7 155
Подписчики
-324 часа
-447 дней
-21930 дней
Архив постов
အပြောင်းအရွေ့အတွက် စတင်ပြီး ဆွေးနွေးနေပြီလို့ သိရပါတယ် ။ ကာဆယ်ဖက်ကလည်း ကစားသမားရဲ့ နေရာ ပြန်ပြီးအစားထိုးဖို့ ရှာဖွေနေပြီဖြစ်လို့ အပြောင်းအရွေ့က မြန်ဆန်သွားနိုင်ဖွယ် ရှိနေပါတယ် ။
#MUMS
ခြေစမ်းပွဲဆိုပေမဲ့ အကောင်းဆုံးကစားမယ့် ပွဲထွက်လူစာရင်း 👀👏
#MUMS
ဆွီဒင်နိုင်ငံ ၊ စတော့ဟုမ်းမြို့ကို ထွက်ခွာသွားတဲ့ မန်ယူအသင်းရဲ့ လူစာရင်း 👀
- Altay Bayindir, Tom Heaton, Dermot Mee, Radek Vitek.
- Harry Amass, Dan Armer, Patrick Chinazaekpere Dorgu, Ayden Heaven, Jaydan Kamason, Harry Maguire, Luke Shaw, Leny Yoro.
- Jack Fletcher, Tyler Fletcher, Mason Mount, Andrey Santos, Jim Thwaites.
- Amad, JJ Gabriel, Shea Lacey, Bryan Mbeumo, Ethan Williams, Joshua Zirkzee
#MUMS
မန်ယူအသင်းရဲ့ အားကိုးရတဲ့ ဂိုးသမား Senne Lammens ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ရရှိထားတဲ့ ရာသီဝက် အနားယူခွင့်ကို စွန့်လွှတ်ပြီး အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းဖို့ ကာရင်တန်ကို အရောက်ပြန်လာခဲ့ပါတယ် ။
မူလအစီအစဉ်အရ လာမယ့်တနင်္လာနေ့မှသာ အသင်းထံ သတင်းပို့ရမှာဖြစ်ပေမဲ့ Lammens ကတော့ အချိန်မဆိုင်းဘဲ စောစီးစွာ ပြန်လည်ပူးပေါင်းခဲ့တာ ဖြစ်ပါတယ် ။
ယူနိုက်တက်မှာ ဖြတ်သန်းခဲ့တဲ့ ပထမဆုံးရာသီမှာတင် ထူးထူးခြားခြား အောင်မြင်မှုတွေ ရရှိခဲ့တာကြောင့် ဒီခြေစွမ်းနဲ့ အရှိန်အဟုန်ကို မပျက်စေဘဲ ကလပ်အသင်းဘောလုံးပြိုင်ပွဲတွေဆီ အမြန်ဆုံး ပြန်လည်ဝင်ရောက်ကာ နောက်ထပ် အောင်မြင်မှုတွေကို ဆက်လက်ပုံဖော်ချင်နေလို့ပဲ ဖြစ်ပါတယ် ။
သူ့ရဲ့ ဒီလို တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ အသင်းအပေါ် ထားရှိတဲ့ စိတ်ဓာတ်ကြောင့် ယူနိုက်တက် ပရိတ်သတ်တွေကြားမှာတော့ ချီးကျူးသံတွေ ညံနေခဲ့ပါပြီ ။
#MUMS
ဂျေဂျေဂါဘရီရယ်က ဒီနေ့အသင်းကြီးနဲ့အတူ လေ့ကျင့်ခန်းအတူဆင်းနေပြီး လာမယ့်စနေနေ့မှာ ကစားမယ့် ခြေစမ်းပွဲမှာ ဝင်ရောက်ကစားဖို့ အဆင်သင့်ဖြစ်နေခဲ့ပါတယ် ။
#MUMS
အသစ်ခေါ်ယူထားတဲ့ တိုင်လီမန်းက ဒီနေ့မှာဘဲ ကာရင်တန်ကို ရောက်ရှိလာခဲ့ပြီး မကြာခင်အသင်းနဲ့ ခြေစမ်းပွဲကို သွားရောက်ပူးပေါင်းနိုင်ဖွယ် ရှိနေပါတယ် ။
#MUMS
မန်ယူအသင်းက နောက်ထပ်ကွင်းလယ်လူဖြစ်တဲ့ တိုင်လာအဒမ်ကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပါတယ် ။ ခြေစမ်းပွဲတွေအပြီး အသင်းကို ရောက်လာမယ့် ကစားသမားအသစ်လို့ ရှုမြင်ထားတာဖြစ်ပါတယ် ။
#MUMS
အာဆင်နယ်အသင်းကို "အချိန်အဖြုန်းဆုံး "လို့စွပ်စွဲဝေဖန်နေကြပေမဲ့ Football365 ကထုတ်ပြန်လိုက်တဲ့ စာရင်းဇယား အချက်အလက်တွေအရတော့ အဖြစ်မှန်နဲ့ လုံးဝပြောင်းပြန်ဖြစ်နေပါတယ် ။ ပေး
ဂိုးသမားတွေက ဘောလုံးပြန်ပေးဖို့ အချိန်ဘယ်လောက်ကြာကြာယူကြလဲဆိုတဲ့ ပျမ်းမျှစက္ကန့်စာရင်းမှာ
ဇယားထိပ်က မန်ယူအသင်းရဲ့ Senne Lammens က ၇.၆၈ စက္ကန့် နဲ့ ထိပ်ဆုံးက အချိန်အကြာဆုံး ယူထားပြီး ၊ ဘရိုက်တန်မှ Bart Verbruggen (၆.၅၂ စက္ကန့်) နဲ့ အဲဗာတန်မှ Jordan Pickford (၆.၅ စက္ကန့်) တို့က ဒုတိယနဲ့ တတိယနေရာမှာ ရှိနေကြပါတယ် ။
ဝေဖန်မှုတွေခံနေရတဲ့ အာဆင်နယ် ဂိုးသမား David Raya ကတော့ ဘောလုံးပြန်ပေးဖို့ ပျမ်းမျှ ၃.၉၆ စက္ကန့် သာ ယူထားတာကြောင့် စာရင်းရဲ့ အောက်ဘက်နားမှာပဲ ရောက်နေပါတယ်။
ဒီကိန်းဂဏန်း အချက်အလက်တွေအရ David Raya ဟာ အခြားအသင်း ဂိုးသမား အများစုထက် ဘောလုံးကို ပိုမိုမြန်ဆန်စွာ ပေးနေတာတွေ့ရပေမဲ့ အာဆင်နယ်က အချိန်ဖြုန်းနေလွန်းတယ် ဆိုတဲ့ ပြောဆိုချက်တွေဟာ သက်သေမရှိတဲ့ စွပ်စွဲချက်သက်သက်ပဲ ဖြစ်ကြောင်း ပြသနေပါတယ်။
#MUMS
+4
ကာရင်တန်မှာဘဲ တစ်ယောက်တည်းလေ့ကျင့်မှုတွေ ပြုလုပ်နေတဲ့ အာမတ် 🤩
#MUMS
Happy 45th Birthday Our Manager ❤️
လာမယ့်ရာသီကစပြီး အသင်းနဲ့အတူ ဆုဖလားတွေကို ဆွတ်ခူးနိုင်ပါစေဗျာ 🏆
#MUMS
အသင်းကို ဘယ်သူတွေ ပြန်ရောက်လာနေပြီလည်းဆိုတာ ရှိုးလိုက်ဦး 🤩
#MUMS
အေစီမီလန်နဲ့ ရာသီကြိုခြေစမ်းပွဲမှာ ကုတ်အင်္ကျီဝတ်စုံသပ်သပ်ရပ်ရပ်နဲ့ စမတ်ကျနေတဲ့ ရူဘင်အမိုရင်က မန်ယူအသင်းကို ကိုင်တွယ်ခဲ့စဉ်တုန်းကတော့ ၂၀၂၅ ယူရိုပါလိဂ် ဗိုလ်လုပွဲ (စပါးအသင်းနဲ့ ပွဲစဉ်) မှာပဲ တစ်ကြိမ်တည်း ဝတ်စုံပြည့် ကုတ်အင်္ကျီ ဝတ်ဆင်ခဲ့ဖူးတာ ဖြစ်ပါတယ် ။
#MUMS
နောက်ခံလူဒီလစ်က ကျောဒဏ်ရာကို ခွဲစိတ်မှု ခံယူပြီးနောက် ပရီးမီးယားလိဂ်ပွဲစဉ်အများစုကို လွဲချော်သွားဖို့ ရှိနေပြီး ဘောက်ဆင်ဒေးကျမှ ပြန်ကစားနိုင်ဖွယ် ရှိနေပါတယ် ။
#MUMS
အသင်းရဲ့ သစ်သားတုံးကြီးဖြစ်တဲ့ ဇာဇီကတော့ ဂျူဗင်တပ်စ်အသင်းဆီကို ပြောင်းရွေ့ဖို့ အတော်လေးနီးစပ်လာနေခဲ့ပါပြီ ။
#MUMS
ရိုစင်ဘော့စ်နဲ့ ပွဲစဥ်မှာ ဒီကောင်လေးပြသွားတဲ့ ခြေစွမ်းကို မြင်ပြီးကြပြီမလား? 🔥⚡
ကွင်းထဲမှာ ရဲရဲဝံ့ဝံ့ ဆော့ပြသွားတာရော၊ ဘောလုံးထိန်းချုပ်ပုံတွေရော ကြည့်ရတာ တကယ်ကို အရည်အသွေးရှိမှန်း ပေါ်လွင်လွန်းပါတယ်။
ဒါပေမဲ့ မေးစရာရှိလာတာက နောက်ရာသီအတွက် သူ့အနာဂတ် ပါပဲ။
👉 အသင်းမှာပဲ ဆက်ထားပြီး ပွဲထွက်ခွင့်လုခိုင်းမလား?
👉 ဒါမှမဟုတ် ပုံမှန်ကစားခွင့်ရဖို့ အငှားထွက်ခိုင်းမလား?
#MUMS
မန်ယူအသင်းရဲ့ လူငယ်ခံစစ်ကစားသမား အေဒင်ဟဲဗင်းက နည်းပြ ကားရစ်ရဲ့ လက်ထက်မှာ ပွဲကစားခွင့် နည်းပါးနေသော်လည်း အဲ့ဒီအပေါ် စိတ်ပျက်ခြင်းမရှိဘဲ ဖြစ်သင့်ဖြစ်ထိုက်တဲ့ သဘာဝအဖြစ် နားလည်လက်ခံထားတယ်လို့ သိရပါတယ် ။
အသက် ၁၉ နှစ်အရွယ်သာ ရှိသေးတဲ့ ခံစစ်ကစားသမား တစ်ဦးအနေနဲ့ အပတ်စဉ် ပွဲထွက်ခွင့်ရဖို့က အလွန်ခဲယဉ်းကြောင်း သူကိုယ်တိုင် ကောင်းစွာ သဘောပေါက်ထားပါတယ် ။
ပွဲထွက်ခွင့် မရခြင်းက နည်းပြရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်ကြောင့် မဟုတ်ဘဲ အသင်း၏ လိုအပ်ချက်နှင့် လေ့ကျင့်ရေးအခြေအနေများအပေါ် မူတည်သည်ကို လက်ခံထားသလို သူက လက်ရှိအခြေအနေကို နားလည်ပြီး စိတ်ရှည်ရှည်နဲ့ မိမိထံ အခွင့်အရေး ရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်းကာ ဆက်လက် ကြိုးစားသွားရန် အပြည့်အဝ ပြင်ဆင်ထားတယ်လို့ ပြောကြားလိုက်ပါတယ် ။
#MUMS
🚨🗣 အသင်းခေါင်းဆောင်အဖြစ် ကစားရခြင်းအပေါ် မေဆင်မောင့်ရဲ့ ပြောကြားချက်
ကျွန်တော်က ခေါင်းဆောင်ကောင်းတစ်ယောက်လို့ ကိုယ့်ကိုကိုယ် ထင်မြင်မိပါတယ်။ ဆိုလိုတာက ခေါင်းဆောင်အမျိုးအစား အမျိုးမျိုးရှိကြပါတယ် ။ အသင်းအတွက် အရမ်းကို ပေးဆပ်တတ်တဲ့ ခေါင်းဆောင်တွေလည်း ရှိပါတယ်။
ကျွန်တော်က စံပြအဖြစ် ဦးဆောင်ပြီး ကွင်းထဲမှာ ဘယ်တော့မှ မရပ်မနား ကြိုးစားနေတဲ့သူအဖြစ် အမြဲမြင်ချင်ပါတယ် ။ ကျွန်တော် အရင်က အသင်းခေါင်းဆောင်အဖြစ်ကစားခဲ့ဖူးပါတယ် ။ ဒါကြောင့် ဒီအခန်းကဏ္ဍကို ကျွန်တော် နှစ်သက်ပါတယ် ။
#MUMS
မိုက်ကယ်ကားရစ်ရဲ့ နည်းစနစ်ကျကျ ပုံသွင်းယူမှုတွေနဲ့အတူ ရိုယိုရဲ့ ညာနောက်ခံလူ နေရာမှာ ပြသခဲ့တဲ့ ခြေစွမ်းကတော့ တကယ့်ကို အလန်းစားပါပဲ။
မူလကစားနေရာမဟုတ်တဲ့ ညာခံစစ်မှာပါ ငြိမ်သက်အေးဆေးစွာနဲ့ အမှားအယွင်းမရှိ ပွဲထွက်ကစားပြသွားတာဟာ လူအတော်များများ သတိမမူမိဘဲ ကျော်သွားခဲ့ကြတာ ဖြစ်ပါတယ်။ ကားရစ်ရဲ့ နည်းဗျူဟာအောက်မှာ ရိုယိုရဲ့ နေရာစုံ ကစားနိုင်စွမ်း (Versatility) ဟာ အပြည့်အဝ ပွင့်လန်းလာခဲ့ပြီး အသင်းရဲ့ ခံစစ်ပိုင်းအတွက် အကြီးမားဆုံး လက်နက်တစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒီလို နေရာမျိုးစုံမှာ အဆင်ပြေပြေကစားနိုင်တဲ့ သူ့ရဲ့ ပြောင်မြောက်လှတဲ့ ခြေစွမ်းကြောင့် အနာဂတ် အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ မပါမဖြစ် ဒေါက်တိုင်တစ်ခု ဖြစ်လာတော့မယ်ဆိုတာ ယုံကြည်ချက်ရှိရှိ ပြောလိုက်ပါရစေဗျာ ။
#MUMS
ရိုဒရီကို အသင်းထံခေါ်ယူပြီးနောက် ရီးရဲလ်မက်ဒရစ်အနေနဲ့ ချူအာမန်နီကို ပြန်ပြီးထုတ်ရောင်းဖို့ အခုဆို ပြင်ဆင်လာနေပြီလည်း ဖြစ်ပါတယ် ။
#MUMS
