A poem that is not a poet's poem
Відкрити в Telegram
အချစ်ဦးဆိုတာ ကမ္ဘာဦးအစလိုပဲ ပြန်လွမ်းခွင့်ပဲရှိတယ် ပြန်သွားလို့မရဘူး။ - နေကြာဖြူ https://t.me/WhiteSunflowe
Показати більшеМ'янма32 877Категорія не вказана
313
Підписники
-124 години
-67 днів
-2230 днів
Архів дописів
"သူ့အကြောင်းသူမသိ မင်္ဂလာမရှိ"
တစ်နေ့တစ်မျိုး သူမရိုး
အချိုးများစွာပြောင်းပါ၏။
လူပေါ်ထင်ထင် သူနေချင်
အမြင်မှန်သူမဟုတ်ပါ၏။
မှန်တကယ်တမ်း ပညာစမ်း
ဘာစွမ်းရည်မှမရှိပါ၏။
လူများရှေ့တွင် သူပြုံးမြင်
စိတ်တွင်မပါရှိပါ၏။
ပဲစေ့အတွေး စိတ်မှာထေး
သူတွေးငါဆရာကြီးပါ၏။
~ စိန်သရ
မျှော်လင့်ချက်မဲ့ခဲ့သည့် အမှောင်နေ့များ(၁)
အနာဂတ်မှာ ဘာဖြစ်ချင်တယ်ပြောဖို့
အခွင့်မရှိတဲ့ နိုင်ငံ
ကြယ်တွေ ကြွေတာဟာ မသမာမှုကြောင့်ဆိုတာ
လက်မခံချင်ကြတဲ့ လူတစ်စု
အသက်တစ်ခုကို မြေကျင်းထဲ
ဝှက်ထားမယ်
ပျော်နိုင်တဲ့လူ ပျော်ပါစေ
ပျော်ချင်တဲ့လူ ပျော်ပါစေ
ငါတို့တွေ တိုးတိုးတိတ်တိတ်
ငိုကြွေးပေးပါ့မယ်။
မျှော်လင့်ချက်မဲ့ခဲ့သည့် အမှောင်နေ့များ (၂)
စစ်ဖြစ်မှာကိုတော့ ကြောက်ပါရဲ့
အသက်ပျောက်မည့်အဖြစ်ကို
မလိုလားဟု ဆိုသေး။
ဒါ့ဖြင့် နိုင်ငံ့အတွက် ကြိုးပမ်းနေသည့်
ကြယ်တစ်စုအတွက် ဘာတွေများ
လက်တို့ခဲ့သလဲ ကဲ။
ကထိန်တွေရယ် ပျော်ကြ ရွှင်ကြ ရယ်ကြ။
တောထဲမှာ ငါတို့တွေ ငိုကြ၊ပူဆွေးကြ။
ဪ..ခက်တယ် လူတွေနှယ့်
ပြည့်တဲ့ အိုးတွေကိုမှ ဘောင်ခတ်ချင်ကြသကိုး။
မျှော်လင့်ချက်မဲ့ခဲ့သည့် အမှောင်နေ့များ (၃)
အာဏာရှင်ရဲ့ ရက်စက်မှုမှာ ပေးလိုက်ရတဲ့
ငါတို့ အသက်တွေ
တစ်သက်တိုင် မကြေ၊
ကြယ်တစ်စုကတော့ အမြင့်မှာရှိနေမှာပဲ
သိပ်တန်ဖိုးရှိတဲ့ ဘဝတွေ
သို့သော် သို့သော်
ကထိန်ပွဲလောက် အရေးမပါခဲ့
သင်္ကြန်ပွဲလောက် အရေးမပါခဲ့
ပျော်ပွဲရွှင်ပွဲလောက် အရေးမပါခဲ့ရ။
မျှော်လင့်ချက်မဲ့ခဲ့သည့် အမှောင်နေ့များ (၄)
မိဘကို လွန်ဆန်၊ ဇနီးမယားကို လွန်ဆန်
အရာအားလုံးကို လွန်ဆန်လို့
ငါတို့အတူ တော်လှန်ခဲ့ကြ
တစ်ချို့တွေက စွန့်လွှတ်လိုက်ကြရတယ်
တစ်ချို့တွေကျ စွန့်ပစ်ခံလိုက်ကြရတယ်
တရားမျှတမှုအတွက် တိုက်ခိုက်နေတုန်း
ငါတို့ ငိုကြွေးခဲ့ရတယ်
ငါတို့ ကြေကွဲခဲ့ရတယ်
ငါတို့ နာကျင်ခဲ့ရတယ်။
မျှော်လင့်ချက်မဲ့ခဲ့သည့် အမှောင်နေ့များ (၅)
စတေးခဲ့ရတဲ့ ကြယ်တွေရဲ့ အသက်တွေ
ဒီအသက်တွေအတွက်
ဘာပြန်လုပ်ပေးမှာလဲ
“ကျောင်းမတက်နဲ့ ကျောင်းထွက်”
“ရုံးမတက်နဲ့ ရုန်းထွက်” ဟုဆိုတော့
ငါတို့ ပါဝင်ခဲ့ကြမယ်
သူတို့ မပါဝင်ခဲ့ကြတယ်။
-ဇေယျာဖြိုး
အချစ်ဆိုတာမျိုးကလဲ
ချစ်နေဖို့ပဲမလား
ဘယ်အချိန်ပဲဖြစ်ဖြစ်
ဘယ်နေရာပဲဖြစ်ဖြစ်ပေါ့။
-နေကြာဖြူ
ကြက်သားဟင်းကိုကြိုက်တယ်
မမခင် ကိုချစ်တယ်။
ဘောလုံးကန်ရတာကိုကြိုက်တယ်
မမခင် ကိုချစ်တယ်။
သီချင်းဆိုရတာကိုကြိုက်တယ်
မမခင် ကိုချစ်တယ်။
ကဗျာရေးရတာကိုနှစ်သက်တယ်
မမခင် ကိုချစ်တယ်။
ဘုရားတရားလုပ်ရတာကို
နှစ်သက်တယ်
မမခင် ကိုချစ်မယ်။
ဪ အရာရာဟာ
မမခင် နဲ့စပြီး
မမခင် နဲ့ဆုံးနေရတာပါပဲလား
ကျေနပ်ဖို့ကောင်းလိုက်တာ။
-လင်းသစ်
ချန်နယ်လေးစတင်လိုက်ပါပြီ
အန်ချင်တာပဲဖြစ်ဖြစ် မကျေနပ်လို့ဆဲချင်ရင်
09963969127 ဒီကိုဖုန်းဆက်ပြီးပြောလို့ရပါတယ်
No need botပါ။
အမှန်ပြောလို့
သေရကြေးဆို
ကျွန်တော့်ကိုသတ်လိုက်ပါ။
သူ့ကိုတော့လွှတ်ပေးလိုက်ပေါ့။
- လိပ်ပြာ
နှင်းဆီနီနီ
ဆူးများကာရံ
သူစီမံ
သူ့ထံရောက်လာ လိုသူက။
နီရဲလွန်းမှ
သူ့အလှ
သူမျှဝေလို့ ခံစားရ။
ပန်းများထဲတွင်
သူပေါ်လွင်
သူ့မြင်သူများ ပန်ချင်ကြ။
ပေါ်လွင်နီရဲ
သူ့သာစွဲ
သူဆွဲဆောင်လို့ စင်ပေါ်ပြ။
မွှေးရနံ့ထုံ
သင်းပျံ့ဖုံ
အစုံလှလို့ ငါ့မှာတ။
ရာစု-၂၁ရာစု
ရေးသူ-အံ့လွန်းပျို
အမျိုးအစား-သံပေါက်
Reaction မှာ အော့အန်တဲ့ emoji တွေ လက်ခလယ်ထောင်ပြတဲ့ emoji တွေပေးထားတဲ့ကောင်တွေကောင်မတွေ သတ္တိရှိရင် Live ကိုလာခဲ့ လူမသိသူမသိခိုးလုပ်မနေနဲ့ ဟင့်😔
"ပြိုင်မငြင်းချင်ဘူး"
"မဖြေရှင်းချင်ဘူး"
ကိုယ့်ကို ပန်းတစ်ပွင့် လို့မြင်ရင်
ပန်းတစ်ပွင့်ပေါ့
ဆူးတစ်ချောင်း လို့မြင်ရင်လည်းဆူးတစ်ချောင်းပေါ့..။
"လူချမ်းသာကဗျာ"
ဆင်းရဲတဲ့လူတွေက
လိုချင်တပ်မက်တဲ့စိတ်
အများဆုံးလူတွေပဲ
နေရာတစ်နေရာဖြစ်ဖြစ်
လူတွေရဲ့အာရုံစိုက်မှုဖြစ်ဖြစ်
အာဏာတစ်ခုခုဖြစ်ဖြစ်ပေါ့
အဲ့တာတွေမရှိရင်
အဲ့လူကဘာကောင်မှမဟုတ်ဘူး။
- နေကြာဖြူ
မြင့်မားဟန်နဲ့
မာန်တွေတက်၊
အတွင်းစိတ်က
ဗလာသက်။
စကားလုံးတွေ
ပန်းလိုဆက်၊
အလုပ်ကျတော့
နောက်ပြန်ထွက်။
မသိဘဲနဲ့
သိဟန်ပြ၊
မတတ်ဘဲနဲ့
ဆရာကျ။
လူရှေ့ရောက်ရင်
စကားလှ၊
နောက်ကွယ်ရောက်တော့
မျက်နှာခွ။
လေတိုက်တုန်းက
ရွက်ဖားဖား၊
မုန်တိုင်းကျတော့
ငြိမ်သက်သွား။
ဟန်နဲ့မာန်နဲ့
နေခဲ့ငြား၊
အရည်အချင်းက
ကျန်မထား။ ။
-ငြိမ်းစံ
-ကာရံကဗျာမဟုတ်ပါ။
ကိုယ့်ကိုယ်ကို
အမြင့်ရောက်နေတယ်လို့ထင်တဲ့အာဏာရူးက
အဆိုးဆုံးပဲ
ပြုတ်ကျရင်တော့
အတော်နာမှာနော်ညီလေး
ဂရုတော့စိုက်
ဂရုတော့စိုက်ညီလေး။
- နေကြာဖြူ
စာလုံးပေါင်းမှန်အောင်အရင်သင်ပြီး
မြန်မာစကားကိုပီပီသသပြောတတ်အောင်
အရင်သင်ပြီးမှကဗျာရေးကွ
အာဏာရှင်မျက်နှာဖုံးနဲ့
လူကြီးလူကောင်းလို
လူအရိုသေခံချင်ရင်တော့
ဘုန်းကြီးသာဝတ်လိုက်တော့။
- နေကြာဖြူ
FIFA World Cup ပြိုင်ပွဲမှာ
Argentina အသင်းကို
အားပေးမယ်
မမခင် ကိုများများချစ်မယ်
မဆိုင်တဲ့စကားတွေပါ မမခင်ရယ်
ဒါပေမဲ့ အပိုင်တွက်ထားတာမို့
နားလည်ပေးပါ မမခင်
အချစ်ကဘာလဲဆိုရင်
မမခင် ကိုလက်ညိုးထိုးမယ်
မျက်စောင်းတစ်ချက်နဲ့တော့
မောင့်ကိုမပစ်ပယ်လိုက်ပါနဲ့
အသာတကြည်လက်ခံမလား
အခါခါငိုပြပြီးမှလက်ခံမလား
ကြိုက်ရာလမ်းကို
ရွေးလိုက်ပါ မမခင်။
-လင်းသစ်
မမခင် ပျော်နေတဲ့အချိန်
မောင့်ကိုမေ့ချင်မေ့ပါ
ဒါပေမဲ့ မမခင်ဝမ်းနည်းနေတဲ့
အချိန်လေးမှာတော့
မောင်ရှိတယ်ဆိုတာသတိရပေးပါ
မောင်က မမခင်ရဲ့
အသံလေးမကြားရရင်တောင်
ကမ္ဘာပျက်နေတဲ့ကောင်ပါ
အကဲပိုတယ်ပဲပြောပြော
အပိုပြောတယ်ပဲဆိုဆို
အလိုမတူတဲ့
ခွေးသားတွေထက်တော့
မောင်သာပါတယ် မမခင်
အနာရှိရင်ဆေးရှိတယ်တဲ့
မောင်ကတော့ မမခင်ရှိရင်
ဆေးမထည့်ရလို့
အဲ့အနာပုပ်သွားပါစေ
ကျေနပ်ပါတယ်
ချစ်တာကိုတော့
အပြစ်မမြင်စေချင်ဘူး မမခင်
အသစ်တွေထက်စာရင်
ဒီအဟောင်းလေးက
မမခင် အနား
သေတဲ့ထိရှိနေမှာပါ။
-လင်းသစ်
နေကြာဖြူရယ် လင်းသစ်ရယ် ကျော်ကြီးရယ်
ဒီချန်နယ်မှာရှိနေတာကို sharing လုပ်ပေးကျပါအုံး
ပြဿနာအခက်အခဲတစ်ခုကြောင့်ရယ်
အခုလူနည်းနေတာလေးကြောင့်ရယ်
Liveနဲ့ကဗျာရွတ်တာကိုတော့မစသေးပါဘူးခမျာ
ကဗျာရွတ်တဲ့အသံဖိုင်တွေကိုတော့
တစ်နေ့နှစ်ပုဒ်နှုန်းနဲ့ရအောင်တင်ပေးပါ့မယ်ခမျာ
ကဗျာတွေလဲတင်ပေးပါ့မယ်
"ကဗျာဆရာမလေးနဲ့ရည်းစားဖြစ်ချင်တယ်"
အမှားပါသွားရင်ခွင့်လွတ်ကျပါခမျာ
