ru
Feedback
News Of Myanmar

News Of Myanmar

Открыть в Telegram

📈 Аналитический обзор Telegram-канала News Of Myanmar

Канал News Of Myanmar (@newsofmyanmar) языкового сегмента Бирманский является активным участником. Сейчас сообщество объединяет 12 488 подписчиков, занимая 15 956 место в категории Новости и СМИ и 10 069 место в регионе Мьянма.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 12 488 подписчиков.

Согласно последним данным от 26 июня, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -236, а за последние 24 часа — 1, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 9.67%. В первые 24 часа после публикации контент обычно набирает 5.62% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 1 208 просмотров. В течение первых суток публикация набирает 702 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 15.

📝 Описание и контентная политика

Автор описывает ресурс как площадку для выражения субъективного мнения:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Благодаря высокой частоте обновлений (последние данные получены 27 июня, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Новости и СМИ.

12 488
Подписчики
+124 часа
-317 дней
-23630 день
Архив постов
ဂျာမန်AfDပါတီ ခေါင်းဆောင်ကအမေရိကန်သမ္မတကိုေဝဖန် NOM ဂျာမန် AfD ခေါင်းဆောင် အဲလစ် ဝိုင်ဒယ်လ် က" အီရန်အတွက် အကူအညီတောင်းခံနေတဲ့ ထရမ့်ရဲ့ လုပ်ရပ်ဟာ ဒီစစ်ဆင်ရေးကို ရှင်းလင်းပြတ်သားတဲ့ ခံယူချက်မရှိဘဲ စတင်ခဲ့တယ်ဆိုတာကို ညွှန်ပြနေပါတယ်။ဒီကိစ္စကို အရင်ကတည်းက စဉ်းစားသင့်ခဲ့တာဖြစ်ပြီး နေတိုးစာချုပ် ပုဒ်မ ၅ ကို အကောင်အထည်ဖော်ဖို့ တောင်းဆိုတာကိုလည်း သတိပေးချင်ပါတယ်။ ပုဒ်မ၅ကနေတိုးအဖွဲ့ဝင်တစ်နိုင်ငံတိုက်ခိုက်ခံရရင်ကူညီဖို့ပါ။သူများနိုင်ငံကိုသွားတိုက်ပြီးမှပုဒ်မ၅အရကူညီပါဆိုတာကတော့အကျုံးမဝင်ပါဘူး၊ သိသာပါတယ်၊ အမေရိကန်တွေဟာ ဘယ်လိုဆက်လုပ်ဆောင်ရမယ်ဆိုတဲ့ နည်းလမ်းရော၊ ဒီအခြေအနေကနေ ဘယ်လိုရုန်းထွက်မယ်ဆိုတဲ့ ဗျူဟာကိုပါ ကြိုတင်မတွေးခဲ့ကြဘူး"

အမေရိကန်သမ္မတထရမ့်ရူးနေပြီလား NOM ထရမ့်က အီရန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့နေတာဟာ "မမျှတဘူး" လို့ ပြောကြားခဲ့ပါတယ်။ အကြောင်းကတော့ သမ္မတရဲ့အမြင်အရ အမေရိကန်က စစ်ပွဲမှာ အနိုင်ရသွားပြီလို့ ယူဆထားလို့ပါ။ "သူတို့ဘက်ကလုပ် ဆောင်နေတာတွေကမမျှတဘူး။ ကျွန်တော်တို့ အနိုင်ရပြီးပြီ! သူတို့လုပ်နေတာတွေကို ဆက်လုပ်ဖို့ သူတို့မှာ အခွင့်အရေးမရှိဘူး!" - ဟုထရမ့်က ပြောသည်။

အီရန်စစ်ပွဲအဆုံးမသတ်နိုင်သဖြင့်ထရမ့်၏တရုတခရီးစဉ်ရွှေ့ဆိုင်း NOM အီရန်စစ်ကိုအဆုံးမသတ်နိုင်သေးသဖြင့်အမေရိကန်သမ္မတထရမ့်၏မတ်လ ၃၁ရ
အီရန်စစ်ပွဲအဆုံးမသတ်နိုင်သဖြင့်ထရမ့်၏တရုတခရီးစဉ်ရွှေ့ဆိုင်း NOM အီရန်စစ်ကိုအဆုံးမသတ်နိုင်သေးသဖြင့်အမေရိကန်သမ္မတထရမ့်၏မတ်လ ၃၁ရက် မှဧပြီလ၂ရက်အထိသွား ရောက်မည့်တရုတ်ခရီးစဉ်ကိုအမေရိကန်ဘက်မှရက်ရွှေ့ဆိုင်း ပေးပါရန်အကြောင်းကြားလာကြောင်းတရုတ်က ကြေညာသည်။

ပွင့်ဖြူမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရ
ပွင့်ဖြူမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရ NOM မတ် ၁၈၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ရှိ မြို့နယ်ပြည်သူ့ဆေးရုံသို့ မတ်လ ၁၆ ရက်နေ့ ည ၆ နာရီခွဲအချိန်၌ မိုင်းပေါက်ကွဲစထိမှန် ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ညနေ ၄ နာရီ ၄၀ မိနစ်အချိန်၌ ပွင့်ဖြူမြို့နယ်၊ သနပ်ဝကျေးရွာနေ ဦးသန်းဇော်ဟိန်း (၃၄) နှစ်သည် သနပ်ဝကျေးရွာနှင့် ကျစ်ကိုင်းကျေးရွာကြားရှိ လယ်ကွင်းသို့ ခြေလျင်သွားရောက်စဉ် ကျေးရွာ၏ အရှေ့မြောက်ဘက် ၁ ဖာလုံခန့်အကွာ အရောက် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့ မှုကြောင့် ၎င်းတွင်မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ NOM

စလင်းမြို့နယ်၊ စိဇွဲကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်
စလင်းမြို့နယ်၊ စိဇွဲကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရ NOM မတ် ၁၈၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်ရှိ ဆင်ဖြူကျွန်းတိုက်နယ်ဆေးရုံသို့ မတ်လ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်အချိန်၌ မိုင်းပေါက်ကွဲစထိမှန် ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၁၁ နာရီအချိန်၌ စလင်းမြို့နယ်၊ စိဇွဲကျေးရွာနေ ဦးမြင့်လွင် (၅၇) နှစ်သည် ၎င်းပိုင်နွားများအား လိုက်လံဖမ်းဆီးစဉ် ကျေးရွာ၏အနောက်ဘက် ၁ ဖာလုံ ခန့်အကွာရှိ လယ်ကွင်းအနီးအရောက် PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ NOM

ဧပြီ ၁ ရက်မှစပြီး EV လူစီးယာဉ်များ အခွန် ၅ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ပြီး ၄၀၀၁ CC နှင့်အထက် ဗင်ကားများ အခွန် ၅၀ ရာခိုင်နှုန်းအထိ ပေးဆောင်ရမည် NOM၊မတ် ၁၈၊၂၀၂၆ ဧပြီ ၁ ရက်မှစပြီး EV လူစီးယာဉ်များ အခွန်ငါးရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ပြီး ၄၀၀၁ CC နှင့်အထက် ဗင်ကားများ အခွန် ၅၀ ရာခိုင်နှုန်းအထိ ပေးဆောင်ရမည်ဟု၂၀၂၆ ခုနှစ်ပြည်ထောင်စု ၏အခွန်အကောက်ဥပဒေတွင် ဖော်ပြထားကြောင်းသိရသည်။ အဆိုပါဥပဒေကို မတ် ၁၅ ရက်တွင် ပြဌာန်းလိုက်ခြင်းဖြစ်ပြီး နိုင်ငံတော်မှ EV မော်တော်ယာဉ်များ သုံးစွဲမှု များပြား လာစေရန်အတွက် ၂ နှစ်ဆက်တိုက် အခွန် ကင်းလွတ်ခွင့် ပြုထားခဲ့ရာမှာ ၂၀၂၆ ခုနှစ်မှ စတင်ကာ အခွန် ၅ ရာခိုင်နှုန်း ကောက်ခံရန် ၂၀၂၆ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြဌာန်းရာတွင် ထည့်သွင်းလိုက်ခြင်း ဖြစ်သည်။ ဧပြီ ၁ ရက်မှစတင်ပြီး အကျိုးသက်ရောက်စေရမည်ဖြစ်ပြီး ဥပဒေအရ ဘက်ထရီလျှပ်စစ်သုံးလူစီးယာဉ်များမှာ အခွန် ၅ ရာခိုင်နှုန်း၊ ၁၅၀၁ CC မှ ၂၀၀၀ CC အထိ ဗင်ကားများ၊ ဆလွန်းဆီဒင်ကားများ၊ ဝက်ဂွန်ကားများမှာ အခွန် ၁၀ ရာခိုင်နှုန်း၊ Double Cab 4 Door၊ Pickup ကားများ အပါအဝင် Pickup ကားများမှအပ ၂၀၀၁ CC မှ ၄၀၀၀ CC အထိ ဗင်ကားများ၊ ဆလွန်းဆီဒင်ကားများ၊ ဝက်ဂွန်(Estate Wagon)ကားများ၊ ကုပေး (Coup)ကားများမှာ အခွန် ၃၀ ရာခိုင်နှုန်းပေးဆောင်ရမည်ဖြစ်‌ေကြာင်းသိရသည်။ ထို့အပြင် Double Cab 4 Door၊ Pickup ကားများ အပါအဝင် Pickup ကားများမှအပ ၄၀၀၁ CC နှင့်အထက် ဗင်ကားများ၊ ဆလွန်းဆီဒင်ကားများ၊ ဝက်ဂွန်(Estate Wagon)ကားများ၊ Coupကားများမှာ အခွန် ၅၀ ရခိုင်နှုန်းအထိ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၆ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် ရန်ကုန်မြို့၏ ဝန်းကျင်လေထုအရည်အသွေး လေ့လာဆန်းစစ်ခြင်းနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက် ရန်ကုန်တို
+1
၂၀၂၆ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် ရန်ကုန်မြို့၏ ဝန်းကျင်လေထုအရည်အသွေး လေ့လာဆန်းစစ်ခြင်းနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက် ရန်ကုန်တိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ရန်ကုန်မြို့အတွင်း အောက်ဖော် ပြပါ တိုင်းတာမှတ်(၃)နေရာတွင် Ambient Air Quality Monitoring Station with Mobile Car-(AQMS Mobile Car)၊ Compact Air Quality Monitoring Station- (AQM 65) စက်များကိုအသုံးပြု၍ Particulate Matter 2.5 (PM2.5)၊ Particulate Matter 10 (PM10)၊ Sulphur Dioxide (SO2)၊ Nitrogen Dioxide (NO2)၊ Ozone (O3) နှင့် Carbon Monoxide (CO) စသည့် အဓိက Parameter (၆)မျိုးကို ၂၄ နာရီ ပုံမှန် တိုင်းတာပြီး လေ့လာဆန်းစစ်လျက်ရှိပါသည်။ လေထုအပူချိန်၊ လေတိုက်နှုန်း၊ လေတိုက်ခတ်ရာလမ်းကြောင်း၊ စိုထိုင်းမှု၊ မိုးရွာသွန်းမှုအခြေအနေ၊ မော်တော်ယာဉ်အသုံးပြုမှုအခြေအနေ၊ ပူပြင်းခြောက်သွေ့မှုကြောင့် ဖုန်မှုန့်ပျံ့လွင့်မှု၊ စက်ရုံများမှ ထုတ်လွှတ်အခိုးအငွေ့များ ထုတ်လွှတ်မှုအခြေအနေနှင့် ဝန်းကျင်လေထုအရည်အသွေး တိုင်းတာသည့်နေရာ အနီးဝန်းကျင်အခြေအနေတို့အပေါ်မူတည်၍ တိုင်းတာရရှိသည့် ဝန်းကျင်လေထုအရည်အသွေးရလဒ်များသည် ပြောင်းလဲမှုရှိနိုင်ပါကြောင်း သုံးသပ်ရရှိပါသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန NOM

photo content

ချင်းတွင်းမြစ်အတွင်းရေဆင်းချိုးရာ မှရေနစ်ပျောက်ဆုံးသည့် ရုပ်အလောင်းများတွေ့ရှိ NOM၊မတ်၁၈၊၂၀၂၆ စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာမြို့ ချင်းတွင်းမြစ် ဇက်ဆိပ် တွင်က လေးငါးဦးရေဆင်းချိုးရာမှ ရေနစ်ပျောက်ဆုံးနေသည့် ရုပ်အလောင်းနှစ်လောင်းကို ယနေ့(မတ်၁၈ရက်)နံနက်၇နာရီ ခွဲတွင်ပြန်လည်တွေ့ရှိခဲ့သည့်ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ် ရေးအဖွဲ့( မုံရွာ)မှတာဝန်ရှိသူတစ်ဦးကပြောသည်။ ဖြစ်စဉ်မှာ မုံရွာမြို့ ချင်းတွင်းမြစ် ဇက်ဆိပ်တွင် မတ်၁၆ရက် ညနေပိုင်းတွင်အသက်၁၄နှစ်အရွယ်ရှိ ယောကျ်ားလေး သုံးဦး နှင့် မိန်းကလေးနှစ်ဦးတို့သည် ရေဆင်းကူးရာမှရေနစ်ခဲ့သည့်အတွက်နီးစပ်စက်လှေများကဝိုင်းဝန်ဆယ်ယူခဲ့ရာယောကျ်ားလေးတစ်ဦးနှင့် မိန်းကလေးတစ်ဦးတို့ကို အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီးကျန်သုံးဦးမှာ ရေနစ်ပျောက်ဆုံးခဲ့ကြောင်းသိရသည်။ "ကလေးသုံးဥဦးရေနစ်ပျောက်ဆုံးနေတယ်လို့ကျွန်တော်တို့အသင်းကိုဆက်သွယ်လာလို့ ၁၆ရက်နေ့ညနေပိုင်မှာသွားရောက်ရှာဖွေပေးတယ်မတွေ့ခဲ့ဘူး နောက်တစ်နေ့မတ်၁၇ ရက်မှာလည်းမိသာစုတွေရဲ့တောင်းဆိုမှုအရဆက်လက်ရှာဖွေတာနေ့လည်လောက်မှာတစ်ဦးတွေ့ခဲ့တယ် နှစ်ဦးကိုဆက်လက်ရှာဖွေတာမတွေ့ခဲ့ဘူး ဒီနေ့မနက်၇နာခွဲလောက် မှာတော့ ရေနစ်တဲ့သူအလောင်းနှစ်လောင်းပေါ်နေတယ်လို့သတင်း ရောက်လာလို့သွားရောက်ဆယ်ယူပေးခဲ့ပါတယ်"ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့( မုံရွာ)မှတာဝန်ရှိသူတစ်ဦးကပြောသည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးအောင်လင်းဒွေးအား ရွေးချယ်တင်မြှောက် တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ယနေ့ မတ်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီမှစတင်၍ ကျင်းပလျက်ရှိပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတိုကို ရွေးကောက်တင်မြှောက်ရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးအောင်လင်းဒွေးအား ရွေးချယ်တင်မြှောက်ခဲ့ကြောင်းသိရသည်။

တတိယအကြိမ် အမျိုးသားလွှတ်တော်၏ ပထမ ပုံမှန်အစည်းအဝေးကို ယနေ့ မတ်လ (၁၈) ရက် နံနက်ပိုင်းတွင်နေပြည်တော်ရှိ အမျိုးသားလွှတ်တော်အဆော
တတိယအကြိမ် အမျိုးသားလွှတ်တော်၏ ပထမ ပုံမှန်အစည်းအဝေးကို ယနေ့ မတ်လ (၁၈) ရက် နံနက်ပိုင်းတွင်နေပြည်တော်ရှိ အမျိုးသားလွှတ်တော်အဆောက်အအုံ၌ စတင်ကျင်းပလျက်ရှိပြီး သဘာပတိအဖြစ် ဒေါ်ဒွဲဘူ ကိုရွေးကောက်တင်မြှောက်ခဲ့။ NOM

အမေရိကန်ပြည်ထောင်စု၊ နယူးမက္ကဆီကိုပြည်နယ်တောင်ပိုင်းရှိ ဟော်လိုမန်း Holloman လေတပ်စခန်းတွင် သေနတ်ဖြင့်ပစ်ခတ်မှုဖြစ်ပွားခဲ့သဖြင့် လူတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိသွားကြောင်း AP သတင်းအရ သိရသည်။ NOM

ပြည်ပထွက်ခွာခွင့်နှင့်ပတ်သက်၍ အလုပ် သမားဝန်ကြီးဌာနမှထုတ်ပြန်
ပြည်ပထွက်ခွာခွင့်နှင့်ပတ်သက်၍ အလုပ် သမားဝန်ကြီးဌာနမှထုတ်ပြန်

မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေသော စစ်ပွဲများနှင့် တရားမဝင် နယ်စပ်ကုန်သွယ်မှုများကြောင့် မီဇိုရမ်ပြည်နယ်တွင် လောင်စာဆီပြတ်လပ်မည
မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေသော စစ်ပွဲများနှင့် တရားမဝင် နယ်စပ်ကုန်သွယ်မှုများကြောင့် မီဇိုရမ်ပြည်နယ်တွင် လောင်စာဆီပြတ်လပ်မည်ကို စိုးရိမ်ပြီး အလုအယက်ဝယ်ယူမှုများဖြစ်ပွား အိမ်နီးချင်း မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော စစ်ပွဲများနှင့် တရားမဝင် နယ်စပ်ကုန်သွယ်မှုများ မြင့်တက်လာခြင်းကြောင့် မီဇိုရမ်ပြည်နယ်တွင် လောင်စာဆီပြတ်လပ်တော့မည်ဟူသော စိုးရိမ်မှုများ ပြင်းထန်လာခဲ့သည်။ ယင်းအခြေအနေကြောင့် ပြည်နယ်မြို့တော် အိုက်ဇောအပါအဝင် နေရာအနှံ့အပြားရှိ စက်သုံးဆီဆိုင်များတွင် ပြည်သူများက အလုအယက် တန်းစီဝယ်ယူမှုများ (Panic Buying) ဖြစ်ပေါ်နေကြောင်း သိရသည်။ မြန်မာနိုင်ငံအတွင်း တိုက်ပွဲများကြောင့် လောင်စာဆီ ဈေးနှုန်းများ အဆမတန် မြင့်တက်နေခြင်းကြောင့် အိန္ဒိယဘက်မှ လောင်စာဆီများကို နယ်စပ်ဖြတ်ကျော်ကာ တရားမဝင် မှောင်ခိုတင်ပို့မှုများ ရှိနေသည်။ ဤသို့ မှောင်ခိုရောင်းချမှုများကြောင့် ပြည်နယ်အတွင်း သုံးစွဲရန်ရှိသည့် ဆီပမာဏအပေါ် သက်ရောက်မှုရှိမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။ အဆိုပါ အခြေအနေကို ထိန်းချုပ်ရန်အတွက် မီဇိုရမ်ပြည်နယ် အစိုးရက စက်သုံးဆီ ရောင်းချမှုကို ကန့်သတ်ချက်များ ထုတ်ပြန်ခဲ့သည်။ မော်တော်ယာဉ် အမျိုးအစားအလိုက် တစ်ကြိမ်ဝယ်ယူလျှင် သတ်မှတ်ထားသည့် ပမာဏထက် ပိုမိုဝယ်ယူခွင့် မပြုရန် ဆီဆိုင်များကို ညွှန်ကြားထားသည်။ မြန်မာနိုင်ငံဘက်ခြမ်းတွင် တိုက်ပွဲများ ပြင်းထန်နေခြင်းက နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများကို ထိခိုက်စေရုံသာမက၊ အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက်ရှိ ကုန်စည်စီးဆင်းမှု စနစ်တစ်ခုလုံးကိုပါ မတည်မငြိမ် ဖြစ်စေခဲ့သည်။ ပြည်နယ်အစိုးရ တာဝန်ရှိသူများကမူ ပြည်နယ်အတွင်း လောင်စာဆီ အလုံအလောက် ရှိနေသေးကြောင်းနှင့် အများပြည်သူအနေဖြင့် မလိုအပ်ဘဲ စိုးရိမ်ထိတ်လန့်ခြင်း မပြုကြရန် တိုက်တွန်းထားသည်။ နယ်စပ်တစ်လျှောက် တရားမဝင် ဆီမှောင်ခိုမှုများကို တားဆီးရန်အတွက်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုးမြှင့်ချထားပြီး စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သတင်းတွင် ဖော်ပြထားသည်။ NOM

မတ်၁၈၊၂၀၂၆ လျှပ်စစ်ဓာတ်အားသုံးစွဲသူမိဘပြည်သူများသို့အသိပေးပန်ကြားချက်
မတ်၁၈၊၂၀၂၆ လျှပ်စစ်ဓာတ်အားသုံးစွဲသူမိဘပြည်သူများသို့အသိပေးပန်ကြားချက်

လှိုင်သာယာတွင် အင်ဗာတာ အပူလွန်ကဲပြီး မီးလောင်ကျွမ်းမှုဖြစ်ပွား NOM၊မတ်၁၈၊၂၀၂၆ ရန်ကုန်တိုင်း‌ ဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ် ၁၈ ရပ်ကွက်၊ ရွှေရင်အေးကျောင်းလမ်းတွင် ယမန်နေ့ နံနက် ၅နာရီ ၅၀မိနစ်ခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားကြောင်း သိရသည်။ ဖြစ်စဉ်မှာအောင်မျိုးဝင်း ၏နေအိမ်က အင်ဗာတာကို တစ်ညလုံး အားသွင်းထားရာမှ အပူလွန်ကဲ့ပြီး မီးလောင်‌ခဲ့ကြောင်း ၎င်းအိမ် ၁၀×၆၀ အပါအဝင် ဦးဆူဘား ပိုင်ဆိုင်သည့် ၁၀×၆၀ နေအိမ်တစ်အိမ်၊ ဒေါ်နီနီမာ ပိုင်ဆိုင်သည့် ၁၀×၆၀ နေအိမ်တစ်အိမ်၊ ဒေါ်သန်းသန်းဆွေ ပိုင်ဆိုင်သည့် ၁၀×၆၀ နေအိမ်တစ်အိမ်၊ စုစုပေါင်း လူနေအိမ် ၄အိမ် မီးလောင်ကျွမ်းပြီး ပျက်စီးဆုံးရှုံးခဲ့‌ ကြောင်းသိရသည်။ အဆိုပါမီးလောင်ကျွမ်းမှုနှင့်ပတ်သတ်၍ အောင်မျိုးဝင်းအား လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ သောင်ကြီးနယ်မြေရဲစခန်းမှ အမှုဖွင့်၍ ဥပဒေအရ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

+2
အီရတ်နိုင်ငံမြောက်ပိုင်း၊ အီရဘေးလ်မြို့ရှိ ကာ့ဒ်-အီရန်အကြမ်းဖက်အဖွဲ့၏ ဌာနချုပ်အတွင်း အင်အားပြင်းထန်သောပေါက်ကွဲမှုများဖြစ်ပွားခဲ့သည်။ NOM

+9
မတ် ၁၈၊ ၂၀၂၆ ရာမတ်ဂန် (Ramat Gan)၊ တဲလ် အဗီး (Tel Aviv)၊ ဘနေးဘရက်ခ် (Bnei Brak) နှင့် ပီတာတစ်ကွာ (Petah Tikva) မြို့များတွင် အီရန်ကလပ်စတာဒုံးကျည်များ ထိမှန်မှုများထပ်မံဖြစ်ပွားခဲ့သည်။ တဲလ်အဗီးမြို့ရှိ အချို့နေရာများတွင် လျှပ်စစ်မီးပြတ်တောက်မှုများရှိခဲ့သည်။ အစ္စရေးမီဒီယာများ၏ အဆိုအရ တဲလ်အဗီးမြို့၊ ရာမတ်ဂန်တွင် လူ ၂ ဦး သေဆုံးခဲ့ကြောင်းသိရသည်။ NOM

+7
အီရန်ကလပ်စတာဒုံးကျည်များကြောင့် အစ္စရေးဒေသတွင်းမှာ ပျက်စီးဆုံးရှုံးမှုတွေ အကြီးအကျယ် ပျံ့နှံ့သွားခဲ့ပါတယ်။ NOM

+1
အစ္စရေးနိုင်ငံ တဲလ်အဗီးမြို့ NOM