201
Подписчики
Нет данных24 часа
-17 дней
-830 день
Архив постов
201
Repost from News Of Myanmar
🌟 "ငါတို့က သူတို့ကို သတ်ရုံတင် မဟုတ်ဘူး၊ မုဒိမ်းလည်း ကျင့်နေတာ"
အစ္စရေးစစ်သားတစ်ဦးသည် ပါလက်စတိုင်းလူမျိုးများအပေါ် ကျူးလွန်ခဲ့သည့် လုပ်ရပ်များကို ကြွားဝါပြောဆိုနေသည့် ရုပ်သံဗီဒီယို
News Of Myanmar NOM
201
Repost from News Of Myanmar
👍 🪚 "စစ်မှုထမ်းရမည့်ဘေးမှ ကင်းဝေးစေရန် လက်မောင်းကို ကိုယ်တိုင်လွှဖြင့်ဖြတ်ရန် ကြိုးပမ်းခဲ့သည့် ယူကရိန်းလူငယ်တစ်ဦး"
အိုဒက်ဆာမြို့မှ လူငယ်တစ်ဦးသည် ယူကရိန်းစစ်တပ်အတွင်း စစ်မှုထမ်းရမည့်ဘေးမှ ကင်းဝေးစေရန် ၎င်း၏လက်မောင်းကို ကိုယ်တိုင်လွှဖြင့်ဖြတ်ရန် ကြိုးပမ်းခဲ့ကြောင်း သတင်းများအရ သိရသည်။
လူရွှင်တော်သမ္မတဇလန်းစကီး၏ ယူကရိန်းနိုင်ငံတွင် ရှေ့တန်းစစ်မျက်နှာသို့ မသွားရောက်လိုကြသူအချို့မှာ ယခုကဲ့သို့ အစွန်းရောက်သည့် လုပ်ရပ်မျိုးအထိပင် လုပ်ဆောင်ရန် ဆန္ဒရှိနေကြသည်။
News Of Myanmar NOM
201
Repost from News Of Myanmar
🇺🇸🇮🇱🔥🇨🇳"အမေရိကန်နှင့် အစ္စရေးတို့က အီရန်အပေါ် ဖိအားပေးနေခြင်း၏ အဓိကပစ်မှတ်မှာ တရုတ်နိုင်ငံလော?"
ယခုသီတင်းပတ်အတွင်း ဝါရှင်တန်ဒီစီတွင် ပြုလုပ်ခဲ့သော တွေ့ဆုံမှု၌ အီရန်၏ ရေနံတင်ပို့မှုကို အားနည်းသွားစေရန် အမေရိကန်၏ အင်အားကို အသုံးပြုသွားရန် ဒေါ်နယ်ထရန့်နှင့် နေတန်ယာဟုတို့ သဘောတူညီခဲ့ကြကြောင်း သိရသည်။
💬 "အီရန်အပေါ် အပြင်းထန်ဆုံး ဖိအားပေးမှုတွေ လုပ်ဆောင်သွားဖို့ ကျွန်တော်တို့ သဘောတူခဲ့ကြပါတယ်။ ဥပမာအားဖြင့် တရုတ်နိုင်ငံကို ရေနံရောင်းချနေတဲ့ ကိစ္စမျိုးပေါ့" ဟု အမေရိကန် အဆင့်မြင့်အရာရှိတစ်ဦးက Axios သတင်းဌာနသို့ ပြောကြားခဲ့သည်။
🇨🇳 တရုတ်နိုင်ငံသည် ၎င်း၏ ရေနံစိမ်းလိုအပ်ချက်၏ ၁၃% မှ ၁၆% အထိကို အီရန်အပေါ် မှီခိုနေရသည်။
🇮🇷 အီရန်သည် နိုင်ငံတကာဈေးကွက်သို့ တင်ပို့သော ရေနံ၏ ၈၀% မှ ၉၀% အထိကို တရုတ်နိုင်ငံသို့ ရောင်းချနေခြင်းဖြစ်သည်။
📌 ပါရှန်းပင်လယ်ကွေ့နိုင်ငံများအားလုံးသည် တရုတ်နိုင်ငံ ရေနံလိုအပ်ချက်၏ ၅၀% နှင့်အထက် ကို ဖြည့်ဆည်းပေးနေသည်။
📌 ဝါရှင်တန်သည် ဗင်နီဇွဲလားသမ္မတကို မတရားဖမ်းဆီးပြီး တရုတ်နိုင်ငံသို့ ဦးတည်နေသော ရေနံတင်သင်္ဘောအမြောက်အမြားကို သိမ်းယူခဲ့ပြီးနောက် ဇန်နဝါရီလတွင် ပေကျင်း၏ နိုင်ငံခြားရေနံစိမ်း တင်သွင်းမှု ၃% မှ ၅% ခန့်ကို ဟန့်တားနိုင်ခဲ့သည်။
အမေရိကန်အနေဖြင့် ၎င်းတို့၏ "အပြင်းထန်ဆုံး ဖိအားပေးမှု" ကမ်ပိန်းကို လက်တွေ့တွင် မည်သို့အကောင်အထည်ဖော်မည်ဆိုသည်မှာ ရှင်းလင်းစွာ မသိရသေးပေ။
အကယ်၍ စီးပွားရေးပိတ်ဆို့မှုများဖြင့် လုပ်ဆောင်မည်ဆိုပါက တရုတ်နှင့် အီရန်တို့သည် နှစ်နိုင်ငံစာချုပ်များ၊ တရားမဝင်သင်္ဘောအုပ်စုများ (Shadow Fleets)၊ အသေးစား ရေနံချက်စက်ရုံများ၊ အခြေခံအဆောက်အအုံနှင့် ရေနံ လဲလှယ်သည့်စနစ်များနှင့် နိုင်ငံတကာ ငွေပေးချေမှုစနစ်အသစ်များကို အသုံးပြု၍ လွယ်ကူစွာ ရှောင်လွှဲနိုင်မည်ဖြစ်သည်။
အကယ်၍ ဝါရှင်တန်က ဗင်နီဇွဲလားကိစ္စကဲ့သို့ အီရန်ရေနံတင်သင်္ဘောများကို သိမ်းယူရန် ကြိုးပမ်းပါက အီရန်ဘက်မှလည်း လက်တုံ့ပြန်မှုများ ရှိလာနိုင်ပြီး စစ်မီးတောက်ခြင်း သို့မဟုတ် ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ခြင်းများအထိ ဖြစ်လာနိုင်သည့် အန္တရာယ်ရှိသည်။
ဖေဖော်ဝါရီလအစောပိုင်းတွင် ထရန့်သည် အီရန်နှင့် စီးပွားရေးလုပ်ဆောင်သော မည်သည့်နိုင်ငံကိုမဆို သွင်းကုန်ခွန် ၂၅% အထိ ကောက်ခံနိုင်မည့် အမှုဆောင်အမိန့်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။
သို့သော်လည်း ယခင်က တရုတ်နိုင်ငံအပေါ် အမေရိကန်၏ အခွန်တိုးမြှင့်ကောက်ခံမည်ဟူသော ခြိမ်းခြောက်မှုများသည် မအောင်မြင်ခဲ့ဘဲ ၂၀၂၅ ခုနှစ်တွင် ထရန့်၏ ဖိအားများကြားမှ တရုတ်နိုင်ငံသည် စံချိန်တင် ကုန်သွယ်မှုပိုငွေ ဒေါ်လာ ၁.၂ ထရီလီယံ အထိ ရရှိခဲ့ကြောင်း သိရသည်။
News Of Myanmar NOM
201
Repost from News Of Myanmar
+5
🇨🇳 လိင်ရာဇဝတ်ကောင် ဂျက်ဖရီ အက်ပ်စတိုင်း (Epstein) သည် တရုတ်နိုင်ငံသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့သော်လည်း လုံးဝ အဆင်မပြေခဲ့ပေ
🔪အက်ပ်စတိုင်းသည် တရုတ်နိုင်ငံနှင့် ပတ်သက်လျှင် အလွန်ပင် ကောက်ကျစ်စဉ်းလဲသော ဆက်ဆံရေးရှိခဲ့သူ ဖြစ်သည်။
📌တစ်ဖက်တွင်လည်း ၂၀၁၉ ခုနှစ် မေလအတွင်း စတိဗ် ဘန်နွန် (Steve Bannon) နှင့် ပေးပို့သော စာတိုများတွင် အက်ပ်စတိုင်းက တရုတ်၏ စီးပွားရေးကို "ပျက်သုဉ်းတော့မည့် ကျွန်စနစ်" ဟု ခေါ်ဆိုခဲ့သည်။
ဘန်နွန်ကလည်း တရုတ်ကွန်မြူနစ် ပါတီကို "ကမ္ဘာ့စီးပွားရေးကို စီမံခန့်ခွဲရန် ကြိုးစားနေသည့် လယ်သမားတစ်စု" ဟု ကဲ့ရဲ့ခဲ့သည်။ တရုတ်၏ အိမ်ခြံမြေပူဖောင်းပေါက်ကွဲပြီး စီးပွားရေးတစ်ခုလုံး ပြိုလဲသွားလိမ့်မည်ဟု ၎င်းတို့နှစ်ဦးစလုံးက မျှော်လင့်ခဲ့ကြသည်။ (သို့သော် ထိုသို့ဖြစ်မလာခဲ့ပါ။)
📌 အခြားတစ်ဖက်တွင်မူ အက်ပ်စတိုင်းသည် တရုတ်နိုင်ငံကို အပုပ်ချပြောဆိုနေသော်လည်း တရုတ်နိုင်ငံ စီးပွားရေးအင်အားကြီးနိုင်ငံ ဖြစ်လာချိန်တွင် ၎င်း၏ စီးပွားရေးကဏ္ဍအတွင်းသို့ နည်းလမ်းမျိုးစုံဖြင့် ထိုးဖောက်ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည်။
👉အမေရိကန် တရားရေးဌာန (DoJ) မှ ထုတ်ပြန်လိုက်သည့် အက်ပ်စတိုင်း၏ ဖိုင်တွဲအသစ်များအရ ၎င်းသည် ထိုအလုပ်အတွက် ကြားခံလူ ၃ ဦးကို အသုံးပြုခဲ့ကြောင်း သိရသည် -
🤔ပီတာ မန်ဒယ်လ်ဆင် (Peter Mandelson): သိက္ခာကျခဲ့သည့် ဗြိတိန်ဝန်ကြီးဟောင်းဖြစ်ပြီး ၎င်း၏ Global Counsel ကုမ္ပဏီသည် တရုတ်နိုင်ငံတော်ပိုင် ရင်းနှီးမြှုပ်နှံမှုဘဏ်တစ်ခုဖြစ်သော CICC သို့ ချဉ်းကပ်စည်းရုံးခဲ့သည်။
၎င်းသည် တရုတ်တို့အကြား "နတ်ဘုရားကဲ့သို့ အဆင့်အတန်း" ရှိသည်ဟု အက်ပ်စတိုင်းကို ကြွားဝါခဲ့ပြီး CICC နှင့် အခြားသော နိုင်ငံတော်ပိုင်လုပ်ငန်းများတွင် အကြံပေးပုဂ္ဂိုလ်အဖြစ် ဝင်ရောက်နေရာယူခဲ့သည်။
မန်ဒယ်လ်ဆင်သည် ၂၀၁၀ ခုနှစ်တွင် အက်ပ်စတိုင်းကို ဒက်စမွန် ရှမ် (Desmond Shum) နှင့် မိတ်ဆက် ပေးခဲ့သည်။ ထိုအချိန်က အက်ပ်စတိုင်းမှာ ကလေးသူငယ် ကာမဆက် ဆံမှုဖြင့် ပြစ်ဒဏ်ကျခံထားရသူ ဖြစ်သော်လည်း မန်ဒယ်လ်ဆင်က ၎င်းအား "ထူးခြားသူတစ်ဦး" "အောင်မြင်သော အကြံပေးပုဂ္ဂိုလ်" နှင့် "ဘဏ်လုပ်ငန်း၊ သိပ္ပံနှင့် ပညာရပ်ပိုင်းဆိုင်ရာများတွင် ဩဇာရှိသူ" အဖြစ် ပုံဖော်ခဲ့သည်။
🤔ဒက်စမွန် ရှမ် (Desmond Shum): ရှီကျင့်ဖျင်၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုကြောင့် ၂၀၁၅ ခုနှစ်တွင် နိုင်ငံတွင်းမှ ထွက်ပြေးခဲ့ရသည့် ထိပ်တန်းတရုတ်စီးပွားရေးသမားဖြစ်သည်။
ရှမ်သည် အက်ပ်စတိုင်းကို လေဆိပ်ထောက်ပံ့ပို့ဆောင်ရေး စီမံကိန်းတစ်ခုနှင့် ပင်လယ်ရပ်ခြား ဘဏ်လုပ်ငန်းတစ်ခုတွင် ပါဝင်ရန် စည်းရုံးခဲ့သော်လည်း အက်ပ်စတိုင်းကမူ နောက်ဆုတ်သွားခဲ့ပုံရသည်။
🤔ဒေးဗစ် စတန်း (David Stern): သိက္ခာကျခဲ့သည့် ဗြိတိန်တော်ဝင်မင်းသား အန်ဒရူး (Prince Andrew) ၏ လက်ပါးစေ ဖြစ်သည်။ ၎င်းသည် အက်ပ်စတိုင်းအတွက် တရုတ်နိုင်ငံတွင် စီးပွားရေးလုပ်ငန်းများစွာ ဖြစ်မြောက်ရန် ကူညီပေးခဲ့သူဖြစ်သည်။
➡️ စတန်းသည် အက်ပ်စတိုင်းကို သူ၏ "ဆရာ" ဟု ခေါ်ဆိုပြီး မိမိကိုယ်ကိုယ် "သစ္စာရှိသော စစ်သည်တော်" တစ်ဦးအဖြစ် သတ်မှတ်ခဲ့သည်။ ၎င်းသည် ပေကျင်းတွင် တရုတ်သူဌေးကြီးများအတွက် အကြံပေးလုပ်ငန်း ထောင်ရန်၊ လျှပ်စစ်ကား (EV) လုပ်ငန်း စတင်ရန်၊ ကျရှုံးနေသော ကားကုမ္ပဏီတစ်ခုထဲသို့ ဒေါ်လာ သန်း ၃၀၀ ရင်းနှီးမြှုပ်နှံရန်၊ နိုင်ဂျီးရီးယား ရေနံလုပ်ငန်းနှင့် တရုတ်တို့ အာဖရိကတွင် ရင်းနှီးမြှုပ်နှံရန် ကြားခံလုပ်ဆောင်ပေးရန် စသည့် အကြံအစည်များကို နှစ်ပေါင်းများစွာ ထုတ်ခဲ့သည်။ ထူးဆန်းသည်မှာ ထိုလုပ်ငန်းတစ်ခုမျှ လက်တွေ့တွင် ဖြစ်ပေါ်မလာခဲ့ခြင်း ဖြစ်သည်။
➡️၂၀၁၂ ခုနှစ်တွင် အက်ပ်စတိုင်းသည် ရာဇဝတ်မှုမှတ်တမ်းကြောင့် တရုတ်ဗီဇာ ငြင်းပယ်ခံရသောအခါ စတန်းက နောက်တစ်ကြိမ် လျှောက်ထားလျှင် လိမ်ညာပြီး ပါရီမြို့၌ လျှောက်ထားရန် အကြံပေးခဲ့သည်။ "အရင်က ဗီဇာငြင်းခံရတာတွေ၊ ရာဇဝတ်မှု မှတ်တမ်းရှိတာတွေကို ဖောင်ထဲမှာ အမှန်မခြစ်တာက ပိုကောင်းပါလိမ့်မယ်" ဟု ၎င်းက ကူညီသည့်အနေဖြင့် အကြံပြုခဲ့သည်။
➡️စတန်းသည် တရုတ်အဆင့်မြင့်အရာရှိကြီးများ၏ သားသမီးမြေးမြစ်များအကြောင်းကိုလည်း အက်ပ်စတိုင်းအား သတင်းပေးခဲ့သည်။ သို့သော် စတန်းက ၎င်းတွင် အဆက်အသွယ်ကောင်းများ ရှိသည်ဟု ကြွားဝါခဲ့သော်လည်း အက်ပ်စတိုင်းသည် ၎င်းတို့နှင့် စီးပွားရေးအရ မည်သည့်အခါမျှ လက်တွဲခွင့်မရခဲ့ပေ။
➡️အက်ပ်စတိုင်းဖိုင်တွဲများ ထွက်ပေါ်လာပြီးနောက် တရုတ်အစိုးရပိုင် Global Times က ဤဖြစ်ရပ်သည် "အမေရိကန် ဘဏ္ဍာရေးအရင်းရှင်စနစ်၏ ကိုယ်ကျင့်တရား လုံးဝပျက်ပြားမှုကို ပြသနေသည့် သက်သေ" ဟု ဖော်ပြခဲ့သည်။
သို့သော် အက်ပ်စတိုင်းသည် ကမ္ဘာကျော် လူယုတ်မာတစ်ဦးအဖြစ် မသိကြသေးမီကပင် တရုတ်နိုင်ငံသည် ၎င်း၏ ဗီဇမှန်ကို ရိပ်မိပုံရသည်။
News Of Myanmar NOM
201
Repost from News Of Myanmar
🇨🇳 🇯🇵 ဂျပန်ဝန်ကြီးချုပ်၏ "ထိုင်ဝမ်အရေးပေါ်အခြေအနေ" ဟု သုံးနှုန်းပြောဆိုမှုအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) က တုံ့ပြန်လိုက်သည်။
"ထပ်ပြီးတော့ လောင်းကစားဆန် ဆန် စမ်းကြည့်ချင်သေးတယ်ဆိုရင်တော့ ခင်ဗျားတို့ရဲ့ ရှုံးနိမ့်မှုက ပိုပြီးမြန်ဆန်လာလိမ့်မယ်။ ပြီးတော့ ပိုပြီးတော့လည်း အထိနာပျက်စီးလိမ့်မယ်။"
News Of Myanmar NOM
201
Yedioth Ahronoth နေ့စဉ်သတင်းစာရဲ့ မနေ့က ဖော်ပြခဲ့မှုအရ အစ္စရေးစစ်ဘက်ဝန်ထမ်း ၅ သောင်းကျော်ဟာ အနည်းဆုံး နိုင်ငံခြားသားတဦးဦးအဖြစ် ခံယူထားလို့ သိရပါတယ်။ Anadolu ရဲ့ အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထားပြီး သတင်းအချက်အလက်လွတ်လပ်ခွင့် တောင်းဆိုမှုအပေါ် တုံ့ပြန်မှုအနေနဲ့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
အချက်အလက်အရ စစ်သားပေါင်း ၅ သောင်းကျော်ဟာ အစ္စရေးနိုင်ငံသားဖြစ်မှုနဲ့အတူ အခြားသော နိုင်ငံသားတွေအဖြစ်ပါ ခံယူထားတာလို့ ဆိုပါတယ်။ ၁၂၁၃၅ ဦးက အမေရိကန်နိုင်ငံသားဖြစ်ပြီး အများဆုံးဖြစ်ကာ ပြင်သစ်နိုင်ငံသားအဖြစ် ၆၁၂၇ ဦး၊ ရုရှားနိုင်ငံသားအဖြစ် ၅၀၀၀ ကျော်ရှိကာ ဂျာမနီ၊ ယူကရိန်း၊ ဗြိတိန်၊ ရိုမေးနီးယား၊ ပိုလန်၊ အီသီယိုပီးယားနဲ့ ကနေဒါတို့လည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။
News Of Myanmar NOM
201
ယူကရိန်းရှင်သန်ရပ်တည်ရေးဟာ open question တခုဖြစ်နေဆဲဖြစ်ပြီး ရုရှားရဲ့ တိုက်ခိုက်မှုတွေကလည်း ကိယက်ဗ်ကို ကပ်ဘေးအစွန်းဆီ တွန်းပို့နေပြီလို့ ကိယက်ဗ်မြို့တော်ဝန်ဖြစ်သူ ဟဲဗီးဝိတ်ချန်ပီယံဟောင်း ကလစ်ရှ်ကိုက ပြောဆိုလိုက်ပါတယ်။
ဒါ့အပြင် သမ္မတ ဇယ်လင်စကီးဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေကို အားနည်းစေပြီး တရားရုံးဆီ မရောက်နိုင်တဲ့ နိုင်ငံရေးကိစ္စတွေကို လုပ်နေပြီး အချိန်ကုန်နေတယ်လို့လည်း သူက ပြစ်တင်သွားခဲ့ပါတယ်။
News Of Myanmar NOM
201
Repost from News Of Myanmar
🤍 🇺🇸 🔥 🇮🇷 မီးနဲ့ကစားခြင်း- အီရန်နှင့် ရက်သတ္တပတ်ပေါင်းများစွာကြာ စစ်ပွဲဆင်နွှဲရန် အမေရိကန် ပြင်ဆင်နေ
📌အကယ်၍ သမ္မတ ဒေါ်နယ်ထရမ့်က အမိန့်ပေးခဲ့ပါက အမေရိကန် လက်နက်ကိုင်တပ်ဖွဲ့များသည် ရက်သတ္တပတ်ပေါင်းများစွာ ကြာမြင့်မည့် စစ်ပွဲတစ်ခုအတွက် ပြင်ဆင် နေကြောင်း သတင်းများ ထွက်ပေါ်နေသည်။
📌ပြီးခဲ့သည့်နှစ်က အမေရိကန်တို့ပြုလုပ်ခဲ့သော "Midnight Hammer" ဗုံးကြဲတိုက်ခိုက်မှုထက် ပိုမိုရှုပ်ထွေးပြီး သွေးထွက်သံယိုများပြားမည့် စစ်ဆင်ရေးတစ်ခုအတွက် ပင်တဂွန်စစ်ဌာနချုပ်က လက်ရှိတွင် အစီအစဉ်များ ရေးဆွဲနေကြောင်း အမည်မဖော်လိုသူ အမေရိကန် အရာရှိနှစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။
📌အမေရိကန်သည် အီရန်၏ နျူကလီးယား အဆောက်အအုံများကိုသာ တိုက်ခိုက်မည်မဟုတ်ဘဲ အီရန် အစိုးရနှင့် လုံခြုံရေးတပ်ဖွဲ့များကိုပါ ပစ်မှတ်ထားနိုင်ကြောင်း ၎င်းတို့က အရိပ်အမြွက် ပြောဆိုခဲ့သည်။
📌အိုမန်နိုင်ငံတွင် မကြာသေးမီက ပြုလုပ်ခဲ့သော အမေရိကန်-အီရန် ဆွေးနွေးပွဲများအပြီးတွင် ယခုကဲ့သို့ စီစဉ်လာခြင်းဖြစ်ပြီး အမေရိကန်သည် ဒေသတွင်းစစ်ပွဲကြီးတစ်ခုအတွက် လေယာဉ်တင်သင်္ဘောနောက်ထပ်တစ်စီး၊ စစ်သည်အင်အား ထောင်ပေါင်းများစွာနှင့် တိုက်လေယာဉ်များကိုပါ ထပ်မံစေလွှတ်လျက်ရှိသည်။
🤥 🇺🇸 သံတမန်ရေးရာဆိုသည်မှာ လက်နက်အားကိုး ခြိမ်းခြောက်မှုဖြင့် ကျောထောက်နောက်ခံပြုထားရမည်ဖြစ်ကြောင်း သောကြာနေ့က စစ်တပ်သို့ ပြောကြားရာတွင် ထရမ့်က ထည့်သွင်းပြောဆိုခဲ့သည်။
"တချို့အချိန်တွေမှာ ကြောက်ရွံ့မှုကို အသုံးချရတယ်၊ ဒါမှသာ အခြေအနေတစ်ခုကို အမှန်တကယ် ကိုင်တွယ်ဖြေရှင်းနိုင်မှာပါ" ဟု ၎င်းက ဆိုသည်။
📌အီရန်တွင် အင်အားကြီးမားသော ဒုံးကျည်လက်နက်တိုက်များရှိနေပြီး ဒေသတစ်ခုလုံးကို ကူးစက်သွားစေမည့် တုံ့ပြန်တိုက်ခိုက် မှုမျိုးကို အမေရိကန်က အပြည့်အဝ မျှော်လင့်ထားကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက သတိပေးထားသည်။
📌အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ အန်နာကယ်လီကမူ "နည်းလမ်းအားလုံးကို စားပွဲပေါ်တင်ထားပြီးဖြစ်ကြောင်း" (ရွေးချယ်စရာ နည်းလမ်းအားလုံးအတွက် အသင့်ရှိနေကြောင်း) ပြောကြားခဲ့သည်။
News Of Myanmar NOM
201
United Airlines ခရီးသည်တဦးဟာ လေယာဉ်မှားစီးမိခဲ့လို့ ဂျပန်ကို ရောက်သွားတဲ့ ဖြစ်ရပ်တခု ဖြစ်ပွားခဲ့ပါတယ်။ သူဟာ လော့အိန်ဂျလိစ်ကနေ နီကာရာဂွာနိုင်ငံကို သွားမှာဖြစ်ပြီး Houston ကတဆင့် ထပ်မံစီးနင်းရမှာပါ။
ဒါပေမယ့် သူဟာ လေယာဉ်စီးနင်းချိန် ၆ နာရီလောက်အထိ ကြာမြင့်လာချိန်မှာ သံသယဝင်လာခဲ့ပြီး လေယာဉ်မယ်တွေကို အကြောင်းကြားခဲ့ရာမှ လေယာဉ်မှားစီးခဲ့တယ်ဆိုတာကို သိသွားခဲ့ပါတယ်။ သူဟာ အချိန်တူနီးပါး ထွက်ခွာတဲ့ နိုင်ငံတကာခရီးစဉ်လေယာဉ်ကို မှားယွင်းခဲ့တာလည်း ဖြစ်ပါတယ်။
တိုကျိုကို ရောက်ခဲ့ပြီးနောက် လော့အိန်ဂျလိစ်ကို ပြန်မယ့် အခြားလေယာဉ်တစင်းနဲ့ ပြန်လိုက်ပါခဲ့ရတယ်။ ကော်လ်ဒီယွန်လို့ အမည်ရတဲ့ အဆိုပါခရီးသည်က လုံခြုံရေးစနစ်မှာ ဟာကွက်တွေ ရှိနေတယ်လို့ ဝေဖန်ခဲ့ပြီး သူဟာ ခရီးအောင်အိတ်တွေ အခြားနေရာမှာ ကျန်ခဲ့လို့၊ အချိန်မှားတာကြောင့် မူလတည်းခိုမယ့် အစီအစဉ်တွေပါ ပျက်ခဲ့ပြီး ငွေကုန်ကြေးကျ ပိုများသွားခဲ့ရပါတယ်။
လေကြောင်းလိုင်းကတော့ သူ့ကို ဒေါ်လာ ၁၀၀၀ တန်ဖိုးရှိတဲ့ ခရီးသွား credit ကို အလျော်ပေးခဲ့တယ်လို့ သိရပါတယ်။ သူဟာ နီကာရာဂွါကိုလည်း ၄၈ နာရီလောက် နောက်ကျပြီးမှ ရောက်ရှိသွားခဲ့ရပါတယ်။
News Of Myanmar NOM
201
AUKUS ကာကွယ်ရေးသဘောတူညီချက်အရ ဩစတြေးလျဟာ နူကလီးယားရေငုပ်သင်္ဘောတွေ ပို့ဆောင်သွားလာရာမှာ အထောက်အကူဖြစ်စေမယ့် သင်္ဘောကျင်းတခု တည်ဆောက်ဖို့ ဩစတြေးလျ ဒေါ်လာ ၃.၉ ဘီလျံ အသုံးပြုသွားမယ်လို့ ဒီနေ့မှာ ကြေညာလိုက်ပါတယ်။
အမေရိကန်၊ ဗြိတိန်တို့နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ဖြစ်ပြီး ဩစတြေးလျရဲ့ အကြီးမားဆုံးကာကွယ်ရေး ရင်းနှီးမြုပ်နှံမှုဖြစ်ကာ ၂၀၂၇ မှာ အမေရိကန်ရဲ့ ကွပ်ကဲမှုနဲ့ ဩစတြေးလျမှာ အခြေစိုက်မယ့် Virginia ရေငုပ်သင်္ဘောတွေကို တည်ဆောက်မှာဖြစ်ပြီး ၂၀၃၀ မှာ ဩစတြေးလျဆီ ပြန်လည်ရောင်းချဖို့ ရည်မှန်းထားပြီး ရေငုပ်သင်္ဘောအမျိုးအစားသစ်တခု တည်ဆောက်မှုတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။
News Of Myanmar NOM
201
အနောက်ဘင်္ဂလားပြည်နယ်မှာ အသက် ၂၅ နှစ်အရွယ် သူနာပြုတဦး ဆေးရုံမှာ သေဆုံးပြီးနောက် အိန္ဒိယမှာ နီပါဗိုင်းရပ်စ်ကြောင့် ပထမဆုံးသေဆုံးသူ ဖြစ်လာခဲ့ပါတယ်။ ဆေးရုံအထူးကြပ်မတ်ကုသဆောင်မှာ ကုသမှုခံယူနေရတဲ့ အမျိုးသမီးဟာ အဆုတ်ပိုးဝင်ခြင်းနဲ့ အခြားသောရှုပ်ထွေးမှုတွေကို ခံစားခဲ့ရကာ နှလုံးရပ်သွားခဲ့တယ်လို့ ကျန်းမာရေးအရာရှိတွေက ဆိုပါတယ်။
သူမဟာ ပြည်နယ်အတွင်း ဗိုင်းရပ်စ်ကူးစက်ရသူ ၂ဦးထဲက ၁ ဦးဖြစ်ပြီး နောက်ထပ်တဦးဖြစ်တဲ့ အသက် ၂၇ နှစ်အရွယ် အမျိုးသားသူနာပြုကတော့ ပြန်လည်ကောင်းမွန်ပြီး ဆေးရုံက ဆင်းသွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ နီပါဗိုင်းရပ်စ်ကြောင့် အမျိုးသမီးတဦးသေဆုံးခဲ့တယ်လို့ WHO က အတည်ပြုပြီး ရက်အတန်ကြာမှာ အိန္ဒိယမှာလည်း ဒီလိုသေဆုံးမှုဖြစ်ခဲ့တာပါ။ ထိတွေ့ခဲ့သူအားလုံးကိုလည်း စောင့်ကြည့်စစ်ဆေးခဲ့ပြီး နောက်ထပ်ကူးစက်မှုတွေ မတွေ့ရဘူးလို့ ကျန်းမာရေးအာဏာပိုင်တွေက ပြောဆိုထားပါတယ်။
News Of Myanmar NOM
201
အီရန်မှာ ထရမ့်ကို ကွပ်မျက်တဲ့လုပ်ရပ်ကို ပြဇာတ်တခုအဖြစ်နဲ့ ကျင်းပခဲ့တာပါ။
အမေရိကန်ရဲ့ ရန်လိုတဲ့ ရည်ရွယ်ချက်တွေက အီရန်နိုင်ငံသားတွေကို လှုံ့ဆော်ပေးမှုတခုလိုမျိုး ဖြစ်လာနေပါတယ်။
News Of Myanmar NOM
201
Repost from News Of Myanmar
🇧🇩 🇮🇳 ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တာရစ် ရာမန် (Tariq Rahman) ဦးဆောင်သော အိန္ဒိယနှင့် ရင်းနှီးသည့် အစိုးရသစ် ပြန်လည်တက်ရောက်လာပြီဖြစ်သည်။
ကာလရှည် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူ ရှိတ်ဟာဆီနာ (Sheikh Hasina) ကို ရာထူးမှ ဖယ်ရှားခဲ့သည့် ၂၀၂၄ ခုနှစ် အရေးတော်ပုံနောက်ပိုင်း ပထမဆုံးအကြိမ် ကျင်းပသည့် ရွေးကောက်ပွဲတွင် ဘင်္ဂလားဒေ့ရှ် အမျိုးသားဝါဒီပါတီ (BNP) က အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
အသက် ၆၀ အရွယ်ရှိပြီဖြစ်သော တာရစ် ရာမန်၏ နိုင်ငံရေးလောကသို့ တစ်ကျော့ပြန်လာမှုမှာ ထူးခြားလှသည်။ ၎င်းသည် သမ္မတဟောင်း ဇီယာ ရာမန် (Ziaur Rahman) နှင့် ဝန်ကြီးချုပ်ဟောင်း ခါလီဒါ ဇီယာ (Khaleda Zia) တို့၏ သားဖြစ်ပြီး နိုင်ငံရေး "မျိုးရိုးမြင့်" မိသားစုဝင်တစ်ဦးဖြစ်သည်။
၂၀၁၇ ခုနှစ်တွင် အဂတိလိုက်စားမှုနှင့် ငွေကြေးခဝါချမှု စွဲချက်များဖြင့် ဖမ်းဆီးခံရပြီးနောက် နိုင်ငံရေးလောကမှ ခေတ္တပျောက်ကွယ်သွားခဲ့သူလည်း ဖြစ်သည်။
BNP ပါတီ အာဏာပြန်ရလာခြင်းအပေါ် အိန္ဒိယအနေဖြင့် ကြီးကြီးမားမား စိုးရိမ်စရာရှိမည်မဟုတ်ပေ။ အကြောင်းမှာ ရာမန်သည် အိန္ဒိယ၏ အကျိုးစီးပွားများကို လေးစားလိုက်နာမည်ဟု အရိပ်အယောင်ပြထားသောကြောင့်ဖြစ်ပြီး၊ ၎င်းမှာ သူ၏မိခင်ကျင့်သုံးခဲ့သည့် "ဘင်္ဂလားဒေ့ရှ် ပထမ" (Bangladesh first) မူဝါဒမှ ခွဲထွက်ပြောင်းလဲလာခြင်းလည်း ဖြစ်နိုင် သည်။ လောလောဆယ်တွင်မူ အခြေအနေကို စောင့်ကြည့်ရဦးမည့် အဆင့်တွင်သာ ရှိနေပါသေးသည်။
အိန္ဒိယသည် ဂျာမတ်-အီး-အစ္စလာမ်မီ (Jamaat-e-Islami) ပါတီကို အန္တရာယ်ရှိပြီး အကြမ်းဖက်ဝါဒနှင့် ဆက်နွှယ်နေသည်ဟု ပုံဖော်ကာ ဒေသတွင်း သြဇာမကြီးထွားလာစေရန် တက်ကြွစွာ တားဆီးခဲ့သည်။ ထိုသို့ ဟန့်တားရန်အတွက် လူမှုကွန်ရက် လှုပ်ရှားမှုများနှင့် နိုင်ငံရေးအရ ဖိအားပေးမှုများကိုလည်း အသုံးပြုခဲ့သည်။
သို့သော်လည်း အိန္ဒိယ၏ အစ္စလာမ်ဘာသာအပေါ် မုန်းတီးမှုအခြေခံသည့် ပြင်းထန်သော ကြိုးပမ်းအားထုတ်မှုများ ရှိနေလင့်ကစား ဂျာမတ်ပါတီသည် အမတ်နေရာ ၆၈ နေရာအထိ အနိုင်ရရှိခဲ့ပြီး အဖွဲ့ဝင် ၃၅၀ ရှိသော ဂျာတီယာ သံဂတ် (Jatiya Sangsad) လွှတ်တော်တွင် အဓိက အတိုက်အခံပါတီ ဖြစ်လာခဲ့သည်။ (ထိုလွှတ်တော်တွင် ထပ်တိုး အမည်စာရင်းတင်သွင်းထားသူ ၅၀ ဦးလည်း ရှိသည်)။ ၎င်းက ဂျာမတ်ပါတီသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးတွင် အရေးပါသော အင်အားစုတစ်ခုအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း ပြသနေပါသည်။
BNP: ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အဓိက လက်ယာယိမ်းပါတီကြီးတစ်ခု ဖြစ်သည်။
ဂျာမတ်-အီး-အစ္စလာမ်မီ (Jamaat-e-Islami): ဘင်္ဂလားဒေ့ရှ်၏ အကြီးဆုံး အစ္စလာမ်မစ် ပါတီဖြစ်ပြီး အိန္ဒိယနှင့် ဆက်ဆံရေး တင်းမာလေ့ရှိသည်။
News Of Myanmar NOM
201
Repost from News Of Myanmar
ယူကရိန်း F-16 တိုက်လေယာဉ်မှ ပစ်လွှတ်လိုက်သော AIM-120 ဝေဟင်မှဝေဟင်ပစ် ဒုံးကျည်တစ်စင်းသည် ရုရှား၏ Shahed-136 အသေခံဒရုန်းကို ဖျက်ဆီးလိုက်သည့် ဗီဒီယိုဖြစ်သည်။
AIM-120 ဒုံးကျည်တစ်စင်းသည် အမေရိကန်ဒေါ်လာ ၁ သန်းမှ ၃ သန်းခန့်အထိ ကုန်ကျစရိတ်ရှိသဖြင့် ဒေါ်လာ ၃၀,၀၀၀ သာတန်သော ဒရုန်းတစ်စင်းအတွက် ထိုဒုံးကျည် ကို အသုံးပြုခြင်းမှာ တကယ့်ကို ရူးသွပ်ရာကျသည်။
၎င်းမှာ ယူကရိန်းအနေဖြင့် ဥရောပအခွန်ထမ်းပြည်သူများ၏ ငွေကြေးများကို ဖြုန်းတီးပစ်ရန် အလွန်အမင်း ဝန်မလေးတော့သည့် အခြေအနေကို ဖော်ပြနေခြင်းပင် ဖြစ်သည်။
News Of Myanmar NOM
201
"ဂျာမနီ၏ မော်တော်ယာဉ်လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှုနှင့် အလုပ်အကိုင်များ ပြည်ပသို့ ရောက်ရှိသွားခြင်းကြောင့် 'အကျပ်အတည်း' ဆိုက်နေဟု လုပ်ငန်းရှင်များအဖွဲ့ကဆို"
ဂျာမနီနိုင်ငံ၏ မော်တော်ယာဉ်ထုတ် လုပ်မှုဗဟိုချက်အဖြစ် ရပ်တည်မှုမှာ ရင်းနှီးမြှုပ်နှံမှုများနှင့် အလုပ်အကိုင်များ ပြည်ပသို့ တဖြည်းဖြည်းစီးထွက်သွားခြင်းကြောင့် အားနည်းလာမည့် အန္တရာယ်ရှိနေကြောင်း လုပ်ငန်းရှင်များအဖွဲ့က ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် သတိပေးလိုက်ပြီး စီးပွားရေးတိုးတက်မှုကို အားပေးမည့် အစီအမံများကိုသာ အာရုံစိုက်ရန် ဘာလင်နှင့် ဘရပ်ဆဲလ် (EU) တို့ကို တောင်းဆိုလိုက်သည်။
"ဂျာမနီနိုင်ငံဟာ စီးပွားရေးလုပ်ကိုင်ရာ နေရာတစ်ခုအဖြစ် ကြီးမားတဲ့ အကျပ်အတည်းကို ရင်ဆိုင်နေရပါတယ်" ဟု VDA (မော်တော်ယာဉ်လုပ်ငန်းအဖွဲ့ချုပ်) ဥက္ကဋ္ဌ Hildegard Mueller က ပြောကြားခဲ့သည်။
မော်တော်ယာဉ် ထောက်ပံ့ရေးကွင်းဆက်တွင်ရှိသော ဂျာမနီနိုင်ငံမှ အသေးစားနှင့် အလတ်စားလုပ်ငန်းများအပေါ် VDA က ကောက်ယူခဲ့သော စစ်တမ်းတစ်ခုအရ ကုမ္ပဏီများ၏ ၇၂% မှာ ဂျာမနီတွင် ရင်းနှီးမြှုပ်နှံမှုများကို လျှော့ချရန် စီစဉ်နေကြောင်း သိရသည်။ ယင်းအနက် ၂၈% မှာ ပြည်ပသို့ ပြောင်းရွှေ့ရန်၊ ၂၅% မှာ ဆိုင်းငံ့ထားရန်နှင့် ၁၉% မှာ လုံးဝဖျက်သိမ်းရန် စီစဉ်နေကြခြင်းဖြစ်သည်။
ဇန်နဝါရီ ၁၁ ရက်မှ ၂၅ ရက်အထိ ကောက်ယူခဲ့သော ထိုစစ်တမ်းရလဒ်များနှင့် ပတ်သက်၍ "ဒီရင်းနှီးမြှုပ်နှံမှု ဆုံးဖြတ်ချက်တွေဟာ အလုပ်အကိုင် ကိန်းဂဏန်းတွေအပေါ် သက်ရောက်မှုရှိနေပါပြီ" ဟု Mueller က ဆိုသည်။
စစ်တမ်းကောက်ယူခဲ့သော ကုမ္ပဏီ ၁၂၄ ခုအနက် သုံးပုံနှစ်ပုံနီးပါးမှာ ပြီးခဲ့သည့်နှစ်က ဂျာမနီတွင် အလုပ်အကိုင်များ လျှော့ချခဲ့ပြီး ၎င်းတို့အနက် ၈၇% မှာ ယှဉ်ပြိုင်နိုင်စွမ်း အားနည်းလာခြင်းကို အကြောင်းပြခဲ့ကြသည်။ လက်ရှိတွင် ၄၉% က ဂျာမနီတွင် ဝန်ထမ်းအင်အား လျှော့ချနေသော်လည်း ပြည်ပတွင် လျှော့ချသည့်နှုန်းမှာ ၇% သာရှိသည်။
ဂျာမန်မော်တော်ယာဉ် အပိုပစ္စည်းထုတ်လုပ်သူများသည် အော်ဒါများ ကျဆင်းခြင်း၊ ပြည်ပမှ ပြင်းထန် သော ယှဉ်ပြိုင်မှုများနှင့် လျှပ်စစ် ကား (EV) နှင့် ဆော့ဖ်ဝဲလ်ပိုင်းသို့ ကူးပြောင်းရာတွင် အခက်အခဲများစွာ ရင်ဆိုင်နေရသည်။
Volkswagen၊ Mercedes ကဲ့သို့သော ထိပ်တန်းကားထုတ်လုပ်သူများနှင့် Bosch၊ ZF၊ Aumovio ကဲ့သို့သော အပိုပစ္စည်းထုတ်လုပ်သူများသည်လည်း အလုပ်အကိုင်ပေါင်း သောင်းနှင့်ချီ လျှော့ချမည်ဖြစ်ကြောင်း ကြေညာထားကြသည်။
နိုဝင်ဘာလက ထွက်ပေါ်လာသော အစိုးရအချက်အလက်များအရ ဂျာမနီမော်တော်ယာဉ်လုပ်ငန်းရှိ အလုပ်အကိုင်အရေအတွက်မှာ ၂၀၁၁ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိနေသည်။
အလုပ်အကိုင်များ ဆုံးရှုံးခြင်းသည် နိုင်ငံရေးအရ ရိုက်ခတ်မှုများရှိလာနိုင်ကြောင်း Mueller က ပြောကြားခဲ့ပြီး အလုပ်အကိုင် မမြဲသည့် အခြေအနေဖြစ်နေသော လုပ်သားများကို လက်ယာစွန်းရောက် AfD (Germany အတွက် အခြားရွေးချယ်စရာပါတီ) က ပစ်မှတ်ထား စည်းရုံးနေသည်ဟု ဖြည့်စွက်ပြောဆိုခဲ့သည်။
"ရင်းနှီးမြှုပ်နှံမှုနဲ့ အလုပ်အကိုင် တွေ ပြည်ပကို ထွက်ခွာသွားတာဟာ ကျွန်မတို့နိုင်ငံရဲ့ သာယာဝပြောမှု၊ လူမှုရေးနဲ့ နိုင်ငံရေး တည်ငြိမ်မှုတွေအပေါ် အကျိုးဆက်တွေ ရှိလာမှာပါ" ဟု သူမက ဆိုသည်။
အီးယူ (EU) က လျှပ်စစ်ကားကူးပြောင်းမှုနှင့် ပတ်သက်၍ ချမှတ်ထားသော စည်းမျဉ်းအစီအမံများကိုလည်း သူမက ဝေဖန်ခဲ့သည်။
"မော်တော်ယာဉ်ထုတ်လုပ်တဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ အခုလက်ရှိ အဆိုပြုချက်တွေကို ကျွန်မတို့ လုံးဝကျေနပ်လို့ မရပါဘူး" ဟု ဆိုကာ တင်းကျပ်သော စည်းမျဉ်းများအစား ဈေးကွက်ကို အခြေခံသည့် မက်လုံးပေးမှုများကိုသာ Mueller က တောင်းဆိုခဲ့သည်။ VDA အနေဖြင့် လျှပ်စစ်ကားကူးပြောင်းရေး သတ်မှတ်ချက်များတွင် ပိုမိုပြောင်းလွယ်ပြင်လွယ်ရှိစေရန် ဂျာမန်ကားထုတ်လုပ်သူများ၏ တောင်းဆိုချက်ကို ထပ်ဆင့်ထောက်ခံထားသည်။
News Of Myanmar NOM
201
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှာ ရထားလမ်းဖောက်နေတဲ့အချိန် လမ်းပေါ်မှာ မြေတွေကျွံပြီး ကြီးမားတဲ့ ကျင်းကြီးတကျင်း ဖြစ်ပေါ်လာခဲ့ပါတယ်။ လမ်းအပိုင်းတခုလုံးလည်း ကျွံကျသွားခဲ့ပြီး ဘေးနားက အဆောာက်အဦတွေပါ ကျင်းထဲပြုတ်ကျခဲ့တော့မှ အလုပ်သမားတွေလည်း သတိထားမိခဲ့ပြီး အမြန်ထွက်ပြေးခဲ့ကြရပါတယ်။
News Of Myanmar NOM
201
"ဘီယာရောင်းအား ကျဆင်းလာမှုကြောင့် AI အသုံးပြု၍ 'ကုန်ထုတ်စွမ်းအား မြှင့်တင်ရေး' စီမံချက်ဖြင့် Heineken က အလုပ်အကိုင် ၆,၀၀၀ ခန့် လျှော့ချမည်"
ကမ္ဘာ့ဒုတိယအကြီးဆုံး ဘီယာချက်လုပ်ရေးလုပ်ငန်းဖြစ်သော Heineken သည် ဘီယာဝယ်လိုအား ကျဆင်းနေခြင်းကို တုံ့ပြန်ရန်နှင့် လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုမြန်ဆန်လာစေရန်အတွက် လာမည့်နှစ်နှစ် အတွင်း ကမ္ဘာတစ်ဝန်းရှိ ၎င်း၏လုပ်သားအင်အားထဲမှ အလုပ်အကိုင်ပေါင်း ၅,၀၀၀ မှ ၆,၀၀၀ ကြား (စုစုပေါင်း ဝန်ထမ်းအင်အား၏ ၇ ရာခိုင်နှုန်းခန့်) ကို လျှော့ချသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ကြေညာခဲ့သည်။
📌 လျှော့ချမည့် အရေအတွက်: အလုပ်အကိုင် ၆,၀၀၀ ခန့် (ကမ္ဘာတစ်ဝန်းရှိ ဝန်ထမ်း ၈၇,၀၀၀ အနက်မှ ဖြစ်သည်)။
📌 အဓိကအကြောင်းရင်း: ဘီယာရောင်းအား ကျဆင်းခြင်းနှင့် ဉာဏ်ရည်တု (AI) နည်းပညာကို အသုံးပြုကာ ကုန်ကျစရိတ်သက်သာစေမည့် "EverGreen" မဟာဗျူဟာကို အရှိန်မြှင့်ခြင်း။
📌 ရည်မှန်းချက်: နှစ်စဉ် ယူရိုသန်း ၅၀၀ (အမေရိကန်ဒေါ်လာ ၅၂၅ သန်းခန့်) ကို ချွေတာနိုင်ရန်။
Heineken ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Dolf van den Brink က CNBC သို့ ပြောကြားရာတွင် ဤသို့ အလုပ်အကိုင်လျှော့ချရခြင်းမှာ AI နှင့် ဒစ်ဂျစ်တယ်စနစ်များကြောင့် တစ်စိတ်တစ်ပိုင်း ပါဝင်ကြောင်း အတည်ပြုခဲ့သည်။
"ကျွန်တော်တို့ရဲ့ 'EverGreen 2030' မဟာဗျူဟာမှာ နည်းပညာ၊ ဒစ်ဂျစ်တယ်စနစ်နဲ့ အထူးသဖြင့် AI တို့ဟာ ကုန်ထုတ်စွမ်းအား မြှင့်တင် ရေးအတွက် အရေးကြီးတဲ့ အစိတ် အပိုင်းတွေ ဖြစ်လာမှာပါ" ဟု ၎င်းကဆိုသည်။
ကုမ္ပဏီသည် ရုံးပိုင်းဆိုင်ရာ လုပ်ငန်းစဉ်များကို ဗဟိုချုပ်ကိုင်မှုစနစ် သို့ ပြောင်းလဲပြီး အလိုအလျောက် စနစ် (Automation) နှင့် AI ကိရိယာများကို အသုံးပြုကာ ပိုမိုထိရောက် သော လုပ်ငန်းပုံစံတစ်ခုသို့ ကူးပြောင်းရန် စီစဉ်နေခြင်းဖြစ်သည်။
၂၀၂၅ ခုနှစ်အတွင်း Heineken ၏ စုစုပေါင်း ဘီယာရောင်းအား ပမာဏသည် ၁.၂ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ အထူးသဖြင့် ဥရောပတွင် ၃.၄ ရာခိုင်နှုန်းနှင့် အမေရိကတိုက်တွင် ၂.၈ ရာခိုင်နှုန်းစီ ကျဆင်းခဲ့ခြင်းဖြစ်သည်။
စားသုံးသူများ၏ အသုံးစရိတ် ချွေတာလာခြင်း၊ ကျန်းမာရေးအတွက် အရက်လျှော့သောက်လာခြင်းနှင့် ကုန်ကျစရိတ်များ မြင့်တက်လာခြင်းတို့က ဘီယာဈေးကွက်ကို ရိုက်ခတ်နေသည်။
ဤသတင်း ထွက်ပေါ်လာပြီးနောက် Heineken ၏ ရှယ်ယာဈေးနှုန်းသည် အမ်စတာဒမ်စတော့ဈေးကွက်တွင် ၄ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့သည်။ ရင်းနှီးမြှုပ်နှံသူများက ကုမ္ပဏီအနေဖြင့် ကုန်ကျစရိတ်များကို ပြင်းပြင်းထန်ထန် လျှော့ချပြီး အမြတ်အစွန်း ပြန်လည်ကောင်းမွန်လာအောင် လုပ်ဆောင်မည့်အချက်ကို ကြိုဆိုခဲ့ကြခြင်းဖြစ်သည်။
News Of Myanmar NOM
201
Repost from News Of Myanmar
🇪🇺 ☢️"စစ်အေးတိုက်ပွဲ ပြီးဆုံးပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဥရောပတွင် ကိုယ်ပိုင်နူကလီးယားကာကွယ်ရေးစနစ် တည်ဆောက်ရန် လျှို့ဝှက်ဆွေးနွေးမှုများ စတင်နေပြီဖြစ်ကြောင်း Bloomberg သတင်းဌာနက ဖော်ပြ"
Bloomberg ၏ အဆိုအရ ဥရောပနိုင်ငံ အတော်အများမှာ လွတ်လပ်သော ကိုယ်ပိုင်နူကလီးယား ကာကွယ်ရေးစနစ် တည်ဆောက်ရန်အတွက် အထူးလျှို့ဝှက်အဆင့်ဖြင့် ညှိနှိုင်းမှုများ ပြုလုပ်နေကြသည်။
ယင်းသို့ ဖြစ်လာရခြင်းမှာ အမေရိကန်ပြည်ထောင်စုအား စိတ်ချရသော မဟာမိတ်အဖြစ် ရှေ့ဆက်ပြီး သတ်မှတ်၍မရတော့မည်ကို စိုးရိမ်လာကြသောကြောင့် ဖြစ်သည်။
အဆိုပါ ဆွေးနွေးပွဲများကို စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်များအဆင့်တွင် အလွန်လျှို့ဝှက်စွာ ပြုလုပ်နေသဖြင့် အချို့သော ဝန်ကြီးများပင်လျှင် အသေးစိတ်အချက်အလက်များကို မသိရှိကြကြောင်း သတင်းရင်းမြစ်များက ဆိုသည်။
ယခုကဲ့သို့သော လုပ်ဆောင်ချက်များသည် ရုရှားနိုင်ငံထံသို့ နိုင်ငံရေးအရ မည်သို့သော အချက်ပြမှုမျိုး ရောက်ရှိသွားမည်ကို သိရှိထားကြသဖြင့် ဥရောပနိုင်ငံများသည် အလွန်တရာ သတိထား၍ လုပ်ဆောင်နေကြသည်။
ထို့ကြောင့် ဆွေးနွေးမှုများကို အပြန်အလှန် ယုံကြည်မှု အဆင့်အတန်း မြင့်မားသည့် နိုင်ငံအနည်းငယ် ကြားတွင်သာ ကျဉ်းမြောင်းသော ပုံစံဖြင့် ပြုလုပ်နေခြင်းဖြစ်သည်။
လက်ရှိအချိန်အထိ ဥရောပတွင် ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့တွင်သာ နူကလီးယားလက်နက် ရှိသည်။
ပြင်သစ်သမ္မတ အီမန်နူယယ် မက်ခရွန်အနေဖြင့် ပြင်သစ်၏ "နူကလီးယား ထီးရိပ်" (Nuclear Umbrella) ကို အခြားဥရောပနိုင်ငံများအထိ တိုးချဲ့ပေးရန် ကမ်းလှမ်းလာနိုင် ကြောင်း Bloomberg သတင်းရင်းမြစ်များက မှတ်ချက်ပြုသည်။
ထို့အပြင် အချို့သောနိုင်ငံများက ကိုယ်ပိုင်နူကလီးယားလက်နက် ထုတ်လုပ်ရန်အတွက် လိုအပ်သော နည်းပညာပိုင်းဆိုင်ရာ အစိတ်အပိုင်းအားလုံးတွင် ရင်းနှီးမြှုပ်နှံကြမည့် ရွေးချယ်စရာတစ်ခုကိုလည်း ထည့်သွင်းစဉ်းစားနေကြသည်။
News Of Myanmar NOM
201
ဗယ်လင်တိုင်းဒေးအတွက် ချစ်သူဆီက လက်ဆောင်ရခဲ့တဲ့ ဆိုင်ကယ်စီးနေချိန် မတော်တဆမှုဖြစ်ပြီး ထိုင်းအမျိုးသားတဦး သေဆုံး
ထိုင်းနိုင်ငံ၊ Nonthaburi မှာ ဖေဖော်ဝါရီ ၁၁ ရက်နေ့က အမျိုးသားတဦးဟာ ချစ်သူဆီက ဗယ်လင်တိုင်းနေ့အတွက် အကြိုလက်ဆောင်ရခဲ့တဲ့ မော်တော်ဆိုင်ကယ်ကို မောင်းနှင်နေချိန် မတော်တဆဖြစ်ပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ထိုင်းမီဒီယာတခုဖြစ်တဲ့ Khaosod ရဲ့ ဖော်ပြချက်အရ အသက် ၂၆ နှစ်အရွယ် အမျိုးသားကို မနက် ၁ နာရီထိုးချိန် လမ်းဘေးတနေရာမှာ သေဆုံးနေတာကို တွေ့ရှိခဲ့တယ်လို့ Bang Bua Thong ရဲစခန်းက ပြောဆိုခဲ့ပါတယ်။ အခင်းဖြစ်ပွားရာဆီကိုလည်း သူ့ရဲ့ ချစ်သူ ရောက်ရှိလာပြီး ကယ်ဆယ်ရေးလုပ်သားတွေက နှစ်သိမ့်ပေးခဲ့ရပါတယ်။
မတော်တဆမှုမဖြစ်ခင်မှာပဲ သူတို့နှစ်ဦးက ကိုယ်စီအိမ်ပြန်သွားခဲ့တယ်လို့လည်း မိန်းကလေးဖြစ်သူက ပြောဆိုခဲ့ပါတယ်။
အနက်ရောင် Yamaha Grand Filano ဆိုင်ကယ်ကိုလည်း ရှေ့ပိုင်းပျက်စီးလျက်သားနဲ့ တွေ့ရှိခဲ့ရပါတယ်။ မျက်မြင်သက်သေတွေရဲ့ ပြောဆိုချက်အရ သေဆုံးသူဟာ ချိုင့်ခွက်တခုကို တိုက်မိပြီးနောက် ဆိုင်ကယ်ကိုမထိန်းချုပ်နိုင်တော့ဘဲ မှောက်သွားခဲ့တာဖြစ်ပြီး အခြားယာဉ်တွေ ပါဝင်ပတ်သက်မှုမရှိဘူးလို့ ဆိုပါတယ်။
News Of Myanmar NOM
201
Repost from News Of Myanmar
🛢 🛢 🇺🇸 "အီရန်ရေနံကို သိမ်းမယ် 'လူ့အခွင့်အရေး' လို့ အမည်တပ်မယ် — အမေရိကန် စွမ်းအင်လော်ဘီတွေက အီရန်တွင် အစိုးရအပြောင်းအလဲဖြစ်အောင် ရောင်းကုန်သဖွယ် လှုံ့ဆော်နေကြ"
အမေရိကန် ရေနံအဖွဲ့အစည်း (American Petroleum Institute) ရဲ့ "State of American Energy" ထိပ်သီးအစည်းအဝေးမှာ ရာပီဒန် စွမ်းအင်အုပ်စု (Rapidan Energy Group) ရဲ့ တည်ထောင်သူ ဘော့ပ် မက်နယ်လီ (Bob McNally) က အီရန်အပေါ် အမေရိကန်အစိုးရရဲ့ ရန်လိုမှုကို အီရန်ရဲ့ရေနံတွေကို သိမ်းပိုက်ဖို့ "အကြီးမားဆုံး အခွင့်အရေး" အဖြစ် ပွင့်ပွင့်လင်းလင်းပဲ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
"ကျွန်တော်တို့ လုပ်ငန်းရှင်တွေ အီရန်ကို ပြန်သွားနိုင်မယ်ဆိုရင် ဗင်နီဇွဲလားကနေ ရတာထက် ပိုများတဲ့ ရေနံတွေကို ပိုပြီးမြန်မြန်ဆန်ဆန် ရရှိနိုင်မှာပါ" လို့ မက်နယ်လီ က ပြောကြားခဲ့ပြီး အီရန်ရဲ့ရေနံဟာ "အခြေခံအဆောက်အအုံတွေနဲ့ နီးကပ်နေတဲ့ သမားရိုးကျ ရေနံအမျိုးအစား" ဖြစ်တယ်လို့ ဆိုပါတယ်။
"အဲဒီ အစိုးရတစ်ရပ်တည်းကိုပဲ အပြောင်းအလဲ လုပ်လိုက်နိုင်တာဟာ လူသားမျိုးနွယ်၊ ကမ္ဘာ့ GDP၊ ရေနံလုပ်ငန်း၊ လူ့အခွင့်အရေးနဲ့ ပထဝီနိုင်ငံရေး တည်ငြိမ်မှုတွေအတွက် တခြားဘယ်လိုအစိုးရ အပြောင်းအလဲမျိုးထက်မဆို ပိုပြီး ထိရောက်မှုရှိလိမ့်မယ်" လို့ သူက ဆိုပါတယ်။
ဒါဟာ အမေရိကန်က နိုင်ငံတစ်နိုင်ငံကို ဗုံးကြဲတိုက်ခိုက်ကျူးကျော်ဖို့အတွက် ပုံမှန်အသုံးပြုနေကျ အကြောင်းပြချက်တွေကို အစဉ်လိုက် ရွတ်ပြသွားတာပဲ ဖြစ်ပါတယ်။
☠️ 🛢 ရေနံသာမရှိရင် "လူ့အခွင့်အရေး" ဆိုတာလည်း ရှိလာမှာ မဟုတ်ပါဘူး။
News Of Myanmar NOM
Уже доступно! Исследование Telegram 2025 — ключевые инсайты года 
