uk
Feedback
Movies World

Movies World

Відкрити в Telegram

Movies

Показати більше
Країна не вказанаКатегорія не вказана
4 404
Підписники
-624 години
+657 днів
+31030 днів
Архів дописів
အသည်းခိုက်ခိုက်တုန်တာတွေမှ ကြိုက်သူတွေအတွက် လက်မလွှတ်သင့်တဲ့ ဖြစ်ရပ်မှန်ကားမို့ အခြောက်အလှန့်တွေက လုံးဝ သဘာဝကျပီး ကြည့်ရတဲ့အရ
အသည်းခိုက်ခိုက်တုန်တာတွေမှ ကြိုက်သူတွေအတွက် လက်မလွှတ်သင့်တဲ့ ဖြစ်ရပ်မှန်ကားမို့ အခြောက်အလှန့်တွေက လုံးဝ သဘာဝကျပီး ကြည့်ရတဲ့အရသာ စွဲကျန်လွန်းလို့ ညသေးပေါက်တောင် ထနိုင်မှာ မဟုတ်ပါဘူး ယုတ္တိမရှိတဲ့ ဇာတ်အိမ်တွေ မဟုတ်ဘဲ တကယ့်ဖြစ်တဲ့ အမှားတွေနဲ့ မမြင်ရတဲ့ အရာတွေကြောင့်... ဒီထဲက ဇာတ်ဆောင်ဟာဆိုရင် အပြင်မှာလည်း တကယ်တတိယမျက်လုံးပိုင်ဆိုင်ထားပြီး ပရလောကနဲ့ ဆက်နွယ်နိုင်သူပါ ဒီကားထဲမှာရော ဘယ်လို ဇာတ်အိမ်တွေ ဘယ်လိုအကြောင်းအရာတွေ အခြေခံထားမလဲ ကြည့်သာ ကြည့်လိုက်တော့ ရှယ်ဘဲ

လက်မလွတ်သင့်တဲ့ ထိုင်းသရဲကားသစ်

လက်မလွတ်သင့်တဲ့ ထိုင်းသရဲကားသစ် ------------------- စာမေးပွဲအောင်ဖို့ စိတ်ပင်ပန်းနေတဲ့ ကျောင်းသားအုပ်စုတစ်စုဟာ ဝိညာဉ်အင်အားကိ
လက်မလွတ်သင့်တဲ့ ထိုင်းသရဲကားသစ် ------------------- စာမေးပွဲအောင်ဖို့ စိတ်ပင်ပန်းနေတဲ့ ကျောင်းသားအုပ်စုတစ်စုဟာ ဝိညာဉ်အင်အားကို အသုံးပြုပြီး သင်ကြားပေးတယ်ဆိုတဲ့ လျှို့ဝှက် tutor class တစ်ခုကို သွားတက်ကြရာကနေ စပြီး သူတို့ရဲ့ဘဝတွေဟာ မထင်မှတ်ထားတဲ့ အန္တရာယ်ဆီကို ဆွဲခေါ်သွားခြင်းခံခဲ့ရပါတယ်။ အစပိုင်းမှာ အလွယ်တကူအောင်မြင်မှုရရှိလာပေမယ့် နောက်ပိုင်းမှာ ကြောက်မက်ဖွယ်ရာဖြစ်ရပ်တွေ တစ်ယောက်ပြီးတစ်ယောက် ကြုံတွေ့လာကြပြီး ဒီအောင်မြင်မှုဟာ ပညာနဲ့မဟုတ်ဘဲ အသက်နဲ့လဲရတဲ့ အောင်မြင်မှုတစ်ခုဖြစ်နေတယ်ဆိုတာကို သိလာကြတဲ့အချိန် သူတို့ဘာဆက်လုပ်မယ်လို့ထင်ကြလဲ...

ကျိကျိတက်ချမ်းသာတဲ့ ဆေးဝါးကုမ္ပဏီပိုင်ရှင် ဆိုဖီယာတစ်ယောက် ဘာလင်ကပြန်လာပြီးမကြာခင်မှာ ရုတ်တရက် နှလုံးရပ်ပြီးဆုံးသွားပါသတဲ့။ ဒ
ကျိကျိတက်ချမ်းသာတဲ့ ဆေးဝါးကုမ္ပဏီပိုင်ရှင် ဆိုဖီယာတစ်ယောက် ဘာလင်ကပြန်လာပြီးမကြာခင်မှာ ရုတ်တရက် နှလုံးရပ်ပြီးဆုံးသွားပါသတဲ့။ ဒီကိစ္စက သူ့ယောက်ျားဂျက်ဖီနဲ့ မရှင်းမရှင်းမလို့ ရဲဘက်ကလည်း ဂျက်ဖီကိုပဲ အသည်းအသန်စစ်ပါတော့တယ်။ ဘာလို့လဲဆိုတော့ အကျိုးခံစားခွင့်အများဆုံးလူက အဓိကသံသယရှိသူဖြစ်နေလို့ပါ။ တကယ်တော့ ဂျက်ဖီကလည်း စမောဆွဲထားတာဖြစ်ပြီး ဆာရာဆိုတဲ့ကောင်မလေးနဲ့ဖောက်ပြန်နေတာဖြစ်နေပြန်ပါရော။ ဒါပေမဲ့ ဒီလိုစစ်ဆေးနေတဲ့ကြားကနေ ရုတ်တရက် ရင်ခွဲရုံက ဆိုဖီယာအလောင်း ပျောက်သွားချိန်မှာတော့...

တစ်ခါတလေမှာ လောကကြီးရဲ့ဖိနှိပ်မှုတွေကြားမှာ လူတွေက အမုန်းတရားလွှမ်းမိုးပြီး မကောင်းမှုကိုမှ သိသိကြီးနဲ့ ရွေးချယ်မိတတ်ကြပါသတဲ့
တစ်ခါတလေမှာ လောကကြီးရဲ့ဖိနှိပ်မှုတွေကြားမှာ လူတွေက အမုန်းတရားလွှမ်းမိုးပြီး မကောင်းမှုကိုမှ သိသိကြီးနဲ့ ရွေးချယ်မိတတ်ကြပါသတဲ့။ လောကကြီးနဲ့ယူလီအကြောင်းပြောရမယ်ဆို ဘာမှန်းမသိလိုက်ခင်မှာပဲ ဘဝရဲ့အချစ်ရဆုံးမိဘနှစ်ပါးနဲ့ အရာအားလုံးက ယူလီရဲ့ ဘဝကနေ စောစောစီးစီး ထွက်ခွာသွားကြတာပေါ့။ ဒီလိုနဲ့ အမ်ဘာဆိုတဲ့ မွေးစားတဲ့လူနဲ့တွေ့ပြန်တော့လည်း ကံကောင်းသလား ဆိုးသလား မပြောတတ်ပေမဲ့ အမ်ဘာရဲ့မိန်းမကတော့ ယူလီကို မယားငယ်သမီးလို့ထင်ပြီး အစေခံလိုပဲဆက်ဆံတာပေါ့။ ကျန်တဲ့လူတွေကလည်း ဖာသိဖာသာပါပဲ။ ဒါကိုသည်းခံရင်းနဲ့ လုံးဝသည်းမခံနိုင်တော့တဲ့အဆုံး ယူလီတစ်ယောက် ကလဲ့စားချေဖို့လမ်းကို ရွေးချယ်လိုက်ချိန်မှာတော့...

အင်ဒိုသရဲကားတွေကို နိုင်ငံတစ်ကာက ပထမဆုံး သိရှိခဲ့တဲ့ရုပ်ရှင်

အင်ဒိုသရဲကားတွေကို နိုင်ငံတစ်ကာက ပထမဆုံး သိရှိခဲ့တဲ့ရုပ်ရှင် ဇာတ်လမ်းက ၁၉၈၁ ခုနှစ်၊ ဂျာကာတာမြို့ ဆင်ခြေဖုံးက တောအုပ်တစ်ခုအနီး
အင်ဒိုသရဲကားတွေကို နိုင်ငံတစ်ကာက ပထမဆုံး သိရှိခဲ့တဲ့ရုပ်ရှင် ဇာတ်လမ်းက ၁၉၈၁ ခုနှစ်၊ ဂျာကာတာမြို့ ဆင်ခြေဖုံးက တောအုပ်တစ်ခုအနီးမှာရှိတဲ့ အိမ်အိုကြီးတစ်အိမ်မှာ စတင်ပါတယ်။ တစ်ချိန်က နာမည်ကြီး အဆိုတော်တစ်ယောက်ဖြစ်ခဲ့တဲ့ အမေဖြစ်သူဟာ သုံးနှစ်ကြာ ကုမရတဲ့ ဝေဒနာကို ခံစားနေရပြီး အိပ်ရာထဲလဲနေပါတယ်။ သူမဟာ စကားမပြောနိုင်တော့ဘဲ လူခေါ်ချင်ရင် ခြောက်ကပ်ကပ် အသံထွက်တဲ့ "ခေါင်းလောင်းလေး" ကိုပဲ လှုပ်ပြီး ခေါ်ရရှာပါတယ်။အမေဖြစ်သူရဲ့ ဆေးဖိုးဝါးခတွေကြောင့် မိသားစုဟာ အကြွေးတင်ပြီး စီးပွားပျက်ကပ် ဆိုက်နေချိန်မှာပဲ အမေဖြစ်သူဟာ ထူးဆန်းစွာနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ အမေဆုံးပြီးနောက် ဖခင်ဖြစ်သူက အကြွေးဆပ်ဖို့နဲ့ အိမ်စရိတ်ရှာဖို့ မြို့ပေါ်ကို အလုပ်သွားလုပ်ရတဲ့အတွက်

ရုပ်ရှင်ကျောင်းသားတစ်စုဟာ သူတို့ရဲ့နောက်ဆုံးနှစ် ပရောဂျက်အဖြစ် ထိတ်လန့်သည်းဖိုသရဲကားတစ်ကားရိုက်ကူးဖို့ကြိုးစားကြပါတယ်။ တကယ်တမ
ရုပ်ရှင်ကျောင်းသားတစ်စုဟာ သူတို့ရဲ့နောက်ဆုံးနှစ် ပရောဂျက်အဖြစ် ထိတ်လန့်သည်းဖိုသရဲကားတစ်ကားရိုက်ကူးဖို့ကြိုးစားကြပါတယ်။ တကယ်တမ်းတော့ သူတို့အားလုံးဟာ ကျောင်းပြီးချိန်ကို တော်တော်ကြီးကျော်နေတဲ့ ကျောင်းအိုကျောင်းဆွေးတွေဖြစ်ပြီး ဒီပရောဂျက်သာ မအောင်မြင်ရင် ကျောင်းထုတ်ခံရမှာဖြစ်လို့ သူတို့ကြိုးစားထားသမျှ သဲထဲရေသွန်ဖြစ်ရတော့မှာပါ။ အဲ့ဒါကြောင့် ဘယ်လိုအဖြစ်အပျက်တွေကြုံလာပါစေ သူတို့ဟာ ဘယ်လိုမှနောက်ဆုတ်လို့မရတဲ့ အခြေအနေမှာရှိပါတယ်။ ဖြစ်ချင်တော့ သူတို့ရွေးချယ်လိုက်တဲ့ရိုက်ကွင်းနေရာက ဒတ်ချ်သင်္ချို-င်းဟောင်းတစ်ခုဖြစ်နေပြီး ရိုက်ကွင်းစကတည်းက အနှောင့်အယှက်တွေ၊ သဘာ၀လွန်ဖြစ်ရပ်တွေ၊ အဖွဲ့သားအချင်းချင်း အချင်းများတာစတဲ့ ဖြစ်စဉ်တွေ အမျိုးမျိုးကြုံရပါတော့တယ်။

သုသာန်မှာချစ်သူတယောက်ရပါစေဆိုပြီး မွေးနေ့ဆုတာင်း လိုက်သော အခါ မာဝါဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ အသက် ၂၀ ပြည့် မွေးနေ့မှာ ကွယ်လွန
သုသာန်မှာချစ်သူတယောက်ရပါစေဆိုပြီး မွေးနေ့ဆုတာင်း လိုက်သော အခါ မာဝါဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ အသက် ၂၀ ပြည့် မွေးနေ့မှာ ကွယ်လွန်ပြီး ဖြစ်တဲ့ မိဘနှစ်ပါးရဲ့ အုတ်ဂူကို သွားရောက် လည်ပတ်ခဲ့ပါတယ်။ သင်္ချိုင်းမှာ မွေးနေ့ ဆုတောင်းအနေနဲ့ သူမကို စိတ်ရင်းနဲ့ ချစ်ခင်ပေးမယ့် ချစ်သူတစ်ယောက် လိုချင်တယ်ဆိုပြီး ပြောခဲ့မိပါတယ်။ အဲဒီည နောက်ကျပြီးမှ အဆောင်ပြန်ရောက်လာတဲ့ မာဝါဟာ တမျိုးတဖုံ ပြောင်းလဲလာခဲ့ပါတယ်။ အတူနေ အဆောင်သူငယ်ချင်းတွေက တဖြည်းဖြည်းနဲ့ မာဝါတစ်ယောက် ထူးဆန်းလာတာကို သတိထားမိတဲ့ အချိန်မှာ ဘာကြောင့်ဆိုတာ သိဖို့ စုံစမ်းအကဲခတ်ကြည့်ကြပေမယ့် သေချာမသိကြပါဘူး။

Qorin 2 (2026) ━━━━━━━━━━━━━━━━━━ သားကိုအနိုင်ကျင့်တာကိုမြင်ပြီး အနိုင်ကျင့်တဲ့သူရော မြင်ရဲ့နဲ့ကြည့်နေတဲ့သူတွေကိုပါ အောက်လမ်း
Qorin 2 (2026) ━━━━━━━━━━━━━━━━━━ သားကိုအနိုင်ကျင့်တာကိုမြင်ပြီး အနိုင်ကျင့်တဲ့သူရော မြင်ရဲ့နဲ့ကြည့်နေတဲ့သူတွေကိုပါ အောက်လမ်းနဲ့ လက်စားချေတဲ့ ဖခင်

ကျိန်စာသင့်တောနက်ကြီး ( ၂၀-၂၆ )

ကျိန်စာသင့်တောနက်ကြီး ( ၂၀-၂၆ ) 2026 ရဲ့ မင်မင် အကြိုက်ဆုံး မူခင်းကားတစ်ကားနဲ့ မိတ်ဆက်ပေးမယ် သဘာဝလွန် သည်းထိတ်ရင်ဖိုဆန်ဆန် မာ
ကျိန်စာသင့်တောနက်ကြီး ( ၂၀-၂၆ ) 2026 ရဲ့ မင်မင် အကြိုက်ဆုံး မူခင်းကားတစ်ကားနဲ့ မိတ်ဆက်ပေးမယ် သဘာဝလွန် သည်းထိတ်ရင်ဖိုဆန်ဆန် မာလျာလမ်ရုပ်ရှင်ကောင်းတစ်ခု ကို တင်ဆက်ပေးချင်ပါတယ်။ ဖတ်ရန် 🖥
ဒီရုပ်ရှင်ဟာ မှုခင်းနဲ့ သဘာဝလွန်ဇာတ်အိမ်ကို ကျေးလက်နောက်ခံနဲ့ စိတ်ဝင်စားစရာကောင်းအောင်ပုံဖော်ထားတာပါ။ ကီရာလာပြည်နယ်နဲ့ တမီးလ်နာဒူးပြည်နယ် နယ်စပ်မှာရှိတဲ့ တောနက်ကြီး တစ်ခုဟာ ဝင်သွားသူတိုင်း ပြန်မလာတော့ဘဲ ပျောက်သွားတတ်တယ်ဆိုတဲ့ အရပ် ပြောပုံပြင်တွေကြောင့် နာမည်ကြီးပါတယ်။ ကီရာလာပြည်နယ်ထဲက ရဲအရာရှိတယောက်ဟာ အဲဒီတောနက်ထဲမှာ လမ်းပျောက်နေရင်း ဝေါကီတော်ကီကနေတဆင့် တမီးလ်နာဒူးရဲအရာရှိတစ်ဦးနဲ့ အဆက်အသွယ်ရခဲ့ပါတယ်။ ဒါပေမဲ့ ထူးဆန်းတာက သူတို့နှစ်ယောက်ဟာ နေရာတစ်ခုတည်းမှာ ရှိနေ ကြပေမဲ့ အချိန်ကာလမတူညီဘဲ ဆယ်စုနှစ်တစ်ခုလောက် ကွာဟနေကြောင်း သိလာရသောအခါမှာတော့...

သေးထွက်အောင်ခွီးရမယ့်ဇာတ်ကား 🤣🤣 ーーーーーーーーーーーーーーーーー ➪➪➪➪➪➪➪➪➪➪➪

သေးထွက်အောင်ခွီးရမယ့်ဇာတ်ကား 🤣🤣 ーーーーーーーーーーーーーーーーー T_h-e T_h-r_e-e S_t-o_o-g_e-s (20_12) ဒီကားလေးကတော့ တော်”လေးကိုရယ်ရပြီး ဘ
သေးထွက်အောင်ခွီးရမယ့်ဇာတ်ကား 🤣🤣 ーーーーーーーーーーーーーーーーー T_h-e T_h-r_e-e S_t-o_o-g_e-s (20_12) ဒီကားလေးကတော့ တော်”လေးကိုရယ်ရပြီး ဘဝအမောတွေကို ခဏလောက်ဖြေဖျောက်ပေးနိုင်တဲ့ ရုပ်ရှင်တစ်ကားလည်းဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ မိဘမဲ့ဂေဟာကို ကလေးသုံးယောက်ရောက်လာခဲ့တယ်။ သူတို့ ၃ ယောက်ကတော့ မိုး၊ လယ်ရီနဲ့ကာလီ။ ငယ်ဘဝကတည်းက ဗရုတ်ကျတဲ့ ၃ ယောက်ဆိုတော့ ဘယ်သူကမှ သူတို့ကို မမွေးစားခဲ့ဘူး။ ဒါပေမယ့် မိုး တစ်ယောက်ကတော့ ထူးထူးခြားခြားမွေးစားခံလိုက်ရတယ်။ ဒါပေမယ့် အလုပ်မဖြစ်ခဲ့ပါဘူး။ ဒီလိုနဲ့သူတို့လည်း အသက်ကြီးလာခဲ့တယ်။ သို့ပေသော်ငြား ကလေးတွေနဲ့ပဲနေခဲ့တာဖြစ်တာမလို့ သူတို့ရဲ့စိတ်က ကလေးစိတ်ပဲရှိပါသေးတယ်။ ဒီလိုနဲ့ မိဘမဲ့ဂေဟာကို အကြွေးနဲ့ပိတ်သိမ်းရမယ်ဆိုပြီး ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ ငယ်ငယ်ကကြီးပြင်းလာတဲ့ အိမ်ဖြစ်သလို သူငယ်ချင်းတွေရှိနေတဲ့ နေရာလေးကို ကယ်တင်ဖို့မိုး၊ လယ်ရီနဲ့ကာလီတို့ဟာ လိုတဲ့ ငွေ ဒေါ်လာ ၈၃၀,၀၀၀ ကိုရှာဖို့ မြို့တက်လာခဲ့ပါတယ် မလွဲရမနေနိုင် မိုး တို့သုံးယောက် ဘယ်လိုများ လိုတဲ့ပိုက်ဆံကိုရှာမှာလဲ။ ဘာတွေလွဲချော်မလဲ။ ဘယ်လိုတွေရယ်ရမလဲ ဆိုတာကို ခံစားကြည့်လိုက်ကြပါ။

ကိုလိုနီ (၂၀၂၆) P _1