611
Подписчики
Нет данных24 часа
-57 дней
-1330 дней
Загружаем данные
Похожие каналы
Облако тегов
Нет данных
Возникли проблемы? Пожалуйста, обновите страницу или обратитесь к нашему support-менеджеру .
Входящие и исходящие упоминания
---
---
---
---
---
---
Привлечение подписчиков
март '25март '25
март '25
+5
в 0 каналах
февраль '25
+5
в 0 каналах
Get PRO
январь '25
+7
в 0 каналах
Get PRO
декабрь '24
+7
в 0 каналах
Get PRO
ноябрь '24
+6
в 0 каналах
Get PRO
октябрь '24
+17
в 0 каналах
Get PRO
сентябрь '24
+37
в 0 каналах
Get PRO
август '24
+36
в 0 каналах
Get PRO
июль '24
+11
в 0 каналах
Get PRO
июнь '24
+12
в 0 каналах
Get PRO
май '24
+6
в 0 каналах
Get PRO
апрель '24
+7
в 0 каналах
Get PRO
март '24
+7
в 0 каналах
Get PRO
февраль '24
+40
в 0 каналах
Get PRO
январь '24
+57
в 1 каналах
Get PRO
декабрь '23
+87
в 3 каналах
Get PRO
ноябрь '23
+72
в 2 каналах
Get PRO
октябрь '23
+11
в 0 каналах
Get PRO
сентябрь '23
+8
в 0 каналах
Get PRO
август '23
+19
в 0 каналах
Get PRO
июль '23
+25
в 0 каналах
Get PRO
июнь '23
+30
в 0 каналах
Get PRO
май '23
+23
в 0 каналах
Get PRO
апрель '23
+27
в 0 каналах
Get PRO
март '23
+37
в 0 каналах
Get PRO
февраль '23
+21
в 0 каналах
Get PRO
январь '23
+23
в 0 каналах
Get PRO
декабрь '22
+28
в 0 каналах
Get PRO
ноябрь '22
+13
в 0 каналах
Get PRO
октябрь '22
+31
в 0 каналах
Get PRO
сентябрь '22
+33
в 0 каналах
Get PRO
август '22
+95
в 0 каналах
Get PRO
июль '22
+63
в 0 каналах
Get PRO
июнь '22
+77
в 0 каналах
Get PRO
май '22
+104
в 0 каналах
Get PRO
апрель '22
+119
в 0 каналах
Get PRO
март '22
+389
в 0 каналах
| Дата | Привлечение подписчиков | Упоминания | Каналы | |
| 31 марта | 0 | |||
| 30 марта | 0 | |||
| 29 марта | 0 | |||
| 28 марта | 0 | |||
| 27 марта | 0 | |||
| 26 марта | 0 | |||
| 25 марта | 0 | |||
| 24 марта | +1 | |||
| 23 марта | 0 | |||
| 22 марта | +1 | |||
| 21 марта | 0 | |||
| 20 марта | 0 | |||
| 19 марта | 0 | |||
| 18 марта | 0 | |||
| 17 марта | 0 | |||
| 16 марта | 0 | |||
| 15 марта | +1 | |||
| 14 марта | 0 | |||
| 13 марта | 0 | |||
| 12 марта | +2 | |||
| 11 марта | 0 | |||
| 10 марта | 0 | |||
| 09 марта | 0 | |||
| 08 марта | 0 | |||
| 07 марта | 0 | |||
| 06 марта | 0 | |||
| 05 марта | 0 | |||
| 04 марта | 0 | |||
| 03 марта | 0 | |||
| 02 марта | 0 | |||
| 01 марта | 0 |
Посты канала
Repost from နရီမိုး
ဂန့်ဂေါရွာနားက သရက်ခြံ ထဲမှာ အခိုင်အမာ ဆက်သွယ်ရေး ကတုတ်မြောင်းတူးထားတဲ့ ရန်သူ့ရဲ့ ခံစစ်ကို သာမန် စစ်နည်းဗျူဟာအတိုင်းဆိုရင် အတော်လေး တိုက်ယူရဦးမှာပါ။ ဒါက ဘာကို မီးမောင်းထိုးပြသလဲဆိုတော့...ရှေးက တပ်မတော် ခံစစ်တွေမှာ စနိုက်ပါနဲ့အထောက်ခံရလို့ ကတုတ်ကျင်းက မထွက်နိုင်ချိန်မှာ ဒရုန်း အစင်း ၂၀ လောက်နဲ့ ၅ မိနစ်ခြားတခါ ဗုံးသီးလာချတဲ့ အခင်းအကျင်းကို ပြန်အောင်းမေ့မိပါတယ်။
ဒီလောက်ဆိုရင် ခံစစ်ဘယ်လောက်မာမာ၊ ၃ မိုင်/၄ မိုင်အကွာကနေ ကျည်မခဘဲ တိုက်စစ်ဆင်နိုင်စွမ်းရှိတဲ့ ဒရုန်းရဲ့ အရေးပါမှုကို သတိပြုမိလောက်သင့်ပါပြီ။ ဒါ့ကြောင့် ပေါပေါသီသီ ဖြည့်တင်းပါ။ အဆင့်မြှင့်တာ သုံးစွဲပါလို့ အကြံပြုရတာ ဖြစ်ပါတယ်။ လေကြောင်းပစ်ကူဟာ မြေပြင်ကွန်မန်ဒါက ပူးပေါင်းဆောင်ရွက်ရတာဖြစ်သလို လာကူတဲ့ တကြိမ်တည်းမှာပဲ ကန့်သတ်ချက်ဘောင်ထဲက လုပ်ရတာဖြစ်လို့ ဒရုန်းကသာ ပိုအသုံးတည့်တယ်ဆိုတာ မျက်မြင်ပါပဲ။
မြန်မာ့တပ်မတော်သားများ အောင်ပွဲဆင်နိုင်ကြပါစေ။
(နရီမိုး)
| 2 | နောင်ချိုမြို့နယ်၊တောင်ခမ်းဒေသ တစ်ခုလုံးအတွင်းမှာ ခိုအောင်းနေတဲ့အကြမ်းဖက်သမားတွေကို မောင်းထုတ်ပြီး တပ်မတော်ကအပြည့်အ၀ထိန်းချုပ်လိုက်ပါကြောင်း။
လမ်းကြောင်းအားလုံးတွင် အကြမ်းဖက်သမားများ ထောင်ထားသည့် မိုင်းများကို တပ်မတော်မှ ရှင်းလင်းဖယ်ရှားပြီးဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။
လေးစားပါတယ် မေဂျာပြောင်ကြီးနဲ့ အဖွဲ့များ။
အချိန်ရတဲ့အခါမှ မေဂျာပြောင်နဲ့ သူအဖွဲ့တွေရဲ့ စွမ်းစွမ်းတမံလုပ်ဆောင်မှုတွေကို တင်ပေးပါမယ်။
https://youtube.com/@kyawswarkyawswar-jw8ru?si=_kZmoETcp3FaGbCb
https://t.me/kyawswar49111 | 208 |
| 3 | "KNU အနေနဲ့ ကရင်လူထုကို တောင်းပန်ဖို့ အချိန် ရောက်ပြီလား"
(နရီမိုး)
Crd-Htoo mg | 238 |
| 4 | "KNU အနေနဲ့ ကရင်လူထုကို တောင်းပန်ဖို့ အချိန် ရောက်ပြီလား"
==========
မြဝတီ ကျားဖြန့်ကိစ္စမှာ KNU က မပါဘူးလို့ ယူဆကြသူများအတွက်ပါ။ မုလအိအလင်း ကုမ္ပဏီဆိုတာ KNU က ထူထောင်ထားတဲ့ ကုမ္ပဏီ တစ်ခုပါပဲ။
----
အသိသက်သေမှာ လက်မှတ်ထိုးကြသူတွေက KNU ရဲ့ ဘဏ္ဍာရေး ကော်မတီဝင် စောကွယ်ထူးဝင်း ဖြစ်ပြီးတော့ မုလအိအလင်း ကုမ္ပဏီ ဘက်ကနေ လက်မှတ်ထိုးခဲ့ကြသူ စောဝင်းကျော်နဲ့ စောကျော်သူက KNU ရဲ့ ဗမက ရာထူး အဆင့်ရှိသူတွေ ဖြစ်ပြီး မုလအိအလင်းရဲ့ MD တွေ လည်း ဖြစ်ပါတယ်။
-----
ပထမ စာချုပ်အတွက် မြေငှားခအနေနဲ့ ဧက ၁၀၀ အတွက် တနှစ်ကို ဘတ် ၃၅ သိန်း၊ လုံခြုံရေး အတွက် သိန်း ၆၀၊ စုစုပေါင်း တနှစ်ကို ဘတ် ၉ သန်းခွဲ KNU က ရခဲ့တာပါ။ ဒုတိယ စာချုပ် အတွက် မြေ ၂၅ ဧကကို နှစ် ၃၀ လုပ်ခွင့်ပေးပြီး တနှစ်ကို ဘတ် ၂၅ သိန်း၊ လုံခြုံရေးအတွက် သိန်း ၆၀ ၊ စုစုပေါင်း ဘတ် ၈ သန်းခွဲကို KNU ရခဲ့တာပါ။ တတိယ စာချုပ်အတွက် မြေ ၇၆ ဧက ကို ဘတ် ၁၀ သန်း၊ လုံခြုံရေး ၁၅ သန်းကျော်၊ စုစုပေါင်း ဘတ် ၂၅ သန်းကျော် KNU က ရခဲ့ပါသတဲ့။ ဆိုတော့ စာရင်းချုပ်လိုက်ရင် ပထမ စာချုပ်အတွက် ဘတ် သိန်း ၄၇၅၀၊ ဒုတိယ စာချုပ်အတွက် ဘတ်သိန်း ၃၄၀ နဲ့ တတိယ စာချုပ်အတွက် ဘတ် ၅၁၂ သိန်း KNU က ရရှိထားတဲ့ သဘောပါ။
------
ဖြစ်နိုင်ရင်...... ကရင်လူထု တော်လှန်ရေး လို့ အကြောင်းပြပြီး ကျားဖြန့်မှာ ပါဝင်ပတ်သက်နေတဲ့ KNU အနေနဲ့ တာဝန်ယူမှု ၊ တာဝန်ခံမှု အပြည့်နဲ့ ကရင်လူထု ကို ဖွင့်ဟဝန်ခံ တောင်းပန်ဖို့ သင့်ပြီလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။
(နရီမိုး)
Crd- photo | 194 |
| 5 | ABSDF ဥက္ကဌ ရဲဘော်သံခဲ NUG ဝန်ချီးရည်မွန် နဲ့ မြေပြင်မှာ တွေ့ဆုံဆွေးနွေး
ဖေဖေါ်ဝါရီ ၂၁
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဥက္ကဌ ရဲဘော်သံခဲ နဲ့ အဖွဲ့ဟာ ကျောင်းသားတပ်မတော် ဒေသအခြေစိုက် စစ်ကြောင်းတွေဆီ သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း ABSDF က သတင်း ထုတ်ပြန်ထား ပါတယ်။
ဒါ့အပြင်NUG ကာကွယ်ရေးဝန်ကြီး ရည်မွန် အပါအဝင် မဟာမိတ် ခေါင်းဆောင်တွေ နဲ့ ဒေသခံ တွေနဲ့လည်း တွေ့ဆုံကာ ယနေ့လက်ရှိ နိုင်ငံရေး စစ်ရေး အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ ဖေါ်ပြထား ပါတယ်။
ဆွေးနွေးမှု အသေးစိတ် ကိုတော့ ထုတ်ပြန်ထားခြင်း မရှိပါ။
#သိဖို့ | 196 |
| 6 | စတာပါ တဲ့..🤔 | 230 |
| 7 | ဒါလေး သဘောကျလို့ပါ။ ပေ ၆၀ x ၈၀ လောက် ရှိမယ့်အဆောက်အဦ တောင် အပျောက်ဆိုတော့ တပ်မတော် ဒရုန်းတွေရဲ့ ဗုံးသီးတွေဟာ အတော် ဖျက်အားပြင်းတာ တွေ့ရတယ်။ သေချာတာကတော့ မီတာ ၅၀ အတွင်း အကုန်ထိ မယ့် သဘောပဲ။ ကံကောင်းကြပါစေပေါ့။ (နရီမိုး) crd video | 152 |
| 8 | Feb-21
မနေ့ညက တပ်က ဂျက်လေယာဉ်နဲ့ တိုက်ခိုက်ခဲ့တဲ့ TNLA တွေစခန်းချနေတဲ့ နောင်ချို လောက်ဖန်းရွာ။ | 164 |
| 9 | -
ကလေးမြို့နယ်၊တောင်ပိုင်းက
နွေးဥတလရဆေးရုံတပ်မတော်သိမ်းငှက်အစာကောက်၊ပစ်ချက် တိကြတယ်။
-
CDM ဝန်ထမ်း ၅ယောက်အပါအ
ဝင်၊ဆေးကုနေတဲ့ပဒတ်တွေမာလကီးယားကုန်ပြီ။ | 130 |
| 10 | ပထမအချီတွင်ပြိုင်ဘက်ခြေကန်ချက်ဖြင့် အောင်လအန်ဆန်းရှုံးနိမ့်
#crd | 121 |
| 11 | -
မြို့ပေါ်မှာ လာရောက်ပျော်ပါးနေတဲ့ PDF အကြမ်းဖက်အဖွဲ့မှ အမျိုးသမီးတစ်ဦးအား သက်ဆိုင်ရာက ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသတွင်း သတင်းများအရ သိရ
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်
ဓာတ်ပုံ... Local | 123 |
| 12 | အကြမ်းဖက်မှုတွေကို ထိုင်းနိုင်ငံအတွင်းမှာ အခြေချလုပ်ကိုင်နေတဲ့ အကြမ်းဖက်သမား ရဲမင်းရဲ့ AAC အကြမ်းဖက်ရုံးကို ထိုင်းရဲက ချိတ်ပိတ်။
မှိုင်းဝေ | 124 |
| 13 | တပ်မတော် မှ ဗန်းမော်မြို့ကို ပြန်လည်ထိန်းချုပ်၊မြို့ထဲရှိ စစ်သွေးကြွKIA/PDF အမှိုက်များကို ဆက်လက် ရှင်းလင်းနေ | 121 |
| 14 | ☸️ တွယ်တာတပ်မက်မှုကို လျှော့ချသောနည်းလမ်းများ
အမျိုးသားပဲဖြစ်စေ၊ အမျိုးသမီးပဲဖြစ်စေ၊ မိသားစုအချင်း ချင်းပဲဖြစ်စေ လူကို သိပ်ပြီး ခင်မင် တွယ်တာမှုဖြစ်နေရင်....
▫️အသုဘဘာဝနာ ပွား၍ဖြတ်ပါ။
သက်မဲ့ပစ္စည်းကို တွယ်တာမှုဖြစ်နေရင်...
▫️အနိစ္စသညာ ပွား၍ဖြတ်ပါ။
▪️ အသုဘာ ဘာဝေတဗ္ဗာ ရာဂဿ ပဟာနာယ
ရာဂစရိုက်ကို ဖယ်ရှားနိုင်ဖို့အတွက် “အသုဘ ကမ္မဋ္ဌာန်း” ကို ပွါးပါတဲ့။
အေး… လူတွေက အသုဘလို့ ဆိုလိုက်တာနဲ့တစ်ပြိုင်နက် ဟို-မသာအိမ်သွား အောက်မေ့နေတယ်နော်။ အသုဘ ဆိုတာ အသက်ရှင်နေတုန်းလည်းပဲ “အသုဘ” ၊ “အသုဘ” ဆိုတဲ့စကားလုံးက မတင့်တယ်ဘူး။ ရွံစရာကောင်းတယ်။ ဒီလိုအဓိပ္ပာယ်။
ကဲ… ကိုယ့်ကိုယ်ကို ရွံစရာကောင်း၊ မကောင်း ကိုးပေါက်ဒွါရကနေထွက်နေတာတွေကို နမ်းကြည့်ပေါ့။ အတွင်းထဲမှာ မွှေးကြိုင်နေတယ်ဆိုတာ တစ်ခုမှမရှိဘူးနော်။
လူတွေမွှေးကြိုင်တယ်ဆိုတာ ပြင်ပကခေတ္တခဏ
လိမ်းကျံထားတဲ့ အနံ့ကမွှေးတာ။ လူက မွှေးတာ မဟုတ်ဘူး။ စနိုးလိမ်းထားရင် စနိုးက၊ ပေါင်ဒါလိမ်းထားရင် ပေါင်ဒါက မွှေးတာနော်။ ရေမွှေးဆွတ်ထားရင် ရေမွှေးက မွှေးတာ။ အဲဒါကို လူကမွှေးတယ် ထင်နေကြတာ။
အဲဒီတော့ လူရဲ့ခန္ဓာကိုယ်ဟာ မွှေးတယ်၊ ကြိုင်တယ်ဆိုတာတစ်ခုမှမရှိဘူး။ ဒါစဉ်းစားဖို့ ပြောတာနော်။
ဆံပင်မွှေးညင်း၊ ခြေသည်းလက်သည်း၊ သွား၊ အရေ၊အသား၊ အကြော စတဲ့ခန္ဓာကိုယ်မှာရှိတာတွေရဲ့သဘာဝဖြစ်တဲ့ မလှပ၊ မတင့်တယ်မှုတွေကို ဆင်ခြင်စဉ်းစားပေးခြင်းအားဖြင့်ရာဂစရိုက်ကို လျှော့ချပေးလို့ရပါတယ်။
ဥပမာ ဆံပင်ကလည်း ခေါင်းပေါ်မှာတော့ လှနေတယ်လေ။ အဲဒီခေါင်းပေါ်ကဆံပင်လေးတစ်ခုဟာထမင်းပန်းကန်ထဲရောက်သွားရင် ရွံစရာကောင်းတယ်။ လူက အဲဒီကျမှ ရွံစရာကောင်းမှန်း သိတာ။
ခေါင်းပေါ်နေတုန်းကတော့ အရောင်အမျိုးမျိုးဆိုးပြီးအလှအပတွေလုပ်။ အမွှေးအကြိုင်တွေ လိမ်းဒီလိုလုပ်ကြတယ်။ အဲဒီတော့ ခေါင်းပေါ်မှာရှိတဲ့ဆံပင်နဲ့ကျွတ်လာတဲ့ ဆံပင်ဟာ အတူတူပါပဲ။ အတူတူပဲ နော်။
အဲဒီလို စဉ်းစားဆင်ခြင် တတ်လာမယ်ဆိုရင်လှတယ်၊ တင့်တယ်တယ်ဆိုတာ မရှိဘူးတဲ့။ ရွံစရာကောင်းတယ်ဆိုတာတွေ တွေ့လာမှာပဲ။ အဲဒီလို ရွံစရာကောင်းတာတွေကို တွေးပြီးတော့ ရာဂစိတ်ကို ပယ်ဖျောက်ရမယ်တဲ့။ တွယ်တာမှုကို လျှော့ချရမယ်။
ဒါက “ရာဂစရိုက်ကို ပြုပြင်တဲ့နည်းတစ်နည်း” ပေါ့နော်။
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
#ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ
🙏🙏🙏
https://t.me/Nyemoee | 137 |
| 15 | ၁၇၊ ၂၊ ၂ဝ၂၅ ၁၅ဝဝ နာရီ
ပဲခူးတိုင်းအနောက်ခြမ်း တောင်ကုတ်-ပန်းတောင်းလမ်း ပုဂံကွဲ စခန်းကျဆုံးကြောင်း သိရှိရ
ညောင်ကျိုးစခန်းသာ ကျန်ရှိနေပြီး
ပန်းတောင်းမြို့နယ် ကပစ ၅၊ ၆၊ ၉၊ ၁၆ တို့နှင့် နီးကပ်လာခြင်းဖြစ်
#HtayOung #OungMarine
#ပဲခူးတိုင်းအနောက်ခြမ်း #ပြည်ခရိုင် #ပန်းတောင်း_တောင်ကုတ်လမ်း #ညောင်ကျိုး | 121 |
| 16 | “လည်တော့လည်တယ်။ အပတ်မပြည့်ကြဘူး”
======
၁။ NUG မှာ အောင်ကျော်မိုးကို ဒုဝန်ကြီးရထူး အလကားပေးထားတာ မဟုတ်ဘဲ။ အရေး ကြုံလာရင် ဘင်္ဂလီကို အကြောင်းပြုပြီး OIC ဘက်ကနေ မြိုးမြိုးမြတ်မြတ် လေးရဖို့က ဒီတလမ်းပဲရှိတာ မဟုတ်ဘူးလား။
---
၂။ ခုလည်း အာဂျင်တီးနားဘက်က ဝရမ်းကပ်တော့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံနဲ့ နိုင်ငံတော်ရဲ့ သမ္မတ(ဟောင်း)ဆိုတဲ့သူတွေနဲ့ ပတ်သက်ပြီး NUG ဘက်က ဘာများကန့်ကွက်တာ တွေ့ရလို့လဲ။ တကယ်တော့ လူထုခေါင်းဆောင်လို့ နာမည်ခံထားတယ်ဆိုတာ သူတို့ လုပ်တဲ့ တော်လှန်ရေးအပေါ်မှာ ပြည်သူပါအောင် တံဆိပ်ကပ်ထားရုံထက် မပိုပါဘူး။ မြန်မာစကားပုံဆိုရင်တော့ မျောက်ပြပြီး ဆန်တောင်းစားတယ်လို့ပဲ ဆိုရမယ်။
-----
၃။ ပုံမှန်အတိုင်းဆိုရင်တော့….ဒေါ်စုလည်း အကြမ်းဖက်လမ်းစဉ်ကိုထောက်ခံတဲ့သူ တော့ မဟုတ်ဘူး။ ခု NUG ခေါင်းဆောင်တွေ၊ NLD ရဲ့ CEC တချို့ကိုယ်တိုင် လက်နက်ကိုင် လမ်းစဉ်လိုက်ပြီး အကြမ်းဖက် လူသတ်နေတဲ့အပေါ်မှာ ဒေါ်စုအနေနဲ့ရော လက်သင့်ခံ မယ်ထင်လို့လား။ ထင်တယ်လို့ ယူဆရင်…ဒေါ်စုက ဒီအကြမ်းဖက်လုပ်ငန်းစဉ်ကို တာဝန် ခံပေးရမလို့ ဖြစ်သွားမှာပေါ့။ သူလည်း အရူးမှမဟုတ်ဘဲ။
----
၄။ အစကတည်းကပြောခဲ့တယ်။ NUG ဆိုတာ ဒေါ်စု ပြန်လွတ်လာမှာကို အကြောက် ဆုံးပဲ။ ခုလည်း တော်လှန်ရေး ဘမ်းပြပြီး အလှူငွေတွေနဲ့ ကြီးပွားနေသလို တတိယနိုင်ငံ မျှော်လင့်ချက်အိမ်မက်တွေ ပျက်လုလုဆဲ ဖြစ်တဲ့အခါရောက်မှ အရူးချီးပန်းနဲ့ ဘင်္ဂလီဘက်လှည့် လာတာ သိပ်တော့မထူးဆန်းပါဘူး။ ရွေးကောက်ပွဲလည်း နီးပြီ မဟုတ်လား။ ဒေါ်စု မွေးနေ့ နား နီးရင်တော့ ဟက်ပီဘက်ဒေး အမေစု ဆိုပြီး အော်ကြဦး မှာပါ။ ဒါပေမယ့် ပြန်တော့ လွတ်စေချင်ပုံ မပေါ်ဘူး။
----
၅။ ခုလည်း ဒေါ်စု ဝရမ်းအကပ်ခံရတဲ့အပေါ်မှာ ဘယ်ဒူးမနာသားတွေက ကန့်ကွက်တာ မြင်ရလို့လဲ။
(နရီမိုး) | 127 |
| 17 | Нет текста... | 128 |
| 18 | Su-30SM နဲ့ MiG-29 တိုက်လေယာဉ်တွေမှာ တူညီတဲ့
အချက်နှစ်ချက်ကတော့ ဒီ လေယာဉ် နှစ်မျိုးစလုံးဟာ
Multirole fighter လို့ ခေါ်တဲ့ ဘက်စုံသုံး တိုက်လေယာဉ်တွေ ဖြစ်တယ်။
Air superiority fighter လေကြောင်းစိုးမိုးမှု အကဲသာ
ရေး တိုက်လေယာဉ်တွေ ဖြစ်တယ်။
Multirole fighter ဆိုတာက မိမိနိုင်ငံ ဝေဟင်ပိုင်နက်ကို
ကျူးကျော်ဝင်ရောက်လာတဲ့ အခြားနိုင်ငံ တိုက်လေယာဉ် တွေကို ကြားဖြတ် တိုက်ခိုက်ခြင်း၊ လိုအပ်ပါက ရေပြင် မြေပြင် ပစ်မှတ်များကို ဗုံးတွေဒုံးတွေနဲ့ တိုက်ခိုက်ချေမှုန်း
ခြင်း စတဲ့ ဘက်စုံ တိုက်ခိုက်ရေး တိုက်လေယာဉ်တွေပဲ
ဖြစ်ပါတယ်။
ဒါပေမယ့် Su-30SM နဲ့ MiG-29 တိုက်လေယာဉ်တွေရဲ့
အဓိက တာဝန်က Air superiority မိမိနိုင်ငံ ဝေဟင် ပိုင်နက်ကို ထိန်းချုပ် စိုးမိုး အနိုင်ယူရေး တာဝန်သာ
ဖြစ်ပါတယ်။
ဒီနေရာမှာ Su-30SM တိုက်လေယာဉ်ရဲ့ သာလွန်တဲ့ အချက်ကတော့ Supermaneuverability လို့ ခေါ်တဲ့
ရန်သူ့လေယာဉ်နဲ့ အနီးကပ် စီးချင်းထိုး dogfight တိုက်ခိုက်မှု အတွက် စစ်ကစားနိုင်စွမ်း သာလွန်မှုပဲ ဖြစ်ပါတယ်။
အဓိက ပြောချင်တာက Su-30SM တိုက်လေယာဉ်
အမျိုးအစားဟာ ရုရှားလေတပ်ရဲ့ စိတ်ကြိုက် မွမ်းမံ ထားတဲ့ ပင်မတိုက်ပွဲဝင် တိုက်လေယာဉ် ဖြစ်တယ်။
မြန်မာကို ရောင်းပေးဖို့ သဘောတူညီမှုရရှိခဲ့တာကတော့ Su-30SM ရဲ့ အိတ်စ်ပို့ ဗားရှင်း Su-30SME ဖြစ်ဖို့ များပါတယ်။ ဒါကြောင့် Su-30SMတိုက်လေယာဉ်တွေ
ဟာ နိုင်ငံတကာအဆင့်မီ အဆင့်မြင့် ဖိုက်တာတွေ ဖြစ်တယ်။
Su-30SM တိုက်လေယာဉ်ရဲ့ ဆီစားနှုန်းက တစ်ဂါလံကို
တစ်မိုင်ခွဲလောက်ပဲ မောင်းနှင်နိုင်တယ်။ ဆီစားနှုန်းက အလွန်မြင့်လွန်းတယ်။ တပ်ဆင်ထားတဲ့ လက်နက်တွေ
ကလည်း Kh-59MK2 လို stealth နည်းပညာသုံး
ဝေဟင်မှ မြေပြင်ပစ် TV-guided အဆင့်မြင့် ခရုဇ် မစ်ဇိုင်းတွေ အပါအဝင် တန်ဘိုးကြီး ဗုံးတွေဒုံးတွေ
တပ်ဆင်ထားတယ်။ တပ်ဆင်ထားတဲ့ လက်နက်၈တန်
ရဲ့ တန်ဘိုးက ဒေါ်လာသန်းချီပြီး တန်တယ်။ ပြည်တွင်း
သူပုန်တွေ EAOs တွေကို တိုက်ခိုက်ရမှာ ကုန်ကျစရိတ်နဲ့
မတန်ပါဘူး။
Kh-59MK2 ခရုဇ်မစ်ဇိုင်းဟာ Su-30SM တိုက်လေ ယာဉ်ပေါ်က ပစ်ခတ်ရင် မိုင်၁၈၀လောက်အထိ ရောက်အောင် ပစ်ခတ်နိုင်တယ်။ အကယ်၍သာ Kh-59MK2 ခရုဇ်မစ်ဇိုင်းကို အသုံးပြုပြီး နေပြည်တော်
ကောင်းကင်ယံမှ မန္တလေးမြို့ အနီးက ပစ်မှတ်ကို
"fire and forget" ပစ်ခတ်ပြီး လှည့်မကြည့်စတမ်း
သာသာယာယာ ပစ်ခတ်နိုင်တယ်။
(ဆိုလိုတာက Su-30SM တိုက်လေယာဉ်သုံးပြီး တိုက်ခိုက်ခဲ့တယ် ဆိုရင်တော့ ရန်သူတွေအနေနဲ့
သေ သာ သေ သွား မယ်။
ဘာ ဖြစ် လို့ ငါ သေ သွား တယ်
ဆို တာ လေး တောင် မှ
မ သိ လိုက် ရ တဲ့ ဘ ဝ
အ ခြေ ဆိုက် သွား နိုင် ကြောင်း ပါ ခင် ဗျ။ )
သို့ သော် လည်း ပေါ့ လေ။
ဒါတွေက အကျိုးအကြောင်း ဖော်ပြတာမျှသာပါ။
#Yang Aung | 135 |
| 19 | မစ်-၂၉ တိုက်လေယာဉ်တွေရဲ့ အမြင့်ဆုံး မြန်နှုန်းဟာ
Mach 2.3 ရှိတယ်။ အနီးကပ်ဆုံး မှတ်ရလွယ်အောင် ပြောရရင် တစ်နာရီ မိုင်၁၅၀၀နှုန်းနဲ့ ပျံသန်းနိုင်တယ်။
ရန်ကုန် မြစ်ကြီးနား Air Distance ၅၈၈ မိုင် ခရီးကို
၂၄မိနစ်နဲ့ အရောက် ပျံသန်း နိုင်တယ်။
ရန်ကုန် မန္တလေး မိုင်၃၃၀ ခရီးကို ၁၃မိနစ် ထဲနဲ့
ရောက်နိုင်တယ်။
ရန်ကုန် နေပြည်တော် မိုင်၂၀၀ကို ၈မိနစ်ပဲ ကြာမယ်။
ရန်ကုန် မြဝတီ မဲဆောက် နယ်စပ် မိုင်၁၆၀ ခရီးကို
၆မိနစ်သာ ပျံသန်းတာနဲ့ ရောက်တယ်။
မစ် - ၂၉ ရဲ့ အမြင့်ဆုံး တစ်စက္ကန့် ပျံသန်းနှုန်းက
၀.၄၁၆ မိုင် ရှိတယ်။ ဆိုလိုတာက ၄မိုင်ကို ၁၀စက္ကန့်
နဲ့ အရောက် ခရီးပေါက်တယ်။
မြန်မာနယ်စပ်အနီး ပျံသန်းနေတဲ့ မစ်-၂၉ ဖိုက်တာဟာ
၁၀စက္ကန့် လောက် ခရီးတာ တိမ်းစောင်းသွားတာနဲ့
တပြိုင်နက် ယိုးဒယား ဝေဟင်ပိုင်နက်ကို ကျွံ ဝင်သွားဖို့
အသေအချာပါဘဲ။
ကျွမ်းကျင် လေယာဉ်မှူးတွေ အနေနဲ့ ခေတ်မီရေဒါတွေ
တပ်ဆင်ထားတဲ့ တိုက်လေယာဉ် တစ်စင်းမှာ မြေပုံညွှန်း
လွဲမှားပြီး ဝင်စရာ အကြောင်းမရှိ။ ချော်လဲ ရောထိုင်ရင်း
လုပ်စရာရှိတာ ပြီးပြတ်အောင် လုပ်ခဲ့လိုက်တာများ ဖြစ်နေမလားပဲဗျ။ 😁
ဒါတောင်မှ သူ့မှာရှိတဲ့ ဝရဇိန်လက်နက်တွေ အကုန်
ထုတ်သုံးခဲ့ပုံ မရဘူး။
MiG-29SM ( Upgraded Version)တွေမှာ တပ်ဆင်ထားတဲ့ လက်နက်တွေထဲက ရန်သူ့ လက်နက်
စက်ရုံတွေကို တိုက်ခိုက်ရေးအတွက် အင်မတန်သင့်တော်
တဲ့ လက်နက်တစ်ခုအဖြစ် ရုရှားမိတ် Kh-29TE ဝေဟင်မှ
မြေပြင်ပစ် မစ်ဇိုင်း (Extended range air-to-surface missile) ကို ရွေးချယ်နိုင်ပါတယ်။
Kh-29TE မစ်ဇိုင်းကို မစ် ၂၉ တိုက်လေယာဉ်မှ မိုင်၂၀ နီးပါးကွာဝေးတဲ့ ပစ်မှတ်ကို တိကျစွာ ထိမှန်အောင် ပစ်ခတ်နိုင်စွမ်း ရှိပါတယ်။ Kh-29TE မစ်ဇိုင်းဟာ passive TV guidance system ပဲ့ထိန်းဒုံး ဖြစ်တာ ကြောင့် fire-and-forget concept ( စတင်ပစ်ခတ် ပြီးချိန်မှ ပစ်မှတ်ကို ထိမှန်သည်ထိ လှည့်ကြည့်နေစရာ မလိုတဲ့) Precision Guide missile လို့ ဆိုရမှာပါ။
ဒါ့အပြင် MiG-29SM ( Upgraded Version) တွေမှာ
တပ်ဆင်ထားတဲ့ ရုရှားမိတ် KAB-500Kr ပဲ့ထိန်းဗုံး Guided bomb တွေဟာလည်းပဲ electro-optical (EO) correlation TV seeker လမ်းညွှန်စနစ် တပ်ဆင်ထား တာကြောင့် fire-and-forget (စတင်ပစ်ခတ်ပြီးချိန်မှ ပစ်မှတ်ကိုထိမှန်သည်ထိ လှည့်ကြည့်နေစရာ မလိုပဲ) ပစ်မှတ်ကို တိကျစွာ ထိမှန်အောင် ပစ်ခတ်နိုင်စွမ်း ရှိပါတယ်။
KAB-500Kr ပဲ့ထိန်းဗုံးကို MiG-29SM တိုက်လေယာဉ်ဟာ ဝေဟင်မှာ ပျံသန်းရင်း
၁၀မိုင်အကွာမှ ပစ်မှတ်ကို တိကျစွာ ထိမှန်အောင်
ပစ်ခတ်နိုင်စွမ်းရှိတဲ့အပြင် ဗုံးဟာ ပေါင်၁၁၀၀ကျော် ရှိပြီး
ဖျက်အားပြင်း HE ထိပ်ဖူးကို တပ်ဆင်ထားတာကြောင့်
ရန်သူ့ လက်နက်စက်ရုံတွေ ဂိုဒေါင်တွေကိုပါ ပြင်းထန်စွာ
ဖျက်ဆီးပစ်နိုင်ပါတယ်။
နောက်တခုက Yak- 130...
Yak- 130 ဟာ Advanced trainer
အပေါ့စား တိုက်လေယာဉ်ဆိုပေမယ်လို့
စတုတ္ထမျိုးဆက်လွန် တိုက်လေယာဉ်များမှာ တပ်ဆင်ထားတဲ့ Avionics အီလက်ထရောနစ် စနစ်များကို တပ်ဆင်ထားပြီး GPS လမ်းညွှန်
အပူပုံရိပ်ရှာ ကင်မရာလမ်းညွှန် နဲ့ လေဆာလမ်းညွှန်
အစရှိတဲ့ တိကျပဲ့ထိန်းလက်နက်များကို တပ်ဆင်ထား
နိုင်သောကြောင့် စတုတ္ထမျိုးဆက်လွန် လေယာဉ်များ သာမက ပဉ္စမမျိုးဆက် ကိုယ်ပျောက်တိုက်လေယာဉ်များ ကိုပါ လေ့ကျင့်ရေးအတွက် အထောက်အပံ့ပေးနိုင်ပါတယ်။
လေ့ကျင့်ရေးအပြင် အနီးကပ်ပစ်ကူပေးခြင်း(CAS)
ပိုင်းဖြတ်တိုက်ခိုက်ခြင်း(IDS) တာဝန်များကိုပါ
ထမ်းဆောင်နိုင်တယ်လို့ ဆိုပါတယ်။
Yak-130 တိုက်လေယာဉ်တွေဟာ KAB-500Kr ဖျက်အားပြင်း ပဲ့ထိန်းဗုံးကို တပ်ဆင် တိုက်ခိုက်နိုင်ပြီး ဝေဟင်မှ၆မိုင်ခန့်အကွာအဝေးရှိ မြေပြင်ပစ်မှတ်ကို တိကျစွာ ထိမှန်အောင် ပစ်ခတ်နိုင်စွမ်းရှိတဲ့ Kh-25 ML လေဆာပဲ့ထိန်းဒုံးတွေကို တပ်ဆင်ထားပါတယ်။
ဒီထက် အားသာချက်က...
Night vision goggles compatible
ဖြစ်တာကြောင့် ညအချိန်မှာ ရန်သူ့လက်နက်စက်ရုံ ဂိုဒေါင် စတာတွေကို အငိုက်ဖမ်းပြီး ချေမှုန်းပစ်နိုင်တဲ့ အချက်ပါဘဲ။
Su-30SM ဖိုက် တာ ....
Su-30SM တိုက်လေယာဉ်ဆိုတာ မြန်မာ့သမိုင်းမှာ တစ်ကြိမ်တစ်ခါမှ မရှိခဲ့ဘူးသေးတဲ့ အင်မတန် လေးလံ
ကြီးမားလှတဲ့ Heavy Weight Fighter အမျိုးအစား
တိုက်လေယာဉ်ကြီးတွေ ဖြစ်တယ်။
ဥပမာ - အရင်ကတည်းကရှိပြီးသား ရုရှားမိတ် MiG-29
တိုက်လေယာဉ်နဲ့ တောင် နှိုင်းယှဉ် ကြည့်ပါ။
Su-30SM ရဲ့ အလေးချိန်က ၁၈တန် နီးပါးရှိတယ်။ MiG-29 ရဲ့ အလေးချိန်က ၁၁တန်ပဲ ရှိတယ်။
Su-30SM က ဗုံးတွေ ဒုံးတွေ ၈တန်ထိ သယ်ဆောင် နိုင်စွမ်း ရှိတယ်။
MiG-29 က ဗုံးတွေ ဒုံးတွေ ၄တန်ထိပဲ သယ်ဆောင် နိုင်စွမ်း ရှိတယ်။
Su-30SM က လေယာဉ်ဆီ ဂါလံ၃၁၀၀ အပါအဝင် တန်ချိန် ၃၄တန် အလေးချိန်နဲ့ ပျံတက်နိုင်တယ်။
MiG-29 က ၁၈တန်နဲ့ သာ ပျံတက်နိုင်တယ်။
Su-30SM ရဲ့ တိုက်ပွဲဝင်နိုင်တဲ့ combat radius က
မိုင်၉၀၀ကျော် အထိ ရှိတယ်။
MiG-29 ရဲ့ combat radius က မိုင်၄၅၀ မပြည့်ဘူး။ | 130 |
| 20 | လက်ရှိ မြင်နေရတဲ့ တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း ဘာလို့ နယ်မြေလု စစ်ပွဲ ဖြစ်နေသလဲ လို့ မေးရင်….စစ်ပွဲအရပဲ ဖြစ်ဖြစ် ဒီဒေသမှာ အားကြီးတဲ့သူက အုပ်ချုပ်လို့ ရတယ်ဆိုတဲ့ Might is Right အယူအဆကို ကိုင်စွဲ ထားကြလို့ပဲ။
----
ဆိုပါစို့။ လက်ရှိ သီပေါကို TNLA က ယာယီသိမ်းပိုက်ထားပေမယ့် လူထု ဆန္ဒ မပါဘူး။ ဒီမြို့မှာ လူမျိုးစုံ နေထိုင်ကြတဲ့အလျောက် ရှမ်းလူထုကအများဆုံးရှိသလို သမိုင်းအမွေအနှစ်အရလည်း ရှမ်းခေါင်းဆောင်၊ ရှမ်းစော် ဘွားက အုပ်ချုပ်ခဲ့တဲ့ နယ်မြေတစ်ခုဖြစ်တယ်။ ဒါကို ခုမှ အရှင်မွေးလို့ ညချင်း ကြီးလာတဲ့ ဘိန်းစား ပလောင်က (တကယ်ဆို ပလောင် က ဓားပြသာသာ လက်နက်ကိုင်အဆင့်) မြို့အဝင် မုခ်ဦးတွေကို ဟိုပြောင်း၊ ဒီပြောင်းလုပ်တာ ဘယ်လူထုက လက်ခံမှာလဲ။ နောက် ဟိုပန်ဒေသမှာ မြေရှင်ပိုင်ရှင်ရှိပါရက်နဲ့ သင့်လျော်တဲ့ လျော်ကြေးမပေးဘဲ အဆောက်အဦ ဆောက်ဖို့ အပင်တွေ ခုတ်ပြီး ကျူးကျော်တဲ့ “ဝ”ရဲ့လုပ်ရပ်က လည်း အတော်လေးရှက်စရာ ကောင်း တယ်။ အကုန်လုံးကို ခြုံကြည့်လိုက်ရင် ဒီလက်နက်ကိုင်တွေဟာ လက်နက်ကိုင်ထားကြ လို့သာ ။ တကယ်က လူမျိုးကိုလည်း ကိုယ်စားမပြုဘူး။ ဒေသခံတွေကိုလည်း ကိုယ်စား မပြုတာမျိုးတွေ့ရလိမ့်မယ်။
-----
နောက်ထပ် ဥပမာ တစ်ခုပြရရင်…လက်ရှိ ချင်းပြည်နယ်မှာ ချင်းလူမျိုးချင်း တူပါရက်နဲ့ ဘာလို့ လူမျိုးစု အချင်းချင်းကြားမှာ စစ်ပွဲတွေဖြစ်နေတာလဲလို့ မေးရင်…တစ်ခွန်းတည်း သော အဖြေက ချင်းပြည်နယ်လို့သာ သတ်မှတ်ထားပေ မယ့် တပြည်လုံးအတိုင်းအတာနဲ့ ချင်းအမျိုးသားရေး လက္ခာဏာ မရှိလို့ပဲ လို့ ဖြေရမယ်။ ဒါ့ကြောင့်လည်း မြန်မာနိုင်ငံ လွတ်လပ်ရေးရခါနီး မှာ ချင်းဟာ ပြည်နယ်အဆင့်မဆိုထားနဲ့။ ချင်းတောင်ပေါ်ရွာလေး တွေ အဖြစ်နဲ့ တကွဲ တပြားရှိခဲ့နေကြလို့ ချင်းဝိသေသတိုင်းအဖြစ်နဲ့ သာ ဖွဲ့ဖို့ စုံစမ်းရေး ကော်မရှင်နာတွေက အကြံပြုခဲ့ကြတာ။
-----
နောက်ဆုံးတချက် ပြဿနာကတော့ ခေတ်နဲ့အညီ တိုးတက်လာတဲ့ ခေတ်မှာ တိုင်းရင်း သားတွေရဲ့ အခွင့်အရေးတောင်းဆိုမှုတွေကို မြန်မာနိုင်ငံရဲ့ Geopolitics ဆိုတဲ့ တည်နေ ရာပေါ် အင်အားကြီး နိုင်ငံအချို့ရဲ့ နိုင်ငံရေးအရ ထိုးနှက်မှုအရာတွေကပါ ရောယှက် နေကြတာပါ။ မြင်သာအောင်ပြောရရင်….ပလောင်လူမျိုးတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဟာ ပလောင်လူမျိုးစု အများဆုံးနေထိုင်တဲ့ နယ်နိမိတ်အတွင်းပဲရှိရမယ် မဟုတ် ဘူးလား။ ကိုယ့်လူမျိုးတွေ နေတဲ့ဒေသရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ဥပဒေပြုရေး အခန်းကဏ္ဍကိုပဲ ဗဟိုပြည်ထောင်စုကနေ ဘယ်လောက်အတိုင်းအတာအထိ လွတ်လပ် ခွင့် ပြုပေးမလဲ ဆိုတာကိုပဲ တောင်းဆိုကြရမှာမဟုတ်ဘူးလား။ ဒါတောင် ကိုယ့် လူမျိုးနေတဲ့ နေရာမှာ သယံဇာတ မရှိတဲ့ နေရာမျိုးဆိုရင်ဗဟိုက ဘဏ္ဍာရေးထောက်ပံ့ တာ ယူရမယ်။ သယံဇာတရှိရင် ဗဟိုနဲ့ ဘယ်လို အချိုးအစားခွဲဝေယူကြမယ်ဆိုတဲ့ ပုံစံ မျိုးနဲ့ပဲ သွားကြရမယ်မဟုတ်ဘူးလား။
----
သို့သော် ခုန ဆိုခဲ့သလို Geopolitics နဲ့ ရောသွားတဲ့အခါ….ကူမင်းကနေ ကျောက်ဖြူ ကိုသွား မယ့် စီမံကိန်းကို မြင်တော့ ဒီပြည်ထောင်စုလမ်းမပေါ်က မြို့ရွာတွေ သိမ်းပိုက် နိုင်ရင်…ဗဟိုပြည်ထောင်စုဆီကနေ ကုန်သွယ်ဝေစု ရမယ်ဆိုတဲ့ အမြင်မျိုးရှိလာ ခဲ့ကြ တယ်။ ဒါပေမယ့်သေချာတာကတော့ လူမျိုးကိုလည်း ကိုယ်စားမပြုသလို ဒေသခံတွေ ကိုလည်း ကိုယ်စားမပြုတဲ့ ဘယ်နက်ကိုင်တွေမှ လက်ရှိသိမ်းထားတဲ့ နယ်မြေတွေဟာ ပိုင်ဆိုင်ခွင့်မရှိဘူးလို့ပဲ ဆိုရမယ်။ တကယ်လို့ လက်နက်ကိုင်ပြီး နယ်မြေချဲ့တဲ့ ယဉ်ကျေးမှု ကို ဒီလိုသာ ဆက်ပြီးထိန်းသိမ်းနေဦးမယ်ဆိုရင်….လူမျိုးစု အချင်းချင်းကြားမှာ လည်း ဆက်ပြီး အမုန်းပွားကြလိမ့်မယ်။ တစ်ခါ…ပညာတတ် အမြင်ကျယ်တဲ့ ခေတ်တခေတ် သို့မဟုတ် မျိုးဆက်တစ်ခုရောက်လာခဲ့ရင်တော့…ဒီစနစ်က အလုပ်မဖြစ်ဘဲ သူ့အလိုလို ပြိုကွဲသွားလိမ့်မယ်။
(နရီမိုး) | 142 |
