7 030
Подписчики
-924 часа
-687 дней
-21330 дней
Архив постов
မန်ယူအသင်းက အပြောင်းအရွေ့စတင်ဖွင့်လှစ်တာနဲ့ ဖရန့်ဖတ်တိုက်စစ်မှူး Ekitike ကို ခေါ်ယူဖို့ ပြင်ဆင်နေပီလို့ သိရပါတယ် ။ အာဆင်နယ် ၊ လီဗာပူးလ် ၊ ဂျူဗင်တပ်စ်အသင်းတို့ကလည်း စိတ်ဝင်စားနေကြလို့ အပြိုင်ခေါ်ယူရဖွယ် ရှိနေပါတယ် ။
#MUMS
အလားအလာကောင်းတွေနဲ့ အသင်းကြီးအတွက် အနာဂတ်မာ အားကိုးရနိုင်တဲ့ လူငယ်အကယ်ဒမီကစားသမား Bendito Mantato ကို 2029 ခုနစ်အထိ 4 နှစ်စာချုပ်ကို ချုပ်ဆိုသွားဖို့ ရှိနေတယ်လို့ သိရပါတယ် ။
#MUMS
ယူနိုက်တက်နဲ့ အတော်လေးသတင်းထွက်နေတဲ့ ဖရန့်ဖတ်အသင်းတိုက်စစ်မှူး Hugo Ekitike 💯
#MUMS
ဒီဂေယာရဲ့ ယူနိုက်တက်ကစားသမားဘဝ အကောင်းဆုံး teammates 5 ဦး 👀
Van Persie, Cristiano Ronaldo, Rooney, Ibrahimovic and Lukaku...
#MUMS
အသင်းနည်းပြ ရူဘင်အမိုရင်က မတ်လရဲ့ တလတာအကောင်းဆုံးနည်းပြစာရင်းမာ ပါဝင်လာခဲ့ပါတယ် ။
Congratulations 🎉👏
#MUMS
အသင်းရဲ့ တာဝန်ရှိသူတွေက လူငယ်ကွင်းလယ်ကစားသမား ကိုဘီမိုင်နိုကို စာချုပ်သစ် ချုပ်ဆိုနိုင်မယ်လို့ ယုံကြည်နေကြပါတယ် ။
#MUMS
မေဆင်မောင့်အနေနဲ့ ဒဏ်ရာကနေ သက်သာလို့ အသင်းအားပေးသူ ပရိတ်သတ်နဲ့ အမှတ်တရဓာတ်ပုံ ရိုက်နေတဲ့ မြင်ကွင်းဖြစ်ပါတယ် 😛
#MUMS
အာမတ်ဒီယာလိုရဲ့ ဒဏ်ရာက ထင်ထားတာထက် ပိုပီးသက်သာလာတာကြောင့် လာမယ့်လအတွင်း ပြန်ကစားပေးနိုင်ဖို့ အသင်းဖက်က မျှော်လင့်နေတယ်လို့ သိရပါတယ် ။
#MUMS
ဆော်ဒီပရိုလိဂ်က အန်ဒရေအိုနာနာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ် ။ ကစားသမားကိုယ်တိုင်ကလည်း အပြောင်းအရွေ့အတွက် လမ်းဖွင့်ပေးထားတယ်လို့ သိရပီး လျော်ကြေးနဲ့ လုပ်ခလစာသာ အခုထက်ပိုပီး ရမယ်ဆို အသင်းပြောင်းသွားဖို့ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ် ။
#MUMS
11th March: PSG အသင်းနဲ့ ချန်ပီယံလိဂ် တွေ့ဆုံမှုမာ အရေးနိမ့်ခဲ့
16th March: Carabao Cup ဖိုင်နယ်မာ နယူးကာဆယ်အသင်းကို ထပ်မံအရေးနိမ့်ခဲ့
23rd March: Nations League မာ စပိန်အသင်းကို အရေးနိမ့်ပီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရ
ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးနောက်ခံလူတဦးလို့ သတ်မှတ်ထားတဲ့ ကစားသမားတယောက်ရဲ့ နေဝင်ချိန်စတင်နေပီလား 🤔
#MUMS
လာမယ့်နှစ်အသင်းဆီကို ပြန်လည်ရောက်ရှိလာပါက ဂျေဒန်ဆန်ချိုအနေနဲ့ အသင်းဟောင်းဒေါ့မွန်အသင်းကို ပြန်ပြောင်းသွားဖို့ အသင်းတာဝန်ရှိသူများထံ တောင်းဆိုသွားဖို့ ရှိနေတယ်လို့ သိရပါတယ် ။
#MUMS
မန်ယူအသင်းအနေနဲ့ လာမယ့်ရာသီ အသင်းလူစာရင်းကို အပြောင်းအလဲကြီးကြီးမားမား လုပ်ယူသွားဖို့ရှိနေပီး ရက်ဖို့စ် ၊ အန်တိုနီ ၊ ဆန်ချိုတို့ကို ရောင်းချပီး အပြောင်းအရွေ့စရိတ် ရှာဖွေသွားဖို့ ရှိနေတယ်လို့ သိရပါတယ် ။
#MUMS
အသင်းရဲ့ ပေါ်တူဂီကစားသမားတွေဖြစ်ကြတဲ့ ဒီယေဂိုဒါးလော့စ်နဲ့ ဘရူနိုဖာနန်ဒက်စ်တို့ရဲ့ အသင်းဟာ UEFA Nations League Semi Final အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့တာလည်း ဖြစ်ပါတယ် ။
Congratulations 👏🎉
#MUMS
မန်ယူအသင်းက ဂါလာတာစာရေးအသင်း တိုက်စစ်မှူး ဗစ်တာအိုဆီမန်ရဲ့ စာချုပ်ဖျက်သိမ်းကြေးပေါင် 63 သန်းကို ပေးချေဖို့ ဆန္ဒရှိနေသလို ၊ ကစားသမားအလဲအထပ် လုပ်ဖို့လည်း ရှိနေတယ်လို့ သိရပါတယ် ။
#MUMS
ဘရူနိုအနေနဲ့ အသင်းကပေးတဲ့ တလတာအကောင်းဆုံးကစားသမားဆုကို ဒီရာသီအတွင်း 3 ကြိမ်အထိ ရရှိသွားခဲ့ပြီလည်း ဖြစ်ပါတယ် ။
#MUMS
နောက်ခံလူလုဒ်ရှောအနေနဲ့ ဒဏ်ရာကနေ ပြန်လည်သက်သာလာပီး ဒီအပတ်ထဲ မြက်ခင်းစိမ်းပေါ် ပြန်ပီးအခြေကျတော့မာ ဖြစ်ပါတယ် ။ သူ့အနေနဲ့ နိုင်ငံတကာပွဲစဉ်အပြီး အသင်းနဲ့အတူ ပွဲထွက်ခွင့်ရဖို့ ပစ်မှတ်ထားနေခဲ့တာလည်း ဖြစ်ပါတယ် ။
#MUMS
ရိုနယ်ဒို 🗣️
ဟွိုက်လန်းကို ငါ့ရဲ့အောင်ပွဲခံပုံနဲ့ ပတ်သက်ပီး ဘာမှပြောစရာမရှိပါဘူး ။ အခုကစားမယ့် ဒုတိယအကျော့မာ သူဒီလိုထပ်လုပ်ပြနိုင်မယ်လို့ မထင်တော့သလို ၊ သူတို့အသင်းရဲ့ နောက်ဆုံးအဆင့်လည်း ဖြစ်ပါတယ် ။
#MUMS
