201
Подписчики
Нет данных24 часа
-17 дней
-830 день
Архив постов
201
Repost from News Of Myanmar
အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဒန် ကိန်း (Dan Caine) က အမေရိကန်အောက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ ကော်မတီတွင် ပြုလုပ်သည့် ကြားနာပွဲအတွင်း အီရန်နိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့သည့် အမေရိကန် ကယ်ဆယ်ရေးတပ်ဖွဲ့များနှင့် အထူးတပ်ဖွဲ့များ ကြုံတွေ့ခဲ့ရသည့် အခြေအနေနှင့် ပတ်သက်၍ ၎င်းက အောက်ပါအတိုင်းပြောကြားခဲ့သည်။
"သေနတ်အသေးစား ဒါမှမဟုတ် ရိုင်ဖယ်သေနတ် ကိုင်ဆောင်ထားတဲ့ အီရန်နိုင်ငံသားတိုင်းဟာ ကျွန်တော်တို့ တပ်ဖွဲ့တွေကို ဝိုင်းဝန်းပစ်ခတ်ခဲ့ကြတယ်"
NOM
201
Repost from News Of Myanmar
အရှေ့အလယ်ပိုင်း၏ အကြီးဆုံး ရေနံဓါတုစက်ရုံသည် အီရန်ပဲ့ထိန်းဒုံးကျည်များဖြင့် တိုက်ခိုက်ခံရပြီး မီးများလောင်ကျွမ်းနေ
ဆော်ဒီနိုင်ငံရှိ အရှေ့အလယ်ပိုင်း၏ အကြီးဆုံး ရေနံဓာတုစက်ရုံ ဖြစ်သော ဆော်ဒီအခြေခံ စက်မှုလုပ်ငန်းကော်ပိုရေးရှင်း (SABIC) ကို အီရန်က ပဲ့ထိန်းဒုန်းကျည်များဖြင့် တိုက်ခိုက်ခဲ့သဖြင့် စက်ရုံတွင် မီးများလောင် ကျွမ်းလျက်ရှိသည်။
အဆိုပါစက်ရုံသည် ဒူးပွန့် (DuPont)၊ ဘီအေအက်စ်အက်ဖ် (BASF) နှင့် ဆိုင်နိုပက်ခ် (Sinopec) တို့ပြီးလျှင် ကမ္ဘာပေါ်တွင် စတုတ္ထမြောက် အကြီးဆုံး ရေနံဓာတု ထုတ်လုပ်ရေးစက်ရုံဖြစ်သည်။
NOM
201
Repost from News Of Myanmar
+4
အီရန်စစ်တပ်က ကူဝိတ်ရှိ အယ်လ်-အာဒိုင်ရီ Al-Adairi အခြေစိုက်စခန်းအား ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သည့် ဂြိုဟ်တုဓာတ်ပုံများ ထုတ်ပြန်၊ အမေရိကန်စစ်သား ၁၅ ဦးဒဏ်ရာရ
အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ စစ်တပ်၏ ပြည်သူ့ဆက်ဆံရေးဌာနက အမေရိကန်၏ အယ်လ်-အာဒိုင်ရီ အခြေစိုက်စခန်းကို တိုက်ခိုက်ရေးဒရုန်းများနှင့် ပစ်မှတ်တိကျဒရုန်းများဖြင့် ထိမှန်ခဲ့သည့် ဂြိုဟ်တုဓာတ်ပုံများကို ထုတ်ပြန်ခဲ့သည်။
အီရန်စစ်တပ်မှ ရန်သူဖြစ်သော အမေရိကန်ကျူးကျော်သူတို့၏ အယ်လ်-အာဒိုင်ရီ အခြေစိုက်စခန်းကို ဒရုန်းများဖြင့် စစ်ဆင်ရေးပြုလုပ်ခဲ့ပြီးနောက် သတ်မှတ်ထားသော ပစ်မှတ်များကို ထိမှန်မှုနှင့် ပျက်စီးဆုံးရှုံးမှု အခြေအနေများကို ပြသသည့် ဂြိုဟ်တုဓာတ်ပုံများ ထွက်ပေါ်လာခြင်းဖြစ်သည်။
အစီရင်ခံစာအရ ကူဝိတ်ရှိ အယ်လ်-အာဒိုင်ရီ အခြေစိုက်စခန်းအတွင်းရှိ နေရာ (၈) ခု ထိမှန်ခဲ့ပြီး ယင်းတို့တွင် နေထိုင်ရာဧရိယာ၊ အဆောင်များ၊ စက်ကိရိယာ သိုလှောင်ရုံများ နှင့် ရဟတ်ယာဉ် ပြုပြင်ထိန်းသိမ်းရေး ဂိုဒေါင်များ ပါဝင်ကြောင်း ဓာတ်ပုံများက ဖော်ပြနေသည်။
အဆိုပါ အခြေစိုက်စခန်းကို အဟန့်အတားမရှိ တိကျစွာ တိုက်ခိုက်နိုင်ခြင်းမှာ အဆိုပါစခန်း၏ လေကြောင်းရန်ကာကွယ်ရေးစနစ် (AD) မှာ ဒုံးကျည်များ လုံးဝကုန်ခမ်းသွားခြင်း (သို့မဟုတ်) ပျက်စီးသွားခြင်းကို ညွှန်ပြနေသင်္ည။
တိုက်ခိုက်မှုအတွင်း အမေရိကန် စစ်သား ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း CBS News က ဖော်ပြထားသည်။
NOM
201
Repost from News Of Myanmar
+2
အမေရိကန်ပိုင်ပစ္စည်းများ တိုက်ရိုက်ထိမှန်ခြင်း - ယူအေအီးရှိ ဟပ်ဘ်ရှန် အန်ဂျီအယ်လ် (Habshan NGL) စက်ရုံနှင့် ဓာတ်ငွေ့ဆိုင်ရာ အဆောက်အအုံများအပြင် ဘာရိန်းနိုင်ငံရှိ စစ်ဘက်ဆိုင်ရာကို အထောက်အကူပြုနေသော ဒေတာစင်တာ (Data Center) တစ်ခုတို့မှာ မကြာသေးမီက တိုက်ခိုက်မှုများအတွင်း ပြင်းထန်စွာ ပျက်စီးသွားခဲ့သည်။
NOM
201
Repost from News Of Myanmar
ယမန်နေ့က ယူအေအီး (UAE) နိုင်ငံရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာ အဆောက်အအုံ ၃ ခု မီးလောင်နေသည်ကို ဂြိုဟ်တုဓာတ်ပုံများတွင် တွေ့ရ
ယူအေအီးအစိုးရဘက်က ဒုံးကျည်များကို ကြားဖြတ်ဟန့်တားနိုင်ခဲ့သည်ဟု ပြောဆိုထားသော်လည်း အာဆတ်ဘ် Asab၊ ဘူဟာဆာ Bu Hasa နှင့် ဟပ်ဘ်ရှန် Habshan ဒေသရှိ စက်ရုံများသည် အီရန်၏ ဒုံးကျည်ထိမှန်မှုများကို ခံခဲ့ရသည်။
NOM
201
Repost from News Of Myanmar
အီရန်စစ်တပ်၏ သတင်းထုတ်ပြန်ချက်
လွန်ခဲ့သည့် နာရီပိုင်းအတွင်း အီရန်စစ်တပ်သည် အာရပ်ရှ်-၂ (Arash-2) တိုက်ခိုက်ရေးဒရုန်းများကို အသုံးပြု၍ အယ်လ်-ခါ့ဂျ် (Al-Kharj) အခြေစိုက်စခန်းနှင့် အယ်လ်-အဒိုင်ရီ (Al-Adairy) စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။
ကူဝိတ်နိုင်ငံမြောက်ပိုင်းတွင် တည်ရှိသော အယ်လ်-အဒိုင်ရီ စခန်းသည် အမေရိကန်မြေပြင်တပ်ဖွဲ့များ၊ အထူးတပ်ဖွဲ့များနှင့် နိုက်တ် စတောကားစ် (Night Stalkers) ရဟတ်ယာဉ်တပ်ဖွဲ့များကို ဖြန့်ကြက်ထားရှိရာနေရာဖြစ်ပြီးအဆိုပါစစ်စခန်းများမှ အမေရိကန်တပ်ဖွဲ့များသည်
အီရန်နိုင်ငံ အစ္စဖာဟန် (Isfahan) တောင်ပိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သော စစ်ဆင်ရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
NOM
201
Repost from News Of Myanmar
သမ္မတ ထရန့်၏ ပြောကြားချက်
"ကျွန်တော့်မှာသာ ရွေးချယ်ခွင့်ရှိမယ်ဆိုရင် ဘာလုပ်ချင်လဲသိလား?
အီရန်ဆီက ရေနံတွေကို သိမ်းပိုက်လိုက်မှာပေါ့။ ဘာလို့လဲဆိုတော့ အဲဒီမှာ သိမ်းဖို့အဆင်သင့်ရှိနေတာပဲလေ။ သူတို့ဘက်ကလည်း ဘာမှပြန်လုပ်နိုင်မှာ မဟုတ်ဘူး။
ဒါပေမဲ့ စိတ်မကောင်းစရာက အမေရိကန်ပြည်သူတွေက ကျွန်တော်တို့ (အမေရိကန်တပ်ဖွဲ့တွေ) ကို အိမ်ပြန်လာစေချင်ကြတာပဲ။
တကယ်လို့သာ ကျွန်တော့်အပေါ်မှာပဲ မူတည်မယ်ဆိုရင်တော့ ကျွန်တော် အဲဒီရေနံတွေကို သိမ်းယူမယ်။ ပြီးတော့ ပိုင်ဆိုင်အောင်လုပ်မယ်။ အဲဒီကနေ ငွေတွေအများကြီး ရှာပစ်လိုက်မှာ။”
NOM
201
Repost from News Of Myanmar
ယီမင်နိုင်ငံဘက်မှ ပျံသန်းလာသည့် ဒရုန်းတစ်စင်းကို တွေ့ရှိခဲ့ပြီးနောက် အစ္စရေးအမျိုးသားတစ်ဦးသည် အီလတ် (Eilat) မြို့ရှိ ဟိုတယ်တစ်ခုပေါ်မှ ခုန်ချကာ မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့သည်။
NOM
201
Repost from News Of Myanmar
လက်ဘနွန်တောင်ပိုင်းရှိ ကျူးကျော်သူ အစ္စရေးစစ်သားများကို ပစ်မှတ်ထားသည့် ဟစ်ဇဘိုလာ၏ ဒရုန်းစစ်ဆင်ရေး။
လက်ဘနွန်တောင်ပိုင်း၊ ဝါဒီအယ်လ်အာယွန်နယ်မြေရှိ ဇီယွန်ဝါဒီ (အစ္စရေး) တပ်ဖွဲ့များ အခြေစိုက်ရာ လူနေအိမ်တစ်လုံးကို ဟစ်ဇဘိုလာက တိုက်ခိုက်ရေးဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်နေသည့် ရုပ်သံမှတ်တမ်း။
NOM
201
ဂျာမနီ၊ စတုဂတ်က အိမ်တလုံးရဲ့ နောက်ဖေးဥယျာဉ်ထဲမှာ Easter egg ရှာပုံတော်ဖွင့်နေချိန်အတွင်း သေစေနိုင်လောက်တဲ့ ရေဒီယိုသတ္တိကြွအဆိပ်ပုလင်းကို အမျိုးသား ၂ ဦးက ရှာဖွေတွေ့ရှိခဲ့ပါတယ်။
Polonium 210 လို့ ပုလင်းမှာ ရှင်းရှင်းလင်းလင်း ရေးသားထားပြီး ရှားပါး isotope တမျိုးဖြစ်ကာ မီလီဂရမ်အနည်းငယ်လောက်နဲ့ လူတဦးကို သေစေနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ အမှုန့် ဒါမှမဟုတ် အရည်မှာ ပျော်ဝင်အောင် လုပ်ပြီး လုပ်ကြံရာမှာ အသုံးပြုလေ့ရှိပါတယ်။
အလေးချိန် ၂၀၀ ဂရမ်ခန့်အထိ ပါဝင်တယ်လို့ သိရပြီး အဆိုပါအမျိုးသားတွေရဲ့ သတင်းပေးမှုကြောင့် အရေးပေါ်ဝန်ထမ်း ၁၃၈ ဦးနဲ့ ယာဉ်ပေါင်း ၄၁ စီးကို အခင်းဖြစ်ရာနေရာဆီ စေလွှတ်ကာ သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။
News Of Myanmar NOM
201
ထိုင်ဝမ်အတိုက်အခံခေါင်းဆောင် ချန်လီဝမ်ဟာ မနက်ဖြန်မှာ တရုတ်ကို အလည်အပတ်သွားရောက်ပြီး သမ္မတရှီကျင့်ဖျင်နဲ့ တွေ့ဆုံနိုင်ခြေရှိတယ်လို့ သိရပါတယ်။
ငြိမ်းချမ်းရေးမစ်ရှင်လို့ ခေါ်ဝေါ်တဲ့ အကြောင်းကိစ္စနဲ့ ပတ်သက်ပြီး ရှီနဲ့ တွေ့ဆုံစကားပြောဖွယ်ရှိနေတာပါ။ ထိုင်ဝမ်ရဲ့ အကြီးဆုံး အတိုက်အခံပါတီဖြစ်တဲ့ ကူမင်တန် (KMT) ဥက္ကဌ ချန်က ငြိမ်းချမ်းရေးဟာ ကြွယ်၀ချမ်းသာမှုအတွက် တခုတည်းသော အခြေခံအုတ်မြစ်ဖြစ်ပြီး ထိုင်ဝမ်ရဲ့ အနာဂတ်မျှော်လင့်ချက်လည်း ဖြစ်တယ်လို့ တနင်္ဂနွေနေ့က ဗီဒီယိုထုတ်ပြန်မှုမှာ ပြောဆိုခဲ့ပါသေးတယ်။
News Of Myanmar NOM
201
အခွန်ထမ်းပြည်သူတွေရဲ့ ငွေတွေနဲ့ ပိုင်ဆိုင်ထားတဲ့ စစ်လက်နက်ပစ္စည်းတွေကို အစ္စရေးအစွန်းရောက်အစိုးရဆီ ထောက်ပံ့ပေးနေတာကို ချက်ချင်းရပ်တန့်ဖို့ ကန်အထက်လွှတ်တော်အမတ် ဘာနီဆန်းဒါးစ်နဲ့ အခြားအမတ် ၃ ဦးက ပူးတွဲတောင်းဆိုလိုက်ပါတယ်။
ထရမ့်အစိုးရဟာ အခွန်ထမ်းတွေရဲ့ ငွေကြေးတွေကို သူတို့ရဲ့ စစ်ရေးအတွက်သာမက အစ္စရေးအတွက်ပါ ထောက်ပံ့ပေးဖို့ မျှော်လင့်နေတယ်လို့လည်း စွပ်စွဲခဲ့ပြီး ဒီ စစ်လက်နက်ပစ္စည်းတွေအတွက် အစ္စရေးက ဘာမှ ပေးဆောင်ရတာမျိုးမရှိဘဲ အခွန်ထမ်းတွေကသာ ပေးဆောင်နေရတယ်လို့လည်း ပြင်းပြင်းထန်ထန် ပြောဆိုခဲ့ပါတယ်။
News Of Myanmar NOM
201
ဧပြီ ၅ ရက်နေ့ (မနေ့က) ဂျာမနီမြောက်ပိုင်းမှာ အီစတာရှာဖွေပွဲအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်တွေလဲကျရာကနေ ၁၀ လအရွယ် မိန်းကလေးငယ်တဦးအပါအဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
Satrumpholm မြို့အနီးက သစ်တောတွေအတွင်းမှာ ကျင်းပတဲ့ ဒီပွဲကို ကလေးမွေးပြီးခါစ မိခင်တွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ ကလေးတွေ ပါဝင်ဆင်နွှဲခဲ့ကြပြီး မီတာ ၃၀ လောက် အမြင့်ရှိတဲ့ သစ်ပင်တပင် လူအုပ်ပေါ်ကို လဲကျခဲ့တာပါ။
လသားအရွယ်ကလေးငယ်အပါအဝင် အသက် ၂၁ နှစ်နဲ့ ၁၆ နှစ်အရွယ် စုစုပေါင်း ၃ ဦး သေဆုံးခဲ့ပြီး တဦးကတော့ စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေတယ်လို့ သိရပါတယ်။
News Of Myanmar NOM
201
Repost from News Of Myanmar
🚨 ပြီးခဲ့သည့် ၄၈ နာရီအတွင်း အမေရိကန်သည် အောက်ပါတို့ကို ဆုံးရှုံးခဲ့သည်
• F-15E တိုက်လေယာဉ် (၁) စီး
• A-10 ဝေါ့တ်ဟော့ဂ် Warthog မြေပြင်တိုက်ခိုက်ရေးလေယာဉ် (၁) စီး
• MH-6 လစ်တဲလ် ဘတ်ဒ် Little Bird ရဟတ်ယာဉ် (၄) စီး
• UH-60 လက်ခ် ဟော့ခ် Black Hawk ရဟတ်ယာဉ် (၂) စီး
• C-130 ဟာကျူလီ Hercules သယ်ယူပို့ဆောင်ရေးလေယာဉ် (၂) စီး
• MQ-9 ရီးပါး Reaper ဒရုန်း (၄) စီး
ဤအချက်အလက်များသည် အမေရိကန်သတင်းရင်းမြစ်များ (ABC၊ NBC နှင့် NYT) မှ ရေးသားဖော်ပြထားသည့် ဆုံးရှုံးမှုများသာ ဖြစ်သည်။
NOM
201
Repost from News Of Myanmar
စိတ်ဖောက်သွားပုံရတဲ့ အမေရိကန် သမ္မတ ထရမ့်ဟာ သူ့ရဲ့ထရု(သ်) ဆိုရှယ်မီဒီယာအကောင့်တွင် အခုလိုရေးသားခဲ့ပါတယ်။
"လာမယ့် အင်္ဂါနေ့ဟာ အီရန်နိုင်ငံအတွက် 'လျှပ်စစ်ဓာတ်အားပေးစက်ရုံနေ့' နဲ့ 'တံတားနေ့' တွေ တစ်ပေါင်းတည်း ဖြစ်လာလိမ့်မယ်။
(အင်္ဂါနေ့မှာ အီရန်ရဲ့လျှပ်စစ်ဓါတ်အားပေးစက်ရုံတွေနဲ့ တံတားတွေကို တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခြင်း)
အဲဒီလိုနေ့မျိုး ဘယ်တုန်းကမှ ရှိခဲ့ဖူးမှာ မဟုတ်ဘူး!!!
မင်းတို့ ဒီ ဟော်မုဇ် ရေလက်ကြား ကို အခုချက်ချင်းဖွင့်ပေးလိုက်ကြစမ်း။ ရူးကြောင်ကြောင်ကောင်တွေ၊ မဟုတ်ရင် မင်းတို့ ငရဲခန်းထဲမှာ နေရလိမ့်မယ်။ စောင့်ကြည့်နေလိုက်!
အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းခြင်းရှိပါစေ!"
NOM
201
အီရန်က ပစ်ချလိုက်တဲ့ အမေရိကန် F-15 တိုက်လေယာဉ်ကို တူရကီထုတ် လေကြောင်းရန်ကာကွယ်ရေးစနစ်နဲ့ ပစ်ချခဲ့တယ်ဆိုတဲ့ သတင်းတွေဟာ အခြေအမြစ်မရှိဘူးလို့ တူရကီက ငြင်းဆန်လိုက်ပါတယ်။
ဒီလိုဖော်ပြမှုတွေဟာ ဒေသတွင်းတည်ငြိမ်မှုနဲ့ တူရကီရဲ့ သံတမန်ရေးကဏ္ဍကိုပါ ထိခိုက်စေနိုင်တယ်လို့ တူရကီသမ္မတရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီပစ်ချခံရမှုဟာ တူရကီနဲ့ သက်ဆိုင်မှုမရှိဘူးလို့ အတိအလင်း ငြင်းဆန်လိုက်လည်း ဖြစ်ပါတယ်။
News Of Myanmar NOM
201
ဂျာမနီမှာ အမျိုးသားတွေအနေနဲ့ ၃ လထက်ပိုပြီး နိုင်ငံတွင်းက ထွက်ခွာလိုပါက စစ်တပ်ဆီကနေ ခွင့်ပြုချက် တောင်းခံရမယ်လို့ ညွှန်ကြားလိုက်ပါတယ်။
တိုက်ခိုက်ရေးအရွယ် အသက် ၁၇ နှစ်ပြည့်ပြီးတဲ့ အမျိုးသားတွေရဲ့ လှုပ်ရှားမှုကို ကန့်သတ်လိုက်တာဖြစ်ပြီး လာမယ့် ၂ နှစ်၊ ၃ နှစ်အတွင်းမှာ ဖြစ်ပွားလာနိုင်တဲ့ စစ်ပွဲတွေအတွက် ဂျာမနီဘက်က ကြိုတင်ပြင်ဆင်မှုရဲ့ တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။
ပညာရေး၊ အလုပ်အကိုင်၊ ဒါမှမဟုတ် အလည်အပတ်ခရီးသွားခြင်းတွေအတွက် နိုင်ငံခြားမှာ ၃ လနဲ့အထက် နေထိုင်ဖို့ စီစဉ်ထားသူတိုင်းအတွက် အကျုံးဝင်တယ်လို့လည်း သိရပါတယ်။
News Of Myanmar NOM
201
ပါကစ္စတန်ရေတပ်ဟာ တူရကီက တည်ဆောက်တဲ့ MILGEM အမျိုးအစား စစ်သင်္ဘောသစ်တစင်းကို ကရာချီမြို့မှာ ရေချခဲ့ပြီး ရေတပ်အင်အားကို ပိုမိုအားကောင်းအောင် လုပ်ဆောင်လိုက်ပါတယ်။ ၂၀၁၈ သဘောတူညီချက်အရ ဝယ်ယူထားတဲ့ သင်္ဘောဖြစ်ပြီး အဆင့်မြင့် ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ဖရီးဂိတ် ၄ စင်းထဲက တစင်းဖြစ်တယ်လို့ ဆိုပါတယ်။
News Of Myanmar NOM
201
Repost from News Of Myanmar
+1
ပစ်ချခံရပြီး ကယ်ဆယ်ရန်နောက်ဆုံး ကျန်ရှိနေသော အမေရိကန် F-15 တိုက်လေယာဉ် အမှုထမ်းကို ကယ်တင်နိုင်ခဲ့သော်လည်း နောက်ထပ် လေယာဉ်နှစ်စီးဆုံးရှုံးပြန်
NOM
အီရန်နိုင်ငံအတွင်း ပစ်ချခံရပြီး ကယ်ဆယ်ရန် ကျန်ရှိနေသေးသည့် အမေရိကန် F-15 တိုက်လေယာဉ် အမှုထမ်းတစ်ဦးအား အမေရိကန်အထူးတပ်ဖွဲ့များကသွားရောက်ကယ်ဆယ်ခဲ့ရသည်။
ကယ်ဆယ်ရေးအတွင်း အီရန်တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး F-15 တိုက်လေယာဉ်အမှုထမ်းနှင့် အထူးတပ်ဖွဲ့များအား ကယ်ထုတ်မည့် အမေရိကန် C-130 လေယာဉ်နှစ်စီးမှာ အီရန်နိုင်ငံအတွင်းဆင်းသက်စဉ် မြေကျွံသွားသဖြင့် အမေရိကန်စစ်ဌာနချုပ်က နောက်ထပ်လေယာဉ်သုံးစီး ထပ်မံစေလွှတ်ပြီး F-15 လေယာဉ်အမှုထမ်းနှင့် အမေရိကန်အထူးတပ်ဖွဲ့များကို အီရန်နိုင်ငံအတွင်းမှ ကယ်ထုတ်ခဲ့ရသည်။
အမေရိကန်အထူးတပ်ဖွဲ့များက မဆုတ်ခွာမီ မြေကျွံနေသော C-130 လေယာဉ်နှစ်စီးကို ဖောက်ခွဲဖျက်ဆီးခဲ့ရသည်။
NOM
201
Repost from News Of Myanmar
အီရန်စစ်ပွဲအမေရိကန်အသေအပျောက်ကြေညာ
NOM
အီရန်စစ်ပွဲစတင်ချိန်မှစပြီးအမေရိကန်စစ်တပ်၏ သေဆုံးဒဏ်ရာရစာရင်းကို ပင်တဂွန်စစ်ဌာနချုပ်ကကြေညာရာ သေဆုံးစစ်သည် ၁၃ ဦးနှင့် ဒဏ်ရာရသူ ၃၆၅ ဦးရှိကြောင်း ကြေညာသွားသည်။
Уже доступно! Исследование Telegram 2025 — ключевые инсайты года 
