A poem that is not a poet's poem
前往频道在 Telegram
အချစ်ဦးဆိုတာ ကမ္ဘာဦးအစလိုပဲ ပြန်လွမ်းခွင့်ပဲရှိတယ် ပြန်သွားလို့မရဘူး။ - နေကြာဖြူ https://t.me/WhiteSunflowe
显示更多缅甸33 000未指定类别
313
订阅者
-224 小时
-67 天
-2330 天
帖子存档
ချစ်တာခြင်းအတူတူ
အခွင့်အရေးမရှိတဲ့လူဟာ
သနားစရာပဲ။ မိုးကောင်းကင်က
လမင်းကြီးကို အပိုင်လိုချင်တဲ့
ကလေးငယ်တစ်ယောက်လို
ဘယ်သူကတော့မြင်ရရုံနဲ့
ကျေနပ်နိုင်မလဲခင်...။
-အံ့လွန်းပျို
၂၂၊ ၁၁၊ ၂၅
တယုတယ သိမ်းထားမိတဲ့
အိပ်မက်အပိုင်းအစလေးတွေ
အခုများတော့ သစ်ရွက်ခြောက်တွေနဲ့အတူ
မီးရှို့ပြာကျသွားရပြီ။
- လိပ်ပြာ
ဘုရားပေါ်ကဆည်းလည်းသံနဲ့အတူ
မျက်လှည့်တစ်ကွက်အသက်ဝင်ခဲ့
အဲ့နောက် မင်းကပြောတယ်
ချစ်တယ် တဲ့
-မြတ်နွယ်
အများကြီးစဉ်းစားစရာမလိုပါဘူး
သူ့ဆီကအချစ်ကိုလွယ်လွယ်ကူကူရခဲ့လို့
လွယ်လွယ်လေးပဲဝေးခဲ့ရတယ်
လွယ်လွယ်လေးပဲတွေးလိုက်တယ်။
-နေကြာဖြူ
အများကြီးစဉ်းစားစရာမလိုပါဘူး
သူ့ဆီကအချစ်ကိုလွယ်လွယ်ကူကူရခဲ့လို့
လွယ်လွယ်လေးပဲဝေးခဲ့ရတယ်
လွယ်လွယ်လေးပဲတွေးလိုက်တယ်။
-နေကြာဖြူ
^^စိတ်သေနေ့ စွဲများ^^ ၂
မျှော်လင့်ချက်တွေ
တစ်ခုပြီးတစ်ခု သေသွားတဲ့အခါ
စိတ်ကလည်း
လိုက်သေသွားတယ်။
-ကျူး
တနင်္လာနာမ်လေးအကြောင်းပြောရရင်
ဆံပင်လေးကလဲရှည်တယ်
အသားလေးကလဲညိုတယ်
ပါးချိုင့်လေးကပါသေး
အို......
မြင်ဖူးသမျှ
ဆရာဝန်တွေထဲမှာတော့
သူကအသည်းအမာဆုံးပဲ။
အရက်သောက်လဲပြိုင်ခဲ့တယ်
ဘယ်သူပိုချစ်လဲဆိုတာပြိုင်ခဲ့တယ်
နောက်ဆုံးတော့
ငါနိုင်ခဲ့တယ်
ငါနိုင်ခဲ့တယ် "ခိုင်"
ငါ့ဆီကထွက်သွားချင်လို့များ
အနိုင်ပေးခဲ့တာလား
မင်းကဦးနှောက်ကောင်းပါတယ်
မင်းဘဝတစ်ခုလုံးငါ့ဆီထားခဲ့ပြီး
ထွက်သွားမယ်ဆိုတာမဖြစ်နိုင်ဘူး
ဟုတ်တယ်မလား
ပြန်လာမယ်မလား
အရင်လို အင်းလျားမှာပဲရှိနေမယ်။
- နေကြာဖြူ
^^စိတ်သေနေ့စွဲများ^^၁
အမှတ်တရတွေက
မသတ်ဘူး
အသက်ရှင်ခိုင်းတယ်
နာကျင်အောင်။
-ကျူး
"သတိရခြင်း စာမျက်နှာ"
မေ့ဖို့ ကြိုးစားတဲ့ ဒဏ်ရာဟာ
သတိရခြင်းရဲ့
စာမျက်နှာသစ်တစ်ခု
ဖြစ်သွားရော့သလား။
-ကျော်ကြီး(ကျော်ရိပ်ညို)
ဖြစ်ချင်တာဖြစ်ခွင့်ရမယ်ဆို
အချိန်နောက်ပြန်သွားချင်တယ်
အကုန်နောက်ကျခဲ့လို့။
- နေကြာဖြူ
လိုရာဆုကို တောင်းလို့ရမယ်ဆိုရင်
စည်းစိမ်အပြည့်နဲ့
ဇိမ်ယစ်နေရမဲ့ ဘဝမျိုးထက်
လွမ်းတိုင်း ပြေးတွေ့ခွင့်ရတဲ့
အခွင့်ထူးခံဘဝမျိုးကိုသာ
ကျွန်တော်လိုချင်ပါတယ်။
-အံ့လွန်းပျို
ခရီးတွေဟာ ကြမ်းတယ်..
ခြေလှမ်းတွေဟာလည်း ပိုလှမ်းရ
ခက်စေတယ် မမသက်။
- လိပ်ပြာ
အုံနာကိုစိတ်ချမ်းသာစေချင်ရင်
သူ့အကြောင်းရေးထားတဲ့ကဗျာတွေယူမတင်ပါနဲ့
ပလိစ်
ခေါင်းလောင်းသံစမ်းချောင်း စီးဆင်းခြင်း
ခေါင်းလောင်းတစ်ချက်ထိုးတယ်။
စမ်းချောင်းတစ်ဖြတ်စီးတယ်။
ပုခက်ပေါ်ကနေခြေချရင်း
အူဝဲ ဆိုတဲ့အသံဟာ အက္ခရာတွေအဖြစ်
ဆင့်ကဲကူးပြောင်းခဲ့တယ်။
ဦးတည်ရာက သင်္ချိုင်းဆီ . .
ခေါင်းလောင်းသံ - ၁
ကလေးဘဝကနေ မင်းသမီးဇာတ်ရုပ်ပြောင်းတယ်။
ခေါင်းလောင်းသံ - ၂
အမေဘဝရောက်တယ်။
ခေါင်းလောင်းသံ - ၃
အဘွားအဖြစ် သရုပ်ဆောင်ရတယ် ။
ဇာတိပစ္စယာ ဇရာ မရဏ
အချိန်ရဲ့ ခရီးစဉ်ထဲ
နာမည်စာရင်းအထည့်ခံထားရလို့
မလိုက်ချင်လည်းလိုက်ရတယ်။
စမ်းချောင်းလေး စီးဆင်းနေတယ်။
ပြာလေးတွေလည်း မျောသွားမယ်။
ငါတို့လည်း စီးဆင်းကြတယ်။
ဇာတ်ရုပ်အမျိုးမျိုးဆွဲထည့်ရင်း
စမ်းချောင်းလည်း စီးဆင်းနေဆဲ။
ခေါင်းလောင်းသံတွေ သိပ်ညံတယ်။
-မြတ်နွယ်
