Movies World
Відкрити в Telegram
Movies
Показати більшеКраїна не вказанаКатегорія не вказана
4 403
Підписники
-624 години
+657 днів
+31030 днів
Архів дописів
4 413
ရုပ်ရှင်ကျောင်းသားတစ်စုဟာ သူတို့ရဲ့နောက်ဆုံးနှစ် ပရောဂျက်အဖြစ် ထိတ်လန့်သည်းဖိုသရဲကားတစ်ကားရိုက်ကူးဖို့ကြိုးစားကြပါတယ်။ တကယ်တမ်းတော့ သူတို့အားလုံးဟာ ကျောင်းပြီးချိန်ကို တော်တော်ကြီးကျော်နေတဲ့ ကျောင်းအိုကျောင်းဆွေးတွေဖြစ်ပြီး ဒီပရောဂျက်သာ မအောင်မြင်ရင် ကျောင်းထုတ်ခံရမှာဖြစ်လို့ သူတို့ကြိုးစားထားသမျှ သဲထဲရေသွန်ဖြစ်ရတော့မှာပါ။
အဲ့ဒါကြောင့် ဘယ်လိုအဖြစ်အပျက်တွေကြုံလာပါစေ သူတို့ဟာ ဘယ်လိုမှနောက်ဆုတ်လို့မရတဲ့ အခြေအနေမှာရှိပါတယ်။ ဖြစ်ချင်တော့ သူတို့ရွေးချယ်လိုက်တဲ့ရိုက်ကွင်းနေရာက ဒတ်ချ်သင်္ချို-င်းဟောင်းတစ်ခုဖြစ်နေပြီး ရိုက်ကွင်းစကတည်းက အနှောင့်အယှက်တွေ၊ သဘာ၀လွန်ဖြစ်ရပ်တွေ၊ အဖွဲ့သားအချင်းချင်း အချင်းများတာစတဲ့ ဖြစ်စဉ်တွေ အမျိုးမျိုးကြုံရပါတော့တယ်။
4 413
သုသာန်မှာချစ်သူတယောက်ရပါစေဆိုပြီး မွေးနေ့ဆုတာင်း လိုက်သော အခါ
မာဝါဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ အသက် ၂၀ ပြည့် မွေးနေ့မှာ ကွယ်လွန်ပြီး ဖြစ်တဲ့ မိဘနှစ်ပါးရဲ့ အုတ်ဂူကို သွားရောက် လည်ပတ်ခဲ့ပါတယ်။
သင်္ချိုင်းမှာ မွေးနေ့ ဆုတောင်းအနေနဲ့ သူမကို စိတ်ရင်းနဲ့ ချစ်ခင်ပေးမယ့် ချစ်သူတစ်ယောက် လိုချင်တယ်ဆိုပြီး ပြောခဲ့မိပါတယ်။
အဲဒီည နောက်ကျပြီးမှ အဆောင်ပြန်ရောက်လာတဲ့ မာဝါဟာ တမျိုးတဖုံ
ပြောင်းလဲလာခဲ့ပါတယ်။
အတူနေ အဆောင်သူငယ်ချင်းတွေက
တဖြည်းဖြည်းနဲ့ မာဝါတစ်ယောက် ထူးဆန်းလာတာကို သတိထားမိတဲ့
အချိန်မှာ ဘာကြောင့်ဆိုတာ သိဖို့ စုံစမ်းအကဲခတ်ကြည့်ကြပေမယ့် သေချာမသိကြပါဘူး။
4 413
Qorin 2 (2026)
━━━━━━━━━━━━━━━━━━
သားကိုအနိုင်ကျင့်တာကိုမြင်ပြီး အနိုင်ကျင့်တဲ့သူရော မြင်ရဲ့နဲ့ကြည့်နေတဲ့သူတွေကိုပါ အောက်လမ်းနဲ့ လက်စားချေတဲ့ ဖခင်
4 413
ကျိန်စာသင့်တောနက်ကြီး ( ၂၀-၂၆ )
2026 ရဲ့ မင်မင် အကြိုက်ဆုံး မူခင်းကားတစ်ကားနဲ့ မိတ်ဆက်ပေးမယ်
သဘာဝလွန် သည်းထိတ်ရင်ဖိုဆန်ဆန် မာလျာလမ်ရုပ်ရှင်ကောင်းတစ်ခု ကို တင်ဆက်ပေးချင်ပါတယ်။
ဖတ်ရန် 🖥
ဒီရုပ်ရှင်ဟာ မှုခင်းနဲ့ သဘာဝလွန်ဇာတ်အိမ်ကို ကျေးလက်နောက်ခံနဲ့ စိတ်ဝင်စားစရာကောင်းအောင်ပုံဖော်ထားတာပါ။ ကီရာလာပြည်နယ်နဲ့ တမီးလ်နာဒူးပြည်နယ် နယ်စပ်မှာရှိတဲ့ တောနက်ကြီး တစ်ခုဟာ ဝင်သွားသူတိုင်း ပြန်မလာတော့ဘဲ ပျောက်သွားတတ်တယ်ဆိုတဲ့ အရပ် ပြောပုံပြင်တွေကြောင့် နာမည်ကြီးပါတယ်။ ကီရာလာပြည်နယ်ထဲက ရဲအရာရှိတယောက်ဟာ အဲဒီတောနက်ထဲမှာ လမ်းပျောက်နေရင်း ဝေါကီတော်ကီကနေတဆင့် တမီးလ်နာဒူးရဲအရာရှိတစ်ဦးနဲ့ အဆက်အသွယ်ရခဲ့ပါတယ်။ ဒါပေမဲ့ ထူးဆန်းတာက သူတို့နှစ်ယောက်ဟာ နေရာတစ်ခုတည်းမှာ ရှိနေ ကြပေမဲ့ အချိန်ကာလမတူညီဘဲ ဆယ်စုနှစ်တစ်ခုလောက် ကွာဟနေကြောင်း သိလာရသောအခါမှာတော့...
4 413
သေးထွက်အောင်ခွီးရမယ့်ဇာတ်ကား 🤣🤣
ーーーーーーーーーーーーーーーーー
T_h-e T_h-r_e-e S_t-o_o-g_e-s (20_12)
ဒီကားလေးကတော့ တော်”လေးကိုရယ်ရပြီး ဘဝအမောတွေကို ခဏလောက်ဖြေဖျောက်ပေးနိုင်တဲ့ ရုပ်ရှင်တစ်ကားလည်းဖြစ်ပါတယ်။
ဇာတ်လမ်းကတော့ မိဘမဲ့ဂေဟာကို ကလေးသုံးယောက်ရောက်လာခဲ့တယ်။
သူတို့ ၃ ယောက်ကတော့ မိုး၊ လယ်ရီနဲ့ကာလီ။ ငယ်ဘဝကတည်းက ဗရုတ်ကျတဲ့ ၃ ယောက်ဆိုတော့ ဘယ်သူကမှ သူတို့ကို မမွေးစားခဲ့ဘူး။ ဒါပေမယ့် မိုး တစ်ယောက်ကတော့ ထူးထူးခြားခြားမွေးစားခံလိုက်ရတယ်။ ဒါပေမယ့် အလုပ်မဖြစ်ခဲ့ပါဘူး။
ဒီလိုနဲ့သူတို့လည်း အသက်ကြီးလာခဲ့တယ်။ သို့ပေသော်ငြား ကလေးတွေနဲ့ပဲနေခဲ့တာဖြစ်တာမလို့ သူတို့ရဲ့စိတ်က ကလေးစိတ်ပဲရှိပါသေးတယ်။ ဒီလိုနဲ့ မိဘမဲ့ဂေဟာကို အကြွေးနဲ့ပိတ်သိမ်းရမယ်ဆိုပြီး ဖြစ်လာပါတော့တယ်။
ဒီလိုနဲ့ ငယ်ငယ်ကကြီးပြင်းလာတဲ့ အိမ်ဖြစ်သလို သူငယ်ချင်းတွေရှိနေတဲ့ နေရာလေးကို ကယ်တင်ဖို့မိုး၊ လယ်ရီနဲ့ကာလီတို့ဟာ လိုတဲ့ ငွေ ဒေါ်လာ ၈၃၀,၀၀၀ ကိုရှာဖို့ မြို့တက်လာခဲ့ပါတယ် မလွဲရမနေနိုင် မိုး တို့သုံးယောက် ဘယ်လိုများ လိုတဲ့ပိုက်ဆံကိုရှာမှာလဲ။
ဘာတွေလွဲချော်မလဲ။ ဘယ်လိုတွေရယ်ရမလဲ ဆိုတာကို ခံစားကြည့်လိုက်ကြပါ။
