ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

Daily Gooners News

Daily Gooners News

Открыть в Telegram

အာဆင်နယ် သတင်းသီးသန့်ပါ။

Больше
7 554
Подписчики
-224 часа
-127 дней
-10730 дней
Архив постов
📌ညကကစားပုံက အင်မတန်မှ စီးစီးပိုင်းပိုင်း နိုင်လွန်းတယ်။ ပြီးခဲ့တဲ့ ပွဲစဥ်တွေက ပုံစံနဲ့ အင်မတန်ကွဲထွက်လှတာကို မြင်ရတယ်။ ဒါဟာ ချန်ပီယံတွေပဲ မဟုတ်လား။ ကွင်းလယ်စိုးမိုးမှုကို အများကြီးထိန်းချုပ်ပြတဲ့​နောက် ကစားပွဲတစ်ခုလုံးဟာ အာဆင်နယ်အတွက်ချည်းသာပဲ။ မမြင်ရတာကြာပြီဖြစ်တဲ့ set piece ကနေဂိုးသွင်းတာ၊ မာဂါဟေးလ်ကြီး ခေါင်းတိုက်ဂိုးသွင်းတာ အင်မတန်မှ ကျေနပ်လှပါတယ်။ 📌 ထင်မှတ်မထားတဲ့ ပုံစံတွေနဲ့ တုံ့ပြန်နိုင်သေးတယ်ဆိုတာ အာတေတာက ထပ်မံသတိပေးလိုက်သလိုပါ။ ပွဲထွက်လူစာရင်း ဒိလောက်ထိ ပြောင်းပြမယ်လို့ မထင်ထားခဲ့ဘူး။ စကယ်လီ ဘယ်နောက်ခံနဲ့ မယ်ရီနိုတို့ကို နည်းဗျူဟာ ချဥ်းကပ်ပုံပြောင်းပြီး ထည့်ကစားလာတာတွေက တော်တော်လေးကို ကျေနပ်စရာလို့ ပြောချင်ပါတယ်။ 📌 ဂါဘရီရယ်လ်၊ ဝှိုက်တို့ကို ချီးကျူးချင်တယ်။ အထူးတလည် ချီးကျူးချင်တာကတော့ ကပ္ပတိန် အိုဒီဂတ်ပါပဲ။ ဒီဘဲ မောများမမောတတ်တော့တာလားလို့တောင် ထင်မှတ်သွားသည်ထိကို ပေးဆပ်သွားတာ။ဒါကြောင့်လည်း အသင်းသားအားလုံးက သူ့နောက်ကို လိုက်ကြတာပဲ။ ဒီထက်ပိုပြီး ရှည်မှာစိုးလို့ ခွဲခြမ်းပြီး ချီးကျူးစရာတွေ ရေးပါမယ်ဗျာ။ မိုးကိုနိုင် #avm@rgb13579

အဲဗာတန်နဲ့ ပွဲပြီးအတွေးများ ဒီကောင်တွေက ချန်ပီယံတွေပါလားဆိုတာ ပြန်သတိရအောင် သက်သေပြတဲ့ ပွဲစဥ်တစ်ပွဲလို့ ဆိုချင်တယ်။ ပြီးခဲ့တဲ
အဲဗာတန်နဲ့ ပွဲပြီးအတွေးများ ဒီကောင်တွေက ချန်ပီယံတွေပါလားဆိုတာ ပြန်သတိရအောင် သက်သေပြတဲ့ ပွဲစဥ်တစ်ပွဲလို့ ဆိုချင်တယ်။ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်(၂)ပွဲဆက် ကစားပုံကို လူတိုင်းက ကြိုက်ခဲ့ကြမယ် မထင်ဘူး။ မင်းတို့ ချန်ပီယံတာ ဆိုတယ်ကွာ ကစားပုံကလည်းလို့ မေးခွန်းထုတ်ချင်နေသူတွေကို "ဟေ့ကောင်တွေ မင်းတို့ပါးစပ် ပိတ်ထားစမ်း "လို့ကစားပုံနဲ့ တုံ့ပြန်သွားတယဘူက 📌 ပွဲထွက်လာခဲ့တဲ့ အခင်းအကျင်းမှာ အာတေတာကိုလုံးဝချီးကျူးချင်တယ်။ နိုင်ငံတကာပွဲစဥ်မှာ ဒဏ်ရာရခဲ့တဲ့ ကိုင်ကကြံ့ခိုင်မှု မပြည့်တဲ့ပုံစံကြောင့် တိုက်စစ်ကစားပုံ သွေးအေးနေခဲ့ရသလို ဘူကာယိုဆာကာရဲ့ ကစားပုံကလည်း အားမရစရာ ဖြစ်နေခဲတယ်။ ဒီနေ့ပွဲထွက်မှာ ယောကရက်စ်က တကယ်ကို ထိုက်တန်နေကြောင်း ပြသနိုင်ခဲ့တယ်။ တောင်ပံနှစ်ဖက်အတွက် ဂျိုကာပုံစံသုံးနေရပေမယ့် ဂိုးသွင်းမသေချာတာကလွဲရင် မာဒူအက်ကီရဲ့ ကစားပုံက အများကြီး တိုးတက်လာတာကို မြင်ရတယ်။ မိုးကိုနိုင် #avm@rgb13579

🎞 Extended Hilights Arsenal 2 - 0 Everton #arsenalvseverton #epl@rgb13579

Full Time Arsenal 2 - 0 Everton ပထမပိုင်းမှာ တစ်ဂိုး၊ ဒုတိယပိုင်းမှာ တစ်ဂိုးသွင်းကာ မန်စီးတီးနဲ့ ရမှတ်တူ ဂိုးကွာချက်ကြောင့် အ
Full Time Arsenal 2 - 0 Everton ပထမပိုင်းမှာ တစ်ဂိုး၊ ဒုတိယပိုင်းမှာ တစ်ဂိုးသွင်းကာ မန်စီးတီးနဲ့ ရမှတ်တူ ဂိုးကွာချက်ကြောင့် အဆင့် (၂)နေရာမှာ ဆက်ရှိပါတယ်။ ဗဟိုခံစစ်မှူး နှစ်ယောက်ကပေးတဲ့ အနိုင် (၃)မှတ်ပါပဲ။ မိုးကိုနိုင် #avm@rgb13579

📈 ဒီနေ့ပွဲထွက်လာခဲ့တဲ့ မာဂါဟေးလ်နဲ့ ဘန်ဝှိုက်တို့ဟာ အာဆင်နယ်အတွက် ပရီးမီးယားလိဂ်ပွဲ (၂၀၀)ပြည့်အဖြစ် ကစားသွားကြမှာ ဖြစ်ပါတယ်။
+1
📈 ဒီနေ့ပွဲထွက်လာခဲ့တဲ့ မာဂါဟေးလ်နဲ့ ဘန်ဝှိုက်တို့ဟာ အာဆင်နယ်အတွက် ပရီးမီးယားလိဂ်ပွဲ (၂၀၀)ပြည့်အဖြစ် ကစားသွားကြမှာ ဖြစ်ပါတယ်။ မိုးကိုနိုင် #avm@rgb13579

Line up comfirmed ✅ #avm@rgb13579
Line up comfirmed ✅ #avm@rgb13579

📌 ပထမဂိုးကို အာဆင်နယ် စရတယ်။ ဘိုင်ယန်ရဲ့ High line Defense ကို အိုဒီဂတ်က လှလှပပကျော်ချပေးတာကို အဇီးက အလွတ်အေးဆေး ကန်သွင်းခဲ့ရတယ်။ VAR နဲ့ On Side/Offside ပြန်ကြည့်ခဲ့ရပါသေးတယ်။ အလားတူပဲ ဘိုင်ယန်ရဲ့ ချေပဂိုးကလည်း ကွင်းတစ်ဝက်လောက်ထိ High Press ပေးနေစဥ် ဟယ်ရီကိန်းက လှလှပပ ဖန်တီးပေးတာကို အယ်လ်ဖွန်ဆိုဒေး​ဗိစ်က ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုးမှာ ကွန်ဆာရဲ့ လိုအပ်တဲ့နေရာမှာ ရှိမနေခဲ့တာက မေးခွန်းထုတ်စရာ ဖြစ်ခဲ့တယ်လို့ မြင်ပါတယ်။ 📌 ဘိုင်ယန်ရဲ့အိမ်ကွင်းမှာ ဒီလိုပုံစံမျိုးပြနိုင်တာ မြင်ရတာက အင်မတန်ကို ခမ်းနားလွန်းတယ်လို့ ချီးကျူးချင်တယ်။ အရင်ကဆို ရော်ဘင်က ဘယ်နဂိုးသွင်းမလဲ၊ လီဝန်ဒေါ့စကီးက ဘယ်လိုသွင်းသွားမလဲလဲ ရင်တမမနဲ့ပေါ့။ ခုတော့ ရင်ဘောင်တန်းပြီး ငါတို့က မကြောက်ဘူးကွလို့ အားပေးရတာ တကယ်ကို အရသာရှိလှတယ်။ တစ်ခုရှိတယ် ဒီအရသာလောက်ကို ကျေနပ်နေတာ မဟုတ်ဘူးဆိုတာ သိစေချင်ပါတယ်။ မိုးကိုနိုင် #avm@rgb13579

ဘိုင်ယန် vs အာဆင်နယ် ပွဲပြီးအတွေးများ 🧠 📌 ပွဲမတိုင်ခင်ထဲက အကန့်အသတ် ကိုယ်စီနှစ်သင်းလုံး ရှိခဲ့ကြတယ်။ အိမ်ရှင်ဘိုင်ယန်အတွက်ဆ
ဘိုင်ယန် vs အာဆင်နယ် ပွဲပြီးအတွေးများ 🧠 📌 ပွဲမတိုင်ခင်ထဲက အကန့်အသတ် ကိုယ်စီနှစ်သင်းလုံး ရှိခဲ့ကြတယ်။ အိမ်ရှင်ဘိုင်ယန်အတွက်ဆို အိုလစ်ဆီ အနီကဒ်ကြောင့် မပါနိုင်တာ၊ ကင်မစ်ချ်လို ဝါရင့်ကစားသမား မပါနိုင်တာ စသဖြင့်ပေါ့။ အာဆင်နယ်ဘက်မှာလည်း တိုက်စစ်ကစားပုံက အကန့်အသတ် ရှိတဲ့ပုံစံကို နောက်ဆုံးနှစ်ပွဲဆက်တိုက် မြင်ထားခဲ့ကတာပါ။ 📌 ပွဲကို ဘယ်လို ချဥ်းကပ်ခဲ့ကြသလဲ? နည်းပြ နှစ်ဦးလုံးဟာ ငယ်ရွယ်ပြီး ချန်ပီယံလိဂ် အတွေ့အကြုံရနေကြပြီမလို့ ကိုယ့်စတိုင်နဲ့ကိုယ် ကစားသွားကြတယ်။ အိမ်ရှင် ဘိုင်ယန်က Quick Transition တွေကို အဓိက အားပြုတိုက်စစ်ဆင်ကစားခဲ့သလို၊ အာဆင်နယ်ကလည်း ကိုယ့်ပုံစံအတိုင်းပဲ High Pressing + Deep Attacking ကစားသွားတယ်။ နှစ်သင်းလုံးရဲ့ ခံစစ်တန်းဟာ အတော်လေး ကောင်းခဲ့တယ် ဆိုရပါမယ်။ မိုးကိုနိုင် #avm@rgb13579

🚨 TEAM NEWS ပီယာရို ဟင်ကာပီ ယနေ့လေ့ကျင့်ရေး အစီအစဥ်မှာ ပါဝင်နိုင်ခဲ့ပါတယ်။ မိုးကိုနိုင် #avm@rgb13579
🚨 TEAM NEWS ပီယာရို ဟင်ကာပီ ယနေ့လေ့ကျင့်ရေး အစီအစဥ်မှာ ပါဝင်နိုင်ခဲ့ပါတယ်။ မိုးကိုနိုင် #avm@rgb13579

🚨 CINTRACT NEWS ရိုက်စ်ရဲ့ စာချုပ်သစ်အခြေအနေဟာ နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီဖြစ်ကာ မကြာမှီ ကြေညာဖို့ ​မျှော်လင့်ရပါတယ်။ မိ
🚨 CINTRACT NEWS ရိုက်စ်ရဲ့ စာချုပ်သစ်အခြေအနေဟာ နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီဖြစ်ကာ မကြာမှီ ကြေညာဖို့ ​မျှော်လင့်ရပါတယ်။ မိုးကိုနိုင် #avm@rgb13579

🚨 SAKA UPDATES ဘိုင်ယန်နဲ့ပွဲစဥ် အစောပိုင်းမိနစ်ထဲက လူစားလှဲလိုက်ရတဲ့ ဘူကာယိုဆာကာ အခြေအနေဟာ ထပ်မံစစ်ဆေးသွားရဦးမယ်လို့ အာတေတ
🚨 SAKA UPDATES ဘိုင်ယန်နဲ့ပွဲစဥ် အစောပိုင်းမိနစ်ထဲက လူစားလှဲလိုက်ရတဲ့ ဘူကာယိုဆာကာ အခြေအနေဟာ ထပ်မံစစ်ဆေးသွားရဦးမယ်လို့ အာတေတာက အတည်ပြုသွားခဲ့ပါတယ်။ မိုးကိုနိုင် #avm@rgb13579

Full Match Replay📺 BAYERN 2 - 2 ARSENAL UCL ROUND-3 / FULL MATCH #avm@rgb13579
Full Match Replay📺 BAYERN 2 - 2 ARSENAL UCL ROUND-3 / FULL MATCH #avm@rgb13579

🎞 Extended Hilights Bayern 2 - 2 Arsenal #bayernvsarsenal #ucl@rgb13579

Full Time Bayern 2 - 2 Arsenal ဒုတိယပိုင်းကိုလည်း တစ်ဖက်တစ်ဂိုးစီ ထပ်သွင်းကာ သရေရလာဒ်နဲ့ ပြီးဆုံးခဲ့ပါတယ်။ ပွဲအကြောင်း နေ့လည်
Full Time Bayern 2 - 2 Arsenal ဒုတိယပိုင်းကိုလည်း တစ်ဖက်တစ်ဂိုးစီ ထပ်သွင်းကာ သရေရလာဒ်နဲ့ ပြီးဆုံးခဲ့ပါတယ်။ ပွဲအကြောင်း နေ့လည်မှပဲ ထပ်ရေးပြီး တင်ဆက်ပါ့မယ်။ မိုးကိုနိုင် #avm@rgb13579

Half Time Bayern 1 - 1 Arsenal တိုက်စစ်ကစားပုံ ပိုကောင်းလာဖို့ကလွဲရင် အားလုံး အဆင်ပြေပါတယ်။ ဒုတိယပိုင်း ဆက်ဆွဲကြမယ် ညီကိုတို့
Half Time Bayern 1 - 1 Arsenal တိုက်စစ်ကစားပုံ ပိုကောင်းလာဖို့ကလွဲရင် အားလုံး အဆင်ပြေပါတယ်။ ဒုတိယပိုင်း ဆက်ဆွဲကြမယ် ညီကိုတို့။ မိုးကိုနိုင် #avm@rgb13579

Half Time Bayern 1 - 1 Arsenal တိုက်စစ်ကစားပုံ ပိုကောင်းလာဖို့ကလွဲရင် အားလုံး အဆင်ပြေပါတယ်။ ဒုတိယပိုင်း ဆက်ဆဲကြမယ် ညီကိုတို့။
Half Time Bayern 1 - 1 Arsenal တိုက်စစ်ကစားပုံ ပိုကောင်းလာဖို့ကလွဲရင် အားလုံး အဆင်ပြေပါတယ်။ ဒုတိယပိုင်း ဆက်ဆဲကြမယ် ညီကိုတို့။ မိုးကိုနိုင် #avm@rgb13579

🔴 MATCH DAY ⚪ ဘိုင်ယန်မြူးနစ် VS အာဆင်နယ် ချန်ပီယံလိဂ် ပွဲစဥ် (၃) အချိန် 🕛 မြန်မာစံတော်ချိန် ယနေ့ည (၁:၃၀)နာရီ ၂၁ / ၁၀ / ၂၀၂
🔴 MATCH DAY ⚪ ဘိုင်ယန်မြူးနစ် VS အာဆင်နယ် ချန်ပီယံလိဂ် ပွဲစဥ် (၃) အချိန် 🕛 မြန်မာစံတော်ချိန် ယနေ့ည (၁:၃၀)နာရီ ၂၁ / ၁၀ / ၂၀၂၆ (​ဗုဒ္ဓဟူးနေ့​​​​​) ကွင်း 🏟️ Allianz Arena Stadium မိုးကိုနိုင် #avm@rgb13579

⏳ UCL Last Training vs BAYERN #avm@rgb13579

FULL TIME ဖောရက်စ် ၀ - ၁ အာဆင်နယ် နိုနီမာဒူအက်ကီ ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့အတူ အနိုင်သုံးမှတ် ထပ်ရခဲ့ပါတယ်။ မိုးကိုနိုင်
FULL TIME ဖောရက်စ် ၀ - ၁ အာဆင်နယ် နိုနီမာဒူအက်ကီ ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့အတူ အနိုင်သုံးမှတ် ထပ်ရခဲ့ပါတယ်။ မိုးကိုနိုင် #avm@rgb13579

Half Time ဖောရက်စ် ၀ - ၀ အာဆင်နယ် ကစားပုံကတော့ ဘောလုံးပိုင်ဆိုင်မှု များနေတာကလွဲ၍ အားရစရာ တိုက်စစ်ဆင် ကစားမှုမျိုး မတွေ့ရသေးပ
Half Time ဖောရက်စ် ၀ - ၀ အာဆင်နယ် ကစားပုံကတော့ ဘောလုံးပိုင်ဆိုင်မှု များနေတာကလွဲ၍ အားရစရာ တိုက်စစ်ဆင် ကစားမှုမျိုး မတွေ့ရသေးပါဘူး။ ဆာကာကလည်း ဘောလုံးရတိုင်း နောက်ပြန်ပေး အဇီးခြမ်းကလည်း အလုပ်မဖြစ်နဲ့ ဟုတ်နေရောပဲ။ ဒုတိယပိုင်း ဆက်ကြည့်ရအောင်ပါ ညီကိုများ။ မိုးကိုနိုင် #avm@rgb13579