ru
Feedback
NOM

NOM

Открыть в Telegram

NOM Official Backup Channel - 2

Больше
Мьянма38 251Категория не указана
201
Подписчики
Нет данных24 часа
-17 дней
-830 день
Архив постов
NOM
201
အသက် ၈၉ နှစ်အရွယ် နော်ဝေဘုရင် Harald ကို အင်္ဂါနေ့က ရောဂါပိုးဝင်ခြင်း၊ ရေဓါတ်ခမ်းခြောက်ခြင်းတို့ကြောင့် စပိန်မှာ ဆေးရုံတင်လို
အသက် ၈၉ နှစ်အရွယ် နော်ဝေဘုရင် Harald ကို အင်္ဂါနေ့က ရောဂါပိုးဝင်ခြင်း၊ ရေဓါတ်ခမ်းခြောက်ခြင်းတို့ကြောင့် စပိန်မှာ ဆေးရုံတင်လိုက်ရတယ်လို့ တော်ဝင်နန်းတော်က ကြေညာခဲ့ပါတယ်။ လက်ရှိမှာ အခြေအနေက တည်ငြိမ်နေပြီး ကုသမှုတွေ ဆက်လက်ခံယူနေတယ်လို့လည်း ဆိုပါတယ်။ Harald ဟာ ဥရောပရဲ့ အသက်အကြီးဆုံး သက်ရှိထင်ရှား ဘုရင်ဖြစ်ပြီး နော်ဝေထီးနန်းကို ၁၉၉၁ ကတည်းက စိုးစံခဲ့သူဖြစ်ပါတယ်။ News Of Myanmar NOM

NOM
201
အသက် ၅၇ နှစ်အရွယ် အိန္ဒိယနွယ်ဖွား ဆစ်ခ်အမျိုးသားတဦးဟာ အင်္ဂါနေ့က ကယ်လီဖိုးနီးယားမှာ လူမှားပြီး ပြန်ပေးဆွဲခံခဲ့ရကာ သတ်ဖြတ်ခံလိ
+1
အသက် ၅၇ နှစ်အရွယ် အိန္ဒိယနွယ်ဖွား ဆစ်ခ်အမျိုးသားတဦးဟာ အင်္ဂါနေ့က ကယ်လီဖိုးနီးယားမှာ လူမှားပြီး ပြန်ပေးဆွဲခံခဲ့ရကာ သတ်ဖြတ်ခံလိုက်ရတယ်လို့ သိရပါတယ်။ Avtar Singh ဟာ San Jose နဲ့ တနာရီခရီးကွာဝေးတဲ့ Tracy မြို့မှာ နေ့ခင်းကြောင်တောင် ပြန်ပေးဆွဲခံခဲ့ရတာပါ။ ဗီဒီယိုမှတ်တမ်းတွေအရ သူ့ကို မွန်းလွဲ ၂း၃၀ နာရီမှာ သံသယရှိသူ ၃ ဦးက SUV ကားနောက်ခန်းထဲ အတင်းတွန်းထည့်နေတာကို မြင်တွေ့ခဲ့ရပြီး သူက ပြန်လည်တိုက်ခိုက်ဖို့ လုပ်ခဲ့ပေမယ့် အင်အားမမျှလို့ ပါသွားခဲ့ပါတယ်။ နေအိမ်ကို ည ၉နာရီမှာ အလုပ်ကနေ ပြန်လာတဲ့ ဇနီးသည်က ကလေး ၃ ဦးကိုသာ တွေ့ရလို့ ရဲကို တိုင်ကြားခဲ့ပြီး လိုက်လံရှာဖွေရာကနေ Berryessa ရေကန်အနီးမှာ အလောင်းတလောင်းတွေ့ခဲ့ပြီး Avtar ဖြစ်တာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ သေဆုံးသူဟာ ရိုးသားပြီး အလုပ်ကြိုးစားကာ ၂၃ နှစ်လုံးလုံး ဘုရားကျောင်းစားဖိုမှူးအဖြစ် တာဝန်ယူခဲ့ပြီး အခြားအလုပ်တွေလုပ်ခဲ့တယ်လို့ လုပ်ဖော်ကိုင်ဖက်တဦးက ဖွင့်ဟခဲ့ပါတယ်။ ရဲတွေကတော့ လူမှားပြန်ပေးဆွဲခံရပြီး သတ်ဖြတ်တာလို့ ကနဦးမှာ ကောက်ချက်ချထားပြီး တရားခံတွေကို လိုက်လံဖမ်းဆီးနေဆဲဖြစ်ပါတယ်။ News Of Myanmar NOM

NOM
201
ကနေဒါအလံတော်ပါ အိတ်တအိတ်ကို ကိုင်ဆောင်ထားတဲ့ နိုင်ငံခြားခရီးသွားတဦးက မက္ကဆီကိုမှာ စစ်တပ်နဲ့ မူးယစ်ဂိုဏ်းကြား တိုက်ပွဲတွေဖြစ်ပွားပြီး မတည်ငြိမ်မှုကို အခွင့်အရေးယူနေတာပါ။ သူဟာ ဆိုင်တခုအတွင်းကနေ ရေသန့် တဂါလံပုံးတပုံးကို ယူငင်ပြီး ခပ်တည်တည်နဲ့ ပြန်ထွက်လာခဲ့တာပါ။ သူ့ကြည့်ရတာ တော်တော်လေး ရေငတ်နေပုံရပါတယ်။ News Of Myanmar NOM

NOM
201
Repost from NOM.World News
"ပါလက်စတိုင်းပိုင်နက်နယ်မြေများမှာ အစ္စရေး၏ သိမ်းပိုက်မှုအောက်တွင် 'မည်မျှမြန်ဆန်သောနှုန်း' ဖြင့် ဆုံးရှုံးနေရသနည်းဟု ကျောင်း
"ပါလက်စတိုင်းပိုင်နက်နယ်မြေများမှာ အစ္စရေး၏ သိမ်းပိုက်မှုအောက်တွင် 'မည်မျှမြန်ဆန်သောနှုန်း' ဖြင့် ဆုံးရှုံးနေရသနည်းဟု ကျောင်းသားများကို တွက်ချက်ခိုင်းခဲ့သည့် နက်ရှဗေးလ်မြို့မှ သင်္ချာပါမောက္ခတစ်ဦးမှာ ဝေဖန်ကန့်ကွက်မှုများနှင့် ရင်ဆိုင်နေရသည်။" "ဂျူးလူမျိုးများအပေါ် အမုန်းပွားမှု တိုက်ဖျက်ရေးအဖွဲ့ (StopAntisemitism)၏ ဖိအားပေးမှုကြောင့် ဗန်ဒါဘစ်တက္ကသိုလ်က အဆိုပါသင်ခန်းစာပါ အကြောင်းအရာများကို ဖယ်ရှားလိုက်ပြီး ကထိက တက်ကင် ကာရာဒက်ဂ် ကို စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်နေပြီဖြစ်သည်။" "နေတန်ရာဟုက ဂျူးဆန့်ကျင်ရေးဝါဒအတွက် အဖြေတစ်ခုတည်းပဲရှိတယ်။ အဲဒါကတော့ တိုက်ဖျက်ဖို့ပဲ။ စစ်မြေပြင်မှာရော အများပြည်သူရဲ့ သဘောထားအမြင် ကဏ္ဍတွေမှာပါ ဒါကို တိုက်ထုတ်ရမယ်' ဟု ပြောကြားခဲ့သည်။" NOM

NOM
201
Repost from NOM.World News
🤬"Reuters/Ipsos ၏ လူထုစစ်တမ်းအသစ်တစ်ခုအရ အမေရိကန်နိုင်ငံသား ၆၁ ရာခိုင်နှုန်းက သမ္မတ ထရမ့်သည် အသက်အရွယ်ကြောင့် 'စိတ်မူမမှန်ဖြစ်လာသည်' ဟု ယုံကြည်နေကြသည်။ ယင်းအထဲတွင် ဒီမိုကရက်တစ်ပါတီဝင် ၈၉ ရာခိုင်နှုန်းနှင့် ရီပတ်ဘလီကန်ပါတီဝင် ၃၀ ရာခိုင်နှုန်း ပါဝင်သည်။" NOM

NOM
201
Repost from News Of Myanmar
"ဂျူးလူမျိုးတွေဟာ ဥပဒေရဲ့ အထက်မှာ ရှိတယ်" အစ္စရေးအမျိုးသားလုံခြုံရေးဝန်ကြီး အီတာမာ ဘင် ဂါဗီယာ ဟာ ဘီဒိုအင်လူမျိုးစုတွေ နေထိုင်ရာ အရပ်က ပါလက်စတိုင်းသားတွေကို ဖယ်ရှားပေးဖို့နဲ့ အဆောက်အအုံတွေ ဖျက်သိမ်းဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ ၎င်းက ဒေသခံတွေကို နှစ်နာရီအတွင်း ထွက်ခွာသွားဖို့နဲ့ မလိုက်နာပါက အဖမ်းခံရမယ်လို့ ရာဇသံပေးခဲ့တာပါ။ ဒေသခံတစ်ဦးက အဆိုပါမြေယာ ပိုင်ဆိုင်ကြောင်း အထောက်အထား စာရွက်စာတမ်းတွေကို ပြသတဲ့အခါမှာတော့ ဝန်ကြီးက "ကျုပ် ဂရုမစိုက်ဘူး။ ဂျူးလူမျိုးတွေဟာ ဥပဒေရဲ့ အထက်မှာ ရှိတယ်" လို့ ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။ NOM

NOM
201
Repost from News Of Myanmar
🇷🇺 ယူကရိန်းနိုင်ငံ စစ်မျက်နှာတစ်နေရာတွင်ရှိသော ရုရှားစစ်တပ်၏ မြေအောက်ကွပ်ကဲမှုဌာနတစ်ခုအား ရုပ်သံဌာနမှ မှတ်တမ်းတင်ထားသည့် ဗီဒီယိုဖြစ်သည်။ ဆက်သွယ်ရေးဥမင်လိုဏ်ခေါင်းများအတွင်း ပစ်ကပ်ကားတစ်စီးပင် မောင်းနှင်သွားလာနိုင်သည့်အပြင် အဆိုပါမြေအောက်ကွပ်ကဲမှုဌာနအဆောက်အအုံကို လေကြောင်းမှကြဲသည့်ဗုံးများနှင့် ဟိုင်းမားစ် (HIMARS) ဒုံးကျည်များ တိုက်ရိုက်ထိမှန်မှုကို ခံနိုင်ရည်ရှိစေရန် ဆောက်လုပ်ထားခြင်းဖြစ်သည်။ NOM

NOM
201
Repost from NOM.World News
🇳🇱 🥸 "သံတမန်လား၊ ဒါမှမဟုတ် လျှို့ဝှက်သယ်ဆောင်သူလား? အီရန်မှာ နယ်သာလန်သံတမန်ရဲ့ Starlink ပစ္စည်းတွေ သိမ်းဆည်းခံရ" အီရန်နိုင်ငံ၊ အီမာမ်ခိုမေနီ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ နယ်သာလန် အဆင့်မြင့်သံတမန်တစ်ဦးရဲ့ ခရီးဆောင်အိတ်အတွင်းကနေ Starlink စက်ပစ္စည်းတွေ၊ ဂြိုဟ်တုဖုန်းတွေနဲ့ အဆင့်မြင့် ကြိုးမဲ့ဆက်သွယ်ရေးကိရိယာတွေကို သိမ်းဆည်းရမိခဲ့တဲ့ ရုပ်သံဖိုင်တွေ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။ 👉 အဆိုပါ သံတမန်ဟာ လေဆိပ်ရောက်ရှိချိန်မှာ ခရီးသည်အားလုံး ဖြတ်သန်းရမယ့် ပုံမှန် X-ray စစ်ဆေးမှုကို ငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် လေဆိပ်အာဏာပိုင်တွေက တည်ဆဲဥပဒေနဲ့ သံတမန်ရေးရာ လုပ်ထုံးလုပ်နည်းတွေအရ အဲဒီခရီးဆောင်အိတ်ကို သိမ်းဆည်းစစ်ဆေးခဲ့တာပါ။ 🔎 စစ်ဆေးကြည့်တဲ့အခါမှာတော့ ကိုယ်ရေးကိုယ်တာသုံး အီလက်ထရွန်နစ်ပစ္စည်းတွေကို မတွေ့ရဘဲ နိုင်ငံတော်ရဲ့ ဆက်သွယ်ရေးကွန်ရက် ကို ကျော်ဖြတ်အသုံးပြုနိုင်တဲ့ ဂြိုလ်တုဆက်သွယ်ရေး ကိရိယာတွေကိုသာ တွေ့ရှိခဲ့ရပါတယ်။ အဲဒီသံတမန်ဟာ သိမ်းဆည်းခံရတဲ့ အိတ်ကို ပြန်မတောင်းတော့ဘဲ မကြာခင်မှာပဲ နိုင်ငံအတွင်းကနေ ထွက်ခွာသွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ တခြားနယ်သာလန်အရာရှိတစ်ဦးက အဆိုပါအိတ်ကို လာရောက်ထုတ်ယူဖို့ ကြိုးပမ်းခဲ့တာကြောင့် ဒီဖြစ်ရပ်က ပိုမိုအငြင်းပွားဖွယ် ဖြစ်လာခဲ့ပါတယ်။ အခုဖြစ်ရပ်ဟာ အီရန်အစိုးရက နိုင်ငံခြားစွက်ဖက်မှု၊ ဖျက်ဆီးရေးလုပ်ငန်းစဉ်တွေနဲ့ အရေးကြီးနေရာတွေကို ခွင့်ပြုချက်မဲ့ ဝင်ရောက်ကြည့်ရှုမှုတွေ (အထူးသဖြင့် အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ လုပ်ဆောင်ချက်တွေ) ကို စိုးရိမ်တာကြောင့် GPS နဲ့ Starlink သုံးကိရိယာတွေအပေါ် ကန့်သတ်ချက်တွေ တိုးမြှင့်ထားတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ NOM

NOM
201
Repost from NOM.World News
+2
🚽💩 "USS Ford - ဒေါ်လာ ၁၃ ဘီလီယံတန် လေယာဉ်တင်သင်္ဘောကြီး အဆင့်မြင့်အိမ်သာတန်းကြီး" အမေရိကန်ရေတပ်ရဲ့ ဈေးအကြီးဆုံး လေယာဉ်တင်သင်္ဘောကြီးဟာ စစ်အင်အားပြသနိုင်တယ်၊ ဒုံးကျည်တွေ ပစ်လွှတ်နိုင်တယ်၊ ပြီးတော့ အမေရိကန်ရဲ့ ဩဇာလွှမ်းမိုးမှုကိုလည်း ပုံဖော်ပေးနိုင်တယ်လို့ ဆိုကြပါတယ်။ ဒါပေမဲ့ သင်္ဘောပေါ်က ရေတပ်သားတွေကိုတော့ ၄၅ မိနစ်အတွင်း အလုပ်လုပ်တဲ့ အိမ်သာဆီရောက်အောင် မပို့ဆောင်ပေးနိုင်တာတော့ အသေအချာပါပဲ။ သင်္ဘောအမှုထမ်းတွေဟာ အခြေခံ သန့်ရှင်းရေးကိစ္စအတွက် တန်းစီစောင့်ဆိုင်းနေရချိန်မှာပဲ၊ ပင်တဂွန် စစ်ဌာနချုပ်ကတော့ ဒီသင်္ဘောကြီးဟာ အီရန်ကို ရင်ဆိုင်ဖို့ အသင့်ဖြစ် နေပြီလို့ ဇွတ်အတင်း ပြောဆိုနေပါတယ်။ NOM

NOM
201
Repost from News Of Myanmar
လန်ဒန်နှင့် ပဲရစ်တို့က ကိယက်ဗ် (ယူကရိန်း) ထံ နျူကလီးယားဗုံး လက်နက်တပ်ဆင်ပေးရန် ပြင်ဆင် နေကြောင်း ရုရှားနိုင်ငံခြားထောက်လှမ်းရ
လန်ဒန်နှင့် ပဲရစ်တို့က ကိယက်ဗ် (ယူကရိန်း) ထံ နျူကလီးယားဗုံး လက်နက်တပ်ဆင်ပေးရန် ပြင်ဆင် နေကြောင်း ရုရှားနိုင်ငံခြားထောက်လှမ်းရေးအဖွဲ့ (SVR) က ဆိုသည်။ ရည်ရွယ်ချက်မှာ ယူကရိန်းအနေဖြင့် နျူကလီးယားလက်နက် သို့မဟုတ် "ညစ်ပတ်သောဗုံး" (Dirty Bomb) ကို ပိုင်ဆိုင်စေခြင်းဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် သာသာယာယာရှိစေရန်နှင့် အသာစီးရရန်အတွက် အသုံးချရန်ဖြစ်သည်။ ၎င်းတို့သည် ယူကရိန်း၏ ကိုယ်ပိုင်တီထွင်ဖန်တီးမှုဖြစ်ကြောင်း ပုံပေါ်စေရန်အတွက် လိုအပ်သော အစိတ်အပိုင်းများနှင့် နည်းပညာများကို လွှဲပြောင်းပေးရန် စီစဉ်နေကြခြင်းဖြစ်သည်။ Dirty Bomb (ညစ်ပတ်သောဗုံး) ဆိုတာ ဘာလဲ? Dirty Bomb ဆိုတာဟာ သာမန်ယမ်းပေါက်ကွဲစေတတ်တဲ့ပစ္စည်း (ဥပမာ- ဒိုင်းနမိုက်) နဲ့ ရေဒီယိုသတ္တိကြွပစ္စည်းတွေကို ရောနှောထားတဲ့ လက်နက်ဖြစ်ပါတယ်။ ဗုံးထဲမှာရှိတဲ့ သာမန်ယမ်းတွေ ပေါက်ကွဲတဲ့အခါ ၎င်းနဲ့အတူပါတဲ့ ရေဒီယိုသတ္တိကြွ အမှုန်အမွှားတွေဟာ လေထဲကို ပျံ့နှံ့သွားပါတယ်။ ၎င်းဟာ နျူကလီးယားဗုံးလိုမျိုး မြို့တစ်မြို့လုံးကို ပြာကျသွားစေမယ့် အပူရှိန်နဲ့ ပေါက်ကွဲအား ပြင်းထန်မှုမျိုး မရှိပါဘူး။ ဒါပေမဲ့ ပေါက်ကွဲမှုဖြစ်တဲ့ ဧရိယာတစ်ဝိုက်မှာရှိတဲ့ လူတွေ၊ အဆောက်အအုံတွေနဲ့ ပတ်ဝန်းကျင်ကို ရေဒီယိုသတ္တိကြွ အဆိပ်သင့်စေတာ ဖြစ်ပါတယ်။ NOM

NOM
201
Repost from NOM.World News
🇯🇵 ဂျပန်နိုင်ငံသား ခရီးသွားအဖွဲ့တစ်ဖွဲ့ဟာ အစ္စရေးနိုင်ငံသားတွေနဲ့ တစ်သားတည်းရှိကြောင်း ပြသတဲ့ ဝတ်စုံတွေကို ဆင်တူဝတ်ဆင်ပြီး "အစ္စရေးလူမျိုးများ ထာဝရရှင်သန်ပါစေ" (Am Yisrael Chai) ဆိုတဲ့ သီချင်းကို သီဆိုကာ အစ္စရေးက သိမ်းပိုက်ထားတဲ့ နယ်မြေအတွင်းသို့ ရောက်ရှိလာခဲ့ကြပါတယ်။ သူတို့ဟာ အစ္စရေးနိုင်ငံကို ထောက်ခံအားပေးခြင်းဟာ ဘာသာရေးဆိုင်ရာ တာဝန်တစ်ရပ်ဖြစ်တယ်လို့ ယုံကြည်ကြတဲ့ ဂျပန်ခရစ်ယာန် "မာကူယာ" ဂိုဏ်းအဖွဲ့ဝင်များဖြစ်ကြတယ်လို့ သိရပါတယ်။ NOM

NOM
201
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်ရဲ့ ညီမဖြစ်သူ ကင်ယိုဂျုံဟာ အာဏာရပါတီညီလာခံမှာ ရာထူးတိုးမြှင့်ခံခဲ့ရပါတယ်။ အလုပ်သမားပါတီ၊
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်ရဲ့ ညီမဖြစ်သူ ကင်ယိုဂျုံဟာ အာဏာရပါတီညီလာခံမှာ ရာထူးတိုးမြှင့်ခံခဲ့ရပါတယ်။ အလုပ်သမားပါတီ၊ ဗဟိုကော်မတီရဲ့ ဒုတိယဌာနညွှန်ကြားရေးမှူးဖြစ်ခဲ့တဲ့ ကင်ယိုဂျုံဟာ ဌာနတခုရဲ့ ညွှန်ကြားရေးမှူးအဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရလို့ ပါတီရဲ့ ဗဟိုကော်မတီဝင် ၁၇ ဦးထဲ ဝင်ရောက်လာခဲ့ပြီလို့ ဆိုပါတယ်။ News Of Myanmar NOM

NOM
201
တနင်္လာနေ့ နှောင်းပိုင်းက အိန္ဒိယအရှေ့ပိုင်း ဂျာခန်ပြည်နယ်ကနေ ဒေလီကို ဦးတည်ပျံသန်းလာခဲ့တဲ့ လူနာတင်လေယာဉ်တစင်းဟာ သစ်တောအတွင်း ပျက်ကျခဲ့ပြီး လူ ၇ ဦးအထိ သေဆုံးခဲ့ပါတယ်။ လေယာဉ်ပေါ် လိုက်ပါလာသူ အားလုံး သေဆုံးခဲ့တာဖြစ်ပြီး ည ၇း၃၀ နာရီမှာ ပျောက်ဆုံးခဲ့ပြီး သစ်တောဧရိယာအတွင်း ပျက်ကျခဲ့တာကို ရှာဖွေတွေ့ရှိခဲ့တာပါ။ ရုပ်အလောင်းအားလုံးကိုလည်း ပြန်တွေ့ခဲ့တယ်လို့ သိရပြီး မပျက်ကျခင် ရာသီဥတုဆိုးရွားမှုကြောင့် လမ်းကြောင်းပြောင်းဖို့ တောင်းဆိုခဲ့သေးတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။ ဂျာခန်ပြည်နယ်၊ ရန်ချီမြို့က Devkamal ဆေးရုံရဲ့ CEO ပြောကြားချက်အရ မီးလောင်ဒဏ်ရာရထားတဲ့ လူနာတဦးကို ဒေလီမှာ ကုသပေးဖို့ သွားပို့ချိန်အတွင်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ လူနာရှင်တွေက ကားလမ်းကနေ ခေါ်သွားဖို့ ကြိုးစားခဲ့ပေမယ့် ဆရာဝန်တွေက လူနာအခြေအနေကြောင့် လေယာဉ်နဲ့က ပိုသင့်တော်တယ်လို့ အကြံပေးခဲ့ပြီး လေကြောင်းလူနာတင်ယာဉ်နဲ့ သွားခဲ့တာလို့ ဆွေမျိုးတဦးက ရှင်းပြခဲ့ပါတယ်။ News Of Myanmar NOM

NOM
201
Repost from NOM.World News
တရုတ်နိုင်ငံသည် အရှေ့တရုတ်ပင်လယ်နှင့် တောင်တရုတ်ပင်လယ်တို့တွင် လက်ရှိအခြေအနေ ကို "အင်အားသုံး၍ သို့မဟုတ် အကျပ်ကိုင်၍" ပြောင်းလဲရန် ကြိုးပမ်းမှုများကို အရှိန်မြှင့်နေကြောင်း တာကာအီချီက သောကြာနေ့တွင် လွှတ်တော်သို့ ပြောကြားခဲ့သည်။ "ဒုတိယကမ္ဘာစစ်ပြီးနောက် အပြင်းထန်ဆုံးနဲ့ အရှုပ်ထွေးဆုံး လုံခြုံရေးပတ်ဝန်းကျင်ကို ကျမတို့ ရင်ဆိုင် နေရတာကြောင့် ကျမတို့ နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ ငြိမ်းချမ်းတဲ့ လူမှုဘဝကို ကာကွယ်ဖို့ ကာကွယ်ရေးစွမ်းရည် မြှင့်တင်ဖို့ဟာ မရှိမဖြစ် လိုအပ်ပါတယ်" ဟု တာကာအီချီက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ တရုတ်နှင့် ဆက်ဆံနေရသည့် ဂျပန်ကုမ္ပဏီများသည် ခွင့်ပြုချက်ရယူရာတွင် ကြန့်ကြာမှုများဖြင့် ရင်ဆိုင် နေရပြီဖြစ်ကြောင်း Nagoya University of Foreign Studies မှ ဂျပန်-တရုတ် ဆက်ဆံရေး ဂုဏ်ထူးဆောင် ပါမောက္ခ နိုရီယုကီ ကာဝါမူရာက ပြောသည်။ "ဒီနေ့ ကြေညာချက်ကြောင့် လုပ်ငန်းစဉ်တွေက ဒီထက်ပိုပြီး တင်းကျပ်လာလိမ့်မယ်လို့ ကျနော်တို့ ခန့်မှန်းနိုင်ပါတယ်။ ဒါဟာ သက်ဆိုင်ရာ ကုမ္ပဏီတွေအတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်လာလိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်" ဟု ကာဝါမူရာက AFP သို့ ပြောကြားခဲ့သည်။ NOM

NOM
201
Repost from NOM.World News
🇨🇳🔥🇯🇵 "ဂျပန်နှင့် တင်းမာမှုများ ပိုမိုဆိုးရွားလာခြင်းကြောင့် တရုတ် က ကုန်သွယ်ရေးကန့်သတ်ချက် များတိုးမြှင့်" ဂျပန်သို့ တရုတ်ခရီးသွားဝင်ရောက်မှု သိသိသာသာ လျော့ကျသွားစေခဲ့သည့် လပေါင်းများစွာကြာ နှစ်နိုင်ငံအငြင်းပွားမှုကို ပိုမို အရှိန်မြှင့်သည့်အနေဖြင့် တရုတ်နိုင်ငံက ဂျပန်ကုမ္ပဏီ ၄၀ အပေါ် ပို့ကုန်ကန့်သတ်ချက်များကို အမျိုးသားလုံခြုံရေး အကြောင်းပြချက်ဖြင့် အင်္ဂါနေ့ (ဖေဖော်ဝါရီ ၂၄) တွင် ထုတ်ပြန်လိုက်သည်။ အာရှ၏ အကြီးဆုံး စီးပွားရေးနိုင်ငံနှစ်ခုကြားအငြင်းပွားမှုမှာ ထိုင်ဝမ်အပေါ် မည်သည့်တိုက်ခိုက်မှုမျိုးကိုမဆို ဂျပန်က စစ်ရေးအရ ကြားဝင်ဆောင်ရွက်နိုင်သည်ဟု ဝန်ကြီးချုပ် စာနာအေးတာကာအီချီ က နိုဝင်ဘာလတွင် ပြောကြားခဲ့သည့် မှတ်ချက်ကြောင့် စတင်ခဲ့ခြင်းဖြစ်သည်။ အင်္ဂါနေ့တွင် ကြေညာခဲ့သည့် အစီအမံများ၌ အရပ်ဘက်နှင့် စစ်ဘက် နှစ်မျိုးလုံးတွင် အသုံးပြုနိုင်သည့် "dual-use" (နှစ်မျိုးသုံး) ပစ္စည်းများကို ဂျပန်အဖွဲ့အစည်း ၂၀ ထံ တင်ပို့မှုအပေါ် ကန့်သတ်လိုက်ခြင်း ဖြစ်သည်။ ယင်းတို့တွင် Mitsubishi Heavy Industries ၏ လက်အောက်ခံကုမ္ပဏီ ၅ ခုနှင့် ဂျပန်အာကာသအေဂျင်စီတို့ ပါဝင်သည်။ ထို့အပြင် တရုတ်စီးပွားရေးဝန်ကြီးဌာနသည် မော်တော်ကားထုတ်လုပ်ရေးလုပ်ငန်း Subaru အပါအဝင် အခြားသော ဂျပန်အဖွဲ့အစည်း ၂၀ ကို "စောင့်ကြည့်စာရင်း" ထဲသို့ ထည့်သွင်းလိုက်ပြီး စစ်ရေးအတွက် အသုံးပြုနိုင်သည့် ပို့ကုန်ပစ္စည်းများကို ပိုမိုတင်းကျပ်စွာ စစ်ဆေးသွားမည်ဟု ဆိုသည်။ "အထက်ပါ အစီအမံများသည် ဂျပန်၏ ပြန်လည်စစ်အင်အားချဲ့ထွင်မှု နှင့် နျူကလီးယား ရည်မှန်းချက် များကို ဟန့်တားရန် ရည်ရွယ်ခြင်းဖြစ်ပြီး လုံးဝတရားဝင်ကာ ကျိုးကြောင်းဆီလျော်ပြီး ဥပဒေနှင့်ညီညွတ်ပါသည်" ဟု စီးပွားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၎င်းကပင် "ရိုးသားပြီး ဥပဒေလိုက်နာသော ဂျပန်အဖွဲ့အစည်းများအနေဖြင့် စိုးရိမ်စရာမရှိပါ" ဟု ဖြည့်စွက်ပြောကြားထားသည်။ ဂျပန်ကုန်သွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးကမူ ၎င်းတို့အနေဖြင့် ကန့်သတ်ချက်အသစ်များ၏ သက်ရောက်မှုကို ခွဲခြမ်းစိတ်ဖြာပြီးနောက် "သင့်လျော်သော အစီအမံများကို ဆောင်ရွက်သွားမည်" ဟု AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံက ကန့်ကွက်လွှာ တင်သွင်းထားကြောင်း Mainichi Shimbun သတင်းစာတွင် ဖော်ပြထားသည်။ ထိုင်ဝမ်နှင့်ပတ်သက်၍ တာကာအီချီ၏ မှတ်ချက်များသည် ပေကျင်းအစိုးရကို အကြီးအကျယ် ဒေါသထွက်စေခဲ့သည်။ အထင်ရှားဆုံး အကျိုးဆက်အနေဖြင့် တရုတ်နိုင်ငံက ၎င်း၏ နိုင်ငံသားများအား ဂျပန်သို့ မသွားရောက်ရန် သတိပေးပြီးနောက် ဇန်နဝါရီလတွင် ဂျပန်သို့ တရုတ်ခရီးသွား ဝင်ရောက်မှု ၆၁ ရာခိုင်နှုန်းအထိ ထိုးဆင်းသွားခဲ့သည်။ ပြီးခဲ့သည့် ဒီဇင်ဘာလတွင် အိုကီနာဝါအနီး နိုင်ငံတကာရေပိုင်နက်အတွင်း တရုတ်နိုင်ငံ၏ Liaoning လေယာဉ်တင်သင်္ဘောမှ J-15 ဂျက်လေယာဉ်များသည် ဂျပန်လေယာဉ်များကို ရေဒါဖြင့် နှစ်ကြိမ်တိုင်တိုင် ပစ်မှတ်ချိန်ရွယ် (Lock-on) ခဲ့ကြောင်း ဂျပန်ဘက်က ဆိုသည်။ တရုတ်နိုင်ငံသည် ဂျပန်ပင်လယ်စာ တင်သွင်းမှုများကိုလည်း ရပ်ဆိုင်းထားသည်ဟု သတင်းများ ထွက်ပေါ်နေသည်။ ဂျပန်နိုင်ငံရှိ နောက်ဆုံးကျန်ရှိနေသော ပန်ဒါနှစ်ကောင်ကိုလည်း ပြီးခဲ့သည့်လက တရုတ်နိုင်ငံသို့ ပြန်လည်ပေးပို့ခဲ့ရသည်။ လွန်ခဲ့သည့်လကလည်း တရုတ်နိုင်ငံသည် စစ်ဘက်တွင် အသုံးပြုနိုင်ခြေရှိသော ပစ္စည်းများအတွက် ဂျပန်သို့ ပို့ကုန်ထိန်းချုပ်မှုများကို တင်းကျပ်မည်ဟု ကြေညာခဲ့သည်။ ယင်းက တရုတ်၏ "dual-use" စာရင်းဝင် အရေးကြီး မြေရှားသတ္တု (rare-earth minerals) များ ထောက်ပံ့မှုကို ပေကျင်းက ဖြတ်တောက်နိုင်သည်ဟူသော စိုးရိမ်မှုများကို မြင့်တက်စေခဲ့သည်။ "ရှယ်ယာဈေးကွက်များ ထိုးကျခြင်း" ယခုနောက်ဆုံး ထုတ်ပြန်ချက်သည် သင်္ဘောကျင်းနှင့် လေကြောင်းအာကာသလုပ်ငန်းများ အပါအဝင် ဂျပန်စက်မှုလုပ်ငန်းကြီး အများအပြားကို ပစ်မှတ်ထားခြင်းဖြစ်သည်။ တိုကျိုစတော့ဈေးကွက်တွင် Kawasaki Heavy Industries ၏ ရှယ်ယာဈေး ၅ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားပြီး Mitsubishi Heavy Industries က ၄ ရာခိုင်နှုန်းခန့်နှင့် IHI ကုမ္ပဏီမှာမူ ၇ ရာခိုင်နှုန်းနီးပါးအထိ ထိုးကျသွားခဲ့သည်။ စာရင်းတွင် ပါဝင်သော ကုမ္ပဏီအများစုမှာ ဂျပန်စစ်တပ်အတွက် သင်္ဘောများ၊ တိုက်လေယာဉ်များနှင့် ဒုံးကျည်များ အပါအဝင် စစ်လက်နက်ပစ္စည်းများကို ထုတ်လုပ်နေသည့် ကာကွယ်ရေးလုပ်ငန်းများ ဖြစ်ကြသည်။ ဂျပန်နိုင်ငံသည် ၎င်း၏ တင်းကျပ်သော ငြိမ်းချမ်းရေးဝါဒီ ရပ်တည်ချက်ကို စွန့်လွှတ်ကာ "တန်ပြန်တိုက်ခိုက်နိုင်စွမ်း" ရရှိရန်နှင့် သေစေနိုင်သော ကာကွယ်ရေးပစ္စည်းများ တင်ပို့မှုဆိုင်ရာ စည်းမျဉ်းများကို လျှော့ချရန် ကြိုးပမ်းနေသည်။ တာကာအီချီ အစိုးရသည် ၎င်း၏ စစ်ဘက်ဆိုင်ရာ စွမ်းဆောင်ရည် များကို မြှင့်တင်ရန်အတွက် လာမည့် ဘဏ္ဍာနှစ်အတွက် ယန်း ၉ ထရီလီယံ (အမေရိကန်ဒေါ်လာ ၅၈ ဘီလီယံ) တန်ဖိုးရှိ စံချိန်တင် ကာကွယ်ရေး အသုံးစရိတ်ကို ဒီဇင်ဘာလတွင် အတည်ပြုခဲ့သည်။

NOM
201
Repost from NOM.World News
"ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်၏ အစ္စလာမ်ဘာသာအပေါ် အငြင်းပွားဖွယ် ပြောဆိုမှုကြောင့် ရာထူးမှနုတ်ထွက်ရန် တောင်းဆိုမှုများ ထွက်ပေါ်လ
"ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်၏ အစ္စလာမ်ဘာသာအပေါ် အငြင်းပွားဖွယ် ပြောဆိုမှုကြောင့် ရာထူးမှနုတ်ထွက်ရန် တောင်းဆိုမှုများ ထွက်ပေါ်လာ" ရီပတ်ဘလစ်ကန် လွှတ်တော်အမတ် ရန်ဒီဖိုင်း (Rep. Randy Fine) ၏ X လူမှုကွန်ရက်ပေါ်ရှိ ပို့စ်တစ်ခုသည် ဒီမိုကရက်တစ်များနှင့် အစ္စလာမ်ဘာသာဝင်များဆိုင်ရာ လူထုအခွင့်အရေးအဖွဲ့ကြီးတစ်ခု၏ ပြင်းပြင်းထန်ထန် ဝေဖန်မှုများကို ခံနေရသည်။ "ကျွန်တော်တို့ကို ရွေးချယ်ခိုင်းမယ်ဆိုရင်တော့ ခွေးနဲ့ မူဆလင်တွေကြားမှာ ရွေးချယ်ရတာဟာ သိပ်တော့ ခက်ခဲတဲ့ကိစ္စ မဟုတ်ပါဘူး" ဟု ဖိုင်းက တနင်္ဂနွေနေ့ (ဖေဖော်ဝါရီ ၁၅) တွင် X လူမှုကွန်ရက်၌ ပို့စ်တင်ခဲ့သည်။ ယင်းနောက် မကြာမီမှာပင် သူသည် ပါလက်စတိုင်းလိုလားသည့် Within Our Lifetime အဖွဲ့၏ တွဲဖက်တည်ထောင်သူ နာဒင်း ကစ်စ်ဝါနီ (Nerdeen Kiswani) ၏ ပို့စ်ဓာတ်ပုံကို ဖော်ပြခဲ့သည်။ ကစ်စ်ဝါနီက ခွေးများကို "မစင်ကြယ်သော အရာ" ဟု ခေါ်ဆိုခဲ့ပြီး "နယူးယောက်စီးတီးသည် အစ္စလာမ်ဘာသာသို့ ဦးတည်လာနေပြီ" ဟု ရေးသားခဲ့ခြင်းဖြစ်သည်။ ကစ်စ်ဝါနီက သူမ၏ မှတ်ချက်မှာ လှောင်ပြောင်သရော်သည့် အနေဖြင့် ပြောဆိုခြင်းဖြစ်ကြောင်း နောက်ပိုင်းတွင် NBC News သတင်းဌာနသို့ အီးမေးလ်ဖြင့် ဖြေကြားခဲ့သည်။ ဖိုင်းက သူ၏နောက်ဆက်တွဲပို့စ်တွင် "အခြေအနေအရ ပြောရရင် ဒါဟာ [နယူးယောက်မြို့တော်ဝန်သစ်] မမ်ဒါနီ (Mamdani) ကို ထောက်ခံတဲ့ အဓိက မူဆလင်အဖွဲ့ခေါင်းဆောင်တစ်ဦးရဲ့ စကားဖြစ်ပါတယ်" ဟု ရေးသားခဲ့သည်။ ဖိုင်း၏ ပထမဆုံးပို့စ်သည် ဝေဖန်မှုများ တသီတတန်းကြီး ဖြစ်ပေါ်စေခဲ့ပြီး သူ့ကို ရာထူးမှနုတ်ထွက်ရန် တောင်းဆိုမှုများလည်း ထွက်ပေါ်လာခဲ့သည်။ အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကောင်စီ (CAIR) က ထုတ်ပြန်ချက်တစ်ခုတွင် ဂါဇာနှင့် ဟားမတ်စ်အရေးအပေါ် ဖိုင်း၏ အရင်က ပြောဆိုချက်များကိုပါ ထောက်ပြခဲ့ပြီး "နိုင်ငံရေးနယ်ပယ်အသီးသီးက လွှတ်တော်ခေါင်းဆောင်တွေအနေနဲ့ အချိန်အတော်ကြာကတည်းက ဖြစ်သင့်နေတဲ့ သူ့ရဲ့ရာထူးကနေ နုတ်ထွက်မှုကို အခုချက်ချင်း တောင်းဆိုသင့်ပါတယ်" ဟု ဆိုသည်။ အောက်လွှတ်တော် လူနည်းစုခေါင်းဆောင် ဟာကင်း ဂျက်ဖရီ (Hakeem Jeffries) ကလည်း ဖိုင်းကို "အစ္စလာမ်ဘာသာအပေါ် မုန်းတီးရွံရှာပြီး နောင်တမရတတ်တဲ့ လူမျိုးကြီးဝါဒီတစ်ဦး" ဟု ခေါ်ဆိုခဲ့သည်။ "မိုက်ဂျွန်ဆင်နဲ့ ရီပတ်ဘလစ်ကန်တွေက ဘာမှမပြောဘဲ နှုတ်ဆိတ်နေကြတာဟာ လက်ခံနိုင်စရာ မရှိပါဘူး။ အမုန်းစကားတွေနဲ့ သွေးခွဲစကားတွေကို သူတို့က ဒီအတိုင်း လျစ်လျူရှုပေးထားတာက ဒီလို ထိန်းမနိုင်သိမ်းမရ ဖြစ်ရပ်တွေကို ဖြစ်ပေါ်စေတာပါ။ ရီပတ်ဘလစ်ကန် ခေါင်းဆောင်တွေအနေနဲ့ ဒီအမတ်ကို တာဝန်ယူမှုရှိအောင် လုပ်ရပါလိမ့်မယ်" ဟု ၎င်းက ဆိုသည်။ ဒီမိုကရက်တစ် အမတ်များဖြစ်သည့် ရောဘတ် ဂါစီယာ (Robert Garcia) နှင့် ယာစာမင်း အန်ဆာရီ (Yassamin Ansari) တို့ကလည်း ဖိုင်းကို ရာထူးမှနုတ်ထွက်ရန်နှင့် ပြင်းပြင်းထန်ထန် အရေးယူရန် တောင်းဆိုခဲ့ကြသလို ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဂါဗင် နယူးဆမ် (Gavin Newsom) ကလည်း X ပေါ်တွင် "အခုချက်ချင်း နုတ်ထွက်လိုက်ပါ၊ မင်းဟာ လူမျိုးရေးခွဲခြားတဲ့ အကောင်ပဲ" ဟု ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့သည်။ ကစ်စ်ဝါနီကမူ သူမ၏ ပို့စ်သည် နယူးယောက်မြို့တွင် မကြာသေးမီက ဆီးနှင်းများကျဆင်းပြီးနောက် ဖြစ်ပေါ်လာသည့် ခွေးမစင်ပြဿနာနှင့် ပတ်သက်၍ လူမှုကွန်ရက်ပေါ်ရှိ ဆွေးနွေးမှုများကို လှောင်ပြောင်သရော်ခြင်းသာဖြစ်ကြောင်းနှင့် မူဆလင်များက မြို့ကို သိမ်းပိုက်တော့မည်ဟု ကြောက်လန့်နေသူများကို ရည်ရွယ်ခြင်းဖြစ်ကြောင်း ရှင်းလင်းခဲ့သည်။ ဝေဖန်မှုများ ထွက်ပေါ်နေသော်လည်း ဖိုင်းကမူ သူ၏စကားကို ပြန်လည်ရုပ်သိမ်းခြင်းမရှိပေ။ သူက Newsmax နှင့် အင်တာဗျူးတွင် "မူဆလင်ခေါင်းဆောင်တစ်ဦးက နယူးယောက်မြို့မှာ ခွေးတွေကို တားမြစ်သင့်တယ်လို့ ပြောနေတာကို တုံ့ပြန်တာပါ။ တကယ်လို့ ခွေးနဲ့ သူတို့ကြားမှာ ရွေးချယ်ခိုင်းမယ်ဆိုရင်တော့ ကျွန်တော်တို့က ခွေးတွေကိုပဲ ရွေးမှာပါ" ဟု ထပ်လောင်းပြောဆိုခဲ့သည်။ ရန်ဒီဖိုင်းသည် လွန်ခဲ့သော တစ်နှစ်မပြည့်မီကမှ ကြားဖြတ်ရွေးကောက်ပွဲဖြင့် အမတ်ဖြစ်လာသူဖြစ်ပြီး အစ္စရေးကို အပြင်းအထန် ထောက်ခံသူတစ်ဦးဖြစ်သည်။ သူသည် ယခင်ကလည်း ဟားမတ်စ်တို့က ဓားစာခံများကို မလွှတ်မချင်း ဂါဇာက လူများကို "ငတ်ပြတ်သွားအောင် ထားသင့်သည်" ဟု ရေးသားခဲ့မှုကြောင့် ဝေဖန်ခံခဲ့ရဖူးသူဖြစ်သည်။ NOM

NOM
201
Repost from NOM.World News
🇲🇾😷"မလေးရှားတွင် တီဘီရောဂါ ကူးစက်မှုနှုန်း မြင့်တက်လာ၊ လူထူထပ်သော နေရာများတွင် နှာခေါင်းစည်းတပ်ကြရန် တိုက်တွန်း" မလေးရှားန
🇲🇾😷"မလေးရှားတွင် တီဘီရောဂါ ကူးစက်မှုနှုန်း မြင့်တက်လာ၊ လူထူထပ်သော နေရာများတွင် နှာခေါင်းစည်းတပ်ကြရန် တိုက်တွန်း" မလေးရှားနိုင်ငံတွင် ရမ်ဇာန်ကာလအတွင်း ဈေးတန်းများနှင့် လူစုလူဝေးပွဲများသို့ သွားရောက်ကြသည့် ပြည်သူများအနေဖြင့် တီဘီရောဂါ (TB) ကူးစက်မှုမှ ကာကွယ်ရန် ကြိုတင်သတိပြုကြရန် ကျန်းမာရေးဝန်ကြီးဌာနက သတိပေးချက်ထုတ်ပြန်လိုက်သည်။ ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် ထုတ်ပြန်သည့် ကြေညာချက်အရဖေဖော်ဝါရီ ၈ ရက်မှ ၁၄ ရက်အထိ တစ်ပတ်အတွင်း တီဘီရောဂါရှင်သစ် ၅၉၆ ဦး ထပ်မံတွေ့ရှိခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စုစုပေါင်း ကူးစက်ခံရသူ ၃,၁၆၁ ဦးအထိ ရှိလာခဲ့သည်။ ကျန်းမာရေးဝန်ကြီးဌာန၏ အဆိုအရ တီဘီရောဂါသည် ကိုဗစ်-၁၉ ကဲ့သို့ မြန်မြန်ဆန်ဆန် ကူးစက်လေ့မရှိဘဲ ရောဂါရှိသူနှင့် အချိန်ကြာမြင့်စွာ နီးကပ်စွာ ထိတွေ့မှုရှိမှသာ ကူးစက်တတ်သော်လည်း လူထူထပ်၍ လေဝင်လေထွက်မကောင်းသော နေရာများတွင် ကူးစက်နိုင်ခြေ ပိုများကြောင်းသိရသည်။ ထို့ကြောင့် ရောဂါလက္ခဏာရှိသူများ သို့မဟုတ် လူထူထပ်သော နေရာများသို့ သွားရောက်သူများအနေဖြင့် Mask တပ်ဆင်ကြရန်နှင့် ချောင်းဆိုးသည့် အလေ့အကျင့်ကောင်းများကို လိုက်နာကြရန် တိုက်တွန်းထားပါသည်။ NOM

NOM
201
Repost from News Of Myanmar
🇺🇸🍕အမေရိကန် စစ်ဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ် က ပန်တဂွန် စစ်ဌာနချုပ်ရဲ့ ပီဇာအော်ဒါတွေကို စောင့်ကြည့်ပြီး စစ်ရေးလှုပ်ရှားမှုတွေကို ခန့်မှန်းနေတဲ့ X (ယခင် တွစ်တာ) ဆိုရှယ်မီဒီယာအကောင့်နဲ့ ပတ်သက်လို့ အခုလိုပြောကြားခဲ့ပါတယ်။ 👇 "အဲဒီအကောင့်အကြောင်း ကျွန်တော် သိပါတယ်။ ကျွန်တော်ကတော့ ထမင်းစားဆောင်သွားဖို့ထက် လူတိုင်းကို မျက်စိလည်သွားအောင် ကျပန်းညတွေမှာ ပီဇာတွေအများကြီး အော်ဒါမှာဖို့ စဉ်းစားထားတယ်။ တစ်ခါတလေ သောကြာနေ့ညမျိုးမှာ ဒိုမီနို (Domino) ပီဇာအော်ဒါတွေ အများကြီးတွေ့ရင် ဒါဟာ စောင့်ကြည့်စနစ်တစ်ခုလုံးကို ကမောက်ကမဖြစ်အောင် ကျွန်တော်ကိုယ်တိုင် အက်ပလီကေးရှင်း (App) ထဲကနေ မှာနေတာလည်း ဖြစ်နိုင်ပါတယ်" 🔎🍕ဘာကြောင့် လူတွေက ပန်တဂွန်ရဲ့ ပီဇာအော်ဒါတွေကို စောင့်ကြည့်ကြတာလဲ?? ဒါကို "The Pizza Meter" (ပီဇာတိုင်းတာချက်) လို့ ခေါ်ပါတယ်။ ဒါဟာ သိပ္ပံနည်းကျ အချက်အလက်ထက် လက်တွေ့ကျတဲ့ အခြေအနေတွေအပေါ် အခြေခံပြီး ခန့်မှန်းကြတာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အစိုးရရုံးတွေဟာ ညနေပိုင်းမှာ ပိတ်လေ့ရှိပါတယ်။ ဒါပေမဲ့ ကြီးမားတဲ့ စစ်ရေးလှုပ်ရှားမှု ဒါမှမဟုတ် နိုင်ငံတကာ အကျပ်အတည်းတစ်ခုခု (ဥပမာ- စစ်ပွဲစတော့မယ့် အခြေအနေ) ဖြစ်လာရင် အရာရှိကြီးတွေနဲ့ ဝန်ထမ်းတွေဟာ ညဘက်အထိ ရုံးမှာ အလုပ်လုပ်ကြရပါတယ်။ အဲဒီလို အလုပ်များနေတဲ့အချိန်မှာ အပြင်ထွက်စားဖို့ အချိန်မရှိသလို၊ ရုံးတွင်းကန်တင်းတွေကလည်း ပိတ်နေတတ်တဲ့အတွက် အလွယ်တကူ မှာစားလို့ရတဲ့ "ပီဇာ" ကို အများအပြားမှာယူကြပါတယ်။ ပန်တဂွန်စစ်ဌာနချုပ်လို နေရာမျိုးကို ပီဇာအော်ဒါတွေ ပုံမှန်ထက် ထူးထူးခြားခြား ပိုရောက်နေပြီဆိုရင် - "တစ်ခုခုတော့ ထူးခြားနေပြီ၊ အရေးကြီးတဲ့ စစ်ဆင်ရေးတစ်ခုခုအတွက် ပြင်ဆင်နေပြီ" လို့ သတင်းထောက်တွေနဲ့ စောင့်ကြည့်လေ့လာသူတွေက တွက်ဆကြတာ ဖြစ်ပါတယ်။ ဒါဟာ ထောက်လှမ်းရေးလောကမှာ OSINT (Open Source Intelligence) လို့ခေါ်တဲ့ လူတိုင်းမြင်နိုင်တဲ့ အချက်အလက်တွေကနေတစ်ဆင့် လျှို့ဝှက်ချက်တွေကို ဖော်ထုတ်တဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ NOM

NOM
201
Repost from News Of Myanmar
ထရန့် အခြေအနေထိုးဆင်းသွားပြီ - အမေရိကန်လူမျိုး ၆၀% က "လုံးဝလက်မခံနိုင်ဘူး" ဟု ဆိုကြသည်။ အသစ်ထွက်ပေါ်လာသည့် လူထုသဘောထားစစ်တမ်းတစ်ခုအရ အမေရိကန်လူမျိုး ၆၀% သည် ထရန့်၏ လုပ်ဆောင်ချက်များအပေါ် မကျေနပ်ကြကြောင်း ပြသနေသည်။ ၎င်းမှာ လူထုအနေဖြင့် အမှားအမှန်ကို ကိုယ်တိုင်မြင်တွေ့ကြားသိနေရ၍ ဖြစ်ပုံရသည်။ အခြားသူများကို "အလွန်ဆိုးရွားသောနေ့တစ်နေ့" ဖြစ်စေမည်ဟု ကတိပေးခဲ့သည့် သမ္မတကြီးမှာ ယခုအခါ ပျက်စီးယိုယွင်းနေသော လူထုထောက်ခံမှုနှုန်းထားများနှင့်အတူ ၎င်းကိုယ်တိုင်ပင် ထိုအခြေအနေနှင့် ရင်ဆိုင်နေရပြီဖြစ်သည်။ NOM

NOM
201
Repost from NOM.World News
မက္ကဆီကိုနိုင်ငံက မူးယစ်ဂိုဏ်းသားတွေစီးတဲ့ အလန်းစား လက်နက်ကိုင်ထရပ်ကားတစ်စီးရဲ့ ပုံစံ - ပေါက်ကွဲမှုဒဏ်ခံနိုင်တဲ့ သံချပ်ကာပြားတွေ၊ အထဲကနေ အပြင်ကို ပစ်လို့ရတဲ့ သေနတ်ပေါက်တွေနဲ့ အဆင့်မြင့် စစ်ဆင်ရေးသုံး ပစ္စည်းတွေ အပြည့်အစုံ တပ်ဆင်ထားတာမျိုးပါ။ NOM