ㅤW⍺𝗏ı𝗊𝗎𝖾 Аɾ𝖾⍺ ᥬᩤ
Открыть в Telegram
𝖲𝗍𝖺𝗋ׅ𝗍 – ʚ 𝟣𝟥 · 𝟤 · 𝟤О𝟤4 ɞ К𝗇𝗈ԝⅼ𝖾𝖽ɡ𝖾, 𝖲𝗈𝗇ɡ, Ƭ𝗁𝖾ⅿ𝖾 𝖢𝗁 𓈑 ִ 𝖣𝗈𝗇'ߙ ⅼ𝖾⍺𝗏𝖾 𝖭𝖾𝖾𝖽 𝟣𝗄 𝖻⍺𝖻ı𝖾ꜱ╰╮ 𝖬ɥ 𝖱ᥱ۪ᥲꪳꪲꪳძᥱ۪rs ^᪲᪲᪲
Больше604
Подписчики
-124 часа
-47 дней
-1330 день
Архив постов
ᜊ ပိန္နဲသီးစားခြင်းဖြင့် ရရှိနိုင်တဲ့အကျိုးကျေးဇူးတွေကဘာတွေလဲဆိုတာမင်မင်နဲ့အတူ ကြည့်လိုက်ရအောင်။𓄸. ကိုလက်စထရော (Cholesterol) ပမာဏကို ထိန်းညှိပေးခြင်း𓄸. ᜊ ပိန္နဲသီးကို စားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်အတွက် ကောင်းကျိုးကို ဖြစ်ပွားစေတဲ့ ကိုလက်စထရော (Cholesterol) ပမာဏကို မြှင့်တင်ပေးမှာဖြစ်ပြီး ဆိုးကျိုးကို ဖြစ်ပွားစေတဲ့ ကိုလက်စထရော (Cholesterol) ပမာဏကို လျော့ချပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပိန္နဲသီးကို စားသုံးပေးခြင်းဖြင့် နှလုံးရောဂါ၊ လေဖြတ်ဝေဒနာ ဖြစ်ပွားမှုတွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ 𓄸. သွေးပေါင်ချိန်ကို ထိန်းညှိပေးခြင်း𓄸. ᜊ ပိန္နဲသီးမှာ ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် သွေးပေါင်ချိန် မြင့်တက်မှုကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်တွင်း ပိုတက်ဆီယမ်ဓာတ် လွန်ကဲခဲ့မယ် ဆိုရင်လည်း ကျောက်ကပ်နဲ့ သက်ဆိုင်တဲ့ ဝေဒနာတွေကို ခံစားရနိုင်တာကြောင့် အလွန်အကျွံ စားသုံးခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါတယ်။ 𓄸. ကင်ဆာရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးခြင်း𓄸. ᜊ ပိန္နဲသီးမှာ Phytochemical ဒြပ်ပေါင်းတွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ်တွင်းဆဲလ်များ ပျက်ဆီးမှုကို ကာကွယ်ပေးနိုင်မှာ ဖြစ်တဲ့အပြင် ကင်ဆာရောဂါ ဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ 𓄸. သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း𓄸. ᜊ လေ့လာတွေ့ရှိချက်တွေအရ ပိန္နဲသီးကို နေ့စဉ်ပုံမှန် စားသုံးခြင်းဖြင့် သွေးတွင်း သကြားဓာတ် မြင့်တက်မှုကို လျော့ချပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ 𓄸. အနာအကျက်မြန်စေခြင်း𓄸. ᜊ ပိန္နဲသီးမှာ Vitamin C ကြွယ်ဝစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားကို မြှင့်တင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပိန္နဲသီးကို နေ့စဉ်ပုံမှန် စားသုံးပေးခြင်းဖြင့် အသားအရေကို လှပစေခြင်း၊ အရိုးများကို ကြံ့ခိုင်သန်စွမ်းစေခြင်း၊ အနာအကျက်မြန်စေခြင်းစတဲ့ ကောင်းကျိုးတွေကို လက်ခံရရှိစေမှာ ဖြစ်ပါတယ်။ 𓄸. အစာချေစနစ်ကို ကောင်းမွန်စေခြင်း𓄸. ᜊ ပိန္နဲသီးမှာ အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ်အတွက် ဆိုးကျိုးကို ဖြစ်ပွားစေတဲ့ ကိုလက်စထရော (Cholesterol) ပမာဏကို လျော့ချပေးနိုင်မှာ ဖြစ်တဲ့အပြင် အစာချေစနစ်ကိုလည်း ကောင်းမွန်စွာ လည်ပတ်စေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပိန္နဲသီးကို နေ့စဉ်ပုံမှန် စားသုံးပေးခြင်းဖြင့် နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ အူမကြီးကင်ဆာစတဲ့ ဝေဒနာတွေ ဖြစ်ပွားမှုကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ── ⋅ ⋅ ──────⠀♡⠀ ───── ⋅ ⋅ ── ♡ ⊰#𝐙αꭑ𝖾_𝐃α𝗋αᥣ𝗂ⱺn ♡ ⊰#𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞_𝐀𝐝𝐦𝐢𝐧 ♡ ⊰#𝐄𝐧𝐳𝐚𝐥𝐢 ♡ ⊰#𝖵ᥱgᥱ𝗍ᥲᑲᥣᥱs_ᥲᥒძ_Frᥙі𝗍
. ပိန္နဲသီးမှာ Vitamin C ကြွယ်ဝစွာ ပါဝင်တဲ့အပြင် အခြားသော အာဟာရဓာတ်ပေါင်းများစွာ ပါဝင်တာကြောင့် နေ့စဉ်ပုံမှန် စားသုံးပေးခြင်းဖြင့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးပေါင်း များစွာကို ရရှိစေမှာ ဖြစ်ပါတယ်။
ဒါကြောင့် ပိန္နဲသီးကို စားသုံးခြင်းဖြင့် ရရှိနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို မင်မင်ဒီနေ့ဖော်ပြပါမယ်။ ရီအက်လေးပေးခဲ့ကြ။
── ⋅ ⋅ ─── ─── ⠀♡⠀ ───੭
-:- .ဖတ်ရန်နိုပ်ပါ. -:-
𓄸. #𝐙αꭑ𝖾_𝐃α𝗋αᥣ𝗂ⱺn
𓄸. #𝐄𝐧𝐳𝐚𝐥𝐢
𓄸. #𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞_𝐀𝐝𝐦𝐢𝐧
. ဆီးသီးစားခြင်းရဲ့ကောင်ကျိုးများ
─ִ──⭑─ִ──ִ── ꒰𑁬࣪ ࣭. ୨୧ . ࣪໒꒱ ⭑─ִ──ִ── ⭑─ִ─
𓊔 ་୨୧အိပ်ပျော်ဖို့အထောက်အကူဖြစ်တယ်။ ໒꒱
𓊔 ་୨୧ဝမ်းချုပ်ခြင်းကိုသက်သာစေတယ်။ ໒꒱
𓊔 ་୨୧ စိုးရိမ်ပူပင်ခြင်းကိုသက်သာစေတယ်။ ໒꒱
𓊔 ་୨୧ဗီတာမင်ကြွယ်ဝစေတယ်။ ໒꒱
𓊔 ་୨୧သွေးဖိအားထိန်းပေးနိုင်တယ်။ ໒꒱
𓊔 ་୨୧သွေးလည်ပတ်မှုကောင်းစေတယ်။ ໒꒱
𓊔 ་୨୧အရိုးသန်မာဖို့အထောက်အကူပေးဖြစ်တယ်။ ໒꒱
𝅭 ㅤ𝅭ㅤ⎯⎯ㅤㅤ𔘓ㅤ ⎯⎯ ㅤ𝅭ㅤ 𝅭
ᴸᵉᵗᵗᵉʳ ʷʳⁱᵗⁱⁿᵍ ᵇʸ ᵉᶻⁱᵒ
အက်မင်လိုရင်လာခေါ်နိုင် @Daralion_V
𔘓 #𝐙αꭑ𝖾_𝐃α𝗋αᥣ𝗂ⱺn
𔘓 #𝐄𝐧𝐳𝐚𝐥𝐢
𔘓 #𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞_𝐀𝐝𝐦𝐢𝐧
𔘓 #𝖵ᥱgᥱ𝗍ᥲᑲᥣᥱs_ᥲᥒძ_Frᥙі𝗍࣪ ˖ ࣪ 𝅄 ꒷ ִ • ˖ ָ࣪ ִֶָ ࣪ 𝅄 ꒷ • ִ ࣪ ˖
🍓စတော်ဘယ်ရီသီး နဲ့ အလှအပရေးရာ🐇🪽
࣪ ˖ ࣪ 𝅄 ꒷ ִ • ˖ ָ࣪ ִֶָ ࣪ 𝅄 ꒷ • ִ ࣪
❛𑁍'ဝိတ်ကျစေနိုင်တယ်𑁍'❟
⩩
သွယ်လျလှပပြီး အဆီပိုကင်းတဲ့ ခန္ဓာကိုယ်အချိုးအစားက မိန်းကလေးတွေကို အလှတိုးစေတဲ့ အချက်တွေထဲကတစ်ခုပါ။ စတော်ဘယ်ရီ မှာပါတဲ့ ellagic acid နဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေက ကိုယ်အလေးချိန်ကို အကောင်းဆုံးထိန်းညှိပေး နိုင်ပါတယ်။
⩩ နာတာရှည်ရောင်ရမ်းမှုတွေကြောင့် ဝိတ်တက်တာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်သလို ကိုယ်တွင်းက ဟော်မုန်းတွေ ကိုလည်း အကောင်းဆုံးထိန်းညှိပေးပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဝိတ်ကျစေဖို့ အားပေးတဲ့ ဟော်မုန်းတွေထွက်ရှိလာအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။
⩩ ֫ နောက်တစ်ချက်က anthocyanin လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်ရှိနေတာကြောင့် အစားစားချင်စိကို ထိန်းညှိ ပေးနိုင်တဲ့ adiponectin ခေါ်တဲ့ ဟော်မုန်းထွက်ရှိအောင်လှုံ့ဆော်ပေးပါတယ်။ ဒီဟော်မုန်းက အဆီတွေကို အကောင်းဆုံး ချေဖျက်ပေးနိုင်ပါတယ်။
❛𑁍အသားအရေ ကျန်းမာစေနိုင်တယ်𑁍❟
⩩ စတော်ဘယ်ရီ အပါအဝင် ဘယ်ရီသီးတော်တော်များများမှာ အရေပြားပေါ်က ဆဲလ်သေတွေကို အထိရောက်ဆုံးဖယ်ရှား ပေးပြီး အရေပြားဆဲလ်တွေအသစ်ဖြစ်ပေါ်မှုကို အကောင်းဆုံးအားဖြည့်ပေးနိုင်တဲ့ alpha-hydroxy အက်ဆစ်ကြွယ်ဝစွာ ပါဝင်နေပါတယ်။
⩩ စတော်ဘယ်ရီမှာပါတဲ့ salicylic အက်ဆစ် နဲ့ ellagic အက်ဆစ်တွေက အသားအရောင်မညီတာ၊ အရေပြားမှာ အစက်အပြောက်တွေမဖြစ်အောင် ကာကွယ်ပေးသလို အရေပြားပေါ်က အမဲစက်တွေ၊ ဝက်ခြံအမာရွတ်တွေကို သက်သာစေနိုင်ပါတယ်။ ဆဲလ်သေတွေကို အထိရောက်ဆုံး ဖယ်ရှားပေးပြီး ချွေးပေါက်တွေကို ထိန်းညှိပေးပြီး အသာအးရေကို တင်းရင်းလှပစေနိုင်ပါတယ်။ ဝက်ခြံတွေမဖြစ်အောင်လည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။
⩩ ဗီတာမင် C ကြွယ်ဝမှုကလည်း အသားအရေကို ကြည်လင်ကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။ အသားအရေ ကောင်းခြင်းကို ဖြစ်စေပြီး ဓာတ်မတည့်မှုဖြစ်တာကို သက်သာစေနိုင်ပါတယ်။
⩩ နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန် ရောင်ခြည်ဒဏ်ကနေလည်း အသားကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ အသက်အရွယ်ကြောင့်ဖြစ်တဲ့ အရေးအကြောင်းတွေကိုလည်း အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။
❛𑁍အပြုံးလှစေဖို့ အရေးပါတဲ့ သွားတွေကို ကျန်းမာစေ𑁍❟
⩩ လှပတဲ့ အပြုံးကလည်း မိန်းကလေးတွေကို အလှအပတိုးစေတဲ့ အချက်တွေထဲကတစ်ခုပါ။
⩩ သွားတွေက အရောင်ပြောင်း နေမယ်။ သွားပိုးစားနေမယ်ဆိုရင် ပြုံးရင်လှဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ ဒီတော့ ဖြူဖွေးကြံ့ခိုင်ပြီး လှပတဲ့ သွားနဲ့ ခံတွင်းနံ့ဆိုး ကင်းတဲ့ ခံတွင်းကို ပိုင်ဆိုင်ဖို့ဆိုရင် စတော်ဘယ်ရီ စားပေးလို့ရပါတယ်။
❛𑁍အရွယ်တင် နုပျိုစေနိုင်တယ်𑁍❟
⩩ ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝမှုက ခန္ဓာကိုယ်ကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှု၊ အရွယ်မတိုင်ခင် အိုမင်းမှု ဖြစ်စေတာတွေကနေ အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုး ဖြစ်တဲ့ lycopene ပါဝင်နေမှုက အရွယ်တင်စေဖို့ အကောင်းဆုံး လုပ်ဆောင်ပေးနိုင်ပါတယ်။
❛𑁍ဆံပင်မကျွတ်အောင် ကာကွယ်ပေးတယ်𑁍❟
⩩ ဆံပင်က လူကြီးမင်းငယ်တို့ရဲ့ဒုတိယမျက်နှာပါပဲ။ ပိတုန်းရောင်ဆံသားထူထူထဲထဲလေးက အမျိုးသမီးတွေကို အလှတိုးစေတဲ့အရာတစ်ခုပါ။ ဒါကြောင့် ဆံသားကျန်းမာရေးကို ဂရုစိုက်ဖို့ကလည်း မိန်းကလေးတိုင်း မေ့ထားလို့ မဖြစ်တဲ့ အချက်တစ်ခုပါ။
⩩ စတော်ဘယ်ရီ မှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်နေမှုက ဆံသားကျန်းမာရေးကို အကောင်းဆုံးအားဖြည့်ပေးနိုင်တဲ့ သံဓာတ်စုပ်ယူမှုကို ကောင်းစေနိုင်ပါ တယ်။
⩩ ဆံပင်ကျွတ်ရခြင်းရဲ့ အဓိကအကြောင်းအရင်းက သံဓာတ်နည်းလို့ပါ။ ဒါကြောင့် ဆံပင်ကျွတ်တာ၊ ဆံပင်ပါးတာ ကင်းစေချင်ရင် စတော်ဘယ်ရီ စားပြီး ဆံသားကျန်းမာရေးကို အကောင်းဆုံးစောင့်ရှောက်လိုက်ပါ။
─࿁────ꕀ───𐂂──ꕀ───࿁─
𝐊ռ𝛔𝞈Ɩᥱժցᥱ Ѕჩᥲṛіռց ßყ 𝐙ᥲꭑᥱ ƊᥲṛᥲƖі𝛔ռ
Ɗ𝛔ռ'ϯ ṛᥱρ𝛔ѕϯ & 𝐂𝛔ρყ!!
──𖡼───ꕀ───⌑──ꕀ──𖡼───
𝐑éꘫ 𝛃൦ȶ @Knowledge74_bot 𐂂˖ ࣪ 𖡼
Ɍᥱᥲсϯі𝛔ռ ռᥱᥱժ !! #𝐙αꭑ𝖾_𝐃α𝗋αᥣ𝗂ⱺn
૮ིྀ₍ • 𖨳 • ₎ིྀა⸙ #𝐄𝐧𝐳𝐚𝐥𝐢
. ʾ𖤣 ִ ׂ✽ ˚⋆ . #𝐊ռ𝛔ωƖᥱժցᥱ── ⋅ . ⋅ ──────⠀♡⠀ ────⋅ . ⋅────
❛❛စတော်ဘယ်ရီနှင့် အလှအပရေးရာ ❟❟
. . ⠀♡⠀. . . .
အရောင်အသွေး၊ အနံ့နဲ့ပြည့်စုံတဲ့ စတော်ဘယ်ရီသီးလေးတွေဟာ စားလို့ကောင်းရုံတင်မကပါဘူး။ ကျန်းမာရေးဘက်မှာလည်း အထောက်အကူတော်တော်ပြုနေပါတယ်။ အဲ့တာတွေထဲမှ မင်မင်အလှအပရေးရာနဲ့ ပတ်သတ်တာတွေကို တင်ပြပေးသွားပါမယ်။ᡣ𐭩 ࠬ 𑁦
૮₍ྀི ˃ ⤙ ˂ ₎ྀིა
ရီအက်ပေးထားနှင့်ꪹComming Soon...
U U
˖ 𓊔 ࣪ #𝐙αꭑ𝖾_𝐃α𝗋αᥣ𝗂ⱺn
࣪ 𓊔 ་ #𝐄𝐧𝐳𝐚𝐥𝐢
˖ 𓊔 ࣪ #𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞_𝐀𝐝𝐦𝐢𝐧"ဝေဖန်မှုတွေရဲ့နောက်ကွယ်ကပြုပြင်နည်း "💁🏻♀️
── ⋅ . ⋅ ──────⠀♡⠀ ────⋅ . ⋅────
🗣️အမြဲဝေဖန်ခံနေရတယ်လို့ထင်နေတဲ့သူလေးတွေအတွက်ပေးစာ~>>
ဝေဖန်တယ်ဆိုတာတစ်နည်းအားဖြင့်မကောင်းတဲ့အမြင်နဲ့ ပြောရတာပေါ့။
အဲ့လိုအပြောခံရတယ်ဆိုရင်အကောင်းဆုံးနည်းလမ်းနဲ့တွေးကြည့်ရပါမယ်။
ဘယ်လိုဝေဖန်မှုတွေကိုဖြေရှင်းရမလဲ?
🤷🏻♀️ ပထမဆုံးအနေနဲ့ဝေဖန်တာကဘယ်သူလဲ?👥ကိုယ့်ထက်ကြီးတဲ့သူဆရာ ဆရာမ လူကြီး မိဘတွေကဝေဖန်တာဆို အရင်ဆုံးပြောတဲ့စကားကိုစမ်းစစ်ရပါမယ်ဒီနေရာမှသူတို့ကငါ့ကိုဘယ်လိုမြင်သွားတာလဲပေါ့-ဉပမာ : အနေနဲ့နင်ရိုင်းလာတယ်။ ဝေဖန်တယ်ဆိုရင်အဲ့စကားကိုတွေးကြည့်ရပါမယ်။ ကောင်းတဲ့ဘက်ကဝေဖန်တယ်ဆိုရင်ကိုယ်ဘက်ကလည်း ပြင်သင့်ရင်ပြင်ရပါမယ်။ ကိုယ်ထက်ကြီးတဲ့လူကဝေဖန်တာကိုဖင်ပိတ်မငြင်းဘဲသေချာစူးစမ်းပြီးလို့ပြင်သင့်ရင်ပြင်ရပါမယ်။ ဝေဖန်တဲ့အခါကိုယ့်ထက်ငယ်တဲ့လူတွေကဝေဖန်တယ်ဆိုရင်တော့ လျစ်လျူရှုသင့်ရင်ရှုလိုက်ပါ။ ဒါပေမဲ့ ကိုယ့်ထက်အသက်ငယ်သော်လည်း ကိုယ်မှားတာကိုဖောက်ပြနိုင်ရင်တော့ လေးစားသမှုရှိဖို့လိုအပ်ပါတယ်။ ဝေဖန်မှုတွေကိုစိတ်ညစ်နေချိန်မှာမစဉ်းစားဘဲစိတ်အေးအေးထားပြီးမှကောင်းကောင်းတွေးပြီးပြင်သင့်ရင်ပြင်ရပါမယ်✍️✔️ ပတ်ဝန်းဆိုတဲ့ အသိုင်းအဝန်းရှိနေသ၍တော့ ဝေဖန်မှုတွေဆိုတာဟာလည်း အစဉ်ရှိနေဦးမှာပါ။ စိတ်ဓာတ်မကျလိုက်ပါနဲ့။ ပြန်အဆင်ပြေလာမဲ့အရာ၊ ကိုယ့်ကိုပိုကောင်းအောင်လုပ်ပေးနိုင်မဲ့ အရာတစ်ခုလို့ပဲသတ်မှတ်လိုက်ပါ။ ── ⋅ . ⋅ ──────⠀♡⠀ ────⋅ . ⋅──── #Kіᥕі #Ν᥆᥎ᥲ #Kᥒ᥆ᥕᥣᥱძgᥱ _𝖠ძ𝗆іᥒ
♡ིྀ┊မီးသွေးခဲဖြစ်ချင်လား စိန်ဖြစ်ချင်လား
ဒါကပြသနာမဟုတ်ဘူး။မီးသွေးခဲကမီးသွေးခဲအတိုင်းနေမယ်ဆို
မီးသွေးခဲပဲ။တန်ဖိုးကြီးမက်မောစရာကောင်းတဲ့စိန်မဟုတ်ဘူး။ဒါမဲ့
စိန်တွေကမီးသွေးခဲတွေကနေဖြစ်လာတာ ၊အဲ့လိုဖြစ်လာဖို့မီးသွေးခဲ
တွေက ပူလောင်တဲ့အထိ ခံပြီးစိန်ဖြစ်လာတာ၊ တွေးမိတယ်မလား။
ငါကမီးသွေးခဲသာ"ဆိုပြီးလှဲနေလိုက်လို့မပြီးသွားဘူး။လောကဓံရိုက်ချက်အမျိုး" ဖိအားတွေကနေ စိန်အဖြစ်ပြောင်းလဲရမှာ
ပြီးတော့အဲ့ဖိအားတွေကပဲကိုယ့်ကိုစိန်ဖြစ်လာစေမှာ။
နာကျင်မှုတိုင်းဟာသင်ခန်းစာတစ်ခု။
☕✿・⁺ [ Written by Oxygen ]
#𝗢𝘅𝘆𝗴𝗲𝗻
#𝗢𝘄𝗻_𝗤𝘂𝗼𝘁𝗲𝘀 !!!
#𝗜𝗻𝘀𝗽𝗶𝗿𝗮𝘁𝗶𝗼𝗻𝗮𝗹_𝗟𝗶𝘁𝗲𝗿𝗮𝘁𝘂𝗿𝗲
છ⋆˚⊹ᱹ🕯️ခြေတစ်ချောင်းသာရှိသော်လည်း အပြေးအလွန်မြန်သည်။ ဒူးဆစ်ကွေးမရပေ။ သစ်ပင်ကို မှီကာအိပ်စက်တတ်သည်။
છ⋆˚⊹ᱹ🕯️အချို့အရပ်များတွင် အတောင်မပါဘဲ၊ လက်သာပါကြောင်း ထူးခြားစွာဆိုသည်။ ဖနောင့်ပြောင်းပြန်လှည့်နေသည့် အနေအထားရှိပြီး လက်မောင်းများ သန်မာသည်။ ခန္ဓာကိုယ်ပြားချပ်သည် စသည်ဖြင့် အမျိုးမျိုးကွဲပြားစွာ ဆိုကြပြန်သည်။ “ငေါင်းခြေတစ်ချောင်း မစားကောင်း” ဟုပင် ရှေးစကားပုံ ရှိသည်။
အထောက်အထားအချက်အလက်છ⋆˚⊹ᱹ🕯️ငေါင်းနှင့်ပက်သက်ပြီး အခိုင်လုံဆုံးသော အထောက်အထားမှာ ကုန်းဘောင်မင်းဆက် ရွှေတိုက်တွင် ထားရှိသည့် ရွှေနန်းစဉ် လက်သုံးပုရပိုက်ဖြူဖြစ်သည်။ છ⋆˚⊹ᱹ🕯️အဆိုပါဆေးရေးပုရပိုက်တွင် လူမျောက်ငရွှေမောင်၊ ကိန္နရာအသေခြောက်၊ နဂါးဂဠုန်အသေခြောက်၊ ရေသူမ၊ နဂါးငါးကောင်၊ ကျွန်းဖိုကျွန်းမပင် စသည်အကြောင်းအရာတို့နှင့် အတူ လူငေါင်းပုံများပါ ပါဝင်သည်။ છ⋆˚⊹ᱹ🕯️ဘိုးတော်ဘုရားလက်ထက်က တောင်ငူမြို့ မြတ်စောညီနောင် ဘုရားမှ ဖမ်းယူရရှိသည်။ တောင်ငူမြို့ဝန်မှ ဆက်သသည့် အဆိုပါ ငေါင်းတွင် လက်နှစ်ဖက်၊ ခြေတစ်ဖက် ပါဝင်သည်။ လက်နှစ်ဖက်ကို အတောင်များသဖွယ် ဘေးနှစ်ဖက်သို့ ဖြန့်ကားထားသည်။ အမျိုးသမီးမျက်နှာနှင့် ဆင်တူသော မျက်နှာပုံစံရှိသည်။ ဆံပင်တိုပြီး အသံမှာ ငှက်သံကဲ့သို့ ဖြစ်သည်။ အသားမစားဟုဆိုသည်။ છ⋆˚⊹ᱹ🕯️ငေါင်းသတ္တဝါသည် ကိုယ်ခန္ဓာပြားချပ်၏။ လက်နှစ်ဖက်ပါကာ လက်မောင်းများထွားကြိုင်း၏။ အရပ် ငါးပေတစ်လက်မခန့် ရှိသည်။ ဒူးဆစ်မရှိ။ ခြေတစ်ချောင်းသာ ပါ၏။ છ⋆˚⊹ᱹ🕯️ခြေဖဝါးသည် အနောက်ဘက်သို့ လှည့်နေပြီး ဖနှောင့်သည် အရှေ့တွင်ရှိသည်။ ခါးတစ်ဆစ် ခြေမျက်စိ တစ်ဆစ် နှစ်ဆစ်သာပါ၏။ છ⋆˚⊹ᱹ🕯️နဖူးသည် ခြောက်လက်မကျော် ကျယ်၍ပြောင်၏။ မေးကောက်သည်။ ခေါင်းနောက်စေ့တွင် ပေါက်ချွန်းပမာ၊ အမောက်ပမာ အရိုးကြီးပါရှိသည်။ သစ်ပင်ထူထပ်သော တောနက်ကြီးများတွင် နေထိုင်တတ်သည်။ છ⋆˚⊹ᱹ🕯️သစ်ပင်တစ်ပင်မှ တစ်ပင် ကူးပြောင်းသွားလာတတ်၏ဟု လေ့လာတွေ့ရှိချက်အား ကချင်ပြည်နယ် နန်းမွန်ရွာ အမတ်ဟောင်းတစ်ဦးမှ ရေးသားဖူးကြောင်းတင်ပြပါသည်။ છ⋆˚⊹ᱹ🕯️၎င်းသည် ငှက်အမျိုးအနွယ်လဲမဟုတ်ပါ အတောင်မပါရှိသော သတ္တဝါသီးခြားတစ်မျိုးဖြစ်သည်။ છ⋆˚⊹ᱹ🕯️ငေါင်းကောင်သည် လူနှင့်တူသော သတ္တဝါဖြစ်ပြီး ဆံပင်အလွန်ကောင်းသည်။ ငေါင်း၏ဆံပင်ကို ဆံစု(ဆံတု)လုပ်ပါက ဆံပင်ကောင်းသည်ဟု အယူရှိသဖြင့် ရှေးခေတ် အမျိုးသမီးများ ငေါင်း၏ဆံပင်ကို ဆံစု(ဆံတု)လုပ်ကြလေ့ရှိသည်။ છ⋆˚⊹ᱹ🕯️၎င်းသတ္တဝါသည် ခြေတဆစ်လက်တဆစ်သာရှိသောကြောင့် လူကဲ့သို့ကွေး၍ မရချေ။ သို့သော် အလွန်အပြေးသန်သည်။ છ⋆˚⊹ᱹ🕯️အပြေးအသန်သည့် ခွေးပင်လိုက်၍ မမှီနိုင်ပေ။ ၎င်းတို့ကို ဖမ်းဆီးရန်မှာ ၎င်းတို့ကျက်စားရာ ပတ်ဝန်းကျင် တောင်စောင်းတနေရာတွင် ဝါးဖက်(ဝါးပိုးဖက်)များကို ခင်းထားရပြီး ဖက်ခင်းထားသည့် တောင်စောင်းဘက်သို့ ၎င်းတို့ကို မောင်းနှင်လိုက်သည့်အခါ ၎င်းတို့သည် ဖက်များကိုနင်းမိကာ ခြေချော်၍ တောင်အောက်သို့ လိမ့်ကျသွားတတ်သည်။ છ⋆˚⊹ᱹ🕯️ထိုအခါမျိုးမှာ တောင်အောက်မှစောင့်၍ ဖမ်းရသည်။ ၎င်းငေါင်းကောင်သည် လဲကျရာမှ ထလိုလျှင် သစ်ပင်ငယ်လေးများရှိရာသို့ လူးလှိမ့်ပြီး ထိုသစ်ပင်ငယ်လေးများကို ကိုင်တွယ်ဆွဲယူပြီးထ ကြရသည်။ ၎င်းတို့ လဲကျရာမှ မထ နိုင်မှီ အမိဖမ်းရသည်။ છ⋆˚⊹ᱹ🕯️ဟုမ္မလင်း၊ ဗန်းမော်၊ ဝိုင်းမော်၊ မိုးကောင်းမြို့ အနီးတဝိုက်ရွာများတွင် ငေါင်းကို တွေ့ဖူးကြသည်ဆိုသည်။ છ⋆˚⊹ᱹ🕯️နောက်ဆုံးတွေ့ခဲ့သည့် မှတ်တမ်းမှာ ၁၉၅၅ တွင် ကချင်ပြည်နယ် ကဝါးပွန်းရွာမှ ရွာသား ဝဂျစ်ခန်သည် သစ်ခွဲကြောင်းတွင် လက်ညပ်နေသော ငေါင်းတစ်ကောင်အား ဖမ်းဆီးခဲ့မှုဖြစ်သည်။ છ⋆˚⊹ᱹ🕯️ဆယ်လော်ရွာရဲစခန်းတွင် တစ်ညထားပြီး နောက်နေ့တွင် သေဆုံးသွားသည်ဆိုသည်။ છ⋆˚⊹ᱹ🕯️ဖမ်းဆီးမည့်အစား သဘာဝတိုင်းထားရှိလိုက်ခြင်းက ပိုကောင်းသည်ဟုထင်မိသည်။ છ⋆˚⊹ᱹ🕯️သူတို့ကို ယဉ်ပါးအောင်မွေး၍ မရချေ။ အုပ်စုဖွဲ့နေထိုင်တတ်ကြပြီး အကြီးဆုံးအကောင်မှာ လူ ၁၀နှစ်သားအရွယ်ခန့် ရှိသည်။ છ⋆˚⊹ᱹ🕯️ငေါင်း….ငေါင်း ဟုအော်မြည်တတ်သဖြင့် ငေါင်းဟု ခေါ်ရခြင်းဖြစ်သည်။ છ⋆˚⊹ᱹ🕯️ရှေးအခါက ဒေါနတောင်တန်းတွင် အများအပြားတွေ့ရတတ်ပြီး ယခုအခါမှာတော့ မရှိသလောက်ကို ရှားသွားပြီဖြစ်သည်။ છ⋆˚⊹ᱹ🕯️သူတို့၏ အရိုးကို ဆေးတံရိုးလုပ်ပြီး သောက်လျှင် သွားခိုင်သည်ဟု ရှေးလူကြီးများက ဆိုကြသည်။ છ⋆˚⊹ᱹ🕯️အချုပ်အားဖြင့်ဆိုသော် ငေါင်းသည် နာနာဘာဝမဟုတ်သလို ငှက်လည်းမဟုတ်ပေ။ လက်နှင့်ခေါင်း သဏ္ဌာန်ပါဝင်ပြီး ထူးဆန်းသည့် သတ္တဝါဆန်းတစ်မျိုးဖြစ်ပြီး အမျိုးတုံးရှားပါးသည်ဟု ဆိုရမည်ဖြစ်သည်။ ── ⋅ ⋅ ──────⠀♡⠀ ───── • • 🆃🅷🅴. 🅴🅽🅳 ꕤ𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝐒𝐡𝐚𝐫𝐢𝐧𝐠 𝐁𝐲 𝐙𝐚𝐦𝐞 𝐃𝐚𝐫𝐚𝐥𝐢𝐨𝐧ᨵׁׅꕤ ရီအက်မရရင် တစ်ပတ်တိတိနားမည်။ ☆°#𝐙αꭑ𝖾_𝐃α𝗋αᥣ𝗂ⱺn ☆°#𝐄𝐧𝐳𝐚𝐥𝐢 ☆°#𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞_𝐀𝐝𝐦𝐢𝐧
⋆° 𐙚 ဒဏ္ဏာရီလာထဲကငေါင်းငှက်⋆。 ᵎᵎ ᡣ𐭩 ࠬ
⭑─ִ──ִ──── ⭒ ʿʿ 🧚 ♡🌱 ─ִ──ִ────
છ⋆˚⊹ᱹ🕯️ငေါင်းသည် မြန်မာ့သမိုင်းမှတ်တမ်းများတွင်ပါသော ဒဏ္ဍာရီဆန်ဆန် ထူးဆန်းသည့် လူတူသတ္တဝါတစ်မျိုးဖြစ်သည်ဟု တော်တော်များများက သိထားကြပါလိမ့်မယ်။ မင်မင် ဒီနေ့ငေါင်းနဲ့ပတ်သတ်ပြီး ဗဟုသုတအနည်းငယ်ကိုဖော်ပြပေးသွားပါမယ်။
── ⋅ ⋅ ──────⠀♡⠀ ─── • •
છ⋆˚⊹ᱹ🕯️ငေါင်းသတ္တဝါသည် ယုံတမ်းစကား (သို့) နာနာဘာဝတို့၏ ရုပ်ဆောင်ချက်ဖြစ်သည်ဟု ယုံကြည်ထားကြသည်။
છ⋆˚⊹ᱹ🕯️ငုံးလို ကြက်လို သတ္တဝါဖြစ်ပြီး ခြေတစ်ချောင်းသာပါကာ လူနှင့် ဆင်တူသည်ဟု ဆိုသည်။
છ⋆˚⊹ᱹ🕯️တောတွင်းတွင် ငေါင်းကိုဖမ်းလိုလျှင် ပိုက်၊ကျော့ စသည်နည်းများဖြင့် ဖမ်းမရပေ။ငှက်ပျောဖက်ခင်း၍ ထောင်ထားပြီး ချော်လဲသွားမှ ဖမ်းနိုင်သည်ဟု ဆိုကြသည်။
છ⋆˚⊹ᱹ🕯️ဂနန်းဘာသာစကားဖြင့် စောက်ကွန်း (ခြေတစ်ချောင်း အကောင်) ဟုခေါ်သည်။
છ⋆˚⊹ᱹ🕯️ရှေးမြန်မာ့ တိုင်းရင်းဆေးနည်းများတွင် ထိပ်ကပ်နာပျောက်ဆေး ဖော်ဆပ်သည့်နေရာတွင် ဒေါင်းရိုး၊ ငေါင်းရိုးတို့လည်း အပါအဝင်ဖြစ်သည်ကို တွေ့ရသည်။
── ⋅ ⋅ ──────⠀♡⠀ ─── • •
છ⋆˚⊹ᱹ🕯️တိမ်သလ္လာပျောက်မျက်စဉ်းဆေးတွင်လည်း ငေါင်းရိုးပါဝင်သည်။
છ⋆˚⊹ᱹ🕯️ငေါင်းသည် ခြေတစ်ချောင်းထောက်၍ လမ်းလျှောက်တတ်သည်။ ဦးခေါင်းနောက် နောက်စေ့နေရာတွင် အောက်ချင်းငှက်ကဲ့သို့ အချွန်အတက်ကြီးပါရှိသည်။
છ⋆˚⊹ᱹ🕯️သစ်ပင်များအထက်သို့ လူတစ်ရပ်ကျော်ခုန်၍ အဆိုပါ အချွန်အတက်ကြီးဖြင့် ပေါက်ကာ ကြာကြာရပ်တည်နေနိုင်သည်ဟု မှတ်သားရပါသည်။
꒦꒷꒦꒷꒦꒷꒦꒷꒦꒷꒦꒷꒷꒦꒷♡꒷꒦꒷꒦꒷꒦꒷꒦꒷꒦꒷꒦꒷꒦꒷꒦꒷꒦
ꕤ𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝐒𝐡𝐚𝐫𝐢𝐧𝐠 𝐁𝐲 𝐙𝐚𝐦𝐞 𝐃𝐚𝐫𝐚𝐥𝐢𝐨𝐧ᨵׁׅꕤ
𝔑𝔢𝔢𝔡 @Daralion_V 𝔄𝔡𝔪𝔦𝔫
˚˖𓍢-:-🫧#𝐙αꭑ𝖾_𝐃α𝗋αᥣ𝗂ⱺn
˚˖𓍢-:-🫧#𝐄𝐧𝐳𝐚𝐥𝐢
˚˖𓍢-:-🫧#𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞_𝐀𝐝𝐦𝐢𝐧
ငွေကို ကိုးကွယ်မနေနဲ့ ငွေကိုတွယ်တာ မင်းရှာတဲ့ငွေတွယ်တာ ညစ်ပတ်တဲ့ငွေကိုကိုးကွယ်တာနဲ့ သန့်ရှင်းတဲ့ငွေကိုတွယ်တာက မင်းအပေါ်ပဲမူတည်နေတယ်✎ᝰ┆Written by Oxygen #oxygen #Donotrepost
-:-🧚ပိုးစာသီးစားခြင်းရဲ့ကောင်းကျိုးများ-:-✨
●အစာခြေလမ်းကြောင်းအတွက် အထောက်အကူပြုခြင်း⊰⊹ฺ
⌓
●သွေးလည်ပတ်မှုအားကောင်းစေခြင်း⊰⊹ฺ
⌓
●အမြင်အာရုံအာကောင်းစေခြင်း⊰⊹ฺ
⌓
●အရေပြားကို ကျန်းမာစေခြင်း⊰⊹ฺ
⌓
●ဆံသားကျန်းမာရေးကိုအထောက်အကူပြုခြင်း⊰⊹ฺ
⌓
●အရွယ်မတိုင်မှီအိုမင်းရင့်ရောမှုကိုကာကွယ်နိုင်ခြင်း⊰⊹ฺ
⌓
●နုလုံးကျန်းမာရေးအတွက်အကူအညီဖြစ်စေခြင်း⊰⊹ฺ
-:-. -:-. -:-. -:-
*. *. *. *. *. *. *. *.
𝐊𐓣ⱺωᥣ𝖾ᑯ𝗀𝖾 𝐒ɦα𝗋𝗂𐓣𝗀 𝐁𝗒 𝐙αꭑ𝖾 𝐃α𝗋αᥣ𝗂ⱺ𐓣🪼
🍀𝐃ⱺ𐓣'𝗍 𝗋𝖾ρⱺ𝗌𝗍 ᑲαᑲ𝖾.🙌
🅐🅓🅜🅘🅝 @Daralion_V
▂▂▂▂▂▂°~🅙🅞🅘🅝~☆▂▂▂▂▂▂▂▂▂▂
https://t.me/Knowledge_Sharing_With_Me 🦢🙌
▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂
#𝐙αꭑ𝖾_𝐃α𝗋αᥣ𝗂ⱺn
#𝐄𝐧𝐳𝐚𝐥𝐢
#𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞_𝐀𝐝𝐦𝐢𝐧
#𝐍𝐞𝐞𝐝_𝐑𝐞𝐚𝐜𝐭𝐢𝐨𝐧
ပထမဆုံးပျားရည်နဲ့ ဓါတ်မတည့်ရင် ဘယ်လိုလက္ခဏာတွေ ဖြစ်နိုင်လဲ။૮₍ • - • ₎ပျားရည်နဲ့ ဓါတ်မတည့်တဲ့အခါ ပန်းဝတ်မှုန် ဓါတ်မတည့်ခြင်းနဲ့ ဆင်တူတဲ့ လက္ခဏာတွေ ပြတာကိုတွေ့ရပါတယ်။ အဲ့ဒီလက္ခဏာတွေကတော့... ❛o❛ နှာစေးတာ၊ နှာရည်ယိုတာ ❛o❛ နှာချေတာ ❛o❛ နှာခေါင်းက ယားပြီး ရောင်လာတာ ❛o❛ မျက်ရည်ယိုတာ ❛o❛ လည်ချောင်းယားတာ ❛o❛ အရေပြားပေါ်မှာ အနီကွက်ထတာ ❛o❛ အင်ပျဉ်၊ ယားနာဖြစ်တာ ❛o❛ အရေပြားပေါ် အဖုအပိမ့်တွေ ထလာတာ အစရှိတဲ့ လက္ခဏာတွေကို တွေ့ရတတ်ပါတယ်။-:-( * )-:- *° - *° - *° - *° - *° -:-ဓါတ်မတည့်ခြင်း ပြင်းထန်တဲ့သူတွေမှာဆိုရင် ပျားရည်ကို စားမိတာ၊ အသားနဲ့ ထိမိလိုက်တာနဲ့ ? Ⓞခေါင်းကိုက်တာ Ⓞမူးဝေအော့အန်တာ Ⓞဝမ်းလျှောတာ Ⓞအသက်ရှူလိုက်တဲ့အခါ နှာသံမှာ ချွဲတွေပါနေတာ Ⓞသတိလစ်တာ Ⓞနှလုံးခုန်နှုန်း ပုံမှန်မဟုတ်တော့တာ Ⓞအသက်ကောင်းကောင်း မရှူနိုင်တော့တာ . (\__/) ๑ ^ ◡ ^ ๑အစရှိတဲ့ လက္ခဏာတွေ တွေ့နိုင်ပါတယ်။ 𝐊𐓣ⱺωᥣ𝖾ᑯ𝗀𝖾 𝐒ɦα𝗋𝗂𐓣𝗀 𝐁𝗒 𝐙αꭑ𝖾 𝐃α𝗋αᥣ𝗂ⱺ𐓣🪼 🍀𝐃ⱺ𐓣'𝗍 𝗋𝖾ρⱺ𝗌𝗍 ᑲαᑲ𝖾.🙌 #𝐙αꭑ𝖾_𝐃α𝗋αᥣ𝗂ⱺn #𝐄𝐧𝐳𝐚𝐥𝐢 #𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞_𝐀𝐝𝐦𝐢𝐧 #𝐍𝐞𝐞𝐝_𝐑𝐞𝐚𝐜𝐭𝐢𝐨𝐧
-:-🌿🧸ပျားရည်နှင့် ကျန်းမာရေး-:-🍯🌿
//No click link// crd// don't repost// ❌‼️
🐻🍯....ပျားရည်ဆိုတာက ပျားကောင်လေးတွေ စုဆောင်းထားတဲ့ ပန်းဝတ်ရည်လေးတွေကို စစ်ထုတ်ထားတဲ့ အရည်ပါ။ အာဟာရဓာတ်တွေ ကြွယ်ဝသလို အရသာက ချိုပါတယ်။ သကာရည်လို စေးပျစ်ပျစ်ရှိပြီး အရောင်က အဝါရောင် ဖျော့ဖျာ့ကနေ အဝါရောင် ရင့်ရင့်တွေအထိ အမျိုးမျိုး ရှိနိုင်ပါတယ်။
ပျားရည်မှာ ဘာတွေပါလဲ-:-:- အရသာရှိတဲ့ ပျားရည်မှာ🐻🌿 ◕ကာဗိုဟိုက်ဒရိတ် ◕ပရိုတင်း ◕ပိုတက်ဆီယမ် 🌿🍯 စတာတွေ ပါဝင်နေပါတယ်။
ကျန်းမာရေးအတွက်အကျိုးပြုစေတာကရောဘာတွေဖြစ်မလဲ၁။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝခြင်း•°°•.🧸✨ ပျားရည်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများအပြားပါဝင်ပါတယ်။ အဆိုပါ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဟာ ဖရီးရယ်ဒီကယ်များကြောင့် ကိုယ်ခန္ဓာဆဲလ်များ ထိခိုက်ပျက်စီးခြင်းမဖြစ်ရအောင် ကာကွယ်ပေးပါတယ်။ ဖရီးရယ်ဒီကယ်များဟာ ကင်ဆာ၊ နှလုံးရောဂါ စတာတွေကို ဖြစ်နိုင်ခြေမြင့်စေတဲ့အပြင် အိုမင်းရင့်ရော်ခြင်းကိုလည်း ပိုမိုမြန်ဆန်စေနိုင်ပါတယ်။ သုတေသနတွေအရ ပျားရည်မှာ ပါဝင်တဲ့ ပေါ်လီဖီနောလို ဓာတ်တိုးဆန့်ကျင်ပစ္စည်းဟာ နှလုံးရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ ၂။ ရောဂါပိုးသေစေသော အာနိသင်ရှိခြင်း•°°•.🧸✨ သုတေသနတွေအရ ပျားရည်မှာ ဘက်တီးရီးယားများနဲ့ မှိုများကို သေစေနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ သဘာဝအလျောက်ပါဝင်တဲ့ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ဟာ ရောဂါပိုးများကို သေစေနိုင်ပါတယ်။ ၃။ အနာကျက်မြန်စေခြင်း•°°•.🧸✨ ပျားရည်ဟာ ရောဂါပိုးများကို သေစေတဲ့အပြင် တစ်ရှူးများကို အသစ်ပြန်လည်ဖြစ်ပေါ်ဖို့ အားပေးကူညီတာကြောင့် အနာကျက်မြန်စေပါတယ်။ နိုင်ငံတချို့က ဆေးရုံတွေမှာ ထိခိုက်ဒဏ်ရာများကို ကုသရာမှာ ပျားရည်ကို အသုံးပြုတယ်လို့ သိရပါတယ်။ ဒီနေရာမှာ သတိထားရမှာက သာမန်ပျားရည်အတိုင်း အနာကုသရာမှာ အသုံးပြုခြင်းတော့ မဟုတ်ပါဘူး။ ဆေးဝါးအဆင့် အသုံးပြုနိုင်အောင် ပြင်ဆင်ထုတ်လုပ်ရပါသေးတယ်။ ၄။ စွမ်းအင်ပြည့်ဝစေခြင်း•°°•.🧸✨ ပျားရည်ဟာ သင့်ကိုယ်ခန္ဓာအတွက် စွမ်းအင်တွေ ပေးနိုင်ပါတယ်။ မေပန်းနွမ်းနယ်ခြင်း၊ ကြွက်သားများ ညောင်းညာကိုက်ခဲနေခြင်း စတာတွေကို သက်သာစေတဲ့ အစွမ်းသတ္တိရှိပါတယ်။ နံနက်စောစောမှာ ပျားရည်တစ်ဇွန်းကို ရေနွေးတစ်ခွက်နဲ့ သောက်ပေးခြင်းဟာ သင့်ကို တစ်နေ့တာလုံး လန်းဆန်းပြီး ခွန်အားပြည့်ဝနေစေပါလိမ့်မယ်။ ၅။ အစာအိမ်အူလမ်းကြောင်းကို ကောင်းမွန်စေခြင်း•°°•.🧸✨ အစာအိမ်အနာဖြစ်စေနိုင်တဲ့ H Pylori ဘက်တီးရီးယားကို ကုသရာမှာ ပျားရည်ကလည်း အားဖြည့်ကူညီပေးနိုင်ပါတယ်။ တိုင်းရင်းဆေးတချို့မှာ ဝမ်းပျက်ခြင်းအတွက် ပျားရည်ကို ဆေးအနေနဲ့ အသုံးပြုပါတယ်။ အူလမ်းကြောင်းထဲက အကျိုးပြုဘက်တီးရီးယားတွေ ရှင်သန်နိုင်ဖို့ အထောက်အကူပြုပါတယ်။ ၆။ အအေးမိတုပ်ကွေးကို သက်သာစေခြင်း•°°•.🧸✨ အအေးမိချောင်းဆိုးပြီး လည်ချောင်းနာချိန်မှာ ပျားရည်ဟာ ဆေးတခွက်ပဲ ဖြစ်ပါတယ်။ ရေနွေးထဲမှာ သံပုရာသီး ညှစ်ထည်ပြီး ပျားရည်ထည့်သောက်ခြင်းဟာ လည်ချောင်းနာခြင်းနဲ့ အအေးမိတုပ်ကွေးကို သက်သာစေပါတယ်။ ချောင်းဆိုးပျောက်ဆေးအနေနဲ့လည်း အသုံးပြုနိုင်ပါသေးတယ်။ ‼️သတိပြုရန်။ ။ ပျားရည်ဟာ အာဟာရဓာတ်ကြွယ်ဝပြီး ရောဂါပိုးများကို သေစေနိုင်တယ်ဆိုပေမယ့် ပိုးမသန့်စင်ရသေးတဲ့ ပျားရည်ဟာ အစာအဆိပ်သင့်စေတဲ့ Clostridium botulinum ရောဂါပိုးကို ကူးစက်နိုင်ခြေ ရှိပါတယ်။ အထူးသဖြင့် ကလေးငယ်တွေကို ကူးစက်နိုင်ပါတယ်။ ဘယ်သူတွေ မစားသင့်ဘူးလဲ🧐 ဆီးချိုရောဂါ ရှိသူတွေ၊ ကလေးငယ်တွေ၊ နို့တိုက် မိခင်တွေအနေနဲ့ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ စားစေချင်ပါတယ်။ ─࿁────ꕀ───𐂂──ꕀ───࿁─ #𝐙αꭑ𝖾_𝐃α𝗋αᥣ𝗂ⱺn #𝐄𝐧𝐳𝐚𝐥𝐢 #𝐊ռ𝛔ωƖᥱժցᥱ #𝐇ᥱᥲƖϯჩ
-:-ပျားရည်နှင့် သင့်ကျန်းမာရေး-:-
🍯 ပျားရည်ဆိုတာဘယ်တော့မှမပျက်စီးနိုင်တဲ့အစားအစာပါ။
အသည်းကိုကျန်းမာစေတဲ့အစားအသောက်များ
ꕤ•°°ꕤ•°°ꕤ•°°ꕤ•°°ꕤ•°°ꕤ•°°ꕤ•°°ꕤ•°°ꕤ•°°ꕤ•
ꕤ•°ଘ°ကြက်သွန်ဖြူ🧄°•.
ꕤ•°ଘ°နနွင်း🫚°•.
ꕤ•°ଘ°လီမွန်နှင့် သံပုရာသီး🍊°•.
ꕤ•°ଘ°ထောပတ်သီး🥑°•.
ꕤ•°ଘ°သစ်ကြားသီး°•.
ꕤ•°ଘ°ပန်းသီး🍎°•.
ꕤ•°ଘ°လက်ဖက်စိမ်း🌿°•.
ꕤ•°ଘ°နိုကိုဥ°•.
ꕤ•°ଘ°ပန်းပွင့်စိမ်း🥦°•.
ꕤ•°ଘ°ဂရိတ်ဖရု°•.
ꕤ-:-လူကြီးမင်းတို့နဲ့ လေဒီတို့ရဲ့ အသည်းကျန်းမာရေးအတွက် အရက်သန့်စင်ထားတဲ့သကြား၊ ကဖင်းဓာတ်များခြင်း၊ ပြုပြင်ထားသော အစားအစာများကို လျော့စားပေးပါလို့ အကြံပြုချင်ပါတယ်။-:-
-:- -:- -:- -:- -:- -:-
𝐊𐓣ⱺωᥣ𝖾ᑯ𝗀𝖾-𝐒ɦα𝗋𝗂𐓣𝗀 𝐁𝗒-𝐙αꭑ𝖾 𝐃α𝗋αᥣ𝗂ⱺ𐓣🌿🏺
From My Readers Knowledge Ch
Admin ခေါ်ချင်- @H_E_Z_L_2
#𝐙αꭑ𝖾_𝐃α𝗋αᥣ𝗂ⱺn
#𝐄𝐧𝐳𝐚𝐥𝐢
#𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞_𝐀𝐝𝐦𝐢𝐧
#𝖵ᥱgᥱ𝗍ᥲᑲᥣᥱs_ᥲᥒძ_Frᥙі𝗍
𝖼𝗋𝖾ᑯ𝗂𝗍 𝗍ⱺ 𝗀ⱺ𝗀𝗀ᥣ𝖾🫶🍄
ძ᥆ᥒ'𝗍 rᥱ⍴᥆s𝗍!!!babe-:-သင်္ဘောသီးစားခြင်းရဲ့ကောင်းကျိုးများ-:-
:-: :-: :-: :-: :-:
•ᗜ•\\ခုခံအားကောင်းစေခြင်း
•ᗜ•\\ဇီဝဖြစ်စဉ်တွေကို မြင့်တင်ပေးနိုင်ခြင်း
•ᗜ•\\အရေပြားကိုကြည်လင်စေခြင်း
•ᗜ•\\သင့်ရဲ့မျက်လုံးအတွက်ကောင်းမွန်စေခြင်း
•ᗜ•\\ကိုလက်စထရော လျော့ကျဖို့ကူညီပေးနိုင်ခြင်း
•ᗜ•\\သွေးဖိအားကို လျော့ကျဖို့ကူညီပေးနိုင်တယ်
-
•ᗜ•\\သွေးထဲကသကြားဓာတ်ကိုမျှတစေတယ်
•ᗜ•\\အဆီကျစေတယ်
•ᗜ•\\အစာခြေစနစ်ကို ကောင်းမွန်စေခြင်း
•ᗜ•\\သွေးမဆုံးမီဖြစ်ပွားတတ်သော လက္ခဏာတွေကိုလျော့ကျစေနိုင်ခြင်း
•ᗜ•\\ရောင်ကိုင်းခြင်းအတွက် သဘာဝဆေးဖြစ်ခြင်း
•ᗜ•\\ရေဓာတ်ပြည့်ဝ
၈၀ရာခိုင်နှုန်းရေဓာတ်ပြည့်ဝခြင်း
•ᗜ•\\အယ်ကာလိုင်းပါသောအစာဖြစ်ခြင်းကြောင့် ရောဂါပိုးမွှားတွေကူးစက်ခြင်းမှကာကွယ်ပေးတယ်။
-:- -:- -:- -:- -:- -:-
𝐊𐓣ⱺωᥣ𝖾ᑯ𝗀𝖾-𝐒ɦα𝗋𝗂𐓣𝗀 𝐁𝗒-𝐙αꭑ𝖾 𝐃α𝗋αᥣ𝗂ⱺ𐓣🌿🏺
#𝐙αꭑ𝖾_𝐃α𝗋αᥣ𝗂ⱺn
#𝐄𝐧𝐳𝐚𝐥𝐢
#𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞_𝐀𝐝𝐦𝐢𝐧
#𝖵ᥱgᥱ𝗍ᥲᑲᥣᥱs_ᥲᥒძ_Frᥙі𝗍
𝖼𝗋𝖾ᑯ𝗂𝗍 𝗍ⱺ 𝗀ⱺ𝗀𝗀ᥣ𝖾🫶🍄
ძ᥆ᥒ'𝗍 rᥱ⍴᥆s𝗍!!!babe
