cookie

Мы используем файлы cookie для улучшения сервиса. Нажав кнопку «Принять все», вы соглашаетесь с использованием cookies.

avatar

KT ဇာတ်ညွှန်း 📃

Disclaimer : Credit to original uploader copyright infringement intended. We do not own the audio, photo and video. For entertainment purpose and we are just reupload. All the contents in the video belong to the rightful owner! No Copyright Infringement.

Больше
Рекламные посты
4 473
Подписчики
-224 часа
+287 дней
+22930 дней

Загрузка данных...

Прирост подписчиков

Загрузка данных...

Sharmajee Ki Beti (2024)
IMDb......6.5
(Comedy Drama)

မတူတဲ့အရွယ်သုံးပါးက ရှာမာ အမည်ရှိအမျိုးသမီး ၅ ယောက်ရဲ့ ဘဝ၊
အိပ်မက်နဲ့ အခက်အခဲတို့ကို ဟာသလေးနှောပြီး တင်ဆက်ထားပါတယ်
ယောကျာ်းက ချမ်းသာပေမယ့် ဂရုစိုက်မခံရတဲ့ အိမ်ရှင်မ အမျိုးသမီး ကီရန်ရှာမာ၊
တစ်ဖက်မှာကျ ဆရာမအလုပ်နဲ့ လုံးပမ်းနေရလို့ သမီးလေးကို အချိန်မပေးနိုင်တဲ့ ဂျိုတီရှာမာ
စီနီယာအမကြီးတွေရဲ့ ရင်သားဖွံ့ထွားမှု၊ ကောင်လေးတွေ အာရုံစိုက်ခံရတာတွေကို အားကျလို့
မိမိကိုယ်ကို အားမလိုအားမရဖြစ်နေကြတဲ့ ၁၄ နှစ်အရွယ်ကျောင်းသူလေးနှစ်ယောက်
ငယ်ရွယ်နုပျိုပြီး ထက်မြက်တဲ့အပြင် သည်းသည်းလှုပ်ဂရုစိုက်တတ်တဲ့
ချစ်သူကောင်လေးကို ပိုင်ဆိုင်ထားတဲ့ ခရစ်ကတ်မယ်လေး တန်ဗီတို့ရဲ့ …အလှနဲ့ ဘဝ၊ အခက်အခဲ အကျပ်အတည်းတို့ကို ပေါ့ပါးပါးပါးကြည့်ရမယ့်
ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်ခင်ဗျာ

movie request❓
https://t.me/ktmovierequest1290
Показать все...
👍 1
Switch Case N (2024)
IMDb......7
(Drama)

 အိုင်တီပညာရှင်လေး
ဆစ်ဒါ့သ်ဟာရစ်ရှ်ရဲ့ ဘဝတစ်ဆစ်ချိုး‌ပြောင်းလဲမှုကို မြင်တွေ့ရမှာပါ။ ဆစ်ဒါ့သ်ဟာ သူ့ရဲ့ကိုယ်ရေးကိုယ်‌တာ
ကိစ္စတွေနဲ့ အသက်မွေးဝမ်းကြောင်း အလုပ်ကြားက ရှုပ်ထွေးမှုတွေ‌ကို ဖြေရှင်းရင်း
အောင်မြင်ကြီးပွားလာသလို တိုးတက်ပြောင်းလဲခြင်းတွေနဲ့လည်း ကြုံတွေ့ခဲ့ရပါတယ်။ဒီဇာတ်ကားလေးမှာဆိုရင်တော့ ဆစ်ဒါ့သ်တစ်ယောက်
ကိုယ့်ကိုယ်ကိုယ် ပြန်လည်ရှာဖွေရင်း အခက်အခဲမျိုးစုံကြားမှာ ဘယ်လိုရွေးချယ်မှုတွေက
သူ့ဘဝအတွက် သက်ရောက်မှုရှိနေမလဲဆိုတာ မီးမောင်းထိုးပြပေးထားတာမလို့ ဆစ်ဒါ့သ်ရဲ့
ဘဝတစ်ဆစ်ချိုးအပြောင်းအလဲက ဘယ်လိုမျိုးဖြစ်သွားမလဲဆိုတာ စောင့်မျှော်ကြည့်ရှုအားပေးကြပါဦး

movie request❓
https://t.me/ktmovierequest1290
Показать все...
Man’s Creed (2022)
IMDb......6.0
(Action Crime Thriller)

ရှောင်ကျန်းဖုန်းဟာ လွန်ခဲ့တဲ့ ၂၅နှစ်က အကွက်ချခြောက်တွန်းခံရပြီး ထောင် ၂၅နှစ်ကျသွားခဲ့တဲ့ အထက်တန်းလုံခြုံရေးအကြံပေးတစ်ယောက်ပါ၂၅နှစ်ကြာပြီး သူ ထောင်က လွတ်လွတ်ချင်း သူ့ဇနီးနဲ့ သားကိုသွားရှာပေမဲ့ သူတို့တွေက အရင်နေခဲ့ဖူးတဲ့နေရာမှာမရှိတော့ပါဘူးဒီလိုနဲ့ဘယ်လိုရှာရမလဲ လမ်းပျောက်နေချိန်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့လူတစ်ယောက်က သူ့ကို ဆက်သွယ်လာခဲ့ပါတယ်
ဆက်သွယ်လာတဲ့အကြောင်းအရင်းကတော့ အဲဒီလူရဲ့သမီးဟာ ပြန်ပေးဆွဲခံထားရတာကြောင့် ကျန်းဖုန်းကို ကူညီပေးဖို့တောင်းဆိုတာဖြစ်ပါတယ်ကျန်းဖုန်းသာ သူ့သမီးကို ပြန်ပေးသမားလက်ထဲကနေ ကယ်ပေးဖို့ သဘောတူရင် သူကလည်း ကျန်းဖုန်းရဲ့ ဇနီးနဲ့သားကို ရှာပေးမယ်လို့ နှစ်ယောက်သား အပေးအယူလုပ်ခဲကြပါတယ်
ဒါပေမဲ့ ပြန်ပေးမှုက ထင်သလောက်မရိုးရှင်းဘဲ မူးယစ်ဆေးကုန်ကူးမှုတွေနဲ့ဆက်နွယ်နေချိန်မှာတော့ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာ ဒီဇာတ်လမ်းလေးထဲမှာ စိတ်ဝင်စားဖွယ် ဆက်ကြည့်ရမှာပါနော် ။

movie request❓
https://t.me/ktmovierequest1290
Показать все...
Last of the Wolves (2021)
IMDb......6.1
(Action Crime)

ခုရဲဟာရမြို့ရဲ့ အိုဒါနီ ဂိုဏ်းနဲ့ ဟီရိုရှီးမားမြို့ရဲ့ ဂျင်စေးခိုင်ဆိုတဲ့ ယာခူဇာဂိုဏ်းကြီးနှစ်ဂိုဏ်းကြားက ပဋိပခတွေကို ဂျင်စေးခိုင်ရဲ့ ခေါင်းဆောင်ရှိုဟေး သေဆုံးပြီးတဲ့နောက်ပိုင်းမှာ
နှစ်ဖက်လုံးက အာဃာတတရားတွေ အငြှိုးအတေးတွေကို ဖယ်ရှားပြီး ယာယီစစ်ပြေငြိမ်းမှုရယူခဲ့ကြပါတယ်စစ်ပြေငြိမ်းမှုရယူပြီး နှစ်ဖက်လုံး ကိုယ့်စီးပွားရေးကိုသာအဓိက အားထားပြီးလုပ်နေချိန်မှာ ဟီအိုခါဆိုတဲ့ စုံထောက်က အဖွဲ့နှစ်ဖွဲ့ကြားမှာ ငြိမ်းချမ်းအောင် ဖျန်ဖြေရေး အကျိုးဆောင်လုပ်ပေးနေခဲ့ပါတယ်ဒီလိုနဲ့ သုံးနှစ်ကြာမြင့်ပြီးချိန်မှာတော့ သေသွားတဲ့ ဂျင်စေးခေါင်းဆောင် ရဲ့ ညာလက်ရုံး အူအဲဘာယရှီဟာ ထောင်ထဲမှ လွတ်မြောက်လာခဲ့ပါတယ်သူဟာ အရင်ကတည်းက သူ့ခေါင်းဆောင်အပေါ်သစ္စာရှိပြီး ဂိုဏ်းချစ်စိတ်ပြင်းထန်သူဖြစ်တာကြောင့် ငြိမ်းချမ်းရေးကို မလိုလားဘဲ လက်စားချေရန် တစ်ဖက်ဂိုဏ်းကို အမြစ်ဖြတ်ချေမှုန်းဖို့ ကြံပါတော့တယ်အူအဲဘာယရှီကြောင့် ဟီအိုခါရဲ့ ငြိမ်းချမ်းရေး အကျိုးဆောင်ကြိုးပမ်းမှုတွေ သဲထဲရေသွန် ဖြစ်လာတော့မဲ့အချိန်မှာတော့
ဟီအိုခါအနေနဲ့ စကားသေးသေးလေးမှတောင် အတိမ်းအစောင်းမခံတဲ့ ယာခူဇာ ဂိုဏ်းနှစ်ဂိုဏ်းကြားမှာ ငြိမ်းချမ်းရေးတည်မြဲဖို့ ခက်ခက်ခဲခဲ အသက်နဲ့ရင်းပြီး ဘယ်လိုမျိုးတွေ ကာကွယ်သွားမလဲဆိုတာကို အက်ရှင်အလန်းစားတွေတစ်ပုံကြီးနဲ့ ရင်တဖိုဖို ဆက်လက်ကြည့်ရှုကြရမှာပါနော် ။

movie request❓
https://t.me/ktmovierequest1290
Показать все...
First Kill (2017)
IMDb.....5.0
(Action Thriller)

တစ်ရက်မှာတော့ သားဖြစ်သူ ဒန်နီရဲ့ ကျောင်းမှာအနိုင်ကျင့်ခံရမှုကို ကြားခဲ့ရပြီးနောက်မှာတော့
မိသားစုနဲ့ ပြန်လည်ပေါင်းစည်းချိတ်ဆက်ဖို့ သူ့မွေးရပ်မြေကို အလည်အပတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ဆယ်စုနှစ်များစွာ အေးဆေးငြိမ်သက်နေတဲ့ ဂရန်းဗီးလ်မြို့လေးမှာ လတ်တလော ဘဏ်ဓားပြမှုခင်း
တစ်ခုကြောင့်ကျီးလန့်စာစားဖြစ်နေခဲ့ပါတယ်.။ ထိုအချိန်ကျမှ တိုက်တိုက်ဆိုင်ဆိုင် ပြန်လည်ရောက်ရှိလာတဲ့
ဝီလ်ဘီးမန်းတို့မိသားစုကတော့ သူတို့ကို ဘယ်လိုအန္တရာယ်တွေ စောင့်ကြိုနေမှန်း ကြိုမသိနိုင်ခဲ့ပါဘူး။သူကြီးပြင်းခဲ့တဲ့အရပ်ကို ပြသချင်တာကြောင့်ရော၊ ကြမ်းတမ်းတဲ့လောကကို ရင်ဆိုင်နိုင်ဖို့ သင်ခန်းစာပေးဖို့
ရည်ရွယ်ရင်းနဲ့ ဝီလ်ဟာ ဒန်နီကို အမဲလိုက်ခရီး ခေါ်သွားခဲ့ပါတယ်။ တောတွင်းတစ်နေရာအရောက်မှာ
မမျှော်လင့်ဘဲ လူ ၂ ယောက် အချင်းများရန်ဖြစ်နေတာကို ချောင်းကြည့်ရင်း သေနတ်နဲ့ချိန်ထားသူက
ကျန်တဲ့သူကို ပစ်လိုက်တာကို တွေ့လိုက်ရပါတယ်။
သေနတ်သံကြောင့် အာမေဋိတ်ထွက်သွားတဲ့ ဒန်နီကြောင့် သေနတ်သမားရဲ့ ရန်မှုပစ်ခတ်ခြင်းကို ခံရပါတယ်။
သားဖြစ်သူရဲ့ အသက်အန္တရာယ်ကြောင့် ဝီလ်အနေနဲ့ သေနတ်သမားကို အမဲလိုက်သေနတ်နဲ့ ပြန်ပစ်ခဲ့ရပါတယ်။
နေရာမှာတင် ပွဲခြင်းပီး သေဆုံးခဲ့တာကြောင့် ဝီလ်အနေနဲ့ အလောင်းကိုကြည့်ချိန်မှာ ရဲတစ်ယောက် ဖြစ်နေခဲ့မှန်း သိခဲ့ရပါတယ်။
သေနတ်ဒဏ်ရာနဲ့ လဲနေတဲ့သူ လီဗိုင်းကို အိမ်ပြန်ခေါ်သွားခဲ့ပြီး ဆေးကုပေးပြီးကာမှ ဒန်နီကို ဓားစာခံလုပ် အကျပ်ကိုင်ခြင်းခံရပါတော့တယ်။အခင်းဖြစ်ရာနေရာကို ပြန်လာချိန်မှာ ရဲအရာရှိတစ်ယောက် ကြိုတင်ရောက်နေခဲ့ပြီး ဝီလ်နဲ့ လီဗိုင်းကို စတင်ပစ်ခတ်
ပါတော့တယ်။ လီဗိုင်းကတော့ ဒန်နီနဲ့အတူ လွတ်မြောက်သွားခဲ့ပြီး ဒန်နီနဲ့လဲလှယ်ဖို့ အခင်းဖြစ်တဲ့နေရာက သော့ကို
ယူလာခဲ့ဖို့ ဝီလ်ကို ချိန်းဆိုခဲ့ပါတယ်။
ဝီလ်အနေနဲ့ မိသားစုရဲ့မိတ်ဆွေဟောင်း ရဲမှူးဟောင်းဝဲလ်ကို အခင်းဖြစ်ရာကို ပထမဆုံးအကြိမ်ရောက်တာဖြစ်ကြောင်း
လိမ်လည်ခဲ့ပြီး ညကျမှ သော့ကို ပြန်လာရှာဖို့ စိတ်ကူးခဲ့ပါတယ်။ဝီလ်အနေနဲ့ ရဲတစ်ယောက်ကို သတ်ပစ်ခဲ့တဲ့အမှုကို ဖုံးကွယ်ရင်း သားဖြစ်သူ ဒန်နီဆီကို အရောက်သွားနိုင်မလား
ရဲမှူးဟောင်းဝဲလ်အနေနဲ့ရော ဝီလ်ရဲ့လိမ်လည်ရတဲ့အကြောင်းရင်း အမှန်ကို စုံစမ်းနိုင်မလား
ဘဏ်ဓားပြမှုမှာ ပါဝင်ပတ်သက်နေတဲ့ ရဲတပ်ဖွဲ့ရဲ့သရုပ်မှန်ကိုရော ဖော်ထုတ်နိုင်မလား ဆိုတဲ့ မေးခွန်းများကို
အဖြေရှာနိုင်ဖို့ CM ကနေ တင်ဆက်ပေးလိုက်ရပါတယ်။

movie request❓
https://t.me/ktmovierequest1290
Показать все...
Lisa Frankenstein (2024)
IMDb.....6.1
(Comedy Horror Romance)

Frankenstein ကိုပြန်ရိုက်ထားတဲ့ ရုပ်ရှင်တွေ အများကြီး ရှိသလို သူ့အကြောင်းလည်း သိပြီးသားဖြစ်ကြမှာပါ။ ဒါပေမယ့် ဒီကားလေးကတော့ သူ့ချစ်သူ Lisa Frankenstein ရဲ့ အကြောင်းကို စိတ်ကူးယဥ် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ Cast တွေကလည်း အားလုံးနဲ့ မစိမ်းတဲ့ Cole Sprouse နဲ့ Kathryn Newton တဖိလစ်ပိုင် မင်းသမီး Liza Soberanoတို့ ပါဝင်ထားပါတယ်။Lisa ရဲ့ အမေဟာ အသတ်ခံခဲ့ရပြီးနောက်မှာ သူ့အဖေရဲ့ နောက်အိမ်ထောင်ဖြစ်တဲ့ မိထွေးရယ် မိထွေးနဲ့ပါတဲ့ အစ်မရယ် တို့နဲ့ အတူနေပါတယ်။ သူ့အစ်မက သူ့အပေါ် ကောင်းပေမယ့် မိထွေးက သူ့ကို တချိန်လုံး ငြိုငြင်နေတာပါ။ အမေကို ဆုံးရှုံးထားရလို့ စိတ်ဒဏ်ရာ ရနေတဲ့ Lisa က လူတွေနဲ့ အပြောအဆို အဆက်အဆံ မလုပ်တော့ဘဲ သင်္ချီုင်းကုန်း တစ်ခုထဲက အုတ်ဂူတွေကြားမှာပဲ အချိန်ဖြုန်းလို့သာနေပါတယ်။
အဲ့ဒီအုတ်ဂူတွေထဲကမှ Frankenstein ရဲ့ ရုပ်ထုနဲ့ အုတ်ဂူဟာ သူသဘောအကျဆုံးဖြစ်ပါတယ်။ တရက် သူ့အစ်မနဲ့ အတူ ပါတီသွားရင်း ကမောက်ကမတွေ ဖြစ်လာတဲ့ Lisa က မုန်တိုင်းထန်နေတဲ့ ညမှာ Frankenstein ရဲ့ အုတ်ဂူရှေ့မှာ ဆုတစ်ခု တောင်းမိလိုက်ပါတယ်။ နောက်တစ်ရက်မှာ သူ့ ဆုက အမှန်ဖြစ်လာပြီး မြေကြီးထဲက အလောင်းကောင် Frankenstein နိုးလာပြီး သူ့ဆီကို တန်းတန်းမတ်မတ်ရောက်လာခဲ့တာပါ။ သူတို့နှစ်ယောက်ကြား ဘာဆက်ဖြစ်မယ်ဆိုတာကတော့ ရုပ်ရှင်ထဲမှာ ဆက်လက် ကြည့်ရှု ရမှာပါ။

movie request❓
https://t.me/ktmovierequest1290
Показать все...
👏 1
Ondu Sarala Prema Kathe (2024) IMDb......8.3 (Drama Romance) မင်းသားကြီးရာ့ဂျ်ကူးမားရဲ့မြေးလည်းဖြစ် သရုပ်ဆောင်ပိုင်းမှာလည်း အဘိုးခြေရာနင်းပြီး အင်မတန်ထူးချွန်တဲ့ မင်းသား ဗီနေးရာ့ဂျ်ကူးမားရဲ့ ရုပ်ရှင်ကားအသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။မြူးဇစ်ဒါရိုက်တာဖြစ်ချင်တဲ့ ဂီတကိုမြတ်နိုးတဲ့ကောင်လေးတစ်ယောက်။ သူ့ရင်ခုန်သံနဲ့တစ်ထပ်တည်းကျမဲ့ လက်တွဲဖော်ကိုပဲ မျှော်လင့်နေတဲ့သူ။ သူချစ်တွေ ကိုယ်ချစ်တွေဆိုတာထက် ဘ၀ကိုအကောင်းဆုံးရှင်သန်ပြီး သံစဉ်တွေနောက်ကိုလိုက်ရင်း ရင်ခုန်သံနဲ့ တစ်သားတည်းကျမဲ့ချစ်သူကို ရှာဖွေနေခဲ့ပါတယ်။တစ်ရက်မှာတော့ စတူဒီယိုက ဆရာဖြစ်သူနဲ့ဖုန်းပြောနေရင်း ဆရာ့ဘက်က သီချင်းဆိုနေတဲ့ အသံချိုလွင်လွင်လေးကို ကြားလိုက်တဲ့အခါမှာ သူ့ရင်ခုန်သံနဲ့ တစ်သားတည်းကျနေတာကို သိလိုက်ရတဲ့နောက်။ အသံပိုင်ရှင်ကို လိုက်ရှာရင်း ဘာတွေဆက်ဖြစ်မလဲဆိုတာ ရိုးရှင်းတဲ့ ဒီအချစ်ဇာတ်လမ်းလေးထဲမှာ ခံစားကြည့်ရှုကြပါစို့လားဗျာ။ movie request❓ https://t.me/ktmovierequest1290
Показать все...
Ghar Banduk Biryani (2023) IMDb......6.8 (Comedy Drama Thriller) ဇာတ်ဝင်ခန်း ၈၀% လောက်ကို တောထဲမှာအခြေတည်ထားတဲ့ မာရသီစကားပြော အက်ရှင်ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ရပါတယ်မိဘမဲ့ စားဖိုမှူးလေး ရာဂျူးက မိန်းမရဖို့ရာ အိမ်တစ်လုံးမဖြစ်မနေ အရင်ဝယ်ဖို့ မိန်းကလေးဘက်က တောင်းဆိုတာကြောင့် စဥ်းစားရကျပ်နေချိန်မှာ ဓားပြဗိုလ်ဆီရောက်သွားပြီး ဓားပြဗိုလ်က ဆုံးသွားတဲ့ ဇနီးသည်ရဲ့ ဒန်ပေါက်လက်ရာကိုလွမ်းတာကြောင့် ဒန်ပေါက်ချက်ရမယ့် အလုပ်ပေးလာတယ်တစ်ဖက်မှာ ရဲအရာရှိပါတီးလ်ကတော့ ရိုးရာပွဲတစ်ခုမှာ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်တဲ့ ကျောင်းသားတစ်စုကို ဆော်ပလော်တီးရာကနေ လွှတ်တော်အမတ်ရဲ့သားကို လုပ်မိလို့ ဓားပြတွေရှိရာ နယ်ဘက်ကို တာဝန်ပြောင်းခံလိုက်ရတဲ့အခါမှာ ဘယ်လိုတွေဆက်ဖြစ်မှာလဲ အလွမ်းအဆွေး၊ အက်ရှင်ဇာတ်ကြမ်း၊ ဟာသ၊ သီချင်းတို့နဲ့ မြိုင်မြိုင်ဆိုင်ဆိုင်တင်ဆက်ထားတဲ့ ဒီရုပ်ရှင်လေးကို အားပေးကြပါဦး movie request❓ https://t.me/ktmovierequest1290
Показать все...
Moonfall (2022) IMDb......5.3 (Action, Adventure, Sci-Fi) ကမ္ဘာကြီးကို ဟစ်တလာက တစ်ခါပဲ ဖျက်ဆီးခဲ့ပေမဲ့ ဟစ်တလာထက်ဆိုးပြီး ကမ္ဘာကို ခဏခဏဖျက်နေတဲ့ ဂျာမန်သားတစ်ယောက်ရှိပါတယ်။ သူကတော့ Roland Emmerich ပါ။ အမ်းမရစ်ဟာ Independence Day၊ The Day After Tomorrow နဲ့ 2012 တို့လို ကမ္ဘာပျက်ကားတွေချည်း အဓိကရိုက်ခဲ့တဲ့ ‌ဒါရိုက်တာလို့ ဆိုရပါမယ်။ အခုလည်း လက ကမ္ဘာကို ၀င်တိုက်ပြီး ကမ္ဘာပျက်တဲ့ကားပါပဲ။လနဲ့ပတ်သက်တဲ့ သီအိုရီငစားတွေ အများကြီးကြားဖူးမှာပေါ့။ ဒီရုပ်ရှင်ကတော့ ကြားဖူးသူရှားလောက်မယ့် သီအိုရီတစ်ခု သုံးထားပါတယ်။ ဒီရုပ်ရှင်ထဲမှာ လဟာ လူကဖန်တီးထားတဲ့ မဟာယန္တရားကြီးပါပဲ။ ဇာတ်လမ်းက ဒီသီအိုရီကို ယုံကြည်တဲ့ ကောင်လေးတစ်ယောက်က လကြီးပတ်လမ်းချော်နေတာကို သတိထားမိရာက စပါတယ်။ သူဘာလို့ယုံတာလဲဆိုတော့ အပိုလို၁၁ကနေ လောင်စာကန်အလွတ်ကို လကြမ်းပေါ်ပစ်ချလိုက်တော့ တစ်နာရီလောက် ခေါင်းလောင်းလို မြည်နေခဲ့တာမို့ လက အထဲမှာ ‌ဗလာသက်သက်ကြီးလို့ ဆိုပါတယ်။ နောက် လက သူ့ဂြိုလ်ပတ်လမ်းကနေ ချော်နေတာကို နာဆာကို သတိပေးဖို့လုပ်ပေမဲ့ နာဆာက နားမထောင်ခဲ့ပါဘူး။ ဒီလိုနဲ့ လကြီး ကမ္ဘာပေါ် ပြိုကျဖို့ မှန်းခြေ၃ပတ်ပဲလိုတော့တဲ့ အချိန်ကိုရောက်လာပါတယ်။ ဇာတ်လမ်းက ဒီလောက်တင်ပဲမဟုတ်ပါဘူး။ လကြွေကျတာအပြင် အများကြီးပိုရှုပ်ထွေးတဲ့ အ‌ကြောင်းအရာအလန်းတွေပါပါသေးတယ်။ မြင်သာအောင်ပြောရရင် ကောင်းခြင်းမကောင်းခြင်းကို ဖယ်ပြီး ဇာတ်လမ်းအကျယ်ကိုပဲ ပြောရရင် Don’t look up သုံးဆလောက်ကျယ်ပါတယ်။ အက်ရှင်ခန်းတွေလည်းပါတာမို့ ကြည့်ကောင်းတဲ့ရုပ်ရှင်လို့ ဆိုလို့ရပါလိမ့်မယ်။Conjuring ကားတွေရဲ့မင်းသား Patrick Wilson, နာမည်ကျော်မင်းသမီးဖြစ်တဲ့ Halle Berry, GoT က Samwell Tarly အဖြစ်သရုပ်‌ဆောင်ခဲ့တဲ့ John Bradley တို့က အဓိကသရုပ်ဆောင်ထားပြီး တရုတ်မလှလှလေး Kelly Yu လည်းပါ၀င်ထားပါတယ်။ သိပ္ပံသီအိုရီတစ်ချို့နဲ့ သိပ္ပံယုံတမ်းစကားတစ်ချို့ကို သိရမယ့်အပြင် စိတ်နယ်လွန်အကြောင်းအရာ အဆန်းကြီးတွေပါ အများကြီးပါဦးမှာမို့ ကြည့်သင့်တဲ့ ရုပ်ရှင်ပေါ့ဗျာ… movie request❓ https://t.me/ktmovierequest1290
Показать все...
👍 1
My Missing Valentine (2020) IMDb........7.4 (Comedy, Drama, Mystery) ကောင်မလေးကတော့ တကယ်ဒိတ်ပျောက်သွားခဲ့ပါတယ်အရာရာကို မြန်မြန်ဆန်ဆန်လုပ်တတ်တဲ့ကောင်မလေးတစ်ယောက် ခရာမတွတ်ခင် ပြေးတတ်တဲ့ သူများတွေထက် ရှေ့ကိုတစ်လှမ်းကြိုပြင်ဆင်တတ်သူလေးတစ်ယောက်ရှိသတဲ့။ကမ္ဘာလောကကြီးနဲ့အဆက်သွယ်ပြတ်နေတဲ့သူတစ်ယောက် အသက်ကလဲ ၃၀ နားကပ်နေပြီး အချစ်ရေးနဲ့ပါတ်သက်လို့ မူးလို့တောင်မရှုဖူးတဲ့သူမအနားကို ခပ်ချောချောကောင်လေးတစ်ယောက်က ရောက်လာခဲ့ပါတယ်။အဲ့ကောင်လေးနဲ့ ချစ်သူများနေ့မှာ အတူဖြတ်သန်းဖို့ စိတ်ကူးယဉ် အပျော်တွေလွန်ပြီး အိပ်သွားခဲ့ပေမဲ့ နောက်တစ်နေ့ သူအိပ်ရာနိုးလာချိန်မှာတော့ သူ့ရဲ့ချစ်သူများနေ့ဟာ သူ့မှတ်ဉာဏ်ထဲကနေ ထူးဆန်းအံ့သြဖွယ်ရာ ပျောက်ဆုံးနေခဲ့တာသိလိုက်ရပါတယ်။သူ့ရဲ့ဘဝမှာ အပြောင်းလဲကြီးတစ်ခုလို့ဆိုရလောက်တဲ့နေ့တစ်နေ့ဟာ ဘာလို့ပျောက်ဆုံးသွားရတာလဲ အဖြေရှာပါတော့တယ်။ဘာ​ကြောင့် နေ့ရက်တစ်ရက် ပျောက်ဆုံးသွားရတာလဲ ပျောက်ဆုံးသွားတဲ့နေ့ရက်ကို ဘယ်လိုပြန်ရှာမလဲ“ကိုယ့်ကိုယ်ချစ်ပါ တစ်နေရာမှာတော့ သင့်ကိုချစ်တဲ့သူတစ်ယောက်ရှိနေပါတယ်” movie request❓ https://t.me/ktmovierequest1290
Показать все...
Выберите другой тариф

Ваш текущий тарифный план позволяет посмотреть аналитику только 5 каналов. Чтобы получить больше, выберите другой план.