6 860
订阅者
-324 小时
-357 天
-21930 天
正在加载数据
标签云
无数据
有任何问题?请刷新页面或联系我们的客服。
进出提及
---
---
---
---
---
---
吸引订阅者
十一月 '2611月 '26
十一月 '26
+16
在1个频道中
十月 '26
+34
在1个频道中
Get PRO
九月 '26
+45
在1个频道中
Get PRO
八月 '26
+106
在2个频道中
Get PRO
七月 '26
+114
在1个频道中
Get PRO
六月 '26
+57
在1个频道中
Get PRO
五月 '26
+219
在1个频道中
Get PRO
四月 '26
+96
在2个频道中
Get PRO
三月 '26
+103
在1个频道中
Get PRO
二月 '26
+178
在2个频道中
Get PRO
一月 '26
+249
在3个频道中
Get PRO
十二月 '25
+223
在2个频道中
Get PRO
十一月 '25
+291
在2个频道中
Get PRO
十月 '25
+270
在1个频道中
Get PRO
九月 '25
+315
在1个频道中
Get PRO
八月 '25
+370
在1个频道中
Get PRO
七月 '25
+373
在1个频道中
Get PRO
六月 '25
+538
在1个频道中
Get PRO
五月 '25
+286
在1个频道中
Get PRO
四月 '25
+295
在1个频道中
Get PRO
三月 '25
+269
在2个频道中
Get PRO
二月 '25
+392
在1个频道中
Get PRO
一月 '25
+574
在1个频道中
Get PRO
十二月 '24
+584
在2个频道中
Get PRO
十一月 '24
+624
在2个频道中
Get PRO
十月 '24
+813
在2个频道中
Get PRO
九月 '24
+784
在2个频道中
Get PRO
八月 '24
+1 375
在3个频道中
Get PRO
七月 '24
+2 678
在3个频道中
| 日期 | 订阅者增长 | 提及 | 频道 | |
| 12 十一月 | 0 | |||
| 11 十一月 | +2 | |||
| 10 十一月 | +1 | |||
| 09 十一月 | +1 | |||
| 08 十一月 | +3 | |||
| 07 十一月 | +1 | |||
| 06 十一月 | +1 | |||
| 05 十一月 | +2 | |||
| 04 十一月 | 0 | |||
| 03 十一月 | +3 | |||
| 02 十一月 | +2 | |||
| 01 十一月 | 0 |
频道帖子
🚨 မော်ရီစီယိုပိုချက်တီနိုနဲ့ နီးစပ်သူတွေရဲ့ အဆိုအရ "ယူနိုက်တက်က ကမ်းလှမ်းလာပြီဆိုရင် ငြင်းပယ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး" တဲ့။
ပိုချက်တီနို အနေနဲ့ ဒါဟာ သူ့ဘဝတစ်သက်တာမှာ ရခဲလှတဲ့ အခွင့်အရေးကောင်းကြီးတစ်ခုလို့ ခံစားနေရပြီး ဒီအခွင့်အရေးအတွက်လည်း အရမ်းကို စိတ်လှုပ်ရှားနေပါတယ်။ ယူနိုက်တက်ဆိုတာ ပိုချက်တီနိုအတွက် အများကြီး အဓိပ္ပာယ်ရှိတဲ့ အသင်းတစ်သင်းပါ။ သူဟာ ဆာအဲလက်စ်ဖာဂူဆန်ကို အမြဲတမ်း လေးစားအားကျခဲ့သူဖြစ်တာကြောင့် ယူနိုက်တက်နည်းပြ ဖြစ်လာရတာဟာ သူ့အတွက် အထူးတလည် ဂုဏ်ယူစရာ ဖြစ်နေပါတယ်။ ဒါကြောင့်ပဲ ယူနိုက်တက်ဘက်က ဆက်သွယ်ကမ်းလှမ်းလာတဲ့ အချိန်မှာ သူဟာ ချက်ချင်းဆိုသလို လက်ခံသဘောတူခဲ့တာ ဖြစ်ပါတယ်။
[FabrizioRomano]
#MUMS
| 2 | မန်ချက်စတာယူနိုက်တက်အသင်းမှာ မိုက်ကယ်ကားရစ် နေရာကို မော်ရီစီယိုပိုချက်တီနိုနဲ့ အစားထိုးလိုက်တဲ့အပေါ် နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ် ပြောကြားခဲ့ရာ 🗣️
ကြိုတင်ရိပ်မိနေခဲ့တဲ့ အပြောင်းအလဲ
ကလပ်ဘက်က တရားဝင်မကြေညာခင်ကတည်းက ကားရစ်ထွက်ခွာရတော့မယ်ဆိုတာ ကျွန်တော် သိနေခဲ့ပါတယ်။ အသင်းရဲ့ နောက်ဆုံးပွဲစဉ်ရလဒ်တွေ၊ လေ့ကျင့်ရေးကွင်းက ဖိအားတွေနဲ့ ကားရစ်ကိုယ်တိုင် စကားပြောဆိုပုံကြည့်ပြီး အသင်းတွင်းက လူတိုင်း အခြေအနေမဟန်တော့မှန်း ခံစားမိနေကြပါပြီ။ အာဂျင်တီးနားလက်ရွေးစင်အသင်းမှာ အသင်းဖော်တွေက မေးတုန်းကတောင် ကျွန်တော် ဒီအတိုင်း ဖြေခဲ့ပါသေးတယ်။ ကားရစ်ထွက်သွားရလို့ ကျွန်တော် ပျော်နေတာ မဟုတ်ပါဘူး။ သူဟာ ခက်ခဲတဲ့အချိန်တွေမှာ ကျွန်တော့်ကို ယုံကြည်မှုနဲ့ တာဝန်ပေးခဲ့တဲ့ ဆရာကောင်းတစ်ယောက်ပါ။ ဒါပေမဲ့ ရလဒ်တွေ ဆိုးရွားနေချိန်မှာ အရာအားလုံး အဆင်ပြေနေပါတယ်လို့ ဟန်ဆောင်နေလို့ မရပါဘူး။ ယူနိုက်တက်လို အသင်းမျိုးမှာ တိုးတက်လာဖို့ အကြာကြီး စောင့်နေလို့ မရတဲ့အတွက် အသင်းတာဝန်ရှိသူတွေဘက်က ဆုံးဖြတ်ချက်ချလိုက်တာကို နားလည်ပါတယ်။ အာဂျင်တီးနားသားချင်းဖြစ်တာကြောင့် ပိုချက်တီနိုရဲ့ ဘောလုံးအတွေးအခေါ်နဲ့ စိတ်ဓာတ်ပိုင်းကို ကျွန်တော်တို့ ကောင်းကောင်းသိပါတယ်။ သူက တောင်းဆိုမှုမြင့်မားပြီး စည်းကမ်းတင်းကျပ်သူပါ။ အလုပ်ကြိုးစားဖို့ အသင့်မဖြစ်တဲ့ ကစားသမားတွေဆိုရင် သူ့လက်အောက်မှာ နေရထိုင်ရ ခက်ခဲပါလိမ့်မယ်။ အခုချိန်မှာ ယူနိုက်တက်လိုအပ်နေတာက နည်းပြမျက်နှာဖုံး ပြောင်းရုံသက်သက်မဟုတ်ဘဲ အသင်းတွင်း စိတ်ဓာတ်ပိုင်းကို အမှန်တကယ် ပြောင်းလဲပေးနိုင်မယ့် နည်းပြမျိုးပါ။ ပိုချက်တီနို ရောက်လာရုံနဲ့ အသင်းရဲ့ ပြဿနာတွေ ချက်ချင်း ပျောက်သွားမှာ မဟုတ်သလို၊ ဘယ်နည်းပြကမှလည်း မန်ယူကို တစ်ယောက်တည်း ပြုပြင်နိုင်မှာ မဟုတ်ပါဘူး။ သူ့ကို အသင်းဘက်က အပြည့်အဝပံ့ပိုးပေးဖို့၊ မှန်ကန်တဲ့ ကစားသမား ခေါ်ယူမှုတွေ လုပ်ပေးဖို့နဲ့ အချိန်ပေးဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ လက်ရှိ အဝတ်လဲခန်းထဲက ကစားသမားတိုင်း လိုချင်နေတဲ့ တိကျတဲ့ဦးတည်ချက်တစ်ခုကိုတော့ သူ ယူဆောင်လာပေးနိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်။
#MUMS | 336 |
| 3 | မကြာခင် အသင်းကို ကိုင်တွယ်လာတော့မယ့် ပိုချက်တီနိုရဲ့လက်အောက်မှာ အသင်းက အများကြီး အကျိုးကျေးဇူးခံစားရနိုင်ပြီး၊ ကမ္ဘာ့အဆင့်မီ ကြယ်ပွင့်တွေ ဖြစ်လာနိုင်ခြေရှိတဲ့ မန်ချက်စတာယူနိုက်တက်ရဲ့လူငယ်ကြယ်ပွင့် (၄) ဦး ရှိနေပါတယ် ။ ပိုချက်တီနိုဆိုတာ လူငယ်ကစားသမားတွေရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်စွမ်းရှိပြီး၊ သူတို့ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်တွေကို အပြည့်အဝ ထုတ်ဖော်ပေးနိုင်မှန်း နာမည်ကြီးပြီးသား လူတစ်ယောက်ပါ။ မန်ချက်စတာယူနိုက်တက်မှာလည်း အခွင့်အရေးရဖို့ စောင့်ဆိုင်းနေကြတဲ့၊ စွမ်းရည်ထက်မြက်တဲ့ လူငယ်ကြယ်ပွင့်တွေ အပြည့်အဝ ရှိနေပါတယ် ။
#MUMS | 772 |
| 4 | 🚨 မန်ချက်စတာယူနိုက်တက်အသင်းဟာ မိုက်ကယ်ကားရစ်ရဲ့ နေရာမှာ အစားထိုးဖို့အတွက် မော်ရီစီယိုပိုချက်တီနိုကို ခန့်အပ်နိုင်ဖို့ သဘောတူညီမှု ရယူနိုင်ရေး အပြီးသတ် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဘက်က အမေရိကန် လက်ရွေးစင်အသင်းဆီ တရားဝင် ဆက်သွယ်ခြင်း မရှိသေးပေမဲ့လည်း ဒီအစီအစဉ်ကတော့ အစောတလျင် လောလောလတ်လတ် ရှေ့ဆက်သွားဖွယ် ရှိနေပါတယ်။
David_Ornstein
#MUMS | 866 |
| 5 | ၂၀၁၆ ခုနှစ်တုန်းက ဆာအဲလက်စ်ဖာဂူဆန်ဟာ လူးဝစ်ဗန်ဂါးရဲ့ နေရာမှာ အစားထိုးဖို့ ပိုချက်တီနိုကို သဘောကျခဲ့ပါတယ် ။ဆာအဲလက်စ်ဖာဂူဆန်နဲ့ ပိုချက်တီနိုတို့ဟာ ပေါင် ၁၁၄ တန် ဝိုင်တစ်ပုလင်းကို အတူတကွ သောက်သုံးရင်း နေ့လယ်စာ သုံးဆောင်ခဲ့ကြပါတယ်။ အဆိုပါတွေ့ဆုံမှုမှာ ဖာဂူဆန်က မန်ချက်စတာယူနိုက်တက်အသင်းကို သူ ဘယ်လိုပြန်လည်တည်ဆောက်ခဲ့ကြောင်း ရှင်းပြခဲ့သလို၊ ပိုချက်တီနိုကိုလည်း မိမိရဲ့ကိုယ်ပိုင်နည်းလမ်းနဲ့ အယူအဆအပေါ် ယုံကြည်မှုအပြည့်ထားဖို့ တိုက်တွန်းအားပေးခဲ့ပါတယ်။
#MUMS | 877 |
| 6 | 🚨💣 မန်ချက်စတာယူနိုက်တက်သာ တန်းဆင်းသွားရရင် စီးပွားရေးအရ အကြီးအကျယ် ကပ်ဆိုက်တော့မှာ ဖြစ်ပါတယ် ။ သတင်းထောက် Chris Wheeler ရဲ့ဖော်ပြချက်အရ Red Devils တို့တန်းဆင်းသွားခဲ့ရင် Adidas အနေနဲ့ အသင်းနဲ့ ချုပ်ဆိုထားတဲ့ ပေါင်သန်း ၉၀၀ ကျော်တန်ကြေးရှိ စပွန်ဆာစာချုပ်ကို ဖျက်သိမ်းသွားနိုင်ပါတယ်။ ဒါဟာ အားကစားအမှတ်တံဆိပ်တစ်ခုနဲ့ ဘောလုံးကလပ်တစ်ခုအကြား ချုပ်ဆိုထားသမျှ သမိုင်းဝင် စပွန်ဆာစာချုပ်တွေထဲက အကြီးမားဆုံးထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ် ။
#MUMS | 853 |
| 7 | 🚨🗣️ Bruno Fernandes က လေ့ကျင့်ရေးကွင်းမှာ Michael Carrick နဲ့ ပြောဖြစ်ခဲ့တာကို အခုလို ဖွင့်ဟထားပါတယ်။
ဒီနေ့ လေ့ကျင့်ရေးကွင်းက ပုံမှန်ထက် ပိုတိတ်ဆိတ်နေတယ်။ တစ်ခုခုတော့ အဆင်မပြေဘူးဆိုတာ ခံစားလို့ရတယ်။ Michael Carrick ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းကို ကျွန်တော်တို့အားလုံး ကြားထားကြသလို အဝတ်လဲခန်းထဲက ဘယ်သူမှလည်း ဒီအတွက် မပျော်ကြပါဘူး။
မကြာသေးခင်က ကျွန်တော်တို့ကြား မပြေလည်မှုအချို့ ရှိခဲ့ပေမဲ့ အခုလိုမျိုး အဆုံးသတ်သွားဖို့တော့ မလိုလားခဲ့ပါဘူး။ ဒီနေ့ သူ့ပုံစံက ပုံမှန်မဟုတ်ဘူး။ ကျွန်တော် သူ့နားသွားပြီး 'ဆရာ... တကယ်ရော အဆင်ပြေရဲ့လား' လို့ မေးခဲ့တယ်။ သူက ပြုံးပြပြီး အဆင်ပြေပါတယ်လို့ပဲ ဖြေခဲ့ပေမဲ့ သူ့မျက်လုံးတွေကို ကြည့်ရုံနဲ့ ဝမ်းနည်းနေတာကို သိသာပါတယ်။ ဘယ်သူ့မှ မသိစေချင်လို့သာ အောင့်ထားတာပါ။
မန်နေဂျာတစ်ယောက်တည်းရဲ့ အမှားမဟုတ်တဲ့ ပြဿနာတွေအတွက် သူပဲ အပြစ်တင်ခံနေရတာတကယ် စိတ်မကောင်းစရာပါပဲ။ ဒီကလပ်အသင်းရဲ့ အတွင်းပိုင်းမှာ ဘာတွေ တကယ်ဖြစ်ပျက်နေလဲဆိုတာ လူတွေ နားလည်ရဲ့လားလို့တောင် တစ်ခါတလေ တွေးမိတယ်။
ဒါပေမဲ့လည်း ဒါက ဘောလုံးလောကပဲလေ။ နည်းပြတွေက လာလိုက်ထွက်သွားလိုက်နဲ့ပဲ၊ ကစားသမားတွေကလည်း ရှေ့ဆက်ရမှာပဲ။
#MUMS | 834 |
| 8 | Time to say goodbye 💔😭
#MUMS | 476 |
| 9 | ဒီအသင်းက တကယ်ကို ဟာသပဲကွာ။
ဒီလူစာရင်းနဲ့များ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားတွေ ရယူမယ်ဆိုပြီး ကြုံးဝါးထားကြတာမလား ?
မင်းတို့ ခေါ်ထားတဲ့ ဒီကစားသမားတွေကဘဲ အပြစ်မရှိတဲ့ နည်းပြတွေကိုပဲ တစ်ယောက်ပြီးတစ်ယောက် ထုတ်ပစ်နေကြတာလေ ။ အခုအချိန်မှာတော့ နည်းပြကို ထုတ်ပစ်ရမှာမဟုတ်ဘူး၊ အဝတ်လဲခန်းထဲက ကစားသမားတွေကိုရှင်းပစ်ရမှာ! တကယ့် တရားခံအစစ်တွေက အင်္ကျီဝတ်ထားတဲ့ကစားသမားတွေပါကွာ :)
#MUMS | 899 |
| 10 | 🚨 မန်ချက်စတာယူနိုက်တက်အသင်းက အင်္ဂလန်အသင်းနည်းပြဟောင်း Gareth Southgate ကို ၃ နှစ်စာချုပ်ဖြင့် ယနေ့တွင်ပင် နည်းပြသစ်အဖြစ် ခန့်အပ်တော့မည်လို့ သတင်းထွက်ပေါ်နေပါတယ် ။ ဆောက်ဂိတ်က နည်းပြမိုက်ကယ်ကားရစ်ရဲ့ နေရာမှာ အစားထိုးဝင်ရောက်မည်ဖြစ်ပြီး အိုးထရက်ဖို့ဒ်၏ ယဉ်ကျေးမှုကို ပြန်လည်ဖော်ဆောင်ပေးကာ ကစားသမားအဝတ်လဲခန်းတွင်း စည်းလုံးညီညွတ်မှုကို ပြန်လည်တည်ဆောက်ပေးနိုင်မည့်သူအဖြစ် ရှုမြင်ခံထားရတာ ဖြစ်ပါတယ် ။ဆောက်ဂိတ်ရဲ့ ခေါင်းဆောင်မှုအရည်အသွေး၊ ကစားသမားများကို ကိုင်တွယ်ထိန်းသိမ်းနိုင်စွမ်းနှင့် အတွေ့အကြုံတို့မှာ ယူနိုက်တက်ကို ခေတ်သစ်တစ်ခုဆီ ဦးဆောင်လမ်းပြနိုင်ရန် အသင့်တော်ဆုံးဖြစ်သည်ဟု ယူနိုက်တက်ထိပ်ပိုင်းတာဝန်ရှိသူများက ယုံကြည်နေကြတာ ဖြစ်ပါတယ် ။
တရားဝင်သတင်းထုတ်ပြန်ချက်ကို ယနေ့မွန်းလွဲ ၃ နာရီတွင် ပြုလုပ်သွားမည်ဟု မျှော်လင့်ရပါတယ် ။
Source Davide Ornstéin
#MUMS | 964 |
| 11 | 🚨 မန်ချက်စတာယူနိုက်တက် နည်းပြ မိုက်ကယ်ကားရစ်ဟာ ရာထူးကနေ ထုတ်ပယ်ခံရဖို့ အလွန်နီးစပ်နေပြီဖြစ်ပါတယ်။
အသင်းဘုတ်အဖွဲ့ဟာ ဒီနေ့အတွင်း အရေးပေါ် အစည်းအဝေး နှစ်ကြိမ်အထိ ပြုလုပ်ခဲ့ပြီး လက်ရှိမှာ သူ့ရဲ့နည်းပြရာထူးဟာ အတော်လေး စိုးရိမ်စရာ အခြေအနေမျိုး ရောက်ရှိနေပါပြီ။ ထုတ်ပယ်ဖို့ အပြီးသတ် ဆုံးဖြတ်ချက် မချရသေးပေမဲ့ အသင်းတာဝန်ရှိသူတွေဘက်ကတော့ ကားရစ်ရဲ့နေရာမှာ အစားထိုးဖို့ အစားထိုးနည်းပြသစ်တွေကို စတင် ဆွေးနွေးနေကြပြီဖြစ်ပါတယ်။ အခြေအနေတွေကတော့ အတော်လေး ရင်လေးစရာ ကောင်းလာနေပါပြီ။
#MUMS | 982 |
| 12 | 🚨 အက်စတွန်ဗီလာနဲ့ ၄ ဂိုး-၄ ဂိုး သရေကျခဲ့ပြီးနောက် ၁၀ ပွဲကစား၊ ရမှတ် ၈ မှတ်ပဲရရှိကာ တန်းဆင်းဇုန်အထက် အဆင့် ၁၈ နေရာအထိ ရောက်ရှိသွားခဲ့တာကြောင့် နည်းပြ မိုက်ကယ်ကားရစ်ရဲ့ အနာဂတ်ကို ဆုံးဖြတ်ဖို့ လာမယ့်သီတင်းပတ်အစောပိုင်း Carrington လေ့ကျင့်ရေးကွင်းမှာ ကြိုတင်ပြင်ဆင်ထားတဲ့ အရေးပေါ်အစည်းအဝေးတစ်ခု ယူနိုက်တက်ဘုတ်အဖွဲ့ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
အဓိက ဆုံးဖြတ်ပိုင်ခွင့်ရှိသူအဖြစ် ဖော်ပြခံထားရတဲ့ ဒါရိုက်တာ Jason Wilcox ကတော့ ကားရစ်ကို ယခင်ကတည်းက ကျောထောက်နောက်ခံပြုပေးခဲ့သူဖြစ်ပြီး အခုထိလည်း ဆက်လက်ထောက်ခံနေဆဲ ဖြစ်ပါတယ်။
သို့သော်လည်း ဘုန်းမောက်နဲ့ပွဲအပြီးကတည်းက နည်းပြအပြောင်းအလဲလုပ်ဖို့ စတင်စဉ်းစားခဲ့ကြတဲ့ ယူနိုက်တက်တာဝန်ရှိသူတွေဟာ Eddie Howe၊ Julian Nagelsmann နဲ့ Antonio Conte အပါအဝင် အစားထိုးနိုင်မယ့် နည်းပြအသစ်တွေကို ကြိုတင်လေ့လာဆန်းစစ်မှုတွေ ပြုလုပ်ထားပြီးဖြစ်ပါတယ်။
#MUMS | 573 |
| 13 | 🚨 🎙️ အက်စတွန်ဗီလာနဲ့ ၄ - ၄ သရေကျခဲ့တဲ့ပွဲအပြီး မန်ချက်စတာယူနိုက်တက်မှာ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မိုက်ကယ် ကားရစ် ပြောကြားခဲ့တာတွေကတော့ -
🗣️ "ဒါဟာ တကယ်ကို ခက်ခဲတဲ့ညတစ်ညပါပဲ၊ ဖုံးကွယ်ထားလို့မရပါဘူး။ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ပရိသတ်တွေရှေ့ ၄ ဂိုးစီ သရေကျခဲ့ရတာဟာ အထူးသဖြင့် ဇယားမှာ ကျွန်တော်တို့ လက်ရှိရောက်နေတဲ့ အနေအထားနဲ့ကြည့်ရင် အတော်လေး နာကျင်ရပါတယ်။
ကျွန်တော် တစ်ခုတော့ ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်၊ ကျွန်တော် ရာထူးကနေ နှုတ်ထွက်မှာမဟုတ်ပါဘူး။ ရလဒ်ကောင်းတွေ ရဖို့အတွက် နေ့စဉ်နေ့တိုင်း အစွမ်းကုန် ကြိုးစားနေပေမဲ့ လက်ရှိမှာတော့ ကွင်းထဲမှာ ကျွန်တော်တို့ဘက်ကို အခွင့်အရေးတွေ ယိုင်နဲ့မလာသေးပါဘူး။ ဒီအခြေအနေကနေ ရုန်းထွက်နိုင်ဖို့နဲ့ အသင်းနဲ့ ပရိသတ်တွေနဲ့ ထိုက်တန်တဲ့ ရလဒ်ကောင်းတွေ ပေးနိုင်ဖို့အတွက် နည်းဗျူဟာပိုင်းဆိုင်ရာ အခင်းအကျင်းတိုင်းကို အဆက်မပြတ် ရှာဖွေသွားမှာဖြစ်သလို မနားတမ်းလည်း ဆက်လက် ကြိုးစားသွားမှာပါ။
ဒါပေမဲ့ ဘာပဲပြောပြော လက်ရှိ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ပကတိ အခြေအနေမှန်ကိုတော့ သေချာဂရုပြုမိပါတယ်။ ကျွန်တော့်ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး INEOS ဘုတ်အဖွဲ့နဲ့ မန်ယူနိုက်တက် ထိပ်ပိုင်းခေါင်းဆောင်တွေ ဘယ်လိုဆုံးဖြတ်ချက်ပဲချချ ကျွန်တော် အပြည့်အဝ လက်ခံသွားမှာပါ။ ကျွန်တော့်ရဲ့ ဦးစားပေးကတော့ မန်ချက်စတာယူနိုက်တက်အတွက် အကောင်းဆုံးဖြစ်ဖို့ပဲ အမြဲတမ်း ဖြစ်နေမှာပါ.။
#MUMS | 640 |
| 14 | 🚨⚠️ မန်ချက်စတာယူနိုက်တက် အမှတ်ပေးဇယား အဆင့် (၁၉) ထိ ထိုးဆင်းသွားခဲ့တာဟာ ဆာအဲလက်စ် ဖာဂူဆန် မကိုင်တွယ်မီ ၁၉၈၆/၈၇ ရာသီ၊ နည်းပြ ရုန်းအက်ကင်ဆန် (Ron Atkinson) လက်ထက်ကတည်းကဖြစ်ပြီး ဒါဟာ နှစ်ပေါင်း ၄၀ နီးပါးအတွင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
#MUMS | 1 179 |
| 15 | တကယ့်ကို amazing comeback point ပါဘဲ ။ အိမ်ကွင်းကနေ အဖိုးတန်သရေ 1 မှတ်ရယူနိုင်ခဲ့လို့ အဆင့် 18 နေရာကို တက်လှမ်းသွားခဲ့ပြီး international break ရှိနေလို့ ခံသာသွားခဲ့ပြီ ဖြစ်ပါတယ် ။
#MUMS | 1 137 |
| 16 | မမှီတော့ဘူး မမှီတော့ဘူး !
#MUMS | 542 |
| 17 | အသင်းဟောင်းဖက်ကို ချေပဂိုးသွင်းခဲ့တဲ့ လူငယ်ခြေတက်ကစားသမားလေး တိုင်လီမန်းစ်
#MUMS | 596 |
| 18 | ပင်နယ်တီနဲ့ ပြန်လာနေပါပြီ !
#MUMS | 592 |
| 19 | အိမ်ကွင်းမှာ နိုင်ပွဲမဖြစ်မနေယူမယ့် ပွဲထွက်လူစာရင်း 💪
#MUMS | 1 193 |
| 20 | မန်ချက်စတာယူနိုက်တက်ဟာ ခုချိန်မှာ အဆင့် ၁၈ အထိ ထိုးဆင်းသွားပြီး တန်းဆင်းဇုန်ထဲ ရောက်ရှိသွားပါပြီ။ မနက်ဖြန် ကျွန်တော်တို့ မကစားမီ တခြားပွဲရလဒ်တွေသာ ကျွန်တော်တို့ဘက်မှာ မရှိခဲ့ရင် ဇယားအောက်ဆုံးအထိတောင် ရောက်သွားနိုင်တဲ့ အခြေအနေပါ။
ဒါက ပဲလေ့စ်က လီဗာပူးကို နိုင်ပြီး၊ ဆန်းဒါးလန်းက ချယ်လ်ဆီးကို နိုင်မှ ဖြစ်လာမှာဖြစ်ပေမဲ့ ၊ အဲဒီလိုဖြစ်သွားရင်လည်း ကျွန်တော်တော့ စိတ်မဆိုးပါဘူး။ ဩဂုတ်လတည်းက ပရီးမီးယားလိဂ်မှာ နိုင်ပွဲလုံးဝ ပျောက်ဆုံးနေတာပါ။
တကယ်ကို အံ့ဩတုန်လှုပ်စရာကောင်းလောက်အောင် ဆိုးရွားလွန်းတဲ့ ရာသီတစ်ခုပါပဲ!!
#MUMS | 1 154 |
