𝗧𝗲𝗰𝗵𝟰𝗨 𝗠𝘆𝗮𝗻𝗺𝗮𝗿
Открыть в Telegram
Programming • Networking • Database • Cybersecurity 🛡️ New tutorials and updates posted daily! ✅ Click to learn more. https://youtube.com/@tech4u-mm?si=ZK9X8GQ0nn7sG2oZ
Больше5 652
Подписчики
-624 часа
+87 дней
+6030 день
Архив постов
5 652
🚀 Certificate ပါပေးမယ့် ၂၀၂၅ ခုနှစ်ရဲ့ Top 5 Free Tech Learning Platforms
1️⃣ Kaggle (Data Science & AI)
📌 Python, SQL, Machine Learning စသဖြင့်သင်နိုင်ပါတယ်။
🔗 ဝင်ရောက်ရန်
2️⃣ freeCodeCamp (Web Development)
📌 HTML, CSS, JavaScript, React စသဖြင့်သင်နိုင်ပါတယ်။
🔗 ဝင်ရောက်ရန်
3️⃣ Cognitive Class (IBM)
📌 AI, Cloud, Blockchain စသဖြင့်သင်နိုင်ပါတယ်။
🔗 ဝင်ရောက်ရန်
4️⃣ Microsoft Learn
📌 Azure, Power BI, DevOps စသဖြင့်သင်နိုင်ပါတယ်။
🔗 ဝင်ရောက်ရန်
5️⃣ Google Developers
📌 Android, TensorFlow, Firebase စသဖြင့်သင်နိုင်ပါတယ်။
🔗 ဝင်ရောက်ရန်
🎯 ဘာကြောင့် ဒီ Platforms တွေမှာ သင်သင့်လဲဆိုရင်
✅ Self-paced learning ဖြစ်ခြင်း ✅ Real-world projects ရှိခြင်း ✅ Verified certifications ပေးခြင်း ✅ Resume and GitHub friendly ဖြစ်ခြင်း ✅ Completely free ဖြစ်ခြင်းတို့ကြောင့်ဖြစ်ပါတယ်။#TechMyanmar #FreeCourses # OnlineLearning #CareerGrowth #tech4umm
5 652
+1
🇨🇳တရုတ်ကုမ္ပဏီ Twopan မှ ကမ္ဘာ့အသေးငယ်ဆုံး SSD ကို မိတ်ဆက်
Nano SSD သည် အလေးချိန် ၅ ဂရမ် သာရှိပြီး အရွယ်အစား ၂၀×၁၃×၅ မီလီမီတာ ဖြင့် 512 GB သိုလှောင်နိုင်တယ်။ ထို့အပြင် fingerprint scanner တပ်ဆင်ထားကာ IP65 စံနှုန်းအရ ဖုန်နှင့်ရေစိုခံနိုင်ပြီး မီတာ ၁၀ အမြင့်မှ ပစ်ချသည့်တိုင် ခံနိုင်ရည်ရှိပါတယ်။
Read နဲ့ Write Speed ကို USB-C မှတစ်ဆင့် ၄၅၀ MB/s အထိ ရရှိပြီး လက်ဗွေ ၂၀ အထိ သိမ်းဆည်းနိုင်ကာ အပို app မလိုဘဲ အသုံးပြုနိုင်ပါတယ်။
💰 စျေးနှုန်းအနေနဲ့ ၇၈ ဒေါ်လာဖြစ်ပြီး၊ ဇူလိုင်လတွင် စတင်ရောင်းချမှာဖြစ်ပါတယ်။
Windows, macOS, Android, iOS နှင့် iPadOS တို့နှင့် သဟဇာတဖြစ်ပါတယ်။
🌐📲 @tech4umm
5 652
🌐 Cloud Computing ကိုအခုမှစတင်လေ့လာချင်တယ်၊ ဘယ်ကစတင်လေ့လာရမလဲ ? ဘာတွေလေ့လာရမလဲ ? စတင်မေးခွန်းတွေကို ဒီ resources ( ၂ ) က ဖြေပေးပါလိမ့်မယ်။
Free လေ့လာလို့ရမယ် study resources တေလည်း pdf file ထဲမှာပေးထားပါတယ်ဗျ။
📚Cloud Computing Complete Study Guide pdf ဖိုင်ကိုရယူရန်
👉
📚 Cloud Computing Roadmap
👉
#MyanmarTech
#CloudComputing
#FreeLearning
5 652
Programming ကို mobile phone နဲ့လေ့လာချင်သူများအတွက် အသုံးဝင်စေမည့် application များ
🌟 1. Sololearn – တစ်နေရာထည်းမှာ Learn & Code လုပ်နိင်မယ်
🧠 Learn: Python, C++, JavaScript, HTML/CSS, SQL, Java, etc.
💻 Code: Run code with their built-in mobile compiler
📲 Download:
Android
iOS
🌟 2. Dcoder – Mobile IDE for 50+ Languages
🧠 Learn: code examples တွေကိုပါ explore လုပ်နိုင်မယ်
💻 Code: Python, C++, Java, PHP, Kotlin, JavaScript, Swift, etc.
📲 Download:
Android
iOS
🌟 3. Pydroid 3 – Best for Python (Offline လည်းရ)
🧠 Learn: Python basics + libraries (Tkinter, NumPy, etc.)
💻 Code: Python 3 (with many packages)
📲 Download:
Android Only
🌟 4. AIDE – Full Android IDE (Java, Kotlin, C++)
🧠 Learn: Android app development (Java, Kotlin)
💻 Code: Java, Kotlin, C++, Android XML
📲 Download:
Android Only
🌟 5. Spck Code Editor – For Web Developers
🧠 Learn: Web Development
💻 Code: HTML, CSS, JavaScript
📲 Download:
Android Only
🌟 6. Replit (via Browser or App)
🧠 Learn: Full online IDE experience
💻 Code: Python, C++, JS, HTML, Ruby, Bash, etc.
📲 Download:
Use in browser
Android
iOS
🌟 7. Grasshopper – Learn JavaScript by Playing
🧠 Learn: JavaScript through interactive puzzles
💻 Code: Small JavaScript snippets (can’t build full apps)
📲 Download:
Android
iOS
🌟 8. Juno – Jupyter Notebook on iOS
🧠 Learn: Python for Data Science
💻 Code: Python with NumPy, Pandas, Matplotlib
📲 Download:
iOS Only
🧠 Bonus tip အနေနဲ့ Linux Terminal ကို Mobile မှာ သုံးချင်တဲ့ advanced users တွေအတွက် Termux ဆိုတဲ့ app ဖြစ်ပါတယ်။
💻 Code: Python, C, JavaScript, Bash, etc. in CLI
📲 Download from F-Droid
#mobileapp
#leraning
#programming
#phone
5 652
Programming ကို mobile phone နဲ့လေ့လာချင်သူများအတွက် အသုံးဝင်စေမည့် application များ
🌟 1. Sololearn – တစ်နေရာထည်းမှာ Learn & Code လုပ်နိင်မယ်
🧠 Learn: Python, C++, JavaScript, HTML/CSS, SQL, Java, etc.
💻 Code: Run code with their built-in mobile compiler
📲 Download:
Android
iOS
🌟 2. Dcoder – Mobile IDE for 50+ Languages
🧠 Learn: code examples တွေကိုပါ explore လုပ်နိုင်မယ်
💻 Code: Python, C++, Java, PHP, Kotlin, JavaScript, Swift, etc.
📲 Download:
Android
iOS
🌟 3. Pydroid 3 – Best for Python (Offline လည်းရ)
🧠 Learn: Python basics + libraries (Tkinter, NumPy, etc.)
💻 Code: Python 3 (with many packages)
📲 Download:
Android Only
🌟 4. AIDE – Full Android IDE (Java, Kotlin, C++)
🧠 Learn: Android app development (Java, Kotlin)
💻 Code: Java, Kotlin, C++, Android XML
📲 Download:
Android Only
🌟 5. Spck Code Editor – For Web Developers
🧠 Learn: Web Development
💻 Code: HTML, CSS, JavaScript
📲 Download:
Android Only
🌟 6. Replit (via Browser or App)
🧠 Learn: Full online IDE experience
💻 Code: Python, C++, JS, HTML, Ruby, Bash, etc.
📲 Download:
Use in browser
Android
iOS
🌟 7. Grasshopper – Learn JavaScript by Playing
🧠 Learn: JavaScript through interactive puzzles
💻 Code: Small JavaScript snippets (can’t build full apps)
📲 Download:
Android
iOS
🌟 8. Juno – Jupyter Notebook on iOS
🧠 Learn: Python for Data Science
💻 Code: Python with NumPy, Pandas, Matplotlib
📲 Download:
iOS Only
🧠 Bonus tip အနေနဲ့ Linux Terminal ကို Mobile မှာ သုံးချင်တဲ့ advanced users တွေအတွက် Termux ဆိုတဲ့ app ဖြစ်ပါတယ်။
💻 Code: Python, C, JavaScript, Bash, etc. in CLI
📲 Download from F-Droid
#mobileapp
#leraning
#programming
#phone
5 652
Frontend Developer တစ်ယောက်ဖြစ်ချင်တယ် 🤔
ဘယ်က စတင်လေ့လာရမလဲ? 🚀
ဘာတွေ လေ့လာသင့်လဲ? 📚
💻 Frontend Development ဆိုတာ ဘာလဲ?
Frontend Development ဆိုတာ Website သို့မဟုတ် Web Application တစ်ခုရဲ့ မျက်နှာပြင် (UI) - User Interfaceနဲ့ အပြန်အလှန်အသုံးပြုနိုင်မှု (UX) -User Experience တွေကို တည်ဆောက်တဲ့ နည်းပညာဖြစ်ပါတယ်။ ဥပမာ - Facebook, YouTube စတဲ့ Website တွေရဲ့ ဒီဇိုင်း၊ Button တွေ၊ Animation တွေအားလုံးက Frontend Developer တွေရဲ့လက်ရာပါ။
---
📌 Frontend Developer တစ်ယောက်ဖြစ်ဖို့ သိထားရမယ့် အခြေခံများ
1️⃣ HTML, CSS, JavaScript - Core Web Technologies
- HTML → webpage တစ်ခုရဲ့ ကျောရိုးမကြီးလိုပါပဲ(ခေါင်းစဉ်၊ စာပိုဒ်၊ ဓာတ်ပုံ၊ လင့်ခ်များ)
- CSS → အလှဆင်ခြင်း (အရောင်၊ Font၊ အကွာအဝေး၊ Responsive Design)
- JavaScript →interactivity-အပြန်အလှန်အသုံးပြုနိုင်မှု (Form Validation, Animation, Popup)
2️⃣ Flexbox & Grid - Modern CSS Layouts
- Flexbox → Navigation Bar, Card Layouts တွေအတွက် (one-dimensional layout system ဖြစ်ပြီးတော့ items တွေကိုrows , columns အနေအထားနဲ့ထားချင်သုံးတယ်)
- CSS Grid → Complex Layouts (two-dimensional layout system ဖြစ်ပြီးတော့ Dashboard, Gallery တို့လိုမျိုး grid-based designs တွက်ကောင်းပါတယ်။)
3️⃣ Responsive Design - Mobile-Friendly Websites
- Media Queries သုံးပြီး Mobile, Tablet, Desktop အတွက် အဆင်ပြေအောင် Design လုပ်ခြင်း
- Framework များကတော့ Bootstrap, Tailwind CSS ဒါမှမဟုတ် Tools တွေဖြစ်တဲ့ CSS Flexbox/Grid, relative units (%, em, rem) ကိုသိထားရပါမယ်။
4️⃣ Modern JavaScript (ES6+)
- Arrow Functions: const sum = (a, b) => a + b;
- Async/Await: API Calls တွေကို လွယ်ကူစွာ ရေးနည်း
- Destructuring: const { name, age } = user;
5️⃣ Frontend Frameworks (React, Vue, Angular)
- React (Meta) → Component-based, High Performance
- Vue → Beginner-friendly, Lightweight
- Angular (Google) → Enterprise-level Apps
6️⃣ APIs & Fetch/Axios
Frontend apps တွေကများသောအားဖြင့် databases ဒါမှမဟုတ် တခြားတစ်နေရာကနေ data sources တွေကို ရယူဖို့လိုအပ်လေ့ရှိပါတယ်, ဒါကြောင့်
- API (Backend နဲ့ Data ချိတ်ဆက်ရန်) နဲ့
- Fetch API / Axios → Server မှ Data များကို ဖတ်ဖို့နဲ့/ပို့ဖို့ တွေကို သိထားဖို့လိုပါတယ်။
7️⃣ State Management (Redux, Context API)
web apps တွေကကြီးထွားလာတာနဲ့အမျှ components တစ်ခုနဲ့တစ်ခုကြားကလည်း ပိုပြီး complex ဖြစ်လာပါတယ်၊ ဒါကြောင့် data (state) တွေကို managing လုပ်ဖို့
- Redux → Large Apps များအတွက် State စီမံခန့်ခွဲမှု နဲ့
- Context API → Small/Medium Apps များအတွက် သိထားဖို့လိုအပ်ပါတယ်။
---
🎯 Frontend Developer တစ်ယောက်ဖြစ်ဖို့ ဘယ်လိုစပြီးလေ့လာမလဲ?
1️⃣ အခြေခံများ: HTML, CSS, JavaScript ကို လေ့လာပါ
2️⃣ Framework တစ်ခု ရွေးပါ: React (သို့) Vue
3️⃣ Project များ တည်ဆောက်ပါ: Todo App, Weather App, Portfolio Website
4️⃣ Git & GitHub သုံးပါ: Code များကို Version Control လုပ်ပါ
5️⃣ Job-Ready ဖြစ်အောင်: Resume တည်ဆောက်ပြီး Internship/Job လျှောက်ပါ
---
💻✨ Frontend Development နဲ့ပတ်သက်ပြီးသင်ယူလို့ရမယ့် အခမဲ့ resources များကို မကြာခင် သက်သက်တစ်ခုရေးပြီးတင်ပေးပါအုံးမယ်ဗျ၊
#FrontendDevelopment
#MyanmarTech
#WebDevelopment
#LearnToCode
#tech4umm
5 652
🌐 Networking နဲ့ သက်ဆိုင်တဲ့ core concept တွေဖော်ပြထားတဲ့ Network Cheat Sheet ဖြစ်ပါတယ်ဗျ။
🔗 Get Resources
#networking
#tech4umm
5 652
🔀 Git အသုံးပြုရာတွင် အသုံးများတဲ့ Essential Git Command တွေဖြစ်ပါတယ်။
Git ဆိုတာက version control system (VCS) တစ်ခုဖြစ်ပြီး၊ software development နဲ့ file management တွေမှာ အသုံးများတဲ့ tool တစ်ခုဖြစ်ပါတယ်။✅
🎁 Git Command Cheat Sheet ကိုရယူရန် ဒီနေရာကို နှိပ်ပါ။
#git
#free
#learning
#tech4umm
5 652
🚀 IBM မှ အခမဲ့ Data Analytics 𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐨𝐮𝐫𝐬𝐞𝐬 များ
Data Science နည်းပညာရပ်များကို ကျွမ်းကျင်ပညာရှင်များက အခြေခံမှစ၍ လက်တွေ့အသုံးချနည်းများအထိ သင်ကြားပေးမယ့် IBM မှ Data Analytics သင်တန်း (၆) ခုဖြစ်ပါတယ်။
---
1️⃣ Python Basics for Data Science
2️⃣ Introduction to SQL
3️⃣ SQL for Data Science
4️⃣ SQL for Data Science with R
5️⃣ Relational Database Basics
6️⃣ Data Science Tools
---
👨💻 ဘယ်သူတွေတက်သင့်လဲ?
- Data Analyst/Scientist ဖြစ်လိုသူများ
- IT နယ်ပယ်မှ အသစ်စက်စက်လူငယ်များ
- လစာကောင်းတဲ့ Data နည်းပညာသမားဖြစ်လိုသူများ
---
#DataAnalytics
#IBM
#FreeCourses
#MyanmarTech
#LearnFromHome
5 652
🌐 IT နယ်ပယ်မှာ အရေးကြီးဆုံး Network Certification (6) မျိုး
1️⃣ Cisco Certified Network Associate (CCNA)
🌟 Cisco က ကမ္ဘာ့အကြီးဆုံး Network ကုမ္ပဏီဖြစ်တဲ့အပြင် entry level (CCT), professional level (CCNP), နဲ့ expert-level certifications (CCDE) စတဲ့ Certificate တွေလည်းရှိပါသေးတယ်။
💵 Cost: $300
📝 ဘာတွေစစ်ဆေးလဲ:
- Network Access (Switch, Router တပ်ဆင်နည်း)
- IP Services (DNS, DHCP, NAT)
- Security Basics (Firewall, VPN)
💼 ရနိုင်တဲ့အလုပ်များ: Network Engineer, System Administrator
2️⃣ CompTIA Network+
🌟 CompTIA Network+ လက်မှတ်က vendor-neutral certification ဖြစ်ပြီး မည်သည့်ကုမ္ပဏီထုတ် network
ပစ္စည်းကိုမဆို အသုံးပြုနိုင်သော အခြေခံ network နည်းပညာများကိုစစ်ဆေးတဲ့ certificate ဖြစ်ပါတယ်။
💵 Cost : $338
📝 ဘာတွေစစ်ဆေးလဲ:
- Network Cabling (Fiber vs Copper)
- Troubleshooting Methodology
- Cloud Networking Basics
💼 ရနိုင်တဲ့အလုပ်များ: IT Support Specialist, Network Technician
3️⃣ Juniper JNCIA-Junos
🌟 JNCIA-Junos - Juniper Networks certificate သည် Juniper Networks technologies အတွက် စစ်ဆေးတဲ့
associate-level certification တစ်ခုဖြစ်ပါတယ်။
💵 Cost : $200
📝 ဘာတွေစစ်ဆေးလဲ:
- Junos OS အခြေခံအလုပ်လုပ်ပုံ
- Routing Policy နဲ့ Firewall Filter
💼 ရနိုင်တဲ့အလုပ်များ: Network Specialist, Juniper Technician
4️⃣ SolarWinds Certified Professional
🌟 ဒီ certificate ကတော့ government နဲ့ accounting ကဲ့သုံသော specific industries တွေမှာအသုံးပြုတဲ့ SolarWinds network system အသုံးပြုမူကို စစ်ဆေးတဲ့ certification တစ်ခုဖြစ်ပါတယ်။
💵 Cost : $200
📝 ဘာတွေစစ်ဆေးလဲ:
- Network Performance Monitoring
- Database Performance Analysis
💼 ရနိုင်တဲ့အလုပ်များ: Network Monitoring Specialist
5️⃣ Aruba ACMA (Wireless)
🌟 ACMA certificate ကတော့ Aruba networking features အသုံးပြုမူတွေကို စစ်ဆေးတဲ့
associate-level certification တစ်ခုဖြစ်ပါတယ်။
💵 Cost: $230
📝 ဘာတွေစစ်ဆေးလဲ:
- WLAN Setup and Configuration
- Aruba OS Architecture
💼 ရနိုင်တဲ့အလုပ်များ: Wireless Network Engineer
6️⃣ VMware VCTA-NV (Virtualization)
🌟
💵 Cost : $125
📝 ဘာတွေစစ်ဆေးလဲ:
- VMware NSX အခြေခံ
- Virtual Network Troubleshooting
💼 ရနိုင်တဲ့အလုပ်များ: Cloud Network Specialist
#ITinMyanmar
#NetworkEngineer
#TechCareer
5 652
🛰🌍 ကျွန်တော်တို့ ကမ္ဘာကြီးရဲ့ ပတ်လမ်းကြောင်းထဲမှာရှိတဲ့ ဂြိုဟ်တုအရေအတွက်ကို 1957 ကနေ ယနေ့အချိန်ထိရှိနေတဲ့ အရေအတွကို Visualizing လုပ်ထားတဲ့ video ပဲဖြစ်ပါတယ်။ Video ထဲက dot လေးတွေတစ်ချင်းစီက ဂြိုဟ်တုတစ်ခုကို ကိုယ်စားပြုပါတယ်။ ဒါဟာလူသားတွေ တီထွင်ခဲ့တဲ့ နည်းပညာတိုးတက်မူအတိုင်းအတာကို ထင်ဟပ်ပြသနေပါတယ်။
🌐📲 @tech4umm
Уже доступно! Исследование Telegram 2025 — ключевые инсайты года 
