ru
Feedback
News Of Myanmar

News Of Myanmar

Открыть в Telegram

📈 Аналитический обзор Telegram-канала News Of Myanmar

Канал News Of Myanmar (@newsofmyanmar) языкового сегмента Бирманский является активным участником. Сейчас сообщество объединяет 12 481 подписчиков, занимая 15 940 место в категории Новости и СМИ и 10 072 место в регионе Мьянма.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 12 481 подписчиков.

Согласно последним данным от 30 июня, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -219, а за последние 24 часа — -6, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 9.80%. В первые 24 часа после публикации контент обычно набирает 6.61% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 1 224 просмотров. В течение первых суток публикация набирает 825 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 15.

📝 Описание и контентная политика

Автор описывает ресурс как площадку для выражения субъективного мнения:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Благодаря высокой частоте обновлений (последние данные получены 01 июля, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Новости и СМИ.

12 481
Подписчики
-624 часа
-117 дней
-21930 день
Архив постов
မြင်းမူမြို့နယ်၊ ရွှေကျောင်းကန်ကျေးရွာသို့ PDF အကြမ်းဖက်အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ်နှစ်ဦးအပါ
+4
မြင်းမူမြို့နယ်၊ ရွှေကျောင်းကန်ကျေးရွာသို့ PDF အကြမ်းဖက်အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူငါးဦးဒဏ်ရာရ NOM ဖေဖော်ဝါရီ ၂၅၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်၌ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် ကလေးငယ်နှစ်ဦးအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူငါးဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ည ၇ နာရီအချိန်၌ စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ ရွှေကျောင်းကန်ကျေးရွာသို့ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီးဗုံးသီးများကျရောက် ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေသူများဖြစ်ကြသည့် ဦးအောင်ကိုလွင် (၄၀) နှစ်၊ ဦးဝင်းဇော် (၄၀) နှစ်၊ ဒေါ်အေးသန်း (၄၂) နှစ်၊ မအေးမြတ်မွန် (၅) နှစ်နှင့် မပြူးစိန် (၅) နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ News Of Myanmar NOM

Repost from NOM.World News
🇮🇷 "အီရန်တွင် ဆူပူအုံကြွမှုများဖြစ်စေရန် စတားလင့်ခ် စက်များ ထောက်ပံ့ပေးခဲ့ကြောင်း NED ဝန်ခံ" အမေရိကန်ထောက်လှမ်းရေးအေဂျင်စီ စီအိုင်အေ (CIA) က နောက်ကွယ်မှ ထောက်ပံ့ထားပြီး အမေရိကန်၏ ကမ္ဘာလုံးဆိုင်ရာ ကြိုးကိုင် ခြယ်လှယ်ရေးအဖွဲ့ဟု လူသိများသော အမျိုးသားဒီမိုကရေစီရန်ပုံငွေထောက်ပံ့ရေးအဖွဲ့ (NED) ၏ ဥက္ကဋ္ဌ ဒေမန် ဝီလ်ဆင် က ၎င်းတို့အဖွဲ့သည် အီရန်နိုင်ငံအတွင်း မကောင်းကြံစည်မှုများ ပြုလုပ်ခဲ့ကြောင်း လွှတ်တော်ကြီးကြပ်ရေးကော်မတီရှေ့မှောက်တွင် ဂုဏ်ယူဝင့်ကြွားစွာ ပြောကြားခဲ့သည်။ 👉 ဇန်နဝါရီလအတွင်း အီရန်၌ အကြမ်းဖက်မှုများ ဖြစ်ပွားနေစဉ်အတွင်း ၎င်းတို့အဖွဲ့အနေဖြင့် "အစောပိုင်းကတည်းက စတားလင့်ခ် စက်အလုံးရေ ၂၀၀ ခန့်ကို တပ်ဆင်အသုံးပြုနိုင်ရန် စတင်ထောက်ပံ့ပေးခဲ့ကြောင်း" ပြောဆိုနေစဉ်မှာပင် လွှတ်တော်ဆပ်ကော်မတီဝင် လွိုက်စ် ဖရန်ကယ်လ် က ၎င်း၏စကားကို ကြားဖြတ်ဟန့်တားခဲ့သည်။ 💬 "နေပါဦး၊ ရှင့်ကို ကျွန်မ စကားဖြတ်ပြောပါရစေ။ ဒီအကြောင်းကို ဆက်မပြောတာ ပိုကောင်းပါလိမ့်မယ်" ဟု သူမကဆိုခဲ့သည်။ 👉 ဝီလ်ဆင် သည် မကြာသေးမီက အီရန်တွင် ဖြစ်ပွားခဲ့သော မငြိမ်မသက်မှုများနှင့် အဆိုပါပရမ်းပတာအခြေအနေများကို ပုံဖော်ခဲ့သည့် နည်းလမ်းများအတွက် ၎င်းတို့တွင် အဓိကတာဝန်ရှိကြောင်း အနောက်တိုင်းမီဒီယာများသို့ပြောကြားခဲ့သည်။ 👉 ထို့အပြင် ဘိုလီးဗီးယားနိုင်ငံ၏ သယံဇာတများကို အမေရိကန်က ထိန်းချုပ်နိုင်ရန်အတွက် လက်ယာယိမ်းအစိုးရတစ်ရပ် တက်လာစေရန် ကူညီပေးခဲ့ကြောင်းလည်း ကြွားဝါခဲ့သည်။ 👉 နီကာရာဂွာနိုင်ငံရှိ ဆိုရှယ်လစ် ဆန်ဒင်နစ္စတာ အစိုးရကို ပစ်မှတ်ထားတိုက်ခိုက်ရန်အတွက် ထိုနိုင်ငံရှိ မီဒီယာများကို NED က ရန်ပုံငွေထောက်ပံ့ခြင်းနှင့် သင်တန်းပေးခြင်းများ ပြုလုပ်နေကြောင်းထုတ်ဖော်ခဲ့သည်။ 👉 ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သော နီပေါနိုင်ငံ၏ အကြမ်းဖက်အာဏာသိမ်းမှုတွင်လည်း NED ၏ လက်ချက်များ ပါဝင် နေသည်ကို တွေ့ရှိခဲ့ရသည်။ 👉 အမေရိကန်နှင့် အစ္စရေး၏ လုံခြုံရေးယန္တရားများနှင့် နီးကပ်စွာ ဆက်နွှယ်နေသည့် အီလွန်မတ်စ်၏ အင်တာနက်စနစ် စတားလင့်ခ်များကို တက်ကြွလှုပ်ရှားသူများကွန်ရက်မှတစ်ဆင့် အီရန်နိုင်ငံအတွင်းသို့ တရားမဝင် ခိုးသွင်းခဲ့ကြောင်း နယူးယောက်တိုင်းမ်စ် သတင်းစာက ဇန်နဝါရီလတွင်ဖော်ပြခဲ့သည်။ စတားလင့်ခ်ကို စီအိုင်အေနှင့် အစ္စရေး မော့ဆက် ထောက်လှမ်းရေးအဖွဲ့တို့က အီရန်နိုင်ငံ၏ ပြည်တွင်းအင်တာနက် ကန့်သတ်ပိတ်ပင်မှုများကို ကျော်လွှားရန်နှင့် အီရန်အတွင်း ဆူပူအကြမ်းဖက်မှုများကို ပေါင်းစပ်ညှိနှိုင်း ကွပ်ကဲရန်အတွက် ဒစ်ဂျစ်တယ် "နောက်ဖေးပေါက်" (digital backdoor) အဖြစ် အသုံးပြုခဲ့ကြသည်။ 👉 အီရန်အာဏာပိုင်များသည် ဆူပူအကြမ်းဖက်ဆန္ဒပြသမားများ အသုံးပြုခဲ့သည့် စတားလင့်ခ် စက်ပစ္စည်းများ၊ မိုဒမ်များနှင့် အချက်ပြလှိုင်းချဲ့စက် အမြောက်အမြားကို ထုတ်ဖော်ပြသခဲ့ပြီးဖြစ်သည်။ NOM

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထို
+1
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ ဖေဖော်ဝါရီ ၂၅၊ ၂၀၂၆ News Of Myanmar NOM

လွိုင်ကော်မြို့နယ်၊ ထေးငှားလျားရပ်ကွက်ရှိ နေအိမ်ခြံဝင်းတစ်ခုအတွင်း၌ PDF အကြမ်းဖက်အဖွဲ့ထောင် ထားသည့် တိုက်မိုင်းတစ်လုံးအားတိုက
+3
လွိုင်ကော်မြို့နယ်၊ ထေးငှားလျားရပ်ကွက်ရှိ နေအိမ်ခြံဝင်းတစ်ခုအတွင်း၌ PDF အကြမ်းဖက်အဖွဲ့ထောင် ထားသည့် တိုက်မိုင်းတစ်လုံးအားတိုက်မိပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရ NOM ဖေဖော်ဝါရီ ၂၅၊ ၂၀၂၆ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ထေးငှားလျားရပ်ကွက်နေ ဒေါ်ကရားရာ (၅၂) နှစ်သည် တစ်ရပ်ကွက်တည်းနေသူများဖြစ်ကြသည့် ဦးလှခေး (၅၆) နှစ်၊ ဒေါ်ဒဲမြာ (၅၄) နှစ်၊ မမေမြတ်မွန် (၂၈) နှစ်တို့နှင့်အတူ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်၌ ၎င်း၏ နေအိမ်ခြံဝင်းအတွင်း သန့်ရှင်းရေးပြုလုပ်နေစဉ် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် တိုက်မိုင်းတစ်လုံးအား ဒေါ်ကရားရာမှ တိုက်မိပေါက်ကွဲခဲ့မှုကြောင့် ဦးလှခေး၊ ဒေါ်ဒဲမြာ၊ မမေမြတ်မွန်တို့သုံးဦးတွင် မိုင်းပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိခဲ့ပြီး ဒေါ်ကရားရာတွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သဖြင့် သေဆုံး/ဒဏ်ရာရရှိသူများအား လွိုင်ကော်ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ထားရှိကြောင်းသိရသည်။ News Of Myanmar NOM

အိန္ဒိယဝန်ကြီးချုပ်အစ္စရေးသို့နှစ်ရက်ခရီးစဥ်ရောက်ရှိ NOM အိန္ဒိယဝန်ကြီးချုပ်မိုဒီသည်အစ္စရေးသို့နှစ်ရက်ခရီးစဥ် အတွက်ယနေ့ရောက်ရှိလာရာလေဆိပ်တွင်အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကကြိုဆိုနှုတ်ဆက်ခဲ့သည်။

ဖေဖော်ဝါရီလ၂၅ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။ သဘောထားတင်းမာသောအမေရိကန် အထက်လွှတ်တော်အမတ် လင်းဆေးဂရေဟမ်သည် ပြည်ထောင်စု နိုင်ငံ
+4
ဖေဖော်ဝါရီလ၂၅ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။ သဘောထားတင်းမာသောအမေရိကန် အထက်လွှတ်တော်အမတ် လင်းဆေးဂရေဟမ်သည် ပြည်ထောင်စု နိုင်ငံတော် မိန့်ခွန်း အခမ်းအနားသို့အီရန်ကို ထပ်မံကြီးကျယ်အောင်လုပ်ကြစို့ "Make Iran Great Again" ဟူသော ဦးထုပ်ကို ဆောင်းကာ အီရန်ကိုအမေရိကန်ကယခုထိမတိုက်ခိုက်သည့်အပေါ်ဆန့်ကျင်ပြသခဲ့သည်။(ဓါတ်ပုံ) ၂။တူရကီလေတပ်မှF-16တိုက်လေယာဥ်သည်စစ်ဆင်ရေးတာဝန်ထမ်းဆောင်စဥ်ပျက်ကျမီးလောင်ခဲ့ရာ​လေယာဥ်မှူးသေဆုံးခဲ့သည်။(ဗီဒီယို) ၃။ဆားဘီးယားနိုင်ငံဘဲလ်ဂရိတ်မြို့တော်တွင်ရုရှားနှင့်ဆာဘ့်တို့သည်ညီအကိုများဖြစ်သည်ဟုဆန္ဒပြသူများကအော်ဟစ်ပြီးလက်ရှိဆာ့ဘ်အစိုးရကိုထောက်ခံဆန္ဒပြခဲ့ကြသည်။(ဗီဒီယို) ၄။သက်ငယ်လိင်ကုန်သည်သူဌေးကြီးအပ်စတိန်းနှင့်ပတ်သက်မှုဖြင့်စုံစမ်းစစ်ဆေးခံနေရသောနော်ဝေဝန်ကြီးချုပ်ဟောင်းသော်ဗြန်ယပ်လန်းသည်သူ့ကိုယ်သူအဆုံးစီရင်ရန်ယ​နေ့ကြိုးပမ်းခဲ့သည်။(ဓါတ်ပုံ) ၅။ဂျာမနီအဓိပတိမာ့ဇ်သည်နှစ်နိုင်ငံကုန်သွယ်ရေးတိုးတက်ရန်ရည်ရွယ်ချက်ဖြင့်တရုတ်နိုင်ငံသို့နှစ်ရက်ကြာချစ်ကြည်ရေးခရီးရောက်ရှိသည်။(ဓါတ်ပုံ)

ဆိပ်ဖြူမြို့နယ်၊ ဖူးသိမ့်စက်သုံးဆီအေရာင်းဆိုင်မီးလောင်မှုဖြစ်ပွားကျပ်သိန်းပေါင်း ၁၂၀၀ ခန့်ဆုံးရှူံး အမျိုးသားတစ်ဦး ဒဏ်ရာရ NO
+1
ဆိပ်ဖြူမြို့နယ်၊ ဖူးသိမ့်စက်သုံးဆီအေရာင်းဆိုင်မီးလောင်မှုဖြစ်ပွားကျပ်သိန်းပေါင်း ၁၂၀၀ ခန့်ဆုံးရှူံး အမျိုးသားတစ်ဦး ဒဏ်ရာရ NOM၊ဖေဖော်ဝါရီ၂၅၊၂၀၂၆ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ဆိပ်ဖြူ - ကန်ဇွန်းမ လမ်းဘေး၊ ဖူးသိမ့်ဆီဆိုင်တွင်် ယမန်နေ့(ဖေဖော်ဝါရရီ၂၄ရက်) မွန်းလွဲပိုင်း ၃ နာရီ ၂၀မိနစ်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ ကျပ်သိန်းပေါင်း ၁၂၀၀ ခန့်ဆုံးရှူံးပြီး အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်ဟု မကွေးတိုင်း မီးသတ်ဦးစီးမှူးရုံး (ကွပ်ကဲ) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဖြစ်စဉ်မှာ ဖူးသိမ့်ဆီဆိုင်အတွင််း ဆီဘောက်ဆာကားနှစ်စီးမှာဟိုဘက်ကားနှင့် ဒီဘက်ကားနှစ်စီး ဆီဖလှယ်နေစဉ်မီးလောင်မှုစတင်ဖြစ်ပွားပြီး မီးလောင်နေချိန်တွင်ကားပေါ်၌ရှိနေ သောအမျိုးသားတစ်ဦးမှာ ကားပေါ်မှခုန်ချလိုက်သည့်အတွက်ခြေထောက်ကျိုး၍ဆေးရုံသို့ပို့ဆောင်ထားကြောင်းသိရသည်။ "မီးလောင်မှု ကြောင့်ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းပေါင်း ၁၂၀၀ ဝန်းကျင်ရှိပါတယ် ဆီဘောက်ဆာကားတွေ အပါအဝင် အခြားရပ်ထားသည့် ကားငါးစီး မီးလောင်ကျွမ်းသွားခဲ့တာပါ အဆောက်အအုံ ဘက်ကိုတော့မီးကူးစက်လောင်ကျွမ်းမှုတော့ မရှိခဲ့ဘူးလို့မကွေးတိုင်း မီးသတ်ဦးစီးမှူးရုံး (ကွပ်ကဲ) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Repost from NOM.World News
"အက်ပ်စတိုင်းနှင့် ပတ်သက်မှုများကြောင့် ဘီလ်ဂိတ်စ်အနေဖြင့် ၎င်း၏ ဖောင်ဒေးရှင်းကို တောင်းပန်ခဲ့ရကြောင်း သတင်းထွက်ပေါ်" ဘီလ်ဂိတ
"အက်ပ်စတိုင်းနှင့် ပတ်သက်မှုများကြောင့် ဘီလ်ဂိတ်စ်အနေဖြင့် ၎င်း၏ ဖောင်ဒေးရှင်းကို တောင်းပန်ခဲ့ရကြောင်း သတင်းထွက်ပေါ်" ဘီလ်ဂိတ်စ်သည် ဂျက်ဖရီ အက်ပ်စတိုင်း (Jeffrey Epstein) နှင့် ပတ်သက်သည့် ဖိုင်တွဲများကိစ္စကို နောက်ဆုံးတွင် ထုတ်ဖော်ပြောကြားခဲ့ပြီး အက်ပ်စတိုင်းနှင့် တွေ့ဆုံမှုများ၊ လေယာဉ်အတူစီးမှုများ ရှိခဲ့သည်ကို ဝန်ခံခဲ့သော်လည်း ကာယကံရှင် အမျိုးသမီးငယ်များကိုမူ ၎င်းအနေဖြင့် ထိပါးနှောင့်ယှက်ခြင်း လုံးဝမရှိခဲ့ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်ဟု WSJ သတင်းတွင်ဖော်ပြထားသည်။ 🌏 ၎င်းသည် အက်ပ်စတိုင်းအား ၂၀၁၁ ခုနှစ်တွင် စတင်တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ထိုအချိန်မှာ အက်ပ်စတိုင်းသည် အရွယ်မရောက်သေးသူများကို ကာမဝန်ဆောင်မှုအတွက် စည်းရုံးသိမ်းသွင်းမှုဖြင့် ပြစ်ဒဏ်စီရင်ခံရပြီး သုံးနှစ်အကြာဖြစ်သည်။ ဂိတ်စ်က ၎င်းအနေဖြင့် အက်ပ်စတိုင်း၏ နောက်ကြောင်းကို သေချာစွာ စစ်ဆေးခဲ့ခြင်းမရှိသလို သူကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများ၏ အတိုင်းအတာကိုလည်း မသိရှိခဲ့ကြောင်းပြောကြားခဲ့သည်။ 🌏 ဂိတ်စ်သည် အက်ပ်စတိုင်း၏ ကိုယ်ပိုင်ဂျက်လေယာဉ်ကို စီးနင်းခဲ့ပြီး ဂျာမနီ၊ ပြင်သစ်၊ နယူးယောက်နှင့် ဝါရှင်တန်ဒီစီတို့တွင် အတူတကွ အချိန်ဖြုန်းခဲ့ဖူးသည်။ အခြားသော ဘီလျံနာများလည်း ရှိနေကြသောကြောင့် ထိုသို့တွေ့ဆုံခြင်းများကို "ပုံမှန်ကိစ္စရပ်" ဟု ထင်မှတ်ခဲ့ကြောင်း ဂိတ်စ်က ချေပပြောဆိုထားသည်။ 🌏 ထို့အပြင် ၎င်းသည် အိမ်ထောင်သည်ဘဝတွင် ရှိနေစဉ်အတွင်း ရုရှားအမျိုးသမီးနှစ်ဦး အပါအဝင် အခြားသူများနှင့် ဖောက်ပြန်မှုများ ရှိခဲ့သည်ကိုလည်း ဝန်ခံခဲ့သည်။ NOM

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် မြောင်းမြမြို့နယ်ဦးစီးမှူးရုံး၌ ဒေသခံပြည်သူများအား နိုင်ငံသားစိစစ် ရေးဆိုင်ရာလုပ်ငန်းများ ဆေ
+8
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် မြောင်းမြမြို့နယ်ဦးစီးမှူးရုံး၌ ဒေသခံပြည်သူများအား နိုင်ငံသားစိစစ် ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကြည့်ရှု ဖေဖော်ဝါရီ ၂၅၊ ၂၀၂၆ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနက် အသက်ပြည့်မီပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရရှိသေးသူများနှင့် နိုင်ငံသားကတ်ပြားပျောက်ပျက်၊ မိတ္တူလာရောက်လျှောက်ထားသူများ၊ အိမ်ထောင်စုလူဦးရေစာရင်း ပြောင်းဝင်၊ ပြောင်းထွက်ဆောင်ရွက်ကြသည့် ပြည်သူများအား ဝန်ထမ်းများက လိုအပ်သည့် အထောက်အထားစာရွက်စာတမ်းများကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ဆောင်ရွက် ထုတ်ပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိပြီးသူများအား e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ် တစ်ပါတည်းဆောင်ရွက်နေမှုအခြေအနေကို လှည့်လည်ကြည့်ရှုအားပေးပြီး လာရောက်ဆောင်ရွက်ကြသည့် ဒေသခံပြည်သူများအား လုပ်ငန်းဆိုင်ရာအခက်အခဲများကို မေးမြန်း၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသည်။ ယင်းနောက် မြို့နယ်ရုံးအတွင်း ရုံးစာရွက်စာတမ်းများ ထိန်းသိမ်းထားရှိမှုနှင့် ရုံးလက်ခံနိုင်-၄ မှတ်တမ်းနှင့် အိမ်ထောင်စုလူဦးရေစာရင်းများပါ အချက်အလက်များအားရုံးချုပ်ရှိ e-ID Server မှ အချက်အလက်များနှင့် Online စနစ်ဖြင့် တိုက်ဆိုင်စိစစ်ပြင်ဆင် အတည်ပြုဆောင်ရွက်နေမှုကိုလည်းကောင်း၊ မှတ်တမ်းခန်းအတွင်း ကိုယ်ရေးဖိုင်များ စနစ်တကျ ထိန်းသိမ်းထားရှိမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးပြီး One Stop Service ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် နိုင်ငံသားစိစစ် ရေးကတ်ပြားနှင့် Unique ID နံပါတ်ပါ ကတ်ပြားများကို ကာယကံရှင်တစ်ဦးချင်းစီထံပေးအပ်၍ မြောင်းမြမြို့နယ် ဦးစီးမှူးရုံး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများပေးအပ်သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြောင်းမြမြို့ရှိ အာဇာနည်ပရိယတ္တိစာသင်တိုက် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကရုဏိကအား ဖူးမြော်ကြည်ညိုကာ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

လားရှိုးမြို့၊ ရပ်ကွက် ၅ ရှိ ကုန်စုံဆိုင်တခုသို့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်က သေနတ်ကိုင်ဆောင်ထားသည့် အမျိုးသားသုံးဦးရောက်လာပြီး ငွေရှင်းကောင်တွင်ထိုင်နေသည့် အမျိုးသမီးတစ်ဦး (၂၃ နှစ်)ကို ပြန်ပေးဆွဲခေါ်ဆောင်သွားသည့်အပြင် ဆိုင်ရှိငွေများကိုပါ လုယက်ယူဆောင်သွားခဲ့သည်။ NOM

တောင်ကြီးမြို့တွင် အမျိုးသမီးစစ်မှုထမ်းစာရင်း စတင်ကောက်ခံနေပြီး အွန်လိုင်းပေါ်မတင်ရန်လည်း ခြိမ်းခြောက်ခံခဲ့ရကြောင်း မဟုတ်မမှန
တောင်ကြီးမြို့တွင် အမျိုးသမီးစစ်မှုထမ်းစာရင်း စတင်ကောက်ခံနေပြီး အွန်လိုင်းပေါ်မတင်ရန်လည်း ခြိမ်းခြောက်ခံခဲ့ရကြောင်း မဟုတ်မမှန် သတင်းအမှားများ ဝါဒဖြန့်ချိလျက်ရှိ ဖေဖော်ဝါရီ ၂၄၊ ၂၀၂၆ NOM

လှိုင်သာယာမြို့နယ်တွင် Level 1 အဆင့်မီးလောင်မှုဖြစ်ပွား သုံးဦးဒဏ်ရာရရှိ NOM၊ဖေဖော်ဝါရီ၂၅၊၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာ
လှိုင်သာယာမြို့နယ်တွင် Level 1 အဆင့်မီးလောင်မှုဖြစ်ပွား သုံးဦးဒဏ်ရာရရှိ NOM၊ဖေဖော်ဝါရီ၂၅၊၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်အပိုင်း (၅)၊ ဗညားဒလလမ်းတွင်ယမန်နေ့ဖေဖော်ဝါရီ ၂၄ ရက်ည၁၀နာရီ၃၈မိနစ်က ဖွဲစက်ရုံတွင် Level 1 အဆင့်မီးလောင်မှုဖြစ်ပွားခဲ့ပြီးသုံးဦးဒဏ်ရာရရှိခဲ့သည့်ဟု အင်းစိန်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ မှတာဝန်ရှိသူတစ်ဦးကပြောသည်။ ဖြစ်စဉ်မှာ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်အပိုင်း (၅)၊ ဗညားဒလလမ်းရှိ တိရစ္ဆာန်အစာထုတ်သည့် ဖွဲစက်ရုံအတွင်းရှိ ဖွဲနုများထားရှိသည့် ဂိုထောင်တွင် လျှပ်စစ်ဝါယာရှော့ဖြစ်ပြီးမီးစတင်လောင်ကျွမ်းခဲ့ ကြောင်းသိရသည်။ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် လှိုင်သာယာမြို့နယ်မီးသတ်ယာဉ်အုပ်စုများ၊ Level 1 ယာဉ်အုပ်စုများ၊လူမှုကူညီးရေးအသင်းများဖြင့်ဝိုင််းဝန်ငြှိမ်းသတ်ခဲ့ရာည၁၁နာရီ ၂၂မိနစ်တွင်မီးငြိမ်းသွားကြောင်း၊မီးသတ်တပ်ဖွဲ့ဝင်သုံးဦးမီးခိုးမွှန်ဒဏ်ရာရကြောင်းသိရသည်။

Repost from NOM.World News
🤬"Reuters/Ipsos ၏ လူထုစစ်တမ်းအသစ်တစ်ခုအရ အမေရိကန်နိုင်ငံသား ၆၁ ရာခိုင်နှုန်းက သမ္မတ ထရမ့်သည် အသက်အရွယ်ကြောင့် 'စိတ်မူမမှန်ဖြစ်လာသည်' ဟု ယုံကြည်နေကြသည်။ ယင်းအထဲတွင် ဒီမိုကရက်တစ်ပါတီဝင် ၈၉ ရာခိုင်နှုန်းနှင့် ရီပတ်ဘလီကန်ပါတီဝင် ၃၀ ရာခိုင်နှုန်း ပါဝင်သည်။" NOM

ပါကစ္စတန်နှင့်အာဖဂန်နယ်စပ်တွင်တိုက်ပွဲများဖြစ် NOM တာလီဘန်နှင့် ပါကစ္စတန် တပ်ဖွဲ့များအကြား နန်ဂါရာဟာ-ခိုင်ဘာ ဇုန် နယ်စပ်တွင် တိုက်ပွဲများဖြစ်ပွားနေသည်။ မကြာသေးမီက ပါကစ္စတန်၏ လေကြောင်းတိုက်ခိုက်မှုများအတွက် လက်တုံ့ပြန်သည့်အနေဖြင့် အာဖဂန်နစ္စတန်က ဦးစွာ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု တာလီဘန် မီဒီယာများက ဖော်ပြသည်။

+1
အီရန်တိုက်ခိုက်ရေးရဟတ်ယာဥ်ပျက်ကျ NOM အီရန်နိုင်ငံလေတပ်မှဆူပါကော်ဘရာတိုက်ခိုက်ရေးရဟတ်ယာဥ်သည်လေ့ကျင့်ပျံသန်းစဥ်သစ်သီးစျေးပေါ်ပျက်ကျရာလေယာဥ်မှူး၊တွဲဖက်လေယာဥ်မှူးနှင့်စျေးအတွင်းမှလူနှစ်ဦးသေဆုံးခဲ့သည်။အီရန်လေတပ်သည်ရှားဘုရင်လက်ထက်ကအမေရိကန်ထံမှဝယ်ယူထားသောအိုမင်းနေသည့်လေယာဥ်နှင့်ရဟတ်ယာဥ်များကိုသုံးစွဲနေသည့်နိုင်ငံဖြစ်ပြီးလွန်ခဲ့သောရက်ကလည်းF-4တိုက်လေယာဥ်သည်လေ့ကျင့်စဥ်ပျက်ကျပြီးလေယာဥ်မှူးသေဆုံးခဲ့သည်။

မူးယစ်ဂိုဏ်းနှင့်တိုက်ပွဲများအတွင်းမက္ကဆီကိုစစ်သား၁၁၆ဦးအထိသေဆုံး NOM ကျော်ကြားသော မက္ကဆီကို ဂျာနယ်လစ်နှင့် စာရေးဆရာ အယ်လီနာ ချာဗက်ဇ်က မက္ကဆီကို ကာကွယ်ရေး အတွင်းဝန်ရုံးမှ သတင်းရင်းမြစ်များအရမူးယစ်ဂိုဏ်းCJNGနှင့်ဖြစ်ပွားနေသောတိုက်ပွဲများအတွင်း စစ်တပ်၏ သေဆုံးသူ အရေအတွက်သည် ၁၁၆ ဦးအထိ ရှိသည်ဟု ပြောကြားလိုက်သည်။ ယင်းကိန်းဂဏန်းများတွင် အရာရှိ ရှစ်ဦးပါဝင်ပြီးဒုတိယ ဗိုလ်မှူးကြီး တစ်ဦးနှင့် ဗိုလ်မှူး တစ်ဦး အပါအဝင် အမျိုးသား အစောင့်တပ်ဖွဲ့ဝင် ၁၁၀ ဦး နှင့် မရိန်းတပ်ဖွဲ့ဝင် ခြောက်ဦးတို့ ပါဝင်သည်။ ဂျာနယ်လစ်၏ အဆိုအရ ရဲအရာရှိ၁၅၀ ကျော်လည်း ဒဏ်ရာရရှိနိုင်သည်ဟု သိရသည်။

မက္ကဆီကိုမူးယစ်ဂိုဏ်းခေါင်းဆောင်သစ်ကိုသုတ်သင်လိုက်ကြောင်းစစ်တပ်ကကြေညာ NOM မက္ကဆီကိုစစ်တပ်၏ ဗိုလ်ချုပ် ရီကာဒိုထရီဗီလာထရီဂျို က ယနေ့ ဂျာလစ်စကိုပြည်နယ်အတွင်း မူးယစ်ဂိုဏ်းသားများကိုနှိမ်နှင်းစဥ်အတွင်း ဂျာလစ်စကို(CJNG)မူးယစ်ဂိုဏ်းခေါင်းဆောင် 'အယ်လ် တူလီ' ကို သုတ်သင်နိုင်ခဲ့ကြောင်း ကြေညာသည်။ အဆိုပါဂိုဏ်ခေါင်းဆောင်သစ်သည် အယ်လ်မင်ချို၏ ညာလက်ရုံးဖြစ်ကာ ဂိုဏ်းခေါင်းဆောင်သုတ်သင်ခံရပြီးနောက် ဂျာလစ်စကိုပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် လမ်းပိတ်ဆို့မှုများ၊ မီးရှို့မှုများနှင့် အကြမ်းဖက်မှုများကို လုပ်ဆောင်သူဖြစ်သည်။ ယမန်နေ့က အယ်လ်တူလီသည် စစ်သားတစ်ယောက်၏ ဦးခေါင်းအတွက် ပီဆို ၂၀၀၀၀ (အမေရိကန်ဒေါ်လာ ၁၂၀၀ ခန့်) ဆုငွေထုတ်ခဲ့သေးသည်။

"ဂျူးလူမျိုးတွေဟာ ဥပဒေရဲ့ အထက်မှာ ရှိတယ်" အစ္စရေးအမျိုးသားလုံခြုံရေးဝန်ကြီး အီတာမာ ဘင် ဂါဗီယာ ဟာ ဘီဒိုအင်လူမျိုးစုတွေ နေထိုင်ရာ အရပ်က ပါလက်စတိုင်းသားတွေကို ဖယ်ရှားပေးဖို့နဲ့ အဆောက်အအုံတွေ ဖျက်သိမ်းဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ ၎င်းက ဒေသခံတွေကို နှစ်နာရီအတွင်း ထွက်ခွာသွားဖို့နဲ့ မလိုက်နာပါက အဖမ်းခံရမယ်လို့ ရာဇသံပေးခဲ့တာပါ။ ဒေသခံတစ်ဦးက အဆိုပါမြေယာ ပိုင်ဆိုင်ကြောင်း အထောက်အထား စာရွက်စာတမ်းတွေကို ပြသတဲ့အခါမှာတော့ ဝန်ကြီးက "ကျုပ် ဂရုမစိုက်ဘူး။ ဂျူးလူမျိုးတွေဟာ ဥပဒေရဲ့ အထက်မှာ ရှိတယ်" လို့ ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။ NOM

အုတ်ဖိုမြို့နယ်၊ စိန်ပတ်လည်ကျေးရွာတွင် နေအိမ်၌ရှိနေသော အပြစ်မဲ့ပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား NOM ဖေဖော်ဝါရီ ၂၄၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ စိန်ပတ်လည်ကျေးရွာနေ ဦးကျော်ဦး (၄၅) နှစ်သည် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီအချိနိ၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် လက်နက်ငယ်များကိုယ်စီကိုင်ဆောင်ထားသည့် PDF အကြမ်းဖက်သမားခြောက်ဦးရောက်လာပြီး အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

🇷🇺 ယူကရိန်းနိုင်ငံ စစ်မျက်နှာတစ်နေရာတွင်ရှိသော ရုရှားစစ်တပ်၏ မြေအောက်ကွပ်ကဲမှုဌာနတစ်ခုအား ရုရှားရုပ်သံဌာနမှ မှတ်တမ်းတင်ထားသည့် ဗီဒီယိုဖြစ်သည်။ ဆက်သွယ်ရေးဥမင်လိုဏ်ခေါင်းများအတွင်း ပစ်ကပ်ကားတစ်စီးပင် မောင်းနှင်သွားလာနိုင်သည့်အပြင် အဆိုပါမြေအောက်ကွပ်ကဲမှုဌာနအဆောက်အအုံကို လေကြောင်းမှကြဲသည့်ဗုံးများနှင့် ဟိုင်းမားစ် (HIMARS) ဒုံးကျည်များ တိုက်ရိုက်ထိမှန်မှုကို ခံနိုင်ရည်ရှိစေရန် ဆောက်လုပ်ထားခြင်းဖြစ်သည်။ NOM