201
Подписчики
Нет данных24 часа
-17 дней
-830 день
Архив постов
201
ငွေစက္ကူတွေကို အသုံးပြုကာ ပန်းစည်းအဖြစ်ဖန်တီးပြီး ချစ်သူများနေ့မှာ လက်ဆောင်ပေးတာမျိုး မလုပ်ဖို့အတွက် ကင်ညာဗဟိုဘဏ်က တားမြစ်ခဲ့ပါတယ်။ ဒါဟာ နိုင်ငံတော်ငွေကြေးကို ဖျက်ဆီးတဲ့ ပြစ်မှုနဲ့ ညီမျှပြီး ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ခံရနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။
ကင်ညာငွေကြေးအသုံးပြုမှုကို ထိန်းချုပ်ထားတဲ့ တည်ဆဲဥပဒေတွေအရ ဖမ်းဆီးခံရမယ်ဆိုရင် ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်ခံရနိုင်တယ်လို့လည်း သိရပါတယ်။ ဖေဖော်ဝါရီ ၁၄ ရက်နေ့ကို ချစ်သူများနေ့အဖြစ် သတ်မျတ်ထားပြီး အဆိုပါနေ့ရောက်လာရင် ဒီလိုမျိုး ငွေစက္ကူပန်းစည်းတွေကို ချစ်သူတွေကြား အမှတ်တရအဖြစ်နဲ့ လက်ဆောင်ပေးလေ့ရှိကြတာ ဖြစ်ပါတယ်။
News Of Myanmar NOM
201
ထိုင်းနိုင်ငံ၊ နခွန်စီသမ်မာရတ်ပြည်နယ်မှာ နာရေးအိမ်ကို စားသောက်ဆိုင်တန်းလို့ မှားယွင်းပြီး နိုင်ငံခြားသားတွေ ဝင်ရောက်လာခဲ့တဲ့ ဖြစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။
နာရေးအိမ်မှာ ဧည့်ခံကျွေးမွေးဖို့အတွက် ခုံတန်းကိုကို စီချထားပြီး အစားအသောက်တွေနဲ့ ဧည့်ခံနေခဲ့တာပါ။ ဒါကို စားသောက်ဆိုင်တန်းမှတ်ပြီး နိုင်ငံခြားခရီးသွားတွေက ဝင်ရောက်လာခဲ့ပြီး စားသောက်တန်းလားလို့ မေးခဲ့ပါတယ်။ အိမ်ရှင်တွေက နာရေးအိမ်ဖြစ်တယ်လို့ ပြောဆိုခဲ့လို့ ခရီးသွားတွေ အံ့အားသင့်ခဲ့ပေမယ့် ထိုင်လို့ရမလား ခွင့်တောင်းခဲ့ရာမှာ အိမ်ရှင်ကလည်း ခွင့်ပြုခဲ့ပြီး အစားအသောက်တွေနဲ့ တည်ခင်းဧည့်ခံပေးခဲ့တယ်လို့ သိရပါတယ်။
ဒီဖြစ်ရပ်ကို ဗီဒီယိုရိုက်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ တင်ခဲ့ရာမှာ လူသိများထင်ရှားသွားခဲ့ပြီး ထိုင်းလူမျိုးတွေရဲ့ ကြင်နာတတ်မှုနဲ့ ဖော်ရွေမှုကို ချီးကျူးနေကြပါတယ်။
News Of Myanmar NOM
201
Repost from News Of Myanmar
ဂျက်ဖရီ အက်ပ်စတိုင်း (Jeffrey Epstein) လို မကောင်းဆိုးဝါးကပင် ဒေါ်နယ်ထရန့်ကို "အန္တရာယ်ရှိသူတစ်ယောက်" ဟု ပြောသောအခါ ...
"ကျွန်တော် လူဆိုးတော်တော်များများကို တွေ့ဖူးပါတယ်။ ဒါပေမဲ့ ဒေါ်နယ်ထရန့်လောက် ဆိုးတဲ့သူ တစ်ယောက်မှ မရှိဘူး။ သူ့ခန္ဓာကိုယ်ထဲမှာ ကောင်းမွန်တဲ့ ဆဲလ်တစ်ခုတောင် မရှိဘူး။ ဒါကြောင့် ဟုတ်ပါတယ်၊ သူဟာ အန္တရာယ်ရှိတဲ့ သူတစ်ယောက်ပါ။" — အက်ပ်စတိုင်း
News Of Myanmar NOM
201
ရုရှားလက်ရွေးစင်ဘောလုံးအသင်းကို နိုင်ငံတကာဘောလုံးပြိုင်ပွဲတွေမှာ ပါဝင်ခွင့်တားမြစ်ထားမှုကို ရုတ်သိမ်းပေးဖို့ တောင်းဆိုခဲ့တဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ အင်ဖန်တီနိုကို ယူကရိန်းက သူတို့ရဲ့ Kill List (သတ်ဖြတ်မယ့်သူများစာရင်း) မှာ ထည့်သွင်းလိုက်ပါတယ်။
News Of Myanmar NOM
201
Repost from News Of Myanmar
+1
"လစ်ဗျားခေါင်းဆောင်ဟောင်း ဂဒါဖီ၏သားဖြစ်သူ ဆာအိဖ်အယ်လ်အစ္စလမ် ဂဒါဖီ လုပ်ကြံသတ်ဖြတ်ခံရ"
လစ်ဗျားခေါင်းဆောင်ဟောင်း မူအမ်မာဂဒါဖီ၏သားဖြစ်သူသည် ၎င်း၏နေအိမ်ခြံဝင်းအတွင်း၌ လူလေးဦး၏ သေနတ်ဖြင့် ပစ်ခတ်မှုကို ခံခဲ့ရပြီး ပြစ်မှုကျူးလွန်သူများမှာ အခင်းဖြစ်ပွားရာနေရာမှ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။
ဆာအိဖ်အယ်လ်အစ္စလမ် ဂဒါဖီအား သတ်ဖြတ်မှုသည် ဇင်တန်မြို့ရှိ ၎င်း၏နေအိမ်တွင် အမည်မသိလူလေးဦးက ကျူးလွန်ခဲ့ခြင်းဖြစ်သည်။
နေအိမ်ရှိ လုံခြုံရေးကင်မရာများကို ဖြတ်တောက်ပြီးနောက် ဇင်တန်မြို့ရှိ နေအိမ်၌ပင် ဆာအိဖ်အယ်လ်အစ္စလမ် ဂဒါဖီ လုပ်ကြံခံခဲ့ရခြင်းဖြစ်သည်။
၎င်းသည် လွန်ခဲ့သောနှစ်များစွာကတည်းက သမ္မတဖြစ်ရန် ရည်မှန်းချက်ရှိခဲ့သူတစ်ဦးလည်း ဖြစ်သည်။
News Of Myanmar NOM
201
တူရကီပိုက်လိုင်းတွေကတဆင့် ဥရောပဟာ ရုရှားရဲ့ ဓါတ်ငွေ့တင်သွင်းမှုတွေကို တိုးမြှင့်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြလိုက်ပါတယ်။
ဇန်နဝါရီလအတွင်းက ဥရောပဟာ တူရကီပိုက်လိုင်းတွေကတဆင့် ရုရှားဓါတ်ငွေ့ ၁၀.၃% ကို ပိုမိုတင်သွင်းခဲ့ကာ ပြီးခဲ့တဲ့နှစ်ရဲ့ ၁.၅၇ ဘီလီယံကုဗမီတာနဲ့ နှိုင်းယှဉ်ရင် ၁.၇၃ ဘီလီယံကုဗမီတာ တင်သွင်းခဲ့တာဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ပျမ်းမျှနေ့စဉ်ပို့ဆောင်မှုဟာ ၂၀၂၅ ဒီဇင်ဘာလရဲ့ အဆင့်အတိုင်း ရှိနေခဲ့ပါတယ်။
ယူကရိန်းကတဆင့် ဖြတ်သန်းပို့ဆောင်မှု ရပ်ဆိုင်းခဲ့ပြီးနောက် တူရကီက ဥရောပဆီ ရုရှားဓါတ်ငွေ့ထောက်ပံ့မှုရဲ့ တခုတည်းသော လမ်းကြောင်း ဖြစ်လာခဲ့တာပါ။
News Of Myanmar NOM
201
+1
နော်ဝေပါလီမန်ဟာ ဘုရင်စနစ်ကို ထိန်းသိမ်းထားဖို့အတွက် မဲပေးရွေးချယ်လိုက်ပါတယ်။
ဘုရင်စနစ်ကို ဖျက်သိမ်းကာ သမ္မတနိုင်ငံအဖြစ်ဆီ ကူးပြောင်းဖို့အတွက် အဆိုပြုချက်ဟာ Epstein နဲ့ အိမ်ရှေ့မင်းသမီးတို့ရဲ့ ဆက်နွယ်မှု၊ နော်ဝေမင်းသားရဲ့ မုဒိမ်းကျင့်မှုအပါအဝင် အခြားရော ရာဇဝတ်မှုတွေကြောင့် တရားစွဲဆိုခံထားရမှုတွေနဲ့အတူ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။
News Of Myanmar NOM
201
ဂျပန်ရဲ့ စစ်ရေးပြန်လည်ထူထောင်နေမှုအပေါ်မှာ တရုတ်နဲ့ ရုရှားတို့က ပြတ်ပြတ်သားသားဆန့်ကျင်ပြီး ဒါဟာ ဒေသတွင်းငြိမ်းချမ်းရေးနဲ့ ကမ္ဘာ့တည်ငြိမ်မှုကို ခြိမ်းခြောက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း ဂျပန်ရဲ့ ဒီလုပ်ဆောင်မှုကို ငြင်းဆန်ကာ စစ်ပြီးခေတ်အစီအစဉ်ကို ကာကွယ်ဖို့အတွက် ဘေဂျင်းက တောင်းဆိုကြောင်းလည်း ဆိုပါတယ်။
News Of Myanmar NOM
201
Repost from News Of Myanmar
💥💥💥
🇮🇷✈️🇺🇸
အာရေးဘီးယားပင်လယ်အတွင်း
အမေရိကန်လေယာဉ်တင်သင်္ဘော USS Abraham Lincoln ကို စောင့်ကြည့်နေသည့် အီရန် ရှာဟစ်-၁၃၉ အမျိုးအစား မောင်းသူမဲ့ဒရုန်းတစ်စင်းကို အမေရိကန် F-35 တိုက်လေယာဉ်တစ်စင်းက ပစ်ချခဲ့ပြီးနောက် အီရန်က အမေရိကန်လေယာဉ်တင်သင်္ဘောကို စောင့်ကြည့်ရန်အတွက် နောက်ထပ် မောင်းသူမဲ့ဒရုန်း စေလွှတ်ထားကြောင်းသိရသည်။
News Of Myanmar NOM
201
Repost from News Of Myanmar
💥💥💥
🇺🇸✈️🔥✈️🇮🇷
အီရန် ရှာဟစ်- ၁၃၉ အမျိုးအစား မောင်းသူမဲ့ဒရုန်းဟာ USS Abraham Lincoln လေယာဉ်တင် သင်္ဘောဆီသို့ တိုက်ရိုက်ဦးတည်ပျံသန်းလာသောကြောင့် အမေရိကန် F-35 တိုက်လေယာဉ်တစ်စင်းက ပစ်ချခဲ့ခြင်းဖြစ်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။
News Of Myanmar NOM
201
Repost from News Of Myanmar
💥💥💥 🇺🇸❗️🇮🇷
အာရေးဘီးယားပင်လယ်အတွင်း USS Abraham Lincoln လေယာဉ်တင်သင်္ဘောကို စောင့်ကြည့်နေသည့် အီရန်မောင်းသူမဲ့ ဒရုန်းတစ်စင်းကို အမေရိကန်ရေတပ်က ပစ်ချလိုက်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။
News Of Myanmar NOM
201
🇺🇸🇮🇶"နူရီ အယ်လ်-မာလီကီ ဝန်ကြီးချုပ် ဖြစ်လာပါက အီရတ်၏ ရေနံတင်ပို့မှုအပေါ် ဒဏ်ခတ်ပိတ်ဆို့မည်ဟု အမေရိကန် ခြိမ်းခြောက်"
နူရီ အယ်လ်-မာလီကီ (Nouri Al-Maliki) သာ ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါက အီရတ်နိုင်ငံ၏ ရေနံတင်ပို့မှုများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်မည်ဟု အမေရိကန်ပြည်ထောင်စုက ခြိမ်းခြောက်လိုက်ကြောင်း Bloomberg သတင်းဌာနက ဖော်ပြသည်။
၎င်းသည် အီရန်နိုင်ငံနှင့် "နီးကပ်လွန်းသူ" အဖြစ် သတ်မှတ်ခံထားရခြင်းကြောင့် ယခုကဲ့သို့ ခြိမ်းခြောက်ခံရခြင်းဖြစ်သည်။
News Of Myanmar NOM
201
🇦🇫🏥"အာဖဂန်နစ္စတန်ရှိ ဆေးတက္ကသိုလ်များတွင် တမန်တော်မြတ်၏ ဆေးပညာ (Prophetic Medicine) ဌာနများ ဖွင့်လှစ်တော့မည်"
အာဖဂန်နစ္စတန်သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတော်ပိုင် ဆေးတက္ကသိုလ်များ၌ တမန်တော်မြတ်၏ ဆေးပညာဌာနများကို စတင်ဖွင့်လှစ်တော့မည်ဖြစ်သည်။ ဤအစီအစဉ်ကို အစ္စလာမ္မစ်စော်ဘွားများနိုင်ငံ၏ အမြင့်ဆုံးခေါင်းဆောင် ဟီဘာတူလာ အာခုန်ဇာဒါ (Hibatullah Akhundzada) က အတည်ပြုပေးခဲ့ကြောင်း Ariana သတင်းဌာနကဖော်ပြခဲ့သည်။
တမန်တော်မြတ်၏ ဆေးပညာသည် ရောဂါကုသမှုနှင့် ကာကွယ်မှုများအတွက် တမန်တော် မိုဟာမက် (Prophet Muhammad) ၏ လမ်းညွှန်ချက်များအပေါ် အခြေခံထားသည်။ ၎င်းသည် ရောဂါကာကွယ်ရေး၊ အစားအသောက် အတင့်အသင့် စားသုံးရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပျားရည်၊ သံလွင်ဆီ၊ စမုန်နက်အနက်၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ရှားစောင်းလက်ပတ်နှင့် စင်နာ (senna) ကဲ့သို့သော ရိုးရာဆေးဖက်ဝင်ပစ္စည်းများကို အဓိကထားသည်။
ကုသမှုနည်းလမ်းများတွင် မျှော့သုံး၍ သွေးဖောက်ခြင်း၊ ခွက်ဖြင့် သွေးစုပ်ထုတ်ခြင်း (cupping)၊ မီးဖြင့် အပူပေးကုသခြင်း (cauterization) နှင့် ကုရ်အာန်ကျမ်းစာ ရွတ်ဖတ်ခြင်းကဲ့သို့သော ဝိညာဉ်ရေးရာ ကျင့်ထုံးများလည်း ပါဝင်သည်။
အဆိုပါ လမ်းညွှန်ချက်များကို ဆရာဝန်များကမဟုတ်ဘဲ တမန်တော်မြတ်၏ အကြံပြုချက်များကို စနစ်တကျ စုစည်းထားသည့် ဘာသာရေးပညာရှင်များ (Ulama) က ပြုစုခဲ့ခြင်းဖြစ်သည်။ အာဖဂန်ပညာရေးဝန်ကြီးဌာန၏ အဆိုအရ ဤဌာနသစ်များသည် ဆေးပညာရပ်ကို တိုးတက်စေရန်နှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျွမ်းကျင်သူများ လေ့ကျင့်ပေးရန် ရည်ရွယ်သည်ဟုဆိုသည်။
News Of Myanmar NOM
201
Repost from News Of Myanmar
+1
🇷🇺⚠️❗"ကြီးမားသော လေကြောင်းတိုက်ခိုက်မှုများအတွင်း ရုရှားလေကြောင်းနှင့် အာကာသတပ်ဖွဲ့များက X-32 ဒုံးကျည်ကိုအသုံးပြုလာ"
လတ်တလောတွင် ရုရှားလေကြောင်းနှင့် အာကာသတပ်ဖွဲ့များသည် ကြီးမားသော လေကြောင်းတိုက်ခိုက်မှု ပြုလုပ်တိုင်း X-32 ဒုံးကျည် များကို စတင်အသုံးပြုလာကြသည်။
ဤဒုံးကျည်သည် ၁ တန် (ကီလိုဂရမ် ၁၀၀၀) အလေးချိန်ရှိသော ထိပ်ဖူးတပ်ဆင်ထားသည့် အလွန် လေးလံသော သင်္ဘောဖျက်ဒုံးကျည် (Anti-ship missile) အမျိုးအစားဖြစ်သည်။
၎င်းကို ၂၀၁၆ ခုနှစ်တွင် စစ်ဘက်၌ စတင်အသုံးပြုခဲ့သည်။
ယူကရိန်းအထူးစစ်ဆင်ရေးအတွင်း၌ ဤဒုံးကျည်များကို မြေပြင်ပစ်မှတ်များအား ထိရောက်စွာ တိုက်ခိုက်နိုင်ရန်အတွက် အဆင့်မြှင့်တင်မှုများ စတင်ပြုလုပ်ခဲ့သည်။
ယခုအခါ အဆင့်မြှင့်တင်မှုလုပ်ငန်းများ ပြီးစီးသွားပြီဖြစ်ကာ အဆိုပါဒုံးကျည်များကို အမြောက်အမြား ထုတ်လုပ်နေပြီ ဖြစ်သည်။
News Of Myanmar NOM
201
Repost from News Of Myanmar
+1
🇷🇺⚠️❗"ကြီးမားသော လေကြောင်းတိုက်ခိုက်မှုများအတွင်း ရုရှားလေကြောင်းနှင့် အာကာသတပ်ဖွဲ့များက X-32 ဒုံးကျည်ကိုအသုံးပြုလာ"
လတ်တလောတွင် ရုရှားလေကြောင်းနှင့် အာကာသတပ်ဖွဲ့များသည် ကြီးမားသော လေကြောင်းတိုက်ခိုက်မှု ပြုလုပ်တိုင်း X-32 ဒုံးကျည် များကို စတင်အသုံးပြုလာကြသည်။
ဤဒုံးကျည်သည် ၁ တန် (ကီလိုဂရမ် ၁၀၀၀) အလေးချိန်ရှိသော ထိပ်ဖူးတပ်ဆင်ထားသည့် အလွန် လေးလံသော သင်္ဘောဖျက်ဒုံးကျည် (Anti-ship missile) အမျိုးအစားဖြစ်သည်။
၎င်းကို ၂၀၁၆ ခုနှစ်တွင် စစ်ဘက်၌ စတင်အသုံးပြုခဲ့သည်။
ယူကရိန်းအထူးစစ်ဆင်ရေးအတွင်း၌ ဤဒုံးကျည်များကို မြေပြင်ပစ်မှတ်များအား ထိရောက်စွာ တိုက်ခိုက်နိုင်ရန်အတွက် အဆင့်မြှင့်တင်မှုများ စတင်ပြုလုပ်ခဲ့သည်။
ယခုအခါ အဆင့်မြှင့်တင်မှုလုပ်ငန်းများ ပြီးစီးသွားပြီဖြစ်ကာ အဆိုပါဒုံးကျည်များကို အမြောက်အမြား ထုတ်လုပ်နေပြီ ဖြစ်သည်။
News Of Myanmar NOM
201
Repost from News Of Myanmar
‼️🗣 🇮🇷"ထရမ့်သည် အီရန်အား တိုက်ခိုက်မည့် အစီအစဉ်ကို လက်လျှော့လိုက်ပြီး စစ်အင်အားပြခြိမ်းခြောက်မှု နည်းလမ်းကိုသာ အသုံးပြုတော့မည်"
📌အမေရိကန်သမ္မတသည် အီရန် အပေါ် စစ်ရေးအရ အရေးယူဆောင်ရွက်မည့် အစီအစဉ်ကို မလုပ် ဆောင်ရန် ဆုံးဖြတ်ခဲ့ပြီး၊ စစ်ရေးဖိအားများ တိုးမြှင့်ရင်း တစ်ဖက်တွင် လည်း ဆွေးနွေးညှိနှိုင်းမှုများအပေါ် အာရုံစိုက်လုပ်ဆောင်နေသည်။
📌ဝါရှင်တန်သည် ပါရှန်ပင်လယ်ကွေ့အတွင်း အမေရိကန်စစ် အင်အား အလုံးအရင်း တိုးမြှင့်ချထားမှုနှင့် အီရန်နိုင်ငံအတွင်း မတည်ငြိမ်မှုများကြောင့် အားနည်းနေသည့် အခြေအနေတို့ကို အခွင့် ကောင်းယူကာ အသာစီးရသည့် အနေအထားဖြင့် ဆွေးနွေးပွဲများသို့ ချဉ်းကပ်နေသည်။
📌စတိဗ် ဝစ်ကော့ဖ် (Steve Witkoff) နှင့် ဂျာရက် ကူးရှ်နာ (Jared Kushner) တို့ကို ဆွေးနွေးပွဲများသို့ စေလွှတ်ထားပြီး ဒေသတွင်းရှိ အမေရိကန်တပ်ဖွဲ့များကို အသင့်အနေအထား ပြင်ဆင်ထားသော်လည်း ယခုလုပ်ဆောင်ချက် မှာ အလစ်အငိုက် တိုက်ခိုက်ရန်အတွက် ဖုံးကွယ် ထားခြင်းမဟုတ် ကြောင်း အိမ်ဖြူတော်က အလေးပေးပြောကြားခဲ့သည်။
📌ယခင်က ထရမ့်သည် စစ်ရေးအရ တိုက်ခိုက်ရန် နီးစပ်ခဲ့သော်လည်း ဗုံးကြဲတိုက်ခိုက်မှု၏ ထိရောက် မှုအပေါ် သံသယရှိခြင်းနှင့် အီရန် ၏ ဒေသတွင်းအကြီးအကျယ် တုံ့ပြန်တိုက်ခိုက်လာနိုင်သည့် အန္တရာယ်တို့ကြောင့် ယင်းအစီအစဉ်ကို စွန့်လွှတ်ခဲ့ခြင်းဖြစ်သည်။
📌တစ်ချိန်တည်းမှာပင် နိုင်ငံအချို့က တင်းမာမှုများ လျှော့ချရန်အတွက် သံတမန်ရေးအရ အပြင်းအထန် ကြိုးပမ်းခဲ့ကြရာ လာမည့်သောကြာနေ့တွင် တွေ့ဆုံပွဲပြုလုပ်ရန် စီစဉ် ထားပြီး ဒေသတွင်း ကြားဝင်စေ့စပ် ပေးသူများလည်း ပါဝင်နေကြသည်။
📌ထရမ့်၏ လူယုံများက သူသည် စစ်ပွဲကို အလိုမရှိကြောင်း ပြောဆိုသော်လည်း အီရန်ဘက်မှ ခိုင်မာသည့် အဆိုပြုချက်များ မရှိပါက အီရန်၏ အခြေအနေမှာ လျင်မြန်စွာ ဆိုးရွားသွားနိုင်ကြောင်း သတိပေးထားသည်။
News Of Myanmar NOM
201
Repost from News Of Myanmar
🇮🇱⚔️🇮🇷"အီရန်လုံးဝမလိုက်လျောနိုင်သည့် အချက်ကို ခြိမ်းခြောက်တောင်းဆိုနေသည့် အစ္စရေး"
အမေရိကန်နှင့်ချုပ်ဆိုမည့် မည်သည့်သဘောတူညီချက်တွင်မဆို အီရန်အနေဖြင့် ၎င်း၏ ဘလစ်စတစ်ဒုံးကျည်စီမံကိန်းကို စွန့်လွှတ်ရန် အချက်ပါဝင်ရမည်ဖြစ်ကြောင်း၊ အကယ်၍ အီရန်က ယင်းအချက်ကို သဘောမတူပါက အစ္စရေးက တစ်ဖက်သတ် တိုက်ခိုက်သွားမည် ဖြစ်ကြောင်း အစ္စရေးအရာရှိများက ပြောကြားလိုက်သည် - CNN
News Of Myanmar NOM
201
Repost from News Of Myanmar
🇺🇸🚁⚔️🇻🇳"ဗီယက်နမ်နိုင်ငံအားဒုတိယအကြိမ် အမေရိကန်ကျူးကျော်ဝင်ရောက်လာနိုင်မှုအတွက် ပြင်ဆင်နေကြောင်း ပေါက်ကြားလာသည့် စာရွက်စာတမ်းများအရ သိရ"
ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာနမှ "ဒုတိယအကြိမ် အမေရိကန် ကျူးကျော်မှု စီမံချက်" အမည်ရှိ ပေါက်ကြားလာသည့် လျှို့ဝှက်စာရွက်စာတမ်းတစ်ခုအရ ဗီယက်နမ်အစိုးရသည် အမေရိကန်၏ ကျူးကျော်စစ် ဖြစ်လာနိုင်ခြေအတွက် တက်ကြွစွာ ပြင်ဆင်နေကြောင်း အေဘီစီသတင်းဌာနက ဖော်ပြသည်။
၎င်းသည် ဝါရှင်တန်နှင့် သံတမန်ရေးရာ ဆက်ဆံရေးကို အမြင့် ဆုံးအဆင့်သို့ မြှင့်တင်ပြီး တစ်နှစ် အကြာတွင် ပေါ်ထွက်လာခြင်းဖြစ် သည်။
အမေရိကန်ကို ရန်လိုသောနိုင်ငံအဖြစ်သတ်မှတ်ခြင်း: ၂၀၂၄ ခုနှစ် စီမံချက်တွင် အမေရိကန်အား "ရန်လိုသော" အင်အားစုအဖြစ် တံဆိပ်ကပ်ထားပြီး ဗီယက်နမ်ကို တရုတ်၏ ဩဇာစက်ကွင်းအတွင်းမှ ဆွဲထုတ်ရန် "ပုံစံမတူသော စစ်ဆင်ရေးများ" နှင့် "အကြီးအကျယ် ကျူးကျော်မှုများ" ပြုလုပ်လာနိုင် ကြောင်း သတိပေးထားသည်။
အရောင်စုံတော်လှန်ရေး (Color Revolution): ဝါရှင်တန်နှင့် ၎င်း၏ မဟာမိတ်များသည် နိုင်ငံရေးအရ ဖိအားပေးခြင်း၊ "တန်ဖိုးထားမှုများ တင်ပို့ခြင်း" တို့ကို အသုံးပြုကာ ဗီယက်နမ်၏ ဆိုရှယ်လစ်စနစ်ကို ပျက်ပြားစေရန် ကြိုးပမ်းလာနိုင် ကြောင်း ဖော်ပြထားသည်။
အဓိကခြိမ်းခြောက်မှု: ဗီယက်နမ်သည် တရုတ်ကို ဒေသတွင်း ပြိုင်ဘက်အဖြစ် မြင်သော်လည်း အမေရိကန်ကိုမူ ကွန်မြူနစ်ပါတီ အာဏာတည်မြဲရေးအတွက် ရေရှည်တွင် ပိုမိုကြီးမားသော ခြိမ်းခြောက်မှု အဖြစ်ရှုမြင်ထားသည်။
သတိထားစောင့်ကြည့်မှု: လတ်တလောတွင် တိုက်ရိုက်တိုက်ခိုက်မှု ဖြစ်လာနိုင်ခြေ နည်းပါးသော်လည်းကျူးကျော်မှုအတွက် "အကြောင်းပြချက်ကောင်း" ဖန်တီးလာနိုင်သည်ကို အမြဲမပြတ် သတိရှိရန် ဗီယက်နမ် စစ်ဘက်အရာရှိများက တိုက်တွန်းထားသည်။
News Of Myanmar NOM
201
အိန္ဒိယဟာ ရုရှားဆီကနေ ရေနံဝယ်ယူဖို့အတွက် ငြင်းဆိုခဲ့တဲ့ သတင်းတွေကို ကရင်မ်လင်ပြောရေးဆိုခွင့်ရှိသူ Peskov က အတည်ပြုခြင်းမရှိခဲ့ပါဘူး။
“ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေလီကနေ ဘာထုတ်ပြန်ချက်မှ ကျနော်တို့ မကြားရ၊ မမြင်ရသေးဘူး၊ ဒေလီနဲ့ ကျနော်တို့ကြား နှစ်နိုင်ငံဆက်ဆံရေးကို ပိုပြီးတိုးတက်လာအောင် လုပ်ဆောင်ဖို့ကို ရည်ရွယ်ထားပါတယ်” လို့ Peskov က ပြောဆိုခဲ့ပါတယ်။
News Of Myanmar NOM
201
Repost from News Of Myanmar
+3
🇸🇮🇺🇸အမေရိကန်သမ္မတကတော် မယ်လန်နီယာ ထရမ့် (Melania Trump) အကြောင်း စလိုဗေးနီးယား မီဒီယာများ၏ ဝေဖန်ချက်-
"မှတ်တမ်းရုပ်ရှင်မဟုတ်ဘဲ PR ကြော်ငြာသက်သက်သာဖြစ်ပြီး ဒါရိုက်တာမှာလည်း ဂျက်ဖရီ အပ်စတိန်း (Jeffrey Epstein) အရှုပ်တော်ပုံနှင့် ဆက်နွှယ်နေ"
မယ်လန်နီယာ ထရမ့်သည် စလိုဗေးနီးယားနိုင်ငံ၊ ဆက်ဗ်နီဆာမြို့ (Sevnica) တွင် မယ်လန်နီယာ နားဗ်စ် (Melanija Knavs) အမည်ဖြင့် မွေးဖွားခဲ့သူဖြစ်ပြီး နိုင်ငံ၏ကမ္ဘာကျော်ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာသောကြောင့် စလိုဗေးနီးယား မီဒီယာများက သူမ၏အကြောင်းကို အထူးတလည် အာရုံစိုက်နေကြသည်။
သို့သော်လည်း သူမအကြောင်း ရိုက်ကူးထားသည့် ရုပ်ရှင်အပေါ် စလိုဗေးနီးယား မီဒီယာများ၏ သုံးသပ်ချက်မှာ အလွန်ပြင်းထန်လှသည်။ ၎င်းဇာတ်ကားမှာ စစ်မှန်သော မှတ်တမ်းတင်ရုပ်ရှင် (Documentary) တစ်ခုလုံးဝမဟုတ်ကြောင်း ဖော်ပြထားကြသည်။
ဇာတ်လမ်းအကျဉ်းနှင့် ဝေဖန်ချက်
ဤရုပ်ရှင်သည် သမ္မတကျမ်းသစ္စာဆိုပွဲ မတိုင်မီ နောက်ဆုံး ရက် ၂၀ အတွင်း Melania ၏ ပြင်ဆင်မှုများကို အဓိကထား ရိုက်ကူးထားသည်။
သို့သော် ဝေဖန်ရေးသမားများ၏ အဆိုအရ ဤရုပ်ရှင်တွင် အနှစ်သာရရှိသည့် အကြောင်းအရာများ လုံးဝမပါဝင်ဟု ဆိုသည်။
ဥပမာ-
📌သူမ၏ ကိုယ်ရေးကိုယ်တာ ဘဝဇာတ်ကြောင်းများ မပါဝင်ခြင်း။
📌နိုင်ငံရေး သဘောထားများ မရှိခြင်း။
📌စလိုဗေးနီးယားမှ အမေရိကသို့ ရောက်ရှိလာပုံ အသေးစိတ်များ မပါဝင်ခြင်း။
📌ဒေါ်နယ်ထရမ့် နှင့် သူမ၏ ဆက်ဆံရေး (သို့မဟုတ်) သူမ၏ အခန်းကဏ္ဍအပေါ် လေးနက်သော သုံးသပ်ချက်များ မပါဝင်ခြင်း။
ယင်းအစား ဤရုပ်ရှင်သည် "First Lady" (သမ္မတကတော်) ဆိုသည့် အမှတ်တံဆိပ် (Brand) ကို အရောင်းမြှင့်တင်ရန်အတွက် ဖန်တီးထားသော လုပ်ငန်းသုံး ကြော်ငြာဗီဒီယိုတစ်ခုကဲ့သို့သာ ဖြစ်နေသည်။
စလိုဗေးနီးယား မီဒီယာများ ထောက်ပြသည့် အဓိကအချက်များ-
📌ဤရုပ်ရှင်သည် ပြောသင့်ပြောထိုက်သည်များကို တမင်ချန်လှပ်ထားသည့် အနှစ်မဲ့ ဝါဒဖြန့် ကား သာဖြစ်သည်။
📌အဝတ်အစားများ၊ အပြင်အဆင်များ၊ ရိုက်ကွင်းပြင်ဆင်မှုများနှင့် ပုံရိပ်ထိန်းသိမ်းမှုများကိုသာ အဓိက ဇောင်းပေးထားသည်။
📌မယ်လန်နီယာ တစ်ယောက် စင်္ကြံလမ်းများနှင့် ကိုယ်ပိုင်လေယာဉ်ပေါ်တွင် လမ်းလျှောက်နေသည့် ရှည်လျားသော အခန်းများကြောင့် ပျင်းရိဖွယ်ကောင်းသော ဇာတ်ကား အဖြစ် သတ်မှတ်ခံရသည်။
📌မယ်လန်နီယာ၏ ဇာတိဖြစ် သော်လည်း ရုပ်ရှင်တစ်ခုလုံးတွင် စလိုဗေးနီးယားနိုင်ငံအကြောင်း တစ်ကြိမ်သာ ဖော်ပြပါရှိသည်။
🎬ဒါရိုက်တာနှင့် ပတ်သက်သည့် အရှုပ်တော်ပုံ
ဤရုပ်ရှင်ကို ရိုက်ကူးသူ ဒါရိုက်တာ ဘရက်တ် ရက်တ်နာ (Brett Ratner) နှင့် ပတ်သက်၍လည်း ဝေဖန်မှုများ မြင့်တက်နေသည်။
ရက်တ်နာသည် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု စွပ်စွဲချက်များကြောင့် အနုပညာလောကမှ နှစ်အတော်ကြာ ပျောက်ကွယ်နေခဲ့သူဖြစ်သည်။
ထို့အပြင် မကြာသေးမီက ထွက်ပေါ်လာသည့် ဂျက်ဖရီ အပ်စတိန်း (Jeffrey Epstein) နှင့် ဆက်နွှယ်သော စာရွက်စာတမ်းများနှင့် ဓာတ်ပုံများတွင်လည်း ရက်တ်နာ ၏ အမည်ပါဝင်နေသဖြင့် ဤရုပ်ရှင်၏ ဂုဏ်သိက္ခာကို ပိုမို ထိခိုက်စေခဲ့သည်။
သုံးသပ်ချက်
မယ်လန်နီယာ ကို လူသားတစ်ယောက်အနေဖြင့် အရှိကိုအရှိအတိုင်း မဟုတ်ဘဲ ထရမ့်အမှတ်တံဆိပ်ကို ခိုင်မာစေရန်အတွက် ဖန်တီးထားသည့် သက်မဲ့ PR ထုတ်ကုန်တစ်ခုကဲ့သို့သာ ပုံဖော်ထားသည်။
⭐️ရုပ်ရှင်ဇာတ်ကား အဆင့်သတ်မှတ်ချက်: ၁/၅ (ကြယ်တစ်ပွင့်)
News Of Myanmar NOM
Уже доступно! Исследование Telegram 2025 — ключевые инсайты года 
