231
Подписчики
Нет данных24 часа
-27 дней
+730 день
Архив постов
231
ကမ္ဘာကြီးကို ခြိမ်းခြောက်လာနေတဲ့ ခေတ်သစ်မြို့ပြရဲ့ ‘သဲစစ်ပွဲ’ (Sand Wars)
သဲဆိုတာ ကျွန်ုပ်တို့ပတ်ဝန်းကျင်မှာ အလွယ်တကူရနိုင်တဲ့ အရာတစ်ခုလို့ ထင်ရပေမဲ့ တကယ်တော့ ခေတ်သစ်မြို့ပြတွေ၊ လမ်းတံတားတွေနဲ့ နည်းပညာပစ္စည်းတွေ တည်ဆောက်ဖို့အတွက် ရေပြီးရင် ကမ္ဘာပေါ်မှာ ဒုတိယမြောက် အသုံးအများဆုံး အဖိုးတန်သဘာဝအရင်းအမြစ်တစ်ခု ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ကမ္ဘာလုံးဆိုင်ရာ သဲလိုအပ်ချက် အဆမတန်မြင့်မားလာမှုကြောင့် ဖြစ်ပေါ်လာတဲ့ တရားမဝင်သဲတူးဖော်မှုတွေဟာ မြစ်ကမ်းပါးပြိုကျတာ၊ ဇီဝမျိုးစုံမျိုးကွဲတွေ ပျောက်ကွယ်တာနဲ့ မြေအောက်ရေ ကုန်ခမ်းတာစတဲ့ ဂေဟစနစ်ပျက်စီးမှုတွေကို ဆိုးရွားစွာ ဖြစ်ပေါ်စေနေရုံတင်မကဘဲ ဒေသခံတွေရဲ့ လူမှုဘဝတွေကိုပါ ခြိမ်းခြောက်လျက်ရှိပါတယ်။ သဲအရင်းအမြစ်ကို အခြေခံပြီး နိုင်ငံရေးတင်းမာမှုတွေနဲ့ "သဲစစ်ပွဲ (Sand Wars)" တွေအထိ ဦးတည်လာနေတဲ့ ဒီကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းကို ဘယ်လိုအခြားရွေးချယ်စရာပစ္စည်းတွေနဲ့ ရေရှည်တည်တံ့အောင် ဖြေရှင်းသွားကြမလဲဆိုတာကို ဒီ Podcast လေးမှာ အချက်အလက်စုံလင်စွာ ဆွေးနွေးတင်ဆက်ထားတာမို့ ဗဟုသုတရရှိစေဖို့ အဆုံးထိ နားဆင်ကြည့်ရှုဖို့ တိုက်တွန်းလိုက်ရပါတယ် Nova လေးတို့ရေ...။ 🌍🏗️
🖇️ YouTube Link - https://youtu.be/rZ16bPTOd1U?feature=shared
#Researcher_HninPoePoeEi
#PodcastHost_AungKhantKo
#PodcastHost_ShinThantHtet
#PodcastHost_KhineHninMon
#VideoEditor_Akarries
#ThumbnailDesigner_ChuMyatMayThaw
#SandWars #EcoNova #EnvironmentMyanmar #Sustainability #GlobalCrisis #FutureOutlook
231
🎉 Happy 1-Year Anniversary to Our Amazing Volunteers! 🥳✨
EcoNova မိသားစုဝင် Volunteer တွေ တူတူလက်တွဲပြီး ပတ်ဝန်းကျင်အတွက် အထောက်အကူပြုခဲ့ကြတာ (၁) နှစ်တောင် ရှိသွားခဲ့ပါပြီ။
ပင်ပန်းသမျှတွေကို ပျော်စရာအမှတ်တရတွေအဖြစ် အတူတူပြောင်းလဲပစ်ခဲ့တဲ့ ဒီ (၁) နှစ်တာအတွင်းမှာ သူတို့တစ်တွေ ဘာတွေကြုံခဲ့ရလဲ၊ ဘယ်လိုအချင်းချင်း ရိုင်းပင်းကူညီခဲ့ကြလဲဆိုတာ စုပေါင်းအင်တာဗျူးလေးကနေတစ်ဆင့် နားထောင်ကြည့်ရအောင်။
မိသားစုစိတ်ဓာတ်အပြည့်နဲ့ EcoNova ကို အမြဲပံ့ပိုးပေးတဲ့ Volunteer တစ်ယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်ရှိပြီး အမြဲတမ်း ဂုဏ်ယူနေပါတယ်ခင်ဗျာ။ 🙌🌳
🖇️ YouTube Full Video Link - https://youtu.be/gSL7W_NqHig?feature=shared
#VideoEditor_KyiLaeThwe
#Econova #1YearTogether #Volunteer #interview
231
EcoNova မိသားစုထဲမှာ Volunteer အဖြစ်နဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအလုပ်တွေကို စွမ်းစွမ်းတမံ လုပ်ဆောင်ပေးခဲ့တာ (၁) နှစ်တောင် ရှိခဲ့ပါပြီ....
ဒီ(၁) နှစ်တာအတွင်းမှာ ဘယ်လိုအမှတ်တရတွေ၊ ဘယ်လိုစိန်ခေါ်မှုတွေကို ဖြတ်သန်းခဲ့ရလဲဆိုတာ Ko Kaung Htet Aye ရဲ့ စကားသံတွေကနေတစ်ဆင့် နားထောင်ကြည့်ရအောင်.......
Facebook page: https://lnkd.in/gnaKT4Ew
TikTok Page: https://lnkd.in/geyUkbN3
Telegram: https://t.me/econova11
videoeditor_Akarries
#econova
YouTube link : https://lnkd.in/gGFKg7ah
231
ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ၂၀၂၆ 🌱
English Version Below 👇
ကျွန်တော်တို့ အားလုံးရဲ့ တစ်ခုတည်းသော အိမ်ကြီးဖြစ်တဲ့ ကမ္ဘာမြေကို ကာကွယ်ဖို့ဆိုတာ အကြီးကြီးတွေ လုပ်မှမဟုတ်ပါဘူး။
နေ့စဉ်ဘဝရဲ့ သေးငယ်တဲ့ လုပ်ဆောင်ချက်လေးတွေကလည်း အပြောင်းအလဲအကြီးကြီးကို ဖန်တီးနိုင်ပါတယ်။
ပလတ်စတစ် သုံးတာလေး လျှော့ကြမယ်၊ မလိုရင် မီးခလုတ်လေးတွေ ပိတ်ပြီး စွမ်းအင်ချွေတာမယ်၊ သဘာဝပတ်ဝန်းကျင်ကို တန်ဖိုးထားမယ်...
ဒီလို အလေ့အကျင့်လေးတွေကနေစပြီး ပိုမိုစိမ်းလန်းတဲ့ အနာဂတ်တစ်ခုကို အတူတူ တည်ဆောက်သွားလို့ ရပါတယ်။
ဒီနေ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကစပြီး ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်မယ့် နေထိုင်မှုပုံစံလေးတွေကို ကိုယ်တိုင်လည်း ကျင့်သုံးရင်း၊ ဘေးကလူတွေကိုလည်း အတူတူလုပ်ဖို့ တိုက်တွန်းလိုက်ရအောင်နော်။ 💚
💚 ကမ္ဘာမြေတစ်ခုထဲဖြစ်သလို၊ အနာဂတ်ကလည်းတစ်ခုထဲဖြစ်သလို၊ တို့အားလုံးရဲ့ တာဝန်တစ်ခုတည်းပါပဲ
~ENGLISH VERSION~
World Environment Day 2026 🌱
Protecting our Earth—our one and only home—doesn't always require grand gestures.
Even the smallest everyday actions can spark a massive wave of change.
From cutting down on single-use plastics and flipping off the switches to save energy, to simply learning to cherish nature...
every little sustainable habit we build helps pave the way toward a greener future.
Starting this World Environment Day, let’s embrace an eco-friendly lifestyle ourselves and inspire everyone around us to do the same. 💚
💚 One Planet. One Future. One Shared Responsibility.
#WorldEnvironmentDay2026 #EcoNova #GoGreen #SaveOurPlanet #EnvironmentalAwareness #Sustainability #ActForNature #TogetherForEarth 🌿✨
231
ရာသီဥတု အပူကို Meme နဲ့ တုံပြန်ကြမယ် ⚔️
သိပြီးကြပြီလား HOME ရဲ့ “GEN GREEN”: 5 Nights of Impact မှာ Meme တွေလုပ်ရင်း ဆုတွေရနိုင်တယ် ဆိုတာ။ 🥳
မြန်မာပြည်မှာ နေရတာ ရာသီဥတုတွေမမှန်လို ရူးတော့မယ် ဆိုရင် အဲ့ စိတ်တွေကို ရယ်ရမဲ့ Meme တွေအဖြစ် ပြောင်းပြီး ဆုလက်ဆောင်တွေ သိမ်းပိုက်လိုရနေပါပြီ။ Absolutely No Cap! 🫡UN World Environmental Day မှာ register ခံထားရတဲ့ “GEN GREEN” ရဲ့ 3 ရက်မြောက်နေ့ June လ 13 ရက်နေ့မှာ ပြုလုပ်မဲ့ “Eco-meme Competition Live Voting” အတွက် submission portal ကို ဒီနေ့ပဲ ဖွင့်လှစ်လိုက်ပါပြီဗျ။ 👐🍃
“GEN GREEN” အကြောင်းကို တော့ အောက်က post link ထဲမှာ အသေးစိတ်ဖတ်ပေး ပါဗျ။ 👇
https://www.facebook.com/share/p/1FnyTKwHqW/?mibextid=wwXIfr၏
ဆိုတော့ “Eco-meme Competition” ပြိုင်ပွဲ အကြောင်း ဆက်ပြောကြရအောင်ဗျာ။ 🙆♂️
✅ ပြိုင်ပွဲကို ဘယ်သူတွေ ဝင်ရောက်ယှဥ်ပြိုင်နိုင်လဲ။ (Eligibility)
ကိုယ့် bro တွေ sis တွေ ပေါ့ဗျာ။ နောက်တာပါ ဟဲဟဲ။ 🤭
• အတွေ့အကြုံ၊ အဆင့်အတန်းမရွေး လူတိုင်း ဝင်ရောက်ယှဥ်ပြိုင်နိုင်ပါတယ် ခင်ဗျာ။
✅ ပြိုင်ပွဲရဲ့ စည်းမျဥ်း သတ်မှတ်ချက်များ (Rules and Regulation)
• Submit လုပ်မည့် meme တွေအနေနဲ့ Environmental Theme နဲ့ သက်ဆိုင်ရပါမယ်။ (ဥပမာ- Pollution, Recycling, Climate change, Eco-friendly habits) 🍀
• Meme ဟာ ကိုယ်တိုင်ဖန်တီးထားတဲ့ Original လက်ရာ ဖြစ်ရပြီး Eco-Meme Competition အတွက် ဖန်တီးထားတဲ့ လက်ရာဖြစ်ရပါမယ်။ (Inspiration ရှိပါက original source အား ထည့်ပြောပေးရပါမယ်ဗျ။) (သူတစ်ပါး လက်ရာ ကူးယူထားခြင်း၊ AI ကို 100% အသုံးပြုပြီး ဖန်တီးထားခြင်းတွေ တွေ့ရင်တော့ ပြိုင်ပွဲက ပယ်ဖျက်သွားမှာပါ ခင်ဗျာ။) ‼️
• Participant တွေအနေနဲ့ အဖွဲလိုက်ပြိုင်လိုမရပဲ တစ်ဦးချင်းစီသာ ပြိုင်လိုရနိုင်ပါမယ်ဗျ။
• Participant တစ်ယောက်ကို Meme ဖန်တီးမှု လက်ရာ တစ်ခုသာ submit ခွင့်ရှိပါတယ် ခင်ဗျာ။
• Submit ထားသော လက်ရာတွေအနေနဲ့ လူမှုရေးအရ သင့်လျော်သော၊ လေးစားမှူရှိသော လက်ရာများဖြစ်ရပြီး တစ်ဦး တစ်ယောက် (သို) အဖွဲအစည်းတစ်ခုခု အား ထိခိုက်လိုသော၊ နိုင်ငံရေးအမြတ်ထုတ်သော အကြောင်းအရာတွေ ပါလိုမရပါဘူးဗျ။ 🙅♂️
• Participant တွေဘက်က လက်ရာတွေကို Deadline ချိန်အမှီ submit လုပ်ပေးရပါမယ်။
မှတ်ချက်။ အငြင်းပွားမှု တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက “Hub Of Mandalay Empowerment” ရဲ့ ဆုံးဖြတ်ချက်သာလျှင် အတည်ဖြစ်ပါတယ်။
ပြိုင်ပွဲ ဆိုရင်ကတော့ ကျွန်တော်တိုလို ပေါ့ပေါ့ပါးပါး ဆိုရင်တောင် စည်းကမ်းတွေရှိတာမို လိုက်နာဖို တော့လိုပါတယ်ခင်ဗျာ။ 🤗
✅ Eco-Meme Competition က ဘယ်လို ဝင်ပြိုင်လိုရပြီး ဘယ်လိုရွေးချယ်ကြမှာလဲ။
• ဝင်ပြိုင်ဖိုဆိုရင် Poster မှာပါတဲ့ QR code ကနေ ဒါမှမဟုတ် ဒီ Content ရဲ့ အောက်ဆုံးမှာ ထည့်ပေးထားမဲ့ Form Link ထဲမှာ ကိုယ့် ရဲ့ ဖန်တီးမှုတွေကို submit ပေးရမှာပါဗျ။ ✨
• ပြိုင်ပွဲဝင် လက်ရာတွေကို GEN GREEN ရဲ့ Day 3 မှာ audience တွေဘက်ကနေ တိုက်ရိုက် Live Voting စနစ်နဲ့ ရွေးချယ်သွားမှာပါဗျ။ Audience တွေစီမရောက်ခင် HOME ဘက်ကတော့ အရင် Rules and Regulations နဲ့ ငြိတဲ့သူတွေကို Cancel လုပ်မှာပါဗျ။ 🤝
• ပြိုင်ပွဲမှာ Live နဲ့ “Best Meme, Best Original Creation, and Best Meme Inspired from Online Sources” ဆိုတဲ့ winner သုံးယောက်ကို ရွေးပြီးသွားရင် HOME ကနေ Email ကနေတဆင့် ဆက်သွယ်ပေးမှာပါဗျ။
✅ ကယ် ဒါပြီးရင်တော့ အားလုံး စိတ်ဝင်စားနေမဲ့ ဘာဆုရမလဲဆိုတာလေး လာပါပြီ။
• အနိုင်ရသွားတဲ့ သူတွေကို HOME ကနေပြီး Environmental Gifts တွေ HOME ရဲ့ Merchandise တွေကို ဆုလက်ဆောင်အနေနဲ့ အိမ်တိုင်ရိုက်အရောက် ပိုပေးမှာပဲ ဖြစ်ပါတယ်ခင်ဗျာ။ ဒါ့အပြင် HOME ရဲ့ Social Media Platform ပေါ်မှာလည်း ဂုဏ်ပြုတာ ခံရဦးမှာပါဗျ။ 💪🌱
✅ Important Details
• Submission Deadline: 11th June, 2026 (Thursday)
• Portal Opening Date: 3rd June, 2026 (Open for one week)
• Submission Portal: https://forms.gle/8uRPnE9S6eLKZq3y9
ဆိုတော့ Creative Mindset နဲ့ရှင်သန်နေကြတဲ့ လူငယ်တိုရေ လူအများရှေ့ ကိုယ့်ရဲ့ idea တွေကိုချပြရင်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို အမြန်ဆုံး လက်ရာတွေဖန်တီးလိုက်ပါတော့ဗျ။ 🤝🌿
May the odds be ever in your favor…..
#HOME #HOMEMdy #GenGreen #EcoMemeCompetitiont #MandalayIsMelting #MemeSubmission #GenZHumor #econova
231
ခြေလှမ်းအသစ်တွေ စတင်ဖို့ econovaမှာ volunteer form ဖြည့်ပြီးကြပြီလား
တစ်ခါလွဲရင် (၄)လ ကြာတာမို့လို့ “မေလ (၃၀)ရက်နေ့” မတိုင်ခင် အမီဖြည့်ထားလိုက်ဦးနော်💚
အတွေ့အကြုံသစ်တွေ ရှာနိုင်မယ့် positionတွေကတော့🌱
1. Research Department
Researchers (3 posts)
2. Content & Translation Department
Content Writer (3 posts)
Translator (3 posts)
3.Graphic & Video Editing Department
Graphic Designer (3 posts)
Video Editor(3 posts)
4.Project Creation Department
Project Coordinator ( 3 posts )
5. Media & Public Relations Department
PR Officer (3 posts)
Social Media Admin (3 posts)
6.Podcast Department
Podcast Host / Narrator (4 posts)
7.Human Resources (HR) Department
HR Officer ( 4 posts)
လက်နှေးရင်…ခွက်ဆေးရမှာမလို့
အမြန်ဆုံးသွားရောက် စရင်းပေးထားလိုက်တော့နော်💚💚
Facebook Post Link: https://www.facebook.com/share/v/1EADFvtCAA/?mibextid=wwXIfr
#contentwriter_YeNandaHtun
#podcasthost_ShinThantHtet
#podcasthost_KaungHtetAye
#videoeditor_Akarri
#econova
#volunteer
#recruitment
231
com/share/178UwUR16z/?mibextid=wwXIfr
TikTok Page: https://www.tiktok.com/@econovaxearth?_t=ZS-90e5Qwp4am8&_r=1
Telegram: https://t.me/econova11
#Researcher_ATharaphiKyaw
#ContentWriter_AprilSoe
#Translator_ThetHtarZin
#GraphicDesigner_KhitHnaungKyoe
231
ကမ္ဘာကြီးကို တိတ်တိတ်လေးကယ်တင်နေတဲ့ သတ္တဝါလေးတွေက ဘယ်သူတွေလဲဆိုတာ Nova လေးတို့သိချင်ကြလား?
English version below👇🏻
Nova လေးတို့ အသုံးပြုနေတဲ့ ပျားရည်ချိုချိုလေးတွေကို ထုတ်ပေးရုံတင်မကပဲ ကမ္ဘာကြီးကိုပါ အကျိုးပြုနေတဲ့ ပျားလေးတွေပဲဖြစ်ပါတယ်🐝
ပျားလေးတွေဟာ ပျားဘုရင်မဖြစ်တဲ့ မိခင်ကြီးကစလို့ အလုပ်သမားပျား နဲ့ အဖိုပျား အားလုံးဟာ တာဝန်ကိုယ်စီတွေနဲ့ စနစ်တကျအလုပ်လုပ်ကြတဲ့ ချစ်စရာကောင်းတဲ့ လူမှုအဖွဲ့အစည်းနဲ့နေကြတဲ့သူတွေပါ။
ပျားအုံတစ်ခုလုံးရဲ့ မိခင်ဖြစ်တဲ့ဘုရင်မလည်းဖြစ်သူဟာ မျိုးပွားဖို့အတွက် တစ်ရက်ကို ဥပေါင်း ၁,၅၀၀ ကျော် ဥပါတယ်။
အလုပ်သမားပျားတွေကတော့ အမတွေဖြစ်ပြီး အစာရှာခြင်း၊ ပျားအုံဆောက်ခြင်းနဲ့ ရန်သူကို ကာကွယ်ခြင်းနဲ့ ဘုရင်မကို ပြုစုတာတွေကို လုပ်ဆောင်ရပါတယ်။
အဖိုပျားလေးတွေရဲ့ တစ်ခုတည်းသော တာဝန်က ဘုရင်မနဲ့ မိတ်လိုက်ဖို့ဖြစ်ပြီး ဆောင်းရာသီမှာ အစာမလောက်ငှရင် ပျားအုံထဲကနေ အနှင်ထုတ်ခံရပါသေးတယ် Nova တို့ရေ…
ပျားလေးတွေဟာ စကားမပြောနိုင်ပေမဲ့ “Waggle Dance” လို့ခေါ်တဲ့ ခန္ဓာကိုယ်လေးကို လှုပ်ပြီး ကပြတဲ့ အကနဲ့ အချင်းအချင်းဆက်သွယ်ကြပါတယ်💃🏻🔄
ဘယ်အရပ်မျက်နှာမှာ အစာရှိတယ်ဆိုတာကိုလည်း ဒီအကလေးနဲ့တင် တိတိကျကျလမ်းညွှန်ပေးနိုင်ကြပါတယ်။
ပျားလေးတွေဟာ ဂေဟစနစ် ရှင်သန်ဖို့အတွက် “အင်ဂျင်” ဆိုလည်းမမှားပါဘူး။ ကမ္ဘာ့စားနပ်ရိက္ခာရဲ့ ၃၅ရာခိုင်နှုန်းကျော်ဟာ ပျားလေးတွေရဲ့ ဝတ်မှုန်ကူးခြင်းက ဖြစ်ပေါ်လာတာပါ။
ဒါ့အပြင် ပျားလေးတွေဟာ တောရိုင်းအပင်တွေကို ဝတ်မှုန်ကူးပေးတဲ့အတွက် အပင်တွေ မျိုးပွားနိုင်ပြီး တောတောင်တွေ စိမ်းလန်းစေပါတယ်✨
၂၀၀၇ ခုနှစ်က ထွက်ခဲ့တဲ့ Bee Movie လေးကို Nova လေးတို့ကြည့်ဖူးကြလား?
ဒီဇာတ်ကားထဲမှာ ပျားလေး Barry က လူတွေကို တရားစွဲပြီး ပျားရည်တွေကို ပြန်သိမ်းလိုက်တဲ့အခါ ပျားတွေ အလုပ်လုပ်စရာ မလိုတော့ဘဲ နားနေကြပါတယ်။ အကျိုးဆက်အနေနဲ့ တစ်ကမ္ဘာလုံးက ပန်းတွေ ညှိုးနွမ်းပြီး အရောင်တွေ မှိန်သွားခဲ့ပါတယ်
ဒါဟာ ရုပ်ရှင်သက်သက် မဟုတ်ပဲ တကယ့်လက်တွေ့မှာလည်း ပျားလေးတွေသာ ဝတ်မှုန်မကူးပေးတော့ရင် Nova လေးတို့နေထိုင်နေတဲ့ ကမ္ဘာမြေကြီးက ဘယ်လိုမျိုးခြောက်သွေ့ပြီး အလှတရားတွေပျောက်ကွယ်သွားမလဲဆို တွေးကြည့်လို့ရပါတယ်။
ဒါကြောင့် ပျားလေးတွေဟာလည်း ကမ္ဘာမြေကြီးကို တစ်ထောင့်တစ်နေရာကနေပြီး စနစ်တကျ အကျိုးပြုနေကြတဲ့ “သူရဲကောင်း” တွေပဲဖြစ်ပါတယ်⚔️
မေလ ၂၀ ရက်နေ့ဟာ သူတို့လေးတွေကို အသိအမှတ်ပြုတဲ့ World bee Day ဖြစ်ပါတယ်🐝
ဒီလို ထူးခြားဆန်းပြားတဲ့ အကြောင်းအရာတွေနဲ့ တခြားသော ပတ်ဝန်းကျင်ဆိုင်ရာအကြောင်းအရာတွေကို ဖတ်ရှုနိုင်ဖို့ Econova ရဲ့ accounts တွေကို like&follow လုပ်ခဲ့ဖို့လည်း မမေ့နဲ့နော်💚
~ENGLISH VERSION~
Do you know which tiny creatures are quietly saving our world, Nova? 🐝
The sweet honey you use every day doesn’t just appear on its own it comes from bees, and they are also doing so much more for our planet.
Bees live in a well organized and lovely society where every member has its own role, from the queen bee to the worker bees and drones.
The queen bee, the mother of the whole hive, can lay over 1,500 eggs in a single day.
Worker bees are female bees. They collect food, build the hive, protect it from enemies, and take care of the queen.
Male bees, called drones, have only one main role to mate with the queen. In winter, if food becomes scarce, they can even be pushed out of the hive, Nova…
Even though bees cannot speak, they talk to each other through a special movement called the “Waggle Dance” 💃🏻🔄
With this dance, they can clearly tell others where food is located and in which direction.
Bees are truly like the “engine” of our ecosystem. Over 35% of the world’s food depends on their pollination.
They also help wild plants grow by spreading pollen, keeping forests green and full of life ✨
Have you ever watched the movie Bee Movie (2007), Nova? 🐝
In the story, when Barry the bee takes back all the honey from humans, the bees stop working and begin to rest. As a result, flowers around the world start to fade, and everything slowly loses its color
It may sound like just a movie, but in real life too, if bees stopped pollinating, our Earth could become dry and lifeless, and much of its beauty would disappear.
That’s why bees are truly little heroes, quietly helping our planet in their own way ⚔️
May 20th is World Bee Day a day to honor and appreciate these amazing tiny creatures 🐝
Don’t forget to like & follow Econova’s pages to read more interesting facts and environmental stories like this 💚
Facebook page: https://www.facebook.
231
🌿 Celebrating 1 Year of You All 🌿
One year ago, you all took the first step with EcoNova — not knowing how many lives you would touch, how much change you would create, or how many people you would inspire along the way. Today, we celebrate every single one of you. 💚
For 365 days, you all have dedicated your time, energy, passion, and heart to protecting our environment and supporting our community. Every action, every effort, every event, and every meaningful contribution toward a greener future started because of your willingness to care and take action. 🌍
Behind every successful project and every impact we made this year, there was always you all — showing up with kindness, teamwork, and determination.
You all didn’t volunteer for recognition.
You all volunteered because you believed in making a difference. ✨
Thank you for growing with EcoNova, for sharing your ideas, your hard work, your laughter, and your spirit with us throughout this journey. EcoNova would not be the same without you all.
Happy 1st Volunteer Anniversary to all of you! 🎉
Here’s to creating even more impact, inspiring more people, and building a greener future together. 🌱
#EcoNova #VolunteerAppreciation #OneYearStrong #EcoWarriors #GreenCommunity #TogetherForThePlanet #ThankYouVolunteers
Уже доступно! Исследование Telegram 2025 — ключевые инсайты года 
