ဖိုးမှန်
Відкрити в Telegram
ဘက်စုံ ကဏ္ဍစုံ သတင်းချန်နယ်
Показати більшеКраїна не вказанаКатегорія не вказана
4 704
Підписники
-1124 години
-507 днів
-30630 днів
Архів дописів
4 704
လက်ချင်းယှက်ထား မြန်မာ-မလေးရှား
ခရီးစဉ်ပထမရက်အတွင်း ဆောင်ရွက်မှုများ
🔹 မလေးရှားနိုင်ငံသို့ ရောက်ရှိရာတွင် ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆို
🔹 Myanmar-Malaysia High Level Business Dialogue 2026 သို့ တက်ရောက်၍ မြန်မာ-မလေးရှား နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို ဆွေးနွေးပြောကြား
🔹 မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များအား တွေ့ဆုံ၍ အမှာစကားပြောကြား
🤝 မြန်မာ-မလေးရှား နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့် နိုင်ရေးအတွက် ခရီးစဉ်အတွင်း အရေးပါသည့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက် လျက်ရှိ သည်။
#ဖိုးမှန်
သတင်းများကို အချိန်နှင့်တစ်ပြေးညီ သိရှိလိုပါက👇👇👇
https://t.me/phoehmann007 ကို Join ထားပေးပါ။
4 704
MYANMAR - MALAYSIA HIGH LEVEL BUSINESS DIALOGUE 2026
Today on October 7, Myanmar -Malaysia High Level Business Dialogue was held at Intercontinental Kuala Lumpur Hotel in Kuala Lumpur, Malaysia and it was attended by President U Min Aung Hlaing , who is currently on his Official Visit to Malaysia.
4 704
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မလေးရှားနိုင်ငံ သို့ရောက်ရှိ၊ မြန်မာ-မလေးရှား နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲ (Myanmar-Malaysia High Level Business Dialogue 2026)သို့ တက်ရောက်ဆွေးနွေးပြောကြားသည့် မှတ်တမ်း
4 704
မြန်မာ-မလေးရှား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ပြီး တန်ဖိုးမြှင့်ထုတ်လုပ်မှုနှင့် ဒေသတွင်းဈေးကွက်ချိတ်ဆက်ရေး ပူးပေါင်းဆောင်ရွက်ရန် သမ္မတ ဦးမင်းအောင်လှိင် တိုက်တွန်း
𝙊𝘾𝙏~𝟖
မြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ပြီး နှစ်နိုင်ငံ၏ အားသာချက်များကို ပေါင်းစပ်ကာ တန်ဖိုးမြှင့်ထုတ်လုပ်မှုနှင့် ဒေသတွင်း Supply Chain ချိတ်ဆက်မှုများ ဖော်ဆောင်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်က တိုက်တွန်းပြောကြားခဲ့သည်။
4 704
မြန်မာ-မလေးရှား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်ရေး နှစ်နိုင်ငံဘဏ်များကြား ချိတ်ဆက်ဆောင်ရွက်မှု တိုးမြှင့်ရန် နိုင်ငံတော်သမ္မတ ပြောကြား
မြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံတိုအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုတိုးတက်လာစေရန် နှစ်နိုင်ငံဘဏ်များကြား ချိတ်ဆက်ဆောင်ရွက်မှု တိုးမြှင့်ခြင်း၊ နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုနှင့် ငွေရှင်းစနစ်များ ဖွံဖြိုးတိုးတက်စေခြင်းတိုကို ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်က ပြောကြားသည်။
နိုင်ငံတော်သမ္မတသည် ယနေ့ အောက်တိုဘာ ၇ ရက် မွန်းလွဲပိုင်းတွင် ကျင်းပသည့် မြန်မာ-မလေးရှား နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲ၌ နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများအတွက် ဘဏ္ဍာရေးဝန်ဆောင်မှုကဏ္ဍ၏ အရေးပါမှုနှင့်ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
4 704
ပြင်သစ်နဲ့ ဂျာမနီကတော့ တရုတ်ကို ဖိအားပေးဖိုအတွက် ပြင်ဆင်နေကြပြီ
အောက်တိုဘာ - ၇ ( ဗုဒ္ဓဟူးနေ့ )
ပြင်သစ်နဲ့ ဂျာမနီနိုင်ငံတိုဟာ နိုင်ငံခြား တိုင်းပြည်တွေကို ဥရောပသမဂ္ဂ (အီးယူ) ဈေးကွက်ထဲကနေ လျင်မြန်စွာ ပိတ်ပင်တားဆီးနိုင်မယ့် လုပ်ပိုင်ခွင့်အသစ်တွေ ဖန်တီးပေးဖို နဲ့ တရုတ်နိုင်ငံအပေါ် ပိုမိုတင်းကြပ်တဲ့ သဘောထားမျိုး ကိုင်စွဲဖို ဘရပ်ဆဲလ် (အီးယူ ဌာနချုပ်) ကို ဖိအားပေး တောင်းဆိုနေကြပါတယ်။
ဒီအဆိုပြုချက်ဟာ ဘေကျင်းနဲ့ ဆွေးနွေးပွဲတွေ မပြုလုပ်မီ အီးယူ ဘက်က ရပ်တည်ချက် ပိုမိုခိုင်မာ လာစေဖို ထိရောက်စွာ တွန်းအားပေးလိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်ဈေးကွက်အပေါ် ဂျာမန်စီးပွားရေးလုပ်ငန်းတွေ မှီခိုနေရတာကြောင့် တရုတ်အပေါ် ကန့်သတ်ချက်တွေ ပြုလုပ်ဖို ကိစ္စမှာ ပြင်သစ်ထက် အမြဲ ပိုမိုသတိထားလေ့ရှိတဲ့ ဂျာမနီနိုင်ငံရဲ့ မူဝါဒ အပြောင်းအလဲတစ်ခုကိုလည်း ပြသနေတာပါ။
4 704
ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဆက်လက်ဖြိုချဖျက်ဆီး
နေပြည်တော်၊ အောက်တိုဘာလ ၇
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထား ဆောင်ရွက်လျက်ရှိကာ ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့် လည်း ပေါင်းစပ်ညှိနှိင်း၍ နိုင်ငံအတွင်းလုံးဝအခြေမချနိုင်သည်အထိ ထိထိရောက်ရောက် ရှာဖွေစစ်ဆေးနှိမ်နင်းခြင်းများကို ဆောင်ရွက်လျက်ရှိရာ KK Park နယ်မြေအတွင်းရှိအွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ လုပ်ကိုင်ခဲ့သည့် တရားမဝင်အဆောက် အအုံများအား အပိုင်း ၃ပိုင်းခွဲ၍ စနစ်တကျဖြိုချဖျက်ဆီးခဲ့ရာ ဇန်နဝါရီ ၉ ရက်တွင် ရာနှုန်းပြည့် ဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်သည်။
4 704
DPLA နှင့် KNPP အမည်ခံအဖွဲဝင် ၄၈ ဦး ဥပဒေဘောင်အတွင်းသို ပြန်လည်ဝင်ရောက်လာ
နေပြည်တော်၊ အောက်တိုဘာ ၇
တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို အစဉ်တစ်စိုက် အလေး ထား ဆောင်ရွက်လျက်ရှိသည်နှင့်အညီ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter Terrorism Operation)များတွင် အောင်မြင်မှုများရရှိကာ အကြမ်းဖက် သောင်းကျန်း သူများ ယာယီထိန်းချုပ်ထားသည့် နယ်မြေများအား အပြီးတိုင်ပြန် လည်ထိန်းချုပ်နိုင်ခဲ့မှု များအပေါ် ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့် ဝမ်းသာအားရ ကြိုဆိုထောက်ခံ လျက်ရှိကြပြီး စိတ်အားထက်သန်စွာ အားပေးထောက်ခံမှုများ၊ ယုံကြည်အားကိုးမှု များဖြင့် တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်လာခဲ့ခြင်းများကြောင့် လက်နက်ကိုင် အကြမ်းဖက်အဖွဲဝင်များအနေဖြင့်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် နားလည် သဘောပေါက်လာကြကာ နီးစပ်ရာနယ်မြေခံတပ်စခန်းများနှင့် လုံခြုံရေးတပ်ဖွဲများထံ လာရောက်သတင်းပိုပြီး ဥပဒေဘောင်အတွင်းသို ပြန်လည်ဝင်ရောက်လျက်ရှိကြသည်။
4 704
မလေးရှားနိုင်ငံ၏ ခရီးသွားကဏ္ဍ အရှိန်အဟုန်ဖြင့် တိုးတက်လာမှုနှင့် ပြည်သူများ၏ ပူးပေါင်းပါဝင်မှု
ယခုနှစ်တွင် မလေးရှားနိုင်ငံ၏ ခရီးသွားဧည့်သည်ဝင်ရောက်မှုမှာ ယခင်ထက် ၃ ဆခန့် အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့ပါသည်။ မြိုတွင်းရှိ ကြော်ငြာဘုတ်ကြီးများတွင် စီးပွားရေးလုပ်ငန်းဆိုင်ရာ ကြော်ငြာများ ပြည့်နှက်နေခြင်းကလည်း တိုင်းပြည်၏ စီးပွားရေးနှင့် ခရီးသွားကဏ္ဍ ဦးမော့ လန်းဆန်းလာမှုကို ထင်ရှားစွာ ပြသနေပါသည်။
ခရီးသွားများ ပိုမိုဆွဲဆောင်နိုင်ခဲ့သည့် အဓိကအကြောင်းအရင်းများတွင် F1 (Formula One) ပြိုင်ပွဲများ နှင့် ဆီးဂိမ်း (SEA Games) အားကစားပြိုင်ပွဲကြီးများ ကဲ့သိုသော နိုင်ငံတကာအဆင့်မီ ပွဲစဉ်ကြီးများကို အောင်မြင်စွာ ကျင်းပနေခြင်းကလည်း အရေးပါသော ကဏ္ဍမှ ပါဝင်ခဲ့ပါသည်။
4 704
ပြင်သစ်ဒုံးကျည်စမ်းသပ်မှုက ဥရောပ၏စစ်ရေးတည်ဆောက်မှုကို သက်သေပြနေသည်ဟု ရုရှားဝေဖန်
နျူကလီးယားလက်နက်သယ်ဆောင်နိုင်စွမ်းရှိသောဒုံးကျည်ကို ပြင်သစ်၏စမ်းသပ်ပစ်လွှတ်မှုက ဥရောပ၏စစ်ရေးတည် ဆောက်မှုကိုသက်သေပြနေသည်ဟု အောက်တိုဘာ ၇ ရက်တွင် ကရင်မလင်က ပြောကြားခဲ့ပြီး ရုရှားက အခြေအနေကို အနီးကပ်စောင့်ကြည့်နေသည်ဟု ဖြည့် စွက်ပြောကြားခဲ့သည်။
စမ်းသပ်မှုသည် ပြင်သစ်အနောက်ဘက် ကမ်းရိုးတန်းအလွန်တွင် အောက်တိုဘာ ၆ ရက်က ပြုလုပ်ခြင်းဖြစ်သည်ဟု ပြင်သစ်ကာ ကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
4 704
မြောက်ဒဂုံမြိုနယ်တွင် အိမ်ဆောက်ပစ္စည်းဆိုင်ပိုင်ရှင်ကို ဓားဖြင့်ထိုးခုတ်ပြီး ပစ္စည်းယူ လူသတ်ခဲ့သူ သုံးဦးကို ဖမ်းဆီးရမိ
မြောက်ဒဂုံမြိုနယ်တွင် အိမ်ဆောက်ပစ္စည်းဆိုင်ပိုင်ရှင်ကို ဓားဖြင့်ထိုးခုတ်ပြီး ပစ္စည်းယူ လူသတ်ခဲ့သူ သုံးဦးကို ဖမ်းဆီးရမိခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲထံမှ သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၅ ရက် နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ်(မြောက်ပိုင်း)မြိုနယ်၊အမှတ်(၄၂)ရပ်ကွက်၊ ဦးဝိစာရလမ်းရှိ စိတ်တိုင်းကျ အိမ်ဆောက်ပစ္စည်းဆိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
4 704
ရွှေဈေးနှုန်းနှင့် ဈေးကွက်မတည်မငြိမ်မှုများ ဖြစ်ပေါ်လာနိုင်သဖြင့် ရွှေနှင့် ရွှေပါဝင်သော ပစ္စည်းများကို အွန်လိုင်းရောင်းချမှု မှတ်ပုံတင်လက်မှတ်ဖြင့် ခွင့်ပြုပေးခြင်း မရှိ
ရွှေဈေးနှုန်းနှင့် ဈေးကွက်မတည်မငြိမ်မှုများ ဖြစ်ပေါ်လာနိုင်သဖြင့် ရွှေနှင့် ရွှေပါဝင်သော ပစ္စည်းများကို အွန်လိုင်းရောင်းချမှု မှတ်ပုံတင်လက်မှတ်ဖြင့် ခွင့်ပြုပေးခြင်း မရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ပြည်တွင်းမီဒီယာတစ်ခုက ရွှေနှင့်ရွှေပါဝင်သောပစ္စည်းများOnlineတွင်ရောင်းချခွင့်ပိတ်ပင်ဆိုသည့် သတင်းနှင့်ပတ်သက်ပြီး မေးမြန်းခဲ့ရာ ဝန်ကြီးဌာနက ပြန်လည်ဖြေကြားခြင်းဖြစ်သည်။
4 704
မျှော်လင့်ချက်နှင့် စိုးရိမ်ပူပန်မှုတိုကို တစ်ပြိုင်တည်းဖြစ်လာစေသည့် ဘင်္ဂလားဒေ့ရှ်နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ
ဘင်္ဂလားဒေ့ရှ် ပြည်သူအချိုသည် နျူကလီးယားဓာတ်အားပေးစက်ရုံဘေးတွင် နေရသည်ကို စိုးရိမ်နေကြသည့်တိုင် ဘင်္ဂလားဒေ့ရှ်သည် မကြာမကြာဓာတ်အားပြတ်တောက်မှုမှ သက်သာရာရစေမည့် ပထမဆုံး နျူကလီးယားသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံ လည်ပတ်ရန် ပြင်ဆင်နေပြီ ဖြစ်သည်။
၁၀ နှစ်ကျော်တည်ဆောက်ခဲ့ရသည့် ဒေါ်လာ ၁၃ ဘီလျံကုန်ကျသော ၂ ဒသမ ၄ ဂီဂါ၀ပ် Rooppur နျူကလီးယားစက်ရုံသည် တစ်ခါကခြောက်ကပ်ကပ် Rooppur ကျေးရွာကို အသွင်ပြောင်းလဲပေးခဲ့သည်။ ရုရှားအလုပ်သမားများ ရောက်လာသည်။ လုပ်ငန်းသစ်များ၊ အလုပ်သစ်များ ပေါ်လာသည်။
4 704
Pigeon တံဆိပ် ကလေးနိုဘူးနှင့် နိုသီးခေါင်းအတုများ ဘန်ကောက်မြိုတွင် ဖမ်းဆီးရမိ
မြန်မာနိုင်ငံတွင်အသုံးများသည့် ပစ္စည်းတစ်ခုဖြစ်သော Pigeon တံဆိပ် ကလေးနိုဘူးနှင့် နိုသီးခေါင်းအတုများ ဘန်ကောက်မြိုတွင် ဖမ်းဆီးရမိခဲ့သည်ဟု Thai Enquirer က သတင်းဖော်ပြသည်။
ထိုင်းရဲတပ်ဖွဲမှာ အောက်တိုဘာ ၆ ရက်က ဘန်ကောက်မြို၊ Khlong Sam Wa ခရိုင်ရှိ ပိုဆောင်ရေးကုမ္ပဏီတစ်ခုကို ဝင်ရောက်စီးနင်းရှာဖွေစဉ် အတုအပပြုလုပ်ထားသော Pigeon ကုန်အမှတ်တံဆိပ်ပါ ကလေးနိုဘူး ၄၀၀ နှင့် နိုဘူးခေါင်း (nipples) ၇၅၀ တိုကို သိမ်းဆည်းရမိခဲ့သည်။
4 704
တောင်သာမြိုနယ် သာပေါင်းလေးကျေးရွာရှိ မူလတန်းကျောင်း ခြံစည်းရိုးအနီး မိုင်းပေါက်ကွဲမှုကြောင့် ကျောင်းသား၊ ကျောင်းသူ ၁ဝ ဦး ဒဏ်ရာရရှိ
မန္တလေးတိုင်း တောင်သာမြိုနယ်ရှိ တောင်သာမြိုနယ် သာပေါင်းလေးကျေးရွာရှိ မူလတန်းကျောင်း ခြံစည်းရိုးအနီး မိုင်းပေါက်ကွဲမှုကြောင့် ကျောင်းသား၊ ကျောင်းသူ ၁ဝ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါမိုင်းပေါက်ကွဲမှုမှာ အောက်တိုဘာ ၆ ရက် နံနက်ပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဒဏ်ရာရရှိသည့် ကျောင်းသား ကျောင်းသူများကို မြင်းခြံခရိုင် ပြည်သူ့ဆေးရုံကြီး၌ ကုသပေးလျက်ရှိကြောင်း သိရသည်။
Noted: ဘယ်လိုကြောင့် သူဟာသူ ကျောင်းတက်နေတဲ့ကလေးတွေကို ပြဿနာရှာနေတာလဲ။ တိုက်ချင်ရင် တည့်တိုက်လေ သက်ဆိုင်တဲ့သူတွေနဲ့ ဒီလိုကျတော့လဲ ကြောက်ချီးကပါသေးတာ။ မဖြစ်နိုင်တော့လဲ အခြေအနေမှန်းသိရက်နဲ့ ဆက်မိုက်ချင်ပြီး ဘဝဆုံးချင်တော့လဲ တားမရတော့ဘူး။
4 704
အမေရိကန် Fort Hood စစ်စခန်း ပစ်ခတ်မှု ကျူးလွန်သူကို သေဒဏ်ပေးမည်
အမေရိကန်စစ်တပ်မှ ဗိုလ်မှူးဟောင်းတစ်ဦးကို ပစ်သတ်သည့်နည်းဖြင့် သေဒဏ်ပေးမည်ဟု ပင်တဂွန်စစ်ဌာနချုပ်က ကြေညာထားသည်။ ယင်းသည် ဒုတိယကမ္ဘာစစ်အပြီး အမေရိကန်စစ်တပ်တွင် ပစ်သတ်သည့်နည်းဖြင့် ပထမဆုံးအကြိမ် သေဒဏ်ပေးမှု ဖြစ်လာမည်။
အမေရိကန်စစ်တပ်၏ စိတ်ရောဂါအထူးကု ဆရာဝန်တစ်ဦးဖြစ်ခဲ့သည့် နီဒယ်ဟာဆန်သည် ၂၀၀၉ ခုနှစ်က တက္ကဆက်ပြည်နယ်ရှိ Fort Hood စစ်စခန်းတွင် အမေရိကန်စစ်သား ၁၃ ဦးကို ပစ်သတ်ခဲ့သည်။ ၎င်းကို ပစ်သတ်ကွပ်မျက်ရန် ကာကွယ်ရေးဝန်ကြီး ပီဟက်ဂ်ဆက်က အကြံပြုခဲ့ပြီး သမ္မတ ဒေါ်နယ်ထရန့်က သဘောတူခဲ့သည်။
4 704
ချင်းပြည်နယ် ဖလမ်းမြိုပြည်သူ့ဆေးရုံကြီး အမြန်ဆုံးပြန်လည်လည်ပတ်နိုင်ရေးနှင့် သူနာပြုသိပ္ပံကျောင်း အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျန်းမာရေးဌာနပိုင် အဆောက်အအုံပြုပြင်ခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်
4 704
ကနေဒါဗုဒ္ဓဘာသာကွန်ဂရက်မှ ကြီးမှူးကျင်းပသည့် ဟီလ်ဒါ ဂျေးဝါဒနာရာမယ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း အုတ်မြစ်ချအခမ်းအနားသို ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး တက်ရောက်
အော်တာဝါ၊ အောက်တိုဘာ ၇
ကနေဒါဗုဒ္ဓဘာသာကွန်ဂရက်ဥက္ကဋ္ဌနှင့် ဟီလ်ဒါ ဂျေးဝါဒနာရာမယ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း၏ ဦးစီးပဓာနဆရာတော် Venerable Nugegalayaye Jinānanda Thero ၏ ဖိတ်ကြားချက်အရ ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဇော်ထွန်းဦးသည် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်၊ ၁၄၀၀ နာရီတွင် အော်တာဝါမြို၌ ကနေဒါဗုဒ္ဓဘာသာကွန်ဂရက်မှ ကြီးမှူးကျင်းပသည့် ဟီလ်ဒါ ဂျေးဝါဒနာရာမယ ဗုဒ္ဓဘာသာဘုန်းတော်ကြီး ကျောင်းအုတ်မြစ်ချအခမ်းအနားသို တက်ရောက်ခဲ့သည်။
