ru
Feedback
Manchester United Myanmar Supporters FC

Manchester United Myanmar Supporters FC

Открыть в Telegram
7 601
Подписчики
+124 часа
-347 дней
-17430 день
Архив постов
မန်ယူအသင်းအနေနဲ့ ဒီရာသီအပြောင်းအရွေ့မပိတ်ခင် အသင်းမာရှိတဲ့ ကစားသမား 5 ယောက်အထိ ရောင်းချသွားဖို့ ရှိနေတယ်လို့ သိရပါတယ် ။ အ‌ဆို
မန်ယူအသင်းအနေနဲ့ ဒီရာသီအပြောင်းအရွေ့မပိတ်ခင် အသင်းမာရှိတဲ့ ကစားသမား 5 ယောက်အထိ ရောင်းချသွားဖို့ ရှိနေတယ်လို့ သိရပါတယ် ။ အ‌ဆိုပါကစားသမားတွေကတော့ အဲရစ်ဆင် ၊ တွန်မီနေး ၊ ဆန်ချို ၊ အန်တိုနီ ၊ ဟန်နီဘယ် တို့ဖြစ်ပါတယ် ။ #MUMS

ဖရက်စ် 🗣️ မန်ချက်စတာကနေ ထွက်ခွာခဲ့ရတာ တကယ်ကို စိတ်မကောင်းဖြစ်မိပါတယ် ။ ငါ့ရဲ့မိသားစုကလည်း ဒီမာအခြေကျနေပီး သားလေးဘန်ဂျီနာဆိုရ
ဖရက်စ် 🗣️ မန်ချက်စတာကနေ ထွက်ခွာခဲ့ရတာ တကယ်ကို စိတ်မကောင်းဖြစ်မိပါတယ် ။ ငါ့ရဲ့မိသားစုကလည်း ဒီမာအခြေကျနေပီး သားလေးဘန်ဂျီနာဆိုရင် သူ့ရဲ့သူငယ်ချင်းတွေနဲ့ မန်ချက်စတာမြို့မာ ပျော်ရွင်နေပါတယ် ။ ငါနဲ့ ငါ့မိသားစုအတွက် အမြဲတမ်း မန်ချက်စတာက အနီရောင်ပါဘဲ ။ #MUMS

မန်ယူအသင်းအနေနဲ့ ခံစစ်အတွက် ‌ရေတိုခေါ်ယူမှုအဖြစ် ချယ်လ်ဆီးနောက်ခံလူ ဘန်ချီးဝဲလ်ကို ကမ်းလှမ်းခဲ့တယ်ဆိုပီး သတင်းတွေထွက်လာခဲ့ပါတ
မန်ယူအသင်းအနေနဲ့ ခံစစ်အတွက် ‌ရေတိုခေါ်ယူမှုအဖြစ် ချယ်လ်ဆီးနောက်ခံလူ ဘန်ချီးဝဲလ်ကို ကမ်းလှမ်းခဲ့တယ်ဆိုပီး သတင်းတွေထွက်လာခဲ့ပါတယ် ။ #MUMS

ချယ်လ်ဆီးအသင်းအနေနဲ့ အံ့အားသင့်စရာအပြောင်းအရွေ့တခုအဖြစ် မန်ယူအသင်းရဲ့ တောင်ပံကစားသမားဂျေဒန်ဆန်ချိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေ
ချယ်လ်ဆီးအသင်းအနေနဲ့ အံ့အားသင့်စရာအပြောင်းအရွေ့တခုအဖြစ် မန်ယူအသင်းရဲ့ တောင်ပံကစားသမားဂျေဒန်ဆန်ချိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ် ။ #MUMS

မန်ယူအသင်းကို ကိုင်တွယ်နေတဲ့ အဲရစ်တန်ဟက်အနေနဲ့ ပွဲပေါင်း 116 ကိုင်တွယ်ပီးနောက် အသင်းရဲ့ဂန္တဝင်နည်းပြဆာအဲလက်စ်ဖာဂူဆန်ရဲ့ နိုင်
မန်ယူအသင်းကို ကိုင်တွယ်နေတဲ့ အဲရစ်တန်ဟက်အနေနဲ့ ပွဲပေါင်း 116 ကိုင်တွယ်ပီးနောက် အသင်းရဲ့ဂန္တဝင်နည်းပြဆာအဲလက်စ်ဖာဂူဆန်ရဲ့ နိုင်ပွဲထက် ပိုမိုများပြားလာခဲ့ပါတယ် ။ • 67: Erik ten Hag ⬆️ • 57: Sir Alex Ferguson #MUMS

ပရီးမီးယားလိဂ်ပွဲစဉ် (1) ရဲ့ အကောင်းဆုံးအသင်းမာ အသင်းရဲ့ ‌နောက်ခံလူဖြစ်တဲ့ မက်ဂွါးယားပါဝင်လာခဲ့ပါတယ် ။ Congratulations 👏👏 #
ပရီးမီးယားလိဂ်ပွဲစဉ် (1) ရဲ့ အကောင်းဆုံးအသင်းမာ အသင်းရဲ့ ‌နောက်ခံလူဖြစ်တဲ့ မက်ဂွါးယားပါဝင်လာခဲ့ပါတယ် ။ Congratulations 👏👏 #MUMS

အပြောင်းအရွေ့နောက်ဆုံးရက်အထိ ရောက်သွားနိုင်တဲ့ အူဂါဒေးရဲ့ အပြောင်းအရွေ့ အသင်းမာရှိတဲ့ တွန်မီနေးကို ‌နာပိုလီအသင်းထံ ရောင်းထုတ်
အပြောင်းအရွေ့နောက်ဆုံးရက်အထိ ရောက်သွားနိုင်တဲ့ အူဂါဒေးရဲ့ အပြောင်းအရွေ့ အသင်းမာရှိတဲ့ တွန်မီနေးကို ‌နာပိုလီအသင်းထံ ရောင်းထုတ်ပီးမှ အူဂါဒေးကို ခေါ်ယူလို့ရမာ ဖြစ်ပါတယ် ။ ခေါ်ယူမယ့်ပုံစံက အရင်ဆုံး အငှား + ရာသီကုန်အပြီးသတ်ပုံစံမျိုးဖြစ်ပီး ကစားသမားရဲ့ အေးဂျင့်ကလည်း မန်ယူအသင်းနဲ့ အတော်လေးအဆင်ပြေတဲ့ ဂျောမန်ဒက်စ်ဖြစ်တာကြောင့် ဒီအပြောင်းအရွေ့က သေချာပေါက်ဖြစ်လာမာ မလွှဲဧကန်ပါဘဲ ။ #MUMS

အသင်းရဲ့ နောက်ခံလူဗစ်တာလင်ဒီလော့စ်က အခြားအသင်းသို့ ပြောင်းရွေ့မယ့်အစား လာမယ့်ရာသီအလွတ်နဲ့ ထွက်ခွာဖွယ် ရှိနေတယ်လို့ သိရပါတယ် ။
အသင်းရဲ့ နောက်ခံလူဗစ်တာလင်ဒီလော့စ်က အခြားအသင်းသို့ ပြောင်းရွေ့မယ့်အစား လာမယ့်ရာသီအလွတ်နဲ့ ထွက်ခွာဖွယ် ရှိနေတယ်လို့ သိရပါတယ် ။ ယခုအခါ ကစားသမားအနေနဲ့ ဒဏ်ရာရရှိနေခဲ့လို့ အပြောင်းအရွေ့ကိစ္စကို မစဉ်းစားနိုင်သေးဘူးလို့ သိရပါတယ် ။ #MUMS

လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်တွေအတွက် ကြိုတင်လေ့ကျင့်မှုတွေ ပြုလုပ်နေပီဖြစ်တဲ့ သရဲနီတပ်သားများ 👀📸 #MUMS
+6
လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်တွေအတွက် ကြိုတင်လေ့ကျင့်မှုတွေ ပြုလုပ်နေပီဖြစ်တဲ့ သရဲနီတပ်သားများ 👀📸 #MUMS

de Ligt အနေနဲ့ လာမယ့်ပွဲစဉ်တွေအတွက် အဆင်သင့်ဖြစ်နေပီလို့ ကြုံးဝါးပြောဆိုခဲ့ပါတယ် ။ ဖူလ်ဟမ်အသင်းနဲ့ပွဲစဉ်မာ လူစားဝင်ကစားခဲ့တဲ့
de Ligt အနေနဲ့ လာမယ့်ပွဲစဉ်တွေအတွက် အဆင်သင့်ဖြစ်နေပီလို့ ကြုံးဝါးပြောဆိုခဲ့ပါတယ် ။ ဖူလ်ဟမ်အသင်းနဲ့ပွဲစဉ်မာ လူစားဝင်ကစားခဲ့တဲ့ de Ligt က ပရီးမီးယားလိဂ်မာ ကစားဖို့အတွက် လုံလောက်တဲ့ ကြံ့ခိုင်မှုမျိုး ရှိနေပီလို့ ပြောဆိုခဲ့ပါတယ် ။ #MUMS

တွန်မီနေးအနေနဲ့ အီတလီကလပ်နာပိုလီအသင်းနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိသွားခဲ့ပီး ပြောင်းရွေ့ဖို့ နီးစပ်လာခဲ့ပီလို့ သိရပါတယ် ။
တွန်မီနေးအနေနဲ့ အီတလီကလပ်နာပိုလီအသင်းနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိသွားခဲ့ပီး ပြောင်းရွေ့ဖို့ နီးစပ်လာခဲ့ပီလို့ သိရပါတယ် ။ နာပိုလီအသင်းက ပြောင်းရွေ့ကြေးပေါင်သန်း 30 ကို ပေးချေဖို့ အဆင်မပြေသေးပေမဲ့ သူတို့ရဲ့ တိုက်စစ်မှူးဗစ်တာအိုဆီမန်ကို ရောင်းချပီးတာနဲ့ တွန်မီနေးအပြောင်းအရွေ့ကို အပြီးသတ်ဖို့ လုပ်ဆောင်သွားမာ ဖြစ်ပါတယ် ။ #MUMS

ဖူလ်ဟမ်နဲ့ပွဲစဉ်မာ တခြားကစားသမားတွေကို အများစုချီးကျူးကြပေမဲ့ မေဆင်မောင့်ကိုတော့ မေ့နေကြပုံ ထင်ပါတယ် ။ တကယ်တော့ မေဆင့်မောင့်ရ
ဖူလ်ဟမ်နဲ့ပွဲစဉ်မာ တခြားကစားသမားတွေကို အများစုချီးကျူးကြပေမဲ့ မေဆင်မောင့်ကိုတော့ မေ့နေကြပုံ ထင်ပါတယ် ။ တကယ်တော့ မေဆင့်မောင့်ရဲ့ ကစားပုံက အရမ်းကြီးထင်ပေါ်မနေခဲ့ပေမဲ့ ကစားကွက်ပုံဖော်တာတွေ ၊ လုပ်အားနှုန်းကောင်းကောင်းနဲ့ စွမ်းဆောင်နိုင်ခဲ့တာတွေက မေဆင့်ရဲ့ တန်ဖိုးတွေပါဘဲ ❤️ #MUMS

ဘာဘာတော့ဗ် 🗣️ ဇာကီအနေနဲ့ အဖွင့်ပွဲစဉ်မာ အသင်းအတွက် စွမ်းဆောင်သွားနိုင်တာက အရမ်းကြီးထူးဆန်းတဲ့အရာမဟုတ်ပါဘူး ။ သူ့မာ ထူးခြားတဲ
ဘာဘာတော့ဗ် 🗣️ ဇာကီအနေနဲ့ အဖွင့်ပွဲစဉ်မာ အသင်းအတွက် စွမ်းဆောင်သွားနိုင်တာက အရမ်းကြီးထူးဆန်းတဲ့အရာမဟုတ်ပါဘူး ။ သူ့မာ ထူးခြားတဲ့ပုံစံ ၊ နည်းစနစ်တွေ ပြည့်ဝနေတဲ့ တိုက်စစ်မှူးကောင်းတယောက်မာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းကောင်းတွေနဲ့ ပြည့်နေတဲ့ ချာတိတ်တယောက်ပါဘဲ ။ #MUMS

ဒီနေ့က အသင်းရဲ့ ပေါ်တော်မှုနောက်ခံလူငယ်ကစားသမားလေး မာလစီယာရဲ့ အသက် 25 နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ် ။ Happy birthday Tyrell Malac
ဒီနေ့က အသင်းရဲ့ ပေါ်တော်မှုနောက်ခံလူငယ်ကစားသမားလေး မာလစီယာရဲ့ အသက် 25 နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ် ။ Happy birthday Tyrell Malacia! 🎂🎉 #MUMS

ရာသီအစဆို ဆိုက်ကားက အင်ဂျင်ပါဝါအပြည့်နဲ့ တကယ်ကြမ်းနေတာ 😅 ဘယ်အချိန်မှ ထဖောက်မလဲမသိဘူး 🤔 #MUMS
ရာသီအစဆို ဆိုက်ကားက အင်ဂျင်ပါဝါအပြည့်နဲ့ တကယ်ကြမ်းနေတာ 😅 ဘယ်အချိန်မှ ထဖောက်မလဲမသိဘူး 🤔 #MUMS

နယ်ပယ်ပေါင်းစုံက ပညာရှင်တွေ စုဝေးနေတဲ့ ယူနိုက်တက်အသင်းသားများ 😛 မာရဇ္ဇ ၊ ဇဏ်ခီ ၊ ဖိုးချစ် ၊ သူထူးစံ ၊ ဝေဠုကျော် #MUMS
+3
နယ်ပယ်ပေါင်းစုံက ပညာရှင်တွေ စုဝေးနေတဲ့ ယူနိုက်တက်အသင်းသားများ 😛 မာရဇ္ဇ ၊ ဇဏ်ခီ ၊ ဖိုးချစ် ၊ သူထူးစံ ၊ ဝေဠုကျော် #MUMS

ပရီးမီးယားလိဂ်ရဲ့ အဖွင့်ပွဲစဉ်ကစားရတိုင်း နိုင်ပွဲ 21 ပွဲအထိ ရှိလာခဲ့ပီး အခြားအသင်းတွေထက် ပိုများလာခဲ့တဲ့ မန်ယူအသင်းရဲ့ စံချိ
ပရီးမီးယားလိဂ်ရဲ့ အဖွင့်ပွဲစဉ်ကစားရတိုင်း နိုင်ပွဲ 21 ပွဲအထိ ရှိလာခဲ့ပီး အခြားအသင်းတွေထက် ပိုများလာခဲ့တဲ့ မန်ယူအသင်းရဲ့ စံချိန်သစ်တခုဖြစ်ပါတယ် ။ #MUMS

Repost from Amazing Football
တိုက်စစ်မှူးသစ် Zirkzee ရဲ့သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ယူနိုက်တက် မန်ယူ 1-0 ဖူလ်ဟမ် FT Highlights
ဘောလုံးပွဲ Highlights  ပေါင်းစုံကြည့်ဖို Amazing Football ကို Join ကြစို  📲👇 For more video join us  📲👇 https://t.me/amazingfootball2024
#Amazingfootball

ညကပွဲစဉ်မာ မက်ဂွားယားနဲ့ ကတ်စမဲရိုးအနေအထား 😛🔥 #MUMS
ညကပွဲစဉ်မာ မက်ဂွားယားနဲ့ ကတ်စမဲရိုးအနေအထား 😛🔥 #MUMS

ဂျိုရူအာဇာကီ 🗣️ အခုလိုအသင်းအတွက် အရေးပါတဲ့သွင်းဂိုးကို သွင်းယူပေးနိုင်လို့ ဒီညအတွက် ဝမ်းသာမိပါတယ် ။ နယ်‌မြေအသစ် ၊ အသင်းသစ်မာ
ဂျိုရူအာဇာကီ 🗣️ အခုလိုအသင်းအတွက် အရေးပါတဲ့သွင်းဂိုးကို သွင်းယူပေးနိုင်လို့ ဒီညအတွက် ဝမ်းသာမိပါတယ် ။ နယ်‌မြေအသစ် ၊ အသင်းသစ်မာ အခုလိုမျိုးစတင်နိုင်တာ တကယ်ကိုကောင်းတဲ့အရာပါဘဲ ။ ငါ့အတွက်တော့ တကယ်ကိုဂုဏ်ယူမိတဲ့ ညတညပိုင်ဆိုင်သွားခဲ့ရပါတယ် ။ #MUMS