "သူနာပြုသိပ္ပံ" များအဖြစ် တိုက်ထန်သည့် အဆင့်အတန်း သတ်မှတ်၍ အဆင့်မြှင့်တင် တိုးချဲ့ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပါသည်။ ၄။ ကျန်ရှိနေသည့် သူနာပြု၊ သားဖွားနှင့် နှီးနွှယ်သင်တန်းကျောင်း (၂၇) ကျောင်းကိုလည်း အစိုးရသစ်ရက် (၁၀၀) အတွင်း ဦးစားပေးအဆင့်ဖြင့် ဖွဲ့စည်းပုံ တိုးမြှင့်ပေးခဲ့ပြီးဖြစ်ပါသည်။ ကျန်းမာရေးကဏ္ဍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု ၁။ ၁၉၆၂ ခုနှစ်မှ ယနေ့အထိ သူနာပြု-သားဖွားဒီပလိုမာရရှိသူ ၄၅,၂၄၅ ဦး၊ သားဖွား ၄၂,၅၂၄ ဦး မွေးထုတ်ပေးခဲ့ပြီး ဖြစ်ပါသည်။ ၂။ ၂၀၂၆ ခုနှစ် ပညာသင်နှစ်၌ သူနာပြု-သားဖွား ဒီပလိုမာ (၃) နှစ်သင်တန်းတွင် ကျောင်းသား၊ ကျောင်းသူ (၅,၉၄၆) ဦးနှင့် ဘက်စုံသားဖွား ဒီပလိုမာ (၂) နှစ်သင်တန်းတွင် (၁,၀၃၅) ဦး လေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်။ ၃။ ၂၀၂၇ ခုနှစ် (တိုးမြှင့်ခေါ်ယူမည့်အစီအစဉ်) ပညာသင်နှစ်တွင် သူနာပြု-သားဖွား ဒီပလိုမာ (၃) နှစ်သင်တန်းအတွက် သစ်လွင်ကျောင်းသား၊ ကျောင်းသူ (၂,၉၀၀) ဦးနှင့် ဘက်စုံသားဖွားဒီပလိုမာ (၂) နှစ်သင်တန်းအတွက် (၁,၄၀၀) ဦးအထိ တိုးမြှင့်ခေါ်ယူ ပျိုးထောင်ပေးသွားမည် ဖြစ်ပါသည်။ ၄။ အမျိုးသားပညာရေးအဆင့် မူဘောင်အရ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူ များသာ တက်ရောက်ခွင့်ရှိပြီး၊ ပြည်တွင်း/ပြည်ပ တက္ကသိုလ်များတွင် သူနာပြုပါရဂူဘွဲ့ (Ph.D) အထိ အဆင့်ဆင့် တက်လှမ်းသင်ယူနိုင်မည့် အခွင့်အလမ်းများ ရှိလာမည်ဖြစ်ပါသည်။ ထို့နောက် သူနာပြုသိပ္ပံများဖွင့်ပွဲအထိမ်းအမှတ် မှတ်တမ်း Video ကိုပြသပြီးနောက် သူနာပြုသိပ္ပံ(နေပြည်တော်) မှသင်တန်းသူများက သူနာပြုများရဲ့ လူသားဆန်မှု ၊ မေတ္တာ၊ ကရုဏာတို့ဖြင့် ယုယသည့် သူနာပြုစုမှု ပညာရပ်ကို တန်ဖိုးထားမှုများ ပေါ်လွင်စေသည့် "ကရုဏာအလင်း"သီချင်းဖြင့် စင်ပေါ်/စင်အောက်သံပြိုင်သီဆိုခဲ့ကြပါသည်။ https://t.me/phoehmann007/1863

ဖျက်ဆီးသူနဲ့ ကာကွယ်သူကြားက ကွာခြားချက် ကလေး-ခမ်းပါတ်လမ်းပိုင်းရှိ အကြမ်းဖက် KIA/PDF/ABSDF အဖွဲ့များ မိုင်းခွဲ ဖျက်ဆီးခဲ့သည့်
+8
ဖျက်ဆီးသူနဲ့ ကာကွယ်သူကြားက ကွာခြားချက် ကလေး-ခမ်းပါတ်လမ်းပိုင်းရှိ အကြမ်းဖက် KIA/PDF/ABSDF အဖွဲ့များ မိုင်းခွဲ ဖျက်ဆီးခဲ့သည့် ၅၅ မိုင် တံတားကို တပ်မတော်က အများပြည်သူ အသုံးပြုနိုင်ရန် ဘေလီတံတားကို ပြန်လည် တည်ဆောက်ပေး.. https://t.me/phoehmann007 #ဖိုးမှန်

ဝါသီးနှံအထွက်တိုးစေဖို့ သမဝါယမစနစ်ဖြင့် ပံ့ပိုးကူညီစို့

မော်တော်ယာဉ်ပိုင်ရှင် အမည်ပြောင်း ဆောင်ရွက်မှုအပေါ် အခွန်စိစစ်ခြင်းနှင့် ကျသင့်ငွေများအား Digital Payment  ဖြင့် ငွေပေးချေခြင်းကို Online စနစ်ဖြင့် ဆောင်ရွက်နိုင်ပါကြောင်း အသိပေးကြေညာခြင်း ၁။ အခွန်ထမ်းပြည်သူများအနေဖြင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားပြီးဖြစ်သော မော်တော်ယာဉ်များအား လူပုဂ္ဂိုလ်တစ်ဦးချင်း၏ အမည်ပြောင်း မှတ်ပုံတင်နိုင်ရန် အခွန်စိစစ်သည့် ကိစ္စရပ်များကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၆) ရက်နေ့မှစ၍ Vehicle Automatic Valuation System (VAVS) ဖြင့် ပြောင်းလဲကျင့်သုံး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။ ၂။ အခွန်ထမ်းပြည်သူများအနေဖြင့် https://vavs.ird.gov.mm ၌ မိမိ၏ ဖုန်းနံပါတ်ကို အသုံးပြု၍ စနစ်အတွင်းသို့ ဝင်ရောက်ပြီး မော်တော်ယာဉ်အမှတ်နှင့် လိုအပ်သော အချက်အလက်များကို ဖြည့်သွင်းပေးခြင်းဖြင့် စနစ်မှ အလိုအလျောက် တန်ဖိုးစိစစ်၍ အခွန်တွက်ချက်ပေးမည်ဖြစ်ပြီး Online Payment ဖြင့် ကျသင့်အခွန်ကို ပေးဆောင်နိုင်မည် ဖြစ်ပါသည်။ ၃။ အခွန်ပေးဆောင်ခြင်းကို VAVS စနစ်နှင့် ချိတ်ဆက်ထားသော IRD’s Tax Payment Hub မှ တစ်ဆင့် MPU Debit Card ဖြင့်လည်းကောင်း၊ MMQR Code ကို အသုံးပြု၍ KBZ Pay၊ AYA Pay၊ CB Pay၊ uab Pay၊ A plus Wallet၊ Citizen Pay၊ OK$၊ Wave Money၊ Trusty Pay၊ Zego Pay၊ M-Pitesan၊ GTB Pay၊ MoMoney စသည်တို့ဖြင့်လည်းကောင်း၊ uab Bank ၊ Shwe Bank၊ A Bank တို့၏ Mobile Banking စနစ်များဖြင့်လည်းကောင်း ပေးဆောင်နိုင်ပါသည်။ ၄။အခွန်ပေးဆောင်ပြီးပါက VAVS စနစ်မှ ရရှိသည့် အီလက်ထရောနစ် အခွန်ဆိုင်ရာ စိစစ်ဆောင်ရွက်ပြီးကြောင်း ထောက်ခံချက် (e-Tax Clearance Certificate) QR Form ကို ကြည်လင်ပြတ်သားစွာ ထုတ်ယူ၍ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် မော်တော်ယာဉ် အမည်ပြောင်းကိစ္စကို ဆက်လက်ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ ၅။ ကနဦးမော်တော်ယာဉ်များ၊ ကုမ္ပဏီအမည်ဖြင့် အမည်ပြောင်း မှတ်ပုံတင်ခြင်းလုပ်ငန်းများ၊ ဝင်ငွေရလမ်း တင်ပြမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ မူလဆောင်ရွက်သည့် လုပ်ငန်းစဉ်များအတိုင်း သက်ဆိုင်ရာ ရုံးများတွင် ဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။ ၆။ အသေးစိတ်သိရှိလိုပါက Call Center ဖုန်းနံပါတ် 1515 သို့လည်းကောင်း၊ techsupport.vavs@ird.gov.mm နှင့် callcenter.vavs@ird.gov.mm သို့ အီးမေးလ်ပေးပို့၍ လည်းကောင်း၊ အခွန်ဆိုင်ရာ ဝန်ဆောင်မှုဌာနခွဲ(ရန်ကုန်) (၀၁-၈၃၈၉၃၁၁၊ ၀၁-၈၃၈၉၃၂၂)၊ အခွန်ဆိုင်ရာ ဝန်ဆောင်မှုရုံး (နေပြည်တော်) (၀၆၇-၃၄၃၀၅၂၂၊ ၀၆၇-၃၄၃ဝ၅၄၄)၊ အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (မန္တလေး) (၀၂-၄၀၃၀၆၃၇၊ ၀၂-၄၀၃၀၆၃၈)၊ အီလက်ထရောနစ်ဝန်ဆောင်မှု နည်းပညာဆိုင်ရာ အကူအညီပေးရေးစင်တာ (e-Service Help Desk Center) (၀၁-၈၃၇၈၃၇၁၊ ၀၁-၈၃၇၀၁၉၅၊ ၀၁-၈၃၇၉၀၂၁) နှင့် နီးစပ်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အခွန်ဦးစီးဌာနမှူးရုံးများ၊ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများသို့ ရုံးချိန်အတွင်း လူကိုယ်တိုင်သွားရောက်၍ လည်းကောင်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။ ပြည်တွင်းအခွန်များဦးစီးဌာန https://t.me/phoehmann007/1850