uk
Feedback
A poem that is not a poet's poem

A poem that is not a poet's poem

Відкрити в Telegram

အချစ်ဦးဆိုတာ ကမ္ဘာဦးအစလိုပဲ ပြန်လွမ်းခွင့်ပဲရှိတယ် ပြန်သွားလို့မရဘူး။ - နေကြာဖြူ https://t.me/WhiteSunflowe

Показати більше
М'янма33 000Категорія не вказана
313
Підписники
-224 години
-67 днів
-2330 днів
Архів дописів
ချစ်တာခြင်းအတူတူ အခွင့်အရေးမရှိတဲ့လူဟာ သနားစရာပဲ။ မိုးကောင်းကင်က လမင်းကြီးကို အပိုင်လိုချင်တဲ့ ကလေးငယ်တစ်ယောက်လို ဘယ်သူကတော့မြင်ရရုံနဲ့ ကျေနပ်နိုင်မလဲခင်...။ -အံ့လွန်းပျို ၂၂၊ ၁၁၊ ၂၅

တယုတယ သိမ်းထားမိတဲ့ အိပ်မက်အပိုင်းအစလေးတွေ အခုများတော့ သစ်ရွက်ခြောက်တွေနဲ့အတူ မီးရှို့ပြာကျသွားရပြီ။ - လိပ်ပြာ

ဘုရားပေါ်ကဆည်းလည်းသံနဲ့အတူ မျက်လှည့်တစ်ကွက်အသက်ဝင်ခဲ့ အဲ့နောက် မင်းကပြောတယ် ချစ်တယ် တဲ့ -မြတ်နွယ်

အများကြီးစဉ်းစားစရာမလိုပါဘူး သူ့ဆီကအချစ်ကိုလွယ်လွယ်ကူကူရခဲ့လို့ လွယ်လွယ်လေးပဲဝေးခဲ့ရတယ် လွယ်လွယ်လေးပဲတွေးလိုက်တယ်။ -နေကြာဖြူ

အများကြီးစဉ်းစားစရာမလိုပါဘူး သူ့ဆီကအချစ်ကိုလွယ်လွယ်ကူကူရခဲ့လို့ လွယ်လွယ်လေးပဲဝေးခဲ့ရတယ် လွယ်လွယ်လေးပဲတွေးလိုက်တယ်။ -နေကြာဖြူ

^^စိတ်သေနေ့ စွဲများ^^ ၂ မျှော်လင့်ချက်တွေ တစ်ခုပြီးတစ်ခု သေသွားတဲ့အခါ စိတ်ကလည်း လိုက်သေသွားတယ်။ -ကျူး

နေသားကျပြီဆို တစ်ကောင်သားတွေကလုပ်ပြီ

တနင်္လာနာမ်လေးအကြောင်းပြောရရင် ဆံပင်လေးကလဲရှည်တယ် အသားလေးကလဲညိုတယ် ပါးချိုင့်လေးကပါသေး အို...... မြင်ဖူးသမျှ ဆရာဝန်တွေထဲမှာတေ
တနင်္လာနာမ်လေးအကြောင်းပြောရရင် ဆံပင်လေးကလဲရှည်တယ် အသားလေးကလဲညိုတယ် ပါးချိုင့်လေးကပါသေး အို...... မြင်ဖူးသမျှ ဆရာဝန်တွေထဲမှာတော့ သူကအသည်းအမာဆုံးပဲ။ အရက်သောက်လဲပြိုင်ခဲ့တယ် ဘယ်သူပိုချစ်လဲဆိုတာပြိုင်ခဲ့တယ် နောက်ဆုံးတော့ ငါနိုင်ခဲ့တယ် ငါနိုင်ခဲ့တယ် "ခိုင်" ငါ့ဆီကထွက်သွားချင်လို့များ အနိုင်ပေးခဲ့တာလား မင်းကဦးနှောက်ကောင်းပါတယ် မင်းဘဝတစ်ခုလုံးငါ့ဆီထားခဲ့ပြီး ထွက်သွားမယ်ဆိုတာမဖြစ်နိုင်ဘူး ဟုတ်တယ်မလား ပြန်လာမယ်မလား အရင်လို အင်းလျားမှာပဲရှိနေမယ်။ - နေကြာဖြူ

ပြောတော့ အရမ်းချစ်တယ်ဆို။

^^စိတ်သေနေ့စွဲများ^^၁ အမှတ်တရတွေက မသတ်ဘူး အသက်ရှင်ခိုင်းတယ် နာကျင်အောင်။ -ကျူး

​"သတိရခြင်း စာမျက်နှာ" မေ့ဖို့ ကြိုးစားတဲ့ ဒဏ်ရာဟာ သတိရခြင်းရဲ့ စာမျက်နှာသစ်တစ်ခု ဖြစ်သွားရော့သလား။ -ကျော်ကြီး(ကျော်ရိပ်ညို)
"သတိရခြင်း စာမျက်နှာ" မေ့ဖို့ ကြိုးစားတဲ့ ဒဏ်ရာဟာ သတိရခြင်းရဲ့ စာမျက်နှာသစ်တစ်ခု ဖြစ်သွားရော့သလား။
-ကျော်ကြီး(ကျော်ရိပ်ညို)

သူပြန်လာမှာသေချာလား

ဖြစ်ချင်တာဖြစ်ခွင့်ရမယ်ဆို အချိန်နောက်ပြန်သွားချင်တယ် အကုန်နောက်ကျခဲ့လို့။ - နေကြာဖြူ

လိုရာဆုကို တောင်းလို့ရမယ်ဆိုရင် စည်းစိမ်အပြည့်နဲ့ ဇိမ်ယစ်နေရမဲ့ ဘဝမျိုးထက် ‌ လွမ်းတိုင်း ပြေးတွေ့ခွင့်ရတဲ့ အခွင့်ထူးခံဘဝမျိုးကိုသာ ကျွန်တော်လိုချင်ပါတယ်။ -အံ့လွန်းပျို

ခရီးတွေဟာ ကြမ်းတယ်.. ခြေလှမ်း‌တွေဟာလည်း ပိုလှမ်းရ ခက်စေတယ် မမသက်။ - လိပ်ပြာ
ခရီးတွေဟာ ကြမ်းတယ်.. ခြေလှမ်း‌တွေဟာလည်း ပိုလှမ်းရ ခက်စေတယ် မမသက်။ - လိပ်ပြာ

အုံနာကိုစိတ်ချမ်းသာစေချင်ရင် သူ့အကြောင်းရေးထားတဲ့ကဗျာတွေယူမတင်ပါနဲ့ ပလိစ်

ခေါင်းလောင်းသံစမ်းချောင်း စီးဆင်းခြင်း ‎ခေါင်းလောင်းတစ်ချက်ထိုးတယ်။ ‎စမ်းချောင်းတစ်ဖြတ်စီးတယ်။ ‎ပုခက်ပေါ်ကနေခြေချရင်း ‎အူဝဲ ဆိုတဲ့အသံဟာ အက္ခရာတွေအဖြစ် ‎ဆင့်ကဲကူးပြောင်းခဲ့တယ်။ ‎ဦးတည်ရာက သင်္ချိုင်းဆီ . . ‎ ‎ခေါင်းလောင်းသံ - ၁ ‎ကလေးဘဝကနေ မင်းသမီးဇာတ်ရုပ်ပြောင်းတယ်။ ‎ခေါင်းလောင်းသံ - ၂ ‎အမေဘဝရောက်တယ်။ ‎ခေါင်းလောင်းသံ - ၃ ‎အဘွားအဖြစ် သရုပ်ဆောင်ရတယ် ။ ‎ ‎ဇာတိပစ္စယာ ဇရာ မရဏ ‎ ‎အချိန်ရဲ့ ခရီးစဉ်ထဲ ‎နာမည်စာရင်းအထည့်ခံထားရလို့ ‎မလိုက်ချင်လည်းလိုက်ရတယ်။ ‎ ‎စမ်းချောင်းလေး စီးဆင်းနေတယ်။ ‎ပြာလေးတွေလည်း မျောသွားမယ်။ ‎ ‎ငါတို့လည်း စီးဆင်းကြတယ်။ ‎ဇာတ်ရုပ်အမျိုးမျိုးဆွဲထည့်ရင်း ‎စမ်းချောင်းလည်း စီးဆင်းနေဆဲ။ ‎ခေါင်းလောင်းသံတွေ သိပ်ညံတယ်။ ‎ ‎-မြတ်နွယ်

ကျော်ကြီးကိုဆဲချင်လို့☺️