ဖိုးမှန်
Відкрити в Telegram
ဘက်စုံ ကဏ္ဍစုံ သတင်းချန်နယ်
Показати більшеКраїна не вказанаКатегорія не вказана
4 431
Підписники
-4824 години
-2307 днів
-48030 днів
Архів дописів
4 431
⚠️ မိတ္ထီလာတွင် အကြွေးပြန်မဆပ်ချင်၍ ဆိုင်ရှင်ကို ဒလန်စွပ်စွဲသတ်ခဲ့သည့် ပကဖတာဝန်ခံ လူမင်း
▪️ မိတ္ထီလာမြို့နယ်၌ ဒေါ်ဌေးကုန်စုံဆိုင်ထံမှ အကြွေးယူထားသည့် ပကဖတာဝန်ခံ လူမင်းသည် အကြွေးမဆပ်လိုသဖြင့် ဆိုင်ရှင်ကို ဒလန်ဟု စွပ်စွဲသတ်ဖြတ်ခဲ့ရာ အဆိုပါဖြစ်စဉ်အပေါ် ပကဖခေါင်းဆောင်ပိုင်းက ပြန်လည်စစ်ဆေးမှုများ စတင်ပြုလုပ်နေပြီဖြစ်ပါတယ်။
▪️ အဖွဲ့ဝင်များအချင်းချင်း အယုံအကြည်မရှိတော့ဘဲ သံသယဝင်ရောက်မှုများနှင့် စစ်ဆေးမှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း သိရှိရပါတယ်။
https://t.me/phoehmann007
#ဖိုးမှန်
#Myanmar #Meiktila #PDF #News
4 431
မြန်မာ-ရုရှား စွမ်းအင်နှင့် နည်းပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆွေးနွေး
=========================
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို၌ ကျင်းပသည့် (၁၁) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်နေသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ရုရှား-အာဆီယံ စီးပွားရေးကောင်စီ အမှုဆောင်အတွင်းရေးမှူးချုပ် မစ္စတာ ဆာမတ် ဆတ်ဗော်လ်ဒီနော့ဗ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စက်တင်ဘာ ၂ ရက် မွန်းလွဲပိုင်းတွင် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့သည်။
တွေ့ဆုံစဉ် အာဆီယံနှင့် ရုရှားနိုင်ငံတို့အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများတွင် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ လျှပ်စစ်စွမ်းအားနှင့် စွမ်းအင်ကဏ္ဍများ၌ နည်းပညာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတိုအတွက် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ။
https://t.me/phoehmann007
#ဖိုးမှန်
4 431
⛪️ BRI ရဲ့ ဘာသာရေးအသွင်ဆောင် လုပ်ကြံသတင်းအမှား
▪️ Burma Research Institute (BRI) ရဲ့ ထုတ်ပြန်ချက်မှာ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှ သင်းအုပ်ဆရာကို တပ်မတော်က သတ်ဖြတ်ခဲ့တယ်ဆိုတာ မြေပြင်မှာ လုံးဝမရှိခဲ့ဘဲ တပ်မတော်ပုံရိပ်ကျဆင်းစေရန် ဘာသာရေးကိုအသုံးချကာ လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှားသာ ဖြစ်ပါတယ်။
▪️ တပ်မတော်အနေနဲ့ ဥပဒေနဲ့အညီ နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိပြီး၊ ဘာသာပေါင်းစုံ လွတ်လပ်စွာကိုးကွယ်ခွင့်ကို အပြည့်အဝ အကာအကွယ်ပေးထားပါတယ်။
▪️ BRI အဖွဲ့အနေနဲ့ ယခုကဲ့သို့ အများပြည်သူ အထင်အမြင်လွဲမှားစေရန် သတင်းအမှားများကို အမြဲတမ်း လုပ်ကြံဖြန့်ဝေနေတာကတော့ အခုမှ မဟုတ်ပါဘူး။ အကြိမ်ကြိမ်ရှိနေပါပြီ။
https://t.me/phoehmann007
#ဖိုးမှန်
#Myanmar #ChinState #BRI #FakeNews
4 431
မျိုးဆက်သစ်လူငယ်အင်အားသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တန်ဖိုးမဖြတ်နိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ပြောကြား
မျိုးဆက်သစ်လူငယ်အင်အားသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တန်ဖိုးမဖြတ်နိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်ကြသကဲ့သို့ ပိုမိုကောင်းမွန်သည့် အနာဂတ်ကို ပုံဖော်သည့်နေရာတွင်လည်း အဓိက မောင်းနှင်အားများပင် ဖြစ်ကြကြောင်း နိုင်ငံတော်သမ္မတက ပြောကြားလိုက်ပါတယ်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ(International Youth Day 2026) အခမ်းအနားတွင် နိုင်ငံတော်သမ္မတက ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
ထိုပြင် လူငယ်များကို ဗလငါးတန်နှင့် ပြည့်ဝစေရေးနှင့် နိုင်ငံတော်ကို တန်ဖိုးထားချစ်မြတ်နိုးပြီး မြန်မာ့လူအဖွဲ့အစည်းကို မြှင့်တင်လိုစိတ်နှင့် မှန်ကန်သည့် အတွေးအခေါ်များ၊ အလေ့အကျင့်ကောင်းများနှင့် ပြည့်ဝနေသည့် မျိုးဆက်သစ် လူငယ် များအဖြစ် ပြုစုပျိုးထောင်ပေးရန် အလွန်အရေးကြီးကြောင်း သမ္မတက အလေးထား မှာကြားခဲ့ပါတယ်။
4 431
+1
၂၀၁၇ ခုနှစ် ဩဂုတ်လတွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ နိုင်ငံအချို့၏ ကြေညာချက်နှင့် ထုတ်ပြန်ပြောကြားချက်များအပေါ် မြန်မာနိုင်ငံ၏ တုံ့ပြန်ချက်
4 431
+7
🎖 ကျေးသီးမြို့နယ်တွင် ရှေ့တန်းပြန်အောင်ပွဲရ တပ်မတော်သားများအား ဂုဏ်ပြုကြိုဆို
▪️ စက်တင်ဘာလ ၂ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကျေးသီးမြို့နယ်ရှိ နယ်မြေခံတပ်ရင်းတွင် နယ်မြေလုံခြုံရေးတာဝန်များ ထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာကြသည့် ရှေ့တန်းပြန် တပ်မတော်သားများကို အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာချုပ်မှ တာဝန်ရှိသူများ၊ တပ်နယ်မှူးများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများက အောင်သပြေပန်းများဖြင့် သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြပါတယ်။
https://t.me/phoehmann007
#ဖိုးမှန်
#Myanmar #ShanState #Kyethi #WelcomingCeremony #Heroes
4 431
သူများအသက်တွေနဲ့ ရင်းပြီး ကိုယ်ကျိုးအတွက်လုပ်စားနေတဲ့ အဖွဲ့တွေကို ယုံတာကိုး...
အခုချိန်ထိတောင် အနုဂျီးကို ယုံနေသေးတယ်ဆိုရင်တော့ မင်းတို့ရဲ့ အဆုံးသတ်က အဝီစိမှာပဲ ဖြစ်သွားလိမ့်မယ်....
https://t.me/phoehmann007
#ဖိုးမှန်
4 431
+7
🎖 အောင်ပွဲရတပ်မတော်သားများအား ဂုဏ်ပြုကြိုဆို
▪️ ယနေ့ (စက်တင်ဘာလ ၂ ရက်) တွင် နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေလုံခြုံရေးတာဝန်များ ထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာကြသည့် ရှေ့တန်းပြန် တပ်မတော်သားများကို ချင်းပြည်နယ်၊ တီးတိန်မြို့ရှိ နယ်မြေခံတပ်ရင်း၌ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများက အောင်သပြေပန်းများဖြင့် သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြပါတယ်။
❤️🇲🇲🕊
https://t.me/phoehmann007
#ဖိုးမှန်
#Myanmar #ChinState #Tiddim #WelcomingCeremony #Heroes
4 431
ပြန်မလာတော့မယ့်သူနေတွေကို အသည်းအသန်ခေါ်နေတယ်...
နောက်ဆုံး အသတ်ခံရအောင် နာမည်တွေ ထုတ်ဖော်ပြီး ပြောကြလိမ့်မယ်...
အကောင်းဆုံးကတော့ တပ်မတော်ထံ လက်နက်ချ အလင်းဝင်ပြီး ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းကြဖို့ အကြံပြုချင်တယ်...
https://t.me/phoehmann007
#ဖိုးမှန်
4 431
နိုင်ငံ့အကျိုးစီးပွားအတွက် အကျိုးဖြစ်ထွန်းစေမည့်အရာများကို ဖော်ဆောင်ကြရန်နှင့် ထိခိုက်စေမည့်အရာများကို ရှောင်ကြဉ်ကြရန် နိုင်ငံတော်သမ္မတ မှာကြား
4 431
+6
တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၌ PDF ၂၄ ဦး လက်နက်များနှင့်အတူ အလင်းဝင်
တောင်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ယနေ့ (၂-၉-၂၀၂၆) တွင်
PDF အဖွဲ့ဝင်
အမျိုးသား ၂၀ ဦး
အမျိုးသမီး ၄ ဦး၊
စုစုပေါင်း ၂၄ ဦးတို့သည်
သေနတ် ၈ လက်၊
လက်ပစ်ဗုံး ၁၀ လုံး အပါအဝင် ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့ကြ။
အဆိုပါ အလင်းဝင်ရောက်သူများကို တာဝန်ရှိသူများက ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရ။
https://t.me/phoehmann007
#ဖိုးမှန်
4 431
+3
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ရဲ့ (၁၉)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနား။
4 431
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး (၁၉)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲသို့ တက်ရောက်ချီးမြှင့်
