ru
Feedback
News Of Myanmar

News Of Myanmar

Открыть в Telegram

📈 Аналитический обзор Telegram-канала News Of Myanmar

Канал News Of Myanmar (@newsofmyanmar) языкового сегмента Бирманский является активным участником. Сейчас сообщество объединяет 12 488 подписчиков, занимая 15 956 место в категории Новости и СМИ и 10 069 место в регионе Мьянма.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 12 488 подписчиков.

Согласно последним данным от 26 июня, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -236, а за последние 24 часа — 1, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 9.67%. В первые 24 часа после публикации контент обычно набирает 5.62% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 1 208 просмотров. В течение первых суток публикация набирает 702 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 15.

📝 Описание и контентная политика

Автор описывает ресурс как площадку для выражения субъективного мнения:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Благодаря высокой частоте обновлений (последние данные получены 27 июня, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Новости и СМИ.

12 488
Подписчики
+124 часа
-317 дней
-23630 день
Архив постов
လက်ကိုချည်နှောင်ပြီးလည်ပင်းကိုဖုန်းအားသွင်းကြိုးဖြင့်ပတ်ပြီးသတ်ကာအိမ်မှကားကိုယူဆောင်သွားမှုရွှေပြည်သာတွင်ဖြစ်ပွား NOM၊မတ်၁၅၊၂၀၂၆ ရွှေပြည်သာမြို့နယ်၊အမှတ်(၉)ရပ်ကွက်၊ဂရုဏာလမ်း၊ အိမ်အမှတ်(၂၁၆/ခ)တွင်တစ်ဦးတည်းနေထိုင်သောအစိုးရအငြိမ်းစားဝန်ထမ်းတစ်ဦးကိုသတ်၍အိမ်မှကားကိုလုယူသွားမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ ဖြစ်စဥ်မှာအဆိုပါနေအိမ်တွင်နေထိုင်သောစက်မှုလယ်ယာအငြိမ်းစားဝန်ထမ်းဦးအောင်သောင်း(၆၈နှစ်)ထံတပည့်တစ်ဦးမှဖုန်းဆက်ရာမရသဖြင့်တိုက်ကြီးမြို့တွင်နေသောဦးအောင်သောင်း၏ဇနီးထံဆက်သွယ်ပြီးအိမ်သို့လာကြည့်ကြသည်။ အိမ်မှာသော့ခတ်ထားသဖြင့်ရပ်ကွက်တာဝန်ရှိသူများနှင့်အတူမတ်လ၁၂ရက် နေ့တွင်သော့ဖျက်ပြီးဝင်ရာအိမ်အတွင်းတွင်ဦးအောင်သောင်း၏လက်နှစ်ဖက်ကိုလက်သမားသုံးပေကြိုးဖြင့်ချည်နှောင်ပြီးလည်ပင်းကိုတယ်လီဖုန်းအားသွင်းကြိုးဖြင့်ညှစ်ပြီးသတ်ကာကုတင် အောက်ရှိသံသေတ္တာအတွင်းအလောင်းအားထည့်ထားသည်ကိုတွေ့ရသည်။ထို့အပြင်ခြံအတွင်းရပ်ထားသောဦးအောင်သောင်း၏ BGO 3L/5652နံပါတ်ပါတိုယိုတာဖစ်ကားမှာလည်းပျောက်ဆုံးနေသည်ကိုစစ်ဆေးတွေ့ရသည်။ရဲတပ်ဖွဲ့ကလူသတ်ပစ္စည်းလုတရားခံဖမ်းမိရေးစုံစမ်းစစ်ဆေးလျက်ရှိကြောင်းသိရသည်။

နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာ TNLA အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်ပူးပေါင်းအဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမ
နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာ TNLA အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်ပူးပေါင်းအဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ခြေထောက်ပြတ်ထွက်ဒဏ်ရာရ NOM မတ်လ ၁၅၊ ၂၀၂၆ မတ်လ ၁၃ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်အချိန်၌ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ မြို့နယ်ပြည်သူ့ဆေးရုံသို့ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီးတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မွန်းလွဲ ၃ နာရီအချိန်၌ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာနေ ဒေါ်ငြိမ်းဆွေ (၅၈) နှစ်သည် ၎င်း၏နေအိမ်ခြံဝင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် TNLA အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ခြေထောက်ပြတ်ထွက်ဒဏ်ရာနှင့် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ NOM

အစ္စရေး F-15 တိုက်လေယာဉ် အီရန်လေကြောင်းကာကွယ်ရေးစနစ်၏ "ခြုံခိုတိုက်ခိုက်မှု" ခံရ — ထိမှန်ခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် စ
အစ္စရေး F-15 တိုက်လေယာဉ် အီရန်လေကြောင်းကာကွယ်ရေးစနစ်၏ "ခြုံခိုတိုက်ခိုက်မှု" ခံရ — ထိမှန်ခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် စခန်းသို့ ပြန်လည်ဆင်းသက်နိုင်ခဲ့ ကြောက်ရွံ့မှုနှင့် အမှားအယွင်းများ မြင့်တက်လာသည်နှင့်အမျှ အစ္စရေးလေသူရဲများ "အာရုံစူးစိုက်မှု လျော့နည်းလာ" လာမည့်ရက်ပိုင်းအတွင်း အီရန်က ရန်သူ့လေယာဉ်များကို ပစ်ချနိုင်ဖွယ်ရှိ NOM

🇮🇷🇮🇷- အပစ်အခတ်ရပ်စဲရေး ဖြစ်ပေါ်လာနိုင်ခြေအပေါ် အီရန်ပြည်သူများ တုံ့ပြန်နေကြသည့် ပုံစံပင်ဖြစ်သည် ၎င်းမှာ ထရန့်နှင့် လက်ယာယိမ်းမီဒီယာများက ဝါဒဖြန့်နေသည့် ပြောဆိုချက်များနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။ ဗီဒီယိုထဲက အင်တာဗျူးဖြေကြားသွားသူတွေရဲ့ ပြောစကားများကို ဘာသာပြန်ပေးထားပါတယ် အမျိုးသား ၁: "မနက်ဖြန် အပစ်အခတ်ရပ်စဲရေးလား? အမှန်အတိုင်းပြောရရင် ကျွန်တော်တော့ အဲဒီလိုမထင်ဘူး။" အမျိုးသမီး ၁: "နောက်မနေပါနဲ့! ကျွန်တော်တို့မှာ အပစ်အခတ်ရပ်စဲရေးဆိုတာ မရှိဘူး။" အမျိုးသမီး ၂: "အပစ်အခတ်ရပ်စဲရေးဆိုတာ မရှိဘူး။ လုံးဝမရှိဘူး။" အမျိုးသား ၂: "မဟုတ်ဘူး၊ အဲဒီလိုမဟုတ်ပါဘူး။" အမျိုးသား ၃: "ခင်ဗျား၊ အဲဒီအကြောင်းကို လုံးဝမပြောပါနဲ့။ ကျွန်တော်တို့ရဲ့ ရုပ်အလောင်းတွေတောင် သူတို့ဆီမှာ အရှုံးပေးမှာမဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ အလောင်းတွေတောင် ဒါကိုလက်ခံမှာမဟုတ်ဘူး။ ဘုရားသခင်ကို ထောက်ထားပြီး အဲဒီအကြောင်းကို လုံးဝမပြောပါနဲ့တော့။" အမျိုးသား ၄: "အကယ်၍ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ချစ်လှစွာသော ခေါင်းဆောင်ကြီးရဲ့ နောက်လိုက်တွေအစစ်အမှန်ဆိုရင်၊ သူဟာ ဒီလိုမျိုး အလျှော့ပေးညှိနှိုင်းမှုတွေကို အမြဲတမ်း ၁၀၀ ရာခိုင်နှုန်း ဆန့်ကျင်နေမှာပါ။" အမျိုးသား ၅: "အပစ်အခတ်ရပ်စဲရေးဆိုတာ မရှိဘူး။ အစ္စရေးတွေ ပျက်သုဉ်းသွားတဲ့အထိ ကျွန်တော်တို့ တိုက်ပွဲဝင်ပြီး ခုခံသွားမှာပါ။" အမျိုးသမီး ၃: "လွန်ခဲ့တဲ့ ၆ လကပဲ ဒီအစ္စရေးက ခင်ဗျားတို့ကို တိုက်ခိုက်ခဲ့တာ မဟုတ်ဘူးလား? နောက်ထပ် ၆ လနေရင်ရော သူတို့က ပြန်မတိုက်တော့ဘူးလား? ကျွန်တော်တို့ ခုခံရမယ်၊ Aba Abdillah လိုမျိုးပဲ။ ကျွန်တော်တို့ရဲ့ သွေးတွေမြေကျရမယ်ဆိုရင်တောင် ကျွန်တော်တို့ ခုခံရမယ်။" အမျိုးသမီး ၄: "အခုလို အခြေအနေတွေကို မြင်နေရပါလျက်နဲ့ ညှိနှိုင်းဆွေးနွေးရမယ်လို့ ပြောတဲ့သူဟာ တကယ့် လူ အ ပဲ။" အမျိုးသမီး ၂ (ထပ်မံပြောကြားချက်): "ကျွန်တော်တို့ ညှိနှိုင်းဆွေးနွေးမှုတွေအကြောင်း မပြောတော့ဘူး။ ညှိနှိုင်းဆွေးနွေးမှုဆိုတာ မရှိတော့ဘူး။" အမျိုးသမီး ၅: "ကျွန်မ တော်တော်လေး စိတ်မကောင်းဖြစ်ရပါတယ်။ အဲဒီလို (ညှိနှိုင်းလို့ရမယ်လို့) ထင်နေတဲ့သူတွေအတွက်..." အမျိုးသား ၆: "ကျွန်တော်တော့ အဲဒီလိုမထင်ဘူး။ ခဏလောက် ထပ်စောင့်ကြည့်လိုက်ပါ၊ သူတို့ရဲ့ခြေလှမ်းတွေ ဒီအထိ ရောက်လာပါလိမ့်မယ်။ 'ဘာကြောင့်လဲ' ဆိုတာ မရှိဘူး! သူတို့က ကျွန်တော့်အဖေကို သတ်ခဲ့တာ! ကျွန်တော့်အဖေကို သတ်ခဲ့တာလေ။ ညှိနှိုင်းရေးစားပွဲမှာ ထိုင်ချင်တဲ့သူမှန်သမျှဟာ အဖေကိုသတ်တဲ့အမှုကို ဘေးဖယ်ထားလိုက်သလိုပဲ။ အဖေကိုသတ်တဲ့သူကို ခင်ဗျား ပြန်သတ်ရမယ်။ အဲဒါ ပြီးသွားပြီ။ တစ်ကမ္ဘာလုံးက တစ်ဖက်၊ ကျွန်တော်က တစ်ဖက်။ ကျွန်တော့်အဖေကို သတ်ခဲ့တာလေ၊ ကျွန်တော် ဘယ်လိုပြောရမလဲ? သွားပြီးတော့ ညှိနှိုင်းမယ်၊ လူသတ်သမားကို ခွင့်လွှတ်မယ်ဆိုတဲ့သူရဲ့ သွေးကို ကျွန်တော် ခွင့်မလွှတ်နိုင်ဘူး။" အမျိုးသား ၃ (ထပ်မံပြောကြားချက်): "ညှိနှိုင်းဆွေးနွေးမှုဆိုတာ တကယ်တမ်း ဘယ်သူမှ မလိုချင်ကြပါဘူး။ သစ္စာဖောက်တွေပဲ ညှိနှိုင်းချင်ကြတာ။ ဘယ်သူနဲ့ ညှိနှိုင်းမှာလဲ? ခေါင်းဆောင်ကို သတ်တဲ့သူနဲ့လား?" အမျိုးသား ၁ (ထပ်မံပြောကြားချက်): "ညှိနှိုင်းဆွေးနွေးမှုအကြောင်း ပြောတဲ့သူမှန်သမျှဟာ အရှင်သခင်ကို သစ္စာဖောက်တာပဲ။" အမျိုးသမီး ၆: "ဘယ်သူမဆို ကျွန်မတို့နိုင်ငံကို သစ္စာဖောက်ချင်တယ်ဆိုရင် သူတို့ကို လက်သည်းနဲ့သွားနဲ့ ဆွဲဆုတ်ပစ်မယ်။ ကျွန်မကိုယ်တိုင် သူတို့ကို တစ်ယောက်ချင်းစီ ရှင်းပစ်မယ်။" အမျိုးသမီး ၃ (ထပ်မံပြောကြားချက်): "ညှိနှိုင်းဆွေးနွေးမယ်လို့ တစ်ယောက်ယောက်က ပြောလာရင်၊ ကျခဲ့ရတဲ့ ဒီသွေးတွေအားလုံးကို လှောင်ပြုံးပြုံးလိုက်သလို ဖြစ်နေလိမ့်မယ်။ အလျှော့ပေးညှိနှိုင်းသူဟာ ဒီနိုင်ငံအတွက် အသက်ပေးသွားရတဲ့ မိန်းကလေးငယ်တွေနဲ့ အပြစ်မဲ့ပြည်သူတွေရဲ့ သွေးအပေါ်မှာ သစ္စာဖောက်တာပဲ။ အဲဒါကို ရေးထားလိုက်ပါ၊ လက်မှတ်ထိုးထားလိုက်ပါ။" အမျိုးသမီး ၆ (ထပ်မံပြောကြားချက်): "အီမာမ် ခိုမေနီ Imam Khomeini က အစ္စရေးကို အမြစ်ပြတ်ချေမှုန်းရမယ်လို့ ပြောခဲ့တယ်။ ကျွန်မတို့ ချေမှုန်းရမယ်။" အမျိုးသား ၆ (ထပ်မံပြောကြားချက်): "အစ္စရေးကို အမြစ်မပြတ်မချင်း ကျွန်တော်တို့ ကောင်းကောင်းအိပ်လို့ရမှာမဟုတ်ဘူး။ အဲဒါ ပြီးသွားပြီ။" အမျိုးသား ၁ (ထပ်မံပြောကြားချက်): "အခုစတင်နေတဲ့ ဒီကိစ္စကို ကျွန်တော်တို့ကိုယ်တိုင်ပဲ အဆုံးသတ်ရမယ်။ တစ်ခါတည်းနဲ့ အပြီးအပြတ် ရှင်းရမယ်။" အမျိုးသမီး ၄ (ထပ်မံပြောကြားချက်): "အစ္စရေး ပျက်သုဉ်းသွားတဲ့အထိ။" အမျိုးသမီး ၅ (ထပ်မံပြောကြားချက်): "အစ္စရေးနဲ့ အမေရိက ပျက်သုဉ်းသွားတာကို မမြင်ရမချင်း ကျွန်မတို့ ဒီမှာ ရှိနေဦးမှာပဲ။" အမျိုးသား ၇: "အနည်းဆုံးတော့ ပြည်သူတွေရဲ့ စိတ်နှလုံး အေးချမ်းသွားစေဖို့အတွက် သူတို့ရဲ့သွေးတွေ မြေကျရပါလိမ့်မယ်။" NOM

PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် လမ်းဘေးမိုင်းပေါက်ကွဲမှုကြောင့် အပြစ်မဲ့ပြည်သူ ၁၁ ဦးလိုက်ပါလာသည့် အလှူခံယာဉ်ပေါ်မှ အမျိုးသမီးန
+2
PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် လမ်းဘေးမိုင်းပေါက်ကွဲမှုကြောင့် အပြစ်မဲ့ပြည်သူ ၁၁ ဦးလိုက်ပါလာသည့် အလှူခံယာဉ်ပေါ်မှ အမျိုးသမီးနှစ်ဦးသေဆုံးခဲ့ပြီး အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရ NOM မတ် ၁၅၊ ၂၀၂၆ မတ်လ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန်၌ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်ရှိ ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံကြီးသို့ မိုင်းစပေါက်ကွဲထိမှန်ဒဏ်ရာများဖြင့် သေဆုံး/ ဒဏ်ရာရရှိသူများရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး ၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၉ နာရီ ၄၀ မိနစ်အချိန်၌ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ဆံတော်ရပ်ကွက်နေ ဦးထွန်းလွင် (၆၃) နှစ်မောင်းနှင်ပြီး ပြည်မြို့နေသူများဖြစ်ကြသည့် ဦးရဲဇော် (၃၅) နှစ်၊ ဒေါ်သိမ့်သိမ့်သူ (၃၂) နှစ်နှင့် မဟန်စုစုစံ (၂၅) နှစ်ပါ၁၁ ဦးတို့လိုက်ပါလာသည့် အလှူခံ မော်တော်ယာဉ်သည် ပြည်မြို့မှ ညောင်ဦးမြို့နယ်၊ လက်ဝဲကျေးရွာဘက်သို့ မောင်းနှင်ထွက်ခွာလာစဉ် လက်ဝဲကျေးရွာအနီးအရောက် လမ်းဘေးမှ PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့မှုကြောင့် ယာဉ်ပေါ်ပါလာသူများအနက် ဒေါ်သိမ့်သိမ်သူနှင့် မဟန်စုစုစံတို့တွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးထွန်းလွင်တွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ NOM

ကိုယ်ပိုင်ယာဉ်များနှင့် ခရီးထွက်မည့်သူများအတွက် ခရီးဝေးသွားလာသော ကိုယ်ပိုင်ယာဉ်များအနေနဲ့ စက်သုံးဆီဖြည့်ရန် လိုအပ်ပါက Scan ထပ
ကိုယ်ပိုင်ယာဉ်များနှင့် ခရီးထွက်မည့်သူများအတွက် ခရီးဝေးသွားလာသော ကိုယ်ပိုင်ယာဉ်များအနေနဲ့ စက်သုံးဆီဖြည့်ရန် လိုအပ်ပါက Scan ထပ်မံဖတ်ရန်မလိုဘဲ အဲဒီရက်အတွက် စက်သုံးဆီ ဝယ်ယူထားတဲ့ ငွေရှင်းပြေစာကို ပြသ၍ အဝေးပြေးလမ်းမကြီးများရှိ စက်သုံးဆီဆိုင်များနဲ့ မိုင် ၁၀၀ အထက် မြို့များရှိ စက်သုံးဆီဆိုင်များတွင် ထပ်မံ ဝယ်ယူနိုင်ပါကြောင်း ထုတ်ပြန်ထားပါတယ်။ NOM

အီရန်နိုင်ငံ၊ ဟာမဒန် (Hamadan) ပြည်နယ်၊ ဘူအလီ (Bu Ali) မြို့ရှိ ဆေးဝါးနှင့် ကလေးနို့မှုန့် သိုလှောင်ရုံအား အမေရိကန်-ဇီယွန်ဝါဒီတို့၏ ဒုံးကျည်ဖြင့် တိုက်ခိုက်မှုအပြီးတွင် အဆိုပါ ဆေးဝါးသိုလှောင်ရုံမှာ ကြီးမားသော ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။ NOM

ကူဝိတ်နိုင်ငံရှိ လေဆိပ်မှ ရေဒါစနစ်များကို အီရန်က ဖျက်ဆီးခဲ့ကြောင်း ကူဝိတ်မြို့ပြလေကြောင်းဌာနက အတည်ပြုလိုက်သည်။ အဆိုပါ ရေဒါမျာ
ကူဝိတ်နိုင်ငံရှိ လေဆိပ်မှ ရေဒါစနစ်များကို အီရန်က ဖျက်ဆီးခဲ့ကြောင်း ကူဝိတ်မြို့ပြလေကြောင်းဌာနက အတည်ပြုလိုက်သည်။ အဆိုပါ ရေဒါများကို အမေရိကန်စစ်တပ်က အသုံးပြုနေခြင်းဖြစ်သည်။ NOM

ဇေကမ္ဘာစက်မှုဇုန်(၁၀)လမ်းတွင် မီးလောင်မှုဖြစ်ပွား NOM၊မတ်၁၄၊၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာစက်မှုဇုန်(
+1
ဇေကမ္ဘာစက်မှုဇုန်(၁၀)လမ်းတွင် မီးလောင်မှုဖြစ်ပွား NOM၊မတ်၁၄၊၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာစက်မှုဇုန်(၁၀) လမ်းတွင်မတ်လ၁၄ရက် ည၈နာရီ ၁၈မိနစ်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနက သိရသည်။ အဆိုပါမီးလောင်မှုဖြစ်ပွါးရသည့်အကြောင်းအရင်းနှင့်ပျက်စီး ဆုံးရှုံးမှုအခြေအနေကို မီးသတ်ဦးစီးဌာနက စိစစ်တွက်ချက် စုံစမ်းနေဆဲလို့ သိရသည်။ ယင်းမီးလောင်မှုကို Lv2အဆင့်ယာဥ်အုပ်စုများ ဖြင့်ထွက်ခွာ မီးငြှိမ်းသတ်ပေးခဲ့ရပြီး မီးလောင်မှုစတင် ဖြစ်ပွားအပြီး ၁နာရီကျော်အကြာတွင်မီးငြိမ်းသွားခဲ့သည်။

စက်သုံးဆီအရောင်းဆိုင်များတွင် Barcode/ QR Code များအသုံးပြုမှု အခြေအနေနှင့် နိုင်ငံတကာနှင့်ပြည်တွင်းဈေးနှုန်းနှိုင်းယှဉ်ချက်အ
+2
စက်သုံးဆီအရောင်းဆိုင်များတွင် Barcode/ QR Code များအသုံးပြုမှု အခြေအနေနှင့် နိုင်ငံတကာနှင့်ပြည်တွင်းဈေးနှုန်းနှိုင်းယှဉ်ချက်အား အသိပေးထုတ်ပြန်ခြင်း မတ် ၁၄၊ ၂၀၂၆

စစ်မှုထမ်းဆဲ တပ်မတော်သားများ၊ တပ်မတော်သား မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းများနဲ့ မိသားစုဝင်များ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ တပ်မတော်ကို ချစ်ခင်ကြသူများ၊ နိုင်ငံသူနိုင်ငံသားအားလုံးသို့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြားသည့် သတင်းစကား မတ် ၁၄၊ ၂၀၂၆ NOM

အကြမ်းဖက်အဖွဲ့များ ထောင်ထားသည့် မိုင်းများကြောင့် ဒေသခံပြည်သူများ ထိခိုက်သေဆုံး မတ်လ ၁၄၊ ၂၀၂၆ NOM
အကြမ်းဖက်အဖွဲ့များ ထောင်ထားသည့် မိုင်းများကြောင့် ဒေသခံပြည်သူများ ထိခိုက်သေဆုံး မတ်လ ၁၄၊ ၂၀၂၆ NOM

အကြမ်းဖက်အဖွဲ့များ​၏ မိုင်းထောင်မှုများကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးနေ NOM
အကြမ်းဖက်အဖွဲ့များ​၏ မိုင်းထောင်မှုများကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးနေ NOM

စက်သုံးဆီကိစ္စနှင့်ပတ်သက်၍ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း မှ ပြည်သူလူထုသိုအသိပေးပြောကြားချက် (၁၄-၃-၂ဝ၂၆)

အစ္စရေး အရှကီနာဇီ (Ashkenazi) ရဗ္ဗိချုပ် ကွယ်လွန်ကြောင်း သတင်းများထွက်ပေါ် အီရန်၏ ဒုံးကျည်ဖြင့် တိုက်ခိုက်မှုများအတွင်း အစ္စရ
အစ္စရေး အရှကီနာဇီ (Ashkenazi) ရဗ္ဗိချုပ် ကွယ်လွန်ကြောင်း သတင်းများထွက်ပေါ် အီရန်၏ ဒုံးကျည်ဖြင့် တိုက်ခိုက်မှုများအတွင်း အစ္စရေးနိုင်ငံ၏ အဆင့်မြင့် ရဗ္ဗိ (ဘာသာရေးခေါင်းဆောင်) တစ်ဦး သေဆုံးသွားကြောင်း သတင်းများ ထွက်ပေါ်နေသည်။ သေဆုံးသွားသူမှာ အစ္စရေးနိုင်ငံ၏ အရှကီနာဇီ Ashkenazi ရဗ္ဗိချုပ် နှင့် ရဗ္ဗိကောင်စီ ဥက္ကဋ္ဌ ဖြစ်သူ ကယ်လ်မန် မေယာ ဘာ Kalman Meir Ber ဖြစ်သည်ဟု သိရသည်။ ၎င်းသည် ဂါဇာဒေသကို အမြစ်ပြတ်ချေမှုန်းလိုသူတစ်ဦးအဖြစ် လူသိများသူဖြစ်သည်။ Ashkenazi (အရှကီနာဇီ) ဆိုသည်မှာ ဂျူးလူမျိုးနွယ်ဖွားစုကြီးများအနက် အဓိကကျသည့် အစုအဖွဲ့တစ်ခုဖြစ်သည်။ NOM

မော်တော်ယာဉ်ဝှီးတက်စကင်ဖတ်မရသော်လည်းကညနလိုင်စင်အစစ်ဖြစ်ကဆီရောင်းရန်ညွှန်ကြား NOM၊မတ်၁၄၊၂၀၂၆ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် Wheel Tax ၌ပါရှိသည့်QR/Bar Code Scan ဖတ်မရသဖြင့် Error ဖြစ်သောမော်တော်ယာဉ်များ၊ အခက်အခဲဖြစ်ပေါ်နေသော မော်တော်ယာဉ်များအား ကညန (ရန်ကုန်) မှ ယနေ့ရုံးပိတ်ရက်ဖြစ်သော်လည်း မှန်ကန်မှုရှိစေရေး အတွက် အမြန်ဆုံးပြင်ဆင်ဆောင်ရွက်ပေးလျက် ရှိပါကြောင်းနှင့် နောက်ရက်များ တွင်လည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာယာဉ်ပိုင်ရှင်များသို့ ဆက်လက်အသိပေး ဆောင်ရွက်သွားရန်နှင့် လတ်တလောစမ်းသပ်ကာလတွင် အဆိုပါယာဉ်များအား ကညန၏ တရားဝင် ယာဉ် (အမှန်) ဖြစ်ပါက သတ်မှတ်ညွှန်ကြားချက်အတိုင်း စက်သုံးဆီရောင်းချပေးသွားရန် ရန်ကုန်တိုင်းဒေသကြီးရေနံထွက်ပစ္စည်းရောင်းချရေးဌာနကညွှန်ကြားထားကြောင်းသိရသည်။

TNLA အကြမ်းဖက်အဖွဲ့က စတင်တိုက်ခိုက်ခဲ့သည့်အတွက် ခုခံရခြင်းသာဖြစ်ဟု MNDAA အကြမ်းဖက်အဖွဲ့က ထုတ်ပြန် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁
+1
TNLA အကြမ်းဖက်အဖွဲ့က စတင်တိုက်ခိုက်ခဲ့သည့်အတွက် ခုခံရခြင်းသာဖြစ်ဟု MNDAA အကြမ်းဖက်အဖွဲ့က ထုတ်ပြန် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် တအာင်းအဖွဲ့အစည်း (PSLF/TNLA) သည် မိမိတို့ (MNTJP/MNDAA) ၏ ကွတ်ခိုင်ခရိုင်အုပ်ချုပ်ရေးဌာနအဆင့်ဆင့်တို့အား အကြမ်းဖက်ဝင်ရောက်တိုက်ခိုက်စီးနင်းခြင်း၊ သေနတ်ဖောက်ပြီး ခြိမ်းခြောက်ခြင်း၊ တပ်ဖွဲ့ဝင်များအား ရိုက်နှက်မောင်းနှင်ခြင်းတို့ကြောင့် မိမိတို့၏ အုပ်ချုပ်ရေးဝန်ထမ်းနှင့် တပ်ဖွဲ့ဝင်အမြောက်အများ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် ပစ္စည်းဥစ္စာများစွာလည်း ဆုံးရှုံးခဲ့ရပါသည်။ အရေးအခင်းဖြစ်ပွားပြီးနောက် မိမိတို့အနေဖြင့် တအာင်းအဖွဲ့အစည်းထံသို့ ရှေ့ဆင့်နောက်ဆင့် (၅) ကြိမ်တိုင်တိုင် အကြောင်းကြားစာများ ပေးပို့ခဲ့ပြီး ပြဿနာများကို ညှိနှိုင်းဖြေရှင်းဆောင်ရွက်ခဲ့သော PSLF/TNLA မှ ကွတ်ခိုင်ခရိုင်အား ဖေဖော်ဝါရီလ (၁၃) ရက်နေ့ အရေးအခင်းမဖြစ်ပွားခင် အခြေအနေအတိုင်း ပြန်လည်ဖော်ဆောင်ပေးပြီးမှ တွေ့ဆုံဆွေးနွေးပွဲအား ဆက်လက်ပြုလုပ်ရန် တောင်းဆိုခဲ့သော်လည်း တအာင်းအဖွဲ့အစည်းမှ အဆိုပါ တောင်းဆိုချက်ကို မျက်ကွယ်ပြုပြီး တွေ့ဆုံဆွေးနွေးလိုသော သဘောထားအား လုံးဝဖော်ပြခြင်းမရှိပေ။ မိမိတို့အဖွဲ့အစည်းအနေဖြင့် ပြဿနာများ ကြီးထွားလာနိုင်မှုကို ကြိုတင်ကာကွယ်ရန်အတွက် တပ်ဖွဲ့ဝင်များအား ထိန်းထိန်းသိမ်းသိမ်းဖြင့် နေထိုင်ကြရန် အမြဲညွှန်ကြားခဲ့ပါသည်။ သို့သော် PSLF/TNLA ၏ လုပ်ဆောင်ချက်မှာ ပိုမိုပြင်းထန်လာပြီး ဖေဖော်ဝါရီလ (၁၇) ရက်နေ့တွင် မိမိတို့၏ သိန္နီခရိုင်အတွင်းသို့ တပ်ဖွဲ့များ စေလွှတ်ကာ မိမိတို့၏ ထိန်းချုပ်နယ်မြေအား လုယူသိမ်းပိုက်ရန် ရည်ရွယ်ခဲ့ပါသည်။ PSLF/TNLA သည် မိမိတို့၏ ခရိုင်အုပ်ချုပ်ရေးဌာနများအား အကြမ်းဖက်တိုက်ခိုက်စီးနင်းပြီးနောက် ကွတ်ခိုင်ဒေသတွင် တပ်သားသစ်များ အတင်းအဓမ္မ စုဆောင်းခြင်း၊ တိုင်းရင်းသားအချင်းချင်းကြား အမြင်လွဲမှားမှုများ ဖြစ်ပွားအောင် လှုံ့ဆော်ခြင်း စသည့်လုပ်ဆောင်ချက်ဖြင့် တိုင်းရင်းသားမျိုးနွယ်စုများကြား လူမျိုးရေးပဋိပက္ခများ ပေါ်ပေါက်ပွားအောင် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်ခဲ့ကြပါသည်။ ဖေဖော်ဝါရီလ (၁၃) ရက်နေ့ အရေးအခင်းသည် PSLF/TNLA မှ မိမိတို့အဖွဲ့အစည်းအပေါ်ကို ရည်ရွယ်ချက်ရှိရှိဖြင့် ဝင်ရောက်တိုက်ခိုက်စီးနင်းသော လုပ်ဆောင်ချက်ဖြစ်ပြီး အဆိုပါ လုပ်ဆောင်ချက်ကြောင့် မိမိတို့ခဲခဲရင်းရင်း အစွမ်းကုန် ကြိုးပမ်းဖော်ဆောင်ခဲ့သော နိုင်ငံရေးအခြေအနေများ ပျက်စီးပြိုလဲသွားရသည့်အပြင် နှစ်ဦးနှစ်ဖက်၏ ညီနောင်မဟာမိတ်ဆက်ဆံရေးကိုလည်း လွန်စွာထိခိုက်စေခဲ့ပါသည်။ အရေးအခင်းဖြစ်ပွားပြီး တစ်လကျော်ကာလအတွင်း၌ တအာင်းအဖွဲ့အစည်းအနေဖြင့် ရှေ့နောက်မညီသော အပြောအဆိုနှင့် အပြုအမူများကို ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး ပြဿနာကို ဖြေရှင်းလိုသော စိတ်ဆန္ဒလုံးဝမရှိခဲ့ပေ။ ၂၀၂၆ ခုနှစ်၊ မတ်လ (၁၄) ရက်နေ့ မြန်မာစံတော်ချိန် နံနက် (၀၉:၃၀) နာရီခန့်တွင် PSLF/TNLA မှ မိမိတို့၏ ပုံမှန်ကင်းလှည့်နေသော တပ်ဖွဲ့ဝင်များအား ကြားဖြတ်တိုက်ခိုက်ခဲ့သောကြောင့် မိမိတို့အနေဖြင့်လည်း မတတ်နိုင်၍ တုံ့ပြန်ခုခံတိုက်ခိုက်ခဲ့သည့်အတွက် ဤဖြစ်စဉ်ကြောင့် ပေါ်ပေါက်လာသည့် နောက်ဆက်တွဲ ပြဿနာအားလုံးကို တအာင်းအဖွဲ့အစည်း (PSLF/TNLA) က အပြည့်အဝ တာဝန်ယူရမည်ဖြစ်ပါသည်။ မိမိတို့အဖွဲ့အစည်းအနေဖြင့် ခဲခဲရင်းရင်း ကြိုးပမ်းဖော်ဆောင်ထားသော နိုင်ငံရေးအခြေအနေအား အလွန်မြတ်နိုးပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် အကျိုးဆောင်နိုင်ရန် အမြဲမျှော်လင့်နေပါသည်။ ထို့အတူ မိမိတို့အနေဖြင့် ညီနောင်မဟာမိတ်ချစ်ကြည်ရေးအား အလွန်အလေးထားပြီး အခြား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် စစ်ရေးပဋိပက္ခများ ဖြစ်ပွားခြင်းကို လုံးဝမလိုလားပေ။ သို့သော် အကြမ်းဖက်တိုက်ခိုက်ခံရခြင်း၊ ဂုဏ်သိက္ခာများ နှိမ်ချခံရခြင်း၊ လူမှုဘဝလုံခြုံသန့်ရှင်းရေးကို ခြိမ်းခြောက်ခံရခြင်း အစရှိသည့် လုပ်ဆောင်ချက်များ ဖြစ်ပေါ်လာပါက မိမိတို့အနေဖြင့်လည်း အစွမ်းကုန် ခုခံကာကွယ်သွားမည်ဟု ထုတ်ပြန်ကြေညာအပ်ပါသည်။

အီရန်ဒုံးကျည် ထိမှန်ခဲ့သည့် နေရာကို ရုပ်သံရိုက်ကူးနေသူများအား အစ္စရေးနယ်ချဲ့ရဲတပ်ဖွဲ့က ပိတ်ပင်တားမြစ်နေသည့် ရုပ်သံဗီဒီယို။ NOM

မတ်လ ၁၃ ရက်နေ့၌ ပူတာအိုမြို့နယ်အတွင်း ခိုအောင်းနေသည့် KIA အကြမ်းဖက်အဖွဲ့ကို တပ်မတော်နှင့် ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းများမ
+7
မတ်လ ၁၃ ရက်နေ့၌ ပူတာအိုမြို့နယ်အတွင်း ခိုအောင်းနေသည့် KIA အကြမ်းဖက်အဖွဲ့ကို တပ်မတော်နှင့် ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းများမှ ချေမှုန်းရှင်းလင်းခဲ့ရာ KIA အကြမ်းဖက် အလောင်း ၂ လောင်း၊ သေနတ် ၃ လက်နှင့် ခဲယမ်းများသိမ်းဆည်းရမိခဲ့သည်။ NOM

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၁၁
+5
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၁၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ခေတ်မီတပ်မတော်ဖြစ်စေရေး ဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ဆွေးနွေးမှာကြားချက်မှ ကောက်နုတ်ချက်များ