ru
Feedback
Pakokku city & University News

Pakokku city & University News

Открыть в Telegram
704
Подписчики
-124 часа
-47 дней
-1630 дней

Загрузка данных...

Облако тегов
Нет данных
Возникли проблемы? Пожалуйста, обновите страницу или обратитесь к нашему support-менеджеру .
Входящие и исходящие упоминания
---
---
---
---
---
---
Привлечение подписчиков
сентябрь '26
сентябрь '26
+5
в 0 каналах
август '26
+16
в 0 каналах
Get PRO
июль '26
+9
в 0 каналах
Get PRO
июнь '26
+13
в 0 каналах
Get PRO
май '26
+22
в 0 каналах
Get PRO
апрель '26
+13
в 0 каналах
Get PRO
март '26
+13
в 0 каналах
Get PRO
февраль '26
+5
в 0 каналах
Get PRO
январь '26
+7
в 0 каналах
Get PRO
декабрь '25
+20
в 1 каналах
Get PRO
ноябрь '25
+13
в 0 каналах
Get PRO
октябрь '25
+10
в 0 каналах
Get PRO
сентябрь '25
+3
в 0 каналах
Get PRO
август '25
+7
в 0 каналах
Get PRO
июль '25
+2
в 0 каналах
Get PRO
июнь '25
+10
в 0 каналах
Get PRO
май '25
+12
в 0 каналах
Get PRO
апрель '25
+16
в 0 каналах
Get PRO
март '25
+58
в 0 каналах
Get PRO
февраль '25
+18
в 0 каналах
Get PRO
январь '25
+42
в 0 каналах
Get PRO
декабрь '24
+130
в 0 каналах
Get PRO
ноябрь '24
+38
в 0 каналах
Get PRO
октябрь '24
+57
в 0 каналах
Get PRO
сентябрь '24
+15
в 0 каналах
Get PRO
август '24
+46
в 0 каналах
Get PRO
июль '24
+64
в 0 каналах
Get PRO
июнь '24
+67
в 0 каналах
Get PRO
май '24
+72
в 0 каналах
Get PRO
апрель '24
+106
в 0 каналах
Get PRO
март '24
+135
в 0 каналах
Get PRO
февраль '24
+120
в 0 каналах
Get PRO
январь '24
+114
в 0 каналах
Get PRO
декабрь '23
+42
в 0 каналах
Get PRO
ноябрь '23
+823
в 0 каналах
Дата
Привлечение подписчиков
Упоминания
Каналы
05 сентября0
04 сентября+1
03 сентября+3
02 сентября0
01 сентября+1
Посты канала
ရွှေကူမြို့မှ ဗန်းမော်မြို့သို့ ထွက်ခွာလာသော စစ်သင်္ဘောအုပ်စုမှ စစ်သင်္ဘော ၂ စီး ကမ်းကပ်ပြီး စစ်သားနှင့်မိသားစုဝင် ၁၀၀ ကျော် အလံဖြူထောင် အညံ့ခံ (ရုပ်/သံ) ရန်ကုန်၊ စက်တင်ဘာ ၂ ကချင်ပြည်နယ်၊ ရွှေကူမြို့မှ ဗန်းမော်မြို့သို့ စစ်အင်အား၊ လက်နက်ခဲယမ်းနှင့် ရိက္ခာများ ဖြည့်တင်းရန် ဆန်တက်လာသော အကြမ်းဖက်စစ်တပ်၏ စစ်ရေ ယာဉ်အုပ်စုကို KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက လမ်းတစ်လျှောက် တောက် လျှောက်တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘော ၃ စီး ထိခိုက်ပျက်စီးသွားပြီး ကျန်သင်္ဘော ၂ စီးမှာ ကမ်းဘေးသို့ကပ်ကာ စစ်သားနှင့်မိသားစုဝင် ၁၀၀ ကျော်အလံဖြူထောင်အညံ့ခံလိုက်ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၄ နာရီ ၂၀ မိနစ်ခန့်တွင် တပ်မ ၃၃ ဒုတပ်မမှူး ဦးစီးသော အကြမ်းဖက်စစ်တပ်၏ စစ်ရေယာဉ်အုပ်စုသည် ရွှေကူမြို့မှ ဗန်းမော်မြို့သို့ ဦးတည်၍ စတင်ထွက်ခွာလာခြင်းဖြစ်ကြောင်း သိရသည်။ ယင်းစစ်ရေယာဉ်အုပ်စုသည် ဗန်းမော်မြို့တွင် ပိတ်မိနေသော အကြမ်းဖက်စစ်တပ်အတွက် စစ်အင်အား၊ လက်နက်ခဲယမ်းနှင့် ရိက္ခာများ ဖြည့်တင်းရန် ဆန်တက်လာခြင်းဖြစ်ပြီး KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ရွှေကူမှစတင်၍ လမ်းတစ်လျှောက် စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုသည်။ ရွှေကူမြို့နယ်၊ ဇင်းဘုံကျေးရွာအနီးသို့ ရောက်ရှိချိန်တွင် KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များ၏ ပြင်းထန်သော တိုက်ခိုက်မှုကို ခံခဲ့ရပြီး စစ်သင်္ဘော ၁ စီးမှာ စစ်သားများနှင့်အတူ နစ်မြှုပ်သွားခဲ့ကြောင်း သိရသည်။ ထို့နောက် စင်းခန်းဒေသအနီးတွင်လည်း စစ်ရေယာဉ်အုပ်စုကို ပူးပေါင်းတပ်ဖွဲ့များက ဆက်လက်တိုက် ခိုက်ခဲ့ရာ နောက်ထပ် စစ်သင်္ဘော ၁ စီး ထိခိုက်ပျက်စီးခဲ့ပြီး အခြားစစ်သင်္ဘော ၁ စီးမှာ မီးလောင်ပျက် စီးခဲ့ကြောင်း သိရသည်။ တော်လှန်ရေးတပ်များ၏ တိုက်ခိုက်ခံရမှုများအတွင်း စစ်သင်္ဘောပေါ်ပါ စစ် သားအချို့မှာ ရေယာဉ်များပျက်စီးသွားပြီးနောက် ဧရာဝတီမြစ်အတွင်းသို့ ခုန်ချကာ ရေကူး၍ ထွက်ပြေးရန် ကြိုးပမ်းခဲ့ကြကြောင်း သိရှိရသည်။ KIA ဦးဆောင်သော တော်လှန်ရေး ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုများကြောင့် ရှေ့ဆက်မသွားနိုင်တော့သော စစ်သင်္ဘော ၂ စီးမှာ မြစ်ကမ်းဘေးသို့ ကပ်ရပ်ကာ အလံဖြူထောင်လိုက်ကြောင်း သိရ သည်။ "ရှေ့ဆုံးက စစ်သင်္ဘောပေါ့။ တိုက်သင်္ဘောပေါ့။ အမြှောက်တွေ ပါတယ်။ အဲဒါက အကြီးဆုံး။ အဲဒီကောင်က ရေထဲကို လုံး၀မြုပ်သွားတယ်။ ပြီးတော့ နောက်သင်္ဘော ၁စီးက လုံး၀ မီးလောင်သွားတယ်။ အဲဒီသင်္ဘောက စစ်သားတွေက ရေထဲခုန်ချတယ်။ ပီပါပုံးတွေကို ဖက်ပြီး စစ်သားတွေ မျောလာတယ်။ တချို့စစ်သားတွေ ဂါလံပုံးတွေကို ဖက်ပြီး မျောလာတယ်။ နောက် ၁စီးက အင်ဂျင်ပိုင်း ပျက်စီးပြီးတော့ စင်းခန်း တံတားအောက်မှာ ပျက်နေတာ။အဲဒီအစီးပေါ်က အယောက် ၁၀၀ ကျော်ကတော့ အလင်းဝင်လာတယ်။ ဒီမနက် ကျနော်တို့ တိုက်ိခုက်ပျက်စီးတာက ၄ စီးရှိသွားပြီ။ အဲဒီမှာ ၁ စီးက မြုပ်သွားတာ။ နောက် ၁ စီးက တစ်ဝက်မြုပ် တစ်ဝက်ပေါ်နေတယ်။ နောက် ၁ စီးက စင်းခန်းတံတားအောက် မှာရှိတယ်" ဟု KIA စစ်ရေး သတင်းရင်းမြစ်က အခြေအနေကို အသေးစိတ်ရှင်းပြသည်။ လတ်လော အလံဖြူထောင်သော စစ်သင်္ဘောများပေါ်မှ အလင်းဝင်သူ စစ်သား စုစုပေါင်း ၁၀၀ ကျော်ရှိကြောင်း သိရှိရသည်။ ယနေ့ စက်တင်ဘာလ ၂ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်ကလည်း တိုက်ပွဲဖြစ်ပွားနေသည့် မြစ် ကြောင်းတစ်လျှောက် လေကြောင်းမှ တိုက်လေယာဉ်အစီး ၂၀ ကျော်ဖြင့် တောက်လျှောက် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း သိရသည်။ အဆိုပါ စစ်ရေယာဉ်အုပ်စုမှာ မန္တလေးဘက်မှ ဆန်တက်လာခြင်းဖြစ်ပြီး ဩဂုတ်လ ၂၇ ရက်နေ့တွင် ရွှေကူမြို့သို့ ရောက်ရှိခဲ့ကာ ရက်အနည်းငယ် ရပ်နားပြီးနောက် ယနေ့ နံနက်ပိုင်းတွင် ဗန်းမော်မြို့ဘက်သို့ ဆက်လက်ဆန်တက်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ ဗန်းမော်မြို့သို့ ရောက်ရှိနိုင်ရေးအတွက် စစ်တပ်က ဧရာဝတီမြစ်ကြောင်းကို အသုံးပြု၍ စစ်အင်အားနှင့် ရိက္ခာများ ပို့ဆောင်ရန် ကြိုးပမ်းနေသော်လည်း KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက မြစ် ကြောင်း တစ်လျှောက် တောက်လျှောက် စောင့်ကြိုတိုက်ခိုက်နေသဖြင့် စစ်ရေယာဉ်အုပ်စုမှာ အထိ နာ မှုများနှင့် ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း KIA စစ်ရေး သတင်းရင်းမြစ်နှင့်တော်လှန်ရေးသတင်းရင်းမြစ်ထံမှ သိရှိရသည်။

2
၂၀၂၆ရောက်တော့ အခြေအနေကပြောင်းသွားပြီ။ တိုက်ပွဲသတင်းတွေနဲ့ ပက်သက်ရင် ဒီဘက်က လိုင်းပေါ်မှာ သိပ်မပြောတော့ဘူး။သတင်းဌာနတွေက အတင်းလိုက်လို့သာ သိရတာ။ဘာလို့လဲဆို လိုင်းပေါ်ကတိုက်နေလို့ မပြီးဘူး။စကစက အခုဝါဒဖြန့်ဖို့ လိုင်းပေါ်မှာ အကောင့်တုပေါင်းများစွာနဲ့ လုပ်ထားတယ်။တကယ့်အစစ်အမှန်ကို လိုင်းပေါ်ကသိဖို့ မလွယ်တော့ဘူး။မြေပြင်လူတွေက ပိုသိတယ်။မြေပြင်မှာ ဘယ်ကောင်တွေရှုံးနေတာလဲ မြေပြင်ကလူတွေသိတယ်🙂
256
3
အမှတ်မရှိတဲ့ ဒီလူမျိုးတွေအကြောင်း သာကူးအနုပညာရှင်တွေကသိတယ်🙂 Boycottကို ဟိုအဘွားကြီးကလှန်ပြနေကြတယ် မြင်ကြလား🙂
237
4
အပြောတွေမလိုဘူး အလုပ်နဲ့သက်သေပြဖို့လိုနေပြီ သားကြီးတို့ကျုံး🙂
525
5
အမြင့်ပျံမဲ့ငှက်တွေပါအမေရယ် အတောင်ပံတွေရိုက်ချိုးခံရတဲ့ အဖြစ်တွေပါ
အမြင့်ပျံမဲ့ငှက်တွေပါအမေရယ် အတောင်ပံတွေရိုက်ချိုးခံရတဲ့ အဖြစ်တွေပါ
530
6
မြန်မာနိုင်ငံတစ်ဝန်း မြစ်ရေကြီးမှုအန္တရာယ် မြင့်တက်နေပြီး မြစ်ငယ်၊ မင်းကင်း၊ မုံရွာ၊ ဘားအံနှင့် မဒေါက်မြို့တို့တွင် စိုးရိမ်ရေမှတ်ကျော်လွန်၊ ပခုက္ကူနှင့် ညောင်ဦးအပါအဝင် မြို့များတွင်လည်း ရေကြီးနိုင်ဟု သတိပေး ရန်ကုန်၊ ဩဂုတ် ၉ မြန်မာနိုင်ငံတစ်ဝန်း မြစ်ရေကြီးမှုအန္တရာယ် မြင့်တက်နေပြီး မြစ်ငယ်၊ မင်းကင်း၊ မုံရွာ၊ ဘားအံနှင့် မဒေါက်မြို့တို့တွင် စိုးရိမ်ရေမှတ်ကျော်လွန်နေကာ ပခုက္ကူနှင့် ညောင်ဦးအပါအဝင် မြို့များတွင်လည်း ရေကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ နေ့လယ်ပိုင်း တွင် သတိပေးချက် ထုတ်ပြန်သည်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဩဂုတ်လ ၉ ရက်နေ့ တိုင်းထွာချက်များအရ မြစ်ငယ်၊ မင်းကင်း၊ မုံရွာ၊ ဘားအံနှင့် မဒေါက်မြို့များတွင် မြစ်ရေများ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေပြီး ရေကြီးရေလျှံမှု ဖြစ်ပေါ်နိုင်သည့် အန္တရာယ်ရှိနေကြောင်း သိရသည်။ ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် စိုးရိမ်ရေမှတ် ၈၇၀ စင်တီမီတာရှိသော်လည်း ဩဂုတ်လ ၉ ရက် မွန်းလွဲ ၁ နာရီခွဲ တိုင်းထွာချက်အရ ၉၆၂ စင်တီမီတာအထိ ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၁ ပေခန့် ဆက်လက်မြင့်တက်နိုင်ကာ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။ ချင်းတွင်းမြစ်ရေသည် မင်းကင်းမြို့တွင် စိုးရိမ်ရေမှတ် ၁,၃၅၀ စင်တီမီတာရှိသည့်အနက် လက်ရှိတွင် ၁,၃၅၇ စင်တီမီတာအထိ ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၂ လက်မခန့် ဆက်လက်မြင့်တက်နိုင်ကြောင်း သိရသည်။ အလားတူ မုံရွာမြို့တွင်လည်း ချင်းတွင်းမြစ်ရေသည် စိုးရိမ်ရေမှတ် ၁,၀၀၀ စင်တီမီတာထက် ကျော်လွန်ကာ ၁,၀၂၀ စင်တီမီတာအထိ ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ပေဝက်ခန့် ဆက်လက်မြင့်တက်နိုင်ကာ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာဖြစ်ပြီး လက်ရှိတွင် ၇၈၆ စင်တီမီတာအထိ ရောက်ရှိနေကာ နောက် ၁ ရက်အတွင်း ပေဝက်ခန့် ဆက်လက်မြင့်တက်နိုင်ကြောင်း သိရသည်။ ထို့ပြင် စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် စိုးရိမ်ရေမှတ် ၁,၀၇၀ စင်တီမီတာရှိသော်လည်း လက်ရှိတွင် ၁,၀၈၇ စင်တီမီတာအထိ ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၄ လက်မခန့် ပြန်လည်ကျဆင်းနိုင်သော်လည်း စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း သိရသည်။ တစ်ဖက်တွင် ဧရာဝတီမြစ်ရေသည် ဆက်လက်မြင့်တက်နေပြီး နောက် ၁ ရက်အတွင်း မြင်ခြုံ၊ ပခုက္ကူနှင့် ညောင်ဦးမြို့များတွင် စိုးရိမ်ရေမှတ်သို့ ရောက်ရှိခြင်း သို့မဟုတ် ကျော်လွန်ခြင်း ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည်။ လက်ရှိ တိုင်းထွာချက်များအရ မြင်ခြုံမြို့တွင် ဧရာဝတီမြစ်ရေ ၁,၁၀၉ စင်တီမီတာရှိပြီး စိုးရိမ်ရေမှတ်မှာ ၁,၁၅၀ စင်တီမီတာ ဖြစ်သည်။ ပခုက္ကူမြို့တွင် မြစ်ရေ ၂,၁၀၅ စင်တီမီတာရှိပြီး စိုးရိမ်ရေမှတ်မှာ ၂,၁၅၀ စင်တီမီတာ ဖြစ်ကာ ညောင်ဦးမြို့တွင် မြစ်ရေ ၂,၀၉၁ စင်တီမီတာရှိပြီး စိုးရိမ်ရေမှတ်မှာ ၂,၁၂၀ စင်တီမီတာ ဖြစ်သည်။ အဆိုပါမြို့များတွင် လက်ရှိမြစ်ရေသည် စိုးရိမ်ရေမှတ်နှင့် နီးကပ်လာနေသည့်အတွက် နောက် ၁ ရက်အတွင်း ရေကြီးရေလျှံမှုအခြေအနေ ပိုမိုဆိုးရွားလာနိုင်ကြောင်း သိရသည်။ ထို့ကြောင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်သူများအနေဖြင့် မြစ်ရေမြင့်တက်မှုအခြေအနေကို အထူးသတိပြုကြရန်နှင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်လာပါက ဘေးလွတ်ရာသို့ ပြောင်းရွှေ့နိုင်ရေး ကြိုတင်ပြင်ဆင်ထားကြရန် သတိပေးနှိုးဆော်ထားသည်။ ဓာတ်ပုံ- ငဝန်မြစ်ရေကာတာကျိုးပေါက်သွား၍ လေးမျက်နှာမြို့နယ်အပါအဝင် ဧရာ၀တီတိုင်းတွင် ရေကြီးနေစဉ်။
514
7
Нет текста...
503
8
ကျွန်တော်တို့ အညာဟာနေ့တိုင်းအညာခံနေရတာပါ ဆန္ဒပြတုန်းက ပါခဲ့တဲ့သူတွေတောင် ခွေးကျောင်းတက်သူကတက် ရုံးတက်သူကတက်။ ဘဝအခြေအနေအရပါလို့ အကြောင်းအမျိုးမျိုးပြကြတယ် ငါတို့အညာက ဘဝတွေမရှိိဘူးနော်????? ကိုယ့်ကို မီးပွားမထိမချင်း နာရကောင်းမှန်းမသိကြတော့ အချုပ်တန်းဆရာဖေရေးသလို တွေးမိရင်အရိုးပါနာတယ် အမျိုးပါဆဲချင်ပေါ့လေး ဆိုသလိုပဲဗမာတွေရယ်.....။ စစ်ဖြစ်နေတာ နှစ်ဖက်လုံးအဖိတ်အစင်ရှိမှာနားလည်တယ် ဒါပေမဲ့ မကြွေသင့်ပဲကြယ်တွေ ကြွေတဲ့အခါ ငါတို့ရင်တွေ အလိုလိုနာရတာပဲ.......။ အရှင်လတ်လတ်မီးရှို့သတ်ခံခဲ့ရတယ် အရှင်လတ်လတ် အစုလိုက်အပြုံလိုက်မီးရှို့သတ်ခံရတယ် အရှင်လတ်လတ် ဓားနဲ့ ခုတ်သတ်ခံခဲ့ရတယ် အရှင်လတ်လတ် ညှင်းပမ်းနှိပ်စက်သတ်ခံရတယ် ကိုယ်အလောင်းကို ကိုယ်ခြံစည်းရိုးမှာ ထားခံခဲ့ရတယ် အရှင်လတ်လတ်မိရဲ့သားနဲ့ ရက်ရက်စက်စက် အသတ်ခံခဲ့ရတဲ့ ရဲဘော်တွေ.....ဒါတွေကရုပ်ရှင်မဟုတ်ဘူးနော် ဒီကောင်တွေဆီက လူသားချင်းစာနာမှုကို မျှော်လင့်နေကြတာလား သူတို့ကလူတွေမှမဟုတ်တာ ရက်စက်မှုတွေရဲ့ မိစ္ဆာတွေလေ.......။ တစ်ခုပဲ အကြမ်းဖက် မအလနဲ့ အကြမ်းဖက်စစ်တပ် ပြုတ်ရင်ပြုတ် မပြုတ်ရင်လည်းဘာညှိနှိုင်းစရာမှမလိုဘူး အဆုံးထိသွားမယ် အဆုံးထိတိုက်မယ်..... ငါတို့အညာဟာ ဘယ်တော့မှသမိုင်းမရိုင်းသလို တော်လှန်ရေးအပေါ် ဘယ်တော့မှသစ္စာဖောက်မှာမဟုတ်ဘူး။ အဲတော့ မအလနဲ့စစ်တပ်ရေ အညာကိုအပြုတ်ဖြုတ်နိုင်ရင်ဖြုတ် မဟုတ်ရင် အညာနဲ့မင်းတို့ဟာ ကမ္ဘာမကြေပဲနော် ငါတို့တစ်သက်မကျေဘူး ရေးပြလို့မကုန်တဲ့ မင်းတို့ရဲ့ ရက်စက်ယုတ်မာမှုတွေအတွက် ကျူးလွန်သူတွေမေ့နိုင်ပေမဲ့ ခံရသူတွေက တစ်သက်မကျေဘူး.......။ စစ်မုန်း
485
9
ခင်ဗျားတို့ ဘယ်လိုခံယူထားလဲမသိပေမဲ့ ကျွန်တော့် ခံယူချက်ကိုပြောပါရစေ....။ အကြမ်းဖက်စစ်တပ်ဘက်မှာ ရှင်သန်ရခြင်းထက် တော်လှန်ရေးဘက်မှာ သေရခွငျးကပိုကောငျးပါတယျ...။ ဒါက လူသားဆန်မှုဘက်ကို ကျွန်တော်ရွေးခြင်းဖြစ်ပါတယ်........။ အာဏာသိမ်းပြီးကတည်းက အကြမ်းဖက်စစ်တပ်ရဲ့ ရက်စက်ယုတ်မာမှုတွေကို တစ်နည်းမဟုတ်တစ်နည်းတော့ ခင်ဗျားတို့ ခံစားနေကြရတာပါပဲ....။ ကိုယ်ကျိုးအတွက် ခင်ဗျားတို့အမှန်တရားကို ချနင်းနေကြသလား?????? ဘယ်သူတရားပျက်ပျက် နောက်ဆုံးတော့ အမှန်တရားကို ခင်ဗျားတို့လိမ်လို့မရပါဘူး.....။ အမှတ်မရှိတဲ့ မြန်မာလူမျိုးတွေလို့ပဲ့အပြစ်ဆိုပါရစေ ခင်ဗျားတို့ကို မီးစထိမှပူတတ်လေသလား???? အာဏာသိမ်းကတည်းကစ ပြည်သူအပေါင်းရဲ့ မျက်ရည်ပူစတွေက ခင်ဗျားတို့ရင်ကိုမထိမှန်ခဲ့လေသလား???? ရပါတယ် ခင်ဗျားတို့ အမှန်တရားကိုကျောခိုင်းထားလို့ရတယ် ဒါပေမဲ့တစ်နေ့ အမှန်တရားရဲ့ ဒဏ်ခတ်ခြင်းကို ခင်ဗျားတို့ ကောင်းကောင်းခံစားရလိမ့်မယ်.....။ စစ်ကို စစ်နဲ့တူအောင်တိုက်တဲ့ နှစ်ဖက်လုံးကျနေတာ ကိုယ့်လူမျိုးတွေပါပဲ........။ မိသားစုတစ်စုကောင်းစားဖို့အတွက် မိသားစုများစွာ ပျက်စီးရခြင်းက မှန်ပါရဲ့လား???? စစ်မုန်း
369
10
Нет текста...
401
11
ဂျူလိုင်လထဲတွင် ဝမ်းနည်းဖွယ်ကောင်းသည့် အဖြစ်အပျက်များစွာ ရှေ့ရှေ့မှာ ကြုံခဲ့ကြရပြီ။ ဆဲဗင်းဂျူလိုင်၊ ဆယ့်ကိုးဂျူလိုင် နှင့် ဂျူလိုင် ၂၃ တို့ဖြစ်သည်။ ယခုတော့ ဂျူလိုင် ၁၀ ပေါ်လာခဲ့ပြီ။ ၁၉၆၂ ဆဲဗင်းဂျူလိုင်တွင် အာဏာရှင် နေဝင်းအား တော်လှန်ပုန်ကန်ခဲ့ကြသည့် ကျောင်းသားများ တစ်ရာဝန်းကျင် သတ်ဖြတ်ခံခဲ့ရသည်။ ၁၉၄၇ ဂျူလိုင် ၁၉ တွင် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည် ၉ ဦး လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။ ၂၀၂၂ ဂျူလိုင် ၂၃ တွင်တော့ ကိုဂျင်မီနှင့် ကိုဇေယျာသော်တို့အပါအဝင် အာဇာနည် ၅ ဦးအား အာဏာရှင်မင်းအောင်လှိုင်က အင်းစိန်ထောင်တွင် ကြိုးပေးကွပ်မျက်ခဲ့သည်။ ယခု ၂၀၂၆ ဂျူလိုင် ၁၀ တွင်တော့ ချောက်မြို့နယ်အတွင်း၌ ပီဒီအက်ဖ် ပကဖ ၂၀ ဦးအား အာဏာရှင်မင်းအောင်လှိုင်၏ လက်ပါးစေများက ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့သည်။ အထက်ပါအဖြစ်အပျက်များအားလုံးသည် တိုင်းပြည်အား အာဏာသိမ်းလိုက်သော အာဏာရှင်များကြောင့် ဖြစ်လာသော ဖြစ်ရပ်ဆိုးများဖြစ်သည်။ သည့်ကြောင့် နောက်နောင် မေ့မရနိုင်သော ရင်နင့်ဖွယ်ကောင်းသည့် ဂျူလိုင်ရက်များ မပေါ်​ပေါက်လာစေရေးအတွက် စစ်အာဏာရှင်ကို အမြစ်ပြတ်စေရန် ချုပ်ငြိမ်းပေးရမည်ပဲ ဖြစ်သည်။ နောင် ဘယ်သူမှ အာဏာမသိမ်းရဲတော့စေရန် နောက်ဆုံးတော်လှန်ရေးကြီးအဖြစ် တော်လှန်ကြရမည်ပဲ ဖြစ်သည်။ # တိုက်ရမှာ မကြောက်တဲ့ ရင်း ၆
377
12
ရိုးသားခြင်းနဲ့ဖြောင့်မှန်ခြင်းဟာ သေဆုံးခြင်း သို့ဗိုလ်ချုပ် လက်နက်ကိုင်ထားတိုင်း လူပါးဝတဲ့အထဲမှာ တို့ဗိုလ်ချုပ်ဟာမပါခဲ့ဘူး..
ရိုးသားခြင်းနဲ့ဖြောင့်မှန်ခြင်းဟာ သေဆုံးခြင်း သို့ဗိုလ်ချုပ် လက်နက်ကိုင်ထားတိုင်း လူပါးဝတဲ့အထဲမှာ တို့ဗိုလ်ချုပ်ဟာမပါခဲ့ဘူး........။ လူတိုင်းကို သူလိုထင်ခဲ့တဲ့ဗိုလ်ချုပ် သူ့မှာရန်သူမရှိဘူးဆိုတဲ့ ယုံကြည်ချက်နဲ့ဗိုလ်ချုပ် ဇူလိုင်၁၉ဟာ မိုးရေတွေနဲ့အပြိုင် ပြည်သူတွေ မျက်ရည်ဖြိုင်ခဲ့ရ တိုင်းပြည်အတွက် ဒီလောက်ပေးဆပ်ခဲ့တာတောင် ခေတ်သစ်အာဏာရူးတွေရဲ့ နာမ်မည်ဖျက်ခံရတုန်း။ ဗိုလ်ချုပ်ရယ် တကယ်ကဗိုလ်ချုပ်တို့လိုလူတွေ နေရာယူခဲ့ကြ နေရာရကြရမှာ.......။ အခုတော့ ကိုယ့်နေရာနဲ့မတန် ခွေးပုလ္လင်ထိုင် ခြင်းကြောင့် ဒီနိုင်ငံအရေးဟာ မှောင်အတိကျခဲ့ရတာ ကြာခဲ့ပေါ့.....။ ပဲပြုတ်နဲ့နံပြားစားရရင် ကျေနပ်နေတဲ့ဗိုလ်ချုပ်နဲ့ တန်ဖိုးကြီးဝိုင်အရက်သောက် တန်ဖိုးကြီး တွေ ထိုင်ဖြုန်းနေတဲ့ အခုခေတ် ဗိုလ်ချုပ်တွေနဲ့တော့ လားလားမှမဆိုင်.။ ဗိုလ်ချုပ်ရဲ့ ကောင်းကွက်တွေဟာ လူယုတ်မာတွေအတွက်တော့ သူတို့အရှက်ရစရာမို့ ရုပ်ထုတွေ လိုက်ဖြိုဖျက်ခိုင်းပြီး သမိုင်းကိုအမှောင်ချချင်နေကြ ပြည်သူတွေရင်ထဲက ဗိုလ်ချုပ်ကိုတော့သူတို့တွေ ဘယ်လိုဖျက်စီးလို့ရပါ့မလဲ........။ လူသေပေမဲ့ နာမ်မည်မသေတဲ့ဗိုလ်ချုပ် ဒီနိုင်ငံအတွက်လိုအပ်နေတာ သခင်အောင်ဆန်းလိုလူတွေ.....။ #စစ်မုန်း
302
13
အာဏာသိမ်းခံရကတည်းက ဒီလူငယ်တွေကပေးဆပ်လာခဲ့ရတာလေ။ မင်းတို့အခုထိပျော်နိုင်ကြတုန်းလား😔😔😔+1
အာဏာသိမ်းခံရကတည်းက ဒီလူငယ်တွေကပေးဆပ်လာခဲ့ရတာလေ။ မင်းတို့အခုထိပျော်နိုင်ကြတုန်းလား😔😔😔
263
14
Нет текста...
208
15
ချောက်မြို့ရဲ့ သတင်းအမှန် သေချာဖတ်ပါ။ ချောက်မြို့နယ်တိုက်ပွဲအတွင်းကျဆုံးခဲ့ရတဲ့တော်လှန်ရေးရဲ့ဘော်အယောက် ၂၀ အနက် ၁၇ ဦးကိုအာဏာသိမ်းစစ်တပ်ကလက်ရဖမ်းဆီးပြီးမှတောင်သာ (တောင်) ကျေးရွာ စာသင်ကျောင်းအတွင်း နှိပ်စက်သတ်ဖြတ်ခဲ့ ဇူလိုင် ၊ ၁၁ ရက် The Justice Wave ချောက်မြို့နယ်၊ တောင်သာ (တောင်) ကျေးရွာနှင့် စမ်းကန်ကျေးရွာအနီး တိုက်ပွဲမှာကျဆုံးခဲ့ရတဲ့တော်လှန်ရေးရဲ့ဘော်အယောက် ၂၀ အနက် ၁၇ ဦးကိုအာဏာသိမ်းစစ်တပ်ကလက်ရဖမ်းဆီးပြီးမှတောင်သာ (တောင်) ကျေးရွာ စာသင်ကျောင်းအတွင်း နှိပ်စက်သတ်ဖြတ်ခဲ့တာလို့ အနောက်မြောက် စစ်ဒေသဖက်ကသတင်းထုတ်ပြန်ပါတယ်။ မနေ့ကဇူလိုင်လ ၁၀ ရက်နေ့ မှာ ချောက်မြို့နယ်၊ တောင်သာ (တောင်) ကျေးရွာနဲ့ စမ်းကန်ကျေးရွာအနီး မကွေးခရိုင် အမှတ် (၃) တပ်ရင်းမှ စုဖွဲ့မှု ပြုလုပ်ရာနေရာကို Helmet နဲ့ Equipment ဝတ်ဆင်ပြီး အရပ်ဝတ်နှင့် အာဏာသိမ်းစစ်တပ် စစ်ကြောင်း ရောက်ရှိလာရာ တော်လှန်ရေးရဲဘော်တွေမှ မိမိတို့ လူတွေအထင်နှင့်နှုတ်ဆက်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်။ အဲ့ဒီ့လိုနှုတ်ဆက်ချိန်မှာပင် အာဏာသိမ်းစစ်တပ်ဖက်က အနီးကပ်၀င်လာပြီး စီးနင်းခဲ့ရာ တော်လှန်ရေးရဲဘော် (၃) ဦး နေရာတင် သေဆုံး၍ (၁၇) ဦး အရှင် ဖမ်းဆီးခံခဲ့ရပြီး (၂) ဦးသာ လွတ်မြောက်ခဲ့တယ်လို့ဆိုပါတယ်။ အာဏာသိမ်းစစ်တပ်ဖက်ကအရှင်ဖမ်းဆီးရမိခဲ့တဲ့တော်လှန်ရေးရဲဘော် ၁၇ ဦးကို ချောက်မြို့နယ်၊ တောင်သာ (တောင်) ကျေးရွာ စာသင်ကျောင်းအတွင်းနှိပ်စက်သတ်ဖြတ်ခဲ့တာဖြစ်ပြီး နေ့လည် ပိုင်းမှာတော့ ရဲဘော် (၂၀) ဦးရဲ့ အလောင်းပုံတွေ သိမ်းဆည်းရမိ လက်နက်၊ ခဲ၊ ယမ်းတွေနဲ့ သတင်းထုတ်ပြန်လာခဲ့တာသာဖြစ်တယ်လို့ သိရပါတယ်။ ကျဆုံးသွားတဲ့ရဲဘော်တွေဟာမကွေးခရိုင် အမှတ် (၃) တပ်ရင်းမှ (၁၃) ဦး မကွေးခရိုင် အမှတ် (၁) တပ်ရင်းမှ (၁) ဦး မကွေးခရိုင် ပကဖ မှ (၆) ဦးဖြစ်တယ်လို့ သိရပါတယ်။ #thejusticewave #ချောက်
314
16
မလှိုင်တွင် စစ်တပ်စစ်ကြောင်းတိုက်ခိုက်ခံရပြီး ၁၀ ဦး သေ၊ ၁၀ ဦး လ​က်နက်ချအညံ့ခံ DVB “စစ်ကြောင်းထိုးလာတဲ့လမ်းတလျှောက်က ရွာတွေ ကို မီးရှို့ဖျက်ဆီးခဲ့တဲ့ အမှတ် ၈ ရဲတပ်ရင်းက ဒုတိယရဲမှူးကြီး ဇော်လင်းထိန် ဦးဆောင်ပြီးတော့ အင်အား ၁၁၀ ကျော်ပါစစ်ကြောင်းဟာ မလှိုင်မြို့နယ်ထဲက အိမ်ကြီးတောရွာဘက် ဝင်လာတဲ့ အချိန်မှာ ကျနော်တို့ဘက်က ကြိုတင်ပြင်ဆင်ပြီးတော့မှ ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်ဗျ” လို့ ပြောပါတယ်။ တိုက်ခိုက်မှုအတွင်း စစ်သား ၁၀ ယောက်ထက်မနည်းသေဆုံး၊ ဒဏ်ရာရသူ ၄၀ နီးပါးရှိခဲ့ပြီး ၁၀ ယောက် လ​က်နက်ချအညံ့ခံခဲ့ကြသလို လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။ ပြီးတော့ စိန်ပြောင်း အပါအဝင် လက်နက်မျိုးစုံအလက် ၂၀၊ ခဲယမ်းတွေနဲ့အတူ Drone ပစ္စည်း တွေနဲ့ မော်တော်ယာဉ် ၃ စင်းလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။ #DVB #မလှိုင် #စစ်ကြောင်း https://burmese.dvb.no/post/868244
387
17
သာလီစွပါAA အပြောမဟုတ်ဘဲ လက်တွေ့အလုပ်လုပ်နေလို့။AAနဲ့အတူ ပါဝင်တိုက်ခိုက်နေတဲ့အဖွဲ့အားလုံး လေးစားလျက်ပါ✊✊✊
488
18
+3
Нет текста...
547
19
ရခိုင်ထိုးစစ်အတွက် အင်အားဖြည့်နေသည့် ဧရာဝတီတိုင်းမှ စစ်စခန်းသုံးခုကို AA သိမ်းပိုက် **** Myanmar Now / ဇွန် ၂၈ စစ်တပ်၏ လက်နက်ကြီး အဓိကပစ်ကူပေးရာ ဖြစ်သော ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ အမှတ် (၃၄၄) အမြောက်တပ် အနီးဝန်းကျင်မှ စစ်တပ် စခန်း သုံးခုကို ယခုလတွင်း သိမ်းပိုက်ရရှိခဲ့ကြောင်း အာရက္ခတပ်တော်(AA)က ဇွန်လ ၂၇ ရက်က ထုတ်ပြန်သည်။ ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နေ့တွင် ပွိုင့် (၂၈၈) ကုန်း၊ ဇွန်လ ၁၉ ရက်နေ့တွင် ပွိုင့် (၁၈၈) ကုန်းနှင့် ဇွန်လ ၂၁ ရက်တွင် ပွိင့် (၁၄၈) ကုန်းတို့ကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်၊ အလောင်းအချို့နှင့် လက်နက်ခဲယမ်း များ၊ စစ်အသုံးအဆောင် ပစ္စည်းအများအပြား သိမ်းဆည်းရမိခဲ့သည်ဟု AA ဘက်က ဆိုသည်။ ရခိုင်ပြည်နယ်တောင်ဘက်အစွန် ဂွမြို့နယ်နှင့် ထိစပ်နေသော ဧရာဝတီတိုင်းဘက်မှနေ၍ ရခိုင်ဒေသကို ထိုးဖောက်နိုင်ရန် စစ်တပ်က လေကြောင်းမှ နေ့စဉ် ဗုံးကြဲနေပြီး ကုန်းလမ်း၊ ရေလမ်းတို့မှ ထိုးဖောက်ရန် ကြိမ်ဖန်များစွာ ကြိုးစားလျက်ရှိသောကြောင့် တိုက်ပွဲပြင်းထန်နေခြင်း ဖြစ်ကြောင်း AA ထံက သိရသည်။ စစ်တပ်သည် အမတ (၃၄၄ ) နှင့် ပုသိမ်မြို့အခြေစိုက် တပ်ရင်းများမှ ထုတ်နုတ်အင်အား ၄၀၀ ကျော်ဖြင့် ထိုးစစ်ဆင်လာခြင်းဖြစ်သော်လည်း တန်ပြန်တိုက်ခိုက်ခဲ့သောကြောင့် ထိုပွိုင့်ကုန်းများ သိမ်းပိုက်နိုင်ခြင်း ဖြစ်သည်ဟု AA ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ၂၀၂၄ ခုနှစ် သြဂုတ်လ ၁၀ ရက်၌ တိုက်ပွဲများ စတင် ဖြစ်ပွားခဲ့ပြီနောကက် ထိုစဉ်ကတည်းက AA ၏ ထိုးစစ်သည် ဧရာဝတီတိုင်းဘက်အထိ ခြိမ်းခြောက်မှုများ ရှိခဲ့သည်။ ထို့နောက် ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းက စတင်ပြီး AA ဦးဆောင်သည့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များ သည် ရခိုင်ကမ်းရိုးတန်းတလျှောက်ရှိ မကျီးဇင်၊ ဘောမိနှင့် စစ်စခန်းငယ်များကို တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့ပြီး ဧရာဝတီတိုင်းအတွင်း ငါးသိုင်း ချောင်း၊ ရေကြည်၊ လေးမျက်နှာ၊ အင်္ဂပူမြို့နယ်များကို အဓိက ထိုးစစ်ဆင်ဝင်ရောက်ခဲ့သည်။ လက်ရှိအချိန်တွင် စစ်တပ်က ဧရာဝတီတိုင်းစစ်မျက်နှာမှတဆင့် ရခိုင်ပြည်နယ်အတွင်း ဝင်ရောက်ရန် ကြိုးပမ်းနေရာ လေကြောင်း တိုက်ခိုက်မှုများကြောင့် ဒေသခံ သေဆုံးထိခိုက်မှုများ ရှိနေသည်။ ဇွန်လအတွင်း ဂွမြို့နယ်ကို မကြာခဏ လေကြောင်းမှ ဗုံးကြဲမှုများရှိနေပြီး ဇွန်လ ၂၆ ရက်နေ့ ကလည်း ဂွမြို့နယ်၊ ရေကျော်ရွာကို ဗုံးကြဲခဲ့စဉ် ဦးဝေရာမင်း (၄၅ နှစ် )သေဆုံးသွားကာ မောင်ထက်မြတ်သူ (၁၀ နှစ်)၊ ဦးဆန်းမင်း (၃၅ နှစ်)၊ ဦးဖိုးနီ (၇၅ နှစ်)၊မဆုမြတ်မွန် (၁၃နှစ် ) နှင့် မဆောင်းဟေမာန်ခင် (၁၈ နှစ်) တို့ ဒဏ်ရာရရှိသွားသည်။ အလားတူ ဇွန်လ ၂၃ ရက်နေ့၊ ည ၁၀ နာရီခွဲခန့်တွင် ဂွမြို့နယ်၊ ကံ့ကော်တောင်ရွာကို ဗုံးကြဲမှုကြောင့် ဒေါ်​လှကေသီ(၅၅ နှစ်)၊ မနှောင်းသဇင်ထွေး(၁၉ နှစ်)၊ ဦးချစ်ဆွေ(၅၂ နှစ်)နှင့် ဦးကျော်ဝင်း (၆၀ နှစ်)တို့ ဒဏ်ရာရရှိသွားသည်။ ဇွန်လ ၁၅ ရက်နေ့ကလည်း ဂွမြို့နယ်၊ ကျိန္တလီမြို့၊ ရမ္မာကျွန်းကျေးရွာကို ဗုံးကြဲ တိုက်ခိုက်ခဲ့မှုကြောင့် နှစ်ဦးသေဆုံးခဲ့ကာ လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ထို့ပြင် ဇွန်လ ၁၄ ရက်၊ ဂွမြို့နယ်၊ အမှတ် (၁၁) တိုက်နယ်၊ ကျောက်ချွန်ကျေးရွာရှိ ဘုန်းကြီးကျောင်း နှင့် စာသင်ကျောင်းတို့အား ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သား တစ်ဦး ဒဏ်ရာရရှိခဲ့သည်။ လတ်တလောတွင် AA နှင့်စစ်တပ်သည် စစ်တွေနှင့်ကျောက်ဖြူမြို့နယ်တွင်လည်း တိုက်ပွဲဖြစ်ပွားနေကာ မကွေး၊ ပဲခူးနှင့် ချင်းပြည်နယ် မင်းတပ်နှင့်ကန်ပက်လက်မြို့နယ် စစ်မျက်နှာများ၌လည်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ AA သည် ရခိုင်ပြည်နယ်ရှိ ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်ကို သိမ်းပိုက်ထားပြီး ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်ကိုလည်း သိမ်းပိုက်ထားသည်။ ရခိုင်ရှိ လက်ကျန်မြို့များဖြစ်သည့် စစ်တွေ၊ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့ကိုလည်း တိုက်ခိုက်သိမ်းပိုက်ရန် AA က မျှော်လင့်ထားသည်။ စစ်တပ်က တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထိုးစစ်ဆင်ရန် ကြိုးပမ်းနေရာ ရခိုင်တစ်ပြည်နယ်လုံး နီးပါး သိမ်းပိုက်ထားသော AA ကိုလည်း ထိုးစစ်ဆင်ရန် မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတို့မှတစ်ဆင့် ထိုးဖောက်ရန် ကြိုးပမ်းနေသည်။ ထိုဒေသများတွင်လည်း စစ်တပ် စစ်ကြောင်းများ ရောက်ရှိနေသဖြင့် ဒေသခံ ကာကွယ်ရေးအဖွဲ့များနှင့် တိုက်ပွဲများပြင်းထန်နေသည်။ --------------------- ပုံစာ- ရေကြည်မြို့နယ်ရှိ ပွိုင့်ကုန်းသုံးကို သိမ်းပိုက်စဉ် သိမ်းဆည်းခဲ့သော လက်နက်ခဲယမ်း၊စစ်အသုံး အဆောင်များကိုတွေ့ရစဥ်။ (ဓာတ်ပုံ-AA)
438
20
အာဏာရှင်တွေနဲ့ စစ်ပွဲတွေသာမရှိရင် ဒီနိုင်ငံကသိပ်ပျော်စရာကောင်းမှာ😔
389