A poem that is not a poet's poem
Відкрити в Telegram
အချစ်ဦးဆိုတာ ကမ္ဘာဦးအစလိုပဲ ပြန်လွမ်းခွင့်ပဲရှိတယ် ပြန်သွားလို့မရဘူး။ - နေကြာဖြူ https://t.me/WhiteSunflowe
Показати більшеМ'янма33 000Категорія не вказана
313
Підписники
-224 години
-67 днів
-2330 днів
Архів дописів
ရှေ့ဘဝတွေကဝဋ်တွေစုပြီး
ဒီဘဝမှာ ဒီလူအပေါ်ပုံကျနေတာများလား
ဝဋ်ကြွေးကြီးပုံများ
ပြန်တောင်မထနိုင်ဘူး။
- နေကြာဖြူ
သံသရာလည်ခြင်းမှာ
ဝဋ်ကြွေးမှန်သမျှ ကုန်စေချင်ပါပြီ။
မမြင်ရတဲ့ဆူးမလို့ မနာဘူးမထင်ပါနဲ့။
စိုက်သွားတာက
နှလုံးသားတည့်တည့်ကိုပါ။
-အံ့လွန်းပျို
"ချစ်တယ်" ဆိုမှတော့
ပိုင်ဆိုင်ချင်တာပေါ့..
တစ်ဖက်က လို"လား"မရှိလို့
လက်လွှတ်လိုက်ရတာဘဲရှိမယ်။
#crd
အချစ်ဦးဆိုတာ
ကမ္ဘာဦးအစလိုပဲ
ပြန်လွမ်းခွင့်ပဲရှိတယ်
ပြန်သွားလို့မရဘူး။
- နေကြာဖြူ
တစ်ခါတလေ...
မေ့သွားပြီလို့ ထင်လိုက်တိုင်း
အမှတ်တရတစ်စ က
နှလုံးသားကို ပြန်လာခေါက်တတ်တယ်။
-ကျူး
ကုတဲ့ ဆရာဝန်ဟာ မင်း မဟုတ်သရွေ့
ဒီလူနာ အသက်တကယ် ရှင်မနေဘူး
အချစ်ရဲ့
-မြတ်နွယ်
အဲ့ဘက်မှာမိုးရွာလားခမျ
သူပဲမှားမှား ကိုယ်ပဲမှားမှား
သွားတောင်းပန်လိုက်ပါ
မဟုတ်ရင် ဝေးသွားလိမ့်မယ်ခမျ။
စာပေမြင့်မှ လူမျိုးတင့်မည်
မိတ်ကောင်းဆွေစစ် ၊ စာပေနှစ်ကို
တစ်မျိုးသားလုံး ၊ လက်စွဲသုံး၍
ဖတ်ရှုကျင့်ထုံး ၊ စုရုံးသိုက်မြိုက်
စာကြည့်တိုက်ဝယ်
စာပေအကျိုး ၊ ဝိုင်းသယ်ပိုးလို့
တိုးတက်စေမည် ၊ မြန်မာပြည်။
၁၃.၉.၂၅ မြန်မာစံတော်ချိန်ည(၇:၄၇)
-မြတ်နွယ်
MAGIC THAT no one Knows
What connection between he and I?
Neither he knows nor me
How far our souls can't be measured;
May be more than panorama
But thoughts about him are in my mind
Given by a GOD supplied
Not a fortune-teller,but I know
He would either think me so
No sooner I said about it a curse
Those thoughts were adored by lousy heart
Oh,GOD, what did I do?
It's a clue but no one tried it not to lose
After seeing this splendid trick,
Which thing can be called "MAGIC".
-MyatNwe
ငါ ဘယ်ရောက်သွား
လေက တိုက်နေတယ်
ငါ ဘယ်ရောက်သွားသလဲလို့
တိုက်နေတဲ့လေကို မေးမိတယ်
လေက ငြိမ်နေတယ်
ပြန် မဖြေ... ။
-ကေဇဝင်း
သည်းဦးပန်းလေး ( 2 )
နေခြည်နုနု လင်းလာတိုင်း
မျက်နှာလေးပြုံးကာ ဖူးပွင့်နေ၊
အဝါရောင် အလှတရားနဲ့
ကမ္ဘာငယ်လေးကို နွေးထွေးစေ။
လေညင်းလေးတိုက်ခတ်လာလည်း
ယိမ်းနွဲ့ရင်း အားမလျော့၊
နေကိုသာ မျှော်ကြည့်နေတဲ့
မျှော်လင့်ခြင်းရဲ့ ပန်းတစ်ပွင့်။
သေးငယ်ပေမယ့် အလင်းပေး၊
ရိုးရှင်းပေမယ့် အဓိပ္ပာယ်ပြည့်။
နှလုံးသားထဲ အမြဲသိမ်းထားမယ့်
ငါ့ရဲ့ "သည်းဦးပန်းလေး"။
-နွေသစ်လွင်
မိဘကို မသိတတ်တဲ့ကောင်က
သူနဲ့ကျမှ ရေမရောတဲ့
ဝိသုဒ္ဓိနတ်ကြီးကို ဖြစ်လို့။
-မြတ်နွယ်
လိုတစ်မျိုး မလိုတစ်မျိုး
လောကကြီးထဲ ငါဟာတစ်ယောက်ထဲ....။
- လိပ်ပြာ
