7 613
Подписчики
-624 часа
-307 дней
-17430 день
Архив постов
မနက်ဖြန်ည ကစားမယ့် မန်ချက်စတာဒါဘီ မန်စီတီးအသင်းနဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်မာ အသင်းရဲ့လူငယ်နောက်ခံလူ ဟယ်ရီအာမတ် ဝင်ရောက်ကစားဖို့ ရှိနေတယ်လို့ သိရပါတယ် ။
#MUMS
ဂျေဒန်ဆန်ချိုနဲ့ နည်းပြတန်ဟက်အကြား ဘာပြသာနာမှမရှိတော့ဘဲ အားလုံးအဆင်ပြေနေတယ်လို့ သိရပါတယ် ။ အသင်းဘက်ကတော့ ထိုက်တန်တဲ့ပြောင်းရွေ့ကြေးရရင် ရောင်းချသွားဖို့ လမ်းဖွင့်ထားပေမဲ့ ကစားသမားဘက်က လက်ရှိအသင်းအတွက် အပြည့်အဝအာရုံစိုက်ထားနေပီး အပြောင်းအရွေ့ကိစ္စကို စဉ်းစားထားခြင်းမရှိဘူးလို့ ပြောကြားလိုက်ပါတယ် ။
#MUMS
စနေနေ့မာကစားမယ့် ရာသီကြို ကွန်မြူနတီဒိုင်းအဖွင့်ပွဲစဉ်မာ အသင်းရဲ့ နောက်ခံလူအတွဲဖြစ်တဲ့ မက်ဂွါးယားနဲ့ လင်ဒီလော့စ်တို့ ဒဏ်ရာကြောင့် လွဲချော်သွားဖွယ် ရှိနေတယ်လို့ သိရပါတယ် ။
#MUMS
ပရီးမီးယားလိဂ် ပြန်လည်စတင်ဖို့ ရက်ပေါင်း 8 ရက်ဘဲ လိုတော့တာဖြစ်ပါတယ် ။ အဖွင့်ပွဲစဉ်အဖြစ် မန်ယူအသင်းအနေနဲ့ အိမ်ကွင်းမာ ဖူလ်ဟမ်အသင်းကို ဧည့်ခံကစားရမာ ဖြစ်ပါတယ် ။
#MUMS
PSG အသင်းက ဂျေဒန်ဆန်ချိုအပေါ် ခေါ်ယူဖို့ သိသိသာသာစိတ်ဝင်စားမှု လျော့နည်းလာခဲ့ပီး တခြားပစ်မှတ်ကစားသမားတွေကို ကြိုးပမ်းလာခဲ့တယ်လို့ သိရပါတယ် ။ နှစ်သင်းကြားဆွေးနွေးမှုမာ မအောင်မြင်ခဲ့သလို ကစားသမားရဲ့ လစာနဲ့ တခြားသောအကျိုးခံစားခွင့်ကိုလည်း PSG အသင်းဘက်က မပေးချေချင်ခဲ့တာ ဖြစ်ပါတယ် ။ နောက်ထပ်ထပ်မံကမ်းလှမ်းသွားဖို့ အစီအစဉ်မရှိသေးဘူးလို့လည်း သိရပါတယ် ။
#MUMS
အစောပိုင်းကာလတုန်းက ဖူလ်ဟမ်အသင်းအနေနဲ့ တွန်မီနေးကို ပြောင်းရွေ့ကြေးပေါင်သန်း 20 နဲ့ ကမ်းလှမ်းခဲ့ပေမဲ့ မန်ယူအသင်းဖက်က ပယ်ချသွားခဲ့ပီနောက်ပိုင်း စိတ်ဝင်စားမှုလျော့ကျသွားတယ်လို့ သိရပါတယ် ။ ဖူလ်ဟမ်အသင်းဘက်ကတော့ ဒီထက်ပိုတဲ့ ကမ်းလှမ်းမှုမျိုး ထပ်မံပြုလုပ်သွားဖို့ အစီအစဉ်မရှိသေးဘူးလို့ သိရပါတယ် ။
#MUMS
သန်း 100 တန်ကောင်လေးအန်တိုနီကို ဆော်ဒီကလပ်အယ်လ်နာဆာအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ် ။ 360 ' ကောင်လေးအတွက် အယ်လ်နာဆာအသင်းဘက်က ပြောင်းရွေ့ကြေးအများအပြားနဲ့ ကမ်းလှမ်းသွားဖို့ စိတ်ကူးမရှိဘူးလို့ သိရပါတယ် ။
#MUMS
အားနည်းနေတဲ့ ကွင်းလယ်နေရာအတွက် အသင်းကခေါ်ယူဖို့ ချိတ်ဆက်နေကြတဲ့ ကစားသမားများထဲမာ အမ်မရာဘတ်ကိုလည်း အပြီးသတ်ခေါ်ယူဖို့ ထည့်သွင်းစဉ်းစားထားတယ်လို့ သိရပါတယ် ။ တခြားကစားသမားတွေကိုတော့ သက်ဆိုင်ရာအသင်းတွေနဲ့ ပြောင်းရွေ့ကြေးစုံစမ်းမေးမြန်းမှုတွေ ပြုလုပ်ထားနေခဲ့တာ ဖြစ်ပါတယ် ။
#MUMS
Repost from Amazing Football
3 မိနစ် မန်ယူလို့ နာမည်ကြီးခဲ့တဲ့ တစ်ချိန်က ယူနိုက်တက်
ဘောလုံးပွဲ Highlights ပေါင်းစုံကြည့်ဖို Amazing Football ကို Join ကြစို 📲👇 For more video join us 📲👇 https://t.me/amazingfootball2024#Amazingfootball
အံ့အားသင်စရာ အပြောင်းအရွေ့တခုကို လုပ်ဆောင်ဖို့ရှိနေတဲ့ မန်ယူအသင်းအနေနဲ့ ယခုအခါ ကွင်းလယ်ကစားသမားဖြစ်တဲ့ဆန်ဒါဘာကီကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ် ။
#MUMS
လာမယ့်စနေနေ့မာ ကစားမယ့် ရာသီကြိုကွန်မြူနတီဒိုင်းအတွက် အသင်းရဲ့ နောက်ခံလူမာတီနက်စ်အနေနဲ့ အဆင်သင့်ဖြစ်နေပီလို့ ကြုံဝါးလိုက်ပါတယ် ။
#MUMS
လွန်ခဲ့တဲ့ 5 နှစ်ဒီလိုနေ့မာ Harry Maguire က လက်စတာအသင်းကနေ မန်ယူအသင်းကို ပြောင်းရွေ့ကြေးပေါင်သန်း 80 နဲ့ ပြောင်းရွေ့လာခဲ့တာ ဖြစ်ပါတယ် ။
206 appearances
11 goals
1 FA Cup, 1 League Cup
#MUMS
အဲရစ်တန်ဟက် 🗣️
မကြာခင်မာ ကစားရမဲ့ ရာသီဖွင့်ဖလား(ကွန်မြူနတီဒိုင်း ) အတွက် ပြင်ဆင်မှု ပြုလုပ်သွားဖို့ ရှိနေပါတယ် ။ ဒဏ်ရာရ ကစားသမားတွေအကြောင်း မပြောချင်ပေမဲ့ သူတို့ဒဏ်ရာရတာတွေက ငါ့ကိုလုပ်ကိုင်ရ ခက်ခဲတယ်ဆိုတာ ဝန်ခံပါတယ် ။ ဒါကိုအပြစ်လို့ ပြောရမယ့်အစား အကောင်းဆုံးဖြစ်နိုင်တဲ့လူစာရင်းနဲ့ သေချာယှဉ်ပြိုင်သွားဖို့ကိုဘဲ အာရုံစိုက်နေပါတယ် ။
#MUMS
ဘိုင်ယန်ကစားသမားတွေဖြစ်ကြတဲ့ Mazraoui နဲ့ de ligt တို့ကို အသင်းဘက်က နောက်ထပ်တကြိမ် ထပ်မံကမ်းလှမ်းသွားမာဖြစ်တယ်လို့ သိရပါတယ် ။ ပထမအကြိမ်ကမ်းလှမ်းမှုကို ဘိုင်ယန်အသင်းဘက်က ငြင်းပယ်ခဲ့ပီး နောကိထပ်တကြိမ် ထပ်မံကမ်းလှမ်းသွားဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ် ။
#MUMS
မန်ယူအသင်းရဲ့ တိုက်စစ်ပိုင်းအားနည်းမှုပြသာနာကို ဆန်ချိုနဲ့ ဘရူနိုတို့နှစ်ယောက်ပေါင်းပီး ဖြေရှင်းသွားဖို့ နည်းပြတန်ဟက်အနေနဲ့ ကြိုးပမ်းလာဖွယ် ရှိနေပါတယ် ။ ရက်ဖို့စ်ရဲ့ ပုံမှန်ခြေစွမ်းမပြသနိုင်မှုက အသင်းရဲ့တိုက်စစ်ကို အတော်လေးအားနည်းနေတယ်လို့ တန်ဟက်ကယူဆနေပီး အဆိုပါပြသာနာကို ဖြေရှင်းဖို့ ယခုလိုစဉ်းစားနေတာလည်း ဖြစ်ပါတယ် ။
#MUMS
Repost from Amazing Football
ရာသီသာသစ်သွားတယ် ယူနိုက်တက်တို့ ရှုံးလို့ကောင်းတုန်းပဲ
ဘောလုံးပွဲ Highlights ပေါင်းစုံကြည့်ဖို Amazing Football ကို Join ကြစို 📲👇 For more video join us 📲👇 https://t.me/amazingfootball2024#Amazingfootball
ကိုဘီအနေနဲ့ အားလပ်ရက်အနားယူပီး နောက် အသင်းနဲ့ မကြာခင်ပူးပေါင်းတော့မာ ဖြစ်ပါတယ် ။ ရာသီကြိုပွဲစဉ်ဖြစ်တဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်မာ ပြန်လည်ဝင်ရောက်ကစားဖို့ ရှိနေတယ်လို့ သိရပါတယ် ။
#MUMS
ဒီလောက်ဆိုရင် ဘာတွေလိုအပ်ချက်ရှိနေပီလဲဆိုတာ အသင်းနဲ့ နည်းပြဘက်က ကောင်းကောင်းသိလောက်ပီ ထင်ပါတယ် ။ ကွန်မြူနတီဒိုင်း စီးတီးနဲ့ မကန်ခင် အခုလိုမျိုး ရှုံးခဲ့တာက ပြင်ဆင်သင့်တာ ပြင်ဆင်ဖို့ အချိန်အများကြီးရသွားခဲ့ပီး ရောင်းသင့်တဲ့ ကစားသမားအချို့ကိုလည်း မြင်တွေခဲ့ကလို့ တကယ်ကို အကျိုးရှိတဲ့ ပွဲစဉ်တပွဲဆိုလည်း မမှားပါဘူး ။
#MUMS
မနှစ်ကလိုလေး အနိုင်ရလဒ်နဲ့ ရာသီကြိုပွဲစဥ်လေးကို အကောင်းဆုံးပိတ်သိမ်းနိုင်ပါစေဗျာ
Good luck red devils 💪 ❤️
#MUMS
ကစားသမားသစ်ဇာကီကတော့ လေ့ကျင့်ခန်းတွေ ပြုလုပ်နေပီး ပွဲဦးထွက်ကွန်မြူနဒီးဒိုင်းပွဲစဉ်မာ ဝင်ရောက်ကစားသွားဖွယ် ရှိနေတယ်လို့ သိရပါတယ် ။
#MUMS
