A poem that is not a poet's poem
Відкрити в Telegram
အချစ်ဦးဆိုတာ ကမ္ဘာဦးအစလိုပဲ ပြန်လွမ်းခွင့်ပဲရှိတယ် ပြန်သွားလို့မရဘူး။ - နေကြာဖြူ https://t.me/WhiteSunflowe
Показати більшеМ'янма32 877Категорія не вказана
313
Підписники
-124 години
-67 днів
-2230 днів
Архів дописів
မမခင် နဲ့
စကားပြောချင်တယ်
ဒါမဲ့ မပြောချင်တော့
မမခင်
ဟာငြင်းဆန်တတ်တော့
အရာရာအားလုံးကို
မောင့် ရင်ထဲမှာပဲ
သိမ်းထားပါ့မယ်။
ဒဏ်ရာတွေလည်း
မပြတော့ဘူး
အခါခါနာကျင်ပါစေ
မမခင် ကိုပဲချစ်မယ်။
-လင်းသစ်
''မှင်ရည်စိုသော ဒဏ်ရာများ''
ကျတော်တို့ဟာ ကဗျာဆရာတွေမို့
အချစ်ကို ရှာဖွေပုံချင်းကအစ
ရူးသွပ်မှုတွေ စွန်းထင်ခဲ့ကြတာပေါ့
တစ်ချိန်က...
မျက်ဝန်းတစ်စုံကို ကမ္ဘာပြုပြီး
အတိုင်းအဆမရှိ တိုးဝင်လို့
ချစ်ခဲ့ကြဖူးတယ်
ဂရုစိုက်မှုသေးသေးလေးတွေအောက်မှာ
စကြာဝဠာတစ်ခုလုံးကို ပိုင်ဆိုင်သလိုမျိုး
တန်ဖိုးရှိရှိ အချစ်ခံခဲ့ကြဖူးတယ်
''ဇာတ်ညွှန်းကပြောင်းပြန်လှန်သွားပြီ''
အပစ်ခံရတဲ့ ကဗျာဆရာဆိုတာ
အော်ဟစ်ငိုကြွေးဖို့တောင်
ခွန်အားမရှိတော့တဲ့လူစားမျိုး
နှုတ်ခမ်းကို တင်းတင်းစေ့၊
အံကိုကြိတ်လို့
နာကျင်မှု အပိုင်းအစတွေကိုပဲ
စာမျက်နှာပေါ် ကောက်တင်ခဲ့ရတယ်
ကျတော်တို့ကတော့
ဟောင်းနွမ်းသွားတဲ့ ဒဏ်ရာတွေကို
''ကဗျာ''ဆိုတဲ့ ခေါင်းစဉ်အောက်မှာ
အလှဆင်ရင်း ရူးသွပ်နေရဆဲ
တကယ်တော့ ကဗျာဆိုတာ
ကျတော်တို့ ပေးဆပ်ခဲ့ရတဲ့ အချစ်တွေနဲ့
အပစ်ခံခဲ့ရတဲ့ နာကျင်မှုတွေရဲ့
အနုပညာဆန်ဆန် သေတမ်းစာပါပဲ။
-ကျော်ကြီး
စီးဆင်းချင်တဲ့မြစ်ကို
ရူးမိုက်စွာ ငါတားမယ်
ဘာချည်နဲ့ဖြစ်ဖြစ်
စွန်ငယ်လေး ရစ်ဘီးဆီပြန်လာဖို့
မရမက ငါဆွဲမယ်
ဟူးးးးးးး
သက်ပြင်းတစ်ချက် ငါချခဲ့
တားမရရင်လည်း
လမ်းဖွင့်ပေးရမယ်မလား
ဆွဲထားရင်လည်း
မမြဲနိုင်တော့ ပါဘူးလေ
ဒီလောက် ဒီလောက်
ဒီလောက်နဲ့ပဲပေါ့...။
-ဇေယျာဖြိုး
"မိဘကျေးဇူး သိမြင်ပါစေ"
လောကထဲဝယ်၊
လူရယ်ဖြစ်လာ။
ဘာဆိုဘာမှ၊
သိမျှသေးသော်။
မိဘမေတ္တာ၊
သိသာလိမ့်မည်။
ထိုသို့သိခြင်း၊
လူခြင်းသာလိမ့်။
ကောင်းဆိုးသိမြင်၊
သွန်သင်ဆုံးမ။
အမေ့စကား၊
ထိပ်ထားတင်၍။
အဖေ့ဝီရ၊
ကျင့်ကသော်မူ။
ရာရာဆင်ပြေ၊
ဖြစ်နေလိမ့်မည်။
သင်တို့သည်လည်း၊
စိတ်ထဲမှာမူ။
မိဘကျေးဇူး၊
ဆပ်ဖူးပို့သာ။
အစွမ်းကုန်သွား၊
ကြိုးစားကြလော့။ ။
-မြနန်းကျော်
နောက်ဆုံးတစ်ခေါက်အနေနဲ့ဂဏန်းတွေပြန်မန့်ခွင့်ရှိမယ်
တူနေရင်မရဘူးနော်
10:10 ဆိုရင် မန့် CLOSE ပါဗျ♥️❤️
CLOSE ပါပြီ
တုနှိုင်းမဲ့
ပင်လယ်ပြင်တွေပြာတယ်ဆိုလဲ
မင်းမျက်လုံးပြာလဲ့လဲ့ကို
မကျော်လွန်ပါ။
နှင်းဆီနီတွေရဲတယ်ဆိုလဲ
မင်းနှုတ်ခမ်းဖူးဖူးတွေထက်မပိုပါ။
ဆိုးသွမ်းပါတယ်ဆိုတဲ့ငါလဲ
မင်းနှုတ်ခမ်းကဆုံးမစကားတွေကို
မလွန်ဆန်နိုင်ပါ။
လမင်းကြီးလှတယ်ဆိုလဲ
မင်းအလှကိုမအံတုနိုင်ပါ။
ရေခဲတွေအေးတယ်ဆိုလဲ
မင်းပေးဖူးတဲ့မေတ္တာတွေလောက်
မအေးချမ်းပါ။
နေမင်းကြီးကပူတယ်ဆိုလဲ
မင်းပေးခဲ့တဲ့အချစ်တွေလောက်
မလောင်ကျွမ်းစေပါ။
သစ်ရွက်တွေစိမ်းတယ်ဆိုပြန်ရင်လဲ
မင်းသူစိမ်းဆန်တာကိုမမီခဲ့ပါ...။
-အံ့လွန်းပျို
၆ရက်၊ ၃လ၊ ၂၀၂၅ခုနှစ်
🌊🌊🔤 🔤🔤
🌊🔤 🌊ယောက်ပေးမှာဖြစ်ပါတယ်🤩
𝗣𝝾ֺ𝘀ׅ𝘁ֺ 𝗥𝝴ֵ𝗰🤩 ပေး 𝗡𝝾ֺ 1to100အစဉ်လိုက်မန့်
𝗡𝝾ֺ. ထပ်ရင် အရင်မန့်သူပဲရပါမယ်"🤩
ချယ်နယ်ကို JOIN တဲ့သူပဲရမှာပါ🤩
ဒီည 10 နာရီမှာကဗျာရွှတ်နေရင်းနဲ့
မဲဖောက်ပေးသွားပါမယ်ဗျ💸🎁
CHANNAL JOIN ရန်လင့်
https://t.me/WhiteSunflowe
share ပေးကြအုံးနော်🥰
ကဲ မမခင်ရေ
အိမ်မက်တွေလည်းမရှိတော့
မျှော်လင့်ချက်တွေလည်း
ပျောက်ဆုံး
"မင်းဟာ ကလေးသိပ်ဆန်တာပဲ"
အဲ့လိုမဟုတ်ရပါဘူး မမခင်
အချစ်အတွက်
မမခင်အတွက်
အသက်ကိုမငဲ့
အရှက်ကိုမညှာခဲ့တာပါ။
စီနီယာတွေပေါများတဲ့ခေတ်
မျက်နှာချိုပန်းနုသွေးတွေ
များတဲ့ခေတ်
လူရိုသေရှင်ရိုသေ
ဖြစ်ချင်တဲ့ကောင်တွေ
များတဲ့ခေတ်
အဲ့လိုခေတ်ကြီးတဲ့မှာ
မမခင်အပေါ်ထားတဲ့
ကျွန်တော့်အချစ်တွေ
စစ်ခဲ့ပါတယ်။
ကျွန်တော့်အချစ်တွေက
မျက်နှာဖုံးမပါခဲ့ပါဘူး
မမခင်.....။
-လင်းသစ်
ကဗျာရေးတဲ့ကောင်
ငိုကျွေးနေတာ အသံတိတ်တိတ်ပဲ
ရင်ထဲမှာ ..
မီးတောင်ပေါက်ကွဲသံတွေ
ကမ္ဘာစစ်ဖြစ်နေသံတွေ
မင်းမကြားစေရဘူး အချစ်
အသံတိတ်တိတ်ပဲ
မင်းကနေခဲ့ပါ ပြောတော့လည်း
ကိုယ့်မှာနေခဲ့ရတယ်
အသံတိတ်တိတ်ပဲ
မင်းကိုချစ်တဲ့အကြောင်းတွေ
တခမ်းတနား ဖွင့်ဆိုဦးမယ့်ကောင်
မင်းကိုလွမ်းတဲ့အကြောင်းတွေ
ကောင်းကင်ကြီးကို ငိုပြောပြဦးမယ်
ကျယ်..ကျယ်.လောင်လောင်
-ဇေယျာဖြိုး
တို့ကျောင်း....
ပန်းကလေးများပွင့်တော့မည်
ခေါင်းလောင်းသံစည်စည်
တူညီဝတ်စုံအဖြူအစိမ်း
ဝတ်ကြတသွေမတိမ်း
နိုင်ငံတော်အလံအလေးပြုမည်
အတန်းလိုက်စီစီညီ
ကျောင်းပတ်ဝန်းကျင်တို့တွေထိမ်း
စုပေါင်းအမှိုက်သိမ်း
သင်ခန်းစာများမှန်မှန်ကျက်ထူးချွန်လို့ထက်မြတ်
စာသာအဓိကကြိုးစားမည်
ကျောင်းကြီးဂုဏ်သို့ရည်
နွေရာသိီကျောင်းကြီးပိတ်
လွမ်းရတစိမ့်စိမ့်...။
မြမှူး💐
``မချစ်တော့မှန်း သိပင်မဲ့``
မချစ်တော့မှန်း သိပင်မဲ့...
မျှော်လင့်ချက်အိုအိုလေးတစ်ခုကို ရင်ဘတ်ထဲမှာ အသက်ဆက်ပေးထားမိတုန်း...
နင်က ငါ့အကြောင်း မေ့သွားနိုင်ပေမဲ့
ငါကတော့ နင်မရှိတဲ့ နေ့တွေကိုပါ နင့်အကြောင်းတွေးရင်း ဖြတ်သန်းနေရတုန်း...
တချို့ညတွေမှာ လမင်းကို မေးကြည့်ဖူးတယ်...
"သူ ပျော်ရဲ့လား" လို့...
တချို့မိုးတွေမှာ လေပြေကို မေးကြည့်ဖူးတယ်...
"သူ သတိရသေးရဲ့လား" လို့...
အဖြေမရခဲ့ပါဘူး...
ဒါပေမဲ့ စောင့်နေတဲ့ နှလုံးသားတစ်ခုမှာ
မေးခွန်းတွေက အဖြေမလိုဘူးလေ...
မချစ်တော့မှန်း သိပင်မဲ့...
မုန်းဖို့တော့ မတတ်နိုင်ခဲ့ဘူး...
နင်ပျော်နေမယ်ဆိုရင် အဝေးကနေ ကြည့်ရတာကိုပဲ ကျေနပ်ရတော့မယ်...
အချစ်တစ်ခုရဲ့ အနာကျင်ဆုံး အပိုင်းက
လမ်းခွဲခြင်း မဟုတ်ဘူး...
ပြန်မလာတော့မှန်း သိရက်နဲ့ တံခါးဖွင့်ထားမိနေခြင်းပဲ...
-ကျူး
သတိရခြင်းဆိုတာ
ကုထုံးမရှိတဲ့ရောဂါမို့
မင်းမရှိတဲ့နေ့ရက်တွေကို
ရိုးရိုးလေးပဲ ဖြတ်သန်းချင်တယ်
လေနိုင်တဲ့ဆေးရှိသလို
နေနိုင်တဲ့ဆေးလဲ ရှိစေချင်တယ်။
-ကျော်ကြီး
နှင်းဆီနီနီတောင်
အချိန်တန်ရင် ကြွေတတ်သေးတာပဲ။
ငါ့အချစ်တွေကတော့
မင်းအတွက်ဆိုရင်
မကြွေရက်ခဲ့ဘူး။
လေပြေတိုက်တိုင်း
ပွင့်ဖတ်တွေ လွင့်ပါသွားသလို
နေ့ရက်တွေ ဘယ်လောက်ပဲကုန်ကုန်
မင်းနာမည်ကတော့
ငါ့ရင်ထဲကနေ လွင့်မသွားခဲ့ဘူး။
တစ်ခါတစ်လေ
ညနက်နက်တွေမှာ
လမင်းကို မော့ကြည့်ရင်း
မင်းအကြောင်းတွေးမိတဲ့အခါ
နှလုံးသားတစ်ခုလုံး
တိတ်တဆိတ် နာကျင်နေတတ်တယ်။
နှင်းဆီနီနီရဲ့ အရောင်ဟာ
အချစ်ရဲ့ သင်္ကေတဆိုရင်
ငါ့ရဲ့အချစ်ကလည်း
မင်းနာမည်နဲ့ပဲ
ရဲရဲနီခဲ့တာပါ။
နှင်းဆီတွေ ကြွေသွားနိုင်ပေမယ့်
မင်းကိုချစ်ခဲ့တဲ့
ငါ့ရဲ့ခံစားချက်တွေကတော့
ရင်ထဲမှာ
အမြဲပွင့်လန်းနေဦးမှာပါ။
-ကျူး
အက်မင်တွေအတွက်စည်းကမ်း
အဲ့တာကတော့ရှင်းပါတယ်
ကဗျာတင်ရင်နာရီဝက်ခြားပြီးတင်ပေးရုံပါပဲ
ဘယ်သူကဘာကောင်ကြီးပဲဖြစ်နေဖြစ်နေ
တင်ချင်တဲ့အချိန်တင်လို့မရပါဘူး
အုံနာလဲတင်ချင်ရင်နာရီဝက်စောင့်ရပါတယ်။
ကိုယ့်ထမင်းကိုယ်စားတာမို့
ဘယ်သူ့ကိုမှမြောက်ပင့်မထားပါဘူး
-မြစမ်းကြည်
စက်ရုပ်တွေနဲ့
လူသေတွေရှိတဲ့မြို့
တချို့ကမသေပဲပုတ်
ဘယ်မြို့လဲ
ဘာမြို့လဲ
နေချင်စရာမကောင်းတဲ့မြို့။
- နေကြာဖြူ
အမြင့်ကိုပျံလေ
အတောင်ကျိုးဖို့နီးစပ်လေတဲ့
ဒါဆို ကဗျာဆရာတွေကရော
ကဗျာဆရာတွေနေရာပျောက်လို့
စဆရက တွေကြီးစိုးနေတဲ့ခေတ်ပါလား။
- လိပ်ပြာ
လူတွေက
ဝိုင်းပြောကြတယ် မမခင်
မတူသလိုတန်သလိုပြုမူကြတယ်
မမခင် ပါမရှိရင်
မောင့် ဘဝအကျည်းတန်သွားမှာ
မောင် က မမခင် ကိုပဲ
စွဲစွဲမြဲမြဲ သဲသဲကွဲကွဲ
ချစ်လာခဲ့တာပါ
မောင် ကတကယ်ပဲ
မတန်ဘူးလားဗျ
ဘေးလူတွေဝိုင်းသမုတ်ကြပါစေ
မောင် အပြုံးမပျက်ဘူး
ဘာပဲဖြစ်ဖြစ် မောင့် ဘဝရဲ့ကောင်းကောင်းဆိုးဆိုး
ရှိရှိသမျှ အရာတွေက
မမခင် တစ်ယောက်ထဲကြောင့်သာ
ဖြစ်လာခဲ့ရတာပါ။
-လင်းသစ်
-ဝမ်းနည်းခြင်းများစွာဖြင့်
သံသရာစက်ကွင်း
နီးလေမြင့်လေ တောင်တွေကို လွယ်လွယ်နဲ့ အစစ်မထင်နဲ့ အသက်ရဲ့
တစ်ချို့အရာတွေမှာလည်း
လိုက်လေဝေးလေ ဖြစ်နေတတ်တယ်။
ပန်းတိုင်ကို မြင်နေပါလျက်နဲ့ နောက်ပြန်လှည့်ခဲ့တဲ့
လူတန်းစားတစ်ချို့ အကြောင်း လမ်းထိပ် ဘုံဆိုင်ငယ်လေးထဲက ဦးလေးကြီးကို မေးပါ။
ကမ္ဘာဦးအစ ချစ်ခြင်းမေတ္တာဟာ
ကမ္ဘာမပျက်ခင်အချိန်ထိ
တည်ရှိနိုင်ပါ့မလား
ဒီလိုမရေရာတဲ့ မေးခွန်းတွေနဲ့ ကမ္ဘာမပျက်ခင်အထိ
အသက်ကို မောင်စောင့်နေခဲ့တယ်။
Bus ကားမှတ်တိုင်က
ခုံတန်းလေးကို လွမ်းတယ်
ဘူတာမှားရပ်ခဲ့တဲ့ ရထားလေးကို လွမ်းတယ် နှုတ်ခမ်းနီတာရဲလေးနဲ့ မီးခိုးရောင်ခေါင်းစည်းကွင်းလေး လွမ်းတယ် ပန်ဆင်သူမရှိလို့
မြေခနေတဲ့ ဆိတ်ဖလူးပန်းလေး လွမ်းတယ် သိပ်လွမ်းတယ်။
ပြင်မရတဲ့အမှားတစ်ချို့နဲ့
ဖြေမရတဲ့တရားတွေကြား အတိတ်က၀ဋ်တို့ကြောင့်
အသက်နဲ့ကျွန်တော်ဟာ
ပုံပြင်မစခင် ပုံပြင်လေးထဲ ဝေးကွာခဲ့ရတယ်။
ပို့သသော မေတ္တာနှင့် ပြုခဲ့သော ကုသိုလ်များကြောင့်
ဒီဘ၀အလွန်မှာတော့ အသက်နဲ့ ပြန်ဆုံချင်ပါသေးတယ်
နောက်တစ်ကြိမ်ချစ်ခွင့်ပန်ဖို့ပါ။
-ဇေယျာဖြိုး
