ru
Feedback
News Of Myanmar

News Of Myanmar

Открыть в Telegram

📈 Аналитический обзор Telegram-канала News Of Myanmar

Канал News Of Myanmar (@newsofmyanmar) языкового сегмента Бирманский является активным участником. Сейчас сообщество объединяет 12 390 подписчиков, занимая 15 945 место в категории Новости и СМИ и 10 125 место в регионе Мьянма.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 12 390 подписчиков.

Согласно последним данным от 11 июля, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -201, а за последние 24 часа — -9, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 7.96%. В первые 24 часа после публикации контент обычно набирает 5.70% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 987 просмотров. В течение первых суток публикация набирает 707 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 14.

📝 Описание и контентная политика

Автор описывает ресурс как площадку для выражения субъективного мнения:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Благодаря высокой частоте обновлений (последние данные получены 12 июля, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Новости и СМИ.

12 390
Подписчики
-924 часа
-567 дней
-20130 день
Архив постов
မြောက်ဦးဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ၏ ထုတ်ပြန်ချက်
+5
မြောက်ဦးဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ၏ ထုတ်ပြန်ချက်

အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့်  ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့်  ပြည်ပနိုင်ငံသား ၅၆ ဦး မြန်မာ - ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့  ထပ်မံလွှဲပြောင်းပေးအပ် နေပြည်တော်၊ ဒီဇင်ဘာ ၁၂ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကိုတစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ် နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် အင်ဒိုနီးရှားနိုင်ငံသား ၅၄ဦးနှင့် ကာဇက်စတန်နိုင်ငံသား နှစ် ဦး၊ စုစုပေါင်း ပြည်ပနိုင်ငံသား ၅၆ဦးတို့အား မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်း စာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးသည်။ အဆိုပါ ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေ ချောမွေ့  စေရေးအတွက် မြဝတီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းနှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာများနှင့်တွေ့ဆုံကာ စာရင်းဇယား၊ အချက်အလက်များကိုက်ညီမှုရှိရေးနှင့် ပြည့်စုံမှန်ကန်မှုရှိရေးတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ထို့နောက် ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်သန်းနှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံသံရုံးမှ Counsellor Mr. Vinsky Wattimena နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ ကာဇက်စတန်နိုင်ငံသံရုံးမှ Counsellor Mr. Damir Akhmetov နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြပြီး  မြန်မာနိုင်ငံမှ တာဝန်ရှိသူတို့ကသက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများထံသို့ ပြည်နှင်လွှဲပြောင်း လက်ခံရေးဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများကို စနစ်တကျ လွှဲပြောင်းပေး အပ်သည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ဒီဇင်ဘာလ ၁၂ ရက်အထိ မြဝတီမြို့နယ်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၃၂၉၇ ဦး ထိန်းသိမ်းနိုင်ခဲ့ကြောင်းနှင့် ယင်းနိုင်ငံသားအားလုံးကို စစ်ဆေးပြီးစီးခဲ့ပြီး ၎င်းတို့အနက်မှ ၁၁၆၁၃ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်း ပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၆၈၄ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ထားရှိသည်။ နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက် နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခ ရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့်  နိုင်ငံခြားသားများကို သက်ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်းသတင်းရရှိသည်။

photo content
+3

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ အေးစွကျေးရွာနေ STAOP ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီမှ လုံခြုံရေးဝန်ထမ်းတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွား NOM ဒီဇင်ဘာ ၁၂၊ ၂၀၂၅ မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ အေးစွကျေးရွာနေ STAOP ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီမှ လုံခြုံရေးဝန်ထမ်းဖြစ်သူ ဦးရဲအောင် (ခ) ရဲမင်းထွန်း (၃၈) နှစ်သည် ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်၌ အေးစွကျေးရွာနှင့် သင်းတိမ်ကျေးရွာကြား ခရိုင်ပတ်လမ်းဘေးရှိ ၎င်းပိုင်စိုက်ခင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် PDF အကြမ်းဖက်အဖွဲ့ အင်အား ၂၀ ဦးခန့်ရောက်လာပြီး အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က ခရီးသွားမော်တော်ယာဉ်တစ်စီးကို တားဆီးကာ ယာဉ်ပေါ်ပါ အပြစ်မဲ့အရပ်သားပ
+1
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က ခရီးသွားမော်တော်ယာဉ်တစ်စီးကို တားဆီးကာ ယာဉ်ပေါ်ပါ အပြစ်မဲ့အရပ်သားပြည်သူနှစ်ဦးကို အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်၍ သေနတ်ဖြင့် ပစ်သတ် NOM ဒီဇင်ဘာ ၁၂၊ ၂၀၂၅ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ကြီးနီကျေးရွာအနီး ရထားသံလမ်းဘေးတွင် ဒီဇင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်၌ အမျိုးသားနှစ်ဦး အား မျက်နှာအဝတ်စည်းထားလျက် ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရ ကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စစ်ဆေးခဲ့ရာ ဒီဇင်ဘာလ ၇ ရက်နေ့မွန်းလွဲ ၃ နာရီခွဲအချိန်၌ ချောက်မြို့နယ်၊ အမှတ် (၁၀) ရပ်ကွက်နေဦးကျော်အေး (၆၁) နှစ်နှင့် ဂွေးချိုကျေးရွာနေ ဦးခင်မောင်နိုင် (၆၁) နှစ်တို့သည် ချောက်မြို့မှ ဂွေးချိုကျေးရွာသို့ ချောက်-မိုလာ-ဂွေးချိုသွား ကားလမ်းအတိုင်း မော်တော်ယာဉ်တစ်စီးဖြင့် မောင်းနှင်ထွက်ခွာလာစဉ် PDF အကြမ်းဖက်အဖွဲ့က မော်တော်ယာဉ်အား တားဆီး၍ အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ကြီးနီကျေးရွာအနီးရထားသံလမ်းဘေးတွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာသေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ News Of Myanmar NOM

မန္တလေး၌ မွေးကင်းစ ချက်ကြိုးတန်းလန်းဖြင့် က‌လေးတစ်ဦး အမှိုက်ကန်ထဲစွန့်ပစ်ခံရသော်လည်းကယ်တင်နိုင်ခဲ့ NOM၊ဒီဇင်ဘာ၁၂၊၂၀၂၅ မန္တလေး
မန္တလေး၌ မွေးကင်းစ ချက်ကြိုးတန်းလန်းဖြင့် က‌လေးတစ်ဦး အမှိုက်ကန်ထဲစွန့်ပစ်ခံရသော်လည်းကယ်တင်နိုင်ခဲ့ NOM၊ဒီဇင်ဘာ၁၂၊၂၀၂၅ မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၅၈ လမ်း× ၁၀၂ A ထောင့်ရှိ အမှိုက်ကန်အတွင်း ယမန်နေ့(ဒီဇင်ဘာ ၁၁ ရက်)နံနက်၆နာရီခန့်က အဝတ်စားမပါ ချက်ကြိုးတန်းလန်းဖြင့်က‌လေးတစ်ဦးအမှိုက်ကန်ထဲစွန့်ပစ်ထားမှု တွင်ဖြစ်ပွားခဲ့ကြောင်း မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအသင်းမှသိရသည်။ မွေးကင်းစမိန်းကလေးတစ်ဦးအား အမှိုက်ကန်စောင့်သည့်အလုပ်သမားတစ်ဦးက တွေ့ရှိခဲ့ပြီးကြောင်း မြရည်နန္ဒာလူမှုကယ်ဆယ်ရေအသင်း သို့ဆက်သွယ်လာသည့်အတွက်အသင်းမှသွား ရောက် ကူညီခဲ့ကြောင်းသိရသည်။ "ကလေးက အဝတ်စားလည်းမပါ ချက်ကြိုးတန်းလန်းနဲ့ ရာသီဥတုရဲ့ အအေးဒဏ်ကြောင့် တစ်ကိုယ်လုံးပြာနှမ်းနေပြီး ကလေးမှာလှုပ်သေးတဲ့အတွက် နီးစပ်ရာ ဆေးရုံကိုသွားပြီး လိုအပ်သည်များပြုလုပ်ခဲ့ပါတယ် တာဝန်ဆရာမ တွေကလည်းကလေးကို ရောက်တာနဲ့ အပူပေးခြင်းများ ချက်ကြိုးဖြတ်ခြင်းများ ပြုလုပ်ပေးခဲ့ပြီး ကလေးမှာ အသက်ရှင်သွားသည့်အတွက် အသင်းရုံးမှာ ဘဲစောင့်ရှောက်ထားပါတယ်"ဟုမြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲမှတာဝန်ရှိသူတစ်ဦးကပြောသည်။

ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရန်ကုန်မြို့အတွင်း ရေ
ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရန်ကုန်မြို့အတွင်း ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေး NOM၊ဒီဇင်ဘာ၁၂၊၂၀၂၅ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် တာဝန်ရှိသူများ လိုက်ပါ၍ ဒီဇင်ဘာလ ၁၁ ရက် နံနက်ပိုင်းတွင် မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ သမိုင်းချောင်းတံတားနေရာနှင့် ဘုရင့်နောင်လမ်းမကြီးရှိ သမိုင်းချောင်းတံတားနေရာတို့သို့ ရောက်ရှိကြပြီး ရန်ကုန်မြို့အတွင်း ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ပတ်သက်၍ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကာတာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

+1
ဒီဇင်ဘာလ၁၂ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။ယူကရိန်းသမ္မတဇလင်စကီးမှလွဲ၍ကျန်ယူကရိန်းနိုင်ငံသားအားလုံးမိမိ၏ယူကရိန်းစစ်ပြီးဆုံးရေးအဆိုပြုချက်ကိုသဘောတူကြသည်ဟုအမေရိကန်သမ္မတထရမ့်ကပြောသည်။ ၂။မိမိနိုင်ငံကိုဗုံးကြဲခိုင်းသည့်ဗင်နီဇွဲလားအတိုက်အခံကိုငြိမ်းချမ်းရေးနိုဗယ်ဆုပေးလိုက်သည့်အတွက်နိုဗယ်ဆု၏အနှစ်သာရပျက်ဆီးသွားပြီဟု​အော်စလိုမြို့တွင်ဆန္ဒပြသူများကပြောဆိုလိုက်သည်။(ဗီဒီယို) ၃။ဥရောပသမဂ္ဂအကြီးအကဲအာတူလာဗွန်ဒါလေယန်ကအမေရိကန်သမ္မတအားဥရောပ၏ကိစ္စများကိုဝင်ရောက်စွက်ဖက်ခြင်းမပြုရန်သတိပေးလိုက်သည်။ ၄။ရုရှားနှင့် ယူကရိန်းကြား သဘောတူညီချက် မရသည့် အကြောင်းရင်းတစ်ခုမှာ ပူတင်နှင့်ဇလင်စကီတို့ကြား အပြန်အလှန် အမုန်းတရားရှိ နေခြင်းကြောင့်ဖြစ်ကြောင်း၊ထိုအမုန်းတရားက အလွန်ကြီးမားသည်ဟုအမေရိကန်သမ္မတထရမ့်ကပြောလိုက်သည်။ ၅။ကမ္ဘောဒီးယားသည်ထိုင်းဖက်သို့ယနေ့အတွဲပစ်ဒုံးများဖြင့်ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်။(ဗီဒီယို)

ထိုင်းနိုင်ငံက မူးယစ်ဆေးဝါးအမှုဖြင့် အလိုရှိသည့် တရားခံပြေး သုံးဦးနှင့် တရားမဝင် ဝင်ရောက်နေထိုင်သူ တစ်ဦးတို့အား မြန်မာနိုင်ငံ
ထိုင်းနိုင်ငံက မူးယစ်ဆေးဝါးအမှုဖြင့် အလိုရှိသည့် တရားခံပြေး သုံးဦးနှင့် တရားမဝင် ဝင်ရောက်နေထိုင်သူ တစ်ဦးတို့အား မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်း NOM၊ဒီဇင်ဘာ၁၂၊၂၀၂၅ ထိုင်းနိုင်ငံက မူးယစ်ဆေးဝါးအမှုဖြင့် အလိုရှိသည့် တရားခံပြေး သုံးဦးနှင့် တရားမဝင် ဝင်ရောက်နေထိုင်သူ တစ်ဦးတို့အား မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ဒီဇင်ဘာ ၁၁ ရက်က ပြန်လည်လွှဲပြောင်းပေးကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ မြန်မာ - ထိုင်း နှစ်နိုင်ငံမူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး နားလည်မှုစာချွန်လွှာအရ မြန်မာနိုင်ငံ၊ တာချီလိတ်နှင့် မိုင်းတုံမြို့နယ်တို့တွင် ဖမ်းဆီးရမိခဲ့သည့် ထိုင်းနိုင်ငံမှ မူးယစ်အမှုဖြင့်အလိုရှိ တရားခံပြေး သုံး ဦးနှင့် တရားမဝင် ဝင်ရောက်နေထိုင်သည့် ထိုင်းနိုင်ငံသား တစ် ဦးတို့အား ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ကမ္ဘာ့အကြီးဆုံးဒရုန်းကြီးကိုတရုတ်ကပြသ NOM ဘလွန်းဘတ်သတင်းဌာန၏ သတင်းတစ်ရပ်အရ တရုတ်နိုင်ငံသည် ဒရုန်းအစုလိုက် အပြုံ လိုက် လွှတ်တင
+1
ကမ္ဘာ့အကြီးဆုံးဒရုန်းကြီးကိုတရုတ်ကပြသ NOM ဘလွန်းဘတ်သတင်းဌာန၏ သတင်းတစ်ရပ်အရ တရုတ်နိုင်ငံသည် ဒရုန်းအစုလိုက် အပြုံ လိုက် လွှတ်တင်နိုင်စွမ်းရှိသည့် ကမ္ဘာ့အကြီးဆုံး "ကျူတီယန်" ဒရုန်းကို ပထမဆုံးအကြိမ် လွှတ်တင်လိုက်ပြီဖြစ်သည်။ ဤဒရုန်းကြီးအား ဒရုန်းများနှင့် ဒုံးကျည်များစွာ သယ်ဆောင်နိုင်စွမ်းရှိခြင်းကြောင့် လေယာဥ်တင်သင်္ဘောတစ်စင်းနှင့် နှိုင်းယှဉ်နိုင်သည်။ ၎င်းသည် တန်ချိန် ၆ တန်အထိ သယ်ဆောင်နိုင်ပြီး လမ်းညွှန်ဗုံးများ၊ ဝေဟင်မှဝေဟင်ပစ်ဒုံးကျည်များနှင့် သင်္ဘောဖျက်ဒုံးကျည်များအတွက် လက်နက်နှင့်ဒုံးချိတ်ဆွဲရန်နေရာ ၈ ခု၊အပြင်အသေခံရုန်းအသေးစားပေါင်း ၁၀၀ ကျော်ကို သယ်ဆောင်နိုင်စွမ်းရှိသည်။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က ရေနံမြေဝန်ထမ်းသုံးဦးအား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင် NOM ဒီဇင်ဘာ ၁၁၊ ၂၀၂၅ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ရေနံချပ်ကျေးရွာအနီးတွင် ဒီဇင်ဘာလ ၉ ရက်နေ့ ညနေ ၄ နာရီအချိန်၌ ချောက်မြို့မှ ပခုက္ကူမြို့နယ်၊ ဆိက္ခဝ ကျေးရွာသို့ မောင်းနှင်လာသည့် ခရီးသည်တင်စက်လှေအား PDF အကြမ်းဖက်အဖွဲ့ အင်အား၁၅ ဦးခန့်က တားဆီးကမ်းကပ်ခိုင်းကာ စက်လှေပေါ်တွင်လိုက်ပါလာသူ ခရီးသည်များ အနက် အရာတော်ရေနံမြေမှ ဝန်ထမ်းများဖြစ်ကြသည့် စက်မှုကျွမ်းကျင်(၄)(ထုတ်လုပ်ရေးဌာန) ဦးနေစိုး (၅၇) နှစ်၊ အငယ်တန်းစာရေး (စက်ပြင်ဌာန) ဦးစိုးသီဟလှိုင် (ခ) ဒိုးလေး (၃၇) နှစ်နှင့် ကျွမ်းကျင် (၃) (IT ဌာန) ဦးမျိုးခိုင်ဦး (၄၄) နှစ်တို့အား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

+1
ဒီဇင်ဘာလ၁၁ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။ဗင်နီဇွဲလားရေနံတင် သင်္ဘောကိုအမေရိကန်စစ်တပ်ကစီးနင်းသိမ်း ပိုက်လိုက်သည်။(ဗီဒီယို) ၂။အမေရိကန်လွှတ် တော် ကကာကွယ် ရေးအသုံးစရိတ်ဘီလီယံ၉၀၀ကိုခွင့်ပြုလိုက်သည်။ ၃။ထိုင်းနှင့်ကမ္ဘောဒီး ယားလေးရက်စစ်ပွဲအတွင်းနယ်စပ်မှအရပ်သားငါးသိန်းကျော်သည်စစ်ဘေးရှောင်နေရသည်။ ၄။အိန္ဒိယ၏ပြည်ပပို့ကုန်သည်ဧပြီလမှစက်တင်ဘာလအထိ၆လအတွင်း၄၁၈.၉၁ဘီလီယံအထိစံချိန်တင်ရောက်ရှိခဲ့ကြောင်းအိန္ဒိယစီး/ကူးဝန်ကြီးဌာနကကြေညာသည်။ ၅။ဂျပန်နှင့်တောင်ကိုးရီးယားအနီးတွင်ရုရှားနှင့်တရုတ်တို့လေကြောင်းမှပူးတွဲကင်းလှည့်နေသည်ကိုနုန့်ပြန်သည့်အနေဖြင့်ဂျပန်လေပိုက်နက်တွင်အမေရိကန်၏မဟာဗျူဟာမြောက်ဗုံးကြဲလေယာဥ်ကြီးများကိုဂျပန်တိုက်လေယာဥ်များခြံရံပြီးကင်းလှည့်ပြခဲ့သည်။(ဗီဒီယို)

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် နွားကျောင်းနေသည့် အ
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် နွားကျောင်းနေသည့် အပြစ်မဲ့ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရ NOM ဒီဇင်ဘာ ၁၁၊ ၂၀၂၅ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ပြည်သူ့ဆေးရုံသို့ ဒီဇင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာဖြင့် အမျိုးသား တစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မွန်းလွဲ ၂ နာရီတွင် မတ္တရာမြို့နယ်၊ ဒီယာကျေးရွာနေ ဦးဇော်သူအောင် (၂၈) နှစ်သည် ကျေးရွာ၏အရှေ့ဘက်ရှိ လယ်ကွင်းအတွင်း နွားကျောင်းနေစဉ် PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ News Of Myanmar NOM

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ မရိုးကံကျေးရွာနေ ကျေးရွာခွဲတာဝန်ခံကို PDF အကြမ်းဖက်အဖွဲ့က အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွား NOM ဒီဇင်ဘာလ ၁၁၊ ၂၀၂၅ မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ မရိုးကံကျေးရွာနေ ကျေးရွာခွဲတာဝန်ခံ ဦးလှဌေး (၆၀) နှစ်သည် ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၅ နာရီ ၁၅ မိနစ်အချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ အင်အား ၁၂ ဦးခန့်က ဆိုင်ကယ် များဖြင့်ရောက်လာပြီး ဦးလှဌေးအား "စစ်ဆေးမေးမြန်းရန်ရှိသည်" ဟု ပြောဆိုကာ အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။   News Of Myanmar NOM

Repost from NOM
ထိုင်း-ကမ္ဘောဒီးယား နယ်စစ်တိုက်ပွဲတွေ ပြင်းထန်နေပြီး ဒီမနက်ပိုင်းမှာ ထိုင်းစစ်သားနှစ်ဦး ထပ်မံသေဆုံးခဲ့ကာ စုစုပေါင်း ၉ ဦးအထိ သ
ထိုင်း-ကမ္ဘောဒီးယား နယ်စစ်တိုက်ပွဲတွေ ပြင်းထန်နေပြီး ဒီမနက်ပိုင်းမှာ ထိုင်းစစ်သားနှစ်ဦး ထပ်မံသေဆုံးခဲ့ကာ စုစုပေါင်း ၉ ဦးအထိ သေဆုံးခဲ့ပြီလို့ သိရပါတယ်။ အပြန်အလှန်တိုက်ခိုက်မှုတွေဟာ ညလုံးပေါက်ပြင်းထန်ခဲ့ပြီး ပိုမိုဆိုးရွားလာဖွယ် ရှိနေပါတယ်။ NOM

စဥ့်အင်တံတား ကြမ်းခင်များပြုပြင်ရန်အတွက် ဖြတ်သန်းခွင့် ယာယီပိတ်ထား NOM၊ဒီဇင်ဘာ၁၁၊၂၀၂၅ ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နှ
စဥ့်အင်တံတား ကြမ်းခင်များပြုပြင်ရန်အတွက် ဖြတ်သန်းခွင့် ယာယီပိတ်ထား NOM၊ဒီဇင်ဘာ၁၁၊၂၀၂၅ ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နှင့်လားရှိုးမြို့ ကြားတွင်ရှိသော စဥ့်အင်တံတားကြမ်းခင်များပြုပြင်ရန်အတွက် ယမန်နေ့ဒီဇင်ဘာ ၁၀ရက်မှစတင်ပြီးယာယီပိတ် လိုက်သည့်ဟု သီပေါနှင့်လား ရှိုး ခရီးသည်တင်ပြေးဆွဲနေသည့် ကားလေးယာဉ် မောင်းတစ်ဦးကပြောသည်။ "တံတားပြင်မယ်ဆိုတဲ့အေကြာင်းကိုတစ်ပက် လောက် ကတည်ကအသိပေးကြေညာထားပါတယ် တံတားပြင် အချိန်ကတော့ အနည်းဆုံး ၃ ရက်မှ ၅ ရက်ခန့်အထိ ကြာနိုင်မယ်လို့ထင်ပါတယ် ဒါပေမဲ့တံတားပြင်ဆင်နေစဥ် အတွင်း စဉ့်အင်ဖောင်ဆိပ်ကို  ဖြတ်သန်းခွင့် ပေးထားပါ တယ်" သီပေါနှင့်လားရှိုး ခရီးသည်တင်ပြေးဆွဲနေသည့် ကားလေးယာဉ် မောင်းတစ်ဦးကပြောသည်။ အဆိုပါ စဉ့်အင်တံတားမှာ ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နှင့်လားရှိုးမြို့ကြားတွင်ရှိသော တံတားတစ်စင်းဖြစ်ပြီး၊ တံတားကြမ်းခင်းများ ပြင်ဆင်ရန်ရှိနသည့်အတွက် ဖြတ်သန်းသွားလာခွင့်ပိတ်လိုက်ခြင်းဖြစ် ကြောင်းသိရသည်။

ထိုင်း နှင့် ကမ္ဘောဒီးယားနိုင်ငံတို့၏ ပဋိပက္ခများဖြစ်ပွားနေသည့် ဒေသများသို့ ခရီးသွားလာခြင်းကို ရှောင်ရှားကြရန်မြန်မာသံရုံး အသ
ထိုင်း နှင့် ကမ္ဘောဒီးယားနိုင်ငံတို့၏ ပဋိပက္ခများဖြစ်ပွားနေသည့် ဒေသများသို့ ခရီးသွားလာခြင်းကို ရှောင်ရှားကြရန်မြန်မာသံရုံး အသိပေး NOM၊ဒီဇင်ဘာ၁၁၊၂၀၂၅ ကမ္ဘောဒီးယားနိုင်ငံနှင့်ထိုင်းနိုင်ငံတို့အကြားလတ်တလောဖြစ်ပွားလျက်ရှိသည့်ပဋိပက္ခများနှင့် ပတ်သက်၍ မြန်မာနိုင်ငံသားအနေဖြင့် အဆိုပါဒေသများသို့ ခရီးသွားလာခြင်းရှောင်ရှားကြရန် မြန်မာသံရုံး(ဖနောင်ပင်မြို့) က ယမန်နေ့ ဒီဇင်ဘာ (၁၀)ရက်နေ့တွင် အသိပေးထုတ်ပြန် ထားကြောင်းသိရသည်။ ကမ္ဘောဒီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့်လည်း လုံခြုံရေးကို ဂရုစိုက်ကြရန်နှင့် အခက်အခဲ တစ်စုံတစ်ရာကြုံတွေ့ပါက သံရုံးကို ဆက်သွယ်ပြီး အကူညီတောင်းခံနိုင်ကြောင်းလည်း အသိပေးထားသည်။ ကမ္ဘောဒီးယားအစိုးရကဖော်ပြသည့် ယုံကြည်စိတ်ချရသောသတင်းများ၊ကြေညာချက်များနှင့် လုံခြုံရေးအခြေအနေများကို အချိန်နှင့်တပြေးညီ စောင့်ကြည့်လိုက်နာဆောင်ရွက်ရန်လည်း အသိပေးထုတ်ပြန်ထားသည်။

အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့်  ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့်  ထိုင်းနိုင်ငံသား လေး ဦးကို မြန်မာ-ထိုင်း အမှတ်(၁)  ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့  ထပ်မံလွှဲပြောင်းပေးအပ် နေပြည်တော်၊ ဒီဇင်ဘာ ၁၀ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကိုတစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ် နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ထိုင်းနိုင်ငံသား လေး ဦးကို မြန်မာ-ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတားမှ တစ်ဆင့်သက်ဆိုင်ရာနိုင်ငံသို့ လူသားချင်း စာနာထောက်ထားမှုနှင့်နိုင်ငံအချင်းချင်း ချစ်ကြည် ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးသည်။ ထိုသို့ ပြည်နှင်လွှဲပြောင်းပေးအပ်ရာတွင် မြဝတီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်သန်းတို့၏ ကြီးကြပ်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးပြည်သူ့အင်အားဝန်ကြီးဌာန၊ ဦးစီးအရာရှိ ဦးနေလင်းနှင့်တာဝန်ရှိသူများက ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနမှ Deputy Inspector, Mr. Bhudiz Karunayadhaj နှင့် တာဝန်ရှိသူ များထံသို့ ပြည်နှင်လွှဲပြောင်း လက်ခံရေးဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများနှင့်အတူ စနစ်တကျ လွှဲပြောင်းပေးအပ်သည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ဒီဇင်ဘာလ ၁၀ ရက်အထိ မြဝတီမြို့နယ်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၃၂၉၇ ဦး ထိန်းသိမ်းနိုင်ခဲ့ကြောင်းနှင့် ယင်းနိုင်ငံသားအားလုံးကို စစ်ဆေးပြီးစီးခဲ့ပြီး ၎င်းတို့အနက်မှ ၁၁၄၄၂ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်း ပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၈၅၅ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။ နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခ ရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့်  နိုင်ငံခြားသားများကို သက်ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်းသတင်းရရှိသည်။

photo content
+5

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို လက်ကိုင်ဖုန်းတစ်လုံးနှင့်အတူ အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွား NOM ဒီဇင်ဘာ ၁၁၊ ၂၀၂၅ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ကန်သာဦး (အင်းရွာသစ်) ရပ်ကွက်နေ ဒေါ်စန္ဒာဝင်း (၄၇) နှစ်သည် ဒီဇင်ဘာလ ၉ ရက်နေ့ ည ၆ နာရီအချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ အင်အားလေးဦးခန့်က ဆိုင်ကယ်များဖြင့် ရောက်လာပြီး ဒေါ်စန္ဒာဝင်းအား လက်ကိုင်ဖုန်းတစ်လုံးနှင့်အတူ အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM