Daily Gooners News
رفتن به کانال در Telegram
7 559
مشترکین
-224 ساعت
-127 روز
-10730 روز
آرشیو پست ها
7 554
Repost from Arsenal vision - Myanmar
📌ညကကစားပုံက အင်မတန်မှ စီးစီးပိုင်းပိုင်း နိုင်လွန်းတယ်။ ပြီးခဲ့တဲ့ ပွဲစဥ်တွေက ပုံစံနဲ့ အင်မတန်ကွဲထွက်လှတာကို မြင်ရတယ်။ ဒါဟာ ချန်ပီယံတွေပဲ မဟုတ်လား။ ကွင်းလယ်စိုးမိုးမှုကို အများကြီးထိန်းချုပ်ပြတဲ့နောက် ကစားပွဲတစ်ခုလုံးဟာ အာဆင်နယ်အတွက်ချည်းသာပဲ။ မမြင်ရတာကြာပြီဖြစ်တဲ့ set piece ကနေဂိုးသွင်းတာ၊ မာဂါဟေးလ်ကြီး ခေါင်းတိုက်ဂိုးသွင်းတာ အင်မတန်မှ ကျေနပ်လှပါတယ်။
📌 ထင်မှတ်မထားတဲ့ ပုံစံတွေနဲ့ တုံ့ပြန်နိုင်သေးတယ်ဆိုတာ အာတေတာက ထပ်မံသတိပေးလိုက်သလိုပါ။ ပွဲထွက်လူစာရင်း ဒိလောက်ထိ ပြောင်းပြမယ်လို့ မထင်ထားခဲ့ဘူး။ စကယ်လီ ဘယ်နောက်ခံနဲ့ မယ်ရီနိုတို့ကို နည်းဗျူဟာ ချဥ်းကပ်ပုံပြောင်းပြီး ထည့်ကစားလာတာတွေက တော်တော်လေးကို ကျေနပ်စရာလို့ ပြောချင်ပါတယ်။
📌 ဂါဘရီရယ်လ်၊ ဝှိုက်တို့ကို ချီးကျူးချင်တယ်။ အထူးတလည် ချီးကျူးချင်တာကတော့ ကပ္ပတိန် အိုဒီဂတ်ပါပဲ။ ဒီဘဲ မောများမမောတတ်တော့တာလားလို့တောင် ထင်မှတ်သွားသည်ထိကို ပေးဆပ်သွားတာ။ဒါကြောင့်လည်း အသင်းသားအားလုံးက သူ့နောက်ကို လိုက်ကြတာပဲ။
ဒီထက်ပိုပြီး ရှည်မှာစိုးလို့ ခွဲခြမ်းပြီး ချီးကျူးစရာတွေ ရေးပါမယ်ဗျာ။
မိုးကိုနိုင်
#avm@rgb13579
7 554
Repost from Arsenal vision - Myanmar
အဲဗာတန်နဲ့ ပွဲပြီးအတွေးများ
ဒီကောင်တွေက ချန်ပီယံတွေပါလားဆိုတာ ပြန်သတိရအောင် သက်သေပြတဲ့ ပွဲစဥ်တစ်ပွဲလို့ ဆိုချင်တယ်။ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်(၂)ပွဲဆက် ကစားပုံကို လူတိုင်းက ကြိုက်ခဲ့ကြမယ် မထင်ဘူး။ မင်းတို့ ချန်ပီယံတာ ဆိုတယ်ကွာ ကစားပုံကလည်းလို့ မေးခွန်းထုတ်ချင်နေသူတွေကို "ဟေ့ကောင်တွေ မင်းတို့ပါးစပ် ပိတ်ထားစမ်း "လို့ကစားပုံနဲ့ တုံ့ပြန်သွားတယဘူက
📌 ပွဲထွက်လာခဲ့တဲ့ အခင်းအကျင်းမှာ အာတေတာကိုလုံးဝချီးကျူးချင်တယ်။ နိုင်ငံတကာပွဲစဥ်မှာ ဒဏ်ရာရခဲ့တဲ့ ကိုင်ကကြံ့ခိုင်မှု မပြည့်တဲ့ပုံစံကြောင့် တိုက်စစ်ကစားပုံ သွေးအေးနေခဲ့ရသလို ဘူကာယိုဆာကာရဲ့ ကစားပုံကလည်း အားမရစရာ ဖြစ်နေခဲတယ်။ ဒီနေ့ပွဲထွက်မှာ ယောကရက်စ်က တကယ်ကို ထိုက်တန်နေကြောင်း ပြသနိုင်ခဲ့တယ်။ တောင်ပံနှစ်ဖက်အတွက် ဂျိုကာပုံစံသုံးနေရပေမယ့် ဂိုးသွင်းမသေချာတာကလွဲရင် မာဒူအက်ကီရဲ့ ကစားပုံက အများကြီး တိုးတက်လာတာကို မြင်ရတယ်။
မိုးကိုနိုင်
#avm@rgb13579
7 554
Repost from Arsenal vision - Myanmar
🎞 Extended Hilights
Arsenal 2 - 0 Everton
#arsenalvseverton
#epl@rgb13579
7 554
Repost from Arsenal vision - Myanmar
Full Time
Arsenal 2 - 0 Everton
ပထမပိုင်းမှာ တစ်ဂိုး၊ ဒုတိယပိုင်းမှာ တစ်ဂိုးသွင်းကာ မန်စီးတီးနဲ့ ရမှတ်တူ ဂိုးကွာချက်ကြောင့် အဆင့် (၂)နေရာမှာ ဆက်ရှိပါတယ်။
ဗဟိုခံစစ်မှူး နှစ်ယောက်ကပေးတဲ့ အနိုင် (၃)မှတ်ပါပဲ။
မိုးကိုနိုင်
#avm@rgb13579
7 554
Repost from Arsenal vision - Myanmar
+1
📈 ဒီနေ့ပွဲထွက်လာခဲ့တဲ့ မာဂါဟေးလ်နဲ့ ဘန်ဝှိုက်တို့ဟာ အာဆင်နယ်အတွက် ပရီးမီးယားလိဂ်ပွဲ (၂၀၀)ပြည့်အဖြစ် ကစားသွားကြမှာ ဖြစ်ပါတယ်။
မိုးကိုနိုင်
#avm@rgb13579
7 554
Repost from Arsenal vision - Myanmar
📌 ပထမဂိုးကို အာဆင်နယ် စရတယ်။ ဘိုင်ယန်ရဲ့ High line Defense ကို အိုဒီဂတ်က လှလှပပကျော်ချပေးတာကို အဇီးက အလွတ်အေးဆေး ကန်သွင်းခဲ့ရတယ်။ VAR နဲ့ On Side/Offside ပြန်ကြည့်ခဲ့ရပါသေးတယ်။ အလားတူပဲ ဘိုင်ယန်ရဲ့ ချေပဂိုးကလည်း ကွင်းတစ်ဝက်လောက်ထိ High Press ပေးနေစဥ် ဟယ်ရီကိန်းက လှလှပပ ဖန်တီးပေးတာကို အယ်လ်ဖွန်ဆိုဒေးဗိစ်က ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုးမှာ ကွန်ဆာရဲ့ လိုအပ်တဲ့နေရာမှာ ရှိမနေခဲ့တာက မေးခွန်းထုတ်စရာ ဖြစ်ခဲ့တယ်လို့ မြင်ပါတယ်။
📌 ဘိုင်ယန်ရဲ့အိမ်ကွင်းမှာ ဒီလိုပုံစံမျိုးပြနိုင်တာ မြင်ရတာက အင်မတန်ကို ခမ်းနားလွန်းတယ်လို့ ချီးကျူးချင်တယ်။ အရင်ကဆို ရော်ဘင်က ဘယ်နဂိုးသွင်းမလဲ၊ လီဝန်ဒေါ့စကီးက ဘယ်လိုသွင်းသွားမလဲလဲ ရင်တမမနဲ့ပေါ့။ ခုတော့ ရင်ဘောင်တန်းပြီး ငါတို့က မကြောက်ဘူးကွလို့ အားပေးရတာ တကယ်ကို အရသာရှိလှတယ်။ တစ်ခုရှိတယ် ဒီအရသာလောက်ကို ကျေနပ်နေတာ မဟုတ်ဘူးဆိုတာ သိစေချင်ပါတယ်။
မိုးကိုနိုင်
#avm@rgb13579
7 554
Repost from Arsenal vision - Myanmar
ဘိုင်ယန် vs အာဆင်နယ် ပွဲပြီးအတွေးများ 🧠
📌 ပွဲမတိုင်ခင်ထဲက အကန့်အသတ် ကိုယ်စီနှစ်သင်းလုံး ရှိခဲ့ကြတယ်။ အိမ်ရှင်ဘိုင်ယန်အတွက်ဆို အိုလစ်ဆီ အနီကဒ်ကြောင့် မပါနိုင်တာ၊ ကင်မစ်ချ်လို ဝါရင့်ကစားသမား မပါနိုင်တာ စသဖြင့်ပေါ့။
အာဆင်နယ်ဘက်မှာလည်း တိုက်စစ်ကစားပုံက အကန့်အသတ် ရှိတဲ့ပုံစံကို နောက်ဆုံးနှစ်ပွဲဆက်တိုက် မြင်ထားခဲ့ကတာပါ။
📌 ပွဲကို ဘယ်လို ချဥ်းကပ်ခဲ့ကြသလဲ?
နည်းပြ နှစ်ဦးလုံးဟာ ငယ်ရွယ်ပြီး ချန်ပီယံလိဂ် အတွေ့အကြုံရနေကြပြီမလို့ ကိုယ့်စတိုင်နဲ့ကိုယ် ကစားသွားကြတယ်။ အိမ်ရှင် ဘိုင်ယန်က Quick Transition တွေကို အဓိက အားပြုတိုက်စစ်ဆင်ကစားခဲ့သလို၊ အာဆင်နယ်ကလည်း ကိုယ့်ပုံစံအတိုင်းပဲ High Pressing + Deep Attacking ကစားသွားတယ်။ နှစ်သင်းလုံးရဲ့ ခံစစ်တန်းဟာ အတော်လေး ကောင်းခဲ့တယ် ဆိုရပါမယ်။
မိုးကိုနိုင်
#avm@rgb13579
7 554
Repost from Arsenal vision - Myanmar
🚨 TEAM NEWS
ပီယာရို ဟင်ကာပီ ယနေ့လေ့ကျင့်ရေး အစီအစဥ်မှာ ပါဝင်နိုင်ခဲ့ပါတယ်။
မိုးကိုနိုင်
#avm@rgb13579
7 554
Repost from Arsenal vision - Myanmar
🚨 CINTRACT NEWS
ရိုက်စ်ရဲ့ စာချုပ်သစ်အခြေအနေဟာ နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီဖြစ်ကာ မကြာမှီ ကြေညာဖို့ မျှော်လင့်ရပါတယ်။
မိုးကိုနိုင်
#avm@rgb13579
7 554
Repost from Arsenal vision - Myanmar
🚨 SAKA UPDATES
ဘိုင်ယန်နဲ့ပွဲစဥ် အစောပိုင်းမိနစ်ထဲက လူစားလှဲလိုက်ရတဲ့ ဘူကာယိုဆာကာ အခြေအနေဟာ ထပ်မံစစ်ဆေးသွားရဦးမယ်လို့ အာတေတာက အတည်ပြုသွားခဲ့ပါတယ်။
မိုးကိုနိုင်
#avm@rgb13579
7 554
Repost from Arsenal vision - Myanmar
Full Match Replay📺
BAYERN 2 - 2 ARSENAL
UCL ROUND-3 / FULL MATCH
#avm@rgb13579
7 554
Repost from Arsenal vision - Myanmar
🎞 Extended Hilights
Bayern 2 - 2 Arsenal
#bayernvsarsenal
#ucl@rgb13579
7 554
Repost from Arsenal vision - Myanmar
Full Time
Bayern 2 - 2 Arsenal
ဒုတိယပိုင်းကိုလည်း တစ်ဖက်တစ်ဂိုးစီ ထပ်သွင်းကာ သရေရလာဒ်နဲ့ ပြီးဆုံးခဲ့ပါတယ်။
ပွဲအကြောင်း နေ့လည်မှပဲ ထပ်ရေးပြီး တင်ဆက်ပါ့မယ်။
မိုးကိုနိုင်
#avm@rgb13579
7 554
Repost from Arsenal vision - Myanmar
Half Time
Bayern 1 - 1 Arsenal
တိုက်စစ်ကစားပုံ ပိုကောင်းလာဖို့ကလွဲရင် အားလုံး အဆင်ပြေပါတယ်။ ဒုတိယပိုင်း ဆက်ဆွဲကြမယ် ညီကိုတို့။
မိုးကိုနိုင်
#avm@rgb13579
7 554
Repost from Arsenal vision - Myanmar
Half Time
Bayern 1 - 1 Arsenal
တိုက်စစ်ကစားပုံ ပိုကောင်းလာဖို့ကလွဲရင် အားလုံး အဆင်ပြေပါတယ်။ ဒုတိယပိုင်း ဆက်ဆဲကြမယ် ညီကိုတို့။
မိုးကိုနိုင်
#avm@rgb13579
7 554
Repost from Arsenal vision - Myanmar
🔴 MATCH DAY ⚪
ဘိုင်ယန်မြူးနစ် VS အာဆင်နယ်
ချန်ပီယံလိဂ် ပွဲစဥ် (၃)
အချိန် 🕛 မြန်မာစံတော်ချိန် ယနေ့ည
(၁:၃၀)နာရီ
၂၁ / ၁၀ / ၂၀၂၆ (ဗုဒ္ဓဟူးနေ့)
ကွင်း 🏟️ Allianz Arena Stadium
မိုးကိုနိုင်
#avm@rgb13579
7 554
Repost from Arsenal vision - Myanmar
FULL TIME
ဖောရက်စ် ၀ - ၁ အာဆင်နယ်
နိုနီမာဒူအက်ကီ ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့အတူ အနိုင်သုံးမှတ် ထပ်ရခဲ့ပါတယ်။
မိုးကိုနိုင်
#avm@rgb13579
7 554
Repost from Arsenal vision - Myanmar
Half Time
ဖောရက်စ် ၀ - ၀ အာဆင်နယ်
ကစားပုံကတော့ ဘောလုံးပိုင်ဆိုင်မှု များနေတာကလွဲ၍ အားရစရာ တိုက်စစ်ဆင် ကစားမှုမျိုး မတွေ့ရသေးပါဘူး။ ဆာကာကလည်း ဘောလုံးရတိုင်း နောက်ပြန်ပေး အဇီးခြမ်းကလည်း အလုပ်မဖြစ်နဲ့ ဟုတ်နေရောပဲ။
ဒုတိယပိုင်း ဆက်ကြည့်ရအောင်ပါ ညီကိုများ။
မိုးကိုနိုင်
#avm@rgb13579
