es
Feedback
KT ဇာတ်ညွှန်း 📃

KT ဇာတ်ညွှန်း 📃

Ir al canal en Telegram

Disclaimer : Credit to original uploader copyright infringement intended. We do not own the audio, photo and video. For entertainment purpose and we are just reupload. All the contents in the video belong to the rightful owner! No Copyright Infringement.

Mostrar más
4 650
Suscriptores
Sin datos24 horas
+17 días
+1630 días

Carga de datos en curso...

Canales Similares
Sin datos
¿Algún problema? Por favor, actualice la página o contacte a nuestro gerente de soporte.
Nube de Etiquetas
Sin datos
¿Algún problema? Por favor, actualice la página o contacte a nuestro gerente de soporte.
Menciones Entrantes y Salientes
---
---
---
---
---
---
Atraer Suscriptores
octubre '24
octubre '24
+43
en 5 canales
septiembre '24
+113
en 10 canales
Get PRO
agosto '24
+168
en 3 canales
Get PRO
julio '24
+229
en 19 canales
Get PRO
junio '24
+343
en 18 canales
Get PRO
mayo '24
+487
en 23 canales
Get PRO
abril '24
+375
en 17 canales
Get PRO
marzo '24
+493
en 22 canales
Get PRO
febrero '24
+534
en 21 canales
Get PRO
enero '24
+597
en 23 canales
Get PRO
diciembre '23
+543
en 23 canales
Get PRO
noviembre '23
+315
en 23 canales
Get PRO
octubre '23
+1 272
en 19 canales
Fecha
Crecimiento de Suscriptores
Menciones
Canales
14 octubre+2
13 octubre+1
Publicaciones del Canal
Sharmajee Ki Beti (2024)
IMDb......6.5
(Comedy Drama)

မတူတဲ့အရွယ်သုံးပါးက ရှာမာ အမည်ရှိအမျိုးသမီး ၅ ယောက်ရဲ့ ဘဝ၊
အိပ်မက်နဲ့ အခက်အခဲတို့ကို ဟာသလေးနှောပြီး တင်ဆက်ထားပါတယ်
ယောကျာ်းက ချမ်းသာပေမယ့် ဂရုစိုက်မခံရတဲ့ အိမ်ရှင်မ အမျိုးသမီး ကီရန်ရှာမာ၊
တစ်ဖက်မှာကျ ဆရာမအလုပ်နဲ့ လုံးပမ်းနေရလို့ သမီးလေးကို အချိန်မပေးနိုင်တဲ့ ဂျိုတီရှာမာ
စီနီယာအမကြီးတွေရဲ့ ရင်သားဖွံ့ထွားမှု၊ ကောင်လေးတွေ အာရုံစိုက်ခံရတာတွေကို အားကျလို့
မိမိကိုယ်ကို အားမလိုအားမရဖြစ်နေကြတဲ့ ၁၄ နှစ်အရွယ်ကျောင်းသူလေးနှစ်ယောက်
ငယ်ရွယ်နုပျိုပြီး ထက်မြက်တဲ့အပြင် သည်းသည်းလှုပ်ဂရုစိုက်တတ်တဲ့
ချစ်သူကောင်လေးကို ပိုင်ဆိုင်ထားတဲ့ ခရစ်ကတ်မယ်လေး တန်ဗီတို့ရဲ့ …အလှနဲ့ ဘဝ၊ အခက်အခဲ အကျပ်အတည်းတို့ကို ပေါ့ပါးပါးပါးကြည့်ရမယ့်
ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်ခင်ဗျာ

movie request❓
https://t.me/ktmovierequest1290

2
Switch Case N (2024) IMDb......7 (Drama) အိုင်တီပညာရှင်လေး ဆစ်ဒါ့သ်ဟာရစ်ရှ်ရဲ့ ဘဝတစ်ဆစ်ချိုး‌ပြောင်းလဲမှုကို မြင်တွေ့ရမှာပါ။ ဆစ်ဒါ့သ်ဟာ သူ့ရဲ့ကိုယ်ရေးကိုယ်‌တာ ကိစ္စတွေနဲ့ အသက်မွေးဝမ်းကြောင်း အလုပ်ကြားက ရှုပ်ထွေးမှုတွေ‌ကို ဖြေရှင်းရင်း အောင်မြင်ကြီးပွားလာသလို တိုးတက်ပြောင်းလဲခြင်းတွေနဲ့လည်း ကြုံတွေ့ခဲ့ရပါတယ်။ဒီဇာတ်ကားလေးမှာဆိုရင်တော့ ဆစ်ဒါ့သ်တစ်ယောက် ကိုယ့်ကိုယ်ကိုယ် ပြန်လည်ရှာဖွေရင်း အခက်အခဲမျိုးစုံကြားမှာ ဘယ်လိုရွေးချယ်မှုတွေက သူ့ဘဝအတွက် သက်ရောက်မှုရှိနေမလဲဆိုတာ မီးမောင်းထိုးပြပေးထားတာမလို့ ဆစ်ဒါ့သ်ရဲ့ ဘဝတစ်ဆစ်ချိုးအပြောင်းအလဲက ဘယ်လိုမျိုးဖြစ်သွားမလဲဆိုတာ စောင့်မျှော်ကြည့်ရှုအားပေးကြပါဦး movie request❓ https://t.me/ktmovierequest1290
352
3
Man’s Creed (2022) IMDb......6.0 (Action Crime Thriller) ရှောင်ကျန်းဖုန်းဟာ လွန်ခဲ့တဲ့ ၂၅နှစ်က အကွက်ချခြောက်တွန်းခံရပြီး ထောင် ၂၅နှစ်ကျသွားခဲ့တဲ့ အထက်တန်းလုံခြုံရေးအကြံပေးတစ်ယောက်ပါ၂၅နှစ်ကြာပြီး သူ ထောင်က လွတ်လွတ်ချင်း သူ့ဇနီးနဲ့ သားကိုသွားရှာပေမဲ့ သူတို့တွေက အရင်နေခဲ့ဖူးတဲ့နေရာမှာမရှိတော့ပါဘူးဒီလိုနဲ့ဘယ်လိုရှာရမလဲ လမ်းပျောက်နေချိန်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့လူတစ်ယောက်က သူ့ကို ဆက်သွယ်လာခဲ့ပါတယ် ဆက်သွယ်လာတဲ့အကြောင်းအရင်းကတော့ အဲဒီလူရဲ့သမီးဟာ ပြန်ပေးဆွဲခံထားရတာကြောင့် ကျန်းဖုန်းကို ကူညီပေးဖို့တောင်းဆိုတာဖြစ်ပါတယ်ကျန်းဖုန်းသာ သူ့သမီးကို ပြန်ပေးသမားလက်ထဲကနေ ကယ်ပေးဖို့ သဘောတူရင် သူကလည်း ကျန်းဖုန်းရဲ့ ဇနီးနဲ့သားကို ရှာပေးမယ်လို့ နှစ်ယောက်သား အပေးအယူလုပ်ခဲကြပါတယ် ဒါပေမဲ့ ပြန်ပေးမှုက ထင်သလောက်မရိုးရှင်းဘဲ မူးယစ်ဆေးကုန်ကူးမှုတွေနဲ့ဆက်နွယ်နေချိန်မှာတော့ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာ ဒီဇာတ်လမ်းလေးထဲမှာ စိတ်ဝင်စားဖွယ် ဆက်ကြည့်ရမှာပါနော် ။ movie request❓ https://t.me/ktmovierequest1290
328
4
Last of the Wolves (2021) IMDb......6.1 (Action Crime) ခုရဲဟာရမြို့ရဲ့ အိုဒါနီ ဂိုဏ်းနဲ့ ဟီရိုရှီးမားမြို့ရဲ့ ဂျင်စေးခိုင်ဆိုတဲ့ ယာခူဇာဂိုဏ်းကြီးနှစ်ဂိုဏ်းကြားက ပဋိပခတွေကို ဂျင်စေးခိုင်ရဲ့ ခေါင်းဆောင်ရှိုဟေး သေဆုံးပြီးတဲ့နောက်ပိုင်းမှာ နှစ်ဖက်လုံးက အာဃာတတရားတွေ အငြှိုးအတေးတွေကို ဖယ်ရှားပြီး ယာယီစစ်ပြေငြိမ်းမှုရယူခဲ့ကြပါတယ်စစ်ပြေငြိမ်းမှုရယူပြီး နှစ်ဖက်လုံး ကိုယ့်စီးပွားရေးကိုသာအဓိက အားထားပြီးလုပ်နေချိန်မှာ ဟီအိုခါဆိုတဲ့ စုံထောက်က အဖွဲ့နှစ်ဖွဲ့ကြားမှာ ငြိမ်းချမ်းအောင် ဖျန်ဖြေရေး အကျိုးဆောင်လုပ်ပေးနေခဲ့ပါတယ်ဒီလိုနဲ့ သုံးနှစ်ကြာမြင့်ပြီးချိန်မှာတော့ သေသွားတဲ့ ဂျင်စေးခေါင်းဆောင် ရဲ့ ညာလက်ရုံး အူအဲဘာယရှီဟာ ထောင်ထဲမှ လွတ်မြောက်လာခဲ့ပါတယ်သူဟာ အရင်ကတည်းက သူ့ခေါင်းဆောင်အပေါ်သစ္စာရှိပြီး ဂိုဏ်းချစ်စိတ်ပြင်းထန်သူဖြစ်တာကြောင့် ငြိမ်းချမ်းရေးကို မလိုလားဘဲ လက်စားချေရန် တစ်ဖက်ဂိုဏ်းကို အမြစ်ဖြတ်ချေမှုန်းဖို့ ကြံပါတော့တယ်အူအဲဘာယရှီကြောင့် ဟီအိုခါရဲ့ ငြိမ်းချမ်းရေး အကျိုးဆောင်ကြိုးပမ်းမှုတွေ သဲထဲရေသွန် ဖြစ်လာတော့မဲ့အချိန်မှာတော့ ဟီအိုခါအနေနဲ့ စကားသေးသေးလေးမှတောင် အတိမ်းအစောင်းမခံတဲ့ ယာခူဇာ ဂိုဏ်းနှစ်ဂိုဏ်းကြားမှာ ငြိမ်းချမ်းရေးတည်မြဲဖို့ ခက်ခက်ခဲခဲ အသက်နဲ့ရင်းပြီး ဘယ်လိုမျိုးတွေ ကာကွယ်သွားမလဲဆိုတာကို အက်ရှင်အလန်းစားတွေတစ်ပုံကြီးနဲ့ ရင်တဖိုဖို ဆက်လက်ကြည့်ရှုကြရမှာပါနော် ။ movie request❓ https://t.me/ktmovierequest1290
292
5
First Kill (2017) IMDb.....5.0 (Action Thriller) တစ်ရက်မှာတော့ သားဖြစ်သူ ဒန်နီရဲ့ ကျောင်းမှာအနိုင်ကျင့်ခံရမှုကို ကြားခဲ့ရပြီးနောက်မှာတော့ မိသားစုနဲ့ ပြန်လည်ပေါင်းစည်းချိတ်ဆက်ဖို့ သူ့မွေးရပ်မြေကို အလည်အပတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ဆယ်စုနှစ်များစွာ အေးဆေးငြိမ်သက်နေတဲ့ ဂရန်းဗီးလ်မြို့လေးမှာ လတ်တလော ဘဏ်ဓားပြမှုခင်း တစ်ခုကြောင့်ကျီးလန့်စာစားဖြစ်နေခဲ့ပါတယ်.။ ထိုအချိန်ကျမှ တိုက်တိုက်ဆိုင်ဆိုင် ပြန်လည်ရောက်ရှိလာတဲ့ ဝီလ်ဘီးမန်းတို့မိသားစုကတော့ သူတို့ကို ဘယ်လိုအန္တရာယ်တွေ စောင့်ကြိုနေမှန်း ကြိုမသိနိုင်ခဲ့ပါဘူး။သူကြီးပြင်းခဲ့တဲ့အရပ်ကို ပြသချင်တာကြောင့်ရော၊ ကြမ်းတမ်းတဲ့လောကကို ရင်ဆိုင်နိုင်ဖို့ သင်ခန်းစာပေးဖို့ ရည်ရွယ်ရင်းနဲ့ ဝီလ်ဟာ ဒန်နီကို အမဲလိုက်ခရီး ခေါ်သွားခဲ့ပါတယ်။ တောတွင်းတစ်နေရာအရောက်မှာ မမျှော်လင့်ဘဲ လူ ၂ ယောက် အချင်းများရန်ဖြစ်နေတာကို ချောင်းကြည့်ရင်း သေနတ်နဲ့ချိန်ထားသူက ကျန်တဲ့သူကို ပစ်လိုက်တာကို တွေ့လိုက်ရပါတယ်။ သေနတ်သံကြောင့် အာမေဋိတ်ထွက်သွားတဲ့ ဒန်နီကြောင့် သေနတ်သမားရဲ့ ရန်မှုပစ်ခတ်ခြင်းကို ခံရပါတယ်။ သားဖြစ်သူရဲ့ အသက်အန္တရာယ်ကြောင့် ဝီလ်အနေနဲ့ သေနတ်သမားကို အမဲလိုက်သေနတ်နဲ့ ပြန်ပစ်ခဲ့ရပါတယ်။ နေရာမှာတင် ပွဲခြင်းပီး သေဆုံးခဲ့တာကြောင့် ဝီလ်အနေနဲ့ အလောင်းကိုကြည့်ချိန်မှာ ရဲတစ်ယောက် ဖြစ်နေခဲ့မှန်း သိခဲ့ရပါတယ်။ သေနတ်ဒဏ်ရာနဲ့ လဲနေတဲ့သူ လီဗိုင်းကို အိမ်ပြန်ခေါ်သွားခဲ့ပြီး ဆေးကုပေးပြီးကာမှ ဒန်နီကို ဓားစာခံလုပ် အကျပ်ကိုင်ခြင်းခံရပါတော့တယ်။အခင်းဖြစ်ရာနေရာကို ပြန်လာချိန်မှာ ရဲအရာရှိတစ်ယောက် ကြိုတင်ရောက်နေခဲ့ပြီး ဝီလ်နဲ့ လီဗိုင်းကို စတင်ပစ်ခတ် ပါတော့တယ်။ လီဗိုင်းကတော့ ဒန်နီနဲ့အတူ လွတ်မြောက်သွားခဲ့ပြီး ဒန်နီနဲ့လဲလှယ်ဖို့ အခင်းဖြစ်တဲ့နေရာက သော့ကို ယူလာခဲ့ဖို့ ဝီလ်ကို ချိန်းဆိုခဲ့ပါတယ်။ ဝီလ်အနေနဲ့ မိသားစုရဲ့မိတ်ဆွေဟောင်း ရဲမှူးဟောင်းဝဲလ်ကို အခင်းဖြစ်ရာကို ပထမဆုံးအကြိမ်ရောက်တာဖြစ်ကြောင်း လိမ်လည်ခဲ့ပြီး ညကျမှ သော့ကို ပြန်လာရှာဖို့ စိတ်ကူးခဲ့ပါတယ်။ဝီလ်အနေနဲ့ ရဲတစ်ယောက်ကို သတ်ပစ်ခဲ့တဲ့အမှုကို ဖုံးကွယ်ရင်း သားဖြစ်သူ ဒန်နီဆီကို အရောက်သွားနိုင်မလား ရဲမှူးဟောင်းဝဲလ်အနေနဲ့ရော ဝီလ်ရဲ့လိမ်လည်ရတဲ့အကြောင်းရင်း အမှန်ကို စုံစမ်းနိုင်မလား ဘဏ်ဓားပြမှုမှာ ပါဝင်ပတ်သက်နေတဲ့ ရဲတပ်ဖွဲ့ရဲ့သရုပ်မှန်ကိုရော ဖော်ထုတ်နိုင်မလား ဆိုတဲ့ မေးခွန်းများကို အဖြေရှာနိုင်ဖို့ CM ကနေ တင်ဆက်ပေးလိုက်ရပါတယ်။ movie request❓ https://t.me/ktmovierequest1290
298
6
Lisa Frankenstein (2024) IMDb.....6.1 (Comedy Horror Romance) Frankenstein ကိုပြန်ရိုက်ထားတဲ့ ရုပ်ရှင်တွေ အများကြီး ရှိသလို သူ့အကြောင်းလည်း သိပြီးသားဖြစ်ကြမှာပါ။ ဒါပေမယ့် ဒီကားလေးကတော့ သူ့ချစ်သူ Lisa Frankenstein ရဲ့ အကြောင်းကို စိတ်ကူးယဥ် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ Cast တွေကလည်း အားလုံးနဲ့ မစိမ်းတဲ့ Cole Sprouse နဲ့ Kathryn Newton တဖိလစ်ပိုင် မင်းသမီး Liza Soberanoတို့ ပါဝင်ထားပါတယ်။Lisa ရဲ့ အမေဟာ အသတ်ခံခဲ့ရပြီးနောက်မှာ သူ့အဖေရဲ့ နောက်အိမ်ထောင်ဖြစ်တဲ့ မိထွေးရယ် မိထွေးနဲ့ပါတဲ့ အစ်မရယ် တို့နဲ့ အတူနေပါတယ်။ သူ့အစ်မက သူ့အပေါ် ကောင်းပေမယ့် မိထွေးက သူ့ကို တချိန်လုံး ငြိုငြင်နေတာပါ။ အမေကို ဆုံးရှုံးထားရလို့ စိတ်ဒဏ်ရာ ရနေတဲ့ Lisa က လူတွေနဲ့ အပြောအဆို အဆက်အဆံ မလုပ်တော့ဘဲ သင်္ချီုင်းကုန်း တစ်ခုထဲက အုတ်ဂူတွေကြားမှာပဲ အချိန်ဖြုန်းလို့သာနေပါတယ်။ အဲ့ဒီအုတ်ဂူတွေထဲကမှ Frankenstein ရဲ့ ရုပ်ထုနဲ့ အုတ်ဂူဟာ သူသဘောအကျဆုံးဖြစ်ပါတယ်။ တရက် သူ့အစ်မနဲ့ အတူ ပါတီသွားရင်း ကမောက်ကမတွေ ဖြစ်လာတဲ့ Lisa က မုန်တိုင်းထန်နေတဲ့ ညမှာ Frankenstein ရဲ့ အုတ်ဂူရှေ့မှာ ဆုတစ်ခု တောင်းမိလိုက်ပါတယ်။ နောက်တစ်ရက်မှာ သူ့ ဆုက အမှန်ဖြစ်လာပြီး မြေကြီးထဲက အလောင်းကောင် Frankenstein နိုးလာပြီး သူ့ဆီကို တန်းတန်းမတ်မတ်ရောက်လာခဲ့တာပါ။ သူတို့နှစ်ယောက်ကြား ဘာဆက်ဖြစ်မယ်ဆိုတာကတော့ ရုပ်ရှင်ထဲမှာ ဆက်လက် ကြည့်ရှု ရမှာပါ။ movie request❓ https://t.me/ktmovierequest1290
263
7
Ondu Sarala Prema Kathe (2024) IMDb......8.3 (Drama Romance) မင်းသားကြီးရာ့ဂျ်ကူးမားရဲ့မြေးလည်းဖြစ် သရုပ်ဆောင်ပိုင်းမှာလည်း အဘိုးခြေရာနင်းပြီး အင်မတန်ထူးချွန်တဲ့ မင်းသား ဗီနေးရာ့ဂျ်ကူးမားရဲ့ ရုပ်ရှင်ကားအသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။မြူးဇစ်ဒါရိုက်တာဖြစ်ချင်တဲ့ ဂီတကိုမြတ်နိုးတဲ့ကောင်လေးတစ်ယောက်။ သူ့ရင်ခုန်သံနဲ့တစ်ထပ်တည်းကျမဲ့ လက်တွဲဖော်ကိုပဲ မျှော်လင့်နေတဲ့သူ။ သူချစ်တွေ ကိုယ်ချစ်တွေဆိုတာထက် ဘ၀ကိုအကောင်းဆုံးရှင်သန်ပြီး သံစဉ်တွေနောက်ကိုလိုက်ရင်း ရင်ခုန်သံနဲ့ တစ်သားတည်းကျမဲ့ချစ်သူကို ရှာဖွေနေခဲ့ပါတယ်။တစ်ရက်မှာတော့ စတူဒီယိုက ဆရာဖြစ်သူနဲ့ဖုန်းပြောနေရင်း ဆရာ့ဘက်က သီချင်းဆိုနေတဲ့ အသံချိုလွင်လွင်လေးကို ကြားလိုက်တဲ့အခါမှာ သူ့ရင်ခုန်သံနဲ့ တစ်သားတည်းကျနေတာကို သိလိုက်ရတဲ့နောက်။ အသံပိုင်ရှင်ကို လိုက်ရှာရင်း ဘာတွေဆက်ဖြစ်မလဲဆိုတာ ရိုးရှင်းတဲ့ ဒီအချစ်ဇာတ်လမ်းလေးထဲမှာ ခံစားကြည့်ရှုကြပါစို့လားဗျာ။ movie request❓ https://t.me/ktmovierequest1290
337
8
Ghar Banduk Biryani (2023) IMDb......6.8 (Comedy Drama Thriller) ဇာတ်ဝင်ခန်း ၈၀% လောက်ကို တောထဲမှာအခြေတည်ထားတဲ့ မာရသီစကားပြော အက်ရှင်ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ရပါတယ်မိဘမဲ့ စားဖိုမှူးလေး ရာဂျူးက မိန်းမရဖို့ရာ အိမ်တစ်လုံးမဖြစ်မနေ အရင်ဝယ်ဖို့ မိန်းကလေးဘက်က တောင်းဆိုတာကြောင့် စဥ်းစားရကျပ်နေချိန်မှာ ဓားပြဗိုလ်ဆီရောက်သွားပြီး ဓားပြဗိုလ်က ဆုံးသွားတဲ့ ဇနီးသည်ရဲ့ ဒန်ပေါက်လက်ရာကိုလွမ်းတာကြောင့် ဒန်ပေါက်ချက်ရမယ့် အလုပ်ပေးလာတယ်တစ်ဖက်မှာ ရဲအရာရှိပါတီးလ်ကတော့ ရိုးရာပွဲတစ်ခုမှာ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်တဲ့ ကျောင်းသားတစ်စုကို ဆော်ပလော်တီးရာကနေ လွှတ်တော်အမတ်ရဲ့သားကို လုပ်မိလို့ ဓားပြတွေရှိရာ နယ်ဘက်ကို တာဝန်ပြောင်းခံလိုက်ရတဲ့အခါမှာ ဘယ်လိုတွေဆက်ဖြစ်မှာလဲ အလွမ်းအဆွေး၊ အက်ရှင်ဇာတ်ကြမ်း၊ ဟာသ၊ သီချင်းတို့နဲ့ မြိုင်မြိုင်ဆိုင်ဆိုင်တင်ဆက်ထားတဲ့ ဒီရုပ်ရှင်လေးကို အားပေးကြပါဦး movie request❓ https://t.me/ktmovierequest1290
260
9
Moonfall (2022) IMDb......5.3 (Action, Adventure, Sci-Fi) ကမ္ဘာကြီးကို ဟစ်တလာက တစ်ခါပဲ ဖျက်ဆီးခဲ့ပေမဲ့ ဟစ်တလာထက်ဆိုးပြီး ကမ္ဘာကို ခဏခဏဖျက်နေတဲ့ ဂျာမန်သားတစ်ယောက်ရှိပါတယ်။ သူကတော့ Roland Emmerich ပါ။ အမ်းမရစ်ဟာ Independence Day၊ The Day After Tomorrow နဲ့ 2012 တို့လို ကမ္ဘာပျက်ကားတွေချည်း အဓိကရိုက်ခဲ့တဲ့ ‌ဒါရိုက်တာလို့ ဆိုရပါမယ်။ အခုလည်း လက ကမ္ဘာကို ၀င်တိုက်ပြီး ကမ္ဘာပျက်တဲ့ကားပါပဲ။လနဲ့ပတ်သက်တဲ့ သီအိုရီငစားတွေ အများကြီးကြားဖူးမှာပေါ့။ ဒီရုပ်ရှင်ကတော့ ကြားဖူးသူရှားလောက်မယ့် သီအိုရီတစ်ခု သုံးထားပါတယ်။ ဒီရုပ်ရှင်ထဲမှာ လဟာ လူကဖန်တီးထားတဲ့ မဟာယန္တရားကြီးပါပဲ။ ဇာတ်လမ်းက ဒီသီအိုရီကို ယုံကြည်တဲ့ ကောင်လေးတစ်ယောက်က လကြီးပတ်လမ်းချော်နေတာကို သတိထားမိရာက စပါတယ်။ သူဘာလို့ယုံတာလဲဆိုတော့ အပိုလို၁၁ကနေ လောင်စာကန်အလွတ်ကို လကြမ်းပေါ်ပစ်ချလိုက်တော့ တစ်နာရီလောက် ခေါင်းလောင်းလို မြည်နေခဲ့တာမို့ လက အထဲမှာ ‌ဗလာသက်သက်ကြီးလို့ ဆိုပါတယ်။ နောက် လက သူ့ဂြိုလ်ပတ်လမ်းကနေ ချော်နေတာကို နာဆာကို သတိပေးဖို့လုပ်ပေမဲ့ နာဆာက နားမထောင်ခဲ့ပါဘူး။ ဒီလိုနဲ့ လကြီး ကမ္ဘာပေါ် ပြိုကျဖို့ မှန်းခြေ၃ပတ်ပဲလိုတော့တဲ့ အချိန်ကိုရောက်လာပါတယ်။ ဇာတ်လမ်းက ဒီလောက်တင်ပဲမဟုတ်ပါဘူး။ လကြွေကျတာအပြင် အများကြီးပိုရှုပ်ထွေးတဲ့ အ‌ကြောင်းအရာအလန်းတွေပါပါသေးတယ်။ မြင်သာအောင်ပြောရရင် ကောင်းခြင်းမကောင်းခြင်းကို ဖယ်ပြီး ဇာတ်လမ်းအကျယ်ကိုပဲ ပြောရရင် Don’t look up သုံးဆလောက်ကျယ်ပါတယ်။ အက်ရှင်ခန်းတွေလည်းပါတာမို့ ကြည့်ကောင်းတဲ့ရုပ်ရှင်လို့ ဆိုလို့ရပါလိမ့်မယ်။Conjuring ကားတွေရဲ့မင်းသား Patrick Wilson, နာမည်ကျော်မင်းသမီးဖြစ်တဲ့ Halle Berry, GoT က Samwell Tarly အဖြစ်သရုပ်‌ဆောင်ခဲ့တဲ့ John Bradley တို့က အဓိကသရုပ်ဆောင်ထားပြီး တရုတ်မလှလှလေး Kelly Yu လည်းပါ၀င်ထားပါတယ်။ သိပ္ပံသီအိုရီတစ်ချို့နဲ့ သိပ္ပံယုံတမ်းစကားတစ်ချို့ကို သိရမယ့်အပြင် စိတ်နယ်လွန်အကြောင်းအရာ အဆန်းကြီးတွေပါ အများကြီးပါဦးမှာမို့ ကြည့်သင့်တဲ့ ရုပ်ရှင်ပေါ့ဗျာ… movie request❓ https://t.me/ktmovierequest1290
250
10
My Missing Valentine (2020) IMDb........7.4 (Comedy, Drama, Mystery) ကောင်မလေးကတော့ တကယ်ဒိတ်ပျောက်သွားခဲ့ပါတယ်အရာရာကို မြန်မြန်ဆန်ဆန်လုပ်တတ်တဲ့ကောင်မလေးတစ်ယောက် ခရာမတွတ်ခင် ပြေးတတ်တဲ့ သူများတွေထက် ရှေ့ကိုတစ်လှမ်းကြိုပြင်ဆင်တတ်သူလေးတစ်ယောက်ရှိသတဲ့။ကမ္ဘာလောကကြီးနဲ့အဆက်သွယ်ပြတ်နေတဲ့သူတစ်ယောက် အသက်ကလဲ ၃၀ နားကပ်နေပြီး အချစ်ရေးနဲ့ပါတ်သက်လို့ မူးလို့တောင်မရှုဖူးတဲ့သူမအနားကို ခပ်ချောချောကောင်လေးတစ်ယောက်က ရောက်လာခဲ့ပါတယ်။အဲ့ကောင်လေးနဲ့ ချစ်သူများနေ့မှာ အတူဖြတ်သန်းဖို့ စိတ်ကူးယဉ် အပျော်တွေလွန်ပြီး အိပ်သွားခဲ့ပေမဲ့ နောက်တစ်နေ့ သူအိပ်ရာနိုးလာချိန်မှာတော့ သူ့ရဲ့ချစ်သူများနေ့ဟာ သူ့မှတ်ဉာဏ်ထဲကနေ ထူးဆန်းအံ့သြဖွယ်ရာ ပျောက်ဆုံးနေခဲ့တာသိလိုက်ရပါတယ်။သူ့ရဲ့ဘဝမှာ အပြောင်းလဲကြီးတစ်ခုလို့ဆိုရလောက်တဲ့နေ့တစ်နေ့ဟာ ဘာလို့ပျောက်ဆုံးသွားရတာလဲ အဖြေရှာပါတော့တယ်။ဘာ​ကြောင့် နေ့ရက်တစ်ရက် ပျောက်ဆုံးသွားရတာလဲ ပျောက်ဆုံးသွားတဲ့နေ့ရက်ကို ဘယ်လိုပြန်ရှာမလဲ“ကိုယ့်ကိုယ်ချစ်ပါ တစ်နေရာမှာတော့ သင့်ကိုချစ်တဲ့သူတစ်ယောက်ရှိနေပါတယ်” movie request❓ https://t.me/ktmovierequest1290
205
11
Rob-B-Hood (2006) IMDb.......6.6 (Action, Adventure, Asian, Comedy, Jackie Chan) ထောန် နဲ့ ရေဘဝဲတို့သူငယ်ချင်းနှစ်ယောက်က သူခိုးတွေဖြစ်ပြီး သူတို့ဆရာ Landlord နဲ့အတူတူ ဖောက်ထွင်းမှုတွေ လုပ်ကြတာ ဖြစ်ပါတယ် ထောန်က လောင်းကစားဝါသနာပါပြီး ရေဘဝဲကတော့ သူ့ဇနီးကွယ်ရာမှာ ချမ်းသာတဲ့ မိန်းမတွေနဲ့ ဖောက်ပြန်တတ်သူ ဖြစ်ပါတယ် တစ်နေ့ သော့ဝိဇ္ဇာ Landlord ကိုယ်တိုင် အိမ်မှာစုဆောင်းထားသမျှ ပိုက်ဆံတွေ အခိုးခံလိုက်ရတဲ့ နောက်မှာတော့ ဒေါ်လာ ၇ သန်းတန် မစ်ရှင်တစ်ခုကို လုပ်ဖို့ ထောန်နဲ့ ရေဘဝဲကို စည်းရုံးရပါတော့တယ်အဲဒီမစ်ရှင်က မာဖီးယားခေါင်းဆောင်တစ်ယောက်ရဲ့ မြေးဖြစ်သူ ယူဆရတဲ့ “မွေးကင်းစကလေး” တစ်ယောက်ကို ပြန်ပေးဆွဲပြီး မာဖီးယားခေါင်းဆောင်ဆီ သွေးစစ်ဖို့ ပို့ဆောင်ပေးရမှာပါ ဒီကနေ ထောန်နဲ့ ရေဘဝဲတို့က ကလေးကို ပြုစုစောင့်ရှောက်ရင်း မေတ္တာသက်ဝင်သွားတဲ့အခါမှာ ကလေးလေးကို ဘယ်လိုအဆုံးထိ နှစ်ယောက်သား ကာကွယ်သွားကြမလဲဆိုတာကိုတော့ …အရွှန်းလည်း ဖောက် ဒရာမာလည်းပါပြီး အက်ရှင်ကားစစ်စစ်မဟုတ်တဲ့ ဟာသ ဒရာမာ အက်ရှင်ကားလေးထဲမှာ ရသစုံ ခံစားလိုက်ကြပါဦး movie request❓ https://t.me/ktmovierequest1290
222
12
The Ghost Writer(2010) IMDb......7.2 (Crime Drama Mystery) နာမည်ကျော်ပုဂ္ဂိုလ်တွေရဲ့ ကိုယ်တွေ့မှတ်တမ်းတွေကို ရှဲဒိုးရေးပေးတဲ့ နာမည်ကျော်ရှဲဒိုးစာရေးဆရာ ဂို့စ်ဟာဗြိတိန်ဝန်ကြီးချုပ်ဟောင်း အဒမ်လန်းရဲ့ ကိုယ်တွေ့မှတ်တမ်းကို ရေးပေးဖို့ ငွေကြေးတနင့်တပိုးနဲ့ ကမ်းလှမ်းလာပါတယ်။နိုင်ငံရေးအကြောင်းကို သေချာမသိပေမယ့်လည်း ရမယ့်ငွေပမာဏကမနည်းတာကြောင့် ဗြိတိန်သား ဂို့စ်တစ်ယောက် အမေရိကန်အထိ လိုက်ပြီး ရှဲဒိုးရေးပေးဖို့ပြင်ဆင်ရပါတော့တယ်။သူ့ကိုငှါးဖြစ်သွားတာက သူ့အရင်ရေးပေးနေတဲမိုက်ခ်ဆိုသူဟာ ရေနစ်သေဆုံးသွားလို့ပါပဲ။သူ အလုပ်စတော့မယ့်အချိန်မှ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဒမ်လန်းဟာ စီအိုင်အေနဲ့ပူးပေါင်းပြီးပြည်သူအချို့ကို အကြမ်းဖက်သမားဟုဆိုကာ ညှင်းပန်းနှိပ်စက်ခဲ့တဲ့ ကောလဟာလတွေ ထွက်လာပါတယ်။ဒီကောလဟာလတွေကြား ဂို့စ်တစ်ယောက် ရှေ့တိုးရမလို နောက်ဆုတ်ရမလိုဖြစ်ရင်းဘယ်လိုအရှုပ်တော်ပုံတွေထဲ ပဲလှော်ကြား ဆားညပ်မလဲဆိုတာကတော့… movie request❓ https://t.me/ktmovierequest1290
344
13
Dedh Bigha Zameen (2024) IMDb.......7 (Drama Family) အသက် 28 နှစ်အရွယ် ဂျုံရောင်းဝယ်ရေးသမား အန်နီးလ်ဟာ သူရဲ့ အမေ ညီမနဲ့ အမျိုးသမီးဖြစ်သူတိုနဲ့ အတူတူနေပါတယ်။ တစ်ရက်မှာတော့ သူ့ညီမလေး နေဟာ‌တစ်ယောက် မိသားစုအသိုင်းအဝိုင်းကောင်းက အစိုးရဝန်ထမ်းအလောင်းအလျာလေး အာဂျေးဆိုတဲ့ ကောင်လေးနဲ့ လက်ထပ်ဖို ဖြစ်လာတဲ့အခါမှာတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ ဖခင်ရဲ့ ပိုင်ဆိုင်မှုလယ်ယာမြေကို ရောင်းချပြီး ညီမဖြစ်သူမင်္ဂလာပွဲမှာ သုံးဖို စီစဉ်ခဲ့ရပါတော့တယ် ဒါပေမဲ့လည်း ဒီ‌မြေကို အာဏာပိုင်အရာရှိတစ်ယောက်က လုယူဖို ကြိုးစားတဲ့အချိန်မှာတော့ အန်နီးလ်တစ်ယောက် တရားမျှတမှုအတွက် ရင်ဆိုင်တိုက်ခိုက်ရင်း ခြိမ်းခြောက်မှုတွေသာမက သစ္စာဖောက်မှုတွေပါ ရင်ဆိုင်လာရတဲ့အခါ….. ဘာဆက်ဖြစ်မလဲဆိုတာ‌ကိုတော့ ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုအားပေးကြပါဦးရှင် movie request❓ https://t.me/ktmovierequest1290
309
14
Unaad (2023) IMDb......7 (Musical) တံငါရွာလေးတစ်ရွာမှာ အခြေတည်ထားပြီး ဘန်ယာ၊ ဆူဘမ်၊ ဂျမ်မီးလ်ဆိုတဲ့ ဆယ်ကျော်သက်အရွယ် သူငယ်ချင်းသုံးယောက်နဲ့အတူ ပူပင်ကြောင့်ကြမဲ့ လူငယ်ဘဝကို လိုက်ပါခံစားရမှာပါလှပတဲ့ ရှုခင်းတွေကြား သူငယ်ချင်းသုံးယောက်သား အလုပ်မရှိ ကစားခုန်စား အချိန်ကုန်ရင်း အရွယ်ရောက်ခြင်းနဲ့အတူ ကပ်ပါလာတဲ့ တာဝန်ဝတ္တရားတို့ကို ငြင်းဆန်တတ်တဲ့ ဆယ်ကျော်သက်လူငယ်ဘဝ … ရင်ခုန်သံတို့ အစပျိုးတဲ့အရွယ်မှာ စတင်ခံစားမိတဲ့ အချစ်နှင့် အချစ်နောက်ကို လိုက်ခြင်း၊ သူငယ်ချင်း အချင်းချင်း အခန့်မသင့်လို့ သဘောထားကွဲလွဲကြပုံတွေနဲ့အတူ … ရင့်ကျက်တည်ငြိမ်ခြင်းဆိုတဲ့ ကာလမတိုင်ခင် ဆယ်ကျော်သက်ပြဿနာတို့ကို ဘယ်သို့ဘယ်ပုံ ကျော်ဖြတ်ကြမှာလဲဆိုတာကတော့ … movie request❓ https://t.me/ktmovierequest1290
304
15
Only You (2018) IMDb.......6.7 (Drama Romance) နယူးရီးယား ညတစ်ညမှာ သူငယ်ချင်းအိမ်မှာ သောက်စားပြီးပြန်လာတဲ့ အယ်လီနာဆိုတဲ့ ကောင်မလေး အငှားကားလု တားရာကနေ ဂျိတ်ခ်ဆိုတဲ့ သူ့ထက်အများကြီး ငယ်တဲ့ကောင်လေးနဲ့ စပြီး ဆုံဖြစ်ခဲ့ကြပါတယ်။ကားအတူစီးပြီးတဲ့နောက် လမ်းမခွဲဖြစ်ဘဲ ဇာတ်လမ်းလေးတစ်ခုကိုစမိခဲ့တဲ့ အချစ်ဇာတ်လမ်း ရိုမန့်စ် ဒရာမာ ကားကောင်းလေးပါ။ဒီဇာတ်ကားမှာ စုံတွဲတွေ ချစ်ခင်စုံမက် အတူနေကြပြီးနောက်ကိုယ်ဝန်ဆောင်ဖို့ အခက်အခဲတွေနဲ့ တွေ့ဆုံတဲ့အခါမှာတွေ့ကြုံရတဲ့ ပြောင်းလဲမှုတွေ၊ လက်တွဲဖော်ရဲ့ အားပေးမှုကဘယ်လောက်အရေးပါသလဲဆိုတာကို မီးမောင်းထိုးပြထားနိုင်ပါတယ်။RS သမားတွေ ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားလေး တစ်ကားပါ။မရှိတဲ့သူတွေကတော့ ကြိုကြည့်ထားတာပေါ့နော်။Infertility နဲ့ ပတ်သတ်ပြီး အမျိုးသမီးငယ်တွေ ခံစားရတဲ့အပိုင်းတွေနဲ့ မိဘတွေဆီက တစ်ဆင့်ရခဲ့တဲ့ စိတ်ဒဏ်ရာတွေဒါတွေကို ဘယ်လိုမျိုး ကျော်ဖြတ်နိုင်မလဲဆိုတဲ့ အတွေးစလေးတွေထည့်ပေးနိုင်တဲ့ ဇာတ်ကားကောင်းလေး တစ်ကားမို့ ကြည့်ရှုခံစားကြည့်ကြပါဦးလို့…။ movie request❓ https://t.me/ktmovierequest1290
264
16
Infini (2015) IMDb......5.5 (Horror Sci-Fi Thriller) အာကာသစခန်းတစ်ခုပေါ်မှာ ဇီဝကူးစက်မှု အဓိကရုဏ်းဖြစ်ပွါးတဲ့အချိန် ဝှစ်ကာမိုင်ကယ်တစ်ဦးတည်းသာအသက်ရှင်ကျန်ခဲ့ပြီး ကမ္ဘာချီဝေးတဲ့ ဂြိုဟ်တစ်လုံးပေါ်က “အင်ဖနီ”ဆိုတဲ့ အာကာသမိုင်းတွင်းစခန်းကို ရောက်သွားခဲ့တယ်။ ဒီလိုနဲ့ သူ့ကို ကယ်တင်ဖို့ လက်ရွေးစင် ကယ်ဆယ်ရေးတပ်ဖွဲ့ကိုဖွဲ့စည်းစေလွှတ်လိုက်တဲ့အချိန်မှာ ဘယ်လို အခက်အခဲတွေ၊ဘယ်လိုလျှို့ဝှက်ချက်ကို ကြုံတွေ့ကြရမလဲ၊ ဘယ်သူတွေကရှင်သန်ကျန်ခဲ့မလဲဆိုတာကို စောင့်မျှော်ကြည့်ရှုရမဲ့ Sci-Fi/Horrorကားတစ်ကားပဲ ဖြစ်ပါတယ်။ movie request❓ https://t.me/ktmovierequest1290
242
17
Morgan (2016) IMDb......5.8 (Action Horror Sci-Fi) မော်ဂန်ဆိုတဲ့ကလေးမလေးဟာ လူသားမိဘများက မွေးဖွားလာတာမဟုတ်ဘဲ သိပ္ပံပညာရှင်တွေဖန်တီးထားတဲ့မျိုးစပ်သက်ရှိလူသားအတုပဲဖြစ်ပါတယ်..သူဟာသိပ္ပံပညာ​ရှင်တွေရဲ့သုံးကြိမ်မြောက်ဖန်တီးမှုဖြစ်ပြီး ရှေ့နှစ်ခေါက်ကအမှားတွေကို သင်ခန်းစာယူပြီးဖန်တီးထားတာဖြစ်တဲ့အတွက် ဉာဏ်​ရည်ဉာဏ်သွေးကောကြီးထွားမှုနှုန်းကောကသာမန်လူတွေထက်ကို သိသိသာသာကောင်းမွန်တဲ့သူတစ်ယောက်ပေါ့..တစ်နေ့မှာ​တော့​မော်ဂန်လေးဟာစိတ်ခံစားချက်ကိုမထိန်းချုပ်နိုင်ဘဲ သူ့ကိုဖန်းတီးခဲ့တဲ့သူတွေထဲကတစ်ယောက်ကိုတိုက်ခိုက်လိုက်မိပါတယ်ဒါကြောင့်သူ့ကိုစစ်ဆေးဖို့ရုံးချုပ်ကလူနှစ်ယောက်ကိုလွှတ်လိုက်ပါတော့တယ် မော်ဂန်လေးဆက်ပြီးအသက်ရှင်မလားအဆုံးသတ်ခံရမှာလားဆိုတာက အဲဒီလူနှစ်ယောက်ရဲ့အစီအရင်ခံစာအပေါ်မူတည်နေပါတယ် ဆိုတော့​ အသက်5နှစ်အရွယ်ကလေးတစ်ယောက်ရဲ့ စိတ်ခံစားချက်ရှိပြီး တစ်ချိန်တည်းမှာပဲအဲဒီအသက်နဲ့မလိုက်တဲ့ ဉာဏ်ရည်နဲ့ကိုယ်ခန္ဓာကိုပိုင်ဆိုင်ထားတဲ့မော်ဂန်တစ်ယောက် ဘယ်လိုတွေအစစ်ခံရမလဲ….အသက်ရှင်ခွင့်ရမလား​ အဆုံးသတ်ခံရမလားဆိုတာကိုတော့ဆက်ပြီးတော့ကြည့်လိုက်ရအောင်ဗျာ……… movie request❓ https://t.me/ktmovierequest1290
232
18
Phalana Abbayi Phalana Ammayi (2023) IMDb......5 (Drama Romance) ဆန်ဂျေးနဲ့ အာနူပါမာတိုနှစ်ယောက် ကောလိပ်မှာ ဆုံတွေ့ရာကနေ တဖြည်းဖြည်း ရင်းနှီးသွားပြီး အချစ်တွေနဲ့အတူ ခိုင်မာတဲ့ ဆက်ဆံရေးတစ်ခုကို အတူတူ တည်ဆောက်လိုက်ကြပါတော့တယ်။သူတိုနှစ်ယောက်ဟာ ကောလိပ်အပြီးမှာတော့ တူတူနေထိုင်ခဲ့ကြပေမဲ့ နောက်ပိုင်းမှာတော့ အဆင်မပြေ ဖြစ်လာရာကနေ လမ်းခွဲလိုက်ရပါတယ်။ ဆယ်နှစ်ကြာပြီးတဲ့နောက်မှာတော့ ဆန်ဂျေးတစ်ယောက် သူဖွင့်ထားတဲ့ စားသောက်ဆိုင်မှာ အာနူပါမာနဲ့ ပြန်တွေ့ဆုံရင်း သူတိုနှစ်ယောက်ကြား ဘာတွေ ဆက်ဖြစ်ကြဦးမလဲဆိုတာ‌ကိုတော့ ဒီဇာတ်ကားလေးထဲမှာ စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးလို တိုက်တွန်းပါရစေရှင် movie request❓ \
302
19
Cagefighter: Worlds Collide(2020) IMDb......6.0 (Action Sport) မေဝယ်သာနဲ့ ကော်နာမက်ဂရေဂေါ်တို့ ထိုးသတ်တဲ့ပွဲဆိုရင် တော်တော်များများသိကြပါလိမ့်မယ် မေဝယ်သာဟာ Boxing သမားပါ…Boxing ကရှင်းတယ်…ခါးပတ်အပေါ်ပိုင်းကိုပဲ တိုက်ခိုက်လို့ရမယ်..လက်သီးနဲ့ပဲထိုးလို့ရမယ်…ဒူးတွေ တံတောင်တွေ ခေါင်းတွေ ခြေထောက်တွေ ဘာမှပါမရဘူး… ကော်နာကျတော့ MMA သမား…MMA က အကုန်ရောထားတာ...ခေါင်းနဲ့တိုက်တာတွေ မှောက်နေတုန်းမကန်ရတာတွေဘာတွေကလွဲရင် ကွန်ဖူးတတ်ရင် ကွန်ဖူးနဲ့ချ...သိုင်းပြောင်းပြန်တတ်ရင် သိုင်းပြောင်းပြန်နဲ့ချ…အကုန်ချလို့ရတယ် အဲ့မှာမှ အဲ့လိုစည်းမျဉ်းစည်းကမ်းမတူတဲ့နယ်ပယ်နှစ်ခုက ဖိုက်တာနှစ်ယောက်ကို ပြိုင်ပွဲလုပ်ပေးလိုက်တော့ ပရိသတ်တွေရူးပြီလေ. ..ဒါမျိုးပွဲအကုန်ကြည့်ချင်ကြတာပေါ့ ဒီကားမှာလည်း ထူးမခြားနားပဲ MMA နဲ့ AEW(WWE လိုမျိုး) ကို စင်ပေါ်မှာပေးတွေ့လိုက်တယ်… The Rock တို့ John Cena တို့ဆိုရင် သိကြမှာပါ…သူတို့က WWE သမားတွေ...မြန်မာကလူတချို့ရော ကမ္ဘာကလူတချို့ကပါ လုပ်ပွဲတွေ၊သရုပ်ဆောင်တာတွေလို့ ဝေဖန်နေကြတဲ့နယ်ပယ်တစ်ခုကပေါ့ MMA ကတော့ အတည်ချတယ် ဆော်တယ် ချိုးတယ် ကွဲတယ်လို့ အများလက်ခံထားကြတဲ့နယ်ပယ်… အောင်လအန်ဆိုင်းတို့ ONE Championship မှာ ချသလိုမျိုးပေါ့ အဲ့လိုမတူကွဲပြားတဲ့နယ်ပယ်နှစ်ခုက ဖိုက်တာကြီးတွေကိုပေးတွေ့လိုက်တော့ပွဲမစခင်ကတည်းက အင်တာနက်ပေါ်မှာ ဖန်အချင်းချင်းကျိတ်နေပြီဆိုတာမျိုးတွေဖြစ်ကုန်တာပေါ့…ဇာတ်လမ်း ရှယ်ဗျင်း ..ရှယ်ကြမ်း….သရုပ်ဆောင်တွေကလည်း John Moxley တို့ Christian Cage တို့လိုမျိုးတကယ့် MMA, WWE ကစားသမားတွေ ဝင်ရောက်သရုပ်ဆောင်ထားကြတာဆိုတော့လုံးဝမိုက်တဲ့ကားတစ်ကားဖြစ်ပါတယ်… movie request❓ https://t.me/ktmovierequest1290
260
20
21 (2008) IMDb......6.8 (Crime Drama Thriller) Ben Mezrich ရဲ့ Bringing The House ဆိုတဲ့ဖြစ်ရပ်မှန်ဇာတ်ကားကိုမှီးထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ် ကြည့်ဖူးတဲ့သူတွေကတော့ ဒီကားထဲကဖဲစဉ်မှတ်တာတွေကို ကြည့်ပြိီးလိုက်လုပ်ချင်ကြမှာသေချာပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ဘန်ကမ်းဘဲလ်ဆိုတဲ့ထူးချွန်တဲ့ကောင်လေးတစ်ယောက် ဆေးကျောင်းတက်ဖို့ပိုက်ဆံမရှိတဲ့အတွက်် ပါမောက္ခ မစ်ကီရိုုဆာထောင်ထားတဲ့ ဖဲစဉ်မှတ်ပြီးဖဲကစားတဲ့အဖွဲ့ကိုဝင်လိုက်တာကနေ ဇာတ်လမ်းစပါတယ် အဲ့ဒီနောက် လပ်ဗီးဂတ်စ်မှာသူတို့အဖွဲ့ဘယ်လိုတွေ ဖဲစဉ်မှတ်ပြီးအနိုင်ကစားခဲ့ကြလဲဆိုတာကိုတော့… movie request❓ https://t.me/ktmovierequest1290
267