Book4U.MM
Открыть в Telegram
5 387
Подписчики
-624 часа
-277 дней
-10730 дней
Архив постов
5 387
ဤစာအုပ်သည် မြန်မာစာကို ခြေခြေမြစ်မြစ် သင်လိုသူများ၊ မြန်မာစာကို ခြေခြေမြစ်မြစ် တတ်လိုသူများအတွက် အခြေခံသိထားသင့်သည့် မြန်မာသရများနှင့် မြန်မာဗျည်းများ ဖြစ်ရာဌာန် ဖြစ်ဟန်အလိုက် ဗျည်းသံ၊ သရသံများ ထွက်ပေါ်လာပုံ၊ အနက်များကြံဆရာတွင် စုတူသတ်စနစ်၊ သုဒ္ဓကာရိုက်စနစ်နှင့် တက်ကျသံသုံးသံတွဲစနစ်အကြောင်းများကို အသေး စိတ် ရှင်းလင်းဖော်ပြထားသည့်စာအုပ်ဖြစ်သည်။
မြန်မာစကားကို အနက်ကြံဆရာ၊ အနက်ဖွင့်ရာတွင် သုဒ္ဓအက္ခရာ၏ အနက်ငုပ်နေပါက ကာရိုက်အက္ခရာသို့ပြောင်း၊ ကာရိုက်အက္ခရာ၏ အနက်ငုပ်နေပါက သုဒ္ဓ အက္ခရာသို့ပြောင်း၍ အနက်ကြံဆ ဖော်ထုတ်နိုင်ကြောင်း သိလွယ်မြင်လွယ် အနက်ထင်လွယ်သော သုဒ္ဓ ကာရိုက် ကြိယာတွဲများဖြင့် လည်းကောင်း၊ တက်ကျသံသုံးသံတွဲစနစ်တွင် တစ်သံနှင့်တစ်သံ အနက် ဆက်နွှယ်မှု ရှိသဖြင့် အသံတစ်သံသံ၏ အနက်ငုပ်နေပါက အခြားအသံ တစ်သံသံနှင့်သော် လည်းကောင်း၊ နှစ်သံလုံးနှင့်သော်လည်းကောင်း ဆက်စပ်၍ တစ်သံသံမှ ပေါ်လွင်သော အနက်ဖြင့် ဖော်ထုတ်နိုင်ကြောင်းကို အသံ ၁၈ စုံမှ အတွဲလိုက်ဖြင့် တက်သံ၊ သက်သံ၊ နိမ့်သံ သုံးသံတွဲစနစ်အကြောင်းကိုလည်းကောင်း အသေးစိတ် ရှင်းလင်းတင်ပြထားသည်။
မြန်မာစာအရေးနှင့်အနက်
~~~~~~~~~~~~~
✍-ဒေါက်တာထွန်းတင့်
တန်ဖိုး-၁၀၀၀၀
စာ-၁၃၆
5 387
“စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တိုက်ပွဲဝင်အောင်မြင်ရေးမဟာဗျူဟာများ”သည် စစ်ရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေးနယ်ပယ်အသီးသီးတွင် တာဝန်ယူထားကြသော ခေါင်းဆောင်များ၊ ခေါင်းဆောင်များအဖြစ် တက်လှမ်းလိုသူများအတွက် ခေါင်းဆောင်မှုလက်စွဲစာအုပ် ဖြစ်သည်။
ဤစာအုပ်ပါ စစ်ရေးဆိုင်ရာ အတွေ့အကြုံများကို စစ်ခေါင်းဆောင်ငယ်မှသည် ထိပ်တန်း ဗိုလ်ချုပ်ကြီး များအထိ လက်တွေ့စစ်ဆင်ရေးများတွင် အသုံးချနိုင်သလို၊ စီးပွားရေး လုပ်ငန်းရှင်များအတွက်လည်း အခြေအနေကောင်းများ ဖန်တီးနိုင်ရန် စစ်ဘက်ဆိုင်ရာ ဥပဒေသများနှင့် ချိန်ဆစွန့်စား လုပ်ဆောင်နိုင် မည် ဖြစ်သည်။ ထိုနည်းတူ အုပ်ချုပ်ရေးနယ်ပယ်၊ လူ၊ လူမှုရေးနယ်ပယ်များရှိ ခေါင်းဆောင်များအတွက် လည်း ခေါင်းဆောင်ကောင်းများဖြစ်လာစေရန် လိုအပ်ချက်များကို သမိုင်းတွင် ဖြစ်တည်၊ တည်ရှိပြီး ဖြစ်သော စစ်ရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုများနှင့် ဥပမာပြယုဂ်များကို အခြေခံ၍ လုပ် ဆောင်နိုင်မည် ဖြစ်သည်။
ဤစာအုပ်တွင် မအောင်မြင်မှုနှင့် ရှုံးနိမ့်မှု ပုံစံအမျိုးမျိုးတို့ကို ကျော်လွှားနိုင်ပြီး အမြဲတမ်း အသာစီးရနေစေမည့် စိတ်ဓာတ်ပိုင်းဆိုင်ရာ လက်နက် အားလုံးကို စုံစေ့စွာ ဖော်ပြပေးထားသည်။
✍မောင်မြင့်ကြွယ်
၄၅၀၀၀
5 387
👉Pre Order Now!
22.9.2026 ထွက်ပါမယ်။
စဉ်းစားကြည့်ပါ။
ကျွန်တော်တို့သာ ကိုယ့်ရဲ့ အားနည်းနေတဲ့ အတွေးအခေါ်တွေ၊အလေ့အကျင့်တွေ၊ခံယူချက်တွေ၊အားနည်းချက် တွေကိုသာပိုကောင်းတဲ့ဘက်ကိုပြောင်းလဲနိုင်လိုက်ရင်ဘယ်လောက် တောင်ပိုကောင်းတဲ့ Versionတစ်ခု၊လူသစ်တစ်ယောက်ဖြစ်လာနိုင် မလဲဆိုတာကိုပေါ့။
ဒီစာအုပ်လေးကတစ်ဆင့်အားနည်းချက်တွေကိုအားသာချက် အဖြစ် ပြောင်းလဲလာနိုင်ဖို့ မျှော်လင့်ပါတယ်။
📘အားနည်းချက်များကို
အားသာချက်အဖြစ်သို့ ပြောင်းလဲခြင်း
✍️နေဗလ်
တန်ဖိုး -15000ကျပ်
စာမျက်နှာ - 180
5 387
📖ဤစာအုပ်မှ သင်ယူရရှိမည့်အရာများ (What You Will Learn)
▪️SCM မဟာဗျူဟာများ - MBA အဆင့် ထောက်ပံ့ရေးကွင်းဆက် စီမံခန့်ခွဲမှုဆိုင်ရာ သီအိုရီများနှင့် အခြေခံ သဘောတရားများကို စနစ်တကျ နားလည်သဘောပေါက်ခြင်း။
▪️SME လုပ်ငန်းသုံး လက်တွေ့နည်းလမ်းများ - ပြည်တွင်း SME လုပ်ငန်းများအတွက် ကုန်ကျစရိတ် အနည်းဆုံးဖြင့် လည်ပတ်နိုင်ပြီး အမြတ်အစွန်း အများဆုံးရရှိစေမည့် လက်တွေ့အသုံးချဗျူဟာများ။
▪️ကုန်လက်ကျန်နှင့် ထောက်ပံ့ပို့ဆောင်ရေး - ကုန်ကြမ်းဝယ်ယူမှု၊ သိုလှောင်ရုံ စီမံခန့်ခွဲမှု (Inventory Management) နှင့် ကုန်စည်ပို့ဆောင်ရေး (Logistics) လုပ်ငန်းစဉ်များကို အချိတ်အဆက်မိမိ ထိရောက်စွာ စီမံခြင်း။
▪️နည်းပညာနှင့် ပေါင်းစပ်ခြင်း - ခေတ်မီ အိုင်တီနည်းပညာများကို အသုံးပြု၍ Supply Chain လုပ်ငန်းစဉ် တစ်ခုလုံးကို ပိုမိုလျင်မြန် ချောမွေ့အောင် တည်ဆောက်ခြင်း။
▪️အကျပ်အတည်း စီမံခန့်ခွဲမှု - စီးပွားရေး အပြောင်းအလဲများကြားတွင် ဖြစ်ပေါ်လာနိုင်သော စိန်ခေါ်မှုများကို ကြိုတင်ခန့်မှန်း ဖြေရှင်းကာ ဖောက်သည်များ၏ ယုံကြည်မှု (Customer Satisfaction) ကို ရယူခြင်း။
📓SUPPLY CHAIN MANAGEMENT
✍ဝေဖြိုးအောင်(AIT Computer)
တန်ဖိုး-50000
စာ-516
5 387
+1
သီချင်းစာသား မြန်မာပြန်ကိုဖတ်ရင် မိမိက ကဗျာဆရာမဟုတ်တဲ့အတွက် ကဗျာ ဆရာတွေရေးထားတဲ့ ကဗျာတစ်ပုဒ်လို ရင်ထဲမှာ နုအိထိရှ ရှိနိုင်မယ်မထင်ပါ။ ဂီတသမား မဟုတ်တဲ့အတွက်လဲ ဂီတနဲ့ပတ်သက်ပြီး ဂရုဒီဃ လဟုရသ ဘာတစ်လုံးမှ ပြောမပြတတ်ပါ။ ကမ္ဘာကျော်သီချင်းကဗျာစာသားတွေထဲက အင်္ဂလိပ်စကားလုံးတွေကို ဆိုလိုရင်းသဘောသွား မိအောင် ‘အရိုးခံ’ဘာသာပြန်ပြီး တစ်လုံးချင်းစီနဲ့ အတွဲအစပ်တွေကို သီချင်းနားထောင်ရင်း ထဲထဲဝင်ဝင် နားလည်နိုင်အောင် ရှင်းပြထားတာဖြစ်တယ်။
ကိုယ်နားထောင်တဲ့သီချင်းကို ကျကျနနနားလည်ဖို့ ဆိုတာကတော့ နဲနဲခက်မယ်။ ဂီတအရသာခံရုံသက်သက်မဟုတ်ပဲ သီချင်းတစ်ပုဒ်ရဲ့ ဆိုလိုချက် (lyrical drift) ကိုသိနားလည်ရင်ဖြစ်စေ ပိုမိုနက်နက်ရှိုင်းရှိုင်းသိနားလည်မှု(in-depth interpre-tation) ရရင်ဖြစ်စေ သီချင်းနားထောင်သူမှာ သီချင်းနားထောင်ရတာ ပိုတန်ဖိုးမြင့် သွားမှာပေါ့။ အဲဒီလိုနားလည်နိုင်အောင်လဲ အစွမ်းကုန်ရှင်းပြထားပါတယ်။
သီချင်းထဲကအင်္ဂလိပ်
တန်ဖိုး-၉၀၀၀
စာ-၃၂၀
~~~~~~~~~~~
သီချင်းထဲကအင်္ဂလိပ်(၂)
တန်ဖိုး-၉၀၀၀
စာ-၃၃၃
5 387
18.9.2026 ထွက်ပါမယ်။
📌လခစားအလုပ်မှာ ချောင်ပိတ်သလို ခံစားနေရပြီး၊ စိတ်ကူးထဲက အလုပ်ကြီးအကိုင်ကြီးတွေကို တကယ်ဖြစ်အောင် လုပ်နိုင်ဖို့ရာ ကြိုးစားချင်စိတ် ပြင်းပြနေသူတွေ၊ ကြိုက်တာလုပ်ပြီး လုပ်သမျှ ပိုက်ဆံရအောင် လုပ်တတ်ချင်တယ်ဆိုတဲ့ သူတွေအတွက် အထူးရည်ရွယ်ထားတဲ့ စာအုပ်ဖြစ်ပါတယ်။
📌အလုပ်လုပ်ချင်စိတ်တော့ ရှိပါရဲ့ လုပ်ကိုင်ချင်စိတ် ပျောက်သလိုဖြစ်နေပြီး၊ လမ်းခုလတ်မှာတင် လမ်းပိတ်သလို ခံစားနေရတဲ့သူတွေ၊ အလုပ်ခွင်မှာ စိတ်ကျဉ်းကြပ်သလို ခံစားနေရပြီး ဘဝတိုးတက်ရာတိုးတက်ကြောင်း လမ်းပိတ်သလို ခံစားနေရတဲ့သူတွေအတွက် အသက်ရှုချောင်စေနိုင်မယ့် အသုံးကျဘဝလမ်းညွှန်တွေ ပါဝင်တဲ့ စာအုပ်ဖြစ်ပါတယ်။
📌စွန့်ဦးတီထွင်လုပ်ငန်းရှင်လောင်းတွေ၊ နည်းပညာတွေနဲ့အတူ ပြောင်းလဲတိုးတက်လာတဲ့ ဈေးကွက်ကို အမီလိုက်ပြီး လုပ်ငန်းကို တိုးမြှင့်သွားဖို့ တွေးနေတဲ့သူတွေ၊ ကိုယ်ထူကိုယ်ထ အသေးစား စီးပွားရေးလုပ်ငန်းတွေကို လက်တွေ့ လုပ်ကိုင်နေတဲ့သူတွေ၊ တတ်စွမ်းသလောက် စီးပွားရေး လုပ်ငန်းလေးတွေကို အကောင်းဆုံး စီမံခန့်ခွဲသွားနိုင်ဖို့ ကြိုးစားနေကြတဲ့သူတွေအတွက် အသုံးကျလမ်းညွှန်တွေ အကြံပြုထားတဲ့ စီးပွားရေးအကြံပေးစာအုပ်ဖြစ်ပါတယ်။
✍️ လူသာ(အတွေးအမြင်)
တန်ဖိုး ၁၄၀၀၀
စာ-၁၉၂
5 387
ကလေးဘဝကနေ အသက် ၂၀ ထဲ စဝင်လာတဲ့အချိန်ဟာ ဘဝမှာ လုံးဝ မတွေးထားဖူးတဲ့ အကူးအပြောင်းတစ်ခု ဖြစ်လိမ့်မယ်။
ကျွန်မတို့အများစုအတွက် ကလေးကနေ လူကြီးတစ်ယောက်အဖြစ် ပြောင်းလဲရတာဟာ လှေကားထစ်ကို တစ်ဆင့်ချင်းစီ တက်ရသလို ဟုတ်မနေပါဘူး။
ရုတ်တရက် ရေနက်ထဲ တွန်းချခံလိုက်ရသလိုပါပဲ။
မနေ့ကအထိ စာမေးပွဲ အောင်ရင် လွတ်လပ်ပြီလို့ ထင်ခဲ့ရပေမဲ့ ဒီနေ့မှာတော့ တာဝန်ယူမှုဆိုတဲ့ အရာကြီးက ကိုယ့်ရဲ့ကျောပေါ်ကို အင်တိုက်အားတိုက် ဖိထားသလို ခံစားရလာတယ်။
ကိုယ့်ပတ်ဝန်းကျင်မှာ ပြောဆိုဆက်ဆံရသမျှ လူတွေဟာ ကိုယ့်ထက် အတွေ့အကြုံ ရင့်ကျက်တဲ့ လူကြီးတွေ ဝန်းရံလာတဲ့အခါ ကိုယ်မသိတဲ့ စည်းမျဉ်းတွေ၊ ကိုယ်နားမလည်နိုင်တဲ့ ဟန်ဆောင်မှုတွေနဲ့ မွန်းကျပ်စရာ ကမ္ဘာကြီးက အဆင်သင့် စောင့်ကြိုနေတတ်ပါတယ်။
ဆယ်ကျော်သက်လေးကနေ အသက် ၂၀ ပတ်ချာလည် အကူးအပြောင်းမှာ လောကဓံရဲ့ ဖိအားတွေကြား လမ်းမပျောက်ဘဲ ကိုယ့် Reality ကို် အမှန်အတိုင်း ရင်ဆိုင်နိုင်ဖို့ လူငယ်တွေအတွက် ရည်ရွယ်ရေးသားထားတဲ့ Reality Check (အမှန်မြင်ခြင်း) စာအုပ်ကို ဖတ်ရှုဖို့ ဖိတ်ခေါ်ပါတယ်။
ယခုစာအုပ်မှ ဒဏ်ရာတွေကနေ ဉာဏ်ပညာအဖြစ်သို့ ပြောင်းလဲနိုင်ပါစေ။
📙 - အမှန်မြင်ခြင်း
✍ - မာရာ
တန်ဖိုး-10000
စာမျက်နှာ - 112
5 387
သိဒ္ဓိဝင်ပဉ္စလက်ဖယောင်းတိုင်အစီအရင်
* ဖယောင်းတိုင်သုံးပြီး အိမ်ဂေဟာသန့်စင်ခြင်း၊ မကောင်းသော စွမ်းအင် Negative Energy
* ပဉ္စလက်ဖယောင်းတိုင်ကို အသုံးပြုပြီး စီးပွားရေး၊ အချစ်ရေး၊ ပညာရေး၊ ကျန်းမာရေး ကောင်းမွန်ရန် စီရင်ခြင်း
* ပုဂ္ဂိုလ်အစောင့်အရှောက်နှင့် နတ်ဒေဝတာများ ပင့်ဖိတ် အကူအညီ တောင်းခြင်း
* အစွမ်းထက်သော သင်္ကေတများ
* မန္တာန်ရွတ်ဖတ်နည်းများ
* အောင်မြင်ချမ်းသာ ဘေးကင်းကွာ အဆောင်များ
*Candle Manifestation – ဖယောင်းတိုင်ဖြင့် ဆုတောင်းအကောင်အထည် ဖော်နည်းများ
*Spellwork မန္တာန်စွမ်းရည်ဖြင့် စိတ်ခွန်အားမြှင့်တင်ခြင်းနှင့် လိုအင်ဆန္ဒ ပြည့်ဝရေးတို့အတွက် ခေတ်သစ်နည်းလမ်းများ
စာရေးသူ-ဟိန်းလတ်
တန်ဖိုး-၁၅၀၀၀
စာ-၁၀၉
5 387
+1
ဆရာမပုညခင်စာအုပ်များ
ဈေးနှုန်းပြောင်းပါတယ်။
ဆက်သွယ်ရန်
☎ - 09798103010;
097949 64825
🏠ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုတဲ့ စာပေချစ်မြတ်နိုးသူများအတွက်
📘Book4U ဆိုင်လိပ်စာ
📌အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်
⏰မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ)
တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။
5 387
ဤ စာအုပ်တွင် ငှက်တစ်ကောင်စီအတွက်
မြန်မာအမည် နှင့် ရှိလျှင် အခြားအမည်(များ)
အင်္ဂလိပ်အမည် နှင့် မျိုးရင်း
သိပ္ပံအမည် နှင့် သိပ္ပံအမည်ပေးသူ
သိပ္ပံအမည်လက်တင်အဓိပ္ပာယ်
ယခင် သိပ္ပံအမည်
သိမှတ်စရာ
မျိုးစိတ်ပွား(များ) သို့မဟုတ် တစ်ဆင့်ခံမျိုးစိတ်(များ)
အသွင်တူမျိုးစိတ်ကွဲ(များ) နှင့် အသွင်တူမျိုးကွဲ(များ)
ဟူ၍ဖော်ပြထားပါသည်။ မြန်မာအမည်မရှိသောငှက်နှင့် အခြေအနေအရ ကျွန်တော်တို့လက်လှမ်းမှီမဖော်ထုတ် အမည်ရှုပ်ထွေးသောငှက်များကို ရှာဖွေသောအခါ အမည်ကြီးတစ်ခုခုအောက်တွင်ရှိနေမည်ကိုသတိထားရန်လ သို့သော် အရေးကြီးသည်ကသိပ္ပံအမည်သာဖြစ်သည်။ တိကျသေချာသိရှိရန်မှာ ရှင်းလင်းသော သိပ္ပံအမည်အညွှန် သွားရန်သာဖြစ်သည်။
အလေးအနက်လေ့လာနေသူတို့အတွက် ထိုငှက်၏မျိုးရင်း၊သိပ္ပံအမည်နှင့် မည်သူကထိုအမည်ကိုပေးခဲ့သ အဓိပ္ပာယ်ရှိသည် တို့ကိုရှင်းပြထားပါသည်။ ရှေးစာဟောင်းများကိုလေ့လာနိုင်ရန် ယခင်ကခေါ်ခဲ့သောအမည်ဟောင်းများကိုလည်း
ကိုလည်းပေးထားသည်။
📘သုတအဘိဓာန်မြန်မာဌက်များ
~~~~~~~~~~~
✍️စာရေးသူ-ဝင်းတင်ဝင်း
တန်ဖိုး-၂၀၀၀၀
စာ-၆၀၇ (စက္ကူဖြူချော)
ဆက်သွယ်ရန်
☎ - 09798103010;
097949 64825
5 387
+1
ဤစာအုပ်သည် အင်ဂျင်နီယာဆိုင်ယာနည်းပညာဘွဲ့အတွက်ရေးသားထားသောစာအုပ်ဖြစ်၍ Calculus ကိုအခြေမခံဘဲ Algebra ကိုအခြေခံထားသည်။ထို့ကြောင့် သင်္ချာဘာသာရပ်တွင်အားနည်းသူများပါအလွယ်တကူလေ့လာနိုင်ပါသည်။မူရင်းစာအုပ်သည် အင်ဂျင်နီယာဆိုင်ယာ နည်းပညာဘွဲ့အတွက်ရေးသားထားသောစာအုပ်ဖြစ်သည့် အတွက်အင်ဂျင်နီယာဘွဲ့သင်ရိုးအဖြစ်ဆိုလျှင်တော့ကိုက်ညီမှုရှိခြင်မှရှိပေလိမ့်မည်။သို့ရာတွင် လုပ်ငန်းခွင်တွင်အသုံးချရန်နှင့်စာပြန်နွေးရန်အတွက်ဆိုလျှင်တော့လွန်စွာအသုံးဝင်ပါသည်။
အသုံးချခံနိုင်ရည် မက္ကင်းနစ်
-----------------------------
တန်ဖိုး-၁၅၀၀၀ ကျပ်
စာမျက်နှာ-၁၉၆
စာရေးသူ-အောင်ဇေယျ
5 387
PLC program ထဲမှာပါတဲ့ Open contact (NO) ဆိုတာက Examine ON instruction ရဲ့ graphical symbol ဖြစ်ပြီး Closed contact (NC) ဆိုတာက Examine OFF instruction ရဲ့ graphical symbol ဖြစ်တာကိုသိပြီး PLC က Scan cycle အတိုင်း အလုပ်လုပ် တယ်လို့ အမှန်မြင်၊ အမှန်သိတော့မှသာ ရှင်းပြလို့ရပါတယ်။ PLC က Scan cycle နဲ့ အလုပ်လုပ်တဲ့အကြောင်းအသေးစိပ်ကို PLC လမ်းညွှန်စာအုပ်မှာရေးထားပြီး ဖြစ်ပါတယ်။
ဒီစာအုပ်တွင် Mitsubishi က ထုတ်လုပ်တဲ့ FX1N PLC ကိုအခြေခံပြီး PLC program ရေးနည်းကို တဆင့်ချင်းရှင်းပြထားပါတယ်။ Advanced User များအတွက် STL Program ရေးနည်းကိုလည်း ထည့်သွင်းဖေါ်ပြထားပါတယ်။ Analog I/O board, I/O Extension module တတ်ဆင်နည်းကို ရုပ်ပုံများဖြင့်ရှင်းပြထားပါတယ်။ Analog signal များဖြစ်သည့် Current signal, Voltage signal တို့အပြင် Thermocouple နှင့် Pt100 တို့မှရရှိသည့် signal ကိုအသုံးပြုပြီး PLC တွင် Program ရေးနည်းများကို Example Program များဖြင့် ရှင်းပြထားပါတယ်။
~~~~~~~~~~~~~
📒PLC ပရိုဂရမ်ရေးနည်း
============
တန်ဖိုး–၂၅၀၀၀ကျပ်
စာမျက်နှာ–၄၁၈
စာရေးသူ -ဦးစိုးတင့်
5 387
ဤစာအုပ်သည် ကျွန်မတို့အား မိမိ၏အတွင်းစိတ်ကမာ္ဘကို
စူးစမ်းလာစေကာ
မိမိကိုယ်ကိုနှင့်ပတ်သက်၍
ကြီးစွာသောထိုးထွင်းသိမြင်မှုကို ရရှိလာစေနိုင်ပါသည်။
ထို့အပြင်
ဆွေးနွေးနှစ်သိမ့်မှုဖြစ်စဉ်တစ်ရပ်လုံးကိုလည်း
ရှင်းလင်းစွာတွေ့မြင်လာစေကာ
ထိုမှတဆင့်
ဆွေးနွေးနှစ်သိမ့်မှုအကြောင်းကို ပိုမိုသိရှိလာစေမည်ဖြစ်သည်။
📒ကိုရွှေဖားအတွက်
ဆွေးနွေးနှစ်သိမ့်မှု
✍သက်တန့်မေရီ(ဘာသာပြန်ဆိုသည်)
တန်ဖိုး-၁၁၅၀၀
စာမျက်နှာ-၂၆၀
5 387
အောင်မြင်တိုးတက် ကြီးပွားချမ်းသာမှုဟာ ကြီးကျယ်တဲ့အားထုတ်မှုတွေကနေ ဖြစ်လာတာမဟုတ်ဘဲ သေးငယ်တဲ့ အရာတွေအားလုံး ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်ရာကနေ ဖြစ်လာပါတယ်။
📓အောင်မြင်ကြီးပွားရေးစိတ်ဓာတ်
~~~~~~~~~~~~~
✍မောင်ခိုင်ခန့် (အမျိုးသားစာပေဆု)
တန်ဖိုး-၁၁၅၀၀
စာမျက်နှာ-၁၂၈
5 387
+9
ဆရာဝေဖြိုးအောင်(AIT Computer)
ရေးသားထားသောစာအုပ်များ
မှာယူရရှိနိုင်ပါတယ်။
ဆက်သွယ်ရန်
☎ - 09798103010;
097949 64825
🏠ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုတဲ့ စာပေချစ်မြတ်နိုးသူများအတွက်
📘Book4U ဆိုင်လိပ်စာ
📌အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်
⏰မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ)
တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။
5 387
ခေတ်သစ် လူနေမှုဘဝ ပိုပြီး သက်သောင့်သက်သာ ဖြစ်လာတာနဲ့အမျှ လူတွေလည်း ပိုပြီး ထိလွယ်ရှလွယ် ဖြစ်လာကြတယ်။ ခံနိုင်ရည် လျော့လာတယ်။ မျှော်လင့်ချက်တွေ အားနည်းလာတယ်။
ဒီတော့ ဘယ်လိုနည်းနဲ့ရှေ့ဆက်မလဲ။ မမြင်ရတဲ့ အမှောင်ထဲကို ရဲရဲဝံ့ဝံ့ ဘယ်လိုတိုးဝင်မလဲ။ နာကျင်ခြင်းတွေဆီကနေ ထွက်ပြေးနေတာကို ရပ်ပြီး လူဖြစ်ရတဲ့ဒုက္ခကို ဘယ်လိုရင်ဆိုင်မလဲ။
ဒီစာအုပ်ဟာ ပျော်ရွှင်/အောင်မြင်/ကြီးပွားရေးစာအုပ် မဟုတ်ဘူး။ ဘဝကို ပိုလွယ်သွားအောင် ကူညီပေးမယ့်နည်းလမ်းတွေ မပါဘူး။ နာကျင်မှုတွေ လျော့သွားအောင် စွမ်းဆောင်မပေးနိုင်ဘူး။ ပိုပြီး ရဲရင့်လာအောင်ပဲ အားပေးနိုင်မယ်။ ဒုက္ခကို ပိုနားလည်လာအောင်ပဲ ရှင်းပြပေးနိုင်မယ်။
ရောက်မလာသေးတဲ့ အချိန်တွေကို ကြိုတွေးပြီး မောနေမယ့်အစား လက်ရှိအခြေအနေမှာ အကောင်းဆုံးနေဖို့ လမ်းပြပေးတဲ့ စာအုပ်ပါပဲ။
📘မျှော်လင့်ခြင်းဖတ်စာ
✍️ချမ်းမြေ့ဝင် ဘာသာပြန်သည်။
တန်ဖိုး-13000
စာ-296
5 387
(19.9.2026) မှာ ထွက်ရှိမည်
±±±±±±±
လူငယ်ဘဝမှာ
အကြီးမားဆုံး အန္တရာယ်က
ကျရှုံးခြင်း မဟုတ်ဘူး။
ဘာမှ မစတင်ခြင်းပဲ။
တချို့လူတွေက
ပြည့်စုံမယ့် အချိန်ကို
စောင့်နေကြတယ်။
တချို့လူတွေက
ပိုက်ဆံရှိမှ
စမယ်လို့ တွေးကြတယ်။
----
လူတစ်ယောက်ရဲ့ဘဝမှာ “လူငယ်ဘဝ” ဆိုတာ အရေးအကြီးဆုံး အချိန်ကာလတစ်ခု ဖြစ်ပါတယ်။ အိပ်မက်တွေ ရှိတယ်။ မျှော်လင့်ချက်တွေ ရှိတယ်။ ဒါပေမဲ့ မသေချာမှုတွေလည်း ရှိပါတယ်။ ဘယ်လမ်းကို ရွေးချယ်ရမလဲ။ ဘယ်လိုလူတစ်ယောက် ဖြစ်လာရမလဲဆိုတဲ့ မေးခွန်းပေါင်းများစွာနဲ့ ရင်ဆိုင်နေရတဲ့အချိန်လည်း ဖြစ်ပါတယ်။
±±±
📖လူငယ်တစ်ယောက် ဖြစ်လာရင်...
✍️စာရေးသူ - သုတလင်း
တန်ဖိုး-၉၅၀၀
စာမျက်နှာ - ၁၀၄
5 387
အိပ်ပျော်နေချိန်မှာ သင့်ခန္ဓာကိုယ်က အိပ်ရာပေါ်မှာ ကျန်နေခဲ့ပြီး သင့်အသိစိတ်ကတော့ အခြားတစ်နေရာကို လွတ်လပ်စွာ ခရီးထွက်သွားနိုင်တယ်ဆိုရင်...
သင် ဘယ်ကိုသွားမလဲ...
Astral Projection ဆိုတာ ခန္ဓာကိုယ်အပြင်ဘက်ကနေ ကိုယ့်အသိစိတ်နဲ့ ကမ္ဘာတစ်ခုကို စူးစမ်းလေ့လာသလို ခံစားရစေတဲ့ ထူးခြားသောအတွေ့အကြုံ တစ်ခုပါ။ ဒါပေမဲ့ ဒါပေမဲ့ အတွေ့အကြုံကောင်းတစ်ခု ရဖို့အတွက် ကြောက်ရွံ့မှုကို ထိန်းချုပ်နိုင်ခြင်း၊ စိတ်နဲ့ပတ်ဝန်းကျင်ကို ပြင်ဆင်ခြင်း၊ ခန္ဓာကိုယ်ကနေ ခွဲ ထွက်နိုင်ဖို့ လေ့ကျင့်ခြင်းနဲ့ Astral realm တွေထဲမှာ လုံခြုံစွာ သွားလာနိုင် ခြင်းတို့ကို သိရှိထားဖို့ လိုအပ်ပါတယ်။
The Astral Projection Guidebook -
Astral Projection ရဲ့ အခြေခံသဘောတရားများ
ခရီးစတင်ဖို့ စိတ်နှင့် ပတ်ဝန်းကျင်ကို ပြင်ဆင်နည်းများ
ခန္ဓာကိုယ်ကနေ ခွဲထွက်ချိန်မှာ ခံစားရနိုင်တဲ့ အတွေ့အကြုံများ
Astral realm များအတွင်း သွားလာစူးစမ်းနည်းများ
အခြားသူများနှင့် Astrol ခရီးသွားခြင်း
မလိုလားအပ်သော အတွေ့အကြုံများမှ မိမိကိုယ်ကို ကာကွယ်ခြင်း
Low-vibrational beings များနှင့် တွေ့ကြုံရသည့်အခါ
ကိုင်တွယ်နည်းများ
စတာတွေကို အဆင့်လိုက် လမ်းညွှန်ပေးထားပါတယ်။
5 387
+2
ခေတ်မီဒစ်ဂျစ်တယ်နည်းပညာ ဆောင်းပါးများ
~~~~~~~~~~~~~~~
စာရေးသူ-ဒေါက်တာသန့်စင်(ရူပဗေဒ)
တန်ဖိုး-၂၀၀၀၀
စာမျက်နှာ-၁၄၃
