ဖိုးမှန်
Відкрити в Telegram
ဘက်စုံ ကဏ္ဍစုံ သတင်းချန်နယ်
Показати більшеКраїна не вказанаКатегорія не вказана
4 431
Підписники
-4824 години
-2307 днів
-48030 днів
Архів дописів
4 431
+8
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လေမင်ဟုန် နှင့် တွေ့ဆုံဆွေးနွေး
မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံဆက်ဆံရေးတွင် စာမျက်နှာသစ် တစ်ရပ် ဖွင့်လှစ် နိုင်ခြင်း၏ ပြယုဂ်ဖြစ်
နေပြည်တော်၊ စက်တင်ဘာ - ၅
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ဗီယက်နမ် နိုင်ငံ ဝန်ကြီး ချုပ် မစ္စတာ လေမင်ဟုန်နှင့် ယနေ့မွန်းလွဲပိုင်းတွင် ဟနွိုင်းမြို့ရှိ အစိုးရအဖွဲ့ရုံး၊ Grand Hall ၌ တွေ့ဆုံဆွေးနွေးသည်။
https://t.me/phoehmann007
#ဖိုးမှန်
4 431
+8
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသမ္မတ မစ္စတာတိုလန်း၊နှစ်နိုင်ငံမှ တာဝန်ရှိသူများနှင့်အတူ ဧည့်ခန်းမ၌ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေး
နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင် ဆောင်ရွက်သွားနိုင်မည့်အခြေအနေများနှင့်ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်း ဖလှယ်ဆွေးနွေး
နေပြည်တော်၊ စက်တင်ဘာ - ၅
https://t.me/phoehmann007
#ဖိုးမှန်
4 431
+6
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ တို့အား ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ တိုလန်း နှင့် ဇနီးတို့က ဂုဏ်ပြုကြိုဆို
နေပြည်တော်၊ စက်တင်ဘာ - ၅
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ တို့အား ယနေ့နံနက်ပိုင်းတွင် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်း နှင့် ဇနီးတို့က အမျိုးသားလွှတ်တော် (National Assembly Building) ရှေ့ရင်ပြင်၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆိုသည်။
https://t.me/phoehmann007
#ဖိုးမှန်
4 431
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းဂူဗိမာန် ၌ လွမ်းသူ့ပန်းခွေချအလေးပြု
နေပြည်တော်၊ စက်တင်ဘာ - ၅
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတို့၏ ဖိတ် ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ ရောက်ရှိနေသည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ဟနွိုင်းမြို့ရှိ ဟိုချီမင်းဂူဗိမာန် ၌ လွမ်းသူ့ပန်းခွေချအလေးပြုလွမ်းသူပန်းခွေချအလေးပြုသည်။
https://t.me/phoehmann007
#ဖိုးမှန်
4 431
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ တို့အား ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ တိုလန်း နှင့် ဇနီးတို့ကအမျိုးသားလွှတ်တော် (National Assembly Building) ရှေ့ ရင်ပြင်၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆိုရန် ပြင်ဆင်ထားရှိမှုပုံရိပ်များအား မြင်တွေ့ရစဉ်
4 431
+7
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ Viettel ဆက်သွယ်ရေးကုမ္ပဏီသို့ သွားရောက်လေ့လာ
ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ယနေ့ စက်တင်ဘာ ၄ ရက် ညနေပိုင်းတွင် Viettel ဆက်သွယ်ရေးကုမ္ပဏီသို့ သွားရောက်လေ့လာခဲ့ရာ ကုမ္ပဏီမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် Viettel ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတအား လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ပြီး ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် Viettel ၏ ဆက်သွယ်ရေးနှင့် နည်းပညာဆိုင်ရာလုပ်ငန်းများ၊ ခေတ်မီနည်းပညာများ အသုံးပြုဆောင်ရွက်နေမှုနှင့် ကုမ္ပဏီ၏ လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခြေအနေများကို လေ့လာခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးသည်။
https://t.me/phoehmann007
#ဖိုးမှန်
4 431
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိခဲ့သည့် မှတ်တမ်း
https://t.me/phoehmann007
#ဖိုးမှန်
4 431
+9
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ၊Hai Phong မြို့ရှိ VinFast လျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်လေ့လာ
https://t.me/phoehmann007
#ဖိုးမှန်
4 431
+9
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ၊Hai Phong မြို့ရှိ VinFast လျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်လေ့လာ
မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် နည်းပညာကဏ္ဍများအပါအဝင် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကိုလည်း ဆက်လက်လေ့လာသွားမည်ဖြစ်ကြောင်း
ဗီယက်နမ်နိုင်ငံသို တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်သည် ယနေ့ စက်တင်ဘာ ၄ ရက်တွင် ဗီယက်နမ်နိုင်ငံ၏ ခေတ်မီလျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းဖြစ်သည့် VinFast ၏ မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံသို သွားရောက်၍ ထုတ်လုပ်မှုလုပ်ငန်းစဉ်များနှင့် ခေတ်မီနည်းပညာအသုံးပြုထားမှုတိုကို လေ့လာကြည့်ရှုခဲ့သည်။
နိုင်ငံတော်သမ္မတသည် Vinfast မော်တော်ယာဉ်ထုတ်လုပ်မှုစက်ရုံ မှ အပြီးသတ်ထုတ်လုပ်ထားသည့် မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များ အား ကြည့်ရှုလေ့လာခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။
https://t.me/phoehmann007
#ဖိုးမှန်
4 431
+8
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတနှင့် ဇနီးတို့ ဟနွိုင်းမြို့ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိ၊ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆို
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ဗီယက်နမ်နိုင်ငံသမ္မတနှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ယနေ့ နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် ထွက်ခွာလာခဲ့ရာ ဟနွိုင်းမြို့ရှိ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မွန်းတည့် ၁၂ နာရီခွဲတွင် ရောက်ရှိကြသည်။
Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဗီယက်နမ်သမ္မတရုံးဝန်ကြီး၊ နိုင်ငံခြားရေးဒုတိယဝန်ကြီးနှင့် ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ စစ်သံမှူး၊ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များက ကော်ဇောနီတစ်လျှောက် နွေးထွေးစွာ ကြိုဆိုကြသည်။
ထို့နောက် ဗီယက်နမ်နိုင်ငံ၏ ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် လာရောက်သည့် နိုင်ငံ့ခေါင်းဆောင်များအား ကြိုဆိုဂုဏ်ပြုသည့်အစဉ်အလာနှင့်အညီ နိုင်ငံတော်သမ္မတနှင့်ဇနီးတို့အား ဂုဏ်ပြုကြိုဆိုကြသည်။
https://t.me/phoehmann007
#ဖိုးမှန်
4 431
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ နှင့်ဇနီးအား ဂုဏ်ပြုကြိုဆိုရန် ပြင်ဆင်နေမှုမြင်ကွင်းများ
https://t.me/phoehmann007
#ဖိုးမှန်
4 431
+4
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ်(Official Visit) စတင်ထွက်ခွာ
နေပြည်တော်၊ စက်တင်ဘာ - ၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတနှင့်ဇနီး ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့်ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ်(Official Visit) သွားရောက်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာကြသည်။
လေဆိပ်တွင် ဒုတိယသမ္မတဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီနှင့်ဇနီး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးနှင့်ဇနီး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံရုံးတို့မှ တာဝန်ရှိသူများက ပိုဆောင်နှုတ်ဆက်ကြသည်။
https://t.me/phoehmann007
#ဖိုးမှန်
4 431
+1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေး ခရီးစဉ်
https://t.me/phoehmann007
#ဖိုးမှန်
4 431
+4
မြန်မာနိုင်ငံအစိုးရမှ နီပေါနိုင်ငံ၏ ရေကြီးရေလျှံမှုနှင့် မြေပြိုမှု သဘာဝဘေးအန္တရာယ်များ ခံစားခဲ့ရခြင်းအတွက် အမေရိကန်ဒေါ်လာ ၅ သိန်းနှင့် ပဲမျိုးစုံ ၈ တန်လှူဒါန်း
(၃-၉-၂၀၂၆၊ ကတ္တမန္ဒူး)
The Government of Myanmar Donates USD 500,000 and 8 Metric Tons of Pulses and Beans for Humanitarian Assistance to Nepal affected by the recent flash floods
(3-9-2026, Kathmandu)
https://t.me/phoehmann007
#ဖိုးမှန်
4 431
⚠️ မိတ္ထီလာတွင် အကြွေးပြန်မဆပ်ချင်၍ ဆိုင်ရှင်ကို ဒလန်စွပ်စွဲသတ်ခဲ့သည့် ပကဖတာဝန်ခံ လူမင်း
▪️ မိတ္ထီလာမြို့နယ်၌ ဒေါ်ဌေးကုန်စုံဆိုင်ထံမှ အကြွေးယူထားသည့် ပကဖတာဝန်ခံ လူမင်းသည် အကြွေးမဆပ်လိုသဖြင့် ဆိုင်ရှင်ကို ဒလန်ဟု စွပ်စွဲသတ်ဖြတ်ခဲ့ရာ အဆိုပါဖြစ်စဉ်အပေါ် ပကဖခေါင်းဆောင်ပိုင်းက ပြန်လည်စစ်ဆေးမှုများ စတင်ပြုလုပ်နေပြီဖြစ်ပါတယ်။
▪️ အဖွဲ့ဝင်များအချင်းချင်း အယုံအကြည်မရှိတော့ဘဲ သံသယဝင်ရောက်မှုများနှင့် စစ်ဆေးမှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း သိရှိရပါတယ်။
https://t.me/phoehmann007
#ဖိုးမှန်
#Myanmar #Meiktila #PDF #News
4 431
မြန်မာ-ရုရှား စွမ်းအင်နှင့် နည်းပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆွေးနွေး
=========================
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို၌ ကျင်းပသည့် (၁၁) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်နေသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ရုရှား-အာဆီယံ စီးပွားရေးကောင်စီ အမှုဆောင်အတွင်းရေးမှူးချုပ် မစ္စတာ ဆာမတ် ဆတ်ဗော်လ်ဒီနော့ဗ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စက်တင်ဘာ ၂ ရက် မွန်းလွဲပိုင်းတွင် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့သည်။
တွေ့ဆုံစဉ် အာဆီယံနှင့် ရုရှားနိုင်ငံတို့အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများတွင် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ လျှပ်စစ်စွမ်းအားနှင့် စွမ်းအင်ကဏ္ဍများ၌ နည်းပညာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတိုအတွက် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ။
https://t.me/phoehmann007
#ဖိုးမှန်
4 431
⛪️ BRI ရဲ့ ဘာသာရေးအသွင်ဆောင် လုပ်ကြံသတင်းအမှား
▪️ Burma Research Institute (BRI) ရဲ့ ထုတ်ပြန်ချက်မှာ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှ သင်းအုပ်ဆရာကို တပ်မတော်က သတ်ဖြတ်ခဲ့တယ်ဆိုတာ မြေပြင်မှာ လုံးဝမရှိခဲ့ဘဲ တပ်မတော်ပုံရိပ်ကျဆင်းစေရန် ဘာသာရေးကိုအသုံးချကာ လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှားသာ ဖြစ်ပါတယ်။
▪️ တပ်မတော်အနေနဲ့ ဥပဒေနဲ့အညီ နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိပြီး၊ ဘာသာပေါင်းစုံ လွတ်လပ်စွာကိုးကွယ်ခွင့်ကို အပြည့်အဝ အကာအကွယ်ပေးထားပါတယ်။
▪️ BRI အဖွဲ့အနေနဲ့ ယခုကဲ့သို့ အများပြည်သူ အထင်အမြင်လွဲမှားစေရန် သတင်းအမှားများကို အမြဲတမ်း လုပ်ကြံဖြန့်ဝေနေတာကတော့ အခုမှ မဟုတ်ပါဘူး။ အကြိမ်ကြိမ်ရှိနေပါပြီ။
https://t.me/phoehmann007
#ဖိုးမှန်
#Myanmar #ChinState #BRI #FakeNews
