es
Feedback
Book4U.MM

Book4U.MM

Ir al canal en Telegram

Book4U "Your best partner" မြန်မာပြည်အနှံ့စာအုပ်များပို့ဆောင်ပေးသည်

Mostrar más
5 386
Suscriptores
-124 horas
-217 días
-10230 días
Archivo de publicaciones
လူသစ်တစ်ယောက်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံရတဲ့အချိန်ဟာ ကျွန်တော်တို့ရဲ့ စူးစမ်းလေ့လာနိုင်စွမ်းနဲ့ ဆန်းစစ်သုံးသပ်နိုင်စွမ်းကို အလိ
လူသစ်တစ်ယောက်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံရတဲ့အချိန်ဟာ ကျွန်တော်တို့ရဲ့ စူးစမ်းလေ့လာနိုင်စွမ်းနဲ့ ဆန်းစစ်သုံးသပ်နိုင်စွမ်းကို အလိုအပ်ဆုံး အချိန်ပါပဲ။ 👤တစ်စုံတစ်ယောက်ရဲ့ စရိုက်လက္ခဏာ၊ အပြုအမူနဲ့ နုတ်ကမပြောဘဲဖော်ပြနေတဲ့ ရည်ရွယ်ချက်တွေကို မြန်မြန်ဆန်ဆန်နဲ့ တိတိကျကျ ဆန်းစစ်နိုင်မယ်ဆိုရင် ကျွန်တော်တို့ဟာ ပိုထိရောက်စွာ ဆက်သွယ်နိုင်မှာဖြစ်ပြီး ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့လိုချင်တာကို ရနိုင်ပါတယ်။ 🗣လူတွေနဲ့ ဆက်သွယ်တဲ့အခါမှာ ကျွန်တော်တို့ပြောချင်တဲ့သူဆီ တကယ်ရောက်အောင် နည်းလမ်းအမျိုးမျိုးနဲ့ ညှိယူလို့ရတယ်။ ပြီးတော့ အလိမ်ခံနေရတာလား၊ တစ်ယောက်ယောက်ရဲ့ လွှမ်းမိုးမှုကို ခံနေရတာလားဆိုတာကိုလည်း သိနိုင်တယ်။ ကျွန်တော်တို့နဲ့ ကွဲပြားတဲ့သူတွေ၊ တန်ဖိုးထားတဲ့အရာ မတူတဲ့သူတွေကိုသာ ပိုပြီးနားလည်နိုင်တယ်။ 📘လူကဲခတ်ခြင်းအတတ်ပညာ ✍ထက်ထက်တင်ဇာ တန်ဖိုး–17500 စာမျက်နှာ–241 ☎ - 09798103010;097949 64825 (Viber၊ Message) သို့ ဆက်သွယ် မှာယူနိုင်ပါသည်။ ဆိုင်လိပ်စာ-အမှတ် ၅၆ ၊ ၄၄ လမ်း(အောက်ဘလောက်) ၊ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်

ဒီစာအုပ်လေးကို Quantity Surveyor တွေအတွက် အဓိက ရည်ရွယ်ပြီးရေးထားတာမို့ ၊ QS Point of View ကနေပဲ ပြောကြည့်ချင်ပါတယ်။ နိုင်ငံတက
ဒီစာအုပ်လေးကို Quantity Surveyor တွေအတွက် အဓိက ရည်ရွယ်ပြီးရေးထားတာမို့ ၊ QS Point of View ကနေပဲ ပြောကြည့်ချင်ပါတယ်။ နိုင်ငံတကာ ဆောက်လုပ်ရေး လုပ်ငန်းခွင်ရဲ့ QTO လုပ်ငန်းစဉ်တွေကို QAC လို့ခေါ်တဲ့ မြန်ဆန်၊ မှန်ကန်ပြီး၊ နားလည်လွယ်တဲ့ ခေတ်မီနည်းပညာရပ်တွေကို သုံးပြီး တွက်ချက် နေကြပြီ ဖြစ်ပါတယ်။ ဒါကို အမီလိုက်နိုင်ဖို့ Revu တို့ CostX, Glodon တို့လို ခေတ်မီ Software တွေကိုပညာ ရှင်ဆန်ဆန် စနစ်တကျ သုံးစွဲတတ်ဖို့ မဖြစ်မနေလိုအပ်ပါတယ်။ 👉ဒီစာအုပ်ထဲမှာ ဘာတွေပါမလဲ...??? ဒီစာအုပ်မှာတော့ Revu Software အသုံးချပုံ အဆင့်အဆင့်ကို အသေးစိတ်ဖော်ပြပေးထားပြီး၊ Quarth Take-off အခြေတည်တဲ့ ၊ Quantity Surveyor ပိုင်းအတွက် လက်တွေ့ အသုံးချနိုင်ဖို့ အဓိက ထားဦး တင်ပြပေးထားပါတယ်။ Microsoft Excel နဲ့ပါ ချိတ်ဆက်ပြီး BOQ, Summary တွေတွက်ချက်ပုံအထိအဆင့်အဆင့် အသုံးပြုပုံတွေကို QS သင်ခန်းစာထဲမှာ ထည့်သွင်းပေးထားပါတယ်။ ဒီစာအုပ်မှာစုစုပေါင်း Chapter (၁၁) ခုပါဝင်ပြီး အသုံးပြုပုံကိုလိုက်ပြီး အပိုင်း (၄) ပိုင်းခွဲပြီး တင်ပြ ပေးထား ပါတယ်။ Part-1: Running with Revu Part-2:Marking with Revu Park -3: Measuring with Reva Part-4: Working with Revu 40000

ဆရာမလွန်းထားထားစာအုပ်အစုံမှာယူရရှိနိုင်ပါတယ်။ တစ်အုပ်ချင်းတန်ဖိုး-11500 ဆက်သွယ်ရန် ☎ - 09798103010; 097949 64825 🏠ဆိုင်မှာ က
+9
ဆရာမလွန်းထားထားစာအုပ်အစုံမှာယူရရှိနိုင်ပါတယ်။ တစ်အုပ်ချင်းတန်ဖိုး-11500 ဆက်သွယ်ရန် ☎ - 09798103010; 097949 64825 🏠ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုတဲ့ စာပေချစ်မြတ်နိုးသူများအတွက် 📘Book4U ဆိုင်လိပ်စာ 📌အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန် ⏰မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ) တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။

photo content

ဤစာအုပ်သည် မြန်မာစာကို ခြေခြေမြစ်မြစ် သင်လိုသူများ၊ မြန်မာစာကို ခြေခြေမြစ်မြစ် တတ်လိုသူများအတွက် အခြေခံသိထားသင့်သည့် မြန်မာသရ
ဤစာအုပ်သည် မြန်မာစာကို ခြေခြေမြစ်မြစ် သင်လိုသူများ၊ မြန်မာစာကို ခြေခြေမြစ်မြစ် တတ်လိုသူများအတွက် အခြေခံသိထားသင့်သည့် မြန်မာသရများနှင့် မြန်မာဗျည်းများ ဖြစ်ရာဌာန် ဖြစ်ဟန်အလိုက် ဗျည်းသံ၊ သရသံများ ထွက်ပေါ်လာပုံ၊ အနက်များကြံဆရာတွင် စုတူသတ်စနစ်၊ သုဒ္ဓကာရိုက်စနစ်နှင့် တက်ကျသံသုံးသံတွဲစနစ်အကြောင်းများကို အသေး စိတ် ရှင်းလင်းဖော်ပြထားသည့်စာအုပ်ဖြစ်သည်။ မြန်မာစကားကို အနက်ကြံဆရာ၊ အနက်ဖွင့်ရာတွင် သုဒ္ဓအက္ခရာ၏ အနက်ငုပ်နေပါက ကာရိုက်အက္ခရာသို့ပြောင်း၊ ကာရိုက်အက္ခရာ၏ အနက်ငုပ်နေပါက သုဒ္ဓ အက္ခရာသို့ပြောင်း၍ အနက်ကြံဆ ဖော်ထုတ်နိုင်ကြောင်း သိလွယ်မြင်လွယ် အနက်ထင်လွယ်သော သုဒ္ဓ ကာရိုက် ကြိယာတွဲများဖြင့် လည်းကောင်း၊ တက်ကျသံသုံးသံတွဲစနစ်တွင် တစ်သံနှင့်တစ်သံ အနက် ဆက်နွှယ်မှု ရှိသဖြင့် အသံတစ်သံသံ၏ အနက်ငုပ်နေပါက အခြားအသံ တစ်သံသံနှင့်သော် လည်းကောင်း၊ နှစ်သံလုံးနှင့်သော်လည်းကောင်း ဆက်စပ်၍ တစ်သံသံမှ ပေါ်လွင်သော အနက်ဖြင့် ဖော်ထုတ်နိုင်ကြောင်းကို အသံ ၁၈ စုံမှ အတွဲလိုက်ဖြင့် တက်သံ၊ သက်သံ၊ နိမ့်သံ သုံးသံတွဲစနစ်အကြောင်းကိုလည်းကောင်း အသေးစိတ် ရှင်းလင်းတင်ပြထားသည်။ မြန်မာစာအရေးနှင့်အနက် ~~~~~~~~~~~~~ ✍-ဒေါက်တာထွန်းတင့် တန်ဖိုး-၁၀၀၀၀ စာ-၁၃၆

“စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တိုက်ပွဲဝင်အောင်မြင်ရေးမဟာဗျူဟာများ”သည် စစ်ရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေ
“စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တိုက်ပွဲဝင်အောင်မြင်ရေးမဟာဗျူဟာများ”သည် စစ်ရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေးနယ်ပယ်အသီးသီးတွင် တာဝန်ယူထားကြသော ခေါင်းဆောင်များ၊ ခေါင်းဆောင်များအဖြစ် တက်လှမ်းလိုသူများအတွက် ခေါင်းဆောင်မှုလက်စွဲစာအုပ် ဖြစ်သည်။ ဤစာအုပ်ပါ စစ်ရေးဆိုင်ရာ အတွေ့အကြုံများကို စစ်ခေါင်းဆောင်ငယ်မှသည် ထိပ်တန်း ဗိုလ်ချုပ်ကြီး များအထိ လက်တွေ့စစ်ဆင်ရေးများတွင် အသုံးချနိုင်သလို၊ စီးပွားရေး လုပ်ငန်းရှင်များအတွက်လည်း အခြေအနေကောင်းများ ဖန်တီးနိုင်ရန် စစ်ဘက်ဆိုင်ရာ ဥပဒေသများနှင့် ချိန်ဆစွန့်စား လုပ်ဆောင်နိုင် မည် ဖြစ်သည်။ ထိုနည်းတူ အုပ်ချုပ်ရေးနယ်ပယ်၊ လူ၊ လူမှုရေးနယ်ပယ်များရှိ ခေါင်းဆောင်များအတွက် လည်း ခေါင်းဆောင်ကောင်းများဖြစ်လာစေရန် လိုအပ်ချက်များကို သမိုင်းတွင် ဖြစ်တည်၊ တည်ရှိပြီး ဖြစ်သော စစ်ရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုများနှင့် ဥပမာပြယုဂ်များကို အခြေခံ၍ လုပ် ဆောင်နိုင်မည် ဖြစ်သည်။ ဤစာအုပ်တွင် မအောင်မြင်မှုနှင့် ရှုံးနိမ့်မှု ပုံစံအမျိုးမျိုးတို့ကို ကျော်လွှားနိုင်ပြီး အမြဲတမ်း အသာစီးရနေစေမည့် စိတ်ဓာတ်ပိုင်းဆိုင်ရာ လက်နက် အားလုံးကို စုံစေ့စွာ ဖော်ပြပေးထားသည်။ ✍မောင်မြင့်ကြွယ် ၄၅၀၀၀

👉Pre Order Now! 22.9.2026 ထွက်ပါမယ်။ စဉ်းစားကြည့်ပါ။ ကျွန်တော်တို့သာ ကိုယ့်ရဲ့ အားနည်းနေတဲ့ အတွေးအခေါ်တွေ၊အလေ့အကျင့်တွေ၊ခံယူ
👉Pre Order Now! 22.9.2026 ထွက်ပါမယ်။ စဉ်းစားကြည့်ပါ။ ကျွန်တော်တို့သာ ကိုယ့်ရဲ့ အားနည်းနေတဲ့ အတွေးအခေါ်တွေ၊အလေ့အကျင့်တွေ၊ခံယူချက်တွေ၊အားနည်းချက် တွေကိုသာပိုကောင်းတဲ့ဘက်ကိုပြောင်းလဲနိုင်လိုက်ရင်ဘယ်လောက် တောင်ပိုကောင်းတဲ့ Versionတစ်ခု၊လူသစ်တစ်ယောက်ဖြစ်လာနိုင် မလဲဆိုတာကိုပေါ့။ ဒီစာအုပ်လေးကတစ်ဆင့်အားနည်းချက်တွေကိုအားသာချက် အဖြစ် ပြောင်းလဲလာနိုင်ဖို့ မျှော်လင့်ပါတယ်။ 📘အားနည်းချက်များကို အားသာချက်အဖြစ်သို့ ပြောင်းလဲခြင်း ✍️နေဗလ် တန်ဖိုး -15000ကျပ် စာမျက်နှာ - 180

📖ဤစာအုပ်မှ သင်ယူရရှိမည့်အရာများ (What You Will Learn) ▪️SCM မဟာဗျူဟာများ - MBA အဆင့် ထောက်ပံ့ရေးကွင်းဆက် စီမံခန့်ခွဲမှုဆိုင်
📖ဤစာအုပ်မှ သင်ယူရရှိမည့်အရာများ (What You Will Learn) ▪️SCM မဟာဗျူဟာများ - MBA အဆင့် ထောက်ပံ့ရေးကွင်းဆက် စီမံခန့်ခွဲမှုဆိုင်ရာ သီအိုရီများနှင့် အခြေခံ သဘောတရားများကို စနစ်တကျ နားလည်သဘောပေါက်ခြင်း။ ▪️SME လုပ်ငန်းသုံး လက်တွေ့နည်းလမ်းများ - ပြည်တွင်း SME လုပ်ငန်းများအတွက် ကုန်ကျစရိတ် အနည်းဆုံးဖြင့် လည်ပတ်နိုင်ပြီး အမြတ်အစွန်း အများဆုံးရရှိစေမည့် လက်တွေ့အသုံးချဗျူဟာများ။ ▪️ကုန်လက်ကျန်နှင့် ထောက်ပံ့ပို့ဆောင်ရေး - ကုန်ကြမ်းဝယ်ယူမှု၊ သိုလှောင်ရုံ စီမံခန့်ခွဲမှု (Inventory Management) နှင့် ကုန်စည်ပို့ဆောင်ရေး (Logistics) လုပ်ငန်းစဉ်များကို အချိတ်အဆက်မိမိ ထိရောက်စွာ စီမံခြင်း။ ▪️နည်းပညာနှင့် ပေါင်းစပ်ခြင်း - ခေတ်မီ အိုင်တီနည်းပညာများကို အသုံးပြု၍ Supply Chain လုပ်ငန်းစဉ် တစ်ခုလုံးကို ပိုမိုလျင်မြန် ချောမွေ့အောင် တည်ဆောက်ခြင်း။ ▪️အကျပ်အတည်း စီမံခန့်ခွဲမှု - စီးပွားရေး အပြောင်းအလဲများကြားတွင် ဖြစ်ပေါ်လာနိုင်သော စိန်ခေါ်မှုများကို ကြိုတင်ခန့်မှန်း ဖြေရှင်းကာ ဖောက်သည်များ၏ ယုံကြည်မှု (Customer Satisfaction) ကို ရယူခြင်း။ 📓SUPPLY CHAIN MANAGEMENT ✍ဝေဖြိုးအောင်(AIT Computer) တန်ဖိုး-50000 စာ-516

သီချင်းစာသား မြန်မာပြန်ကိုဖတ်ရင် မိမိက ကဗျာဆရာမဟုတ်တဲ့အတွက် ကဗျာ ဆရာတွေရေးထားတဲ့ ကဗျာတစ်ပုဒ်လို ရင်ထဲမှာ နုအိထိရှ ရှိနိုင်မယ်
+1
သီချင်းစာသား မြန်မာပြန်ကိုဖတ်ရင် မိမိက ကဗျာဆရာမဟုတ်တဲ့အတွက် ကဗျာ ဆရာတွေရေးထားတဲ့ ကဗျာတစ်ပုဒ်လို ရင်ထဲမှာ နုအိထိရှ ရှိနိုင်မယ်မထင်ပါ။ ဂီတသမား မဟုတ်တဲ့အတွက်လဲ ဂီတနဲ့ပတ်သက်ပြီး ဂရုဒီဃ လဟုရသ ဘာတစ်လုံးမှ ပြောမပြတတ်ပါ။ ကမ္ဘာကျော်သီချင်းကဗျာစာသားတွေထဲက အင်္ဂလိပ်စကားလုံးတွေကို ဆိုလိုရင်းသဘောသွား မိအောင် ‘အရိုးခံ’ဘာသာပြန်ပြီး တစ်လုံးချင်းစီနဲ့ အတွဲအစပ်တွေကို သီချင်းနားထောင်ရင်း ထဲထဲဝင်ဝင် နားလည်နိုင်အောင် ရှင်းပြထားတာဖြစ်တယ်။ ကိုယ်နားထောင်တဲ့သီချင်းကို ကျကျနနနားလည်ဖို့ ဆိုတာကတော့ နဲနဲခက်မယ်။ ဂီတအရသာခံရုံသက်သက်မဟုတ်ပဲ သီချင်းတစ်ပုဒ်ရဲ့ ဆိုလိုချက် (lyrical drift) ကိုသိနားလည်ရင်ဖြစ်စေ ပိုမိုနက်နက်ရှိုင်းရှိုင်းသိနားလည်မှု(in-depth interpre-tation) ရရင်ဖြစ်စေ သီချင်းနားထောင်သူမှာ သီချင်းနားထောင်ရတာ ပိုတန်ဖိုးမြင့် သွားမှာပေါ့။ အဲဒီလိုနားလည်နိုင်အောင်လဲ အစွမ်းကုန်ရှင်းပြထားပါတယ်။ သီချင်းထဲကအင်္ဂလိပ် တန်ဖိုး-၉၀၀၀ စာ-၃၂၀ ~~~~~~~~~~~ သီချင်းထဲကအင်္ဂလိပ်(၂) တန်ဖိုး-၉၀၀၀ စာ-၃၃၃

18.9.2026 ထွက်ပါမယ်။ 📌လခစားအလုပ်မှာ ချောင်ပိတ်သလို ခံစားနေရပြီး၊ စိတ်ကူးထဲက အလုပ်ကြီးအကိုင်ကြီးတွေကို တကယ်ဖြစ်အောင် လုပ်နိုင
18.9.2026 ထွက်ပါမယ်။ 📌လခစားအလုပ်မှာ ချောင်ပိတ်သလို ခံစားနေရပြီး၊ စိတ်ကူးထဲက အလုပ်ကြီးအကိုင်ကြီးတွေကို တကယ်ဖြစ်အောင် လုပ်နိုင်ဖို့ရာ ကြိုးစားချင်စိတ် ပြင်းပြနေသူတွေ၊ ကြိုက်တာလုပ်ပြီး လုပ်သမျှ ပိုက်ဆံရအောင် လုပ်တတ်ချင်တယ်ဆိုတဲ့ သူတွေအတွက် အထူးရည်ရွယ်ထားတဲ့ စာအုပ်ဖြစ်ပါတယ်။ 📌အလုပ်လုပ်ချင်စိတ်တော့ ရှိပါရဲ့ လုပ်ကိုင်ချင်စိတ် ပျောက်သလိုဖြစ်နေပြီး၊ လမ်းခုလတ်မှာတင် လမ်းပိတ်သလို ခံစားနေရတဲ့သူတွေ၊ အလုပ်ခွင်မှာ စိတ်ကျဉ်းကြပ်သလို ခံစားနေရပြီး ဘဝတိုးတက်ရာတိုးတက်ကြောင်း လမ်းပိတ်သလို ခံစားနေရတဲ့သူတွေအတွက် အသက်ရှုချောင်စေနိုင်မယ့် အသုံးကျဘဝလမ်းညွှန်တွေ ပါဝင်တဲ့ စာအုပ်ဖြစ်ပါတယ်။ 📌စွန့်ဦးတီထွင်လုပ်ငန်းရှင်လောင်းတွေ၊ နည်းပညာတွေနဲ့အတူ ပြောင်းလဲတိုးတက်လာတဲ့ ဈေးကွက်ကို အမီလိုက်ပြီး လုပ်ငန်းကို တိုးမြှင့်သွားဖို့ တွေးနေတဲ့သူတွေ၊ ကိုယ်ထူကိုယ်ထ အသေးစား စီးပွားရေးလုပ်ငန်းတွေကို လက်တွေ့ လုပ်ကိုင်နေတဲ့သူတွေ၊ တတ်စွမ်းသလောက် စီးပွားရေး လုပ်ငန်းလေးတွေကို အကောင်းဆုံး စီမံခန့်ခွဲသွားနိုင်ဖို့ ကြိုးစားနေကြတဲ့သူတွေအတွက် အသုံးကျလမ်းညွှန်တွေ အကြံပြုထားတဲ့ စီးပွားရေးအကြံပေးစာအုပ်ဖြစ်ပါတယ်။ ✍️ လူသာ(အတွေးအမြင်) တန်ဖိုး ၁၄၀၀၀ စာ-၁၉၂

ကလေးဘဝကနေ အသက် ၂၀ ထဲ စဝင်လာတဲ့အချိန်ဟာ ဘဝမှာ လုံးဝ မတွေးထားဖူးတဲ့ အကူးအပြောင်းတစ်ခု ဖြစ်လိမ့်မယ်။ ကျွန်မတို့အများစုအတွက် ကလေး
ကလေးဘဝကနေ အသက် ၂၀ ထဲ စဝင်လာတဲ့အချိန်ဟာ ဘဝမှာ လုံးဝ မတွေးထားဖူးတဲ့ အကူးအပြောင်းတစ်ခု ဖြစ်လိမ့်မယ်။ ကျွန်မတို့အများစုအတွက် ကလေးကနေ လူကြီးတစ်ယောက်အဖြစ် ပြောင်းလဲရတာဟာ လှေကားထစ်ကို တစ်ဆင့်ချင်းစီ တက်ရသလို ဟုတ်မနေပါဘူး။ ရုတ်တရက် ရေနက်ထဲ တွန်းချခံလိုက်ရသလိုပါပဲ။ မနေ့ကအထိ စာမေးပွဲ အောင်ရင် လွတ်လပ်ပြီလို့ ထင်ခဲ့ရပေမဲ့ ဒီနေ့မှာတော့ တာဝန်ယူမှုဆိုတဲ့ အရာကြီးက ကိုယ့်ရဲ့ကျောပေါ်ကို အင်တိုက်အားတိုက် ဖိထားသလို ခံစားရလာတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ ပြောဆိုဆက်ဆံရသမျှ လူတွေဟာ ကိုယ့်ထက် အတွေ့အကြုံ ရင့်ကျက်တဲ့ လူကြီးတွေ ဝန်းရံလာတဲ့အခါ ကိုယ်မသိတဲ့ စည်းမျဉ်းတွေ၊ ကိုယ်နားမလည်နိုင်တဲ့ ဟန်ဆောင်မှုတွေနဲ့ မွန်းကျပ်စရာ ကမ္ဘာကြီးက အဆင်သင့် စောင့်ကြိုနေတတ်ပါတယ်။ ဆယ်ကျော်သက်လေးကနေ အသက် ၂၀ ပတ်ချာလည် အကူးအပြောင်းမှာ လောကဓံရဲ့ ဖိအားတွေကြား လမ်းမပျောက်ဘဲ ကိုယ့် Reality ကို် အမှန်အတိုင်း ရင်ဆိုင်နိုင်ဖို့ လူငယ်တွေအတွက် ရည်ရွယ်ရေးသားထားတဲ့ Reality Check (အမှန်မြင်ခြင်း) စာအုပ်ကို ဖတ်ရှုဖို့ ဖိတ်ခေါ်ပါတယ်။ ယခုစာအုပ်မှ ဒဏ်ရာတွေကနေ ဉာဏ်ပညာအဖြစ်သို့ ပြောင်းလဲနိုင်ပါစေ။ 📙 - အမှန်မြင်ခြင်း ✍ - မာရာ တန်ဖိုး-10000 စာမျက်နှာ - 112

သိဒ္ဓိဝင်ပဉ္စလက်ဖယောင်းတိုင်အစီအရင် * ဖယောင်းတိုင်သုံးပြီး အိမ်ဂေဟာသန့်စင်ခြင်း၊ မကောင်းသော စွမ်းအင် Negative Energy * ပဉ္စလက
သိဒ္ဓိဝင်ပဉ္စလက်ဖယောင်းတိုင်အစီအရင် * ဖယောင်းတိုင်သုံးပြီး အိမ်ဂေဟာသန့်စင်ခြင်း၊ မကောင်းသော စွမ်းအင် Negative Energy * ပဉ္စလက်ဖယောင်းတိုင်ကို အသုံးပြုပြီး စီးပွားရေး၊ အချစ်ရေး၊ ပညာရေး၊ ကျန်းမာရေး ကောင်းမွန်ရန် စီရင်ခြင်း * ပုဂ္ဂိုလ်အစောင့်အရှောက်နှင့် နတ်ဒေဝတာများ ပင့်ဖိတ် အကူအညီ တောင်းခြင်း * အစွမ်းထက်သော သင်္ကေတများ * မန္တာန်ရွတ်ဖတ်နည်းများ * အောင်မြင်ချမ်းသာ ဘေးကင်းကွာ အဆောင်များ *Candle Manifestation – ဖယောင်းတိုင်ဖြင့် ဆုတောင်းအကောင်အထည် ဖော်နည်းများ *Spellwork မန္တာန်စွမ်းရည်ဖြင့် စိတ်ခွန်အားမြှင့်တင်ခြင်းနှင့် လိုအင်ဆန္ဒ ပြည့်ဝရေးတို့အတွက် ခေတ်သစ်နည်းလမ်းများ စာရေးသူ-ဟိန်းလတ် တန်ဖိုး-၁၅၀၀၀ စာ-၁၀၉

ဆရာမပုညခင်စာအုပ်များ ဈေးနှုန်းပြောင်းပါတယ်။ ဆက်သွယ်ရန် ☎ - 09798103010; 097949 64825 🏠ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယ
+1
ဆရာမပုညခင်စာအုပ်များ ဈေးနှုန်းပြောင်းပါတယ်။ ဆက်သွယ်ရန် ☎ - 09798103010; 097949 64825 🏠ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုတဲ့ စာပေချစ်မြတ်နိုးသူများအတွက် 📘Book4U ဆိုင်လိပ်စာ 📌အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန် ⏰မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ) တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။

ဤ စာအုပ်တွင် ငှက်တစ်ကောင်စီအတွက် မြန်မာအမည် နှင့် ရှိလျှင် အခြားအမည်(များ) အင်္ဂလိပ်အမည် နှင့် မျိုးရင်း သိပ္ပံအမည် နှင့် သိပ
ဤ စာအုပ်တွင် ငှက်တစ်ကောင်စီအတွက် မြန်မာအမည် နှင့် ရှိလျှင် အခြားအမည်(များ) အင်္ဂလိပ်အမည် နှင့် မျိုးရင်း သိပ္ပံအမည် နှင့် သိပ္ပံအမည်ပေးသူ သိပ္ပံအမည်လက်တင်အဓိပ္ပာယ် ယခင် သိပ္ပံအမည် သိမှတ်စရာ မျိုးစိတ်ပွား(များ) သို့မဟုတ် တစ်ဆင့်ခံမျိုးစိတ်(များ) အသွင်တူမျိုးစိတ်ကွဲ(များ) နှင့် အသွင်တူမျိုးကွဲ(များ) ဟူ၍ဖော်ပြထားပါသည်။ မြန်မာအမည်မရှိသောငှက်နှင့် အခြေအနေအရ ကျွန်တော်တို့လက်လှမ်းမှီမဖော်ထုတ် အမည်ရှုပ်ထွေးသောငှက်များကို ရှာဖွေသောအခါ အမည်ကြီးတစ်ခုခုအောက်တွင်ရှိနေမည်ကိုသတိထားရန်လ သို့သော် အရေးကြီးသည်ကသိပ္ပံအမည်သာဖြစ်သည်။ တိကျသေချာသိရှိရန်မှာ ရှင်းလင်းသော သိပ္ပံအမည်အညွှန် သွားရန်သာဖြစ်သည်။ အလေးအနက်လေ့လာနေသူတို့အတွက် ထိုငှက်၏မျိုးရင်း၊သိပ္ပံအမည်နှင့် မည်သူကထိုအမည်ကိုပေးခဲ့သ အဓိပ္ပာယ်ရှိသည် တို့ကိုရှင်းပြထားပါသည်။ ရှေးစာဟောင်းများကိုလေ့လာနိုင်ရန် ယခင်ကခေါ်ခဲ့သောအမည်ဟောင်းများကိုလည်း ကိုလည်းပေးထားသည်။ 📘သုတအဘိဓာန်မြန်မာဌက်များ ~~~~~~~~~~~ ✍️စာရေးသူ-ဝင်းတင်ဝင်း တန်ဖိုး-၂၀၀၀၀ စာ-၆၀၇ (စက္ကူဖြူချော) ဆက်သွယ်ရန် ☎ - 09798103010; 097949 64825

ဤစာအုပ်သည် အင်ဂျင်နီယာဆိုင်ယာနည်းပညာဘွဲ့အတွက်ရေးသားထားသောစာအုပ်ဖြစ်၍ Calculus ကိုအခြေမခံဘဲ Algebra ကိုအခြေခံထားသည်။ထို့ကြောင့
+1
ဤစာအုပ်သည် အင်ဂျင်နီယာဆိုင်ယာနည်းပညာဘွဲ့အတွက်ရေးသားထားသောစာအုပ်ဖြစ်၍ Calculus ကိုအခြေမခံဘဲ Algebra ကိုအခြေခံထားသည်။ထို့ကြောင့် သင်္ချာဘာသာရပ်တွင်အားနည်းသူများပါအလွယ်တကူလေ့လာနိုင်ပါသည်။မူရင်းစာအုပ်သည် အင်ဂျင်နီယာဆိုင်ယာ နည်းပညာဘွဲ့အတွက်ရေးသားထားသောစာအုပ်ဖြစ်သည့် အတွက်အင်ဂျင်နီယာဘွဲ့သင်ရိုးအဖြစ်ဆိုလျှင်တော့ကိုက်ညီမှုရှိခြင်မှရှိပေလိမ့်မည်။သို့ရာတွင် လုပ်ငန်းခွင်တွင်အသုံးချရန်နှင့်စာပြန်နွေးရန်အတွက်ဆိုလျှင်တော့လွန်စွာအသုံးဝင်ပါသည်။ အသုံးချခံနိုင်ရည် မက္ကင်းနစ် ----------------------------- တန်ဖိုး-၁၅၀၀၀ ကျပ် စာမျက်နှာ-၁၉၆ စာရေးသူ-အောင်ဇေယျ

PLC program ထဲမှာပါတဲ့ Open contact (NO) ဆိုတာက Examine ON instruction ရဲ့ graphical symbol ဖြစ်ပြီး Closed contact (NC) ဆိုတ
PLC program ထဲမှာပါတဲ့ Open contact (NO) ဆိုတာက Examine ON instruction ရဲ့ graphical symbol ဖြစ်ပြီး Closed contact (NC) ဆိုတာက Examine OFF instruction ရဲ့ graphical symbol ဖြစ်တာကိုသိပြီး PLC က Scan cycle အတိုင်း အလုပ်လုပ် တယ်လို့ အမှန်မြင်၊ အမှန်သိတော့မှသာ ရှင်းပြလို့ရပါတယ်။ PLC က Scan cycle နဲ့ အလုပ်လုပ်တဲ့အကြောင်းအသေးစိပ်ကို PLC လမ်းညွှန်စာအုပ်မှာရေးထားပြီး ဖြစ်ပါတယ်။ ဒီစာအုပ်တွင် Mitsubishi က ထုတ်လုပ်တဲ့ FX1N PLC ကိုအခြေခံပြီး PLC program ရေးနည်းကို တဆင့်ချင်းရှင်းပြထားပါတယ်။ Advanced User များအတွက် STL Program ရေးနည်းကိုလည်း ထည့်သွင်းဖေါ်ပြထားပါတယ်။ Analog I/O board, I/O Extension module တတ်ဆင်နည်းကို ရုပ်ပုံများဖြင့်ရှင်းပြထားပါတယ်။ Analog signal များဖြစ်သည့် Current signal, Voltage signal တို့အပြင် Thermocouple နှင့် Pt100 တို့မှရရှိသည့် signal ကိုအသုံးပြုပြီး PLC တွင် Program ရေးနည်းများကို Example Program များဖြင့် ရှင်းပြထားပါတယ်။ ~~~~~~~~~~~~~ 📒PLC ပရိုဂရမ်ရေးနည်း ============ တန်ဖိုး–၂၅၀၀၀ကျပ် စာမျက်နှာ–၄၁၈ စာရေးသူ -ဦးစိုးတင့်

ဤစာအုပ်သည် ကျွန်မတို့အား မိမိ၏အတွင်းစိတ်ကမာ္ဘကို စူးစမ်းလာစေကာ မိမိကိုယ်ကိုနှင့်ပတ်သက်၍ ကြီးစွာသောထိုးထွင်းသိမြင်မှုကို ရရှိလ
ဤစာအုပ်သည် ကျွန်မတို့အား မိမိ၏အတွင်းစိတ်ကမာ္ဘကို စူးစမ်းလာစေကာ မိမိကိုယ်ကိုနှင့်ပတ်သက်၍ ကြီးစွာသောထိုးထွင်းသိမြင်မှုကို ရရှိလာစေနိုင်ပါသည်။ ထို့အပြင် ဆွေးနွေးနှစ်သိမ့်မှုဖြစ်စဉ်တစ်ရပ်လုံးကိုလည်း ရှင်းလင်းစွာတွေ့မြင်လာစေကာ ထိုမှတဆင့် ဆွေးနွေးနှစ်သိမ့်မှုအကြောင်းကို ပိုမိုသိရှိလာစေမည်ဖြစ်သည်။ 📒ကိုရွှေဖားအတွက် ဆွေးနွေးနှစ်သိမ့်မှု ✍သက်တန့်မေရီ(ဘာသာပြန်ဆိုသည်) တန်ဖိုး-၁၁၅၀၀ စာမျက်နှာ-၂၆၀

အောင်မြင်တိုးတက် ကြီးပွားချမ်းသာမှုဟာ ကြီးကျယ်တဲ့အားထုတ်မှုတွေကနေ ဖြစ်လာတာမဟုတ်ဘဲ သေးငယ်တဲ့ အရာတွေအားလုံး ပူးပေါင်းလုပ်ကိုင်
အောင်မြင်တိုးတက် ကြီးပွားချမ်းသာမှုဟာ ကြီးကျယ်တဲ့အားထုတ်မှုတွေကနေ ဖြစ်လာတာမဟုတ်ဘဲ သေးငယ်တဲ့ အရာတွေအားလုံး ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်ရာကနေ ဖြစ်လာပါတယ်။ 📓အောင်မြင်ကြီးပွားရေးစိတ်ဓာတ် ~~~~~~~~~~~~~ ✍မောင်ခိုင်ခန့် (အမျိုးသားစာပေဆု) တန်ဖိုး-၁၁၅၀၀ စာမျက်နှာ-၁၂၈

ဆရာဝေဖြိုးအောင်(AIT Computer) ရေးသားထားသောစာအုပ်များ မှာယူရရှိနိုင်ပါတယ်။ ဆက်သွယ်ရန် ☎ - 09798103010; 097949 64825 🏠ဆိုင်မှာ
+9
ဆရာဝေဖြိုးအောင်(AIT Computer) ရေးသားထားသောစာအုပ်များ မှာယူရရှိနိုင်ပါတယ်။ ဆက်သွယ်ရန် ☎ - 09798103010; 097949 64825 🏠ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုတဲ့ စာပေချစ်မြတ်နိုးသူများအတွက် 📘Book4U ဆိုင်လိပ်စာ 📌အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန် ⏰မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ) တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။

photo content
+1