fa
Feedback
𝗧𝗲𝗰𝗵𝟰𝗨 𝗠𝘆𝗮𝗻𝗺𝗮𝗿

𝗧𝗲𝗰𝗵𝟰𝗨 𝗠𝘆𝗮𝗻𝗺𝗮𝗿

رفتن به کانال در Telegram

Programming • Networking • Database • Cybersecurity 🛡️ New tutorials and updates posted daily! ✅ Click to learn more. https://youtube.com/@tech4u-mm?si=ZK9X8GQ0nn7sG2oZ

نمایش بیشتر
5 652
مشترکین
-624 ساعت
+87 روز
+6030 روز
آرشیو پست ها
🚀 Certificate ပါပေးမယ့် ၂၀၂၅ ခုနှစ်ရဲ့ Top 5 Free Tech Learning Platforms 1️⃣ Kaggle (Data Science & AI) 📌 Python, SQL, Machine Learning စသဖြင့်သင်နိုင်ပါတယ်။ 🔗 ဝင်ရောက်ရန် 2️⃣ freeCodeCamp (Web Development) 📌 HTML, CSS, JavaScript, React စသဖြင့်သင်နိုင်ပါတယ်။ 🔗 ဝင်ရောက်ရန် 3️⃣ Cognitive Class (IBM) 📌 AI, Cloud, Blockchain စသဖြင့်သင်နိုင်ပါတယ်။ 🔗 ဝင်ရောက်ရန် 4️⃣ Microsoft Learn 📌 Azure, Power BI, DevOps စသဖြင့်သင်နိုင်ပါတယ်။ 🔗 ဝင်ရောက်ရန် 5️⃣ Google Developers 📌 Android, TensorFlow, Firebase စသဖြင့်သင်နိုင်ပါတယ်။ 🔗 ဝင်ရောက်ရန် 🎯 ဘာကြောင့် ဒီ Platforms တွေမှာ သင်သင့်လဲဆိုရင်
✅ Self-paced learning ဖြစ်ခြင်း ✅ Real-world projects ရှိခြင်း ✅ Verified certifications ပေးခြင်း ✅ Resume and GitHub friendly ဖြစ်ခြင်း ✅ Completely free ဖြစ်ခြင်းတို့ကြောင့်ဖြစ်ပါတယ်။
#TechMyanmar #FreeCourses # OnlineLearning #CareerGrowth #tech4umm

🇨🇳တရုတ်ကုမ္ပဏီ Twopan မှ ကမ္ဘာ့အသေးငယ်ဆုံး SSD ကို မိတ်ဆက် Nano SSD သည် အလေးချိန် ၅ ဂရမ် သာရှိပြီး အရွယ်အစား ၂၀×၁၃×၅ မီလီမီ
+1
🇨🇳တရုတ်ကုမ္ပဏီ Twopan မှ ကမ္ဘာ့အသေးငယ်ဆုံး SSD ကို မိတ်ဆက် Nano SSD သည် အလေးချိန် ၅ ဂရမ် သာရှိပြီး အရွယ်အစား ၂၀×၁၃×၅ မီလီမီတာ ဖြင့် 512 GB သိုလှောင်နိုင်တယ်။ ထို့အပြင် fingerprint scanner တပ်ဆင်ထားကာ IP65 စံနှုန်းအရ ဖုန်နှင့်ရေစိုခံနိုင်ပြီး မီတာ ၁၀ အမြင့်မှ ပစ်ချသည့်တိုင် ခံနိုင်ရည်ရှိပါတယ်။ Read နဲ့ Write Speed ကို USB-C မှတစ်ဆင့် ၄၅၀ MB/s အထိ ရရှိပြီး လက်ဗွေ ၂၀ အထိ သိမ်းဆည်းနိုင်ကာ အပို app မလိုဘဲ အသုံးပြုနိုင်ပါတယ်။ 💰 စျေးနှုန်းအနေနဲ့ ၇၈ ဒေါ်လာဖြစ်ပြီး၊ ဇူလိုင်လတွင် စတင်ရောင်းချမှာဖြစ်ပါတယ်။ Windows, macOS, Android, iOS နှင့် iPadOS တို့နှင့် သဟဇာတဖြစ်ပါတယ်။ 🌐📲 @tech4umm

🌐 Cloud Computing ကိုအခုမှစတင်လေ့လာချင်တယ်၊ ဘယ်ကစတင်လေ့လာရမလဲ ? ဘာတွေလေ့လာရမလဲ ? စတင်မေးခွန်းတွေကို ဒီ resources ( ၂ ) က ဖြေ
🌐 Cloud Computing ကိုအခုမှစတင်လေ့လာချင်တယ်၊ ဘယ်ကစတင်လေ့လာရမလဲ ? ဘာတွေလေ့လာရမလဲ ? စတင်မေးခွန်းတွေကို ဒီ resources ( ၂ ) က ဖြေပေးပါလိမ့်မယ်။ Free လေ့လာလို့ရမယ် study resources တေလည်း pdf file ထဲမှာပေးထားပါတယ်ဗျ။ 📚Cloud Computing Complete Study Guide pdf ဖိုင်ကိုရယူရန် 👉 📚 Cloud Computing Roadmap 👉 #MyanmarTech #CloudComputing #FreeLearning

Programming ကို mobile phone နဲ့လေ့လာချင်သူများအတွက် အသုံးဝင်စေမည့် application များ 🌟 1. Sololearn – တစ်နေရာထည်းမှာ Learn & Code လုပ်နိင်မယ် 🧠 Learn: Python, C++, JavaScript, HTML/CSS, SQL, Java, etc. 💻 Code: Run code with their built-in mobile compiler 📲 Download: Android iOS 🌟 2. Dcoder – Mobile IDE for 50+ Languages 🧠 Learn: code examples တွေကိုပါ explore လုပ်နိုင်မယ် 💻 Code: Python, C++, Java, PHP, Kotlin, JavaScript, Swift, etc. 📲 Download: Android iOS 🌟 3. Pydroid 3 – Best for Python (Offline လည်းရ) 🧠 Learn: Python basics + libraries (Tkinter, NumPy, etc.) 💻 Code: Python 3 (with many packages) 📲 Download: Android Only 🌟 4. AIDE – Full Android IDE (Java, Kotlin, C++) 🧠 Learn: Android app development (Java, Kotlin) 💻 Code: Java, Kotlin, C++, Android XML 📲 Download: Android Only 🌟 5. Spck Code Editor – For Web Developers 🧠 Learn: Web Development 💻 Code: HTML, CSS, JavaScript 📲 Download: Android Only 🌟 6. Replit (via Browser or App) 🧠 Learn: Full online IDE experience 💻 Code: Python, C++, JS, HTML, Ruby, Bash, etc. 📲 Download: Use in browser Android iOS 🌟 7. Grasshopper – Learn JavaScript by Playing 🧠 Learn: JavaScript through interactive puzzles 💻 Code: Small JavaScript snippets (can’t build full apps) 📲 Download: Android iOS 🌟 8. Juno – Jupyter Notebook on iOS 🧠 Learn: Python for Data Science 💻 Code: Python with NumPy, Pandas, Matplotlib 📲 Download: iOS Only 🧠 Bonus tip အနေနဲ့ Linux Terminal ကို Mobile မှာ သုံးချင်တဲ့ advanced users တွေအတွက် Termux ဆိုတဲ့ app ဖြစ်ပါတယ်။ 💻 Code: Python, C, JavaScript, Bash, etc. in CLI 📲 Download from F-Droid #mobileapp #leraning #programming #phone

Programming ကို mobile phone နဲ့လေ့လာချင်သူများအတွက် အသုံးဝင်စေမည့် application များ 🌟 1. Sololearn – တစ်နေရာထည်းမှာ Learn & Code လုပ်နိင်မယ် 🧠 Learn: Python, C++, JavaScript, HTML/CSS, SQL, Java, etc. 💻 Code: Run code with their built-in mobile compiler 📲 Download: Android iOS 🌟 2. Dcoder – Mobile IDE for 50+ Languages 🧠 Learn: code examples တွေကိုပါ explore လုပ်နိုင်မယ် 💻 Code: Python, C++, Java, PHP, Kotlin, JavaScript, Swift, etc. 📲 Download: Android iOS 🌟 3. Pydroid 3 – Best for Python (Offline လည်းရ) 🧠 Learn: Python basics + libraries (Tkinter, NumPy, etc.) 💻 Code: Python 3 (with many packages) 📲 Download: Android Only 🌟 4. AIDE – Full Android IDE (Java, Kotlin, C++) 🧠 Learn: Android app development (Java, Kotlin) 💻 Code: Java, Kotlin, C++, Android XML 📲 Download: Android Only 🌟 5. Spck Code Editor – For Web Developers 🧠 Learn: Web Development 💻 Code: HTML, CSS, JavaScript 📲 Download: Android Only 🌟 6. Replit (via Browser or App) 🧠 Learn: Full online IDE experience 💻 Code: Python, C++, JS, HTML, Ruby, Bash, etc. 📲 Download: Use in browser Android iOS 🌟 7. Grasshopper – Learn JavaScript by Playing 🧠 Learn: JavaScript through interactive puzzles 💻 Code: Small JavaScript snippets (can’t build full apps) 📲 Download: Android iOS 🌟 8. Juno – Jupyter Notebook on iOS 🧠 Learn: Python for Data Science 💻 Code: Python with NumPy, Pandas, Matplotlib 📲 Download: iOS Only 🧠 Bonus tip အနေနဲ့ Linux Terminal ကို Mobile မှာ သုံးချင်တဲ့ advanced users တွေအတွက် Termux ဆိုတဲ့ app ဖြစ်ပါတယ်။ 💻 Code: Python, C, JavaScript, Bash, etc. in CLI 📲 Download from F-Droid #mobileapp #leraning #programming #phone

SQL JOIN cheat sheet 👉 See More ဒီမှာအပြည့်အစုံဖော်ပြထားပါတယ်ဗျ။
SQL JOIN cheat sheet 👉 See More ဒီမှာအပြည့်အစုံဖော်ပြထားပါတယ်ဗျ။

Frontend Developer တစ်ယောက်ဖြစ်ချင်တယ် 🤔 ဘယ်က စတင်လေ့လာရမလဲ? 🚀 ဘာတွေ လေ့လာသင့်လဲ? 📚 💻 Frontend Development ဆိုတာ ဘာလဲ? Frontend Development ဆိုတာ Website သို့မဟုတ် Web Application တစ်ခုရဲ့ မျက်နှာပြင် (UI) - User Interfaceနဲ့ အပြန်အလှန်အသုံးပြုနိုင်မှု (UX) -User Experience တွေကို တည်ဆောက်တဲ့ နည်းပညာဖြစ်ပါတယ်။ ဥပမာ - Facebook, YouTube စတဲ့ Website တွေရဲ့ ဒီဇိုင်း၊ Button တွေ၊ Animation တွေအားလုံးက Frontend Developer တွေရဲ့လက်ရာပါ။ --- 📌 Frontend Developer တစ်ယောက်ဖြစ်ဖို့ သိထားရမယ့် အခြေခံများ 1️⃣ HTML, CSS, JavaScript - Core Web Technologies - HTML → webpage တစ်ခုရဲ့ ကျောရိုးမကြီးလိုပါပဲ(ခေါင်းစဉ်၊ စာပိုဒ်၊ ဓာတ်ပုံ၊ လင့်ခ်များ) - CSS → အလှဆင်ခြင်း (အရောင်၊ Font၊ အကွာအဝေး၊ Responsive Design) - JavaScript →interactivity-အပြန်အလှန်အသုံးပြုနိုင်မှု (Form Validation, Animation, Popup) 2️⃣ Flexbox & Grid - Modern CSS Layouts - Flexbox → Navigation Bar, Card Layouts တွေအတွက် (one-dimensional layout system ဖြစ်ပြီးတော့ items တွေကိုrows , columns အနေအထားနဲ့ထားချင်သုံးတယ်) - CSS Grid → Complex Layouts (two-dimensional layout system ဖြစ်ပြီးတော့ Dashboard, Gallery တို့လိုမျိုး grid-based designs တွက်ကောင်းပါတယ်။) 3️⃣ Responsive Design - Mobile-Friendly Websites - Media Queries သုံးပြီး Mobile, Tablet, Desktop အတွက် အဆင်ပြေအောင် Design လုပ်ခြင်း - Framework များကတော့ Bootstrap, Tailwind CSS ဒါမှမဟုတ် Tools တွေဖြစ်တဲ့ CSS Flexbox/Grid, relative units (%, em, rem) ကိုသိထားရပါမယ်။ 4️⃣ Modern JavaScript (ES6+) - Arrow Functions: const sum = (a, b) => a + b; - Async/Await: API Calls တွေကို လွယ်ကူစွာ ရေးနည်း - Destructuring: const { name, age } = user; 5️⃣ Frontend Frameworks (React, Vue, Angular) - React (Meta) → Component-based, High Performance - Vue → Beginner-friendly, Lightweight - Angular (Google) → Enterprise-level Apps 6️⃣ APIs & Fetch/Axios Frontend apps တွေကများသောအားဖြင့် databases ဒါမှမဟုတ် တခြားတစ်နေရာကနေ data sources တွေကို ရယူဖို့လိုအပ်လေ့ရှိပါတယ်, ဒါကြောင့် - API (Backend နဲ့ Data ချိတ်ဆက်ရန်) နဲ့ - Fetch API / Axios → Server မှ Data များကို ဖတ်ဖို့နဲ့/ပို့ဖို့ တွေကို သိထားဖို့လိုပါတယ်။ 7️⃣ State Management (Redux, Context API) web apps တွေကကြီးထွားလာတာနဲ့အမျှ components တစ်ခုနဲ့တစ်ခုကြားကလည်း ပိုပြီး complex ဖြစ်လာပါတယ်၊ ဒါကြောင့် data (state) တွေကို managing လုပ်ဖို့ - Redux → Large Apps များအတွက် State စီမံခန့်ခွဲမှု နဲ့ - Context API → Small/Medium Apps များအတွက် သိထားဖို့လိုအပ်ပါတယ်။ --- 🎯 Frontend Developer တစ်ယောက်ဖြစ်ဖို့ ဘယ်လိုစပြီးလေ့လာမလဲ? 1️⃣ အခြေခံများ: HTML, CSS, JavaScript ကို လေ့လာပါ 2️⃣ Framework တစ်ခု ရွေးပါ: React (သို့) Vue 3️⃣ Project များ တည်ဆောက်ပါ: Todo App, Weather App, Portfolio Website 4️⃣ Git & GitHub သုံးပါ: Code များကို Version Control လုပ်ပါ 5️⃣ Job-Ready ဖြစ်အောင်: Resume တည်ဆောက်ပြီး Internship/Job လျှောက်ပါ --- 💻✨ Frontend Development နဲ့ပတ်သက်ပြီးသင်ယူလို့ရမယ့် အခမဲ့ resources များကို မကြာခင် သက်သက်တစ်ခုရေးပြီးတင်ပေးပါအုံးမယ်ဗျ၊ #FrontendDevelopment #MyanmarTech #WebDevelopment #LearnToCode #tech4umm

🌐 Networking နဲ့ သက်ဆိုင်တဲ့ core concept တွေဖော်ပြထားတဲ့ Network Cheat Sheet ဖြစ်ပါတယ်ဗျ။ 🔗 Get Resources #networking #tec
🌐 Networking နဲ့ သက်ဆိုင်တဲ့ core concept တွေဖော်ပြထားတဲ့ Network Cheat Sheet ဖြစ်ပါတယ်ဗျ။ 🔗 Get Resources #networking #tech4umm

🔀 Git အသုံးပြုရာတွင် အသုံးများတဲ့ Essential Git Command တွေဖြစ်ပါတယ်။ Git ဆိုတာက version control system (VCS) တစ်ခုဖြစ်ပြီး၊
🔀 Git အသုံးပြုရာတွင် အသုံးများတဲ့ Essential Git Command တွေဖြစ်ပါတယ်။ Git ဆိုတာက version control system (VCS) တစ်ခုဖြစ်ပြီး၊ software development နဲ့ file management တွေမှာ အသုံးများတဲ့ tool တစ်ခုဖြစ်ပါတယ်။✅ 🎁 Git Command Cheat Sheet ကိုရယူရန် ဒီနေရာကို နှိပ်ပါ။ #git #free #learning #tech4umm

🚀 IBM မှ အခမဲ့ Data Analytics 𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐨𝐮𝐫𝐬𝐞𝐬 များ Data Science နည်းပညာရပ်များကို ကျွမ်းကျင်ပညာရှင
🚀 IBM မှ အခမဲ့ Data Analytics 𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐨𝐮𝐫𝐬𝐞𝐬 များ Data Science နည်းပညာရပ်များကို ကျွမ်းကျင်ပညာရှင်များက အခြေခံမှစ၍ လက်တွေ့အသုံးချနည်းများအထိ သင်ကြားပေးမယ့် IBM မှ Data Analytics သင်တန်း (၆) ခုဖြစ်ပါတယ်။ --- 1️⃣ Python Basics for Data Science 2️⃣ Introduction to SQL 3️⃣ SQL for Data Science 4️⃣ SQL for Data Science with R 5️⃣ Relational Database Basics 6️⃣ Data Science Tools --- 👨💻 ဘယ်သူတွေတက်သင့်လဲ? - Data Analyst/Scientist ဖြစ်လိုသူများ - IT နယ်ပယ်မှ အသစ်စက်စက်လူငယ်များ - လစာကောင်းတဲ့ Data နည်းပညာသမားဖြစ်လိုသူများ --- #DataAnalytics #IBM #FreeCourses #MyanmarTech #LearnFromHome

🌐 IT နယ်ပယ်မှာ အရေးကြီးဆုံး Network Certification (6) မျိုး 1️⃣ Cisco Certified Network Associate (CCNA) 🌟 Cisco က ကမ္ဘာ့အကြီးဆုံး Network ကုမ္ပဏီဖြစ်တဲ့အပြင် entry level (CCT), professional level (CCNP), နဲ့ expert-level certifications (CCDE) စတဲ့ Certificate တွေလည်းရှိပါသေးတယ်။ 💵 Cost: $300 📝 ဘာတွေစစ်ဆေးလဲ: - Network Access (Switch, Router တပ်ဆင်နည်း) - IP Services (DNS, DHCP, NAT) - Security Basics (Firewall, VPN) 💼 ရနိုင်တဲ့အလုပ်များ: Network Engineer, System Administrator 2️⃣ CompTIA Network+ 🌟 CompTIA Network+ လက်မှတ်က vendor-neutral certification ဖြစ်ပြီး မည်သည့်ကုမ္ပဏီထုတ် network ပစ္စည်းကိုမဆို အသုံးပြုနိုင်သော အခြေခံ network နည်းပညာများကိုစစ်ဆေးတဲ့ certificate ဖြစ်ပါတယ်။ 💵 Cost : $338 📝 ဘာတွေစစ်ဆေးလဲ: - Network Cabling (Fiber vs Copper) - Troubleshooting Methodology - Cloud Networking Basics 💼 ရနိုင်တဲ့အလုပ်များ: IT Support Specialist, Network Technician 3️⃣ Juniper JNCIA-Junos 🌟 JNCIA-Junos - Juniper Networks certificate သည် Juniper Networks technologies အတွက် စစ်ဆေးတဲ့ associate-level certification တစ်ခုဖြစ်ပါတယ်။ 💵 Cost : $200 📝 ဘာတွေစစ်ဆေးလဲ: - Junos OS အခြေခံအလုပ်လုပ်ပုံ - Routing Policy နဲ့ Firewall Filter 💼 ရနိုင်တဲ့အလုပ်များ: Network Specialist, Juniper Technician 4️⃣ SolarWinds Certified Professional 🌟 ဒီ certificate ကတော့ government နဲ့ accounting ကဲ့သုံသော specific industries တွေမှာအသုံးပြုတဲ့ SolarWinds network system အသုံးပြုမူကို စစ်ဆေးတဲ့ certification တစ်ခုဖြစ်ပါတယ်။ 💵 Cost : $200 📝 ဘာတွေစစ်ဆေးလဲ: - Network Performance Monitoring - Database Performance Analysis 💼 ရနိုင်တဲ့အလုပ်များ: Network Monitoring Specialist 5️⃣ Aruba ACMA (Wireless) 🌟 ACMA certificate ကတော့ Aruba networking features အသုံးပြုမူတွေကို စစ်ဆေးတဲ့ associate-level certification တစ်ခုဖြစ်ပါတယ်။ 💵 Cost: $230 📝 ဘာတွေစစ်ဆေးလဲ: - WLAN Setup and Configuration - Aruba OS Architecture 💼 ရနိုင်တဲ့အလုပ်များ: Wireless Network Engineer 6️⃣ VMware VCTA-NV (Virtualization) 🌟 💵 Cost : $125 📝 ဘာတွေစစ်ဆေးလဲ: - VMware NSX အခြေခံ - Virtual Network Troubleshooting 💼 ရနိုင်တဲ့အလုပ်များ: Cloud Network Specialist #ITinMyanmar #NetworkEngineer #TechCareer

အဖြေမှန်က ❓
Anonymous voting

📌 ဒီမေးခွန်းလေးရဲ့အဖြေမှန်ကိုလည်း ရွေးပေးခဲ့ကြပါအုံးဗျ။🥳
📌 ဒီမေးခွန်းလေးရဲ့အဖြေမှန်ကိုလည်း ရွေးပေးခဲ့ကြပါအုံးဗျ။🥳

🛰🌍 ကျွန်တော်တို့ ကမ္ဘာကြီးရဲ့ ပတ်လမ်းကြောင်းထဲမှာရှိတဲ့ ဂြိုဟ်တုအရေအတွက်ကို 1957 ကနေ ယနေ့အချိန်ထိရှိနေတဲ့ အရေအတွကို Visualizing လုပ်ထားတဲ့ video ပဲဖြစ်ပါတယ်။ Video ထဲက dot လေးတွေတစ်ချင်းစီက ဂြိုဟ်တုတစ်ခုကို ကိုယ်စားပြုပါတယ်။ ဒါဟာလူသားတွေ တီထွင်ခဲ့တဲ့ နည်းပညာတိုးတက်မူအတိုင်းအတာကို ထင်ဟပ်ပြသနေပါတယ်။ 🌐📲 @tech4umm